ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၉

လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်သဘာဝဗီဇနှင့် သက်ဆိုင်သော အလွန်အပေါ်ယံဆန်သည့် သိနားလည်မှု ရှိကြပြီး၊ ဤအရာနှင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိ၏။ ဤသည်မှာ ဘုရားသခင် ထုတ်ဖော်သောအရာထဲမှ အမှားအယွင်းတစ်ခု မဟုတ်ပေ၊ အမှန်မှာ လူသားမျိုးနွယ်သည် သူ၏သဘာဝဗီဇအကြောင်း လေးနက်သောသိနားလည်မှု ကင်းမဲ့ခြင်းပင် ဖြစ်သည်။ လူတို့၌ သူတို့ကိုယ်သူတို့ အခြေခံကျသော သို့မဟုတ် ခြေခြေမြစ်မြစ်ဖြစ်သော သိနားလည်မှု မရှိကြပေ၊ ထို့ထက် သူတို့သည် သူတို့၏ လုပ်ဆောင်ချက်များနှင့် အပြင်ပန်းဖော်ပြချက်များအပေါ် အာရုံစိုက်၍ သူတို့၏စွမ်းအားကို မြှပ်နှံထားကြသည်။ အကယ်၍ လူတစ်ဦးက သူ့ကိုယ်သူ သိနားလည်သည့်အကြောင်း တစ်ခုခုကို ရံဖန်ရံခါ ပြောခဲ့လျှင်လည်း ၎င်းမှာ အလွန်လေးနက်မည် မဟုတ်ချေ။ ဤကဲ့သို့သောအရာမျိုးကို ပြုလုပ်ထားပြီးဖြစ်သောကြောင့် သို့မဟုတ် တစ်ခုခုကို ထုတ်ဖော်ထားပြီးဖြစ်သောကြောင့် သူသည် ဤကဲ့သို့သောလူစားမျိုးဖြစ်ကြောင်း သို့မဟုတ် ဤကဲ့သို့သော သဘာဝဗီဇမျိုး ရှိကြောင်းကို မည်သူကမျှ တစ်ခါမျှ တွေးဖူးကြမည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားတို့၏သဘာဝဗီဇနှင့် အနှစ်သာရကို ထုတ်ဖော်ခဲ့ပြီးဖြစ်သည်၊ သို့သော်လည်း လူတို့သည် သူတို့၏ ပြောပုံဆိုပုံနှင့် လုပ်နည်းကိုင်နည်းတို့မှာ အားနည်းချက်ရှိကြောင်းနှင့် မပြည့်စုံကြောင်းကို နားလည်ကြ၏၊ ထို့ကြောင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်မှာ လူတို့အတွက် အားသွန်ခွန်စိုက်လုပ်ရသော အလုပ်တစ်ခု ဖြစ်လေသည်။ လူတို့က သူတို့၏ အမှားများမှာ ၎င်းတို့၏ ဗီဇသဘာဝ ထုတ်ဖော်ချက်များ မဟုတ်ဘဲ အမှတ်တမဲ့ ထွက်ပေါ်လာသည့် ခေတ္တခဏမျှဖြစ်သော သရုပ်သကန်များသာ ဖြစ်သည်ဟု ထင်ကြသည်။ မိမိတို့ကိုယ်ကိုယ် ဤသို့ ယူမှတ်သောလူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားအား သမ္မာတရားအဖြစ် သူတို့ လက်မခံနိုင်သကဲ့သို့ သမ္မာတရားကို ဆာငတ်ခြင်းမရှိကြသောကြောင့် ဖြစ်၏။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည့်အခါ သူတို့သည် ဝတ်ကျေတမ်းကျေ လုပ်ကြပြီး စည်းမျဉ်းများကိုသာ လိုက်နာကြသည်။ လူတို့က သူတို့၏ သဘာဝဗီဇများမှာ အလွန်ဖောက်ပြန်ပျက်စီးသည်ဟု မရှုမြင်ကြချေ၊ ပြီးလျှင် ၎င်းတို့ ဖျက်ဆီးခံသင့်ဖို့ သို့မဟုတ် အပြစ်ပေးခံသင့်ဖို့ ၎င်းတို့ သိပ်မဆိုးကြဟု ယုံကြည်ကြလေသည်။ ရံဖန်ရံခါ လိမ်ညာသည်မှာ သိပ်အရေးမကြီးဟု ၎င်းတို့ ထင်ကြပြီး၊ ၎င်းတို့ကိုယ်၎င်းတို့ ယခင်ကထက် များစွာပိုကောင်းကြသည်ဟု ထင်မှတ်ကြသည်။ သို့သော်လည်း သူတို့သည် သမ္မာတရားကို အမှန်တကယ် လက်တွေ့မကျင့်ဆောင်ကြသောအခါ၌၊ လူတို့၌ အပြင်ပန်းအားဖြင့် သမ္မာတရားကို မချိုးဖောက်သည့် လုပ်ဆောင်ချက်များအချို့သာ ရှိသောကြောင့်၊ အမှန်တွင် ၎င်းတို့သည် စံပြည့်မီဖို့ မည်သည့်နေရာတွင်မျှ မနီးစပ်ကြချေ။

လူတစ်ဦး၏ အပြုအမူ သို့မဟုတ် အနေအထိုင်တွင် ပြောင်းလဲမှုများသည် ၎င်းတို့၏ သဘာဝထဲက ပြောင်းလဲမှုတစ်ခုကို မညွှန်ပြကြပေ။ ဤအရာ မှန်ရသည့်အကြောင်းရင်းမှာ တစ်ဦးတစ်ယောက်၏ အပြုအမူသည် ၎င်းတို့၏ မူလသွင်ပြင်ကို အခြေခံကျကျ မပြောင်းလဲနိုင်သကဲ့သို့၊ ၎င်းတို့၏ သဘာဝကိုလည်း မပြောင်းလဲနိုင်ပေ။ တစ်ဦးတစ်ယောက်သည် မိမိတို့ ကိုယ်တိုင်၏ သဘာဝကို သိရှိလာပြီးသည့်အခါမှသာ၊ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် နက်ရှိုင်းလာနိုင်ကာ စည်းမျဉ်းတစ်စုံကို လိုက်နာစောင့်ထိန်းခြင်းထက် အခြားအရာတစ်ခု ဖြစ်လာနိုင်ပေသည်။ လူ၏ သမ္မာတရားကို လတ်တလော လက်တွေ့လုပ်ဆောင်ခြင်းသည် စံနှုန်းမမီဆဲ ဖြစ်သကဲ့သို့၊ လိုအပ်သည့် သမ္မာတရားအားလုံးကို အပြည့်အဝ မရရှိနိုင်ပေ။ လူတို့သည် သမ္မာတရား တစ်စိတ်တစ်ပိုင်းကိုသာ လက်တွေ့လုပ်ဆောင်ကြပြီး၊ အချို့သော အနေအထားနှင့် အခြေအနေများတွင် ၎င်းတို့ ရှိကြသည့်အခါမှသာ ဖြစ်သည်။ ၎င်းတို့သည် အခြေအနေအားလုံးနှင့် နေရာအားလုံးတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ အခါအားလျော်စွာ၊ လူတစ်ဦးသည် ပျော်ရွှင်ပြီး ၎င်းတို့၏ အခြေအနေ ကောင်းမွန်ပါက၊ သို့မဟုတ် ၎င်းတို့သည် အဖွဲ့ဖြင့် မိတ်သဟာယပြုနေကြပြီး ပုံမှန်ထက် လွတ်မြောက်မှုကို သာ၍ ခံစားရသည့်အချိန်တွင်၊ သမ္မာတရားနှင့် ကိုက်ညီသော အမှုအရာအချို့ကို ယာယီ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ကြပေမည်။ သို့သော် ၎င်းတို့သည် အပျက်သဘောဆောင်သော လူတစ်သိုက်နှင့် သမ္မာတရားကို မလိုက်စားသောသူများနှင့် ရှိကြသည့်အခါတွင်၊ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် သာ၍ ညံ့ဖျင်းပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များသည် အတော်အတန် သင့်လျော်ခြင်းမရှိပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် သမ္မာတရားကို ဇွဲလုံ့လရှိသည့် သဘောထားတစ်ခုနှင့် လက်တွေ့မလုပ်ဆောင်ဘဲ၊ ယင်းအစား တစ်ခဏ ခံစားချက် သို့မဟုတ် အခြေအနေ၏ လွှမ်းမိုးမှုများက ဦးဆောင်ခံရလျက် ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြ သောကြောင့် ဖြစ်သည်။ ယင်းမှာ သင်သည် သင်၏ အခြေအနေကို နားမလည်သကဲ့သို့၊ သင်၏ သဘာဝကို နားမလည်လေသောကြောင့်လည်း ဖြစ်ပြီး၊ ထို့ကြောင့် တစ်ခါတစ်ရံ လုပ်ဆောင်နေသည်ဟု မိမိကိုယ်ကိုယ် စိတ်မကူးမိနိုင်သည့် အရာများကို သင် လုပ်ဆောင်နိုင်စွမ်းရှိသေးပေသည်။ သင်သည် သင်၏ အခြေအနေအချို့ကိုသာ သိရှိသော်လည်း၊ သင်၏ သဘာဝကို မသိရှိသည်နှင့်အမျှ၊ အနာဂတ်တွင် သင် လုပ်ဆောင်မည့်အရာကို သင် မထိန်းချုပ်နိုင်ပေ- ဆိုလိုသည်မှာ၊ သင်သည် ခိုင်ခိုင်မာမာ ရပ်တည်လိမ့်မည်ဟု လုံးဝ သေချာမှု မရှိပေ။ အခြေအနေတစ်ခုတွင် သင်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ပြောင်းလဲမှုအချို့ကို သင် ဖော်ထုတ်ပုံရသည့် အချိန်များစွာရှိသော်လည်း၊ မတူကွဲပြားသော ပတ်ဝန်းကျင်တွင်၊ သင်သည် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိချေ။ ဤသည်မှာ သင်၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိပေသည်။ တစ်ခါတစ်ရံ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး တစ်ခါတစ်ရံ မလုပ်ဆောင်နိုင်ပေ။ အခိုက်အတန့်တစ်ခုတွင် သင် နားလည်ပြီး၊ နောက်အခိုက်အတန့်တွင် သင် မရှင်းမလင်းဖြစ်၏။ လတ်တလောတွင်၊ သင်သည် မကောင်းသည့်အရာ မည်သည့်အရာကိုမျှ မလုပ်ဆောင် သော်လည်း၊ အနည်းငယ်အကြာတွင် သင် လုပ်ကာင်းလုပ်လိမ့်မည်။ ဤအရာက သင့်အထဲတွင် ဖောက်ပြန်ပျက်စီးသော အရာများ တည်ရှိနေဆဲဖြစ်သည်ကို သက်သေပြပြီး၊ သင်သည် မိမိကိုယ်ကိုယ် အစစ်အမှန် သိရှိနိုင်စွမ်းမရှိပါက၊ ထိုအရာများသည် ဖြေရှင်းဖို့ လွယ်ကူလိမ့်မည်မဟုတ်ပေ။ သင်သည် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည့် စေ့စပ်သေချာသော သိနားလည်မှု မရရှိနိုင်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် အရာများကို နောက်ဆုံးတွင် လုပ်ဆောင်နိုင်စွမ်းရှိပါက၊ သင်သည် အန္တရာယ်ရှိပေသည်။ သင်သည် သင်၏ သဘာဝကို စူးရှသော ထိုးထွင်းသိမြင်မှုရရှိနိုင်ပြီး ယင်းကို မုန်းတီးနိုင်ပါက၊ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်လိမ့်မည်၊ မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်လိမ့်မည် ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၅

ထို့ကြောင့် သင်သည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို အမှန်တကယ်သိပါသလား။ ငါ့အမှုတော်၏ ရည်ရွယ်ချက်နှင့် အရေးပါမှု တို့ကို သင်အမှန်တကယ်သိပါသလား။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၉

ဘုရားသခင်၏ စိတ်သဘောထားကို လူတို့အား မမြင်စေရန် မည်သည့်အခါကမျှ ဖုံးကွယ်ခဲ့ခြင်း မရှိ၊ လူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ လမ်းလွဲခဲ့လေပြီ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၂

သခင်ယေရှုသည် လူ့ဇာတိ၌အလုပ်လုပ်နေသောအချိန်ကာလအတွင်းမှာ သူ၏ နောက်လိုက်အများစုက သူ၏ ဝိသေသလက္ခဏာနှင့် သူပြောခဲ့သော အရာတို့ကို အပြည့်အဝ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၁

ဘုရားသခင်သည် မည်သည့်ခေတ်တွင်မှ အလုပ်များကို မထပ်စေခဲ့ပါ။ နောက်ဆုံးသောကာလ ရောက်လာပြီး ဖြစ်သည့် အတွက် သူသည် နောက်ဆုံးသော ကာလတွင် သူလုပ်သော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။