ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၆

17.03.2021

ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားသည်

ဘုရားသခင်က နိနေဝေမြို့သားများအတွက် သူ့နှလုံးသားကို ပြောင်းလဲခဲ့သည့်အခါမှာ သူ၏သနားညှာတာမှုနှင့် သည်းခံခြင်းသည် လှည့်စားမှုတစ်ခုလော။ မည်သို့ ဟုတ်နိုင်ပါ့မည်နည်း။ သို့ဆိုလျှင် အကြောင်းအရာ တစ်ခုတည်းအတွင်းမှာ ဘုရားသခင်၏ စိတ်သဘောထား၏ ဤလက္ခဏာသွင်ပြင်နှစ်ရပ်ကြား ပြောင်းလဲခြင်းက သင့်အား ဘာကို မြင်စေသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် အလုံးစုံဖြစ်ပါသည်။ ခွဲထွက်ခြင်း လုံးဝ မရှိပေ။ လူတို့အပေါ်မှာ ဒေါသ သို့မဟုတ် သနားညှာတာမှုနှင့် သည်းခံခြင်းကို သူပြသည်ဖြစ်စေ၊ ၎င်းတို့အားလုံးက သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ ဖော်ပြချက်များပင်ဖြစ်ပါသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားပါသည်။ အကြောင်းအရာများ ပြောင်းလဲဖြစ်ပေါ်ခြင်းအပေါ်မူတည်ပြီး သူ၏အတွေးများနှင့် သဘောထားများကို ပြောင်းလဲပါသည်။ နိနေဝေမြို့သားတို့အပေါ် သူ၏သဘောထား ပြောင်းလဲခြင်းက သူသည် သူ့ကိုယ်ပိုင်အတွေးနှင့် စိတ်ကူးများရှိကြောင်းကို လူသားမျိုးနွယ်ကိုပြပါသည်။ သူက စက်ရုပ် သို့မဟုတ် မြေရုပ်တုလည်း မဟုတ်ဘဲ အသက်ရှင်သည့် ဘုရားသခင်ကိုယ်တိုင်ဖြစ်ပါသည်။ နိနေဝေမြို့သားတို့ကို သူတို့၏ သဘောထားများအရ သူတို့၏ အတိတ်များကို ခွင့်လွှတ်နိုင်သကဲ့သို့ သူတို့ကို သူ စိတ်ဆိုးနိုင်ပါသည်။ နိနေဝေမြို့သားတို့အပေါ် ကံဆိုးခြင်းများ သယ်ဆောင်လာဖို့ သူဆုံးဖြတ်နိုင်ပြီး သူတို့၏ နောင်တကြောင့် သူ၏ဆုံးဖြတ်ချက်ကို သူပြောင်းလဲနိုင်ပါသည်။ လူတို့က ဘုရားသခင်၏ စိတ်သဘောထားကို သိရန်ကြိုးစားဖို့အတွက် ပုံသေနည်းများသုံးရခြင်းကို နှစ်သက်သကဲ့သို့ စည်းမျဉ်းများကို စက်ယန္တရားဆန်ဆန် အသုံးချဖို့ ပိုနှစ်သက်ပြီး ဘုရားသခင်ကို ဘောင်ခတ်၍ အဓိပ္ပာယ်သတ်မှတ်ဖို့ ထိုသို့သော စည်းမျဉ်းများကို အသုံးပြုဖို့ ပိုနှစ်သက်ကြသည်။ ထို့ကြောင့် လူသား၏အတွေးနယ်ပယ်အရ ဘုရားသခင်က စဉ်းစားခြင်းမပြုလုပ်သကဲ့သို့ အခြေအမြစ်ခိုင်လုံသည့် စိတ်ကူးများလည်း မရှိပေ။ အမှန်စင်စစ်မှာမူ ဘုရားသခင်၏ အတွေးများသည် အကြောင်းအရာများနှင့် ပတ်ဝန်းကျင်များထဲက ပြောင်းလဲမှုများနှင့်အညီ အစဉ်တစိုက် ပြောင်းလဲနေပါသည်။ ဤအတွေးများက ပြောင်းလဲနေစဉ်မှာ ဘုရားသခင်၏ အနှစ်သာရ၏ မတူညီသည့် လက္ခဏာသွင်ပြင်များက ထုတ်ဖော်လာပါလိမ့်မည်။ ဤပြောင်းလဲခြင်းဖြစ်စဉ်အချိန်ကာလအတွင်း ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲသည့်အချိန်ခဏမှာ သူသည် လူသားမျိုးနွယ်ကို သူ့အသက်၏ဖြစ်တည်မှု အမှန်တရားကို ထုတ်ဖော်ပြပြီး သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက စစ်မှန်ပြီး ထင်ရှားသည်ဆိုသည်ကို ထုတ်ဖော်ပြသည်။ ထို့အပြင် သူ၏သည်းခံခြင်းနှင့် သူ၏ ချစ်ခင်ကြင်နာမှု၊ သူ၏ သနားညှာတာမှု၊ သူ့အမျက်ဒေါသ ဖြစ်တည်မှုတို့၏ သမ္မာတရားကို လူသားမျိုးနွယ်ကို သက်သေပြဖို့ သူ၏ ကိုယ်ပိုင် စစ်မှန်သည့် ထုတ်ဖော်ခြင်းများကို ဘုရားသခင်က အသုံးပြုပါသည်။ အကြောင်းအရာများ တိုးတက်ပြောင်းလဲမှုအရ သူ၏အနှစ်သာရကို ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ထုတ်ဖော်ပြပါလိမ့်မည်။ ခြင်္သေ့၏ အမျက်ဒေါသ၊ မိခင်တစ်ယောက်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို သူပိုင်ဆိုင်ပါသည်။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို မည်သူ့ကိုမှ မေးခွန်းထုတ်ခြင်း၊ ချိုးဖောက်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ပုံစံပျက်အောင်ပြုလုပ်ခြင်းတို့ကို ခွင့်မပြုပေ။ အရာဝတ္ထုများအားလုံးနှင့် အကြောင်းအရာများ အားလုံးထဲမှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဖြစ်သည့် ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားညှာတာမှုသည် အချိန်တိုင်း၊ နေရာတိုင်းမှာ ထုတ်ဖော်ပြနိုင်ပါသည်။ သူသည် ဤသွင်ပြင်လက္ခဏာများကို သဘောသဘာဝ၏ နေရာတိုင်းမှာ ထင်ရှားစွာ ဖော်ပြပြီး အချိန်တိုင်းမှာ ထင်ရှားစွာ ဆောင်ရွက်ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အချိန် သို့မဟုတ် နေရာနှင့် ကန့်သတ်ထားခြင်း မရှိပေ။ သို့မဟုတ် တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စက်ယန္တရားဆန်ဆန် ဖော်ပြခြင်း မဟုတ်ပေ၊ သို့မဟုတ် အချိန် သို့မဟုတ် နေရာ၏ အကန့်အသတ်နှင့် သတ်မှတ်ထားချက်အရ ထုတ်ဖော်ပြခြင်းမဟုတ်ပါဘဲ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အချိန်တိုင်း နေရာတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ဖွင့်ပြပါသည်။ ဘုရားသခင်က သူ့နှလုံးသားကိုပြောင်းလဲပြီး သူ၏ အမျက်ဒေါသကို ဖော်ပြခြင်းကို ရပ်တန့်ပြီး နိနေဝေမြို့ကို ဖျက်ဆီးခြင်းကို ရပ်လိုက်ခြင်းကို သင်မြင်သည့်အခါ ဘုရားသခင်က သနားညှာတာခြင်းနှင့် ချစ်ခြင်းသာဖြစ်သည်ဟု သင်ဆိုနိုင်မည်လော။ ဘုရားသခင်၏ အမျက်ဒေါသသည် အနှစ်မရှိသည့် စကားလုံးများသာလျှင် ပါဝင်သည်ဟု သင်ဆိုနိုင်မည်လော။ ဘုရားသခင်က သူ၏ ပြင်းထန်သည့် အမျက်ဒေါသကို ဖော်ပြပြီး သူ၏ သနားညှာတာမှုကို ရုတ်သိမ်းလျှင် လူသားမျိုးနွယ်အပေါ် သူသည်စစ်မှန်စွာမချစ်ဘူးဟု သင်ဆိုနိုင်မည်လော။ ဘုရားသခင်က လူတို့၏ မကောင်းသည့်အပြုအမူများကို တုံ့ပြန်သည့်အနေနှင့် ပြင်းထန်သည့် အမျက်ဒေါသကို ဖော်ပြပါသည်။ သူ့အမျက်ဒေါသမှာ မှားယွင်းမှု မပါဝင်ပေ။ ဘုရားသခင်၏ နှလုံးသားသည် လူတို့၏ နောင်တအားဖြင့် ထိတွေ့ခံရပါသည်။ သူ့နှလုံးသားကို ပြောင်းလဲခြင်းကလည်း ဤနောင်တပင်ဖြစ်သည်။ သူ၏ထိတွေ့ခံရမှု၊ သူ၏နှလုံးသားပြောင်းလဲမှုနှင့် လူသားအပေါ် သူ၏ သနားညှာတာမှုနှင့် သည်းခံခြင်းသည် အပြစ်အနာအဆာ လုံးဝ မရှိပေ။ သန့်ရှင်းသည်၊ သန့်စင်သည်၊ အထိအခိုက်မရှိပေ၊ စစ်မှန်ပါသည်။ ဘုရားသခင်၏ သည်းခံခြင်းက သည်းခံခြင်းသက်သက်သာဖြစ်သည်။ သူ၏ သနားညှာတာမှုက သနားညှာတာမှုသက်သက်သာဖြစ်သည်။ သူ၏ စိတ်သဘောထားသည် အမျက်ဒေါသနှင့် သနားညှာတာမှု၊ သည်းခံမှုတို့ကို လူသား၏ နောင်တနှင့် သူ၏ မတူညီသည့် အပြုအမူများနှင့်အညီ ထုတ်ဖော်ပြမှာဖြစ်ပါသည်။ သူ ဘာကိုပင် ထုတ်ဖော်ဖွင့်ပြသည်ဖြစ်စေ အားလုံးက သန့်စင်ပါသည်။ အားလုံးက တိုက်ရိုက်ဖြစ်ပါသည်။ သူ့အနှစ်သာရသည် ဖန်ဆင်းခြင်းမှာရှိသည့် အရာအားလုံးမှ ကွဲပြားပါသည်။ ဘုရားသခင်သည် သူ၏ လုပ်ရပ်များ၏အောက်ခြေရှိ အခြေခံသဘောတရားများကို ဖော်ပြသည့်အခါ၊ ၎င်းတို့သည် မှားယွင်းမှု သို့မဟုတ် အပြစ်အနာအဆာ ကင်းပြီး၊ သူ၏အတွေးများ၊ စိတ်ကူးများနှင့် သူချမှတ်သည့် ဆုံးဖြတ်ချက် တစ်ခုစီတိုင်းနှင့် သူလုပ်ဆောင်သည့် အပြုအမူ တစ်ခုစီတိုင်းသည် မှားယွင်းမှု သို့မဟုတ် အပြစ်အနာအဆာ ကင်းသည်။ ဘုရားသခင်က ထိုကဲ့သို့ ဆုံးဖြတ်ပြီး ထိုကဲ့သို့ လုပ်ဆောင်သောကြောင့် သူ၏တာဝန်များကိုလည်း ထိုကဲ့သို့ ပြည့်စုံစေသည်။ သူ၏လုပ်ငန်း၏ရလဒ်များက တိကျပြီး အမှားအယွင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏အရင်းအမြစ်က အမှားအယွင်းမရှိ၊ အပြစ်အနာအဆာ မရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် အမှားအယွင်းမပါဝင်ပေ။ အလားတူပင် ဘယ်ဖန်ဆင်းခံမှ မပိုင်သည့် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့သည် သန့်ရှင်းသည်၊ အမှားကင်းသည်။ တဖန် တွေးတောသုံးသပ်ခြင်းနှင့် တွေ့ကြုံခံစားခြင်းတို့ကို ခံနိုင်ပါသည်။

နိနေဝေဇာတ်လမ်းကို နားလည်ပြီးနောက်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အနှစ်သာရ၏ အခြားဖက်ကို သင်တို့ မြင်သလော။ ဘုရားသခင်၏ အတုမရှိသည့် ဖြောင့်မတ်ခြင်း စိတ်သဘောထား၏ အခြားဘက်ကို မြင်သလော။ လူသားမျိုးနွယ်ထဲမှာ ဤစိတ်သဘောထားမျိုးကို မည်သူပိုင်ဆိုင်သနည်း။ ဘုရားသခင်လိုမျိုး ဤကဲ့သို့အမျက်ဒေါသကို မည်သူ ပိုင်ဆိုင်သနည်း။ ဘုရားသခင်လိုမျိုး သနားညှာတာမှုနှင့် သည်းခံခြင်းကို မည်သူ ပိုင်ဆိုင်သနည်း။ ဖန်ဆင်းခံများထဲက မည်သူက အမျက်ဒေါသကို စေ့ဆော်နိုင်ပြီး လူသားမျိုးနွယ်အပေါ်ကို ဘေးဒုက္ခသယ်လာဖို့ သို့မဟုတ် ဖျက်ဆီးဖို့ ဆုံးဖြတ်နိုင်သနည်း။ လူသားအား သနားကရုဏာကို ချပေးသနားဖို့၊ သည်းခံဖို့၊ ခွင့်လွှတ်ဖို့နှင့် လူသားကိုဖျက်ဆီးဖို့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ မည်သူက အရည်အချင်းမီသနည်း။ ဖန်ဆင်းရှင်သည် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သူ၏ ကိုယ်ပိုင်အတုမရှိသည့် နည်းလမ်းနှင့် အခြေခံသဘောတရားများမှတစ်ဆင့် ဖော်ပြပါသည်။ လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အကြောင်းအရာများ၏ ထိန်းချုပ်မှု သို့မဟုတ် ကန့်သတ်မှုကို သူမခံရပေ။ သူ၏ အတုမရှိသည့် စိတ်သဘောထားနှင့် သူ၏ အတွေးများနှင့် စိတ်ကူးများကို မည်သူကမှ မပြောင်းလဲနိုင်သကဲ့သို့ သူ့ကို ဆွဲဆောင်ပြီး သူ၏ ဆုံးဖြတ်ချက်ဘယ်တစ်ခုကိုမှ ပြောင်းလဲအောင် မလုပ်နိုင်ပေ။ ဖန်ဆင်းခံများ၏ အပြုအမူနှင့်အတွေးအားလုံးသည် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ တရားစီရင်မှု အောက်မှာ ရှိသည်။ အမျက်ဒေါသ သို့မဟုတ် သနားညှာတာမှုကို သူအသုံးပြုမည်လောဆိုသည်ကို မည်သူကမှ မထိန်းချုပ်နိုင်ပေ။ ဖန်ဆင်းရှင်၏ အနှစ်သာရသာလျှင်၊ သို့မဟုတ် တစ်နည်းပြောရလျှင် ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကသာ ၎င်းကို ဆုံးဖြတ်နိုင်ပါသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အတုမရှိသည့် သဘောသဘာဝဖြစ်ပါသည်။

နိနေဝမြို့သားတို့အပေါ် ဘုရားသခင်၏ သဘောထား ပြောင်းလဲခြင်းကို ခွဲခြမ်းစစ်ဆေးပြီး နားလည်ပြီးသည်နှင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအတွင်းမှာတွေ့ရသည့် သနားညှာတာမှုကို ဖော်ပြဖို့ “အတုမရှိ” ဆိုသည့်စကားလုံးကို သင်တို့ အသုံးပြုနိုင်သလော။ ဘုရားသခင်၏ အမျက်ဒေါသသည် သူ၏ အတုမရှိသည့် ဖြောင့်မတ်သည့်စိတ်သဘောထား၏ အနှစ်သာရ၏ လက္ခဏာသွင်ပြင်တစ်ခုဖြစ်သည်ဟု ရှေ့ပိုင်းက ပြောခဲ့ပါသည်။ ယခု ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားညှာတာမှုဖြစ်သည့် လက္ခဏာသွင်ပြင် နှစ်ခုကို သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားအနေနှင့် အဓိပ္ပာယ်ဖွင့်ဆိုပါမည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သန့်ရှင်းပါသည်။ ၎င်းကို ထိပါးစော်ကား၍မရနိုင်သကဲ့သို့ မေးခွန်းထုတ်၍လည်း မရနိုင်ပေ။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် သက်ရှိများထဲမှာ မည်သူကမှ မပိုင်ဆိုင်သည့် အရာဖြစ်ပါသည်။ နှစ်ခုစလုံးက ဘုရားသခင်အတွက် အတုမရှိဖြစ်ပြီး အထူးသီးသန့်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသသည် သန့်ရှင်းပြီး ထိပါးစော်ကား၍မရနိုင်ပေ။ ထိုနည်းတူပင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အခြားလက္ခဏာသွင်ပြင်တစ်ခုဖြစ်သည့် ဘုရားသခင်၏ သနားညှာတာခြင်းသည် သန့်ရှင်းပြီး ထိပါးစော်ကား၍ မရနိုင်ပေ။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် မည်သည့်သတ္တဝါမဆို သူ၏လုပ်ဆောင်ချက်များထဲမှာ ဘုရားသခင်ကို အစားထိုး၍ သို့မဟုတ် ကိုယ်စားပြု၍မရနိုင်သကဲ့သို့ သောဒုံမြို့ကို ဖျက်ဆီးခြင်းမှာ သို့မဟုတ် နိနေဝေမြို့ကို ကယ်တင်ခြင်းမှာ မည်သူကမှ သူ့ကို အစားထိုး၍ သို့မဟုတ် ကိုယ်စားပြု၍ မရနိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ ဖြောင့်မတ်သည့် စိတ်သဘောထား၏ စစ်မှန်သည့် ဖော်ပြချက်ဖြစ်ပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။