ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” | ကောက်နုတ်ချက် ၃၀၈

လူတို့၏ ဘဝအတွေ့အကြုံများထဲတွင် ၎င်းတို့သည် ၎င်းတို့ကိုယ်ကို မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးမှုလုပ်ငန်းကို လက်လွှတ်ခဲ့သည်၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးခဲ့ပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်၍ အတည်ပြုရဦးမည်၊ မကြာသေးမီက ကောင်းချီးမင်္ဂလာတစ်စုံတစ်ခုကို လက်ခံရရှိခဲ့ပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်း များစွာ ပေးခဲ့ပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက် ပြေးလျက်နေခဲ့ပြီး မြောက်မြားစွာ ခံစားရခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်သည် အကျွန်ုပ်အား တုံ့ပြန်သည့်အနေဖြင့် ကတိတစ်စုံတစ်ရာကို ပေးခဲ့ပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိနိုင် သလော...အယောက်တိုင်းသည် ယင်းကဲ့သို့ တွက်ချက်မှုများကို ၎င်းတို့၏စိတ်နှလုံးအတွင်း အဆက်မပြတ်နှင့် မကြာခဏ ပြုတတ်ကြပြီး ၎င်းတို့၏ စိတ်ပါဝင်စားမှုများနှင့် ရည်မှန်းချက်များနှင့် အပေးအယူများပါသော တောင်းဆိုချက်များ ကို ဘုရားသခင်ထံ တင်ပြကြသည်။ တစ်နည်းအားဖြင့်ဆိုသော် လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အဆက်မပြတ် စစ်ဆေးခြင်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော အစီအစဉ်များကို အဆက်မပြတ် တီထွင်ခြင်းနှင့် သူ၏အဆုံးသတ်အတွက် ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံခြင်းနှင့် ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားခြင်း၊ ဘုရားသခင်သည် သူအလိုရှိသော အရာကို ပေးမည် သို့မဟုတ် မပေးမည်ကို ကြည့်ခြင်းတို့ကို ပြုလျက်နေသည်။ ဘုရားသခင်ကို လိုက်စားနေသည့် တစ်ချိန်တည်း၌ပင် လူသားသည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ သဘောမထားပေ။ သူသည် ဘုရားသခင်နှင့် အပေးအယူများလုပ်ရန် အမြဲကြိုးစားခဲ့သည်၊ သူ့အပေါ် မရပ်မနား တောင်းဆိုချက်များကို တင်ပြပြီး ခြေလှမ်းတိုင်းတွင် သူ့အား ဖိအားပေးခြင်းပင်ပြု၍ တစ်လက်မ ပေးပြီးနောက် တစ်မိုင်လောက် ယူရန် ကြိုးစားလျက်ရှိသည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည့် တစ်ချိန်တည်းတွင် လူသားသည် သူနှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ သို့မဟုတ် တိကျသော အခြေအနေများ၌ ၎င်းတို့ကိုယ်ကို ရောက်ရှိနေကြောင်း သိသည့်အခါ မကြာခဏ ခွန်အားနည်းခြင်း၊ မတုန်မလှုပ် ဖြစ်ခြင်းနှင့် ၎င်းတို့၏ အလုပ်ထဲ၌ ပေါ့ဆခြင်းဖြစ်လာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူစရာများ အပြည့်ရှိသည်။ သူသည် ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ကတည်းက လူသားသည် ဘုရားသခင်အား ကော်နူကိုပီယာ ခေါ် ဆွစ်တပ်မတော် စွယ်စုံသုံးဓားကဲ့သို့ သဘောထားခဲ့ပြီး သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော အကြွေးရှင်အဖြစ် သဘောထားခဲ့ကာ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်၍ ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ် စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သကဲ့သို့ သဘောထားခဲ့သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ “ဘုရားသခင်အပေါ် ယုံကြည်ခြင်း” ၏ အခြေခံအသိဖြစ်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော အသိဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှ သူ၏ ဓမ္မဓိဌာန်မကျသော လိုက်စားမှုတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့်သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် သက်ဆိုင်နိုင်ခြေ ရှိမည်မဟုတ်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်ကြောင်း လူသားသည် မည်သည့်အခါမျှ သဘောထားခဲ့ခြင်း သို့မဟုတ် နားလည်ခဲ့ခြင်း မရှိပေ။ ယင်းကဲ့သို့ အခြေအနေများအရ လူသား၏ အနှစ်သာရမှာ သိသာထင်ရှားပေသည်။ ထို့အပြင် ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးမှာ အငြိုးထားတတ်ခြင်း၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို လက်သင့်ခံခြင်း၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်ခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်၍ အလိုကြီးခြင်းကြောင့် ဖြစ်သည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ၊ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးခဲ့ပြီးခြင်း မရှိပေ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မြင်ဖူးခြင်း မရှိသည့်အပြင် သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံဖူးခြင်း မရှိပေ။ ဘုရားသခင်သည် မည်မျှ ကြီးမားသော အဖိုးအခကို ပေးပါစေ သို့မဟုတ် အလုပ်မည်မျှကို သူ ပြုပါစေ၊ သို့မဟုတ် လူသားကို မည်မျှ ထောက်ပံ့ပါစေ၊ လူသားသည် ၎င်းကို သတိမပြုမိဘဲ လုံးလုံးလျားလျား စိတ်ဝင်စားမှု မရှိပေ။ လူသားသည် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ ပေးဖူးခြင်း မရှိပေ၊ သူ၏စိတ်နှလုံးကို သူကိုယ်တိုင်သာ ဂရုစိုက်ရန်၊ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချရန် အလိုရှိသည်၊ ဤအရာ၏ သွယ်ဝှက်သော အဓိပ္ပာယ်မှာ လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးကို လိုက်နာရန် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံရန် အလိုမရှိခြင်း ဖြစ်သည် သာမက သူသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မကိုးကွယ်လိုခြင်းပင် ဖြစ်သည်။ ၎င်းမှာ ယနေ့ခေတ် လူသား၏ အနေအထား ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။