သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁) အပိုင်း တစ်
ပြီးခဲ့သည့် စုဝေးပွဲတွင် မည်သည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယပြုခဲ့ကြသနည်း။ (လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း ဖြစ်ပါသည်။) မိတ်သဟာယပြုခြင်း ပြီးသည့်နောက်တွင် ကြိုတင်ပြင်ဆင်ချက် အကြောင်းအရာတစ်ခုကို သင်တို့အား ငါ ပေးခဲ့သည်။ ထိုအရာမှာ မည်သည့်အရာနည်း။ (သမ္မာတရားကို လိုက်စားရန်နည်းလမ်း ဖြစ်ပါသည်။) ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်တို့ ချင့်ချိန်စဉ်းစားပြီးကြပြီလော။ (ဘုရားသခင်၊ ကျွန်ုပ် အနည်းငယ် စဉ်းစားပြီးပါပြီ။ သမ္မာတရားကို လိုက်စားခြင်းနှင့် ပတ်သက်လာသည့်အခါ နေ့စဉ် ကျွန်ုပ်တို့ ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ၌ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပွင့်အံထွက်ခြင်းများကို ဆန်းစစ်ခြင်း အကြောင်းဖြစ်ပြီး ထို့နောက်တွင် ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် တာဝန် ထမ်းဆောင်ခြင်းသည် အချို့သော စည်းမျဉ်းများကို ခြုံငုံမိသောကြောင့် မတူကွဲပြားသည့် တာဝန်များကို ကိုင်တွယ်သည့်အခါ ဤစည်းမျဉ်းများအတိုင်း မည်သို့ ဆောင်ရွက်ရမည်ဆိုသည်ကို သိနားလည်ရန် ဆီလျော်သည့် သမ္မာတရားကို ကျွန်ုပ်တို့ ရှာဖွေရပါမည်။ ယင်းသည် သမ္မာတရား လိုက်စားခြင်းကို လက်တွေ့လုပ်ဆောင်သည့် နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်ပါသည်။) ထို့ကြောင့် အချက်တစ်ချက်အနေဖြင့် မိမိ၏ နေ့စဉ်အသက်တာတွင် သမ္မာတရားကို ရှာဖွေခြင်းဖြစ်ပြီး နောက်တစ်ချက်မှာ မိမိတာဝန်ကို ထမ်းဆောင်နေစဉ် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းအားဖြင့် ဖြစ်သည်။ ဤလိုက်စားမှု၏ အခြားသော သွင်ပြင်လက္ခဏာ တစ်ခုတလေ ရှိသလော။ ဤသည်မှာ ခက်ခဲသည့် အကြောင်းအရာမဖြစ်သင့်၊ ဟုတ်ပါသလော။ “သမ္မာတရားကို လိုက်စားရန် နည်းလမ်း”အပေါ် သင်တို့ ချင့်ချိန်စဉ်းစားခဲ့ကြပါသလော။ ထိုအရာအပေါ် သင်တို့ မည်သို့ ချင့်ချိန်စဉ်းစားခဲ့ကြသနည်း။ ဤအကြောင်းအရာအပေါ် ချင့်ချိန်စဉ်းစားခြင်းသည် ထိုအကြောင်း စဉ်းစားရင်းနှင့် ထိုချင့်ချိန်စဉ်းစားခြင်းမှတစ်ဆင့် ရရှိသည့် အသိပညာနှင့်ပတ်သက်၍ မှတ်စုများပြုလုပ်ရင်း အချိန် အတိုင်းအတာအချို့ လိုအပ်ပေမည်။ သင်သည် ထိုအရာကို အမြန်ကြည့်ရုံသာကြည့်ပြီး အနည်းငယ် စဉ်းစားသော်လည်း ထိုအရာနှင့်ပတ်သက်ပြီး အချိန်ယူခြင်း၊ အားစိုက်ခြင်းမရှိ၊ သို့မဟုတ် ထိုအကြောင်းကို သေချာစွာ စဉ်းစားခြင်းမရှိပါက ယင်းမှာ ချင့်ချိန်စဉ်းစားခြင်း မဟုတ်။ ချင့်ချိန်စဉ်းစားခြင်းဆိုသည်မှာ ကိစ္စရပ်ကို လေးနက်စွာ သင်စဉ်းစားသည်၊ ထိုအရာကို တွေးဆရာတွင် သင် တကယ်ကို အားထုတ်သည်၊ ခိုင်မာသည့် အသိပညာအချို့ကို သင် ရရှိပြီး ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းကို သင်ရရှိကာ အချို့သော ဆုလာဘ်များကို သင် အကျိုးခံစားရသည်ဟု ဆိုလိုပေသည်။ ဤသည်တို့မှာ ချင့်ချိန်စဉ်းစားခြင်းမှတစ်ဆင့် ရရှိသည့် ရလဒ်များ ဖြစ်သည်။ ယခုတွင် သင်တို့သည် ဤအကြောင်းအရာအပေါ် အမှန်တကယ် ချင့်ချိန်စဉ်းစားခဲ့ကြသလော။ သင်တို့တစ်ဦးမျှ ထိုအရာအပေါ် အမှန်တကယ် ချင့်ချိန်စဉ်းစားခြင်း မရှိခဲ့ကြ၊ ဟုတ်ပါသလော။ ပြီးခဲ့သည့်အကြိမ်တွင် သင်တို့ ပြင်ဆင်နိုင်ကြရန်အလို့ငှာ ငါသည် သင်တို့ကို ကြိုတင်ပြင်ဆင်ချက်၊ အကြောင်းအရာတစ်ခုကို ပေးခဲ့သော်လည်း ထိုအကြောင်းအရာအပေါ် သင်တို့ တစ်ဦးမျှ ချင့်ချိန်စဉ်းစားခြင်း မရှိခဲ့သကဲ့သို့ ထိုအရာကို သင်တို့ အလေးအနက် မထားခဲ့ကြချေ။ ငါသည် သင်တို့ အရန်သင့်ခူးခပ်ပေးမည်ဟု သင်တို့ မျှော်လင့်နေခဲ့ကြသလော။ သို့မဟုတ် သင်က၊ “ဤအကြောင်းအရာသည် အလွန်ရိုးရှင်းသည်။ ယင်းနှင့်ပတ်သက်၍ နက်နဲစေ့စပ်မှု မရှိပါ။ ထိုအရာကို ငါတို့ သဘောပေါက်နှင့်ပြီးသား ဖြစ်သည်။ ထို့ကြောင့် ချင့်ချိန်စဉ်းစားရန် မလိုပါ။ ငါတို့ နားလည်ပြီးသား ဖြစ်သည်”ဟု တွေးကြသလော။ သို့မဟုတ် သမ္မာတရားနှင့် ဆက်နွှယ်သည့် မေးခွန်းများနှင့် ကိစ္စရပ်များကို သင်တို့ စိတ်မဝင်စားခြင်း ဖြစ်သလော။ ပြဿနာမှာ မည်သည့်အရာ ဖြစ်သနည်း။ သင်တို့သည် အလုပ်များလွန်းခြင်း မဖြစ်နိုင်၊ ဟုတ်ပါသလော။ အမှန်တွင် အကြောင်းရင်းမှာ အဘယ်နည်း။ (ဘုရားသခင်၏ မေးခွန်းများကို နားထောင်ပြီး မိမိကိုယ်ကို သုံးသပ်ပြီးနောက်တွင် အဓိကအကြောင်းရင်းမှာ သမ္မာတရားကို ကျွန်ုပ် မချစ်ခြင်း ဖြစ်သည်ဟု ထင်ပါသည်။ ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် အလေးအနက် မထားခဲ့သကဲ့သို့ သမ္မာတရားအပေါ် လေးနက်စွာ မချင့်ချိန်မစဉ်းစားခဲ့ပါ။ အရန်သင့် ခူးခပ်ပေးသည်ကို ကျွန်ုပ်လည်း မျှော်လင့်နေခဲ့သည်။ ဘုရားသခင်က ထိုအကြောင်းအရာအပေါ် မိတ်သဟာယပြုခြင်း ပြီးစီးသည်နှင့် ထိုအရာကို ကျွန်ုပ် နားလည်နိုင်မည်ဟု မျှော်လင့်နေခဲ့ပါသည်။ ယင်းမှာ ကျွန်ုပ်တွင် ရှိခဲ့သည့် သဘောထား ဖြစ်ပါသည်။) လူအများစုသည် ဤသို့ ဖြစ်ကြသလော။ သင်တို့သည် အရန်သင့်ခူးခပ်ပေးသည်ကို ခံရလေ့ရှိပုံရသည်။ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ သင်တို့သည် သိပ်မစေ့စပ်ကြသကဲ့သို့ အားထုတ်မှုများစွာ မပြုလုပ်ကြချေ။ အမှုအရာများကို ကြောင်းကျိုးမမြင်ဘဲ လုပ်ဆောင်ခြင်းနှင့် ဟိုသည်ပြေးလွှားခြင်းကို သင်တို့ အထူးသဖြင့် နှစ်သက်ကြသည်။ သင်တို့ လုပ်ဆောင်သမျှမှာ သင်တို့အချိန်ကို ဖြုန်းတီးခြင်း ဖြစ်သည်။ သင်တို့သည် သမ္မာတရားကို ကိုင်တွယ်ဖြေရှင်းသည့်အခါ နားဝေတိမ်တောင်ဖြစ်ကြပြီး အလေးအနက် သဘောမထားကြ။ ယင်းမှာ သင်တို့၏ စစ်မှန်သော အခြေအနေ ဖြစ်သည်။
သမ္မာတရားကို လိုက်စားရန် နည်းလမ်းသည် ဘုရားအိမ်တော်၌ အများအားဖြင့် မိတ်သဟာယအပြုဆုံးသော အကြောင်းအရာများထဲမှ တစ်ခု ဖြစ်သည်။ သမ္မာတရားကို လိုက်စားရန် နည်းလမ်းနှင့် ပတ်သက်၍ အယူဝါဒအချို့ကို လူအများစုက နားလည်ကြပြီး အချို့သော ထိုအရာကို လက်တွေ့လုပ်ဆောင်ရန် လုပ်နည်းကိုင်နည်းများနှင့် နည်းလမ်းများကို သိကြသည်။ စစ်မှန်သော အတွေ့အကြုံအချို့ကို အနည်းနှင့်အများ ရှိကြသည့်သူ၊ ဘုရားသခင်ကို အချိန်အတော်ကြာ ယုံကြည်ပြီးသည့် လူအချို့ရှိပြီး ၎င်းတို့သည် ကျရှုံးမှုများနှင့် ပြိုလဲမှုများကိုလည်း တွေ့ကြုံကြပြီးဖြစ်ကာ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့ ရှိကြပြီး ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်း ဖြစ်စဉ်တွင် ၎င်းတို့သည် အနိမ့်အမြင့်၊ အတက်အကျများစွာကိုလည်း တွေ့ကြုံကြပြီးဖြစ်ကာ သမ္မာတရားကို လိုက်စားရာတွင် မိမိတို့၏ အတွေ့အကြုံများမှ ၎င်းတို့ သင်ယူကြပြီးဖြစ်သကဲ့သို့ အချို့သော ဆုလာဘ်များ ရှိကြပြီးဖြစ်သည်။ ပင်ကိုအားဖြင့် ၎င်းတို့သည် မိမိတို့၏ ဘဝများ၊ သို့မဟုတ် ပတ်ဝန်းကျင်များတွင် အခက်အခဲများနှင့် တားဆီးပိတ်ပင်မှုများစွာအပြင် အမျိုးမျိုးသော တကယ့် ပြဿနာများကိုလည်း ကြုံကြရပြီး ဖြစ်သည်။ တိုတိုပြောရလျှင် လူအများစုသည် လုပ်နည်းလုပ်ဟန်တွင် ဖြစ်စေ၊ သို့မဟုတ် လက်တွေ့ကျသည့် ပြဿနာအချို့မှတစ်ဆင့်ဖြစ်စေ၊ သမ္မာတရား လိုက်စားခြင်းနှင့် ပတ်သက်၍ အဆင့်အချို့ ရှိကြပြီး ထိုအရာနှင့်ဆိုင်သည့် အယူဝါဒဆိုင်ရာ အသိပညာအချို့လည်း ရှိကြလေသည်။ လူတို့သည် ဘုရားသခင်ကို စတင် ယုံကြည်ပြီးသည်နှင့်၊ သို့မဟုတ် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို စလျှောက်သည်နှင့်တစ်ပြိုင်နက် ထိုလမ်းကြောင်းပေါ်တွင် အဖိုးအခ အမှန်တကယ် ပေးပြီးသည်ဖြစ်စေ၊ သို့မဟုတ် သမ္မာတရား လိုက်စားခြင်းအတွက် မိမိတို့၏ လုပ်နည်းကိုင်နည်းတွင် အနည်းငယ်သာ အားထုတ်ပြီးသည်ဖြစ်စေ ၎င်းတို့အားလုံးသည် ထိုအရာအပေါ် သိနားလည်မှုအချို့ အနည်းနှင့်အများ ရှိကြလိမ့်မည်။ သမ္မာတရားကို ချစ်သောသူတို့အတွက် ဤသိနားလည်မှုသည် စစ်မှန်ပြီး တန်ဖိုးရှိသော ဆုလာဘ်များကို ကိုယ်စားပြုသော်လည်း သမ္မာတရားကို မလိုက်စားသောသူတို့မှာမူ အတွေ့အကြုံမရှိ၊ မိမိတို့၏ အတွေ့အကြုံမှ သင်ယူမှုမရှိ၊ သို့မဟုတ် ဆုလာဘ်မရှိကြချေ။ အချုပ်ဆိုရလျှင် လူအများစုသည် ချီတုံချတုံဖြစ်စွာ ရှေ့ဆက်နေကြပြီး သမ္မာတရားကို လိုက်စားစဉ်တွင် “စောင့်ကြည့်” သဘောထားကို ထားရှိနေကြသော်လည်း တစ်ချိန်တည်းတွင် ထိုအရာကို လိုက်စားသကဲ့သို့ ခံစားရသည့်အရာကို အနည်းငယ် တွေ့ကြုံနေကြရသည်။ လူအများစု၏ အတွေးများ၊ အမြင်များ သို့မဟုတ် အသိတွင် သမ္မာတရားလိုက်စားခြင်းသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး အကြီးမားဆုံးသော အရေးပါမှုရှိ၏။ ၎င်းတို့က ထိုအရာမှာ လူတို့ လိုက်စားသင့်သည့် ဘဝရည်မှန်းချက်တစ်ခုအဖြစ်၊ ပြီးလျှင် ထို့ထက်ပို၍ ဘဝတွင် ၎င်းတို့ လိုက်လျှောက်သင့်သည့် မှန်ကန်သော လမ်းအဖြစ် တွေးထင်ကြသည်။ အယူအဆဆိုင်ရာ အဆင့်တစ်ခုပေါ်တွင် ဖြစ်စေ၊ ၎င်းတို့၏ တကယ့် အတွေ့အကြုံနှင့် အသိပညာကို အခြေခံ၍ဖြစ်စေ လူအားလုံးသည် သမ္မာတရား လိုက်စားခြင်းအား ကောင်းမွန်သည့် အရာတစ်ခုနှင့် အပြုသဘော အဆောင်ဆုံးသော အရာအဖြစ် မှတ်ယူကြသည်။ သမ္မာတရား လိုက်စားခြင်း၊ သို့မဟုတ် ထိုသမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းနှင့် နှိုင်းယှဉ်နိုင်သည့် လူသားမျိုးနွယ် ပါဝင်ဆောင်ရွက်သော လိုက်စားမှု၊ သို့မဟုတ် လမ်းကြောင်း မရှိပေ။ သမ္မာတရား လိုက်စားခြင်းသည် လူသားများ လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော လမ်းဖြစ်သည်။ လူသားမျိုးနွယ်ဝင်တစ်ဦးအနေဖြင့် သမ္မာတရား လိုက်စားခြင်းသည် လူတိုင်း၏ ဘဝရည်မှန်းချက်ဖြစ်သင့်ပြီး ထိုအရာကို လူတို့အတွက် လိုက်လျှောက်ရမည့် မှန်ကန်သည့် လမ်းကြောင်းအဖြစ် ၎င်းတို့ ရှုမြင်သင့်ကြပေသည်။ ယခုတွင် အကြင်သူသည် သမ္မာတရားကို မည်သို့ လိုက်စားသင့်သနည်း။ ယခုလေးတင် လူအများစုက သဘောတူမည်မှာ သေချာသလောက် ဖြစ်မည့် ရိုးရှင်းသော၊ အယူအဆဆိုင်ရာ စိတ်ကူးအချို့ကို သင်တို့ တင်ပြလာခဲ့ကြသည်။ ဤလိုက်စားမှုများနှင့် လက်တွေ့လုပ်ဆောင်မှုမျိုးသည် သမ္မာတရား လိုက်စားခြင်းနှင့် ဆက်နွှယ်သည်ဟု လူတိုင်းက ထင်ကြသည်။ သမ္မာတရား လိုက်စားခြင်းနှင့် တိတိကျကျ ဆက်နွှယ်သည့် အရာများမှာ မိမိကိုယ်ကို သိမြင်မှု ရရှိခြင်း၊ ဝန်ချခြင်းနှင့် နောင်တရခြင်း၊ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရား စည်းမျဉ်းများကို ဘုရားနှုတ်ကပတ်တော်များမှ ရှာတွေ့ခြင်းနှင့် နောက်ဆုံးတွင် မိမိ၏ နေ့စဉ်ဘဝတွင် သူ၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်ခြင်း၊ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းမျှသာ ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားရန် နည်းလမ်းအပေါ် လူအများစု ရှိကြသည့် သာမန် သိနားလည်ခြင်းနှင့် သဘောပေါက်ခြင်း ဖြစ်သည်။ သင်တို့ သတိပြုမိပြီး သဘောပေါက်နိုင်သည့် နည်းလမ်းများမှလွဲ၍ သမ္မာတရား လိုက်စားခြင်းအတွက် သာ၍ တိကျသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများနှင့် နည်းစနစ်အချို့တို့ကို ငါ အကျဉ်းချုပ်ထားသည်။ ယနေ့တွင် သမ္မာတရားကို လိုက်စားရန်နည်းလမ်းနှင့်ပတ်သက်၍ သာ၍ အသေးစိတ်ကျသော အချက်အလက်များဖြင့် ငါတို့ မိတ်သဟာယပြုမည်ဖြစ်သည်။
သင်တို့ စာရင်းမှတ်ထားပြီးဖြစ်သည့် နည်းစနစ် အနည်းငယ်အပြင် ငါသည် သာ၍ အသေးစိတ်ကျစွာဖြင့် လုပ်ဆောင်ပြီးဖြစ်ကာ သမ္မာတရားကို လိုက်စားရန် နည်းလမ်းအတွက် နည်းစနစ်နှစ်ခုကို ငါ အကျဉ်းချုပ်ထားသည်။ နည်းစနစ်တစ်ခုမှာ “လက်လွှတ်ခြင်း” ဖြစ်သည်။ ဤသည်မှာ ရိုးရှင်းပါသလော။ (ရိုးရှင်းပါသည်။) ဤသည်မှာ စိတ်ကူးယဉ်သက်သက် မဟုတ်သကဲ့သို့ ရှုပ်ထွေးခြင်းလည်း မရှိပေ။ မှတ်မိပြီး နားလည်ရန် လွယ်ကူသည်။ ထိုအရာကို လက်တွေ့လုပ်ဆောင်ခြင်းသည် ခက်ခဲမှု အဆင့်တစ်ခုထိ ပါဝင်နိုင်သည်မှာ အမှန်ပင်ဖြစ်၏။ သင်မြင်သလော၊ ဤနည်းစနစ်သည် သင်တို့ တင်ပြခဲ့သည့်အရာတစ်ခုထက် များစွာ သာ၍ ရိုးရှင်း၏။ သင်တို့ ပြောခဲ့သည့်အရာမှာ သဘောတရား တစ်ပုံတစ်ခေါင်းသာ ဖြစ်သည်။ ထိုအရာများသည် အဆင့်မြင့်ကာ နက်နဲပုံရပြီး ထိုအရာများနှင့်ပတ်သက်၍ ခိုင်လုံသောအမြင်တစ်ခု ရှိသော်လည်း ထိုအရာများသည် ယခုတင် သင်တို့ကို ငါပြောခဲ့သည့် အရာထက် များစွာ သာ၍ ခက်ခဲရှုပ်ထွေးလေသည်။ ပထမဆုံး နည်းစနစ်မှာ “လက်လွှတ်ခြင်း”ဖြစ်ပြီး ဒုတိယမှာ “ဆက်ကပ်ခြင်း” ဖြစ်သည်။ စုစုပေါင်း စကားနှစ်ခွန်း၊ ဤနည်းစနစ်နှစ်ခုသာ ဖြစ်သည်။ ထိုအရာများကို ကြည့်ရုံမျှဖြင့် လူတို့ နားလည်နိုင်ပြီး ထိုအရာများအကြောင်းကို မိတ်သဟာယမပြုဘဲနှင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိကြသည်။ မှတ်မိရန်လည်း လွယ်ကူသည်။ ပထမဆုံး နည်းစနစ်မှာ အဘယ်နည်း။ (လက်လွှတ်ခြင်းဖြစ်ပါသည်။) ဒုတိယမှာ အဘယ်နည်း။ (ဆက်ကပ်ခြင်း ဖြစ်ပါသည်။) သင် မြင်သလော။ ထိုအရာများသည် ရိုးရှင်းသည် မဟုတ်လော။ (ရိုးရှင်းပါသည်။) သင်တို့ ပြောခဲ့သည့်အရာထက် များစွာ သာ၍ လိုရင်းတိုရှင်းကျသည်။ ဤသည်ကို မည်သို့ ခေါ်ဆိုပါသနည်း။ ပြတ်သားခြင်းဟု ခေါ်ပါသည်။ သာ၍ နည်းပါးသော စကားလုံးများကို အသုံးပြုခြင်းသည် တစ်စုံတစ်ရာ ပြတ်သားသည်ဟု သေချာပေါက် ဆိုလိုသလော။ (မဆိုလိုပါ။) တစ်စုံတစ်ရာသည် ပြတ်သားခြင်းရှိမရှိဆိုသည်မှာ အရေးမကြီးပေ။ အရေးပါလှသည့်အရာမှာ အဓိကအချက်ကို ပြောဆိုထားခြင်း ရှိမရှိနှင့် လူတို့က လက်တွေ့လုပ်ဆောင်သည့်အခါ လက်တွေ့အသုံးဝင်ခြင်း ရှိမရှိ ဖြစ်သည်။ ထို့အပြင် ထိုအရာကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် မည်သည့် ရလဒ်များ စွမ်းဆောင်ရရှိသည်၊ လူတို့၏ လက်တွေ့ကျသော အခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်း ရှိမရှိ၊ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်ရန် လူတို့အား ကူညီခြင်းရှိမရှိ၊ လူတို့အား မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အရင်းအမြစ်မှ ဖြေရှင်းခွင့်ပေးခြင်း ရှိမရှိဆိုသည်နှင့် ထိုအရာကို လက်တွေ့လုပ်ဆောင်ခြင်းက လူတို့အား ဘုရားသခင်ရှေ့မှောက်သို့လာပြီး သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံကာ ထိုသို့ဖြင့် သမ္မာတရား လိုက်စားခြင်းက ရယူရမည့် ရလဒ်များနှင့် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် ကူညီခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်ရန် အရေးကြီး၏။ ဤသည်မှာ မှန်ကန်ပါ၏လော။ (မှန်ပါသည်။) ယခု သင်တို့သည် “လက်လွှတ်ခြင်း”နှင့် “ဆက်ကပ်ခြင်း”နှင့်ဆိုင်သည့် ဤနည်းစနစ်နှစ်ခုကို ကြားကြပြီးဖြစ်ကာ သိရှိကြပေသည်။ ဤနည်းစနစ်နှစ်ခုနှင့် သမ္မာတရား လိုက်စားခြင်းကြား ဆက်နွှယ်မှုမှာ အဘယ်နည်း။ ထိုအရာများသည် သင်တို့ ဖော်ပြခဲ့ကြသည့် နည်းစနစ်များနှင့် ဆက်နွှယ်သလော၊ သို့မဟုတ် ထိုနည်းစနစ်များနှင့် ကွဲလွဲဆန့်ကျင်သလော။ ဤသည်မှာ သိပ်မရှင်းသေးပေ၊ ဟုတ်ပါသလော။ (သိပ်မရှင်းသေးပါ။) ယေဘုယျပြောရလျှင် သမ္မာတရား လိုက်စားခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆိုင်သည့် တိကျသော နည်းစနစ်များမှာ ငါ ယခုတင် ဆွေးနွေးခဲ့သည့် နှစ်ခုဖြစ်သည်။ ဤနည်းစနစ်နှစ်ခုထဲမှ ပထမတစ်ခု လက်လွှတ်ခြင်း၏ တိကျသော ပါဝင်သည့်အကြောင်းအရာမှာ မည်သည့်အရာဖြစ်သနည်း။ “လက်လွှတ်ခြင်း”ဟူသည့် စကားလုံးများကို သင်တို့ ကြားသည့်အခါ သင်တို့တွေးနိုင်သည့် အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံးသောအရာမှာ မည်သည့်အရာဖြစ်သနည်း။ အကြင်သူသည် ဤနည်းစနစ်ကို မည်သို့ လက်တွေ့လုပ်ဆောင်သနည်း။ ထိုအရာ၏ တိကျသည့် အစိတ်အပိုင်းများနှင့် ပါဝင်သော အကြောင်းအရာမှာ အဘယ်နည်း။ (မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လက်လွှတ်ခြင်းဖြစ်ပါသည်။) မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှလွဲ၍ အခြားမည်သည့်အရာ ရှိသေးသနည်း။ (အယူအဆများနှင့် စိတ်ကူးများ ဖြစ်ပါသည်။) အယူအဆများနှင့် စိတ်ကူးများ၊ ခံစားချက်များ၊ မိမိ၏ အလိုဆန္ဒနှင့် မိမိ၏ နှစ်သက်မှုများ ဖြစ်၏။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ဆိုးယုတ်သော အတွေးအခေါ်များ၊ မှားယွင်းသည့် စံနှုန်းများနှင့် ဘဝအပေါ် အမြင်များဖြစ်သည်။) (မိမိ၏ ကြံရွယ်ချက်များနှင့် စိတ်ဆန္ဒများဖြစ်သည်။) တိုတိုပြောရလျှင် လူတို့သည် မိမိတို့ လက်လွှတ်သင့်သည့်အရာများကို စဉ်းစားရန် ကြိုးစားကြသည့်အခါ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆက်နွှယ်သည့် အမျိုးမျိုးသော အပြုအမူများအပြင် လူတို့၏ အတွေးများနှင့် အမြင်များကို ဖန်တီးသည့် အရာများကိုလည်း စဉ်းစားကြသည်။ ထို့ကြောင့် အဓိကအပိုင်းနှစ်ပိုင်း ရှိ၏။ တစ်ပိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများပါဝင်ပြီး အခြားတစ်ပိုင်းတွင် လူတို့၏ အတွေးများနှင့် အမြင်များ ပါဝင်သည်။ ဤအရာနှစ်ခုအပြင် အခြား မည်သည့်အရာကို သင်တို့ စဉ်းစားနိုင်သနည်း။ သင်တို့သည် အလွန် ဇဝေဇဝါဖြစ်ကြသည် မဟုတ်လော။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ သင်တို့စိတ်ထဲ ချက်ချင်း ရောက်လာသည့်အရာများသည် ဘုရားသခင်ကို စတင်ယုံကြည်ကတည်းက သင်တို့၏ နေ့စဉ်ဘဝ၌ သင်တို့ မကြာခဏ ကြုံရပြီး လူတို့ မကြာခဏ ပြောဆိုကြသည့် အကြောင်းအရာများ ဖြစ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် လူတို့တွင် တည်ရှိသော်ငြားလည်း မည်သူမျှ မပြောသည့် ပြဿနာများအတွက်မူ ထိုအရာများကို သင်တို့ မသိကြ၊ သတိမပြုမိကြ၊ ထိုအရာများကို သင်တို့ မတွေးမိကြသကဲ့သို့ ချင့်ချိန်စဉ်းစားရမည့် ပြဿနာများအဖြစ်လည်း မည်သည့်အခါတွင်မျှ မမြင်ကြလေပြီ။ ဤသည်မှာ သင်တို့ ဇဝေဇဝါဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ နောက်ထပ် ငါတို့ မိတ်သဟာယပြုမည့် ကိစ္စရပ်ကို သင်တို့အား အချိန်ယူ စဉ်းစားကာ သေချာစွာ ငါသုံးသပ်ဆင်ခြင်စေချင်ပြီး ထိုအရာနှင့် ပတ်သက်၍ သင်တို့တွင် နက်နဲသည့် ထင်မြင်ချက်တစ်ခု ရစေချင်သောကြောင့် ဤအရာကို သင်တို့နှင့်အတူ ငါဆွေးနွေးနေခြင်း ဖြစ်သည်။
ယခုတွင် သမ္မာတရားကို မည်သို့ လိုက်စားရမည်ဆိုသည်နှင့် ဆက်နွှယ်သော အဓိကကျသည့် အရာနှစ်ခုနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုကြမည်။ နံပါတ်တစ် လက်လွှတ်ခြင်းနှင့် နံပါတ်နှစ် ဆက်ကပ်ခြင်းတို့ ဖြစ်သည်။ ပထမအရာဖြစ်သည့် လက်လွှတ်ခြင်းကို မိတ်သဟာယပြုခြင်းအားဖြင့် စတင်ကြစို့။ ဤသည်မှာ ခံစားချက်များ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ၊ ထင်ရာစိုင်းသည့်စိတ်၊ ကောင်းချီးများအတွက် လိုအင်ဆန္ဒနှင့် အခြား ထိုသို့သော အဓိပ္ပာယ်ကောက်ယူချက်များကို ရိုးရှင်းစွာ လက်လွှတ်ခြင်း မဟုတ်ပေ။ ယနေ့တွင် ငါ မိတ်သဟာယပြုမည့် “လက်လွှတ်ခြင်း”ကို လက်တွေ့လုပ်ဆောင်မှုသည် သာ၍ တိကျသော ရွေးချယ်သတ်မှတ်ခြင်းရှိပြီး လူတို့က မိမိတို့၏ နေ့စဉ်ဘဝများတွင် ဆန်းစစ်ကာ လက်တွေ့လုပ်ဆောင်ခြင်း လိုအပ်၏။ လက်လွှတ်ခြင်းနှင့် စပ်လျဉ်း၍ မည်သည့်အရာကို ပထမဆုံး ဖော်ပြရမည်နည်း။ လူတို့သည် သမ္မာတရားကို ၎င်းတို့ လိုက်စားရာတွင် ပထမဆုံး လက်လွှတ်ရမည့်အရာမှာ အမျိုးမျိုးသော လူသား စိတ်ခံစားချက်များ ဖြစ်သည်။ ဤအမျိုးမျိုးသော စိတ်ခံစားမှုများကို ငါ ဖော်ပြသည့်အချိန်တွင် မည်သည့်အရာကို သင်တို့ တွေးမိပါသနည်း။ ဤစိတ်ခံစားမှုများတွင် မည်သည့်အရာ ပါဝင်သနည်း။ (တဇောက်ကန်းဖြစ်ခြင်း၊ တစ်ဇွတ်ထိုးနိုင်ခြင်းနှင့် မတက်မကြွဖြစ်ခြင်းတို့ ဖြစ်သည်။) တဇောက်ကန်းဖြစ်ခြင်းသည် စိတ်ခံစားမှု တစ်ခုလော။ (စိတ်ခံစားမှုဆိုသည်မှာ လူတို့က မိမိတို့၏ တာဝန်များကို မိမိတို့ ခံစားပုံအတိုင်း ထမ်းဆောင်နေကြစဉ် အမှုအရာများကို လုပ်ဆောင်သည့်အချိန်ကို ဆိုလိုကြောင်း ကျွန်ုပ် နားလည်ပါသည်။ သူတို့ စိတ်ချမ်းသာခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်လျက် အမှုအရာများအပေါ် မတူကွဲပြားသည့် သဘောထားများကို သူတို့ ခံယူကြပါသည်။) ဤသည်တို့မှာ ငါပြောဆိုနေခဲ့သည့် စိတ်ခံစားမှုများ ဖြစ်သလော။ ဤသည်မှာ စိတ်ခံစားမှုများကို ရှင်းပြရမည့်ပုံဖြစ်သလော။ (ဘုရားသခင်၊ စိတ်ခံစားမှုအပေါ် ကျွန်ုပ်၏ သိနားလည်မှုမှာ ထိုစိတ်ခံစားမှုများတွင် အများအားဖြင့် ပျော်ရွှင်ကြည်နူးမှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်ခြင်းတို့နှင့်အတူ၊ စိတ်ကသိကအောက်ဖြစ်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းတို့ ပါဝင်ပါသည်။) ဤသည်မှာ သင့်လျော်သည့် ခြုံငုံကောက်ချက်ချမှုတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် လူတို့က မိမိတို့ ခံစားသည့်ပုံစံအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ယခုတင် မည်သည့်အရာကို ဖော်ပြခဲ့သနည်း၊ ယင်းသည် စိတ်ခံစားမှုတစ်ခုလော။ (သရုပ်သကန်တစ်ခုသာ ဖြစ်ပါသည်။) စိတ်ခံစားမှု၏ သရုပ်သကန်မျိုးတစ်ခု ဖြစ်သည်။ စိတ်မကောင်းခြင်း၊ ကသိကအောက်ဖြစ်ကာ စိတ်ဓာတ်ကျခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ စိတ်ခံစားမှု၏ သရုပ်သကန်များ ဖြစ်သော်လည်း စိတ်ခံစားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက် လုံးဝ မဟုတ်ပေ။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို လိုက်စားရာတွင် ပထမဆုံး မိမိတို့ လက်လွှတ်ရန် လိုအပ်သောအရာဖြစ်သည့် အမျိုးမျိုးသော စိတ်ခံစားချက်များကို မည်သို့ သိနားလည်သင့်သနည်း။ လူများသည် အမျိုးမျိုးသော စိတ်ခံစားချက်များကို လက်လွှတ်သည့်အခါတွင် မည်သည့်အရာကို လက်လွှတ်နေကြသနည်း။ ထိုအရာမှာ အမျိုးမျိုးသော အခြေအနေများနှင့် ဆက်စပ်အကြောင်းအရာများတွင် ဖြစ်ပေါ်တတ်သည့်အပြင် အမျိုးမျိုးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့်ပတ်သက်သည့် စိတ်နေစိတ်ထားများ၊ အတွေးများနှင့် စိတ်ခံစားမှုများကို လက်လွှတ်ရန် ဖြစ်သည်။ ဤစိတ်ခံစားမှုများထဲမှ အချို့သည် လူတစ်ဦး၏ ထင်ရာစိုင်းသည့်စိတ် ဖြစ်လာသည်။ ပြီးလျှင် အချို့သည် လူတစ်ဦး၏ ထင်ရာစိုင်းသည့် စိတ်ဖြစ်မလာသော်လည်း ထိုအရာများသည် ထိုလူ၏ လုပ်ဆောင်ချက်များ၌ ၎င်း၏ သဘောထားကို မကြာခဏ ထိခိုက်နိုင်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ဤစိတ်ခံစားမှုများတွင် မည်သည့်အရာ ပါဝင်သနည်း။ ဥပမာအားဖြင့် ၎င်းတို့တွင် စိတ်မချမ်းမြေ့ခြင်း၊ အမုန်းတရား၊ ဒေါသ၊ ကသိကအောက်ဖြစ်ခြင်း၊ စိတ်မသက်သာခြင်းအပြင် အလိုဆန္ဒချုပ်တည်းခြင်း၊ သိမ်ငယ်ခြင်းနှင့် ဝမ်းမြောက်ခြင်း မျက်ရည်များ ငိုကြွေးခြင်းတို့ ပါဝင်သည်။ ဤအရာအားလုံးကို စိတ်ခံစားမှုများအဖြစ် ယူဆ၍ရသည်။ ဤသည်တို့မှာ စိတ်ခံစားမှုများ၏ ခိုင်လုံသော သရုပ်သကန်များ ဖြစ်သလော။ (ဟုတ်ပါသည်။) ဤအရာကို ပြောပြီးသည့်နောက်တွင် စိတ်ခံစားမှုတစ်ခုဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်တို့ သိကြပါသလော။ ယင်းတို့သည် သင်တို့ ဖော်ပြခဲ့သည့် မတက်မကြွဖြစ်ခြင်းနှင့် တဇောက်ကန်းဖြစ်ခြင်းတို့နှင့် ပတ်သက်မှု တစ်ခုတလေ ရှိပါသလော။ (မရှိပါ။) ဆက်နွှယ်မှု မရှိပေ။ ထို့ကြောင့် သင်တို့ ဖော်ပြခဲ့သည့် ထိုအရာများသည် မည်သည့်အရာများ ဖြစ်ပါသနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ပါသည်။) ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သရုပ်သကန် အမျိုးအစားတစ်ခု ဖြစ်သည်။ ယခုတင် ငါ စာရင်းမှတ်ခဲ့သည့် စိတ်ခံစားမှုများဖြစ်သည့် အလိုဆန္ဒချုပ်တည်းခြင်း၊ စိတ်မချမ်းမြေ့ခြင်း၊ သိမ်ငယ်ခြင်း စသည်တို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပတ်သက်မှု တစ်ခုတလေ ရှိပါသလော။ (ဘုရားသခင် ယခုလေးတင် ပြောဆိုသည့် စိတ်ခံစားမှုများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆက်နွှယ်မှုမရှိပါ။ ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြစ်စေပါ၊ သို့မဟုတ်ပါက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အဆင့်ကို မရောက်ကြသေးပါ။) သို့ဆိုလျှင် ထိုအရာများသည် အဘယ်အရာများဖြစ်သနည်း။ ထိုအရာများသည် သာမန်လူ့သဘာဝ၏ ပျော်ရွှင်ကြည်နူးမှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်ခြင်းတို့ဖြစ်ပြီး လူတို့က အချို့သော အခြေအနေများကို ကြုံရသည့်အခါ ထွက်ပေါ်သည့် စိတ်ခံစားမှုများနှင့် ပေါ်လွင်လာသည့် သရုပ်သကန်များ ဖြစ်၏။ အချို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားဖြင့် ဖြစ်လာခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အခြားအရာများမှာ ထိုအဆင့်ကို မရောက်သေးသကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆက်နွှယ်သောအရာများ မဟုတ်သည့်တိုင် ဤအရာများသည် လူတို့၏ အတွေးများတွင် ဧကန်အမှန် တည်ရှိလေသည်။ ထိုသို့သော အခြေအနေများတွင် လူတို့က မည်သည့် အခြေအနေကို ကြုံရသည်ဖြစ်စေ၊ ဆက်စပ်အကြောင်းအရာက မည်သည့်အရာ ဖြစ်စေ ဤစိတ်ခံစားမှုများသည် ၎င်းတို့၏ ဝေဖန်အကဲဖြတ်နိုင်စွမ်းနှင့် အမြင်များကို မကြာခဏ အလိုအလျောက် လွှမ်းမိုးလိမ့်မည်ဖြစ်ပြီး လူတို့ ယူသင့်သည့် နေရာနှင့် လျှောက်သင့်သည့် လမ်းကြောင်းတို့ကို လွှမ်းမိုးလိမ့်မည်။ ငါတို့ ယခုတင် ပြောခဲ့ကြသည့် အမျိုးမျိုးသော စိတ်ခံစားမှုများသည် အဓိကအားဖြင့် တော်တော် အပျက်သဘောဆောင်လေသည်။ တော်တော် ကြားနေသည့်၊ သိပ်အပျက်သဘောမဆောင်သောအရာ၊ သို့မဟုတ် အပြုသဘောမဆောင်သောအရာ တစ်ခုတလေ ရှိသလော။ မရှိ၊ အတော်အတန် အပြုသဘောဆောင်သောအရာ တစ်ခုမျှ မရှိပေ။ စိတ်အားငယ်ခြင်း၊ စိတ်မချမ်းမြေ့ခြင်း၊ အမုန်းတရား၊ ဒေါသ၊ သိမ်ငယ်ခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်းနှင့် အလိုဆန္ဒချုပ်တည်းခြင်းဟူသည့် ဤအရာအားလုံးသည် အတော်လေး အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်၏။ ဤစိတ်ခံစားမှုများထဲမှ တစ်ခုတလေသည် လူတို့အား ဘဝ၊ လူသား ဖြစ်တည်မှုနှင့် ဘဝတွင် ၎င်းတို့ ကြုံရသည့် အခြေအနေများကို ခိုင်မာစွာ ရင်ဆိုင်နိုင်စေသလော။ အပြုသဘောဆောင်သည့်အရာတစ်ခုမျှ မရှိလေသလော။ (မရှိပါ။) ထိုအရာများအားလုံးသည် အတော်အတန် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်ကြသည်။ ထို့ကြောင့် မည်သည့် စိတ်ခံစားမှုများသည် အတော်အတန် သာ၍ ကောင်းမွန်ပါသနည်း။ တမ်းတခြင်းနှင့် လွမ်းဆွတ်ခြင်းများကရော အဘယ်သို့ရှိသနည်း။ (ထိုအရာများသည် တော်တော် ကြားနေဖြစ်သောအရာများ ဖြစ်သည်။) ဟုတ်ပေ၏၊ ထိုအရာများသည် ကြားနေဖြစ်နိုင်သည်။ အခြား မည်သည့်အရာရှိသေးသနည်း။ အတိတ်ကို တသလွမ်းဆွတ်ခြင်း၊ တောင့်တခြင်းနှင့် ချစ်ခင်မြတ်နိုးခြင်းတို့ဖြစ်၏။ ငါတို့ပြောသည့် ဤခံစားမှုများသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ထိုအရာများသည် လူသား စိတ်နှလုံးနှင့် စိတ်ဝိညာဉ် အတွင်းနက်နက်နေရာများတွင် မကြာခဏ ကွယ်ဝှက်ထားသည့် အရာများ ဖြစ်သည်။ ယင်းတို့သည် လူတို့ စိတ်နှလုံးများနှင့် အတွေးများကို မကြာခဏ နေရာယူနိုင်ပြီး အမှုအရာများကို လုပ်ဆောင်ခြင်းအပေါ် လူတို့၏ခံစားချက်များ၊ အမြင်များနှင့် သဘောထားများအပေါ် မကြာခဏ ထိခိုက်နိုင်သည်။ ထို့ကြောင့် ဤစိတ်ခံစားမှုများကို လူတို့၏ တကယ့် ဘဝများတွင်၊ သို့မဟုတ် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုနှင့် သမ္မာတရား လိုက်စားခြင်းတွင် တွေ့ရှိနိုင်သည်ဖြစ်စေ၊ မတွေ့ရှိနိုင်သည်ဖြစ်စေ၊ ယင်းတို့က လူတို့၏ နေ့စဉ်ဘဝများကို သာ၍ ကြီးမားသော အတိုင်းအတာဖြင့်ဖြစ်စေ၊ သာ၍ နည်းပါးသော အတိုင်းအတာဖြင့်ဖြစ်စေ ဝင်ရောက်စွက်ဖက်လိမ့်မည်၊ သို့မဟုတ် လွှမ်းမိုးလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ တာဝန်များအပေါ် ၎င်းတို့၏ သဘောထားများကို ထိခိုက်လိမ့်မည် ဖြစ်သည်။ ထိုအရာများက သမ္မာတရားကို လူတို့လိုက်စားနေစဉ်တွင် ၎င်းတို့၏ ဝေဖန်အကဲဖြတ်နိုင်စွမ်းနှင့် ၎င်းတို့ ခံယူသည့် နေရာတို့ကိုလည်း ထိခိုက်လိမ့်မည်ဖြစ်ပြီး အထူးသဖြင့် ဤတော်တော် မတက်ကြွသကဲ့သို့ အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များသည် လူတို့အပေါ် ကြီးမားသည့် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်။ လူတို့သည် မှတ်ဉာဏ်များ ဖြစ်ပေါ်ကာ မိမိတို့ကိုယ်ပိုင် ထွေပြားသော စိတ်ခံစားမှုများကို စတင် သတိပြုမိသည့်အခါ၊ သို့မဟုတ် အဖြစ်အပျက်များနှင့် အမှုအရာများ၊ ပတ်ဝန်းကျင်နှင့် အခြားလူတို့ကို သတိပြုမိသည့် အသိစိတ်တစ်ခု စတင်ပုံဖော်သည့်အခါ ၎င်းတို့၏ အမျိုးမျိုးသော စိတ်ခံစားမှုများသည် တဖြည်းဖြည်း စတင်ဖြစ်ပေါ်လာ ရုပ်လုံးပေါ်လာလေသည်။ ထိုအရာများ ရုပ်လုံးပေါ်ပြီးသည်နှင့်တစ်ပြိုင်နက် လူတို့သည် သာ၍ အသက်အရွယ် ကြီးရင့်လာကာ လောကီ ကိစ္စရပ်များကို သာ၍တွေ့ကြုံသည်နှင့်အမျှ ဤခံစားမှုများသည် ၎င်းတို့ တစ်ဦးစီ လူ့သဘာဝ၏ အဓိကဖြစ်သော အင်္ဂါရပ်တစ်ခု ဖြစ်လာရင်း ၎င်းတို့အတွင်း၊ ၎င်းတို့ စိတ်နှလုံး၏ အတွင်းကျကျ နေရာများအတွင်းတွင် တဖြည်းဖြည်း သာ၍ သာ၍ ခိုင်မာစွာ အမြစ်တွယ်လာလေသည်။ ထိုစိတ်ခံစားမှုများက ၎င်းတို့ တစ်ဦးစီ၏ ပင်ကိုအရည်အသွေး၊ ၎င်းတို့၏ ပျော်ရွှင်ကြည်နူးမှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်ခြင်း၊ ၎င်းတို့၏ မက်မောခြင်းများအပြင်၊ ဘဝတွင် ရည်မှန်းချက်များနှင့် ဦးတည်ချက်တို့ကို ၎င်းတို့၏ လိုက်စားမှု၊ စသည်တို့အား တဖြည်းဖြည်း ညွှန်ကြားလေသည်။ ထို့ကြောင့် ဤစိတ်ခံစားမှုများသည် လူအယောက်စီတိုင်းအတွက် မရှိမဖြစ်ဖြစ်သည်။ ဤအရာကို ငါ အဘယ်ကြောင့် ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် အနီးဝန်းကျင်ရှိ ပတ်ဝန်းကျင်အပေါ် ခံစားချက်အရဖြစ်သော အသိတစ်ခု စတင်ရှိသည်နှင့်တစ်ပြိုင်နက် ဤစိတ်ခံစားမှုများသည် ၎င်းတို့၏ ပျော်ရွှင်ကြည်နူးမှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်ခြင်းတို့ကို တဖြည်းဖြည်း လွှမ်းမိုးသောကြောင့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် ၎င်းတို့၏ ဝေဖန်အကဲဖြတ်နိုင်စွမ်းနှင့် သိမြင်ခြင်းတို့ကို လွှမ်းမိုးကာ ၎င်းတို့၏ ပင်ကိုအရည်အသွေးကို လွှမ်းမိုးကြသောကြောင့် ဖြစ်သည်။ ထိုစိတ်ခံစားမှုများက လူတို့သည် မိမိတို့၏ အနီးဝန်းကျင်ရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအား ရင်ဆိုင်ကာ ကိုင်တွယ်ပုံနှင့်ပတ်သက်သော ၎င်းတို့၏ သဘောထားများနှင့် အမြင်တို့ကိုလည်း လွှမ်းမိုးလိမ့်မည်မှာ အမှန်ဖြစ်၏။ သာ၍ပင် အရေးကြီးသည်မှာ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် လူတို့ ကျင့်ကြံပြုမူပုံအပြင် ၎င်းတို့ လိုက်စားသည့် ရည်မှန်းချက်များနှင့် လူသား ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ အခြေပြုချက်ကို စိုးမိုးနေသည့် နည်းလမ်းများနှင့် စည်းမျဉ်းများကို လွှမ်းမိုးလေသည်။ ငါပြောပြီးသည့်အရာမှာ နားလည်ရန် မလွယ်ကြောင်းနှင့် သာ၍ စိတ်ကူးယဉ်သက်သက် ဖြစ်နိုင်ကြောင်း သင် ခံစားကောင်းခံစားမိနိုင်သည်။ ငါ သင့်ကို ဥပမာပေးမည်ဖြစ်ပြီး ထို့နောက်တွင် အမှုအရာများကို အနည်းငယ် သာ၍ သင် နားလည်ကောင်း နားလည်သွားနိုင်သည်။ ဥပမာအားဖြင့် ကလေးအရွယ်တွင် ၎င်းတို့၏ မိသားစုများနှင့် လူမှုရေး ပတ်ဝန်းကျင်များရှိ အခြားသူများက “ဤကလေးသည် နုံအသည်၊ ဉာဏ်ထိုင်းပြီး စကားပြော မပြေပြစ်သူတစ်ဦးဖြစ်သည်။ မိမိတို့ အနီးဝန်းကျင်ရှိ လူများကို အလွယ်တကူ ဘဝင်ကျစေနိုင်သည့် အလွန်စကားပြောကောင်းသော အခြားကလေးများကို ကြည့်ပါ။ ဤကလေးမှာမူ တစ်နေ့လုံး စူပုပ်၍သာ ရှိနေသည်။ လူများနှင့် ဆုံသည့်အခါ မည်သည့်အရာ ပြောရမည်ကို မသိပါ၊ တစ်စုံတစ်ရာ တလွဲလုပ်မိသည့်နောက်တွင် မည်သို့ ရှင်းပြရမည်၊ သို့မဟုတ် မိမိကိုယ်ကို မည်သို့ ရှင်းချက်ထုတ်ရမည်ကို မသိသကဲ့သို့ လူတို့ကို သဘောကျအောင် မလုပ်နိုင်ပါ။ ဤကလေးသည် လူအတစ်ယောက်ဖြစ်သည်”ဟူသော အရာများကို ပြောဆိုရင်း ၎င်းတို့၏ သဘောမကျသော သုံးသပ်ချက်များကို ပေးရလောက်အောင် သာမန်ရုပ်ရည်ရှိကြကာ စိတ်ထဲရှိသမျှ မဖော်ပြတတ်သကဲ့သို့ ဉာဏ်သိပ်မထက်သည့် လူအချို့ရှိလေသည်။ မိဘများက ဤအရာကို ပြောကြသည်၊ ဆွေမျိုးများနှင့် မိတ်ဆွေများက ဤအရာကို ပြောကြပြီး ၎င်းတို့၏ ဆရာများကလည်း ဤအရာကို ပြောကြသည်။ ဤပတ်ဝန်းကျင်က ထိုသို့သော လူတစ်ဦးချင်းအပေါ် အတန်ငယ်၊ မမြင်နိုင်သော ဖိအားတစ်ခု ပေးလေသည်။ ဤပတ်ဝန်းကျင်များကို တွေ့ကြုံခြင်းမှတစ်ဆင့် ၎င်းတို့တွင် ပုံသေအတွေးအခေါ်တစ်မျိုးကို မရည်ရွယ်ဘဲ ဖြစ်ပေါ်လာသည်။ မည်သည့် ပုံသေအတွေးအခေါ်မျိုးနည်း။ ၎င်းတို့သည် ကြည့်မကောင်းကြောင်း၊ သိပ်နှစ်လိုဖွယ်မကောင်းကြောင်းနှင့် အခြားသူများသည် ၎င်းတို့ကို လုံးဝ မမြင်ချင်ကြကြောင်း တွေးထင်ကြလေသည်။ ၎င်းတို့အနေဖြင့် စာလေ့လာရာတွင် မတော်၊ ဉာဏ်ထိုင်းသည်ဟု ယုံကြည်ကြပြီး အခြားသူများရှေ့တွင် ဖွင့်ဟစကားပြောရန် အမြဲ ရှက်ကြလေသည်။ လူများက ၎င်းတို့ကို တစ်စုံတစ်ရာ ပေးသည့်အခါ “ငါသည် အဘယ်ကြောင့် အမြဲ အလွန် အာစေးမိနေသနည်း။ အဘယ်ကြောင့် အခြားသူများသည် အင်မတန် စကားပြောပြေပြစ်သူများဖြစ်ကြသနည်း။ ငါတကယ်ကို နုံအသည်”ဟု မိမိတို့ကိုယ်ကို တွေးလျက် ကျေးဇူးတင်စကားပြောရန် အလွန် ရှက်ကြလေသည်။ မသိစိတ်၏ စေ့ဆော်မှုအရ ၎င်းတို့သည် အသုံးမကျကြဟု ၎င်းတို့ တွေးမိကြသော်လည်း ထိုမျှအသုံးမကျခြင်း၊ ထိုမျှနုံအခြင်းကို အသိအမှတ်ပြုရန် မလိုမလားဖြစ်နေကြဆဲ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “ငါသည် ထိုမျှ အမှန်တကယ် နုံအပါသလား။ ငါသည် ထိုမျှ ဆိုးပါသလား”ဟု မိမိတို့ကိုယ်ကို အမြဲ မေးကြလေသည်။ ၎င်းတို့၏ မိဘများက ၎င်းတို့ကို မနှစ်သက်သကဲ့သို့ ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၊ ၎င်းတို့၏ ဆရာ၊ ဆရာမများ၊ သို့မဟုတ် ၎င်းတို့၏ အတန်းဖော်များကလည်း ၎င်းတို့ကို မနှစ်သက်ကြချေ။ ပြီးလျှင် ရံဖန်ရံခါ ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများက “သူ အရပ်ပုသည်၊ သူ၏ မျက်လုံးများနှင့် နာခေါင်းက သေးပြီး ထိုသို့သော သွင်ပြင်များဖြင့် အရွယ်ရောက်သည့်အခါ သူ အောင်မြင်လိမ့်မည်မဟုတ်”ဟု ၎င်းတို့ကို ပြောဆိုကြလေသည်။ ထို့ကြောင့် မှန်ထဲကို ၎င်းတို့ ကြည့်သည့်အခါ ၎င်းတို့ မျက်လုံးများ ဧကန်အမှန် သေးငယ်သည်ကို မြင်ကြလေသည်။ ဤအခြေအနေတွင် ၎င်းတို့ စိတ်နှလုံး အတွင်းနက်နက် နေရာများရှိ အတိုက်အခံလုပ်ခြင်း၊ စိတ်မကျေနပ်ခြင်း၊ မလိုမလားဖြစ်ခြင်းနှင့် လက်မခံခြင်းတို့သည် ၎င်းတို့ကိုယ်ပိုင် အားနည်းချက်များ၊ ချို့တဲ့မှုများနှင့် ပြဿနာများကို လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်းအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။ ဤလက်တွေ့အရှိတရားကို ၎င်းတို့ လက်ခံနိုင်ကြသော်လည်း ၎င်းတို့ စိတ်နှလုံး၏ အတွင်းနက်နက် နေရာများတွင် ထပ်တလဲလဲဖြစ်သော စိတ်ခံစားမှုတစ်ခုက ဖြစ်ပေါ်လေသည်။ ဤစိတ်ခံစားမှုကို မည်သို့ ခေါ်ပါသနည်း။ သိမ်ငယ်မှု ဖြစ်သည်။ သိမ်ငယ်သော လူများသည် ၎င်းတို့၏ အားသာချက်များက မည်သည့်အရာဖြစ်သည်ကို မသိကြချေ။ ၎င်းတို့က နှစ်လိုဖွယ်မကောင်းကြောင်းသာ တွေးကြသည်၊ အမြဲ နုံအသည်ဟု ခံစားကြပြီး အမှုအရာများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိကြချေ။ တိုတိုပြောရလျှင် မည်သည့်အရာကိုမျှ ၎င်းတို့ လုပ်ဆောင်နိုင်ခြင်းမရှိ၊ ၎င်းတို့သည် ဆွဲဆောင်မှုမရှိ၊ လိမ္မာပါးနပ်ခြင်းမရှိသကဲ့သို့ တုံ့ပြန်ရာတွင် နှေးကွေးသည်ဟု ခံစားကြလေသည်။ ၎င်းတို့သည် အခြားသူများနှင့် ယှဉ်၍ မထူးခြားသကဲ့သို့ ၎င်းတို့၏ စာလေ့လာမှုများတွင် ရမှတ်ကောင်းများ မရကြချေ။ ထိုသို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာပြီးနောက် သိမ်ငယ်မှုနှင့်ဆိုင်သည့် ဤပုံသေအတွေးအခေါ်က တဖြည်းဖြည်း ထိန်းချုပ်လေသည်။ ထိုအရာသည် သင်၏ စိတ်နှလုံးနှင့် ငြိတွယ်လာပြီး သင်၏ စိတ်ကို နေရာအပြည့်ယူ၍ စွဲကျန်နေသော စိတ်ခံစားမှုတစ်မျိုးအဖြစ်သို့ ပြောင်းသွားလေသည်။ သင် အရွယ်ရောက်နှင့်ပြီးသည်ဖြစ်စေ၊ လောကထဲသို့ ထွက်သွားပြီးသည်ဖြစ်စေ၊ အိမ်ထောင်ပြုပြီး သင်၏ အလုပ်အကိုင်ကို ထူထောင်သည်ဖြစ်စေ၊ ပြီးလျှင် သင်၏ လူမှုအဆင့်အတန်းက မည်သို့ပင်ဖြစ်ပါစေ သင်၏ ကြီးပြင်းသည့် ပတ်ဝန်းကျင်တွင် နေရာယူထားခဲ့သည့် ဤသိမ်ငယ်မှုနှင့်ဆိုင်သော ခံစားချက်ကို ဖယ်ရှားရန် မဖြစ်နိုင်ပေ။ ဘုရားသခင်ကို သင် စတင်ယုံကြည်ပြီး အသင်းတော်တွင် ပါဝင်သည့်နောက်တွင်ပင် သင်သည် သာမန် အသွင်အပြင်ရှိသည်၊ ညံ့ဖျင်းသည့် ဉာဏ်ရည် အစွမ်းအစရှိသည်၊ စိတ်ထဲရှိသမျှ မဖော်ပြတတ်သကဲ့သို့ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ဟု တွေးနေဆဲဖြစ်သည်။ သင်က “ငါလုပ်နိုင်သည့်အရာကိုသာ ငါ လုပ်မည်။ ခေါင်းဆောင်ဖြစ်ရန် စိတ်ပြင်းပြဖို့ မလိုပါ၊ နက်နဲသော သမ္မာတရားများကို ငါလိုက်စားရန် မလိုအပ်ပါ။ အရေးပါမှု အနည်းဆုံးသူ ဖြစ်ခြင်းဖြင့်သာ ငါ ကျေနပ်မည်။ အခြားသူများအား ငါ့အပေါ် ဆက်ဆံချင်သလို ဆက်ဆံခွင့်ပေးမည်”ဟု တွေးသည်။ အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များ ထွက်ပေါ်သည့်အခါ ၎င်းတို့ကို သင် မပိုင်းခြားမသိမြင်နိုင်၊ သို့မဟုတ် မဖော်ထုတ်နိုင်ဟုလည်းကောင်း၊ သင်သည် ယင်းကို လုပ်ဆောင်ခြင်းအတွက် မသင့်တော်ဟုလည်းကောင်း ခံစားရသည်။ သင်ကိုယ်တိုင်က အယောင်ဆောင် ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦး မဖြစ်သရွေ့ လုံလောက်ပြီ၊ အနှောင့်အယှက်များနှင့် ဆူပူမှုများ သင် မဖြစ်စေသရွေ့ အဆင်ပြေသည်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင်ရာထူးတွင် သင် ရပ်တည်နိုင်သရွေ့ လုံလောက်ပြီဟု သင် ခံစားသည်။ သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် သင်သည် လုံလောက်အောင် တော်ခြင်းမရှိသကဲ့သို့ အခြားသူများလောက် မတော်ကြောင်း၊ အခြားသူများသည် ကယ်တင်ခြင်း ခံရသူများ ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် အလွန်ဆုံးအနေဖြင့် အစေခံသူတစ်ဦးဖြစ်သည်ဟု သင် ခံစားရသည်။ ထို့ကြောင့် သင်သည် သမ္မာတရား လိုက်စားခြင်း အလုပ်တာဝန်အတွက် စံမမီဟု ခံစားရသည်။ သမ္မာတရား မည်မျှ သင်နားလည်နိုင်သည်ဖြစ်စေ၊ သင် ရှိသည့် အစွမ်းအစမျိုးရှိပြီး သင် ပုံပန်းအတိုင်း ဖြစ်ရသည်မှာ ဘုရားသခင်က ကြိုတင်စီမံထားသဖြင့် ဖြစ်သည်ကို မြင်ရရာတွင် သူသည် အစေခံသူတစ်ဦးမျှသာ ဖြစ်ရန် သင့်ကို သူ ကြိုတင်စီမံထားခြင်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်းနှင့် သင်သည် သမ္မာတရား လိုက်စားခြင်း၊ ခေါင်းဆောင်တစ်ဦး ဖြစ်လာခြင်း၊ တာဝန်နှင့်ဆိုင်သည့် ရာထူးတစ်ခုရှိသော တစ်စုံတစ်ဦး ဖြစ်လာခြင်း၊ သို့မဟုတ် ကယ်တင်ခံခြင်းနှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟု ခံစားနေရဆဲ ဖြစ်သည်။ ထိုအစား သင်သည် အရေးမပါဆုံးသော လူတစ်ဦး ဖြစ်ရန် လိုလားနေသည်။ ဤသိမ်ငယ်မှုနှင့်ဆိုင်သော ခံစားချက်သည် သင့်အထဲ၌ မွေးရာပါ ဖြစ်ကောင်းဖြစ်မည်မဟုတ်သော်လည်း နောက်တစ်ဆင့်တွင် သင်၏ မိသားစုပတ်ဝန်းကျင်နှင့် သင်ကြီးပြင်းသည့် ပတ်ဝန်းကျင်ကြောင့် သင်သည် အတန်အသင့်ဖြစ်သော ထိုးနှက်ချက်များ၊ သို့မဟုတ် မမှန်သော ဝေဖန်အကဲဖြတ်မှုများ ခံခဲ့ရပြီး ဤအရာက သင့်အထဲတွင် သိမ်ငယ်မှုနှင့်ဆိုင်သည့် ခံစားချက်ကို ဖြစ်စေခဲ့သည်။ ဤစိတ်ခံစားမှုက သင့်လိုက်စားမှုများ၏ မှန်ကန်သော ဦးတည်ချက်ကို ထိခိုက်သည်၊ သင်၏ လိုက်စားမှုများအတွက် မှန်ကန်သော ပြင်းပြသည့်ဆန္ဒကို လွှမ်းမိုးပြီး သင်၏ မှန်ကန်သော လိုက်စားမှုများကိုလည်း ဟန့်တား၏။ သင်၏ လူ့သဘာဝတွင် ရှိသင့်သည့် မှန်ကန်သော လိုက်စားမှုနှင့် မှန်ကန်သော စိတ်ပိုင်းဖြတ်မှုတို့သည် ဟန့်တားခံရသည်နှင့်တစ်ပြိုင်နက် အပြုသဘောဆောင်သော အရာများကို လိုက်စားရန်နှင့် သမ္မာတရားကို လိုက်စားရန်ဖြစ်သော သင်၏ စိတ်လှုံ့ဆော်မှုသည် ချုပ်ထိန်းခံရလေသည်။ ဤချုပ်ထိန်းမှုကို သင်၏ အနီးအနား ပတ်ဝန်းကျင်၊ သို့မဟုတ် မည်သည့်လူမဆိုက ဖြစ်စေပြီး ထိုအရာကို သင် ခံစားသင့်သည်ဟု ဘုရားသခင် မသတ်မှတ်ခဲ့သည်မှာ အမှန်ဖြစ်သည်။ ထို့ထက် ထိုအရာကို သင်၏ စိတ်နှလုံးနက်နက်ရှိ ပြင်းပြင်းထန်ထန် အပျက်သဘောဆောင်သော စိတ်ခံစားမှုက ဖြစ်စေပေသည်။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)
အပေါ်ယံအားဖြင့် သိမ်ငယ်မှုသည် လူတို့တွင် ထင်ရှားသည့် စိတ်ခံစားမှုတစ်ခု ဖြစ်သည်။ သို့သော် အမှန်တွင် ထိုအရာ၏ ဖြစ်ကြောင်းရင်းမြစ်မှာ လူတို့ အသက်ရှင်နေထိုင်သည့် ဤလူမှုအဖွဲ့အစည်း၊ လူသားမျိုးနွယ်နှင့် ပတ်ဝန်းကျင်တို့ ဖြစ်သည်။ လူတို့၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များကလည်း ယင်းကို ဖြစ်ပေါ်စေသည်။ လူမှုအဖွဲ့အစည်းနှင့် လူသားမျိုးနွယ်သည် စာတန်ထံမှလာသည်မှာ သိသာထင်ရှားပေသည်။ ဆိုးယုတ်သူတစ်ဦး၏ တန်ခိုးအာဏာအောက်တွင် လူသားမျိုးနွယ်အားလုံး တည်သောကြောင့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နက်ရှိုင်းစွာ ခံခဲ့ရပြီး မည်သူကမျှ နောက်မျိုးဆက်ကို သမ္မာတရားနှင့်အညီ၊ သို့မဟုတ် ဘုရားသခင်၏ သွန်သင်ချက်များနှင့်အညီ တကယ့်ကို မသွန်သင်နိုင်ဘဲ ထိုထက် စာတန်ထံမှ လာသည့် အရာများနှင့်အညီ သွန်သင်ကြလေသည်။ ထို့ကြောင့် နောက်မျိုးဆက်နှင့် လူသားမျိုးနွယ်ကို စာတန်နှင့်သက်ဆိုင်သည့် အမှုအရာများအား သွန်သင်ပေးခြင်း အကျိုးဆက်မှာ လူတို့၏ စိတ်သဘောထားများနှင့် အနှစ်သာရကို ဖောက်ပြန်ပျက်စီးစေခြင်းအပြင် လူတို့တွင် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ဖြစ်ပေါ်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် ယာယီဖြစ်ပါက လူတစ်ဦး၏ ဘဝကို ကြီးမားသည့် သက်ရောက်မှုတစ်ခု ရှိလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် လူတစ်ဦး၏ အတွင်းကျကျ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်တို့အတွင်းတွင် အပျက်သဘောဆောင်သော စိတ်ခံစားမှုတစ်ခုသည် နက်ရှိုင်းစွာ အမြစ်တွယ်လာပြီး ထိုနေရာတွင် ဖျက်မရအောင် တွယ်ကပ်လာနေပါက ၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ လုံးဝ မမေ့ပျောက်နိုင်ပါက၊ သို့မဟုတ် မဖယ်ရှားနိုင်ပါက ထိုလူ၏ ဆုံးဖြတ်ချက်တိုင်း၊ လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနှင့် အမှုအရာမျိုးစုံကို ၎င်းတို့ ချဉ်းကပ်သည့်နည်းလမ်း၊ စည်းမျဉ်းနှင့်ဆိုင်သည့် အဓိကကျသော ကိစ္စများကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့ ရွေးချယ်သည့်အရာနှင့် မိမိတို့ဘဝတွင် ၎င်းတို့ လျှောက်သည့် လမ်းကြောင်းတို့ကို သေချာပေါက် ထိခိုက်လိမ့်မည်။ ဤသည်မှာ တကယ့် လူမှုအဖွဲ့အစည်းက လူတစ်ဦးစီတိုင်းအပေါ် ရှိသည့် သက်ရောက်မှု ဖြစ်သည်။ အခြားသော သွင်ပြင်လက္ခဏာမှာ လူတို့၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ကြီးပြင်းလာသည်နှင့်အမျှ မိမိတို့ ရရှိကြသည့် ပညာရေးနှင့် သွန်သင်မှုများ၊ ၎င်းတို့ လက်ခံသည့် ကျင့်ကြံပြုမူရန် နည်းလမ်းများနှင့်အတူ အတွေးများနှင့် စိတ်ကူးများအားလုံးအပြင် အမျိုးမျိုးသော လူသားအဆိုများ၊ အားလုံးသည် စာတန်ထံမှ လာသည်မှာ လူတို့က ၎င်းတို့ ကြုံရသည့် ဤပြဿနာများကို မှန်ကန်သည့် ရှုထောင့်အမြင်နှင့် ရှုထောင့်မှ ကိုင်တွယ်ပြီး ပပျောက်စေနိုင်စွမ်းမရှိသည်အထိပင် ဖြစ်ပေသည်။ ထို့ကြောင့် ဤပြင်းထန်သည့် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ ရှိပြီး ထိုအရာ၏ ဖိနှိပ်ပြီး ထိန်းချုပ်ခြင်းကို ခံရလျက် လူသည် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ ဖြစ်ပေါ်ကာ ၎င်းတို့ ဖြေရှင်းနိုင်စွမ်း၊ ပြောင်းလဲနိုင်စွမ်း၊ သို့မဟုတ် ပပျောက်စေနိုင်စွမ်း မရှိသည့် ပြဿနာများကို ခုခံရန် ကြိုးစားဖို့ ထိုအရာများကို အသုံးပြုသည်မှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ချေ။ ဥပမာအနေဖြင့် သိမ်ငယ်မှု ခံစားချက်ကို ကြည့်ကြစို့။ သင်၏ မိဘများ၊ ဆရာများ၊ သင်၏ လူကြီးသူမများနှင့် သင့်အနီးအနားရှိ အခြားသူအားလုံးတွင် သင်၏ အစွမ်းအစ၊ လူ့သဘာဝနှင့် ပင်ကိုအရည်အသွေးတို့အပေါ် လက်တွေ့မကျသည့် အကဲဖြတ်ချက်တစ်ခုရှိပြီး နောက်ဆုံးတွင် ဤအရာက သင့်ကို လုပ်ဆောင်သည်မှာ သင့်ကို ဝေဖန်ထိုးနှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ချုပ်ထိန်းခြင်း၊ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းဖြစ်သည်။ နောက်ဆုံးတွင် ခုခံရန် သင် နောက်ထပ် မည်သို့မျှ ခွန်အားမရှိသည့်အခါ မိမိအနေဖြင့် သင့်တော်လှသည်ဟု မယုံကြည်သော်ငြားလည်း စော်ကားမှုများနှင့် အရှက်ရစေခြင်းတို့ကို တိတ်ဆိတ်စွာ လက်ခံရသည့်၊ ဤမမျှတ၊ မတရားသော လက်တွေ့အရှိတရားမျိုးကို တိတ်ဆိတ်စွာ လက်ခံရသည့် ဘဝကို ရွေးချယ်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ ဤလက်တွေ့အရှိတရားကို သင်လက်ခံသည့်အခါ သင့်အထဲတွင် နောက်ဆုံး ဖြစ်ပေါ်သည့် ခံစားမှုများမှာ ပျော်ရွှင်သည့်၊ စိတ်ကျေနပ်သည့်၊ အပြုသဘောဆောင်သည့်၊ သို့မဟုတ် တိုးတက်မှုရှိသော စိတ်ခံစားမှုတစ်ခု မဟုတ်ချေ။ သင်သည် လူ့ဘဝအတွက် တိကျပြီး မှန်ကန်သည့် ရည်မှန်းချက်များကို လိုက်စားရန်မဆိုထားနှင့်၊ သာ၍များပြားသော စိတ်လှုံ့ဆော်မှုနှင့် ဦးတည်ချက်တို့ဖြင့် အသက်ရှင်ခြင်းမရှိဘဲ ထို့ထက် သင့်အထဲတွင် နက်နဲသည့် သိမ်ငယ်မှု ခံစားချက်တစ်ခု ဖြစ်ပေါ်လေသည်။ ဤစိတ်ခံစားမှု သင့်အထဲတွင် ဖြစ်ပေါ်သည့်အခါ ခိုကိုးရာမဲ့သည်ဟုသင် ခံစားရသည်။ အမြင်တစ်ခု သင် ဖော်ပြရန် လိုအပ်သည့် ပြဿနာတစ်ခုကို သင် ကြုံရသည့်အခါ သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် သင် ပြောလိုသည့် အရာနှင့် သင်ဖော်ပြရန် ဆန္ဒရှိသည့် အမြင်ကို အကြိမ်မည်မျှ သင်စဉ်းစားလိမ့်မည်မှာ မည်သူသိမည်နည်း။ သို့တိုင် သင်သည် ထိုအရာကို မိမိဘာသာပင် ထုတ်မပြောနိုင်ဘဲ ရှိနေဆဲ ဖြစ်သည်။ သင် စွဲကိုင်ခဲ့သည့် အလားတူ အမြင်ကို တစ်စုံတစ်ဦးက ဖော်ပြသည့်အခါ သင်သည် အခြားသူများထက် သာ၍ ညံ့ခြင်းမရှိဟူသည့် အတည်ပြုချက်၊ ခံယူချက်တစ်ခု သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင် ခံစားခွင့်ပေးလိုက်သည်။ သို့ရာတွင် အလားတူ အခြေအနေ တစ်ဖန် ဖြစ်ပျက်သည့်အခါ သင်က “ငါသည် သာမန်ကာလျှံကာ စကားမပြောနိုင်ပါ၊ မည်သည့်အရာကိုမျှ စိတ်မြန်လက်မြန် မလုပ်နိုင်ပါ၊ သို့မဟုတ် မိမိကိုယ်ကို အဟားခံရသူ ဖြစ်စေ၍ မရပါ။ ငါသည် မတော်ပါ၊ နုံအပါသည်၊ မိုက်မဲပါသည်၊ ငါသည် လူအတစ်ယာက်ဖြစ်ပါသည်။ စကားမပြောဘဲ မည်သို့ ပုန်းကွယ်ပြီး နားထောင်ရုံမျှ နားထောင်ရမည်ကို ကျွန်ုပ် သင်ယူရမည်”ဟု မိမိကိုယ်ကို သင်ပြောနေဆဲ ဖြစ်သည်။ ဤအရာမှ ကျွန်ုပ်တို့ မြင်နိုင်သည်မှာ သိမ်ငယ်မှု ခံစားချက်ဖြစ်ပေါ်သည့် အချိန်မှစ၍ လူတစ်ဦး၏ အတွင်းကျကျ စိတ်နှလုံးတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာသည့်အချိန်ထိ ထိုသူသည် မိမိအပေါ် ဘုရားသခင် ပေးသနားခဲ့သည့် မိမိ၏ လွတ်လပ်သော အလိုဆန္ဒနှင့် သဘာဝကျသော လုပ်ပိုင်ခွင့်များ ပိတ်ပင်ခံရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသူသည် ဤအရာများကို ခံစားခွင့်မရဘဲ ပိတ်ပင်ခံထားရပြီး ဖြစ်သည်။ မည်သူက ဤအရာများကို ထိုသူအား ခံစားခွင့်မပေးဘဲ ပိတ်ပင်ထားပါသနည်း။ သင်သည် အသေအချာ ပြောနိုင်ခြင်း မရှိသည် မဟုတ်လော။ သင်တို့ထဲမှ မည်သူမျှ သေချာမပြောနိုင်ကြပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤဖြစ်စဉ်တစ်ခုလုံး တစ်လျှောက်တွင် သင်သည် ခံရသူမျှသာမဟုတ်ဘဲ ပြစ်မှုကျူးလွန်သူလည်း ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် အခြားသူတို့၏ သားကောင်ဖြစ်ပြီး သင်ကိုယ်တိုင်၏ သားကောင်လည်း ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သင့်အထဲတွင် ဖြစ်ပေါ်သည့် သိမ်ငယ်မှုအတွက် အကြောင်းရင်းတစ်ခုမှာ သင်၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များမှ လာသည်ဟု ယခုတင် ငါ ပြောခဲ့သည်။ သင်သည် မိမိကိုယ်ကို သိသောအသိ စတင်ရှိလာသည့်အတွက် အဖြစ်အပျက်များနှင့် အမှုအရာများကို အကဲဖြတ်ခြင်းအတွက် သင်၏ အခြေခံအကြောင်းရင်း၏ ရင်းမြစ်က စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းတွင် ရှိပြီး လူမှုအဖွဲ့အစည်းနှင့် လူသားမျိုးနွယ်တို့က ဤအမြင်များကို သင့်အထဲတွင် သွတ်သွင်းထားခြင်းဖြစ်ကာ ဘုရားသခင်က သင့်ကို သွန်သင်ထားခြင်း မဟုတ်ပေ။ ထို့ကြောင့် သင်၏ သိမ်ငယ်မှု ခံစားချက်များသည် မည်သည့်အချိန်တွင်၊ သို့မဟုတ် မည်သည့် ဆက်စပ်အကြောင်းအရာတွင် ဖြစ်ပေါ်ခဲ့သည်ဖြစ်စေ၊ သင်၏ သိမ်ငယ်မှု ခံစားချက်များ ဖြစ်ပေါ်ပြီးသည့် အတိုင်းအတာက မည်သည့်အရာဖြစ်စေ သင်သည် ဤခံစားချက်များ၏ ချည်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို အကူအညီမဲ့စွာ ခံရပြီး သင့်အနီးဝန်းကျင်ရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို သင်၏ ချဉ်းကပ်မှုတွင် စာတန်က သင့်အထဲတွင် သွတ်သွင်းထားသည့် ဤနည်းလမ်းများကို သင် အသုံးပြုလေသည်။ သိမ်ငယ်မှု ခံစားချက်များကို သင်၏ စိတ်နှလုံးတွင် နက်ရှိုင်းစွာ သွတ်သွင်းထားသည့်အခါ ထိုအရာများက သင့်အပေါ် နက်နဲသည့် သက်ရောက်မှုရှိသည်သာမက လူများနှင့် အမှုအရာများအပေါ် သင်၏ အမြင်များ၊ ပြီးလျှင် သင်၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအပေါ်လည်း စိုးမိုးလေသည်။ ထို့ကြောင့် သိမ်ငယ်မှု ခံစားချက်များ၏ စိုးမိုးခြင်းခံရသူများသည် လူများနှင့် အမှုအရာများကို မည်သို့ မြင်ကြပါသနည်း။ ၎င်းတို့သည် အခြားသူများကို မိမိတို့ထက် ပိုတော်သည်ဟု မှတ်ယူကြပြီး အန္တိခရစ်များကိုလည်း မိမိတို့ကိုယ်တိုင်ထက် တော်သည်ဟု ရှုမြင်ကြလေသည်။ အန္တိခရစ်များသည် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြပြီး လူ့သဘာဝ ညံ့ဖျင်းသော်လည်း ၎င်းတို့က ထိုအန္တိခရစ်များကို အတုယူကာ လေ့လာသင်ယူရမည့် စံနမူနာထားထိုက်သူများအဖြစ် သဘောထားကြဆဲ ဖြစ်သည်။ ၎င်းတို့က မိမိတို့ကိုယ်ကို “ကြည့်ပါ၊ သူတို့တွင် မကောင်းသည့် စိတ်သဘောထားနှင့် ဆိုးယုတ်သည့် လူ့သဘာဝတို့ ရှိကြသော်လည်း ဆုကျေးဇူးရှိပြီး အလုပ်တွင် ငါ့ထက် သာ၍ တတ်စွမ်းနိုင်ကြသည်။ သူတို့သည် အခြားသူများရှေ့တွင် မိမိတို့၏ စွမ်းရည်များကို အေးအေးဆေးဆေး ပြသနိုင်ကြပြီး အလွန်များသည့် လူတို့ရှေ့တွင် မျက်နှာပူခြင်း၊ သို့မဟုတ် ရင်တုန်ပန်းတုန်ဖြစ်ခြင်းမရှိဘဲ စကားပြောနိုင်ကြသည်။ သူတို့ တကယ်ကို သတ္တိရှိကြသည်။ ငါသည် သူတို့နှင့်ယှဉ်မရပါ။ ငါလုံလောက်အောင် သတ္တိမရှိပါ”ဟုပင် ဆိုကြသည်။ ဤအရာကို မည်သည့်အရာက ဖြစ်စေသနည်း။ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ သင်၏ သိမ်ငယ်မှု ခံစားချက်များက လူတို့၏ အနှစ်သာရများအပေါ် သင်၏ အကဲဖြတ်မှုအပြင် အခြားသူတို့ကို ရှုမြင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင်၏ ရှုထောင့်အမြင်နှင့် ရှုထောင့်ကို ထိခိုက်ပြီးခြင်း ဖြစ်ပေသည်။ ဤသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သိမ်ငယ်မှု ခံစားချက်များက သင်၏ ကျင့်ကြံပြုမူပုံကို မည်သို့ ထိခိုက်ပါသနည်း။ သင်က “ကျွန်ုပ်သည် ဆုကျေးဇူး၊ အစွမ်းအစမရှိဘဲ မွေးရာပါ နုံအပြီး အရာရာကို သင်ယူရာတွင် နှေးကွေးသည်။ ထိုလူကို ကြည့်ပါ။ တစ်ခါတစ်ရံ အနှောင့်အယှက်များနှင့် ဆူပူမှုများ ဖြစ်စေပြီး ထင်ရာမြင်ရာနှင့် မဆင်မခြင် ပြုမူကြသော်လည်း အနည်းဆုံးအနေဖြင့် ဆုကျေးဇူးရှိပြီး အစွမ်းအစများ ရှိကြသည်။ သင် သွားသည့်နေရာတိုင်းတွင် သူတို့သည် လူတို့က အသုံးပြုချင်ကြသည့် လူစားမျိုးများ ဖြစ်ပြီး ကျွန်ုပ်မှာ ထိုသို့ မဟုတ်ပါ”ဟု မိမိကိုယ်ကို ပြောသည်။ တစ်ခုတလေ ဖြစ်ပျက်သည့် အခါတိုင်းတွင် သင် ပထမဆုံး လုပ်ဆောင်သည့်အရာမှာ မိမိကိုယ်ကို ထင်မြင်ချက်ပေးပြီး မိမိကိုယ်ကို လူတို့နှင့် အဆက်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ပြဿနာက မည်သည့်အရာဖြစ်ပါစေ သင်သည် နောက်ဆုတ်ပြီး ကနဦးခြေလှမ်းလှမ်းခြင်းကို ရှောင်ရှားကာ တာဝန်ယူရမည်ကို ကြောက်ရွံ့လေသည်။ သင်က “ကျွန်ုပ်သည် မွေးရာပါ နုံအပါသည်။ မည်သည့်နေရာသို့ ကျွန်ုပ် သွားသည်ဖြစ်စေ မည်သူကမျှ ကျွန်ုပ်ကို မနှစ်သက်ပါ။ ကျွန်ုပ် အရဲစွန့်၍ မရပါ၊ ကျွန်ုပ်၏ မပြောပလောက်သော စွမ်းရည်များကို ကြွား၍ မဖြစ်ပါ။ တစ်စုံတစ်ဦးက ကျွန်ုပ်ကို ချီးကျူးပါက ယင်းမှာ ကျွန်ုပ် အဆင်ပြေသည်ဟု သက်သေပြပါသည်။ သို့ရာတွင် မည်သူကမျှ ကျွန်ုပ်ကို မချီးကျူးပါက အလုပ်ကို ကျွန်ုပ် တာဝန်ယူပြီး ကောင်းစွာ လုပ်နိုင်သည်ဟု ပြောဖို့ ကနဦးခြေလှမ်းလှမ်းရန်မှာ ကျွန်ုပ်အတွက် ဖြစ်မည်မဟုတ်ပါ။ ထိုအရာနှင့် ပတ်သက်၍ ယုံကြည်စိတ်ချမှုမရှိပါက ယုံကြည်စိတ်ချသည်ဟု ကျွန်ုပ် ပြော၍ မရပါ။ ကျွန်ုပ် အမှားလုပ်မိလျှင် အဘယ်သို့နည်း။ ထိုအခါ မည်သည့်အရာကို လုပ်ရမည်နည်း။ ပြုပြင်ခြင်း ခံရလျှင်ရော။ အလွန် အရှက်ရပေမည်။ ယင်းမှာ အရှက်ရစရာ ဖြစ်မည် မဟုတ်ပါလား။ ထိုအရာကို ဖြစ်ခွင့်ပေး၍ မရပါ”ဟု မိမိကိုယ်ကို ပြောသည်။ တစ်ချက်ကြည့်လော့၊ ထိုအရာသည် သင်၏ ကျင့်ကြံပြုမူခြင်းကို ထိခိုက်ပြီ မဟုတ်လော။ သင်၏ ကျင့်ကြံပြုမူပုံအပေါ် သင်၏ သဘောထားကို သင်၏ သိမ်ငယ်မှု ခံစားချက်များက အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးပြီး ထိန်းချုပ်လေသည်။ ထိုအရာကို သင်၏ သိမ်ငယ်မှု ခံစားချက်များ၏ အကျိုးဆက်တစ်ခုဟု အတိုင်းအတာ တစ်ခုအထိ ခေါ်ဆို၍ရပေသည်။
ဤသိမ်ငယ်မှု ခံစားချက်များ၏ လွှမ်းမိုးမှုအောက်တွင် လူအမျိုးမျိုးတို့အား ၎င်းတို့သည် လူ့သဘာဝရှိသည့်လူများ ဟုတ်မဟုတ်၊ သာမန်လူ့သဘာဝရှိသည့်လူများ၊ သို့မဟုတ် လူ့သဘာဝမရှိသူများ၊ သို့မဟုတ် ဆိုးယုတ်သော လူ့သဘာဝရှိသူများ ဟုတ်မဟုတ် ဆိုသည်ကို သင်လေ့လာသည့်ပုံအား ထိုအရာက မည်သို့ ထိခိုက်သနည်း။ လူတို့အပေါ် သင်၏ အမြင်တစ်ခုမျှသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန် မဆိုထားနှင့်၊ သမ္မာတရား၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များနှင့် မကိုက်ညီပေ။ တစ်ချိန်တည်းတွင် ဤသိမ်ငယ်မှု ခံစားချက်၏ လွှမ်းမိုးမှုအောက်တွင် သင်သည် အသေအချာ သတိရှိစွာနှင့် မဝံ့မရဲ ပြုမူနေထိုင်ရန် ရွေးချယ်ပြီး အချိန်အများစုတွင် သင်သည် မတက်မကြွဖြစ်ကာ စိတ်ဓာတ်ကျနေသည်။ သင်သည် ထကြွလုံ့လရှိသည့် စိတ်ပိုင်းဖြတ်ခြင်း၊ သို့မဟုတ် လှုံ့ဆော်မှု မရှိဘဲ အပြုသဘောဆောင်ပြီး တက်ကြွသည့် လိုအင်ဆန္ဒအချို့နှင့် အလုပ် အနည်းအကျဉ်းကို တာဝန်ယူလိုစိတ် ရှိသည့်အခါ သင်က “ဤသည်မှာ ငါမာနထောင်လွှားနေခြင်း မဟုတ်လော။ ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်နေခြင်း မဟုတ်လော။ ငါ့ကိုယ်ငါ ကြွားလုံးထုတ်နေခြင်း မဟုတ်လော။ ကြွားဝါနေခြင်း မဟုတ်လော။ ဤသည်မှာ အဆင့်အတန်းအတွက် ငါ၏ ဆန္ဒမဟုတ်လော”ဟု တွေးသည်။ မိမိကိုယ်ပိုင် လုပ်ဆောင်ချက်များ၏ သဘောသဘာဝက မည်သည့်အရာ အတိအကျဖြစ်သည်ကို သင် သဘောမပေါက်နိုင်ချေ။ လူသားမျိုးနွယ်၏ သဘာဝကျသည့် လိုအပ်ချက်များ၊ ပြင်းပြသောဆန္ဒများ၊ စိတ်ပိုင်းဖြတ်မှုနှင့် စိတ်ဆန္ဒများအပြင် သင် စွမ်းဆောင်ရရှိရန် ကြိုးပမ်းနိုင်သည့်အရာ၊ မှန်ကန်ပြီး သင် လုပ်ဆောင်နေသင့်သည့်အရာ၊ ဤအရာများကို သင်သည် သင်၏ စိတ်နှလုံးတွင် အကြိမ်များစွာ ပြန်ပြောင်းစဉ်းစားကာ တွေးဆလိမ့်မည်။ ညတွင် မအိပ်စက်နိုင်သည့်အခါ “ထိုအလုပ်ကို ငါတာဝန်ယူသင့်သလား။ အို၊ သို့သော် ငါသည် လုံလောက်အောင် မတော်ပါ။ ငါ မလုပ်ဝံ့ပါ။ ငါသည် နုံအပြီး ထုံထိုင်းသည်။ ထိုလူတွင်ရှိသည့် ဆုကျေးဇူးများ ငါ့မှာ မရှိသကဲ့သို့ အစွမ်းအစလည်း မရှိပါ”ဟု အထပ်ထပ်အဖန်ဖန် သင် ချင့်ချိန်စဉ်းစားလိမ့်မည်။ သင် အစာစားသည့်အခါ “သူတို့က တစ်နေ့ သုံးနပ်စားကြပြီး သူတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ကြကာ သူတို့၏ ဘဝက တန်ဖိုးရှိသည်။ ငါက တစ်နေ့ သုံးနပ်စားသော်လည်း ငါ့တာဝန်ကို ကောင်းစွာ မထမ်းဆောင်သကဲ့သို့ ငါ့ဘဝက တန်ဖိုး ဘာဆိုဘာမျှ မရှိပါ။ ငါသည် ဘုရားသခင်နှင့် ညီအစ်ကို မောင်နှမများကို အကြွေးတင်သည်။ ငါသည် အစားအစာ တစ်ပန်းကန်နှင့်ပင် မထိုက်တန်သကဲ့သို့ စားပင်မစားသင့်ပါ”ဟု သင် တွေးသည်။ တစ်စုံတစ်ဦးက အလွန် သူရဲဘောကြောင်သည့်အခါ သူသည် အသုံးမကျဖြစ်ပြီး မည်သည့်အရာကိုမျှ မပြီးမြောက်နိုင်ပေ။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သူရဲဘောကြောင်သည့် လူများသည် အခက်အခဲအချို့နှင့် ကြုံရသည့်အခါ နောက်ပြန်တွန့်သွားကြသည်။ ဤသို့ အဘယ်ကြောင့် လုပ်ဆောင်ကြသနည်း။ အကြောင်းရင်းတစ်ခုမှာ ဤအရာကို ၎င်းတို့၏ သိမ်ငယ်မှု ခံစားချက်က ဖြစ်စေခြင်း ဖြစ်သည်။ ၎င်းတို့သည် သိမ်ငယ်ကြသောကြောင့် လူတို့ရှေ့ မသွားဝံ့ကြချေ။ မိမိတို့ ယူသင့်သည့် တာဝန်နှင့် ဝတ္တရားများကိုပင် မယူနိုင်ကြသကဲ့သို့ မိမိတို့၏ စွမ်းရည်နှင့် အစွမ်းအစ နယ်ပယ်အတွင်းနှင့် မိမိတို့ကိုယ်ပိုင် လူ့သဘာဝ အတွေ့အကြုံ နယ်ပယ်အတွင်းရှိ ၎င်းတို့ အမှန်တကယ် စွမ်းဆောင်ရရှိနိုင်စွမ်းရှိသည့်အရာကို တာဝန်မယူနိုင်ကြချေ။ ဤသိမ်ငယ်မှု ခံစားချက်သည် ၎င်းတို့ လူ့သဘာဝ၏ သွင်ပြင်လက္ခဏာတိုင်းကို ထိခိုက်၏။ ၎င်းတို့၏ ပင်ကိုအရည်အသွေးကို ထိခိုက်ပြီး ၎င်းတို့၏ အကျင့်စရိုက်ကိုလည်း ထိခိုက်သည်မှာ အမှန်ဖြစ်၏။ အခြားသူများအနီးတွင် ရှိချိန် ၎င်းတို့သည် မိမိတို့ ကိုယ်ပိုင် အမြင်များကို ဖော်ပြခဲကြပြီး ၎င်းတို့ကိုယ်ပိုင် ရှုထောင့်၊ သို့မဟုတ် အယူအဆအား ၎င်းတို့ ရှင်းသည်ကို တစ်ခါမျှ သင် မကြားရချေ။ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရသည့်အခါ စကားမပြောဝံ့ကြဘဲ ထိုအစား စဉ်ဆက်မပြတ် နောက်တွန့်ကာ နောက်ဆုတ်ကြလေသည်။ လူအနည်းငယ် ရှိသည့်အခါ ထိုသူတို့ကြားတွင် ထိုင်ရလောက်အောင် သတ္တိရှိကြသော်လည်း လူများစွာရှိသည့်အခါ အခြားသူများကြား မလာဝံ့ဘဲလျက် ထောင့်တစ်နေရာကို ရှာပြီး အလင်းရောင် မှိန်သည့်နေရာကို ဦးတည်ကြလေသည်။ တစ်စုံတစ်ရာကို ခိုင်မာစွာနှင့် တက်ကြွစွာ ပြောဆိုပြီး မိမိတို့ တွေးသည့်အရာ မှန်ကန်သည်ဟု ပြသရန် မိမိတို့ကိုယ်ပိုင် အမြင်များနှင့် အယူအဆများကို ဖော်ပြချင်သည်ဟု ၎င်းတို့ ခံစားရသည့်အခါတိုင်းတွင် ထိုသို့လုပ်ဆောင်ရန် သတ္တိပင် မရှိကြချေ။ ထိုသို့သော စိတ်ကူးများ ရှိသည့်အခါတိုင်းတွင် ၎င်းတို့၏ သိမ်ငယ်မှု ခံစားချက်သည် တစ်ပြိုင်နက် ပွင့်အံထွက်လာပြီး “မည်သည့်အရာကိုမျှ မပြောနှင့်။ သင်သည် မတော်ပါ။ သင်၏ အမြင်များကို မဖော်ပြနှင့်။ သင်၏ စိတ်ကူးများကို မိမိဘာသာ သိမ်းထားပါ။ သင်အမှန်တကယ် ပြောချင်သည့်အရာတစ်ခုခု သင့်စိတ်နှလုံးတွင်ရှိလျှင် ကွန်ပျူတာပေါ်တွင် မှတ်ချက်တစ်ခုသာ ပြုလုပ်ပြီး ထိုအရာကို မိမိဘာသာ ပြန်ပြောင်းစဉ်းစားပါ။ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုအကြောင်းကို သင်သိခွင့်ပေးရမည်မဟုတ်။ တစ်စုံတစ်ရာ သင်အမှားပြောမိလျှင် မည်သို့ ဖြစ်မည်နည်း။ ယင်းမှာ အလွန်ပင် အရှက်ရစရာ ဖြစ်လိမ့်မည်”ဟု ၎င်းတို့ကို ပြောလျက် ၎င်းတို့ကို ထိန်းချုပ်ကာ ချုပ်တည်းစေလေသည်။ ဤအသံက သင်ပြောလိုသည့် စကားများကို ပြန်မျိုသိပ်စေလျက် ဤအရာကို မလုပ်ဆောင်ရန်၊ ထိုအရာကို မလုပ်ဆောင်ရန်၊ ဤအရာကို မပြောရန်၊ ထိုအရာကို မပြောရန် သင့်ကို ပြောမြဲပြောနေသည်။ သင့်စိတ်နှလုံးတွင် အချိန်ကြာမြင့်စွာ သင် ပြန်ပြောင်းတွေးနေခဲ့သည့် သင် ပြောလိုသောအရာ တစ်စုံတစ်ခုရှိသည့်အခါ သင် နောက်ဆုတ်ကာ ထိုအရာကို မပြောဝံ့ချေ၊ သို့မဟုတ်ပါက ထိုအရာကို သင် မပြောသင့်ဟု ယုံကြည်လျက် ပြောဆိုရန် ရှက်မိပြီး သင် ပြောမိပါက အချို့သော စည်းမျဉ်းများကို ဖောက်ဖျက်မိပြီး ဖြစ်သည့်အလား၊ ဥပဒေကို ချိူးဖောက်မိပြီးဖြစ်သည့်အလား သင် ခံစားလေသည်။ တစ်နေ့တွင် သင်၏ ကိုယ်ပိုင် အမြင်များကို သင် တက်ကြွစွာ ဖော်ပြသည့်အခါ သင့်စိတ်အတွင်းနက်နက်တွင် နှိုင်းယှဉ်၍မရအောင် စိတ်အနှောင့်အယှက်ဖြစ်ပြီး မသက်မသာ ခံစားရလေသည်။ အလွန် စိတ်မသက်မသာဖြစ်သည့် ဤခံစားချက်သည် တဖြည်းဖြည်း လျော့ပါးသွားသော်လည်း သင်၏ သိမ်ငယ်မှု ခံစားချက်သည် စကားပြောလိုခြင်း၊ မိမိကိုယ်ပိုင် အမြင်များကို ဖော်ပြလိုခြင်း၊ ပုံမှန်လူတစ်ဦး ဖြစ်လိုခြင်းနှင့် အခြားလူတိုင်းနှင့်သာ တူလိုခြင်းအတွက် သင် ရှိထားသည့် စိတ်ကူးများ၊ ရည်ရွယ်ချက်များနှင့် အစီအစဉ်များကို ဖြည်းညင်းစွာ ချုပ်တည်းလိုက်လေသည်။ သင့်ကို နားမလည်သူများက သင်သည် စကားနည်းသူ၊ နှုတ်ဆိတ်သူ၊ ရှက်တတ်သည့်စရိုက်ရှိသူ၊ လူအုပ်ထဲမှ မထင်ပေါ်ချင်သူတစ်ဦးအဖြစ် ယုံကြည်လိုက်သည်။ အခြားလူများစွာရှေ့တွင် သင် စကားပြောသည့်အခါ သင်သည် ရှက်တက်တက်ဖြစ်ပြီး မျက်နှာနီမြန်းသွားသည်။ သင်သည် အတော်အတန် တသီးတသန့်နေတတ်ပြီး အမှန်တွင် သင် သိမ်ငယ်နေသည်ကို သင်တစ်ဦးသာ သိ၏။ သင်၏ စိတ်နှလုံးသည် ဤသိမ်ငယ်မှု ခံစားချက်ဖြင့် ပြည့်နေပြီး ဤခံစားချက်သည် အချိန်ကြာမြင့်စွာ ထင်ရှားနေခဲ့သည်။ ယာယီဖြစ်သော ခံစားချက်တစ်ခုခု မဟုတ်ချေ။ ထို့ထက် သင့်စိတ်ဝိညာဉ်၏ အတွင်းနက်နက်မှ သင်၏ အတွေးများကို တင်းကျပ်စွာ ထိန်းချုပ်လေသည်။ သင်၏ နှုတ်ကို တင်းကျပ်စွာ ပိတ်ပြီး ထို့ကြောင့် အမှုအရာများကို သင် မည်မျှ မှန်ကန်စွာ နားလည်သည်ဖြစ်စေ၊ သို့မဟုတ် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် မည်သည့် အမြင်များနှင့် အယူအဆများ သင်၌ ရှိသည်ဖြစ်စေ၊ မည်သည့်အခါတွင်မျှ ကျယ်ကျယ် မပြောဝံ့ဘဲလျက် အမှုအရာများကို သင်၏ ကိုယ်ပိုင်စိတ်နှလုံးထဲတွင်သာ စဉ်းစားပြီး ပြန်ပြောင်းတွေးဝံ့လေသည်။ သင်ပြောသည့်အရာကို အခြားလူများက လက်ခံမည်ဖြစ်စေ၊ သို့မဟုတ် သင့်ကို ပြုပြင်ကာ ဝေဖန်မည်ဖြစ်စေ၊ ထိုသို့သော ရလဒ်ကို သင် ရင်ဆိုင်ဝံ့၊ မြင်ဝံ့လိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်၏ စိတ်ထဲတွင် ရှိသော သင်၏ သိမ်ငယ်မှု ခံစားချက်က “ထိုအရာကို မလုပ်နှင့်၊ သင်သည် ထိုအရာအတွက် တကယ်ကို စံမမီပါ။ ထိုအစွမ်းအစမျိုး သင်မရှိပါ။ ထိုစစ်မှန်မှုမျိုး မရှိပါ၊ ထိုအရာကို သင်မလုပ်သင့်ပါ၊ သင်သည် ထိုပုံစံမျိုးမဟုတ်ပါ။ ယခု မည်သည့်အရာကိုမျှ မလုပ်၊ မည်သည့်အရာကိုမျှ မတွေးနှင့်။ သိမ်ငယ်မှုဖြင့် အသက်ရှင်ခြင်းအားဖြင့်သာ သင်သည် သင်အစစ်အမှန် ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် သင်၏ စိတ်နှလုံးကို ဖွင့်ဟပြီး အခြားလူများ လုပ်ဆောင်သည့်အတိုင်း သင် ပြောလိုသည့်အရာပြောကာ အခြားသူများနှင့် ဆက်သွယ်ရန် သင် အရည်အချင်း မပြည့်မီပါ။ ယင်းမှာ သင်သည် မတော်သောကြောင့် သူတို့လောက် မတော်သောကြောင့် ဖြစ်သည်”ဟု သင့်ကို ပြောနေသောကြောင့် ဖြစ်သည်။ ဤသိမ်ငယ်မှု ခံစားချက်သည် လူတို့ စိတ်များထဲတွင် လူတို့၏ အတွေးများကို လမ်းညွှန်သည်။ ပုံမှန်လူတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ဖြည့်ဆည်းခြင်းနှင့် ၎င်းတို့ အသက်ရှင်နေသင့်သည့် ပုံမှန်လူ့သဘာဝနှင့်သက်ဆိုင်သော ဘဝကို အသက်ရှင်ခြင်းမှ ၎င်းတို့ကို တားမြစ်ထားစဉ်တွင် လူများနှင့် အမှုအရာများကို ၎င်းတို့ မှတ်ယူပုံ၊ ၎င်းတို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်ကြပုံနှင့်သက်ဆိုင်သည့် နည်းလမ်းနှင့် နည်းစနစ်များ၊ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့ကိုလည်း ညွှန်ကြားလေသည်။ ၎င်းတို့အနေဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်သင့်သည်ဟု ယုံကြည်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို မွေ့လျော်လျှင်ပင် ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းနှင့်ဆိုင်သည့် ဘဝထဲသို့ ဝင်ရောက်ရန်အလို့ငှာ ရိုးသားသော လူတစ်ဦး ဖြစ်လိုသည့် ၎င်းတို့၏ စိတ်ဆန္ဒကို စကားများဖြင့်၊ လုပ်ဆောင်ချက်များဖြင့် လုံးဝ မဖော်ပြဝံ့ကြချေ။ ၎င်းတို့၏ သိမ်ငယ်မှု ခံစားချက်ကြောင့် ရိုးသားသော လူတစ်ဦးပင် မဖြစ်ဝံ့ကြတော့ချေ။ ၎င်းတို့သည် သတ္တိလုံးဝ ကင်းမဲ့ကြ၏။ ရိုးသားသည့် တစ်စုံတစ်ရာကို ၎င်းတို့ ပြောဆိုသည့်အခါ ၎င်းတို့ အနီးအနားရှိ လူများကို ကမန်းကတန်းကြည့်ပြီး “တစ်ဦးတစ်ယောက်သည် ငါ့အပေါ် ထင်မြင်ချက်တစ်ခု ဖြစ်ပေါ်နေသလား။ ‘သင်သည် ရိုးသားသူတစ်ဦးဖြစ်ရန် ကြိုးစားနေသည်ပေါ့။ သင်ကယ်တင်ခံရဖို့သက်သက် ရိုးသားသောလူတစ်ဦး ဖြစ်ချင်သည် မဟုတ်ပါလား။ ဤသည်မှာ ကောင်းချီးခံစားလိုစိတ်သာ ဖြစ်သည် မဟုတ်ပါလား’ဟု သူတို့ တွေးကြလိမ့်မည်လား။ အို မဖြစ်ပါ၊ မည်သည့်အရာကိုမျှ ငါ မပြောရဲပါ။ သူတို့အားလုံးက ရိုးသားစွာ စကားပြောနိုင်ကြသည်။ မပြောနိုင်သည်မှာ ငါသာ ဖြစ်သည်။ သူတို့ကဲ့သို့ ငါ အရည်အချင်း မပြည့်မီပါ။ ငါသည် အနိမ့်ကျဆုံးအဆင့် ဖြစ်သည်”ဟု တွေးကြသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုတစ်ခုဖြစ်သည့် သိမ်ငယ်မှု ခံစားချက်သည် သက်ရောက်မှု စတင် ရှိလာပြီး လူတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် အမြစ်တွယ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အနေဖြင့် သမ္မာတရားကို မလိုက်စားပါက ထိုအရာကို အမြစ်ဖြတ်ပြီး ထိုအရာ၏ ဘောင်ခတ်ခြင်းမှ ရုန်းထွက်လွတ်မြောက်ရန် အလွန် ခက်ခဲလိမ့်မည်ဖြစ်ကာ ၎င်းတို့ လုပ်သမျှတိုင်းတွင် ထိုအရာ၏ ဘောင်ခတ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်ကို ဤတိကျသော သရုပ်သကန်များနှင့် ထုတ်ဖော်ပြချက်များမှ ငါတို့ တွေ့မြင်နိုင်သည်။ ဤခံစားချက်ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအဖြစ် ပြော၍မရနိုင်သော်လည်း ပြင်းထန်သည့် အပျက်သဘောဆောင်သော အကျိုးဆက်ကို ဖြစ်စေနှင့်ပြီး ဖြစ်သည်။ ထိုအရာက ၎င်းတို့၏ လူ့သဘာဝကို ပြင်းထန်စွာ ထိခိုက်နစ်နာစေပြီး ၎င်းတို့ ပုံမှန်လူ့သဘာဝ၏ အမျိုးမျိုးသော စိတ်ခံစားမှုများ၊ စကားနှင့် လုပ်ရပ်များအပေါ် အလွန်ဆိုးရွားသည့် အကျိုးဆက်များဖြင့် ကြီးမားသည့် အပျက်သဘောဆောင်သော သက်ရောက်မှုတစ်ခု ရှိလေသည်။ ယင်း၏ သေးငယ်သော လွှမ်းမိုးမှုမှာ ၎င်းတို့၏ အကျင့်စရိုက်၊ ၎င်းတို့၏ မက်မောမှုများနှင့် ပြင်းပြသည့်ဆန္ဒများကို ထိခိုက်ရန်ဖြစ်သည်။ ယင်း၏ အကြီးစား လွှမ်းမိုးမှုက ဘဝတွင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် ဦးတည်ချက်များကို ထိခိုက်ရန် ဖြစ်သည်။ ဤသိမ်ငယ်မှု ခံစားချက်၏ အကြောင်းတရားများမှ၊ ယင်း၏ ဖြစ်စဉ်နှင့် လူတစ်ဦးထံ ဆောင်ကြဉ်းသည့် အကျိုးဆက်များမှ၊ သင် ကြည့်သည့် မည်သည့် ရှုထောင့်မဆိုမှ၊ ထိုအရာမှာ လူတို့ လက်လွှတ်သင့်သည့် အရာတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့က “ကျွန်ုပ် သိမ်ငယ်သည်ဟုလည်းကောင်း၊ ဘောင်ခတ်ခြင်းမျိုး တစ်ခုတလေအောက်တွင် ရှိသည်ဟုလည်းကောင်း မထင်ပါ။ မည်သူကမျှ ကျွန်ုပ်ကို ရန်မစဖူး၊ မသေးသိမ်စေဖူးသကဲ့သို့ မည်သူကမျှ ကျွန်ုပ်ကို မချုပ်ထိန်းဖူးပါ။ ကျွန်ုပ် အလွန် လွတ်လပ်စွာ အသက်ရှင်သောကြောင့် ယင်းမှာ ဤသိမ်ငယ်မှု ခံစားချက် ကျွန်ုပ်တွင်မရှိဟု ဆိုလိုသည် မဟုတ်ပါလား”ဟု ပြောကြသည်။ ယင်းမှာ မှန်ကန်ပါသလော။ (မမှန်ပါ၊ တစ်ခါတစ်ရံတွင် ထိုသိမ်ငယ်မှု ခံစားချက် ကျွန်ုပ်တို့ ရှိနေကြဆဲဖြစ်ပါသည်။) သင်တို့သည် ထိုအရာကို အတိုင်းအတာ အနည်းနှင့်အများ ရှိကောင်းရှိနိုင်ကြဆဲ ဖြစ်သည်။ ထိုအရာက သင်၏ အတွင်းကျကျ စိတ်နှလုံးကို မစိုးမိုးနိုင်သော်လည်း အချို့ ဖြစ်ရပ်များတွင် တစ်ခဏအတွင်း ဖြစ်ပေါ်နိုင်သည်။ ဥပမာအားဖြင့် သင့်ထက်သာ၍များပြားသော ပါရမီရှိသူ၊ သင့်ထက်သာ၍ အထူးကျွမ်းကျင်မှုများနှင့် ဆုကျေးဇူးများရှိသည့် တစ်စုံတစ်ဦး၊ သင့်ထက်သာ၍ ကြီးစိုးသည့်၊ သင့်ထက်သာ၍ ခြယ်လှယ်လွန်းသည့်၊ သင့်ထက်သာ၍ ဆိုးယုတ်သည့်၊ သင့်ထက်သာ၍ အရပ်မြင့်ပြီး သာ၍ ဆွဲဆောင်မှုရှိသည့်၊ လူမှုအဖွဲ့အစည်းတွင် အဆင့်အတန်းရှိသည့်၊ ကြွယ်ဝချမ်းသာသည့်၊ သာ၍ ပညာတတ်ပြီး သင့်ထက်သာ၍ မြင့်မားသည့် အဆင့်အတန်းရှိသူ၊ သာ၍ အသက်အရွယ် ကြီးရင့်ပြီး ဘုရားသခင်ကို သာ၍ ကြာရှည်စွာ ယုံကြည်ခဲ့သည့် တစ်စုံတစ်ဦး၊ အတွေ့အကြုံနှင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် သာ၍ စစ်မှန်မှုရှိသည့် တစ်စုံတစ်ဦးဖြစ်သော၊ သင် ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်သည့် တစ်စုံတစ်ဦးနှင့် သင် ကြုံရသည့်အခါ သင်၏ သိမ်ငယ်မှု ခံစားချက်ကို ထွက်ပေါ်မလာအောင် သင်မတားဆီးနိုင်ပေ။ ဤခံစားချက် ဖြစ်ပေါ်သည့်အခါ သင်၏ “အလွန် လွတ်လပ်စွာ အသက်ရှင်ခြင်း” သည် ပျောက်ကွယ်သွားသည်။ သင်သည် ကြောက်တတ်လာပြီး သင်၏ သတ္တိ ပျောက်ဆုံးသွားသည်။ သင်၏ စကားများအား မည်သို့ စီကုံးရမည်ကို သင် တွေးဆသည်။ သင်၏ မျက်နှာအမူအရာ သဘာဝမကျ ဖြစ်လာသည်၊ သင်၏ စကားများနှင့် လှုပ်ရှားမှုများတွင် သင်သည် ကန့်သတ်ခံရသည်ဟု ခံစားရပြီး မိမိကိုယ်ကို စတင် ပြရုပ်တင်လာလေသည်။ သင်၏ သိမ်ငယ်မှု ခံစားချက်များ ထွက်ပေါ်ခြင်းကြောင့် ဤအရာများနှင့် အခြားသော သရုပ်သကန်များ ဖြစ်ပျက်လေသည်။ ဤသိမ်ငယ်မှု ခံစားချက်သည် တဒင်္ဂမျှသာဖြစ်သည်မှာ အမှန်ပင်ဖြစ်ပြီး ဤခံစားချက် ဖြစ်ပေါ်သည့်အခါ သင်သည် မိမိကိုယ်ကို ဆန်းစစ်ရန်၊ မြော်မြင်တတ်ပြီး ထိုအရာ၏ ဘောင်ခတ်ခြင်းကို မခံရန်သာ လိုအပ်ပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။