စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် - အခန်း (၁)

ဘုရားသခင်က “မည်သူမျှ ငါ၏နှုတ်ကပတ်တော်များ၏ အရင်းအမြစ်ကို သဘောမပေါက်နိုင်ကြသကဲ့သို့ ၎င်းတို့ကို ပြောဆိုရာတွင် ငါ၏ရည်ရွယ်ချက်ကို မသိကြ။” ဟု ဆိုထားပြီးသကဲ့သို့ပင်၊ ဘုရားဝိညာဉ်တော်၏ လမ်းပြမှုကြောင့်သာ မဟုတ်ပါက၊ ပြီးလျှင် သူ၏မိန့်မြွက်ချက်များ၏ ပေါ်ထွန်းမှုကြောင့်သာ မဟုတ်ပါက၊ လူအပေါင်းတို့သည် သူ၏ပြစ်တင်ဆုံးမမှုအောက်တွင် ပျက်စီးဆုံးရှုံးကြမည် ဖြစ်သည်။ ဘုရားသခင်သည် လူအပေါင်းတို့ကို စစ်ဆေးရန် ထိုမျှကြာမြင့်သည့် အချိန်တစ်ခုကို အဘယ့်ကြောင့် ယူခဲ့ပါသနည်း။ ငါးလပတ်လုံး ကြာသလော။ ဤသည်မှာ ငါတို့ မိတ်သဟာယ၏ ဗဟိုဖြစ်သည့်အပြင် ဘုရားသခင်၏ ဉာဏ်ပညာထဲက အဓိကအချက်တစ်ချက် အတိအကျ ဖြစ်သည်။ အောက်ပါအတိုင်း ငါတို့ ယူဆနိုင်သည်- လူသားကို စမ်းသပ်ခံစေခြင်း နှင့်ဆိုင်သော ဤအချိန်ကာလမရှိဘဲနှင့်၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ဘုရားသခင်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အဝေးသို့ကန်ထုတ်ခြင်း မရှိဘဲနှင့်၊ အကယ်၍ အသင်းတော်၏ တည်ဆောက်ခြင်းသည် ယနေ့ထိ ဆက်လက် ဖြစ်ခဲ့ပြီးဖြစ်ပါက၊ ရလဒ်သည် မည်သည့်အရာ ဖြစ်ပြီးလေမည်နည်း။ ထို့ကြောင့် ဘုရားသခင်သည် ဤလအချို့၏ အမှုနှင့်ဆိုင်သည့် လိုချင်သည့် အကျိုးတရားကို တိုက်ရိုက်ညွှန်ပြလျက်၊ တကယ့် ပထမဦးဆုံး စာကြောင်းတွင် ဆိုလိုရင်းကို သူ တန်းပြောလေသည်- သူသည် သွေးထွက်အောင် မှန်ပေသည်။ ဤအရာက ဤလအချို့ကြာသည့် ကာလအတောအတွင်း ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ ဉာဏ်ပညာကို ပြသရန် လုံလောက်ပေသည်- ယင်းတို့က အယောက်တိုင်းအား စမ်းသပ်မှုမှတစ်ဆင့် စစ်မှန်ရိုးသားမှုဖြင့် မည်သို့ ကျိုးနွံနာခံပြီး မည်သို့ မိမိတို့ကိုယ်ကိုယ် အသုံးခံရမည် ဆိုသည့်အပြင်၊ နာကျင်သော စစ်ဆေးခြင်းမှတစ်ဆင့် ဘုရားသခင်ကို ပို၍ကောင်းစွာ မည်သို့ သိရှိလာရမည်ဆိုသည်တို့ကို သင်ယူနိုင်စေပြီး ဖြစ်သည်။ သာ၍ ကြီးမားသည့် စိတ်ပျက်မှုကို လူတို့ တွေ့ကြုံရလေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သာ၍ကောင်းစွာ သိလာလေလေ ဖြစ်သည်။ အမှန်ပြောရမည်ဆိုပါက၊ ဆင်းရဲဒုက္ခဖြင့် အတိပြီးသော စစ်ဆေးခြင်းကို ၎င်းတို့ ရင်ဆိုင်ရလေလေ၊ ဘုရားသခင်အတွက် အစေခံသူတစ်ဦး ဖြစ်ခြင်းငှာပင် ၎င်းတို့ မထိုက်တန်သကဲ့သို့ အစေခံမှု ပေးရန်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းဖြစ်သည်ကို သတိပြုမိသည့် အခြေအနေအထိ၊ ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို ၎င်းတို့ သာ၍ သိရှိလာလေ ဖြစ်သည်။ ထို့ကြောင့် ဤရလဒ်ကို စွမ်းဆောင်ရရှိ ပြီးနောက်တွင်၊ လူသားသည် မိမိကိုယ်ကိုယ်၏ အစိတ်အပိုင်းတိုင်းကို အသုံးခံပြီးသည့်အချိန်တွင်၊ ဘုရားသခင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း မရှိဘဲ၊ သနားခြင်းကရုဏာ အသံများကို တိုက်ရိုက် ဖွင့်ဟလေသည်။ ဤလအနည်းငယ်ကြာပြီးနောက် ဘုရားသခင်၏ အမှုပြုခြင်း နည်းစနစ်သည် ယနေ့ကို ယင်း၏ အစပြုခြင်းအဖြစ် ခံယူသည်ကို အလွယ်တကူ တွေ့နိုင်ပေသည်။ သူသည် အယောက်တိုင်း မြင်ဖို့အတွက် ဤအရာကို ပေါ်လွင်စေပြီး ဖြစ်သည်။ အတိတ်တွင် ဘုရားသခင်က “ဘုရားသခင်၏လူများဟု အခေါ်ခံရသည့် အခွင့်ကို ရရန် မလွယ်ကူပေ။” ဟု မကြာခဏ ဆိုခဲ့သောကြောင့်၊ အစေခံများဟု ရည်ညွှန်းခံရသော လူများ၌ ဤနှုတ်ကပတ်တော်များကို သူ ထောက်ခံပြီးဖြစ်သည်၊ ယင်းမှာ ဘုရားသခင်ကို သေချာပေါက် စိတ်ချယုံကြည်၍ ရနိုင်သည်ကို ပြသရန် လုံလောက်ပေသည်။ ဘုရားသခင် ပြောသည့် မည်သည့်အရာမဆို ခြားနားသည့် အဆင့်များဖြင့် အမှန်တကယ် ဖြစ်လာလိမ့်မည်ဖြစ်ပြီး ယင်းသည် မည်သည့်နည်းနှင့်မျှ အနှစ်မဲ့သော စကား မဟုတ်ပေ။

လူအားလုံးသည် စိတ်အနှောင့်အယှက် ဖြစ်သည့်အခြေအနေထိ ပူဆွေးမှုနှင့် ဝမ်းနည်းမှုတို့ဖြင့် ပြည့်သည့်အခါတွင်၊ ဘုရားသခင်ထံမှ ဤကဲ့သို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့၏ မျှော်လင့်ချက်မဲ့ခြင်းအလယ်တွင် ၎င်းတို့အားလုံးကို နိုးထစေလျက်၊ အရှိုက်ထိလေသည်။ လူတို့၏ စိတ်များမှ နောက်ထပ် သံသယ တစ်ခုတစ်လေကို ဖယ်ရှားပစ်ရန်အလို့ငှာ၊ ဘုရားသခင်သည် အောက်ပါအတိုင်း ဖြည့်စွက်ခဲ့သည်- “၎င်းတို့သည် ငါ၏ လူများအဖြစ် ရည်ညွှန်းခံရသော်လည်း၊ ဤအမည်နာမသည် ငါ၏ “သားများ” ဟု ခေါ်ဝေါ်ခံရခြင်းလောက် အရေးမကြီးမဟုတ်ပေ”။ ဤအရာက ဘုရားသခင်သည်သာ သူ၏ ကိုယ်ပိုင်သြဇာအာဏာကို ကာကွယ်နိုင်သည်ကို ပြသရန် လုံလောက်ပြီး၊ လူတို့သည် ဤအရာကို ဖတ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ အမှုပြုခြင်း နည်းစနစ် ဖြစ်ဖို့နေနေသာသာ ယင်းမှာ အမှန်တရားတစ်ခု ဖြစ်သည်ဟု ၎င်းတို့ ပို၍ ခိုင်မာစွာပင် ယုံကြည်ကြပေလိမ့်မည်။ နောက်တစ်ဆင့်ကို သွားရမည်ဆိုပါက၊ လူတို့၏ ရူပါရုံများသည် မကြည်မလင် ဖြစ်မြဲမဖြစ်နိုင်ဖို့အလို့ငှာ၊ သူ၏ နည်းလမ်းအသစ်တွင် အယောက်တိုင်း၏ ကိုယ်ပိုင်လက္ခဏာများကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေလေသည်။ ဤအရာက ဘုရားသခင်၏ ဉာဏ်ပညာကို ပြသရန် လုံလောက်ပြီး၊ ယင်းက ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးထဲသို့ မြင်နိုင်သည်ကို သာ၍ ကောင်းစွာ လူတို့အား သိရှိနိုင်စေသည်။ ၎င်းတို့၏ အတွေးများနှင့် လုပ်ရပ်များတွင် လူတို့သည် ဘုရားသခင်က ကြိုးဆွဲလျက် ရုပ်သေးရုပ်များကဲ့သို့ ဖြစ်ကြပြီး၊ ဤသည်မှာ ဧကန်မုချ သေချာပေသည်။

အစအဦးသို့ ပြန်သွားပါက၊ အစက ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာသည် သူ့အမှု၏ပထမအဆင့်၊ “အသင်းတော်ကို သန့်စင်ခြင်း” နှင့်ဆိုင်သည့် အဆင့်သည် ပြီးဆုံးနှင့်ပြီးဖြစ်သည်ကို တိုက်ရိုက် ညွှန်ပြရန် ဖြစ်သည်။ “ယခု အခြေအနေတို့သည် တစ်ချိန်က ဖြစ်ခဲ့သကဲ့သို့ မဟုတ်၊ ပြီးလျှင် ငါ၏ အမှုသည် စမှတ်အသစ်သို့ ဝင်ရောက်ပြီးဖြစ်သည်။” ဤထွက်ဆိုချက်မှ၊ ဘုရားသခင်၏အမှုသည် စမှတ်အသစ်တစ်ခုသို့ ဝင်ရောက်ပြီးဖြစ်သည်၊ ယင်းနောက်တွင် ချက်ချင်း၊ သူသည် သူ့အမှု၏ နောက်တစ်ဆင့်အတွက် စီမံချက်များကို ငါတို့ထံ ညွှန်ပြပြီးဖြစ်သည်ကို မြင်နိုင်သည်- “ယခုအချိန်သည် အသင်းတော် တည်ဆောက်ခြင်းခေတ် မဟုတ်တော့ဘဲ၊ ယင်းထက် နိုင်ငံတော်ကို အောင်မြင်စွာ တည်ဆောက်သည့်ခေတ် ဖြစ်သည့်” အတွက်၊ အသင်းတော်ကို တည်ဆောက်ခြင်း ပြီးဆုံးသည်နှင့်တစ်ပြိုင်နက်၊ နိုင်ငံတော်ခေတ်၏ အသက်တာ စတင်လိမ့်မည်။ ထို့အပြင် လူတို့သည် ကမ္ဘာမြေပေါ်၌ ရှိကြဆဲဖြစ်သည်နှင့်အမျှ၊ ၎င်းတို့၏ စုဝေးခြင်းများကို အသင်းတော်ဟု ဆက်လက်၍ ရည်ညွှန်းခံရမည် ဖြစ်ပြီး၊ ဤနည်းဖြင့် အယောက်တိုင်း စိတ်ကူးပြီးသကဲ့သို့ လက်တွေ့မကျသော “နိုင်ငံတော်”၏ ဖြစ်ထွန်းမှုအား ရှောင်ရှားမည် ဖြစ်သည်ကို သူက ဖော်ပြပြီး ဖြစ်သည်။ ဆက်လက်၍ ရူပါရုံများနှင့်ဆိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်သည့် မိတ်သဟာယ လာသည်။

ယခုသည် နိုင်ငံတော် တည်ဆောက်ခြင်းခေတ် ဖြစ်ပြီး အသင်းတော် တည်ဆောက်ခြင်းခေတ်၏ အဆုံးသတ်ဖြစ်သော်လည်း၊ စုဝေးခြင်း အားလုံးကို အဘယ်ကြောင့် အသင်းတော်ဟု ခေါ်ရသေးသနည်း။ အသင်းတော်သည် နိုင်ငံတော်အဖို့ ရှေ့ပြေးဖြစ်သည်ဟု အတိတ်တွင် ဆိုထားပြီးဖြစ်ကာ အသင်းတော် မရှိဘဲနှင့် နိုင်ငံတော်နှင့်သက်ဆိုင်၍ စကားပြောဆိုခြင်း မရှိနိုင်ပေ။ နိုင်ငံတော်ခေတ်၏ အစသည် လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော် အစဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်က နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်လေသည်။ သူ ယူဆောင်သော အရာမှာ နိုင်ငံတော်ခေတ် ဖြစ်ပြီး၊ နိုင်ငံတော်၏ တရားဝင် သက်ဆင်းခြင်း မဟုတ်ပေ။ ဤသည်မှာ စိတ်ကူးကြည့်ရန် မခက်ပေ။ ဘုရားသခင်၏ လူများအားဖြင့် ငါ ဆိုလိုသည့်အရာမှာ နိုင်ငံတော်ခေတ်၏ လူများ ဖြစ်ကြပြီး၊ နိုင်ငံတော်ကိုယ်၌၏ လူများ မဟုတ်ပေ။ ယင်းမှာ ကမ္ဘာမြေပေါ်ရှိ စုဝေးခြင်းများကို အသင်းတော်အဖြစ် ဆက်၍ ရည်ညွှန်းခံရသင့်သည်ဟု ပြောဖို့ အဓိပ္ပာယ်ရှိမည့် အကြောင်းရင်း ဖြစ်သည်။ အတိတ်တွင် သူသည် သူ၏ သာမန်လူ့သဘာဝအတွင်းတွင် ပြုမူလုပ်ဆောင်ခဲ့သော်လည်း၊ ဘုရားသခင်ကိုယ်တော်တိုင်အဖြစ် မျက်မြင်အတွေ့မခံခဲ့သေးပေ၊ ထို့ကြောင့် နိုင်ငံတော်ခေတ်သည် လူများအလယ် အစမပြုခဲ့သေးချေ။ ဆိုလိုသည်မှာ၊ ငါ ပြောပြီးသည့်အတိုင်း၊ ငါ၏ ဝိညာဉ်သည် ငါ၏လူ့ဇာတိခံ ခန္ဓာတွင် အမှုပြုဖို့ တရားဝင်မစတင်သေးပေ။ ယခုတွင် ဘုရားသခင် ကိုယ်တိုင် မျက်မြင်အတွေ့ခံပြီး ဖြစ်သောကြောင့်၊ နိုင်ငံတော်သည် လူသားများ အလယ်တွင် အမှန်တကယ် ဖြစ်ပေါ်လာပေသည်။ ဤအရာက ငါသည် ဘုရားသဘောသဘာဝအတွင်း၌ အမှုစတင်ပြုမည် ဖြစ်သောကြောင့်၊ ငါ၏ဘုရားသဘောသဘာဝထဲရှိ ငါပြောသည့် နှုတ်ကပတ်တော်များနှင့် ငါပြုသည့် လုပ်ဆောင်ချက်များကို နားလည်နိုင်သည့် ထိုလူများသားများကို နိုင်ငံတော်ခေတ်နှင့်သက်ဆိုင်သည့် ငါ၏လူများဟု သိလာကြလိမ့်မည် ဖြစ်သည်ကို ဖော်ပြသည်။ “ဘုရားသခင်၏လူများ” ဖြစ်လာသည်မှာ ဤအရာမှဖြစ်သည်။ ဤအဆင့်တွင် ပြုမူကာ ပြောဆိုသည်မှာ အဓိကအားဖြင့် ငါ၏ဘုရားသဘောသဘာဝဖြစ်သည်။ လူသားသည် ငါ၏အစီအစဉ်အား တကယ်ကို ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်သကဲ့သို့ နှောင့်ယှက်ခြင်းလည်း မပြုနိုင်ပေ။ ဘုရားသခင်သည် သူ၏ စကားပြောဆိုခြင်းတွင် အဆင့်တစ်ခုခုသို့ ရောက်ရှိပြီးဖြစ်သည်နှင့် တစ်ပြိုင်နက်၊ သူ၏နာမသည် သက်သေခံခြင်းခံရကာ ဤအခြေအနေမှ လူသားမျိုးနွယ်နှင့်ဆိုင်သော သူ၏စမ်းသပ်မှု စတင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အမှုထဲက ဉာဏ်ပညာ၏ အထွတ် ဖြစ်သည်။ ယင်းက နောက်တစ်ဆင့်၏ အစအပြင် နောက်ဆုံးအဆင့်၏ အဆုံးသတ်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုကို ချခင်းကာ အရင်းအမြစ်များကို ချမှတ်လေသည်။ ဤသည်မှာ လူသားများအနေဖြင့် မည်သူမျှ ကြိုတင်မျှော်မှန်းထားပြီး မဖြစ်နိုင်မည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ တရားစီရင်ခြင်းခေတ်၏ ပထမနှင့် ဒုတိယ အစိတ်အပိုင်းများ၏ ဆုံမှတ်ဖြစ်သည်။ လူသားကို လအနည်းငယ် ငါ စစ်ဆေးခြင်း မရှိဘဲနှင့်၊ ငါ၏ဘုရားသဘောသဘာဝသည် အမှုပြုနိုင်ခဲ့မည် မဟုတ်ပေ။ ထိုစစ်ဆေးခြင်း လအချို့သည် ငါ့အမှု၏ နောက်အဆင့်အတွက် လမ်းဖွင့်ပေးသည်။ အမှုနှင့်ဆိုင်သည့် ဤ လအနည်းငယ် ရပ်နားခြင်းသည် အမှု၏ နောက်ထပ်အဆင့်က သာ၍ နက်နဲမည့် လက္ခဏာတစ်ခု ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ဦးတစ်ယောက်က အမှန်တကယ် နားလည်ပါက၊ ဘုရားသခင်သည် သူ၏ အမှု နောက်တစ်ဆင့်ကို စတင်ရန် ဤလအချို့ကြာသည့် ကာလကို အသုံးပြုနေပြီး၊ ထိုသို့ဖြင့် သာ၍ပင် ကောင်းမွန်သော ရလဒ်များ စွမ်းဆောင်ရရှိနိုင်စေသည်ကို သဘောပေါက်နိုင်ပေသည်။ လူသားမျိုးနွယ်၏ တားဆီးပိတ်ပင်ခြင်းက ဆင်းရဲဒုက္ခမှတစ်ဆင့် ဤလအနည်းငယ် စစ်ဆေးခြင်းမှတစ်ဆင့် ငါ့အမှု၏ နောက်တစ်ဆင့်အဖို့ အတားအဆီးတစ်ခု ဖန်တီးပြီးဖြစ်သောကြောင့်၊ နှစ်ဦးနှစ်ဖက်သည် အကျိုးရှိပြီး ကုံလုံသော အကျိုးကို ရရှိပြီး ဖြစ်သည်။ ယခုတွင်သာ၊ ဤအရာ၏ အကျိုးဆက်အနေဖြင့်၊ လူသားသည် ငါ၏ ရည်ညွှန်းခြင်း နည်းလမ်းကို စတင်တန်ဖိုးထားပေသည်။ ထို့ကြောင့် သူ၏ ကလောင်တံ အလှည့်ဖြင့် ဘုရားသခင်သည် လူတို့အား “အစေခံများ” ဟု ခေါ်တော့မည် မဟုတ်ဘဲ၊ ထို့ထက် “ဘုရားသခင်၏လူများ” အဖြစ် ခေါ်မည်ဟု ပြောခဲ့ချိန်တွင်၊ ၎င်းတို့အားလုံးသည် ဝမ်းမြောက်ခြင်းဖြင့် မွှန်ထူသွားကြလေ၏။ ဤသည်မှာ လူသား၏ ပျော့ကွက်ဖြစ်ခဲ့သည်။ ဘုရားသခင် လုပ်ဆောင်ခဲ့သည်နှင့်အမျှ ပြောဆိုခဲ့သည်မှာ လူ၏ ဤအဓိကအားနည်းချက်ကို ထိန်းသိမ်းရန် အတိအကျဖြစ်ခဲ့ပေသည်။

လူသားမျိုးနွယ်အားလုံးကို နောက်ထပ် သိမ်းသွင်းပြီး ၎င်းတို့၏ စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်မှုကို ရယူရန်အလို့ငှာ၊ ပြီးလျှင် လူအချို့၏ ဆည်းကပ်မှုက မစင်ကြယ်မှုများဖြင့် ရောနေသည်ကို ထောက်ပြရန် ဘုရားသခင်သည် လူသား၏ မတူကွဲပြားသော အကျည်းတန်မှု မျိုးစုံကို သတိထားမိစေခြင်းနှင့်ဆိုင်သည့် နောက်ထပ်အဆင့်ကို လုပ်ဆောင်ခဲ့ပြီး ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ “ငါ့ကို ချစ်ရာတွင် မည်မျှသည် စစ်မှန်ရိုးသား ကြသနည်း။ မည်သူသည် မိမိတို့၏ ကိုယ်ပိုင်အနာဂတ်အတွက် ထည့်သွင်းစဉ်းစားခြင်းဖြင့် ဆောင်ရွက်ခြင်း မရှိသနည်း။ မည်သူသည် မိမိတို့၏ စမ်းသပ်မှုအတွင်းတွင် မည်သည့်အခါမျှ မညည်းညူဖူးသနည်း။” ဟူသော သူ၏နှုတ်ကပတ်တော်များကို ပြည့်စုံစေပြီး ဖြစ်သည်။ ဤကဲ့သို့သော နှုတ်ကပတ်တော်များမှ၊ အယောက်တိုင်းသည် ၎င်းတို့ကိုယ်တိုင်၏ မနာခံခြင်း၊ သစ္စာမစောင့်သိခြင်းနှင့် သားသမီးဝတ် ကင်းမဲ့သည့် ဆည်းကပ်မှုတို့ကို သတိပြုမိနိုင်ကြပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ မေတ္တာကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာတို့သည် လမ်းတစ်လျှောက်လုံး သူ့ကို ရှာဖွေသူအားလုံး နောက်လိုက်လာသည်ကို မြင်ကြလေသည်။ ဤအရာကို အောက်ပါစကားများမှ မြင်နိုင်သည်- “အချို့သည် နောက်ဆုတ်တော့မည့်ဆဲဆဲတွင် ရှိချိန်၊ ငါ၏ စကားပြောဆိုပုံကို ပြောင်းလဲရန် မျှော်လင့်နေရင်း အားလုံး မျှော်လင့်ချက် ဆုံးရှုံးကြချိန်၊ ထိုအချိန်တွင် ငါ့ကို စစ်မှန်ရိုးသားစွာ ချစ်ကြသူအားလုံးကို ငါ၏ နိုင်ငံတော်သို့၊ ငါ၏ ပလ္လင်ရှေ့သို့ ဆောင်ကြဉ်းရင်း ကယ်တင်ခြင်းအသံကို ငါဖွင့်ဟသည်။” ဤနေရာတွင် “ငါ့ကို စစ်မှန်ရိုးသားစွာ ချစ်သောသူများ” ဟူသော စကားရပ်နှင့် “မည်မျှသည် စစ်မှန်ရိုးသားစွာ ချစ်ကြသနည်း” ဟူသည့် အဖြေမတောင်းသော မေးခွန်းတို့သည် အချင်းချင်း ကွဲလွဲဆန့်ကျင်ခြင်း မရှိချေ။ ယင်းတို့က ဤဆက်စပ် အကြောင်းအရာထဲက “စစ်မှန်ရိုးသားမှု” သည် မစင်ကြယ်မှုများ မည်သို့ပါရှိသည်ကို သရုပ်ဖော်ပေသည်။ ယင်းမှာ ဘုရားသခင်သည် မည်သည့်အရာကိုမျှ မသိသည်မဟုတ်။ ယင်းထက် ဘုရားသခင်သည် လူသားများ၏ အတွင်းကျကျ စိတ်နှလုံးများကို မြင်နိုင်သောကြောင့်၊ အယောက်တိုင်းကို ဘုရားသခင်ထံ ၎င်းတို့၏ အကြွေးတင်ရှိခြင်းအား သာ၍ နက်ရှိုင်းစွာ ခံစားစေပြီး မိမိတို့ကိုယ်ကိုယ် သာ၍ ပြင်းထန်စွာ ပြစ်တင်စေဖို့အပြင် ၎င်းတို့၏ စိတ်နှလုံးများထဲက မကျေနပ်ချက်များသည် စာတန်ထံမှ လုံးလုံးလျားလျား လာသည်ဆိုသည့်အချက်ကို သတိပြုမိစေဖို့ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ရည်ရွယ်သည့် ထေ့လုံးတစ်ခု ဖြစ်သော “စစ်မှန်ရိုးသားမှု” ဆိုသကဲ့သို့သော စကားလုံးများကို ဘုရားသခင် အသုံးပြုရခြင်း အတိအကျပင် ဖြစ်သည်။ အယောက်တိုင်းက “အကြိမ်များစွာ ကျွန်ုပ်သည် ကောင်းကင်ဘုံနှင့် မြေကြီးကို ကြိမ်းမောင်းပြီး ဖြစ်ကာ၊ အကြိမ်များစွာ ကျွန်ုပ် ထွက်ခွာလိုခဲ့သော်လည်း၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကျွန်ုပ် ကြောက်ရွံ့သောကြောင့်၊ ဘုရားသခင်က ကျွန်ုပ်ကို ကိုင်တွယ်ဖြေရှင်းသည်ကို စောင့်ဆိုင်းရင်း၊ အမှုအရာများက မျှော်လင့်ချက် အမှန်တကယ်မဲ့သွားခဲ့ပါက၊ ကျွန်ုပ်အတွက် တဖြည်းဖြည်း နောက်ဆုတ်ဖို့ အချိန်ရှိဦးမည်ဟု တွေးရင်း၊ ယင်းတို့ကို လွန်မြောက်ရုံလွန်မြောက်ဖို့နှင့် လူအုပ်ကို လိုက်လျောဖို့ ကိစ္စရပ်များကို တစ်နည်းတစ်ဖုံ ကျွန်ုပ် ကိုင်တွယ်ဖြေရှင်းမည်။ သို့သော် ယခုတွင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ၏ အစဉ်ချစ်ခင်၍ သစ္စာရှိသောလူများဟု ခေါ်ဆိုနေသည်။ ဘုရားသခင်သည် လူသားတို့၏ အတွင်းကျကျ စိတ်နှလုံးများကို မြင်သော ဘုရားသခင် အမှန်တကယ် ဟုတ်နိုင်ပါသလား။” ဟု တစ်ကိုယ်တည်း တွေးရင်း၊ “ဆည်းကပ်ခြင်း” ဟူသည့် ဝေါဟာရတစ်ခုကို ၎င်းတို့ မြင်သည့်အခါ အံ့အားသင့်သွားကြလေသည်။ ဘုရားသခင်သည် အယောက်တိုင်းက အတွင်းကျိတ် သံသယရှိကြသော်လည်း၊ အပြင်ပန်းအားဖြင့် ဝမ်းမြောက်ပျော်ရွှင်ခြင်းကို ဖော်ပြနေကြသည့် အခြေအနေတစ်ခုမှသည် ၎င်းတို့က စိတ်နှလုံးဖြင့်၊ စကားဖြင့်၊ ပြီးလျှင် အမြင်အားဖြင့် လက်ခံယုံကြည်ကြသည့် အခြေအနေတစ်ခုသို့ ကူးပြောင်းဖို့ ဖြစ်စေရင်း၊ လူအမျိုးအစား အမျိုးမျိုး၏ စိတ်ဓာတ်ရေးရာ အခြေအနေများကို တကယ့်အဆုံးတွင်မှ ဘုရားသခင်က သတိပြုမိစေခဲ့သည်မှာ ဤနားလည်မှုလွဲခြင်းမျိုးကို ရှောင်ရှားဖို့ ဖြစ်ပေသည်။ ဤနည်းဖြင့် လူသားက အနည်းငယ် သာ၍ ကြောက်ရွံ့တတ်သည့်၊ အနည်းငယ် သာ၍ ကြည်ညိုတတ်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သာ၍ ကောင်းမွန်သော သိနားလည်မှု ရရှိပြီး ဖြစ်သည့် ဖြစ်ရိုးဖြစ်စဉ် အကျိုးဆက်တစ်ခုအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သက်ဆိုင်သည့် လူသား၏ ထင်မြင်ချက်သည် ပို၍ နက်သည်ထက်နက်လာလေသည်။ နောက်ဆုံးတွင် လူသား၏ စိုးရိမ်မှုများကို သက်သာစေဖို့ ဘုရားသခင်က၊ “သို့သော် အတိတ်သည် အတိတ်ဖြစ်သကဲ့သို့၊ လက်ရှိအချိန်သည် ဤတွင် ရောက်နှင့်ပြီး ဖြစ်သည့်အတွက်၊ ယမန်နေ့ကို တသသ တောင့်တဖို့ သို့မဟုတ် အနာဂတ်ကို တွေးတောဖို့ မလိုအပ်ပေ။” ဟု ဆိုခဲ့သည်။ ဤသို့ တင်းမာသည့်၊ သဟဇာတဖြစ်သော်လည်း တိုတိုနှင့်လိုရင်းရောက်သော ပြောပုံဆိုပုံသည် သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသူအားလုံးအား ဘုရားသခင်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်ချက်များကို ၎င်းတို့ မြင်သည်အထိ၊ “ဘုရားသခင်၏ လူများ” နှင့်ဆိုင်သည့် အမည်နာမကို ၎င်းတို့ ရရှိကြသည်အထိ၊ ၎င်းတို့၏ စိတ်နှလုံးများထဲက သံသယ တိမ်တိုက်များကို ဖယ်ရှားပြီးနောက် ၎င်းတို့၏ စိတ်ဓာတ်ရေးရာ အခြေအနေများ၏ ပြောင်းလဲနေသည့် ပုံစံများမှ မိမိတို့ကိုယ်ကိုယ် သိရှိလာကြသည်အထိ၊ အတိတ်၏ စိတ်ပျက်ခြင်းအလယ်မှ နောက်တစ်ကြိမ် အလင်းရောင်ကို မြင်တွေ့စေရင်း၊ ပို၍ပင် ကြီးမားသော သက်ရောက်မှုတစ်ခု ရှိလေသည်။ ဤအခြေအနေများသည် ဝမ်းနည်းခြင်းနှင့် ပူးဆွေးခြင်း၊ ပျော်ရွင်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ဖြစ်ပေါ်စေလျက် တစ်ပြန်တစ်လှည့် အတက်အကျ ဖြစ်လေသည်။ ဤအခန်းတွင် ဘုရားသခင်သည် လူတို့၏ အကြမ်းဖော်ပြချက်တစ်ခုကို အလွန် အသက်ပါပြီး အသေးစိတ်ကျကျ ကွက်ကွက်ကွင်းကွင်း အသေးစိတ်ချပြပြီးသည်မှာ ယင်းသည် စုံလင်ခြင်းအဆင့်ကို ရောက်ရှိပြီး ဖြစ်သည်။ ယင်းမှာ လူသားက စွမ်းဆောင်မရရှိနိုင်သည့် အရာတစ်ခု၊ လူသား စိတ်နှလုံး၏ အနက်ရှိုင်းဆုံးသော နေရာက လျှို့ဝှက်ချက်များကို အမှန်တကယ် ဖော်ထုတ်သည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ လူသားက လုပ်ဆောင်နိုင်စွမ်းရှိသည့် အရာတစ်ခု ဖြစ်နိုင်မည်လော။

ဤအရာကို ကပ်လျက် လိုက်လာပြီး ပို၍ပင် အရေးကြီးသည်မှာ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို လူသားထံ တိုက်ရိုက် ဖော်ပြသည့်အပြင်၊ အရေးအကြီးဆုံးသော အပိုင်းဖြစ်သည့် အောက်ပါ စာပိုဒ် ဖြစ်သည်- “လူသားဖြစ်သည့်အတွက်၊ လက်တွေ့အရှိတရားကို ဆန့်ကျင်ပြီး၊ ငါ၏ လမ်းပြမှုအတိုင်း အမှုအရာများကို မလုပ်ဆောင်သောသူ မည်သူမဆို ကောင်းမွန်သော အဆုံးသတ်သို့ ရောက်လာလိမ့်မည် မဟုတ်ဘဲ၊ မိမိတို့ကိုယ်ကိုယ်အပေါ် ဒုက္ခသာ ယူဆောင်မိကြလိမ့်မည်။ စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ် မပေးသောအရာ တစ်ခုမျှ မရှိချေ။” ဤသည်မှာ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်သည် မဟုတ်လော။ ဤအရာက ဤစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကို ချိုးဖောက်သူများနှင့်ဆိုင်သည့် ဥပမာများ အလွန် များပြားသည်ကို ပြသရန် လုံလောက်ပေသည်။ အထက်ပါအချက်ကို အခြေခံ၍၊ ဘုရားသခင်သည် အယောက်တိုင်းအား ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို မဆင်ခြင်ကြရန် ဆက်လက် တိုက်တွန်းလေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းကို ရှောင်ရှားရန် ဆန္ဒရှိဝံ့ပါက၊ အကျိုးဆက်များသည် စိတ်ကူး၍မရနိုင်အောင် ကြောက်မက်ဖွယ်ဖြစ်လိမ့်မည် ဖြစ်သည်။ ထို့နောက် ဤအရာက ဤနှုတ်ကပတ်တော်များထဲ၌ အသိဉာဏ် ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းကို တွေ့ကြုံခံစားပြီးသောသူ အားလုံးအား ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကို ပို၍ ကောင်းမွန်စွာ နားလည်နိုင်စေသည့်အပြင် သူ၏ ဘုန်းအာနုဘော်ကို ပြစ်မှား၍ မရကြောင်းကို နားလည်နိုင်စေပြီး၊ ထိုသို့ဖြင့် သဘာဝ၏ စိမ်းစိုရှင်သန်တက်ကြွမှုကို ဆက်လက် ဖြည့်ဆည်းရင်း၊ လေနှင့် ဆီးနှင်းခဲတို့၏ ဒဏ်ကိုခံရလျက်၊ ခါးသီးသော အအေးဒဏ်၏ ခြိမ်းခြောက်မှုကို အံတုရပ်တည်သည့် ထင်းရှူးပင်တစ်ပင်ကဲ့သို့ စိမ်းလန်းစိုပြေလျက်၊ ပို၍ အတွေ့အကြုံရင့်လာပြီး တည်ကြည် လာလေသည်။ ဤစာပိုဒ်ကို ကြုံရလျက် လူအများစုသည် ဝင်္ကပါ အမျိုးအစားတစ်ခုခုထဲသို့ လှည့်လည်သွားခဲ့ရပြီးဖြစ်သည့်အလား စိတ်ရှုပ်ထွေး သွားကြလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်များ၏ ပါဝင်သောအကြောင်းအရာသည် အတော်လျင်မြန်စွာ ပြောင်းလဲသောကြောင့် ဖြစ်ပြီး၊ ထို့ကြောင့် လူဆယ်ဦးတွင် ကိုးဦးသည် ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်ရန် ကြိုးပမ်းကြချိန်တွင် ဝင်္ကပါ တစ်ခုထဲသို့ ဝင်ရောက်ကြလေသည်။ အမှုသည် အနာဂတ်တွင် ပို၍ ချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့အလို့ငှာ၊ လူသားအားလုံး၏ စိတ်နှလုံးများထဲက သံသယများကို ဖယ်ရှားနိုင်ဖို့အလို့ငှာနှင့် ဘုရားသခင်၏ သစ္စာရှိခြင်း၌ ၎င်းတို့၏ ယုံကြည်မှုတွင် အားလုံး နောက်ထပ် ခြေတစ်လှမ်း သွားနိုင်ကြဖို့အလို့ငှာ၊ သူသည် ထိုစာပုဒ်၏ အဆုံးတွင်- “ငါ့ကို စစ်မှန်ရိုးသားစွာ ချစ်ကြသူများထဲမှ အယောက်တိုင်းသည် ငါ၏ ပလ္လင်ရှေ့သို့ အသေအချာ ပြန်လာကြလိမ့်မည်” ဟူ၍ အသားပေးဖော်ပြလေသည်။ ထို့ကြောင့် သူ၏အမှုကို လအချို့ ကြုံတွေ့ပြီးဖြစ်သောလူများ၏ စိတ်များသည် တစ်မုဟုတ်ချင်း ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှု အစိတ်အပိုင်းအချို့ သက်သာသွားကြလေသည်။ ထို့အပြင်၊ လေထုထဲ၌ ဆိုင်းငံ့နေခဲ့ပြီးဖြစ်သည့် ၎င်းတို့စိတ်နှလုံးများသည် လေးလံသည့် ကျောက်တုံးတစ်တုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ဖြစ်သည့်အလား ၎င်းတို့ တစ်ချိန်က ဖြစ်ခဲ့သည့်အခြေအနေသို့ ပြန်ရောက်သွားကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ကံကြမ္မာကို ဆင်ခြင်တွေးတောစရာ မလိုတော့ပေ။ ထို့အပြင် ဘုရားသခင်သည် အချည်းနှီးသော နှုတ်ကပတ်တော်များကို ပြောလိမ့်မည် မဟုတ်တော့ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ လူသားတို့သည် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူကြသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်အပေါ် အဆုံးစွန်သော ဆည်းကပ်မှု ပြသသည်ဟု မယုံကြည်သောသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ဤသည်မှာ ဘုရားသခင်က “စစ်မှန်ရိုးသားစွာ” ဟူသော စကားလုံးကို တမင်တကာ အသားပေးရသည့် အကြောင်းရင်း ဖြစ်သည်- ယင်းမှာ ပို၍ ကောင်းမွန်သော ရလဒ်တစ်ခုကို ရရှိရန် ဖြစ်သည်။ ဤသည်မှာ သူ၏အမှုထဲက နောက်တစ်ဆင့်အတွက် လမ်းခင်းပေးရန် နှင့် အုတ်မြစ်ချရန် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။