စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် ဖြည့်စွက်ချက်- အခန်း (၁၂)

လူအားလုံးက အလေးဂရုပြုသည့်အချိန်၊ အရာခပ်သိမ်း အသစ်ပြုပြင်ခံရပြီး အားသစ်လောင်းခံရသည့်အချိန်၊ လူတိုင်း စိတ်စနိုးစနောင့်မဖြစ်ဘဲ ဘုရားသခင်အား ကျိုးနွံနာခံသည့်အချိန်နှင့် ဘုရားသခင်၏ ဝန်ထုပ်နှင့်ဆိုင်သည့် လေးလံသော တာဝန်ကို ထမ်းရန် လိုလားနေသည့်အချိန်- ဤသည်မှာ အရှေ့အရပ်မှစ၍ အနောက်အရပ်ထိ အားလုံးကို အလင်းပေးရင်း၊ ဤအလင်း၏ ရောက်ရှိခြင်းဖြင့် ကမ္ဘာမြေတစ်ခုလုံးကို တုန်လှုပ်စေလျက်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်လာသည့် အချိန်ဖြစ်သည်။ ပြီးလျှင် ဤအဆင့်တွင် ဘုရားသခင်သည် အသက်သစ်တစ်ခုကို တစ်ဖန် စတင်လေသည်။ ယင်းမှာ ဤအခိုက်အတန့်တွင် ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးမှ လူတို့အား “ငါ၏ နှုတ်ကပတ်တော်များကို ငါ စတင်မိန့်မြွက်သည့် အခိုက်အတန့် အတိအကျလည်းဖြစ်သည့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ပေါ်ထွက်ချိန်- လျှပ်ပြက်ခြင်း ပေါ်ထွက်သည့်အခါတွင်၊ အမြင့်ဆုံး ကောင်းကင်ဘုံ တစ်ခုလုံး ထွန်းလင်းသွားပြီး ခပ်သိမ်းသော ကြယ်များတွင် အသွင်ပြောင်းလဲမှု တစ်ခုဖြစ်ပေါ်လေသည်။” ဟု ကြေညာလျက်၊ ကမ္ဘာမြေပေါ်တွင် အမှုသစ်ကို စတင်သည်ဟု ဆိုရပေမည်။ သို့ဆိုလျှင် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်လာသော အချိန်သည် မည်သည့်အချိန် ဖြစ်သနည်း။ ကောင်းကင် မှောင်မည်းလာပြီး၊ ကမ္ဘာမြေကြီး တိုး၍ မှေးမှိန်လာသောအချိန်သည် ဘုရားသခင်က လောကကြီးမှ သူ၏ မျက်နှာကို ကွယ်ဝှက်သည့်အချိန် ဖြစ်ပြီး၊ ယင်းသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းသည် အင်အားပြင်းထန်သော မုန်တိုင်းကြီးတစ်ခု၏ ပတ်ချာဝိုင်းခြင်းကို ခံရတော့မည့်အချိန် ဖြစ်ပေသည်။ သို့သော် ဤအချိန်တွင်ပင်၊ လူအပေါင်းတို့သည် မိုးခြိမ်းသံကို ကြောက်ရွံ့လျက်၊ လျှပ်ပြက်ခြင်း၏ တောက်ပမှုကို ကြောက်လန့်လျက်၊ ထိတ်ထိတ်ပျာပျာဖြစ်သွားကြပြီး၊ အကြီးအကျယ် ရေလွှမ်းမိုးခြင်း၏ အပြင်းအထန် တိုက်ခိုက်မှုကို ပို၍ပင် ကြောက်လန့်တကြား ဖြစ်ကြသည်မှာ ၎င်းတို့အထဲမှ အများစုသည် ၎င်းတို့၏ မျက်လုံးများကို ပိတ်ကာ ဘုရားသခင်က သူ၏အမျက်ဒေါသကို လွှတ်ပြီး ၎င်းတို့အား ဒဏ်ခတ်ဖို့ စောင့်ဆိုင်းကြလေသည်။ ပြီးလျှင် အခြေအနေအမျိုးမျိုး ဖြစ်လာသည်နှင့်အမျှ၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းသည် ချက်ချင်း ထွက်ပေါ်လာလေသည်။ ဤသည်မှာ ကမ္ဘာလောက၏ အရှေ့အရပ်၌ ဘုရားသခင်ကိုယ်တော်တိုင်အဖို့ သက်သေခံချက် စတင်သည့်အချိန်မှသည် သူ အမှုပြုဖို့ စတင်သည့်အချိန်အထိ၊ ဘုရားသဘောသဘာဝသည် ကမ္ဘာမြေကြီးအနှံ့ အချုပ်အခြာအာဏာကို စွဲကိုင်သောအချိန်အထိ- ဤသည်မှာ စကြဝဠာ တစ်ခုလုံးအပေါ် အမြဲ အလင်းရောင်ပေးပြီးဖြစ်သည့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၏ တောက်ပသော ရောင်ခြည်မျှင်တန်း ဖြစ်သည်ဟု ဆိုလိုပေသည်။ ကမ္ဘာမြေ၏ နိုင်ငံများသည် ခရစ်တော်၏ နိုင်ငံတော် ဖြစ်လာသော အချိန်သည် စကြဝဠာတစ်ခုလုံး အလင်းပေးခြင်းခံရသော အချိန်ဖြစ်သည်။ ယခုအချိန်သည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်ခြင်း အချိန်ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် စတင် အမှုပြုသည့်အပြင်၊ ဘုရားသဘောသဘာဝဖြင့် တိုက်ရိုက် စကားပြောလေသည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ စတင်စကားပြောသည့် အချိန်သည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်သော အချိန်ဖြစ်သည်ဟု ဆို၍ ရကောင်းရနိုင်ပေသည်။ ပို၍ အတိအကျဆိုသော်၊ ပလ္လင်မှ အသက်ရေ စီးဆင်းသည့်အခါသည်- ပလ္လင်တော်မှ မိန့်မြွက်ချက်များ စတင်သည့်အခါသည်- ဝိညာဉ်ခုနှစ်ပါး၏ မိန့်မြွက်ချက်များ တရားဝင် စတင်သောအချိန် အတိအကျဖြစ်သည်။ ဤအချိန်တွင် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းသည် စတင်ထွက်ပေါ်လာပြီး ကြာမြင့်သည့်ကာလကြောင့်၊ အလင်းပေးခြင်း ပမာဏလည်း ကွဲပြားပြီး ယင်း၏ ထွန်းလင်းမှု နယ်ပယ်သည်လည်း အကန့်အသတ်တစ်ခု ရှိလေသည်။ သို့သော် ဘုရားသခင်၏အမှုတော် လှုပ်ရှားမှုဖြင့်၊ သူ၏ အစီအစဉ်ထဲက အပြောင်းအလဲများဖြင့်- ဘုရားသခင်၏ သားများနှင့် လူများအပေါ်ရှိ အမှုတော်ထဲက ကွဲပြားမှုများဖြင့်- လျှပ်ပြက်ခြင်းသည် ယင်း၏ရှိရင်းစွဲ လုပ်ငန်းဆောင်တာကို တိုး၍ ဆောင်ရွက်သည်မှာ စကြဝဠာ တစ်လျှောက်လုံး အလင်းပေးခံရကာ အသုံးမကျသော အရာများ သို့မဟုတ် အဖျင်းများ ကျန်ရှိမနေပေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ် ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် ပုံပေါ်လာခြင်း ဖြစ်ပြီး၊ ဘုရားသခင် မွေ့လျော်သည့် တကယ့် အသီးအပွင့်ပင် ဖြစ်သည်။ “ကြယ်များ” ဆိုသည်မှာ ကောင်းကင်က ကြယ်များကို ရည်ညွှန်းခြင်း မဟုတ်ဘဲ၊ ဘုရားသခင်အတွက် အလုပ်လုပ်သော ဘုရားသခင်၏ သားများနှင့် လူများအားလုံးကို ရည်ညွှန်းခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် ဘုရားသခင်အား သက်သေခံကြပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် ဘုရားသခင်အား ကိုယ်စားပြုကြသောကြောင့်၊ ပြီးလျှင် ၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသောကြောင့်၊ ၎င်းတို့အား “ကြယ်များ” ဟု ခေါ်ခြင်းဖြစ်သည်။ “အသွင်ပြောင်းလဲရန်” ဆိုသည်မှာ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်း၌ အသွင်ပြောင်းလဲခြင်းများကို ရည်ညွှန်းခြင်း ဖြစ်သည်- လူတို့သည် ကမ္ဘာမြေကြီးပေါ်မှ လူများမှ နိုင်ငံတော်သားများအဖြစ် ပြောင်းလဲသွားကြသည့်အပြင်၊ ဘုရားသခင်သည် ၎င်းတို့နှင့်အတူရှိပြီး ၎င်းတို့ထဲတွင် ဘုရားသခင်၏ ဘုန်းအသရေသည် ၎င်းတို့နှင့်အတူ ရှိလေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ကိုယ်စား အချုပ်အခြာအာဏာ တန်ခိုးကို စွဲကိုင်ကြပြီး နောက်ဆုံးတွင် ၎င်းတို့အား ဘုရားသခင်၏ အသုံးပြုခြင်း သင့်တော်စေရင်းနှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့်အညီ ဖြစ်စေလျက်၊ ၎င်းတို့အထဲက အဆိပ်အတောက်နှင့် အညစ်အကြေးများသည် ဘုရားသခင်၏ အမှုအားဖြင့် သန့်စင်ခြင်းကို ခံရလေသည်- ဤသည်မှာ ဤနှုတ်ကပတ်တော်၏ အဓိပ္ပာယ်နှင့် ဆိုင်သည့် ရှုထောင့်တစ်ခု ဖြစ်သည်။ ဘုရားသခင်ထံမှ အလင်းရောင်ခြည်မျှင်တန်းသည် မြေတစ်ပြင်လုံးအား အလင်း ပေးသည့်အခါ၊ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ ခပ်သိမ်းသောအရာတို့သည် အတိုင်းအတာများ အမျိုးမျိုးအထိ ပြောင်းလဲကြလိမ့်မည် ဖြစ်ပြီး ကောင်းကင်ရှိ ကြယ်တို့သည်လည်း ပြောင်းလဲကြလိမ့်မည်၊ နေနှင့် လတို့သည် အသစ်တဖန် ပြုပြင်ခံရလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ လူတို့သည် နောက်ပိုင်းတွင် အသစ်တဖန် ပြုပြင်ခြင်း ခံကြရလိမ့်မည်- ယင်းမှာ ကောင်းကင်နှင့် မြေကြီးအကြား ဘုရားသခင်၏ အမှုဖြစ်ပြီး၊ အံ့အားသင့်စရာ မရှိပေ။

ဘုရားသခင်က လူတို့ကို- ဤသည်မှာ အလိုအလျောက် ရွေးချယ်ခံရသူများကို ရည်ညွှန်းခြင်း မဟုတ်- ကယ်တင်သည့်အခါ၊ ယင်းမှာ လူတို့ကို ဘုရားသခင် သန့်စင်စေပြီး တရားစီရင်သော အချိန်ပင်ဖြစ်ပြီး၊ အားလုံးသည် အသည်းအသန် ငိုကြွေးကြသည် သို့မဟုတ် ၎င်းတို့၏ အိပ်ရာများပေါ် လဲကျကြသည်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဒဏ်ခတ်ခံရပြီး သေခြင်း ငရဲထဲသို့ ထိုးဆင်းကြလေသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များကြောင့်သာ လူတို့သည် မိမိတို့ကိုယ်ကိုယ် စတင်သိရှိလာကြသည်။ အမှုအရာများက ထိုသို့မဟုတ်ခဲ့ပါက၊ ၎င်းတို့၏ မျက်လုံးများသည် ဖားပြုပ်တစ်ကောင်၏ မျက်လုံးများကဲ့သို့- အပေါ်သို့ ကြည့်လျက်၊ မည်သူမျှ လက်ခံယုံကြည်ခြင်း မရှိ၊ ၎င်းတို့အထဲမှ မည်သူမျှက မိမိတို့ကိုယ်ကိုယ် သိရှိခြင်းမရှိဘဲ၊ ၎င်းတို့ စတုန်မည်မျှ လေးကြသည်ကို မသိနားမလည်ဘဲ- ဖြစ်ကြလေသည်။ လူတို့သည် ကြီးမားသည့် အတိုင်းအတာတစ်ခုအထိ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း အမှန်တကယ် ခံကြရပေသည်။ ယင်းအား ကြည့်ပြီးသည့်နောက် လူသားအား သူ၏ ကိုယ်ပိုင် စစ်မှန်သော မျက်နှာဖြင့် ယင်းကို နှိုင်းယှဉ်စေလျက်၊ လူသား၏ အကျည်းတန်သော မျက်နှာသည် ထိုသို့ ကွက်ကွက်ကွင်းကွင်း အသေးစိတ်ကျကျ ဖော်ပြခံရသည်မှာ ဘုရားသခင်၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကြောင့် အတိအကျ ဖြစ်ပေသည်။ လူအပေါင်းက ၎င်းတို့၏ အကျည်းတန်သော မျက်နှာများ သို့မဟုတ် အတွင်းကျကျ အတွေးများနှင့်ဆိုင်သည့် ဘုရားသခင်၏ အသိပညာကို မဆိုထားနှင့်၊ ၎င်းတို့၏ ဦးခေါင်းထဲ၌ ဦးနှောက်ဆဲလ်များ မည်မျှရှိသည်ကိုပင် ဘုရားသခင်က လုံးလုံး ရှင်းလင်းပြတ်သားမှုဖြင့် သိရှိပုံရသည်ဟု သိထားကြလေသည်။ “လူသားမျိုးနွယ် တစ်ရပ်လုံးသည် ရွေးထုတ်ခံရပြီး ဖြစ်သည့်အလား ဖြစ်သည်။ အရှေ့အရပ်မှ ဤအလင်းရောင်ခြည်မျှင်တန်း၏ တောက်ပမှုအောက်တွင် လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ မူလသဏ္ဌာန်ဖြင့် ထုတ်ဖော်ပြခံကြရသည်၊ ၎င်းတို့၏ မျက်လုံးများ ပြာသွားကြသည်၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မရေရာဖြစ်ကြသည်။” ဟူသော နှုတ်ကပတ်တော်များတွင်၊ ဘုရားသခင်၏အမှု ပြီးဆုံးသည့်အချိန် တစ်နေ့တွင်၊ လူသားမျိုးနွယ်အပေါင်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံကြရလိမ့်မည် ဖြစ်သည်ကို မြင်နိုင်ပေသည်။ မည်သူမျှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်။ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးထဲမှ လူတို့ကို ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ ကျော်မသွားဘဲ၊ တစ်ယောက်ပြီးတစ်ယောက် ကိုင်တွယ်လိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့်သာ ဘုရားသခင်၏စိတ်နှလုံး ကျေနပ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က၊ “၎င်းတို့သည် ငါ၏အလင်းမှ ထွက်ပြေးပြီး တောင်ပေါ် ဂူများတွင် ခိုလှုံကြကုန်သော တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြသည်- သို့သော်လည်း ၎င်းတို့ထဲမှ တစ်ဦးမျှ ငါ၏ အလင်းရောင်အတွင်းမှ မှေးမှိန်ပျောက်ကွယ်မသွားနိုင်ပေ။” ဟု ဆိုခြင်းဖြစ်သည်။ လူများသည် အရေးမပါသကဲ့သို့ နိမ့်ကျသော တိရစ္ဆာန်များ ဖြစ်ကြသည်။ စာတန်၏ လက်ထဲတွင် အသက်ရှင်လျက်၊ ယင်းမှာ ၎င်းတို့သည် တောင်များအတွင်း ရှေးဟောင်းတောနက်များထဲ၌ ခိုလှုံကြရပြီး ဖြစ်သည့်အလားဖြစ်သည်- သို့သော် မည်သည့်အရာမျှ ဘုရားသခင်၏ မီးလျှံများဖြင့် မီးရှို့ဖျက်ဆီးခြင်းကို မလွတ်မြောက်နိုင်သောကြောင့်၊ စာတန်၏ အင်အားစုများ၏ “အကာအကွယ်” အောက်၌ ရှိနေစဉ်တွင်ပင် ၎င်းတို့သည် ဘုရားသခင်၏ မေ့လျော့ခြင်းကို အဘယ်သို့ ခံရနိုင်မည်နည်း။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရောက်လာခြင်းကို လက်ခံကြသည့်အခါတွင်၊ လူအပေါင်းတို့၏ ထူးခြားဆန်းကြယ်သော ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ဆန်းပြားသော အခြေအနေများသည် ဘုရားသခင်၏ ကလောင်တံအားဖြင့် သရုပ်ဖော်ပြခံရလေသည်။ ဘုရားသခင်သည် လူ၏ လိုအပ်ချက်များနှင့် စိတ်နေသဘောထားတို့နှင့် သင့်လျော်သည့်အတိုင်း စကားပြော၏။ ထို့ကြောင့်၊ လူတို့အဖို့၊ ဘုရားသခင်သည် စိတ်ပညာတွင် နောကျေသည်ဟု ထင်ရသည်။ ယင်းမှာ ဘုရားသခင်သည် စိတ်ပညာရှင်တစ်ဦး ဖြစ်သည့်အလား ဖြစ်သော်လည်း၊ ခန္ဓာကိုယ်အတွင်းပိုင်းကု ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အလားလည်း ဖြစ်သည်၊ သူသည် “ရှုပ်ထွေး” သော လူသားနှင့်သက်ဆိုင်သည့် ထိုသို့သော သိနားလည်မှုတစ်ခု ရှိသည်မှာ မဆန်းပေ။ လူတို့သည် ထိုသို့ ပို၍ စဉ်းစားလေ၊ ဘုရားသခင်၏ အဖိုးတန်မှုနှင့်ဆိုင်သည့် ၎င်းတို့၏ အသိစိတ် ပို၍ ကြီးမားလေဖြစ်ပြီး၊ ဘုရားသခင်သည် နက်နဲသိမ်မွေ့ကာ နားလည်၍မရနိုင်ဟု ၎င်းတို့ သာ၍ ခံစားရလေဖြစ်သည်။ ယင်းမှာ လူနှင့် ဘုရားသခင်အကြားတွင် ကူးဖြတ်၍ မရသော အာကာသ နယ်နိမိတ်တစ်ခု ရှိသည့်အလားဖြစ်သော်လည်း၊ နှစ်ဦးတို့သည် အခြားတစ်ဦးကို စောင့်ကြည့်သည်ထက် သာ၍ မလုပ်ဆောင်နိုင်ဘဲ၊ တစ်ယောက်ကို တစ်ယောက် ချူမြစ်၏က တစ်ဖက်ကမ်းမှ ကြည့်နေကြသည့်အလားလည်း ဖြစ်ပေသည်။ ဤသည်မှာ ကမ္ဘာမြေပေါ်က လူတို့သည် ဘုရားသခင်အား ၎င်းတို့၏ မျက်လုံးများဖြင့်သာ ကြည့်ကြသည်ဟု ဆိုရပေမည်။ ၎င်းတို့သည် သူ့ကို အနီးကပ် လေ့လာရန် အခွင့်အရေး မည်သည့်အခါကမျှ မရှိဖူးကြသကဲ့သို့၊ သူ့အပေါ် ၎င်းတို့၌ ရှိသမျှအားလုံးမှာ သံယောဇဉ် ခံစားချက်တစ်ခုသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် ချစ်မြတ်နိုးဖွယ်ဖြစ်သည်ဟူသည့် အသိစိတ်တစ်ခု အမြဲရှိသော်လည်း၊ ဘုရားသခင်သည် အလွန် “သနားအကြင်နာမဲ့ပြီး စာနာစိတ်မရှိ” သောကြောင့်၊ ၎င်းတို့သည် သူ၏ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးများထဲက မချိတင်ကဲဝေဒနာကို ပြောဆိုရန် အခွင့်အရေး လုံးဝ မရှိဖူးကြချေ။ ၎င်းတို့သည် ခင်ပွန်းသည်၏ ရိုးဖြောင့်ခြင်းကြောင့် မိမိ၏ စစ်မှန်သော ခံစားချက်များကို ထုတ်ပြောရန် မည်သည့်အခါကမျှ အခွင့်အရေး မရဖူးသော၊ မိမိ၏ခင်ပွန်းရှေ့၌ ရှိသည့် ငယ်ရွယ်လှပသော ဇနီးသည်တစ်ဦးကဲ့သို့ ဖြစ်သည်။ လူတို့သည် မိမိကိုယ်ကိုယ် အထင်အမြင်သေးတတ်ကြသော ကံဆိုးသူများ ဖြစ်ကြပြီး၊ ၎င်းတို့၏ နုနယ်ခြင်းကြောင့်၊ ၎င်းတို့၌ မိမိကိုယ်ကိုယ် လေးစားမှု ကင်းမဲ့ခြင်းကြောင့်၊ လူသားနှင့်ဆိုင်သည့် ငါ၏ မုန်းတီးခြင်းသည် မရည်ရွယ်ဘဲ တိုးပွားကာ၊ အတော်အတန် သာ၍ ပြင်းထန်လာပြီး ငါ၏ စိတ်နှလုံးထဲက အမျက်သည်းခြင်း ပွင့်ထွက်လာသည်။ ငါ၏စိတ်တွင် ငါသည် စိတ်ဒဏ်ရာတစ်ခု ခံစားနေရပြီး ဖြစ်သည့်အလား ဖြစ်သည်။ ငါသည် အချိန်ကြာမြင့်စွာကတည်းက လူသား၌ မျှော်လင့်ချက် ဆုံးရှုံးပြီးဖြစ်သော်လည်း၊ “လူသားမျိုးနွယ်အား နောက်တစ်ဖန် နှိုးဆော်ရင်း၊ နောက်ထပ် အစပြုခြင်းအသစ်ကို လူသားမျိုးနွယ်အား ပေးရင်း၊ ငါ၏ နေ့ရက်သည် နောက်တစ်ဖန် လူသားမျိုးနွယ်အပေါ် အပူတပြင်း နီးကပ်လာသည်” ဖြစ်သောကြောင့်၊ ငါသည် လူသားမျိုးနွယ်အပေါင်းကို သိမ်းပိုက်ရန်၊ အဆင်းနီသော နဂါးကြီးအား ဖမ်းဆီးကာ အနိုင်ယူရန် သတ္တိကို နောက်တစ်ကြိမ်ထပ်၍ မွေးယူသည်။ ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်- တရုတ်နိုင်ငံ၌ အဆင်းနီသော နဂါးကြီး၏ သားပေါက်ကို သိမ်းပိုက်ရန်သာ ဖြစ်သည်။ ဤအရာကိုသာ အဆင်းနီသော နဂါးကြီး၏ ရှုံးနိမ့်ခြင်း၊ အဆင်းနီသော နဂါးကြီးအား နှိမ်နင်းခြင်းဟု ယူဆနိုင်သည်။ ဤအရာသည်သာ ဘုရားသခင်သည် ရှင်ဘုရင်အဖြစ် ကမ္ဘာမြေအနှံ့ စိုးစံသည်ကို သက်သေပြရန်၊ ဘုရားသခင်၏ ကြီးမြတ်သော စီမံကိန်း ပြီးမြောက်ခြင်း၊ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် အသစ်သော စတင်ခြင်း တစ်ခုရှိပြီး ကမ္ဘာမြေပေါ်တွင် ဘုန်းထင်ရှားသည်ကို သက်သေပြရန် လုံလောက်ပေမည်။ နောက်ဆုံး၊ လှပသည့် မြင်ကွင်းကြောင့်၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲတွင် စိတ်ထက်သန်ပြင်းပြမှုကို မဖော်ပြဘဲ မနေနိုင်အောင် ဖြစ်လေသည်- “ငါ၏နှလုံးသည် ခုန်လျက်ရှိပြီး ငါ၏ နှလုံးခုန်သံ စည်းချက်များ နောက်လိုက်ရင်း၊ တောင်များသည် ဝမ်းမြောက်ခြင်းဖြင့် ခုန်ပေါက်ကြပြီး၊ ရေတို့သည် ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကြကာ လှိုင်းလုံးများသည် ကျောက်ဆောင်အတိပြီးသော ကျောက်တန်းများကို ရိုက်ခတ်ကြလေသည်။ ငါ၏ စိတ်နှလုံးထဲ၌ ရှိသော အရာကို ဖော်ပြရန် ခက်ခဲလှသည်။” ဤအရာမှ၊ ဘုရားသခင် စီစဉ်ခဲ့သောအရာကို ဘုရားသခင် ပြီးမြောက် အောင်မြင်စေနှင့်ပြီ ဖြစ်သည်ကို တွေ့နိုင်သည်။ ယင်းကို ဘုရားသခင်က ကြိုတင်စီရင်ထားခြင်းဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်က လူတို့အား တွေ့ကြုံစေကာ ရှုမြင်စေသည့်အရာ အတိအကျ ဖြစ်ပေသည်။ နိုင်ငံတော်၏ ရှေ့ရေးမှာ လှပပေသည်။ နိုင်ငံတော်၏ ရှင်ဘုရင်သည် ဦးခေါင်းမှ ခြေအထိ အသွေး၊ အသား အရိပ်အယောင် တစ်ခုမျှ မရှိဘဲ၊ ဘုရားသဘာဝ အစိတ်အပိုင်းများဖြင့် လုံးဝ ဖွဲ့စည်းထားသည့် အောင်နိုင်သူ ဖြစ်ပေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လူသား၏ အတွေးအခေါ်များဖြင့် လုံးလုံး စွန်းထင်းခြင်း မရှိဘဲ၊ သန့်ရှင်းမြင့်မြတ်သော ဘုန်းအသရေဖြင့် တောက်ပလေသည်။ သူ၏တစ်ကိုယ်လုံးသည် ထိပ်မှ အောက်ခြေထိ၊ ဖြောင့်မတ်ခြင်းနှင့် ကောင်းကင်ဘုံ၏ ရောင်ဝါလက္ခဏာဖြင့် ပြည့်လျှမ်းကာ ဆွဲဆောင်သော ရနံ့တစ်မျိုး ထွက်ပေသည်။ ရှောလမုန်သီချင်းထဲက ချစ်မြတ်နိုးသူကဲ့သို့၊ သူသည် သန့်ရှင်းသူအားလုံးထက် သာ၍ လှပသေးသည်၊ ရှေးသန့်ရှင်းသူများထက် ပို၍မြင့်မားလေသည်။ သူသည် လူအပေါင်းတို့အလယ် စံပြဖြစ်ပြီး လူသားအဖို့ မယှဉ်သာပေ။ လူတို့သည် သူ့ကို တိုက်ရိုက် မော်ကြည့်ရန် မသင့်တော်ပေ။ မည်သူမျှ ဘုရားသခင်၏ ကျက်သရေရှိသော မျက်နှာ၊ ဘုရားသခင်၏ သွင်ပြင်၊ သို့မဟုတ် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ကြိုးပမ်းမရရှိနိုင်ပေ။ မည်သူမျှ ယင်းတို့နှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသကဲ့သို့၊ မည်သူမျှ ယင်းတို့ကို ၎င်းတို့၏ နှုတ်များဖြင့် အလွယ်တကူ မချီးမွမ်းနိုင်ကြပေ။

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အဆုံးမရှိပေ- စမ်းချောင်းတစ်ခုမှ ပန်းထွက်သော ရေကဲ့သို့၊ ၎င်းတို့သည် မည်သည့်အခါမျှ ခန်းခြောက်မသွားပေ၊ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုများကို မည်သူမျှ နားမလည်နိုင်ပေ။ သို့သော် ဘုရားသခင်အဖို့၊ ထိုသို့သော နက်နဲမှုများသည် အဆုံးမဲ့ဖြစ်သည်။ မတူညီသော နည်းလမ်းများနှင့် ဘာသာစကားများကို အသုံးပြုလျက်၊ ဘုရားသခင်သည် စကြဝဠာ တစ်ခုလုံးနှင့်ဆိုင်သည့် သူ၏အသစ်ပြုပြင်ခြင်းနှင့် အသွင်ပြောင်းလဲခြင်းကို အကြိမ်များစွာ ပြောဆိုပြီးသည်၊ အကြိမ် အသီးသီးသည် ပြီးခဲ့သည့်အကြိမ်ထက် ပို၍ နက်နဲသည်- “ငါသည် မသန့်ရှင်းသော အရာအားလုံးကို ငါ၏ အကြည့်အောက်တွင် ပြာမှုန့်များအဖြစ်သို့ လောင်ကျွမ်းသွားစေချင်မိသည်။ ငြင်းဆန်သောသူ အားလုံးကို နောက်ထပ် မည်သည့်အခါမျှ တဝဲလည်လည် မတည်ရှိတော့ရန်၊ ငါ၏မြင်ကွင်းမှ ကွယ်ပျောက်သွားစေချင်သည်။” ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့သောအရာများကို ထပ်တလဲလဲ ပြောသနည်း။ လူတို့က ယင်းတို့ကို ငြီးငွေ့လာမည်ကို သူမစိုးရိမ်သလော။ လူတို့သည် ဘုရားသခင်ကို ဤနည်းဖြင့် သိရှိရန် ဆန္ဒရှိလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအလယ်တွင် စမ်းတဝါးဝါးသွားရုံမျှ သွားကြသော်လည်း၊ မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ရန် မည်သည့်အခါမျှ သတိမရကြချေ။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်မှ လူသား၏ မနာခံမှုကို သိရှိနိုင်ကြပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ မနာခံမှုကို အမြစ်ဖြတ်သုတ်သင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် ၎င်းတို့အား သတိပေးဖို့၊ ၎င်းတို့အားလုံးကို မိမိတို့ကိုယ်ကိုယ် သိရှိစေဖို့ ဤနည်းလမ်းကို အသုံးပြုသည်။ ဘုရားသခင်သည် “ရွေးထုတ်” ဖို့ ဆန္ဒရှိသည်ကို ကြည့်လျက်၊ လူများ၏ စိတ်နေစိတ်ထားသည် တစ်ပြိုင်နက် စိုးရိမ်ကြောင့်ကြလာပြီး ၎င်းတို့၏ ကြွက်သားများသည်လည်း လှုပ်ရှားမှု ရပ်တန့်သွားပုံ ရလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ပြစ်တင်ဝေဖန်ရန် ဘုရားသခင်ရှေ့သို့ ချက်ချင်း ပြန်လာကြသောကြောင့်၊ ဘုရားသခင်ကို သိလာကြသည်။ ဤအရာနောက်ပိုင်းတွင်- ၎င်းတို့သည် ၎င်းတို့၏ စိတ်များကို ပိုင်းဖြတ်ပြီးသည့်နောက်တွင်- ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို ၎င်းတို့အား ပြသရန် အခွင့်အရေး အသုံးပြုလေသည်။ ထို့ကြောင့် လူတို့သည် ဝိညာဉ်ရေးရာ လောကနှင့် တိုက်ရိုက် ထိတွေ့ကြပြီး၊ ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက်က ဆောင်ရွက်သည့် ကဏ္ဍကြောင့်၊ ၎င်းတို့၏ စိတ်များသည်လည်း အခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်ဖို့ စတင်လေသည်၊ ယင်းက လူနှင့် ဘုရားသခင်အကြားရှိ ရပ်တည်ချက်ကို တိုးမြှင့်စေသည်- ယင်းသည် လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော်အဖို့ သာ၍ ကြီးမားသော အကျိုးရှိလေသည်။ ဤနည်းဖြင့်၊ လူတို့သည် ကုန်လွန်သွားသော အချိန်များကို ပြန်ကြည့်ရန် စိတ်ထားတစ်ခု မရည်ရွယ်ဘဲ ပိုင်ဆိုင်ကြလေသည်။ အတိတ်တွင် လူတို့သည် နှစ်ပေါင်းများစွာ မရေရာသော ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည်။ နှစ်များစွာ ၎င်းတို့သည် ကြီးကြီးမားမား မွေ့လျော်နိုင်စွမ်းမရှိဘဲ၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါမျှ မလွတ်မြောက်ခဲ့ကြသကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခဲ့ကြသော်လည်း၊ ၎င်းတို့၏ ဘဝများတွင် စနစ်ကျမှု မရှိခဲ့ပေ။ ယင်းမှာ ယုံကြည်မှု ရှိမလာမီအချိန်က ဖြစ်ခဲ့သကဲ့သို့ အတူတူဖြစ်ပုံရသည်- ၎င်းတို့၏ ဘဝများသည် အနှစ်မဲ့ပြီး မျှော်လင့်ချက်မဲ့သည်ဟု ခံစားခဲ့ရဆဲဖြစ်ပြီး၊ ယင်းအချိန်က ၎င်းတို့၏ ယုံကြည်မှုသည် မယုံကြည်မှုထက် သာ၍ ကောင်းမွန်ခြင်းမရှိဘဲ၊ အရှုပ်အယှက် တစ်မျိုးကဲ့သို့ ဖြစ်ပုံရခဲ့သည်။ ၎င်းတို့သည် ယနေ့၏ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ကို ရှုမြင်ကြပြီးဖြစ်သည့်အတွက်၊ ယင်းမှာ ကောင်းကင်နှင့် မြေကြီး အသစ်တဖန်ပြုပြင်ခြင်း ခံရပြီးဖြစ်သည့်အလား ဖြစ်သည်။ ၎င်းတို့၏ ဘဝများသည် တောက်ပရွှန်းစိုလာကြပြီးဖြစ်သည်၊ ၎င်းတို့သည် မျှော်လင့်ချက်မမဲ့ကြတော့သကဲ့သို့၊ လက်တွေ့ကျသော ဘုရားသခင်၏ ရောက်ရှိခြင်းကြောင့်၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် တည်ကြည်ခိုင်မာမှုနှင့် ၎င်းတို့၏ စိတ်ဝိညာဉ်များ အတွင်း၌ ငြိမ်သက်ခြင်းကို ခံစားကြရသည်။ ၎င်းတို့သည် ၎င်းတို့ လုပ်သမျှအားလုံးတွင် လေနောက်လိုက်ခြင်းနှင့် အရိပ်များကို ဖမ်းဆုပ်ခြင်း မပြုကြတော့ပေ။ ၎င်းတို့၏ လိုက်စားမှုသည် မရေမရာ မဖြစ်တော့သကဲ့သို့၊ ၎င်းတို့သည် ယက်ကန်ယက်ကန် မဖြစ်ကြတော့ပေ။ ယနေ့ ဘဝသည် ပို၍ပင် လှပပြီး၊ လူတို့သည် မမျှော်လင့်ထားဘဲ နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြပြီးဖြစ်ကာ ဘုရားသခင်၏ လူများဖြစ်လာကြပြီး ထို့နောက်ပိုင်းတွင်...။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ ဤအရာကို လူတို့ ပို၍ စဉ်းစားလေ၊ ချိုမြိန်မှု သာ၍ ကြီးမားလေ ဖြစ်သည်။ ဤအရာကို ၎င်းတို့ ပို၍ စဉ်းစားလေ၊ ၎င်းတို့ ပို၍ ပျော်ရွှင်လေ ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ကို ချစ်မြတ်နိုးရန် လှုံ့ဆော်ခံရလေ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ နားမလည်လိုက်ဘဲနှင့်၊ ဘုရားသခင်နှင့် လူအကြားရှိ ခင်မင်ရင်းနှီးမှုသည် တိုးမြှင့်သွားလေသည်။ လူတို့သည် ဘုရားသခင်ကို ပို၍ ချစ်ကြပြီး ဘုရားသခင်ကို သာ၍ သိကြသကဲ့သို့၊ လူသားထဲက ဘုရားသခင်၏ အမှုသည် တိုး၍ လွယ်ကူလာကာ ယင်းသည် လူတို့အား ဖိအားပေးခြင်း သို့မဟုတ် အတင်းအကျပ် လုပ်ခိုင်းခြင်း မရှိတော့ဘဲ၊ သဘာဝ ဖြစ်စဉ်ကို လိုက်ကာ လူသည် သူ၏ ကိုယ်ပိုင်၊ တစ်မူထူးခြားသော လုပ်ငန်းဆောင်တာကို ဆောင်ရွက်လေသည်- ဤနည်းဖြင့်သာ၊ လူတို့သည် ဘုရားသခင်အား တဖြည်းဖြည်း သိလာနိုင်လိမ့်မည် ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ ဉာဏ်ပညာ ဖြစ်သည်- ယင်းသည် အားထုတ်မှု အနည်းငယ်မျှ မလိုအပ်သကဲ့သို့၊ ယင်းကို လူ၏ သဘောသဘာဝနှင့် သင့်လျော်သကဲ့သို့၊ အကျိုးသက်ရောက်စေခြင်း ဖြစ်သည်။ ထို့ကြောင့် ဤ အခါသမယတွင် ဘုရားသခင်က၊ “လူ့လောကထဲတွင် ငါ၏လူ့ဇာတိခံခြင်း အတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် ငါ၏လမ်းပြမှုအောက်တွင်၊ ဤနေ့ရက်ထိ အမှတ်တမဲ့ ရောက်ရှိလာပြီးဖြစ်ကာ ငါ့ကို အမှတ်တမဲ့ သိလာကြပြီးဖြစ်သည်။ သို့သော် ရှေ့တွင်ရှိသည့်လမ်းကြောင်းကို မည်သို့ လျှောက်လှမ်းရမည် နှင့်စပ်လျဉ်း၍မူ မည်သူမျှ အရိပ်အမြွက် နားမလည်ကြ၊ မည်သူမျှ မသိကြပေ- ပြီးလျှင် ထိုလမ်းကြောင်းက ၎င်းတို့ကို မည်သည့်ဦးတည်ရာသို့ ခေါ်ဆောင်သွားမည်နှင့်ပတ်သက်၍ မည်သူမျှ သဲလွန်စတစ်ခုတစ်လေ သာ၍ မရှိကြသေးချေ။ ၎င်းတို့အပေါ် ဂရုစိုက်နေသည့် အနန္တတန်ခိုးရှင်နှင့် အတူသာ မည်သူမဆိုသည် ထိုလမ်းကြောင်းကို အဆုံးတိုင် လျှောက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအားဖြင့် လမ်းပြခံရလျက်သာ၊ မည်သူမဆိုသည် ငါ၏နိုင်ငံတော်သို့ ဆိုက်ရောက်စေသည့် တံခါးခုံကို ဖြတ်သန်းနိုင်မည် ဖြစ်သည်။” ဟု ဆိုခြင်း ဖြစ်သည်။ ဤသည်မှာ အထက်တွင် လူ၏စိတ်နှလုံးထဲ၌ ငါဖော်ပြခဲ့သော အရာ၏ အကျဉ်းချုပ် တစ်ခု အတိအကျ ဖြစ်သည် မဟုတ်လော။ ဤနေရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လျှို့ဝှက်ချက် တည်ရှိသည်။ လူက သူ၏ စိတ်နှလုံးထဲ၌ တွေးသည့်အရာမှာ ဘုရားသခင်က သူ၏နှုတ်မှ ပြောသောအရာ အတိအကျဖြစ်ပြီး၊ သူ၏နှုတ်မှ ပြောသော အရာသည် လူသားက တမ်းတသည့်အရာအတွက် အတိအကျ ဖြစ်ပေသည်။ ဤသည်မှာ ဘုရားသခင်က လူ၏ စိတ်နှလုံးကို မြင်သာအောင် ပြရာတွင် အကျွမ်းကျင်ဆုံးသောအရာ အတိအကျ ဖြစ်သည်။ ထိုသို့မဟုတ်ပါက အားလုံးတို့သည် အဘယ်သို့ စစ်မှန်ရိုးသားစွာ လက်ခံယုံကြည်နိုင်ကြမည်နည်း။ ဤသည်မှာ အဆင်းနီသော နဂါးကြီးအား သိမ်းပိုက်ခြင်းအားဖြင့် ဘုရားသခင် ရယူလိုသည့် အကျိုးတရား ဖြစ်သည် မဟုတ်လော။

အမှန်တွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်သည် ယင်းတို့၏ အပေါ်ယံ အဓိပ္ပာယ်များကို ညွှန်ပြဖို့ မဟုတ်သည့် များစွာသော နှုတ်ကပတ်တော်များ ရှိလေသည်။ သူ၏ များစွာသော နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်သည် လူတို့၏ အယူအဆများကို တမင်တကာ ပြောင်းလဲပေးရန်နှင့် ၎င်းတို့၏ အာရုံကို ပြောင်းပေးရန်သာ ရည်ရွယ်ပေသည်။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များတွင် အရေးပါမှု တစ်ခုတစ်လေကို တွဲဖက်ထားခြင်း မရှိပေ၊ ထို့ကြောင့် နှုတ်ကပတ်တော် များစွာတို့သည် ရှင်းပြရန် မထိုက်တန်ပေ။ လူသားသည် ယနေ့ ၎င်းတို့ ရှိကြပြီးဖြစ်သည့် အတိုင်းအတာအထိ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သိမ်းပိုက်ခြင်းခံရပြီးဖြစ်ချိန်တွင်၊ လူတို့၏ ခွန်အားသည် တိကျသော အဆင့်တစ်ခုသို့ ရောက်ရှိ၏၊ ထို့ကြောင့် ဘုရားသခင်သည် နောက်ပိုင်းတွင် သတိပေးသည့် နှုတ်ကပတ်တော်များကို ပို၍ မိန့်မြွက်လေသည်- ဘုရားသခင်၏ လူများထံ အခြေခံဥပဒေကို သူထုတ်ပြန်သည်- “ကမ္ဘာမြေတွင် မှီတင်းနေထိုင်ကြသော လူသားများသည် ကြယ်များလောက် များပြားကြသော်လည်း၊ ငါသည် ၎င်းတို့အားလုံးကို ရှင်းရှင်းလင်းလင်း ကောင်းစွာ သိ၏။ ပြီးလျှင် ငါ့ကို ‘ချစ်သော’ လူသားများသည် ပင်လယ် သဲပွင့်များလောက် မရေမတွက်နိုင်လောက်အောင် များပြားကြသော်လည်း၊ အနည်းငယ်သာလျှင် ငါ၏ ရွေးချယ်ခြင်းကို ခံကြရသည်- ငါ့ကို ‘ချစ်သော’ သူများမှအပ တောက်ပသော အလင်းကို လိုက်စားအားထုတ်သော သူများသာ ငါ၏ ရွေးချယ်ခြင်းကို ခံကြရသည်။” စင်စစ် ဘုရားသခင်ကို ချစ်သည်ဟု ပြောသောသူများစွာ ရှိကြသော်လည်း၊ မိမိတို့၏ စိတ်နှလုံးများထဲတွင် သူ့ကို ချစ်သောသူ အနည်းငယ်သာ ရှိသည်။ ဤအရာကို မျက်လုံးများ ပိတ်လျက်ဖြင့်ပင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်ဟု ထင်ရပေမည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်သောသူတို့၏ လောကတစ်ခုလုံး အမှန်တကယ် ဖြစ်သည့်ပုံ ဖြစ်သည်။ ဤတွင် ယခုအခါ ဘုရားသခင်သည် “လူတို့အား ရွေးထုတ်ခြင်း” အမှုဖက်သို့ လှည့်သွားပြီ ဖြစ်သည်ကို ကျွန်ုပ်တို့မြင်ရပြီး၊ ယင်းက ဘုရားသခင် လိုချင်သောအရာကို ပြသပြီး ဘုရားသခင်အား ကျေနပ်စေသည်မှာ ယနေ့၏ အသင်းတော် မဟုတ်ဘဲ၊ ရွေးထုတ်ခြင်းပြီးနောက် နိုင်ငံတော် ဖြစ်ပေသည်။ ဤအခိုက်အတန့်တွင် သူသည် “အန္တရာယ်ရှိသော ကုန်ပစ္စည်းများ” အားလုံးကို နောက်ထပ် သတိပေးချက်တစ်ခု ပေးလေသည်။ ဘုရားသခင် မဆောင်ရွက်ပါက၊ ဘုရားသခင် စတင် ဆောင်ရွက်သည်နှင့်တစ်ပြိုင်နက်၊ ဤလူတို့သည် နိုင်ငံတော်မှ ပယ်ဖျက်ခံရကြပေမည်။ ဘုရားသခင်သည် အမှုအရာများကို မည်သည့်အခါမျှ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း မရှိပေ။ သူသည် “တစ်သည် တစ်ဖြစ်ပြီး နှစ်သည် နှစ်ဖြစ်သည်။” ဟူသော အခြေခံသဘောတရားနှင့်အညီ အမြဲ လုပ်ဆောင်ပြီး၊ သူ မကြည့်ရှုလိုသော သူများ ရှိပါက၊ အနာဂတ်တွင် ၎င်းတို့ ပြဿနာ ဖြစ်စေသည်ကို ရပ်တန့်ရန် ၎င်းတို့အား ဖယ်ရှားပစ်ဖို့ ဖြစ်နိုင်သမျှအရာရာကို သူ လုပ်ဆောင်လေသည်။ ဤအရာကို “အမှိုက်သရိုက် ထုတ်ခြင်းနှင့် စေ့စေ့စပ်စပ် သန့်စင်ခြင်း” ဟု ခေါ်သည်။ ဘုရားသခင်သည် လူသားထံ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကြေငြာသည့် တကယ့် အခိုက်အတန့်သည် သူ၏ အံ့သြဖွယ် လုပ်ဆောင်ချက်များနှင့် သူ၏ အတွင်း၌ ရှိသမျှကို သူပြသော အချိန်ဖြစ်သည်၊ ထို့ကြောင့် နောက်ပိုင်းတွင် သူက၊ “တောင်များပေါ်တွင် တောရဲသားကောင်များ မရေမတွက်နိုင်အောင် ရှိကြသော်လည်း၊ ၎င်းတို့ အားလုံးသည် ငါ့ရှေ့တွင် သိုးများကဲ့သို့ ယဉ်ပါးကြ၏။ လှိုင်းလုံးများ အောက်တွင် ဉာဏ်မမီနိုင်သည့် နက်နဲမှုများ တည်ရှိသော်လည်း၊ ၎င်းတို့သည် မြေမျက်နှာပြင်ပေါ်က အရာခပ်သိမ်းကဲ့သို့ ရှင်းလင်းစွာ ငါ့ထံ မိမိတို့ကိုယ်ကိုယ် ပြသကြလေသည်။ အထက် အမြင့်ဆုံးသော ကောင်းကင်ဘုံတွင် ရှိသည်မှာ လူတို့ မည်သည့်အခါမျှ လက်လှမ်း မမီနိုင်သည့် နယ်ပယ်များ ဖြစ်သော်လည်း၊ ငါသည် ထိုဝင်ခွင့်မရနိုင်သော နယ်ပယ်များထဲသို့ လွတ်လပ်စွာ လျှောက်လှမ်းသွားသည်။” ဟု ပြောခြင်း ဖြစ်သည်။ ဘုရားသခင်၏ အဓိပ္ပာယ်မှာ ဤသို့ဖြစ်သည်- လူ၏ စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် လှည့်ဖြားတတ်ပြီး၊ လူတို့၏ အလွန့်အလွန် များပြားသော အယူအဆများတမျှ အဆုံးမရှိ လျှို့ဝှက်နက်နဲပုံရသော်လည်း၊ ဘုရားသခင်သည် လူ၏ စစ်မှန်သော အခြေအနေများကို ခရေစေ့တွင်းကျ သိရှိလေသည်။ ခပ်သိမ်းသော အရာများထဲတွင်၊ လူသည် တောရိုင်း သားရဲတစ်ကောင်ထက် ပို၍ ရက်စက်ကာ ကြမ်းကြုတ်သော တိရစ္ဆာန်တစ်ကောင် ဖြစ်သော်လည်း၊ ဘုရားသခင်သည် လူအား မည်သူမျှ ထကြွကာ ခုခံရန် မဝံ့ရဲသည့် အဆင့်အထိ သိမ်းပိုက်ပြီး ဖြစ်သည်။ အမှန်တွင် ဘုရားသခင် ရည်ရွယ်သည်နှင့်အမျှ၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ လူတို့ တွေးသောအရာသည် ခပ်သိမ်းသော အရာများထဲမှ အရာအားလုံးထက် ပို၍ ရှုပ်ထွေးသည်။ ယင်းသည် နားလည်၍မရနိုင်သော်လည်း၊ ဘုရားသခင်သည် လူ၏ စိတ်နှလုံးကို အလေးထားခြင်းမရှိပေ။ သူသည် ယင်းအား သူ၏ မျက်စိရှေ့က သေးငယ်သော ပိုးကောင် တစ်ကောင်ကဲ့သို့ သဘောထားရုံမျှထားသည်။ သူ၏ နှုတ်မှ နှုတ်ကပတ်တော်တစ်လုံးဖြင့် ယင်းကို သူသိမ်းပိုက်သည်။ သူအလိုရှိသည့် အချိန်တိုင်းတွင်၊ ယင်းကို သူဒဏ်ခတ်သည်။ သူ၏လက် အနည်းငယ်မျှ လှုပ်ရုံဖြင့် ယင်းအား သူ ပြစ်တင်ဆုံးမသည်။ ယင်းကို သဘောရှိ သူ ရှုတ်ချလေသည်။

ယနေ့တွင် လူအပေါင်းတို့သည် အမှောင်အတွင်းတွင် တည်ရှိကြသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို တွေ့မြင်ခြင်းအားဖြင့် အလင်း၏ အနှစ်သာရကို နောက်ဆုံးတွင် သိရှိလာကြလေသည်။ ကမ္ဘာအနှံ့အပြားတွင်၊ အနက်ရောင် အိုးကြီးတစ်လုံးသည် မြေကြီးပေါ်တွင် မှောက်ထားသကဲ့သို့ ဖြစ်ပြီး၊ မည်သူမျှ အသက်တစ်ချက် မရှုနိုင်ကြပေ။ ၎င်းတို့ အားလုံးသည် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုကြသော်လည်း မည်သူမျှ ထိုအနက်ရောင်အိုးကို တစ်ကြိမ်တစ်ခါမျှ ပင့်မဖူးခြင်း မရှိပေ။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကြောင့်သာ လူတို့၏ အမြင်များ ရုတ်တရုက် ပွင့်သွားပြီး၊ ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင်ကို ရှုမြင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့အား မေးခွန်း မေးသော လေသံဖြင့် မေးမြန်းလေသည်- “လူသည် အလင်းထဲတွင် ငါ့ကို လုံးဝ မမှတ်မိဘဲ၊ အမှောင်လောကထဲတွင်သာ ငါ့ကို မြင်ဖူးလေသည်။ သင်တို့သည် ယနေ့တွင် အလားတူ အခြေအနေတွင် အတိအကျ ရှိကြသည် မဟုတ်လော။ ငါ၏ အမှုကို လုပ်ဆောင်ရန် လူ့ဇာတိကို ငါ တရားဝင် ယူတင်ဝတ်ဆင်ခဲ့သည်မှာ အဆင်းနီသော နဂါးကြီး၏ ဆူပူသောင်းကျန်းခြင်း အထွတ်အထိပ်အချိန်တွင် ဖြစ်သည်။” ဘုရားသခင်သည် ဝိညာဉ်ရေးရာ လောက၏ တကယ့်အခြေအနေများကို ကွယ်ဝှက်ထားခြင်း မရှိသကဲ့သို့၊ လူ၏စိတ်နှလုံး၏ တကယ့်အခြေအနေကို ကွယ်ဝှက်ထားခြင်း မရှိပေ၊ ထို့ကြောင့် သူသည် လူတို့အား ထပ်တလဲလဲ သတိပေးသည်- “ငါသည် ငါ၏ လူတို့ကို လူ့ဇာတိခံ ဘုရားသခင်အား သိရှိနိုင်စေရုံသာမက၊ ၎င်းတို့ကို သန့်ရှင်းလည်း သန့်ရှင်းစေလျက် ရှိသည်။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ ပြင်းထန်မှုကြောင့်၊ လူပေါင်းမြောက်မြားစွာတို့သည် ငါ၏ သုတ်သင်ဖယ်ရှင်းခြင်းကို ခံရမည့် အန္တရာယ်တွင် ရှိနေဆဲဖြစ်သည်။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ကိုင်တွယ်ဖြေရှင်းရန်၊ သင်တို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ချိုးနှိမ်ရန် တတ်နိုင်သမျှ ကြိုးပမ်းအားထုတ်မှု မရှိပါက- သင်တို့ ဤအရာကို မလုပ်ဆောင်ပါက၊ ပေါလုသည် ငါ၏လက်မှ ပြစ်တင်ဆုံးမခြင်းကို ရရှိသကဲ့သို့၊ ယင်းမှ လွတ်မြောက်ရာ လမ်းမရှိခဲ့သည့်အတိုင်းပင်၊ သင်တို့သည် ငါ စက်ဆုပ်ရွံရှာပြီး ငြင်းပယ်သော အရာတစ်ခု၊ ငရဲထဲသို့ ပစ်ချခြင်းကို ခံရမည့်အရာတစ်ခု ဧကန်မုချ ဖြစ်လာလိမ့်မည်။” ဘုရားသခင်သည် ထိုသို့ နောက်ထပ် ပြောသည်နှင့်အမျှ၊ ထိုအခါတွင်သာ လူတို့သည် ၎င်းတို့၏ ခြေလှမ်းများကို ပို၍ သတိထားကြပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပို၍ ကြောက်ရွံ့လာကြသည်။ ထိုအခါမှသာ ဘုရားသခင်၏ ဩဇာအာဏာသည် အကျိုးသက်ရောက်နိုင်ပြီး သူ၏ ဘုန်းအာနုဘော်သည် ပေါ်လွင်ထင်ရှား နိုင်ပေသည်။ ဤတွင် ဘုရားသခင်၏ အလိုကို လူတို့ နားလည်ကြဖို့အလို့ငှာ၊ ပေါလုကို နောက်ထပ်တစ်ကြိမ် ဖော်ပြထားသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသောသူများ မဖြစ်ရဘဲ၊ ဘုရားသခင်၏ အလိုကို အလေးဂရုပြုသောသူများ ဖြစ်ရပေမည်။ ဤအရာသည်သာ လူတို့အား ၎င်းတို့၏ ကြောက်ရွံ့မှု အလယ်တွင် ဘုရားသခင်အား အကြွင်းမဲ့ ကျေနပ်စေရန်အလို့ငှာ ဘုရားသခင်၏ရှေ့၌ ၎င်းတို့၏ အတိတ် စိတ်ဆုံးဖြတ်ချက်နှင့်ဆိုင်သည့် မတတ်စွမ်းနိုင်မှုကို ပြန်လည်တွေးတောကြည့်စေနိုင်သည်၊ ယင်းက ၎င်းတို့အား ပို၍ပင် ကြီးမားသော နောင်တနှင့်၊ လက်တွေ့ကျသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ပို၍များသော အသိပညာကို ပေးလေသည်။ ထိုသို့ဖြင့်၊ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့်ပတ်သက်၍ သံသယများ မရှိနိုင်ကြပေ။

“လူသည် ငါ၏လူ့ဇာတိဖြင့် ငါ့အား သိရုံမျှမသိကြချေ။ ယင်းထက် ပို၍၊ သူသည် သွေးသားခန္ဓာထဲတွင် နေထိုင်သော မိမိကိုယ်တိုင်၏ ဇာတိကို နားမလည်နိုင်သေးပေ။ နှစ်ပေါင်းများစွာကြာ၊ လူသားများသည် ငါ့ကို ပြင်ပ ဧည့်သည့်အဖြစ် ဆက်ဆံလျက်၊ လှည့်စားနေကြပြီးဖြစ်သည်။ အကြိမ်ပေါင်းများစွာ....။” ဤ”အကြိမ်ပေါင်းများစွာ”သည် လူတို့အား ပြစ်တင်ဆုံးမခြင်းနှင့်သက်ဆိုင်သည့်တကယ့် ဥပမာများကို ပြသလျက်၊ ဘုရားသခင်အား လူ၏ ဆန့်ကျင်ဘက်ပြုခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားများကို စာရင်းပြုစုလေသည်။ ဤသည်မှာ အပြစ်၏ သက်သေဖြစ်ပြီး၊ ယင်းကို မည်သူမျှ တစ်ဖန် ချေပနိုင်ခြင်း မရှိပေ။ လူအပေါင်းသည် ဘုရားသခင်အား ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း အသုံးပြုနိုင်သည့် မရှိမဖြစ် လိုအပ်သော အိမ်အသုံးအဆောင်အချို့ ဖြစ်သည့်အလား၊ နေ့စဉ်သုံး ပစ္စည်းအချို့ကဲ့သို့ အသုံးပြုကြသည်။ မည်သူမျှ ဘုရားသခင်ကို ချစ်မြတ်နိုးခြင်း မရှိ။ တစ်ဦးတစ်လေက ဘုရားသခင်ကို ကျိုးနွံနာခံရန် ရည်ရွယ်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ လှပခြင်း ဖြစ်စေ၊ ဘုရားသခင်၏ ကျက်သရေရှိသော မျက်နှာကိုဖြစ်စေ သိရှိရန် မည်သူမျှ မကြိုးစားဖူးကြချေ။ မည်သူမျှက ဘုရားသခင်ကို ၎င်းတို့၏ စိတ်နှလုံးထဲက ချစ်ခင်ရသောအရာ တစ်စုံတစ်ခုအဖြစ် တစ်ကြိမ်တစ်ခါမျှ မကြည်ညိုဖူးကြချေ။ ၎င်းတို့ အားလုံးသည် သူ့ကို ၎င်းတို့ လိုအပ်သည့် အချိန်တွင် ဆွဲခေါ်ပြီး၊ ၎င်းတို့ မလိုအပ်သည့် အချိန်တွင် သူ့ကို တစ်ဖက်သို့ ပစ်ထားပြီး လျစ်လျူရှုကြလေသည်။ယင်းမှာ ဘုရားသခင်သည် လူသားအဖို့ သဘောရှိ ကြိုးကိုင်ခြယ်လှယ်နိုင်ကာ သူဆန္ဒရှိသည့်အတိုင်း သို့မဟုတ် တောင့်တသည့်အတိုင်း တောင်းဆိုချက်များ ပြုနိုင်သည့် ရုပ်သေးရုပ် တစ်ရုပ် ဖြစ်သည့်အလားဖြစ်သည်။ သို့သော် ဘုရားသခင်က “ငါ၏လူ့ဇာတိခံယူခြင်း အတောအတွင်းတွင် ငါသည် လူ၏ အားနည်းချက်နှင့်ပတ်သက်၍ မစာနာခဲ့ဖူးပါက၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏လူ့ဇာတိခံယူခြင်း တစ်ခုတည်းကြောင့်၊ အလွန်အမင်း ကြောက်ရွံ့ကြမည်ဖြစ်ကာ အကျိုးဆက်အနေဖြင့် မရဏနိုင်ငံထဲသို့ ကျဆင်းသွားကြပေမည်။” ဟု ဆိုသည်၊ ယင်းက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မည်မျှ ကြီးမြတ်သည်ကိုသာ ပြသပေသည်။ သူသည် လူသားမျိုးနွယ် အပေါင်းတို့အား ဝိညာဉ်ရေးရာ လောကမှ ဖျက်ဆီးခြင်းအစား၊ လူသားမျိုးနွယ်ကို လူ့ဇာတိဖြင့် သိမ်းပိုက်ရန် ကြွလာပြီးဖြစ်သည်။ ထို့ကြောင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ ခံယူသည့်အချိန်တွင်၊ မည်သူမျှ မသိခဲ့ကြပေ။ အကယ်၍ ဘုရားသခင်သည် လူ၏ အားနည်းချည့်နဲ့ခြင်းကို ဂရုမစိုက်ပါက၊ သူ လူ့ဇာတိ ခံယူခဲ့သည့်အချိန်တွင် ကောင်းကင်နှင့် မြေကြီးသည် ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ပါက၊ လူအပေါင်းတို့သည် အမြစ်ဖြတ်သုတ်သင်ခြင်း ခံကြရပြီး ဖြစ်ပေမည်။ အသစ်ကို နှစ်သက်ပြီး အဟောင်းကို မုန်းသည်မှာ လူတို့၏ သဘောသဘာဝထဲ၌ ရှိသကဲ့သို့၊ အမှုအရာများ အဆင်ပြေနေသည့်အခါတွင် ဆိုးဝါးသော အချိန်များကို မကြာခဏ မေ့လျော့တတ်ကြပြီး ၎င်းတို့ထဲမှ မည်သူမျှက ၎င်းတို့ မည်မျှကောင်းချီးမင်္ဂလာ ခံစားခဲ့ရသည်ကို မသိကြသောကြောင့်၊ ဘုရားသခင်သည် ယနေ့ မည်မျှ အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရထားသည်ကို တန်ဖိုးထားရမည်ဟု ၎င်းတို့အား ထပ်သလဲလဲ သတိပေးလေသည်။ မနက်ဖြန်အတွက်၊ ၎င်းတို့သည် ယနေ့ကို ပို၍ပင် တန်ဖိုးထားကြရမည် ဖြစ်ပြီး၊ တိရစ္ဆာန် တစ်ကောင်ကဲ့သို့ သခင်ကို မမှတ်မိဘဲလျက် အမြင့်ကို တက်ပြီး ၎င်းတို့ အသက်ရှင်သည့် ကောင်းချီးမင်္ဂလာများအား မသိနားမလည်မဖြစ်ရ။ ထို့ကြောင့်၊ လူတို့သည် လိမ္မာလာကြသည်၊ မဝါကြွားကြတော့ပေ သို့မဟုတ် မာနမထောင်လွှား ကြတော့သကဲ့သို့၊ ယင်းမှာ လူ၏ သဘောသဘာဝက ကောင်းသည် မဟုတ်ဘဲ၊ ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာသည် လူသားအပေါ် ရောက်လာပြီးဖြစ်သောကြောင့် ဖြစ်သည်ကို ၎င်းတို့ သိလာကြသည်။ ၎င်းတို့အားလုံးသည် ပြစ်တင်ဆုံးမခြင်းကို ကြောက်ရွံ့ကြသောကြောင့်၊ နောက်ထပ် မည်သည့် အရာကိုမျှ မလုပ်ဆောင်ဝံ့ကြချေ။

အောက်ခြေမှတ်စု(များ)-

က။ “ချူမြစ်” ဆိုသည်မှာ ဆန့်ကျင်ဘက် တန်ခိုးအာဏာများကြားက နယ်နိမိတ်ကို တင်စားသောအားဖြင့် ရည်ညွှန်းထားခြင်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။