စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် - အခန်း (၁၉)

လူသားတို့၏ စိတ်ကူးစိတ်သန်းတွင် ဘုရားသခင်သည် အလွန် မြင့်မားပြီး ဉာဏ်မမီနိုင်ဟု ထင်ရသည်။ ယင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ် အကြားတွင် နေထိုင်ခြင်း မရှိသည့်အလားဖြစ်ပြီး ဘုရားသခင်မှာ အလွန် မြင့်မားလှသောကြောင့် လူတို့ကို အထင်အမြင်သေးသည့်အလား ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်သည် ၎င်းတို့ ပြာအဖြစ် ပြောင်းလဲသွားသည့်နေရာ “အုတ်ဂူများ”တွင် မြှုပ်နှံရင်း၊ လူတို့၏ အယူအဆများကို ချိုးဖျက်ကာ အားလုံးကို သုတ်သင်ပယ်ရှင်းလေသည်။ လူသားမျိုးနွယ်၏ အယူအဆများ အပေါ် ဘုရားသခင်၏ သဘောထားသည် ၎င်းတို့ကို သဘောရှိ အနက်ဖွင့်ဆိုရင်း လူသေများအပေါ် သူ၏ သဘောထားနှင့် အလားတူလေသည်။ ယင်းမှာ အယူအဆများက မည်သည့် တုံ့ပြန်ချက်မျှ မရှိဟု ထင်ရသည်။ ထို့ကြောင့် ဘုရားသခင်သည် ဤအမှုကို ကမ္ဘာလောက၏ ဖန်ဆင်းခြင်းမှ ယနေ့ထိ လုပ်ဆောင်နေပြီးဖြစ်ကာ မည်သည့်အခါတွင်မျှ မရပ်တန့်ဖူးပေ။ ဇာတိပကတိကြောင့် လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရကာ ကမ္ဘာမြေကြီးပေါ်က စာတန်၏ လုပ်ရပ်များကြောင့် လူသားများသည် ၎င်းတို့၏ အတွေ့အကြုံများ တစ်လျှောက်တွင် အမျိုးမျိုးသော အယူအဆမျိုးစုံ ဖြစ်ပေါ်စေကြလေသည်။ ဤအရာကို “သဘာဝအလျောက် ဖြစ်ပေါ်မှု” ဟု ခေါ်သည်။ ဤသည်မှာ ကမ္ဘာမြေပေါ်က ဘုရားသခင်၏ အမှု နောက်ဆုံးအဆင့် ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်၏ အမှု၏ နည်းစနစ်သည် ယင်း၏ အထွတ်အထိပ်ကို ရောက်ရှိပြီးဖြစ်ကာ လူတို့အနေဖြင့် ဘုရားသခင်၏ နောက်ဆုံးအမှုတွင် စုံလင်စေခြင်း ခံရနိုင်ကာ၊ နောက်ဆုံးတွင် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းနိုင်ကြဖို့ အလို့ငှာ ဘုရားသခင်သည် လူသားများအား သူ၏ လေ့ကျင့်ပေးခြင်းကို အရှိန်မြှင့်နေသည်။ ယခင်က လူသားမျိုးနွယ်ကြားတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့သာ ရှိခဲ့သော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ပြောဆိုသော နှုတ်ကပတ်တော်များ မရှိခဲ့ပေ။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်အသံဖြင့် ပြောဆိုခဲ့ချိန်တွင်၊ အယောက်တိုင်း အလွန် အံ့အားသင့်သွားကြပြီး၊ ယနေ့၏ နှုတ်ကပတ်တော်များသည် သာ၍ပင် ပဟေဠိဆန်လှသည်။ သူ၏ နှုတ်ကပတ်တော်များ၏ ငါးဆယ်ရာခိုင်နှုန်းသည် မျက်တောင်အဖွင့်အပိတ်များကြားတွင် လာသည့်အတွက်၊ ယင်းတို့၏ အနက်အဓိပ္ပာယ်သည် နားလည်သဘောပေါက်ရန် သာ၍ပင် ခက်ခဲပြီး လူသားများသည် မိန်းမောတွေဝေကြပုံရလေသည်။ “ငါစကားပြောသောအခါ၊ လူတို့သည် ငါ၏ အသံကို မမှိတ်မသုန် အာရုံစိုက်မှုဖြင့် နားထောင်ကြသည်။ ငါ နှုတ်ဆိတ်သောအခါတွင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ‘လုပ်ငန်းများ’ ကို တစ်ဖန် စတင်ကြလေသည်။” ထိုစာပိုဒ်သည် မျက်တောင် အဖွင့်အပိတ်ကြားတွင် ရှိသော စာလုံးတစ်လုံး ပါရှိသည်။ ဤနေရာတွင် သူ ပြောဆိုသကဲ့သို့၊ ဘုရားသခင် ပြောဆိုသည့် အရာသည် သာ၍ရယ်ဖွယ်ဖြစ်လေလေ၊ ယင်းတို့ကို ဖတ်ရှုဖို့ သာ၍များသော လူတို့ကို ဆွဲဆောင်လေလေ ဖြစ်သည်။ လူတို့သည် စိတ်အေးလက်အေး ရှိချိန်တွင် ကိုင်တွယ်ဖြေရှင်း ခံရခြင်းကို လက်ခံနိုင်ကြသည်။ သို့သော် အဓိကအားဖြင့်၊ ဤသည်မှာ သာ၍ များသော လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ၎င်းတို့ နားမလည်ကြသည့်အခါ၊ စိတ်အားလျော့ခြင်း သို့မဟုတ် စိတ်ပျက်ခြင်းတို့မှ တားဆီးရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စာတန်နှင့်ဖြစ်သော စစ်ပွဲထဲက နည်းဗျူဟာတစ်ခု ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ဝင်စားမှု ဆက်ရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့ နားမလည်နိုင်သည့် အချိန်တွင်ပင်လျှင် ယင်းတို့ကို ဆက်လက် အာရုံစိုက်ကြလိမ့်မည် ဖြစ်သည်။ သို့သော် ကိုးကားချက်များ ဝိုင်းရံမထားသည့် သူ၏ နှုတ်ကပတ်တော်များ အားလုံးတွင်လည်း ကြီးမားသည့် ဆွဲဆောင်မှု ရှိလေသည်၊ ထို့ကြောင့် ယင်းတို့သည် သာ၍ သိသာပြီး လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သာ၍ပင် ချစ်မြတ်နိုးစေကာ၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင် နှုတ်ကပတ်တော်၏ ချိုမြိန်မှုကို ခံစားစေလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အမျိုးမျိုး ပုံသဏ္ဌာန်များစွာဖြင့် လာပြီး၊ ထူးကဲဆန်းစုံကာ အမျိုးမျိုး ကွဲပြားခြားနားသည်နှင့်အမျှ၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာထဲတွင် နာမ်များ ထပ်ကျော့ခြင်းများ မရှိသောကြောင့်၊ ၎င်းတို့၏ တွေ့မြင်ခံစားမှုအာရုံထဲတွင် လူတို့က ဘုရားသခင်သည် အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ အိုဟောင်းသွားခြင်းမရှိဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့်- “ငါသည် လူတို့အား ‘သုံးစွဲသူများ’ မျှသာ ဖြစ်ရန် မတောင်းဆိုပေ။ ၎င်းတို့အား စာတန်ကို အနိုင်ယူသည့် ‘ထုတ်လုပ်သူများ’ ဖြစ်ရန်လည်း ငါတောင်းဆိုသည်။” ထိုဝါကျထဲရှိ “စားသုံးသူများ” နှင့် “ထုတ်လုပ်သူများ” ဟူသည့် စကားလုံးများသည် ယခင်အချိန်များက ပြောခဲ့သည့် အချို့သော စကားလုံးများနှင့် ဆင်တူသော အနက်အဓိပ္ပာယ်များ ရှိသော်လည်း၊ ဘုရားသခင်သည် တရားသေမဆန်ပေ။ ယင်းထက် သူသည် မိမိ၏ ဆန်းသစ်မှုကို လူတို့အား သတိမူမိစေပြီး ထိုသို့ဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားစေလေသည်။ ဘုရားသခင်၏ စကားထဲက ဟာသသည် လူသားမျိုးနွယ်အပေါ် သူ၏ တရားစီရင်ခြင်းနှင့် သူ၏ တောင်းဆိုချက်များ ပါဝင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးက ရည်မှန်းချက်များ ရှိသည်နှင့်အမျှ၊ ထိုနှုတ်ကပတ်တော်များအားလုံး အနက်အဓိပ္ပာယ်များ ရှိသည်နှင့်အမျှ၊ သူ၏ ပြက်လုံးသည် ဝန်းကျင်အခြေအနေကို ပေါ့ပါးသွားစေရန်၊ သို့မဟုတ် လူတို့ကို ဝါးခနဲ ပွဲကျသွားစေရန်သက်သက် မရည်ရွယ်သကဲ့သို့၊ ယင်းသည် ၎င်းတို့၏ ကြွက်သားများ ပြေလျော့စေရန် သက်သက် မရည်ရွယ်ပေ။ ယင်းအစား ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ ကောင်းစွာ လက်သင့်ခံနိုင်ရန် အလို့ငှာ၊ ဘုရားသခင်၏ ဟာသသည် လူတို့ကို နှစ်ပေါင်း ငါးထောင်ကြာ ကျေးကျွန်ဘဝမှ လွတ်မြောက်စေရန်နှင့် မည်သည့်အခါတွင်မျှ တစ်ဖန် ချုပ်နှောင်မခံရစေရန် ရည်ရွယ်လေသည်။ ဘုရားသခင်၏ နည်းစနစ်မှာ ဆေးကို မျိုချဖို့ ဇွန်းတစ်ဇွန်းအပြည့် သကြားကို သုံးဖို့ ဖြစ်သည်။ သူသည် လူတို့ကို ဆေးခါးအား အတင်းမမျိုချစေပေ။ ချိုမြိန်မှုထဲတွင် ခါးသီးမှုရှိပြီး၊ ခါးသီးမှုထဲတွင်လည်း ချိုမြိန်မှုရှိလေသည်။

“အရှေ့အရပ်တွင် အလင်းရောင် ခပ်ရေးရေးမျှ စပေါ်လာသည့်အခါ၊ စကြဝဠာအတွင်းရှိ လူအားလုံးသည် ယင်းကို အနည်းငယ် သာ၍ အာရုံစိုက်ကြလေသည်။ ငိုက်မြည်းခြင်းတွင် နစ်မြုပ်မနေတော့ဘဲလျက်၊ လူသားများသည် ဤအရှေ့အရပ်မှ အလင်းရောင်၏ ရင်းမြစ်ကို လေ့လာရန် ထွက်သွားကြသည်။ ၎င်းတို့၏ တတ်စွမ်းနိုင်မှု နည်းပါးသောကြောင့်၊ မည်သူကမျှ အလင်းရောင် ပေါ်လာသောနေရာဌာနကို မတွေ့မြင်နိုင်ကြသေးပေ။” ဤအရာသည် ဘုရားသခင်၏ သားများနှင့် လူများအကြားတွင်သာမက၊ စကြဝဠာအတွင်းရှိ နေရာအနှံ့တွင် ဖြစ်ပျက်နေပေသည်။ ဘာသာရေး အသိုင်းအဝိုင်းများထဲက လူများနှင့် မယုံကြည်သူများ အားလုံးသည် ဤတုံ့ပြန်ချက် ရှိကြလေသည်။ ဘုရားသခင်၏ အလင်းရောင် ထွန်းလင်းသည့် အခိုက်အတန့်တွင်၊ ၎င်းတို့၏ စိတ်နှလုံးများ တဖြည်းဖြည်းနှင့် ပြောင်းလဲသွားပြီး၊ ၎င်းတို့၏ အသက်တာများက အဓိပ္ပာယ်မဲ့သည်၊ လူသား၏ ဘဝမှာ တန်ဖိုးမရှိဟု ၎င်းတို့ အမှတ်တမဲ့ စတင် ရှာဖွေတွေ့ရှိကြလေသည်။ လူသားများသည် အနာဂတ်ကို လိုက်စားခြင်းမရှိ၊ မနက်ဖြန်ကို ထည့်သွင်းစဉ်းစားခြင်းမရှိ၊ သို့မဟုတ် မနက်ဖြန်နှင့်ပတ်သက်၍ စိုးရိမ်ခြင်းမရှိဘဲ၊ ယင်းထက် ၎င်းတို့ “ငယ်ရွယ်” တုန်း အချိန်တွင် သာ၍ စားသောက်သင့်သည်ဆိုသည်နှင့် နောက်ဆုံးသောနေ့ရက် ရောက်လာသောအခါ ထိုအရာအားလုံး ထိုက်တန်ခြင်း ရှိလိမ့်မည်ဟူသော ထင်မြင်ယူဆချက်ကို စွဲကိုင် ထားကြလေသည်။ လူသားများသည် ကမ္ဘာလောကကို အုပ်စိုးဖို့ မည်သို့မျှ ဆန္ဒမရှိပေ။ လောကကြီးအတွက် လူသားမျိုးနွယ်၏ ချစ်ခြင်း အားမာန်ကို “နတ်ဆိုး” က လုံးဝ ခိုးယူ သွားခဲ့သော်လည်း၊ အရင်းအမြစ်က မည်သည့်အရာဖြစ်သည်ကို မည်သူကမျှ မသိကြချေ။ ၎င်းတို့ လုပ်ဆောင်နိုင်သမျှမှာ၊ ဘုရားသခင်၏ နေ့ရက် ရောက်မလာသေးသည့်အတွက်၊ အချင်းချင်း အကြောင်းကြားရင်း ခေါက်တုံ့ခေါက်ပြန် ပြေးလွှားဖို့ ဖြစ်သည်။ တစ်နေ့တွင် အယောက်တိုင်းသည် ဉာဏ်မမီနိုင်သော နက်နဲမှုအားလုံးအဖို့ အဖြေများကို မြင်တွေ့ကြလိမ့်မည်။ ဤသည်မှာ “လူတို့သည် အိပ်စက်ခြင်းနှင့် အိပ်မက်တို့မှ နိုးထကြပြီး၊ ထိုအခါမှသာ ငါ၏နေ့ရက်သည် ၎င်းတို့အပေါ် တဖြည်းဖြည်း ရောက်ရှိလာပြီးဖြစ်သည်ကို သဘောပေါက်ကြလေသည်။” ဟု ပြောဆိုခဲ့ချိန်တွင် ဘုရားသခင် ရည်ရွယ်ခဲ့သည့်အရာ အတိအကျဖြစ်သည်။ ထိုအချိန် ရောက်ရှိလာသောအခါ၊ ဘုရားသခင်နှင့် သက်ဆိုင်သော လူအားလုံးသည် “ကမ္ဘာမြေပေါ်၌ ငါရှိနေစဉ် ငါ့အတွက် ၎င်းတို့၏ ကဏ္ဍကို လုပ်ဆောင်ဖို့ စောင့်ဆိုင်းရင်း၊” စိမ်းသော သစ်ရွက်များကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထို့ကြောင့် တရုတ်ပြည်ထဲက ဘုရားသခင်၏ လူများထဲမှ များစွာတို့သည် ဘုရားသခင်က သူ၏ အသံကို မြွက်ဆိုသည့် နောက်တွင် ဒုံးရင်းအခြေအနေသို့ ပြန်ရောက်ကြပြီး၊ ထို့ကြောင့် ဘုရားသခင်က၊ “...သော်လည်း အမှန်တရားများကို ပြောင်းလဲရန် စွမ်းအားမဲ့ကြသည်၊ ငါစီရင်ချက်ချမှတ်သည်ကို စောင့်နေရုံမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ကြချေ။” ဟု ပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့ထဲတွင် သုတ်သင်ပယ်ရှင်းခြင်း ခံရမည့် အချို့သောသူများ ရှိလိမ့်ဦးမည်- အားလုံးသည် မပြောင်းမလဲ ရှိနေမည်မဟုတ်ပေ။ ယင်းထက် လူတို့သည် စမ်းသပ်မှု ခံရပြီးသည့်နောက်တွင်သာ စံနှုန်းကို ပြည့်မီနိုင်ကြသည်၊ ယင်းမှတစ်ဆင့် ၎င်းတို့ကို “အရည်အသွေး အောင်လက်မှတ်” ထုတ်ပေးခြင်း ဖြစ်သည်။ သို့မဟုတ်ပါက၊ ၎င်းတို့သည် အမှိုက်ပုံပေါ်က အမှိုက်သရိုက် ဖြစ်လာ ကြပေလိမ့်မည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ စစ်မှန်သော အခြေအနေကို စဉ်ဆက်မပြတ် ထောက်ပြသည်၊ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ နက်နဲမှုကို တိုး၍ ခံစားရသည်။ “အကယ်၍ သူသည် ဘုရားသခင် မဟုတ်ပါက၊ မည်သို့လျှင် ငါတို့၏ အခြေအနေမှန်ကို အလွန်ကောင်းစွာ သိနိုင်မည်နည်း။” သို့သော် လူများ၏ အားနည်းချက်ကြောင့်၊ “လူသားများ၏ နှလုံးသားများထဲတွင် ငါသည် မမြင့်မားသကဲ့သို့၊ နိမ့်ကျလည်း မနိမ့်ကျပေ။ ၎င်းတို့၏ သဘောထားအယူအဆတွင် ငါ တည်ရှိသည်၊ မတည်ရှိသည်မှာ မထူးခြားပေ။” ဤသည်မှာ လက်တွေ့အရှိတရားနှင့် အသင့်တော်ဆုံးဖြစ်သည့် လူအားလုံး၏ အခြေအနေ အတိအကျ ဖြစ်သည် မဟုတ်လော။ လူသားများ၏ သဘောထားအယူအဆတွင်၊ ၎င်းတို့ ရှာဖွေသည့်အချိန်တွင် ဘုရားသခင် တည်ရှိပြီး ၎င်းတို့ မရှာဖွေသည့် အချိန်တွင် မတည်ရှိချေ။ တစ်နည်းဆိုရလျှင်၊ ဘုရားသခင်သည် လူသားများက သူ၏ အကူအညီ လိုအပ်သည့် ခဏတွင် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ တည်ရှိသော်လည်း၊ ၎င်းတို့က သူ့ကို မလိုအပ်တော့သည့်အချိန်တွင် သူသည် မတည်ရှိတော့ချေ။ ဤသည်မှာ လူတို့၏ နှလုံးသားများအတွင်း ရှိသောအရာဖြစ်သည်။ လက်တွေ့အရှိတရားတွင်၊ “ဘုရားမဲ့ဝါဒီများ” အပါအဝင်၊ ကမ္ဘာမြေပေါ်ရှိ အယောက်တိုင်းက ဤသို့ တွေးထင်ကြပြီး၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် ၎င်းတို့၏ “ထင်မြင်ချက်”မှာလည်း မရေမရာနှင့် နားလည်ရန်ခက်ခဲလေသည်။

“ထို့ကြောင့် တောင်များသည် ကုန်းမြေပေါ်ရှိ တိုင်းနိုင်ငံများကြား နယ်နိမိတ်များ ဖြစ်လာကြသည်၊ ရေများသည် မတူညီသည့် ကုန်းမြေများထဲက လူတို့အားခွဲခွာထားရန် အတားအဆီးများဖြစ်လာကြပြီး၊ လေသည်လည်း ကမ္ဘာမြေအထက် ကောင်းကင်တွင် လူတစ်ဦးမှ တစ်ဦးဆီသို့ စီးဆင်းသည့်အရာ ဖြစ်လာသည်။” ဤသည်မှာ ကမ္ဘာလောကကို သူ ဖန်ဆင်းစဉ်တွင် ဘုရားသခင်ပြုခဲ့သော အမှုဖြစ်သည်။ ဤအရာကို ဤနေရာ၌ ဖော်ပြခြင်းသည် လူတို့အတွက် စိတ်ရှုပ်စရာ ဖြစ်သည်- ဘုရားသခင်သည် အခြားသော ကမ္ဘာလောကတစ်ခုကို ဖန်ဆင်းလိုသည်များ ဖြစ်နိုင်မည်လော။ ဤသို့ ပြော၍ ရပေသည်- ဘုရားသခင်သည် စကားပြောဆိုသည့် အကြိမ်တိုင်းတွင်၊ သူ၏ နှုတ်ကပတ်တော်များသည် ကမ္ဘာလောကနှင့်ဆိုင်သည့် ဖန်ဆင်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ဖျက်ဆီးခြင်း ပါဝင်လေသည်။ ထိုအရာများက တစ်ခါတစ်ရံတွင် သိသာထင်ရှားပြီး၊ တစ်ခါတစ်ရံတွင် မရေမရာ ဖြစ်သည်သာ ရှိသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အားလုံးသည် သူ၏ နှုတ်ကပတ်တော်များထဲတွင် သရုပ်ထင်သည်။ ယင်းတို့ကို လူတို့က မခွဲခြားနိုင်သည်သာ ရှိသည်။ လူသားများအပေါ် ဘုရားသခင် ပေးသော ကောင်းချီးမင်္ဂလာများသည် ၎င်းတို့၏ ယုံကြည်ခြင်းကို အဆတစ်ရာ ကြီးထွားစေသည်။ အပြင်ပန်းမှ ယင်းသည် ဘုရားသခင်က ၎င်းတို့ထံ ကတိတစ်ခု ပြုနေသည့်အလား ထင်ရသော်လည်း၊ အနှစ်သာရအားဖြင့် သူ၏နိုင်ငံတော်နှင့် ဆိုင်သည့် လူများအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များ၏ အတိုင်းအတာ ဖြစ်သည်။ အသုံးပြုခြင်းအတွက် သင့်တော်သူများသည် ကျန်ရှိလိမ့်မည် ဖြစ်သော်လည်း၊ မသင့်တော်သောသူများသည် ကောင်းကင်မှ ကျရောက်သော ဘေးဒုက္ခ တစ်ခုထဲတွင် ဝါးမျိုခံရလိမ့်မည်။ “ကောင်းကင် တစ်လျှောက် မြည်ဟည်းနေသည့် မိုးကြိုးသည် လူသားများကို ပစ်ချလိမ့်မည်။ မြင့်မားသော တောင်များသည် ယင်းတို့ ပြိုလဲသည်နှင့်အမျှ လူသားများကို မြှုပ်နှံလိမ့်မည်။ ဆာလောင်မှုဖြင့် ရိုင်းစိုင်းသော သားရဲများသည် ၎င်းတို့ကို ဝါးမြိုကြလိမ့်မည်။ ပြီးလျှင် သမုဒ္ဒရာများသည်လည်း တစ်ဟုန်ထိုး စီးဆင်းလျက်၊ ၎င်းတို့၏ဦးခေါင်းများပေါ် ဖုံးအုပ် သွားလေသည်။ လူသားမျိုးနွယ်သည် ညီအစ်ကိုချင်း သတ်ဖြတ်သည့် ပဋိပက္ခ၌ ပါဝင်ပတ်သက်သည်နှင့်အမျှ၊ လူသားများ အားလုံးသည် ၎င်းတို့အလယ်မှ ပေါ်ထွက် လာနေသည့် ဘေးဒုက္ခများထဲ၌ ၎င်းတို့ကိုယ်တိုင်၏ ပျက်စီးခြင်းကို ရှာဖွေကြလိမ့်မည်။” ဤသည်မှာ စံမမီသောသူများနှင့် နောက်ပိုင်းတွင် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ကယ်တင်ခြင်း မခံရမည့်သူများကို စီရင်မည့် “အထူး ဆက်ဆံခြင်း” ဖြစ်သည်။ ဘုရားသခင်က၊ “ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက် ကျော်လွှား နိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။” ဟူသကဲ့သို့သော အရာများကို သာ၍ ပြောဆိုလေလေ၊ လူများသည် ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်သရေရှိခြင်းကို သာ၍ သတိပြုမိလာလေလေ ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် အသစ်သော အသက်ကို ရှာဖွေရန် ယုံကြည်ခြင်း သာ၍ ရှိကြလေသည်။ ၎င်းတို့က သူ့ကို တောင်းဆိုသည်နှင့်အမျှ ဘုရားသခင်သည် လူသားများကို ထောက်ပံ့ပေးသည်။ ဘုရားသခင်သည် ၎င်းတို့ကို အတိုင်းအတာ တစ်ခုအထိ ဖော်ထုတ်သည်နှင့်တစ်ပြိုင်နက်၊ သူသည် အကောင်းဆုံး ရလဒ် ရရှိဖို့ ကောင်းချီးမင်္ဂလာ သဘောသွားကို အသုံးပြုရင်း၊ သူ၏ ပြောပုံဆိုပုံကို ပြောင်းလဲလိုက်လေသည်။ လူသားမျိုးနွယ်အပေါ် ဤနည်းလမ်းဖြင့် တောင်းဆိုမှုများ ပြုခြင်းသည် သာ၍ လက်တွေ့ကျသော ရလဒ်များကို ဖြစ်ထွန်းစေသည်။ လူအားလုံးသည် ၎င်းတို့၏ အဆင့်တူပုဂ္ဂိုလ်များနှင့် လုပ်ငန်းကို ဆွေးနွေးရန် လိုလားနေကြသောကြောင့်—၎င်းတို့အားလုံးသည် လုပ်ငန်း၌ ကျွမ်းကျင်သူများ ဖြစ်ကြသည်—ဤသည်မှာ ဘုရားသခင်က ဤအရာကို ပြောဆိုရာ၌ ဦးတည်နေသောအရာ အတိအကျ ဖြစ်သည်။ သို့ဆိုလျှင်၊ “သိနိမ်ပြည်” ဆိုသည်မှာ အဘယ်နည်း။ ဤနေရာ၌ ဘုရားသခင်က စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့် ကမ္ဘာမြေပေါ်ရှိ နိုင်ငံတော်ကို ရည်ညွှန်းသည် မဟုတ်ဘဲ၊ ယင်းထက် ဘုရားသခင်ထံမှ လာသော ကောင်းကင်တမန်အားလုံး၏ အစုအဝေးကို ရည်ညွှန်းပေသည်။ “တည်ကြည်လျက် မယိမ်းယိုင်” ဟူသည့် စကားလုံးများမှာ ကောင်းကင်တမန်များသည် စာတန်၏ အင်အားစုများ အားလုံးကို ထိုးဖောက်ကျော်လွှားကြလိမ့်မည် ဖြစ်ပြီး ထိုသို့အားဖြင့် သိနိမ်ပြည်ကို စကြဝဠာတစ်ခွင်လုံးတစ်လျှောက် တည်ထောင်ပေလိမ့်မည်ကို သွယ်ဝိုက်ညွှန်းဆိုပေသည်။ ထို့ကြောင့် သိနိမ်ပြည်၏ တကယ့်အဓိပ္ပာယ်မှာ ကမ္ဘာမြေကြီး ပေါ်ရှိ ကောင်းကင် တမန်အားလုံး၏ အစုအဝေးတစ်ခုဖြစ်ပြီး၊ ဤနေရာတွင် ယင်းက ကမ္ဘာမြေပေါ် ရှိသူများကို ရည်ညွှန်းပေသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ကမ္ဘာမြေကြီး ပေါ်၌ တည်ရှိမည့် နိုင်ငံတော်ကို “သိနိမ်ပြည်” ဟု ခေါ်ဆိုလိမ့်မည် ဖြစ်ပြီး “နိုင်ငံတော်” ဟု ခေါ်ဆိုမည် မဟုတ်။ ကမ္ဘာမြေကြီးပေါ်ရှိ “နိုင်ငံတော်”အဖို့ တကယ့် အနက်အဓိပ္ပာယ် မရှိပေ။ ယင်းသည် အနှစ်သာရအားဖြင့် သိနိမ်ပြည် ဖြစ်သည်။ ထို့ကြောင့် ယင်းတို့ကို သိနိမ်ပြည်၏ အနက်ဖွင့်ခြင်းနှင့် ဆက်စပ်ကြည့်သည့်အခါမှသာ၊ “သင်တို့သည် စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။” ဟူသော နှုတ်ကပတ်တော်များ၏ အနက်အဓိပ္ပာယ်အမှန်ကို သိနိုင်ပေသည်။ ဤအရာက အနာဂတ်တွင် ကမ္ဘာမြေကြီးပေါ်ရှိ လူအားလုံး၏ အဆင့်ကို ပြသသည်။ သိနိမ်ပြည်၏ လူများအားလုံးသည် ပြစ်တင်ဆုံးမခြင်းကို ခံစားရပြီးနောက်တွင် ကမ္ဘာမြေကြီးပေါ်ရှိ လူများအားလုံးကို အုပ်စိုးသော ရှင်ဘုရင်များ ဖြစ်ကြလိမ့်မည်။ သိနိမ်ပြည်သားများ၏ စီမံခန့်ခွဲမှုကြောင့် ကမ္ဘာမြေကြီးပေါ်ရှိ အရာရာတိုင်းသည် ပုံမှန် လည်ပတ်လိမ့်မည်။ ဤသည်မှာ အခြေအနေ၏ အကြမ်းဖျင်း ပုံကြမ်းတစ်ခုထက် ဘာမျှမပိုချေ။ လူသားများအားလုံးသည် ဘုရားသခင်၏ နိုင်ငံတော်အတွင်းတွင် ဆက်ရှိနေမည် ဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် သိနိမ်ပြည်တွင် ကျန်ရစ်ကြလိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိ လူသားများသည် ကောင်းကင်တမန်များနှင့် ဆက်သွယ်နိုင်ကြလိမ့်မည်။ ထိုသို့ဖြင့် ကောင်းကင်နှင့် မြေကြီးသည် ချိတ်ဆက်သွားလိမ့်မည် ဖြစ်သည်၊ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ ကမ္ဘာမြေပေါ်ရှိ လူအားလုံးသည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များ ပြုကြသကဲ့သို့ ဘုရားသခင်အား ကျိုးနွံနာခံကာ ချစ်ကြလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် ဘုရားသခင်သည် ကမ္ဘာမြေပေါ်ရှိ လူအားလုံးထံသို့ ပွင့်လင်းစွာ ပေါ်ထွန်းလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ပကတိ မျက်စိများဖြင့် သူ၏ စစ်မှန်သော မျက်နှာကို မြင်တွေ့ခွင့်ကို ပေးလိမ့်မည်ဖြစ်ကာ သူသည် ၎င်းတို့ထံ အချိန်မရွေး မိမိကိုယ်ကိုယ် ထုတ်ဖော်ပြလိမ့်မည် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။