စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် - အခန်း (၂၂) နှင့် (၂၃)

ယနေ့ အားလုံးသည် ဘုရားသခင်၏အလိုတော်ကို သဘောပေါက်ရန်နှင့် ဘုရားသခင်၏စိတ်သဘောထားကို သိရန် လိုလားနေကြသော်လည်း၊ ၎င်းတို့ လုပ်ဆောင်ဖို့ လိုလားနေသည့်အရာကို အဘယ်ကြောင့် ဆောင်ရွက်နိုင်စွမ်း မရှိကြသည်၊ အဘယ်ကြောင့် ၎င်းတို့၏ စိတ်နှလုံးသားများက အမြဲ ဇာတိရုပ်ကိုပြနေသည်ဆိုသည်နှင့် ၎င်းတို့ လိုချင်သည့်အရာကို အဘယ်ကြောင့် စွမ်းဆောင်မရရှိနိုင်သည်ဆိုသည့် အကြောင်းရင်းကို ၎င်းတို့မသိပေ။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် နောက်တစ်ကြိမ် ကြီးမားသော ကြံရာမရဖြစ်ခြင်းနှင့် ဝိုင်းရံဖိစီးခံရပြီး ၎င်းတို့သည် ကြောက်ရွံ့ခြင်းလည်း ဖြစ်ကြ၏။ ဤကွဲလွဲနေသည့် စိတ်ခံစားမှုများကို ဖော်မပြနိုင်ဘဲ၊ ၎င်းတို့သည် ဝမ်းနည်းမှုဖြင့် ၎င်းတို့၏ဦးခေါင်းများကို ငုံ့ရုံသာငုံ့နိုင်ပြီး၊ မိမိတို့ကိုယ်ကိုယ် မရပ်မနား မေးမိကြလေသည်- “ဘုရားသခင်သည် ငါ့ကို အလင်းမပေးခြင်းများ ဖြစ်နိုင်မည်လော။ ဘုရားသခင်သည် ငါ့ကို တိတ်တဆိတ် စွန့်ပစ်ပြီးပြီများ ဖြစ်နိုင်မည်လော။ အခြားသူ အယောက်တိုင်းသည် အဆင်ပြေနေပြီး၊ ဘုရားသခင်သည် ငါမှလွဲ၍ ၎င်းတို့အားလုံးကို အသိဉာဏ်ပွင့်လင်းစေပြီး ဖြစ်ကောင်းဖြစ်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါဖတ်သည့်အခါ၊ အဘယ်ကြောင့် အမြဲ စိတ်အနှောင့်အယှက် ဖြစ်သနည်း— အဘယ်ကြောင့် မည်သည့်အရာကိုမျှ ငါ သဘောမပေါက်နိုင်သနည်း။” ထိုသို့သော အတွေးများက လူတို့၏စိတ်များတွင် ရှိသော်လည်း၊ မည်သူမျှ ယင်းတို့ကို မဖော်ပြဝံ့ပေ။ ၎င်းတို့သည် အတွင်း၌ ဆက်လက် ရုန်းကန်နေကြရုံသာ ရှိ၏။ အမှန်တွင် ဘုရားသခင်မှလွဲ၍ မည်သူကမျှ သူ၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ခြင်းမရှိ သို့မဟုတ် သူ၏ စစ်မှန်သော အလိုတော်ကို သဘောပေါက်နိုင်ခြင်း မရှိပေ။ သို့ရာတွင် ဘုရားသခင်သည် သူ၏အလိုတော်ကို သဘောပေါက်ရန် လူတို့အား အမြဲတောင်းဆို၏— ဤသည်မှာ ဘဲတစ်ကောင်ကို သစ်ကိုင်း တစ်ကိုင်းပေါ်သို့ မောင်းရန် ကြိုးစားနေခြင်းနှင့် တူသည် မဟုတ်လော။ ဘုရားသခင်သည် လူသား၏ အားနည်းချက်များကို မသိနားမလည်သလော။ ဤသည်မှာ လူတို့ နားမလည်နိုင်သည့် ဘုရားသခင်၏ အမှု၏ ဆုံရာ ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်က “လူသည် အလင်းအလယ်တွင် နေထိုင်သော်ငြားလည်း၊ သူသည် အလင်း၏ အဖိုးတန်မှုကို မသိချေ။ သူသည် အလင်း၏ အနှစ်သာရနှင့် အလင်း၏ အရင်းအမြစ်၊ ထို့အပြင် အလင်းက မည်သူနှင့် သက်ဆိုင်သည် ဆိုသည်တို့ကို မသိနားမလည်ချေ။” ဟု ပြောပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူသားကို ပြောသည့်အရာနှင့် သူ့အပေါ် တောင်းဆိုသည့်အရာအရ၊ လူသား၏ ဇာတိပကတိတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသည့်အရာ မည်သည့်အရာမျှ မရှိသည့်အတွက်၊ မည်သူမျှ ရှင်သန်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချစ်ခင်မြတ်နိုးပြီး တမ်းတခြင်းနှင့် လူသား၏ အခြေအနေကို ညွှန်ပြသည့် ဘုရားသခင်၏ ထိုနှုတ်ကပတ်တော်များကို ၎င်းတို့၏ ကိုယ်ပိုင် အခြေအနေအပေါ် ကျင့်သုံးခြင်းနှင့် ထိုသို့ဖြင့် မိမိတို့ကိုယ်ကိုယ် သိနားလည်လာခြင်း— ဤသည်မှာ အမြင့်ဆုံးသော အဆင့်အတန်း ဖြစ်၏။ နောက်ဆုံးတွင် နိုင်ငံတော် အကောင်အထည်ပေါ်သည့်အခါ၊ ဇာတိပကတိ၌ အသက်ရှင်သည့် လူသည် ဘုရားသခင်၏ အလိုကို နားလည်သဘောပေါက်နိုင်စွမ်း ရှိလိမ့်ဦးမည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြမှုကို လိုအပ်လိမ့်ဦးမည် ဖြစ်သည်— သို့သော် လူတို့သည် စာတန်၏ နှောင့်ယှက်မှု တကယ်ကို မရှိဘဲ ဖြစ်လိမ့်မည် ဖြစ်ပြီး လူသား၏ ပုံမှန် အသက်တာကို ပိုင်ဆိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင် ဖန်ဆင်းထားခဲ့သည့် လူသား၏နဂိုမူလ အနှစ်သာရကို ပြန်လည်ရရှိရန်အလို့ငှာ၊ သူ အဓိက လုပ်ဆောင်သည့် စာတန်ကို အနိုင်ယူရာတွင် ဘုရားသခင်၏ ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်၏စိတ်ထဲတွင်၊ “ဇာတိပကတိ” သည် အောက်ပါအရာကို ရည်ညွှန်းပေသည်- ဘုရားသခင်၏အနှစ်သာရကို သိရှိနိုင်စွမ်း မရှိခြင်း၊ ဝိညာဉ်လောက၏အရေးကိစ္စများကို မြင်နိုင်စွမ်း မရှိခြင်းနှင့်၊ ထို့အပြင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရနိုင်စွမ်း ရှိသော်လည်း၊ ဘုရားသခင့်ဝိညာဉ်တော်၏ လမ်းညွှန်ခြင်းကိုလည်း ခံရနိုင်စွမ်းရှိခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သည့် ဇာတိပကတိ၏အနှစ်သာရ ဖြစ်သည်။ ပင်ကိုအားဖြင့် ယင်းမှာ စနစ်ကျမှု ကင်းမဲ့ခြင်းက ဖြစ်စေသည့် လူသားမျိုးနွယ်၏ဘဝထဲက ပရမ်းပတာ ဖြစ်ခြင်းကို ရှောင်ရှားရန်လည်း ရည်ရွယ်ပေသည်။ ဘုရားသခင် စကားပြောလေလေ၊ သာ၍ ပြတ်သားစွာ သူ စကားပြောလေလေ၊ လူတို့သည် သာ၍ နားလည်လေလေဖြစ်၏။ လူတို့သည် မရည်ရွယ်ဘဲ ပြောင်းလဲကြပြီး၊ မရည်ရွယ်ဘဲ အလင်းတွင် အသက်ရှင်ကြကာ၊ ထိုသို့ဖြင့် “အလင်းကြောင့် ၎င်းတို့သည် ကြီးထွားနေကြကာ၊ အမှောင်ထုကို စွန့်ခွာကြပြီးဖြစ်သည်။” ဤသည်မှာ နိုင်ငံတော်၏ လှပသော မြင်ကွင်းဖြစ်ပြီး၊ အတိတ်တွင် မကြာခဏ ပြောဆိုပြီးဖြစ်သည့်၊ “အလင်း၌နေခြင်း၊ သေခြင်းမှခွဲခွာခြင်း” ဖြစ်၏။ သိနိမ်ပြည်သည် မြေကြီးပေါ်၌ အကောင်အထည် ပေါ်လာသည့်အခါတွင်- နိုင်ငံတော် အကောင်အထည် ပေါ်လာသည့်အခါတွင်- ကမ္ဘာမြေပေါ်တွင် စစ်မက်ရှိတော့မည် မဟုတ်။ ငတ်မွတ်ခြင်း၊ ကပ်ဆိုးများနှင့် မြေငလျင်များ နောက်ထပ် မည်သည့်အခါမျှ ရှိတော့မည် မဟုတ်ပေ။ လူတို့သည် လက်နက်များထုတ်လုပ်မှုကို ရပ်စဲကြလိမ့်မည် ဖြစ်သည်။ အားလုံးသည် ငြိမ်းချမ်းခြင်းနှင့် တည်ငြိမ်ခြင်းတွင် အသက်ရှင်ကြလိမ့်မည်။ ပြီးလျှင် လူတို့ကြားတွင် ပုံမှန်ဆက်ဆံရေးများ ရှိလိမ့်မည် ဖြစ်ပြီး၊ နိုင်ငံများကြားတွင် ပုံမှန်ဆက်ဆံရေးများ ရှိကြလိမ့်မည်။ သို့ရာတွင် ပစ္စုပ္ပန်သည် ဤအရာနှင့် နှိုင်းယှဉ်၍မရပေ။ ကောင်းကင်အောက် အရာခပ်သိမ်းသည် ပရမ်းပတာ ဖြစ်နေပြီး၊ နိုင်ငံအသီးသီးတွင် အာဏာသိမ်းမှုများ တဖြည်းဖြည်း စတင် ပေါ်ပေါက်နေကြ၏။ ဘုရားသခင်၏ မိန့်မြွက်ချက်များ နောက်ပိုင်းတွင်၊ လူတို့သည် တဖြည်းဖြည်း ပြောင်းလဲနေပြီး၊ နိုင်ငံတိုင်းသည် အတွင်းတွင် တဖြည်းဖြည်း အစိတ်စိတ်အမွှာမွှာ ခွဲခြင်းခံနေရ၏။ ဗာဗုလုန်၏ ခိုင်မြဲသော အုတ်မြစ်များသည် သဲပေါ်က ရဲတိုက်တစ်ခုကဲ့သို့ စတင်လှုပ်ခတ်ကာ ဘုရားသခင်၏ အလို ပြောင်းလဲသည်နှင့်အမျှ လောကတွင် သတိမထားမိသည့် မြောက်မြားစွာသော အပြောင်းအလဲများ ဖြစ်ပွားပြီး၊ နိမိတ်လက္ခဏာမျိုးစုံတို့သည် ကမ္ဘာလောက၏ နောက်ဆုံးသော နေ့ရက် ရောက်ရှိပြီဖြစ်သည်ကို ပြသလျက် အချိန်မရွေး ထွက်ပေါ်လေသည်။ ဤသည်မှာ ဘုရားသခင်၏အစီအစဉ်ဖြစ်၏၊ ဤသည်တို့သည် သူအမှုပြုသည့် အဆင့်များဖြစ်ပြီး၊ နိုင်ငံအသီးသီးသည် အစိတ်စိတ်အပိုင်းပိုင်း ခွဲခံရမည်မှာ သေချာ၏၊ အိုဟောင်းသော သောဒုံမြို့သည် ဒုတိယအကြိမ် အမြစ်ပြတ်ချေမှုန်းခံရမည်ဖြစ်ကာ၊ ထို့ကြောင့် ဘုရားသခင်က၊ “ကမ္ဘာလောကသည် ပြိုလဲနေပေပြီ။ ဗာဗုလုန်သည် တုံ့ဆိုင်းခြင်းတွင် ရှိ၏။” ဟု ပြောခြင်းဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်မှလွဲ၍ မည်သူမျှ ဤအရာကို အပြည့်အဝ နားလည်နိုင်စွမ်း မရှိပေ။ စင်စစ်အားဖြင့်၊ လူတို့၏အသိတွင် အကန့်အသတ် ရှိပေ၏။ ဥပမာအားဖြင့်၊ ပြည်ထဲရေးဝန်ကြီးများသည် လက်ရှိအခြေအနေများမှာ မတည်ငြိမ်သကဲ့သို့၊ ပရမ်းပတာဖြစ်နေသည်ကို သိနိုင်မည်ဖြစ်သော်လည်း၊ ၎င်းတို့ကို ဖော်ထုတ်ဖြေရှင်းနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ၎င်းတို့ ဂုဏ်ယူဝင့်ကြွားနိုင်မည့်နေ့ရက်၊ မြေတစ်ပြင်လုံးကို ထွန်းလင်းကာ ဤအရေးကိစ္စများ၏ စိတ်ပျက်စရာကောင်းသည့် အခြေအနေများကို ပြောင်းလဲပေးရင်း၊ အရှေ့အရပ်မှ နောက်တစ်ဖန် နေထွက်လာမည့် နေ့ရက်ကို ၎င်းတို့၏စိတ်နှလုံးတွင် မျှော်လင့်နေလျက်၊ ရေစီးအတိုင်းသာ လိုက်သွားနိုင်ကြ၏။ သို့ရာတွင် ဒုတိယအကြိမ် နေထွက်လာသည့်အခါ၊ ယင်း၏ ပေါ်ထွက်မှုသည် စနစ်ဟောင်းကို ပြန်လည်ဖော်ထုတ်ရန် မရည်ရွယ်သည်ကို ၎င်းတို့ မသိကြပေ- ယင်းသည် နိုးထလာခြင်း၊ မခြွင်းမချန်ပြောင်းလဲမှု ဖြစ်ပေသည်။ ယင်းမှာ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ အစီအစဉ် ဖြစ်၏။ သူသည် ကမ္ဘာသစ်တစ်ခုကို ဖြစ်ပေါ်စေမည်ဖြစ်သည်၊ သို့သော် အရေးအကြီးဆုံးအနေဖြင့် သူသည် ပထမဦးစွာ လူသားကို အသစ်ပြုပြင်မည်ဖြစ်သည်။ ယနေ့ မရှိမဖြစ် အလိုအပ်ဆုံးသောအရာမှာ လူသားမျိုးနွယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ ၎င်းတို့အား အဆင့်အတန်းနှင့်ဆိုင်သည့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခွင့် ပေးခြင်းသက်သက် မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်က၊ နိုင်ငံတော်ထဲတွင်၊ ငါသည် ရှင်ဘုရင်ဖြစ်၏- သို့သော် ငါ့ကို ၎င်း၏ ရှင်ဘုရင်အဖြစ် ဆက်ဆံရမည့်အစား၊ လူသားသည် ငါ့ကို ကောင်းကင်ဘုံမှ သက်ဆင်းလေပြီးသော ကယ်တင်ရှင် အဖြစ် ဆက်ဆံ၏။ အကျိုးဆက်အနေဖြင့်၊ သူ့အား လှူဖွယ်များကို ပေးကမ်းရန် ငါ့ကို သူတောင့်တပြီး၊ ငါနှင့်ပတ်သက်သည့် အသိပညာကို မလိုက်စားချေ။ ဟူ၍ ပြောသည့်အတိုင်းဖြစ်၏။ ယင်းမှာ လူအပေါင်းတို့၏ စစ်မှန်သော အခြေအနေများ ဖြစ်၏။ ယနေ့တွင် အရေးကြီးသည်မှာ လူသား၏ မတင်းတိမ်နိုင်သောလောဘကို လုံးဝ ပပျောက်သွားစေခြင်းဖြစ်သည်၊ ထိုသို့ဖြင့် လူတို့အား ဘုရားသခင်ကို မည်သည့် အရာမျှမတောင်းဆိုဘဲ သိခွင့်ပေးရန် ဖြစ်၏၊ သို့ဖြစ်၍ ဘုရားသခင်က၊ “များစွာသောသူတို့သည် ငါ၏ရှေ့တွင် သူတောင်းစားများကဲ့သို့ အသနားခံကြလေပြီ။ အလွန် များစွာသောသူတို့သည် ၎င်းတို့၏ ‘အိတ်များ’ ကို ငါ့ထံဖွင့်ကြပြီး ရှင်သန်ဖို့ရန် ၎င်းတို့အား အစားအစာပေးဖို့ ငါ့ကို အနူးအညွတ် တောင်းပန်ကြသည်။” ဟု ပြောသည်မှာ မဆန်းပေ။ ဤကဲ့သို့သော အခြေအနေများက လူတို့၏လောဘကို ညွှန်ပြပြီး၊ ယင်းတို့က လူတို့သည် ဘုရားသခင်ကို မချစ်ကြဘဲ၊ ဘုရားသခင်ကို တောင်းဆိုချက်များ ပြုလုပ်သည် သို့မဟုတ် ၎င်းတို့ တောင့်တသည့်အရာများကို ရရန် ကြိုးစားကြသည်ကို ပြသပေသည်။ လူတို့သည် ဆာလောင်သော ဝံပုလွေတစ်ကောင်၏ သဘာဝရှိကြသည်။ ၎င်းတို့အားလုံးသည် ဉာဏ်နီဉာဏ်နက်များပြီး လောဘကြီးသောကြောင့်၊ ဘုရားသခင်သည် ၎င်းတို့၏ လောဘရှိသည့် နှလုံးသားများကို လွှဲပြောင်းပေးရန်နှင့် ဘုရားသခင်အား ရိုးသားစစ်မှန်မှုဖြင့် ချစ်ရန် အတင်းအကျပ်ပြုလျက်၊ နောက်တစ်ကြိမ်ထပ်၍ ၎င်းတို့နှင့်ဆိုင်သည့် သတ်မှတ်ချက်များ ပြုလုပ်လေသည်။ လက်တွေ့အရှိတရားတွင် ယနေ့ထက်ထိ လူတို့သည် ၎င်းတို့၏စိတ်နှလုံးတစ်ခုလုံးကို ဘုရားသခင်အား မပေးရသေးပေ။ ၎င်းတို့သည် တစ်ခါတစ်ရံ မိမိတို့ကိုယ်ကိုယ် အားကိုးလိုက် တစ်ခါတစ်ရံ ဘုရားသခင်ကို အားကိုးလိုက် ဖြစ်လျက်၊ သူ့အပေါ် အပြည့်အဝ မှီခိုလိုက်ခြင်း မရှိဘဲ၊ လှေနံနှစ်ဘက် နင်းကြလေသည်။ ဘုရားသခင်၏အမှုသည် အတိုင်းအတာတစ်ခုထိ ရောက်ရှိပြီးသောအခါ၊ လူအားလုံးသည် စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းတို့ အလယ်တွင် အသက်ရှင်ကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏အလိုတော် ဖြည့်ဆည်း ခံရလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်၏ သတ်မှတ်ချက်များသည် မမြင့်မားပေ။

ကောင်းကင်တမန်များသည် နေ့စဉ် ဝိညာဉ်လောကသို့ ပြန်လာပြီးနောက် လူ့လောကသို့ ဆင်းသက်ရင်း၊ ကောင်းကင်နှင့်မြေကြီးအကြား အလောတကြီးသွားလာလျက်၊ ဘုရားသခင်၏သားများနှင့် လူတို့အကြား စဉ်ဆက်မပြတ် လှုပ်ရှားလျက်ရှိ၏၊ ဤသည်မှာ ၎င်းတို့၏တာဝန် ဖြစ်သည်၊ ထို့ကြောင့် နေ့စဉ် ဘုရားသခင်၏သားများနှင့် လူတို့သည် ထိန်းကျောင်းခြင်းခံရပြီး၊ ၎င်းတို့၏အသက်တာသည် တဖြည်းဖြည်း ပြောင်းလဲ၏။ ဘုရားသခင်က သူ၏ပုံသဏ္ဌာန်ကို ပြောင်းလဲသည့်နေ့တွင်၊ မြေကြီးပေါ်ရှိ ကောင်းကင်တမန်တို့၏အမှုသည် တရားဝင်အဆုံးသတ်မည် ဖြစ်ပြီး၊ ၎င်းတို့သည် ကောင်းကင်နယ်ပယ်သို့ ပြန်သွားကြလိမ့်မည်။ ယနေ့တွင် ဘုရားသခင်၏သားများနှင့် လူတို့အားလုံးသည် တူညီသော အခြေအနေတွင် ရှိကြသည်။ စက္ကန့်များ ကျော်လွန်သွားသည်နှင့်အမျှ၊ လူအားလုံးသည် ပြောင်းလဲနေကြပြီး ဘုရားသခင်၏သားများနှင့် လူတို့သည် တဖြည်းဖြည်း ရင့်ကျက်လာနေကြသည်။ ယှဉ်လိုက်လျှင် ပုန်ကန်သူအားလုံးသည်လည်း အဆင်းနီသောနဂါးကြီး ရှေ့မှောက်တွင် ပြောင်းလဲနေကြ၏၊ လူတို့သည် အဆင်းနီသော နဂါးကြီးကို သစ္စာစောင့်သိခြင်း မရှိကြတော့သကဲ့သို့၊ မကောင်းဆိုးဝါးများသည် ၎င်း၏အစီအစဉ်များနောက် မလိုက်ကြတော့ပေ။ ယင်းအစား ၎င်းတို့သည် “၎င်းတို့ သင့်တော်သည်ဟု မြင်သည့်အတိုင်း ပြုမူကြပြီး၊ အသီးသီးက လုပ်ချင်ရာ လုပ်ကြလေသည်။” ထို့ကြောင့် ဘုရားသခင်က၊ “ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့ မပျက်စီးနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့ မပြိုလဲဘဲ နေနိုင်မည်နည်း။” ဟု ပြောသည့်အခါ၊ ကောင်းကင်သည် တစ်မုဟုတ်ချင်း ဖိနှိပ်လျက် အောက်သို့ဆင်းလာ၏။ ယင်းသည် လူသားမျိုးနွယ်၏အဆုံးကို နိမိတ်ဆိုး ပြနေသည့် မကောင်းသော ခံစားချက် တစ်ခုအလား ဖြစ်၏။...ဤနေရာတွင် ပရောဖက်ပြုထားသည့် အမျိုးမျိုးသော မကောင်းသည့် နိမိတ်လက္ခဏာများသည် အတိအကျအားဖြင့် အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် ဖြစ်ပွားနေသည့် အရာဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်ရှိ မည်သူမျှ မလွတ်မြောက်နိုင်ပေ။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ပရောဖက်ပြုချက် ဖြစ်၏။ ယနေ့တွင် လူအားလုံးသည် အချိန်ကာလ တိုတောင်းသည်ဟူသော စိတ်ထင့်ခြင်းတစ်ခု ရှိကြပြီး၊ ၎င်းတို့အပေါ် ကပ်ဘေးတစ်ခု ကျရောက်တော့မည်ကို ခံစားကြရပုံ ရလေသည်- သို့ရာတွင် ၎င်းတို့သည် လွတ်မြောက်ရန် နည်းလမ်း မရှိပေ၊ ထို့ကြောင့် ၎င်းတို့အားလုံး မျှော်လင့်ချက် မရှိကြချေ။ ဘုရားသခင်က၊ “ငါ့နိုင်ငံတော်၏ “အတွင်းခန်း”ကို နေ့စဉ်နှင့်အမျှ ငါတန်ဆာ ဆင်သည်နှင့်အမျှ၊ မည်သူမျှ ငါ၏အလုပ်ကို နှောင့်ယှက်ရန် ငါ၏ “အလုပ်ခန်း” ထဲသို့ ရုတ်တရက် မဝင်လာဖူးပေ။”ဟု ပြော၏။ အမှန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်မှာ လူတို့သည် ဘုရားသခင်ကို သူ၏နှုတ်ကပတ်တော်များ၌ သိနိုင်ကြသည်ဟု ပြောဖို့သက်သက် မဟုတ်ပေ။ အရေးအကြီးဆုံးမှာ ယင်းတို့က ဘုရားသခင်သည် သူ၏အမှုတော် နောက်တစ်ပိုင်းအဖို့ အသုံးတော်ခံရန် စကြဝဠာတစ်လျှောက် ဖွံ့ဖြိုးတိုးတက်မှု ပုံစံမျိုးစုံကို နေ့စဉ် စီစဉ်နေသည်ကို ယင်းတို့က ညွှန်ပြပေသည်။ သူက၊ “မည်သူမျှ ငါ၏အလုပ်ကို နှောင့်ယှက်ရန် ငါ၏ “အလုပ်ခန်း” ထဲသို့ ရုတ်တရက် မဝင်လာဖူးပေ။”ဟု ပြောရသည့် အကြောင်းရင်းမှာ ဘုရားသခင်သည် ဘုရားသဘောသဘာဝ၌ အမှုပြုပြီး၊ လူတို့သည် သူ၏အမှုတော်၌ ပါဝင်ရန် ဆန္ဒရှိကောင်းရှိနိုင်သော်လည်း၊ ပါဝင်နိုင်စွမ်း မရှိကြခြင်း ဖြစ်သည်။ သင့်ကို ငါ မေးမည်- စကြဝဠာတစ်ခွင်လုံး၏ ဖွံ့ဖြိုးတိုးတက်မှုအားလုံးကို သင် အမှန်တကာ် စီစဉ်နိုင်မည်လော။ မြေကြီးပေါ်ရှိ လူတို့အား ၎င်းတို့၏ဘိုးဘေးများကို သင် အာခံစေနိုင်မည်လော။ စကြဝဠာ တစ်ခွင်လုံးရှိ လူတို့အား ဘုရားသခင်၏အလိုတော်အအတွက် အစေခံရန် သင် ကိုင်တွယ် ထိန်းသိမ်းနိုင်မည်လော။ သင်သည် စာတန်အား ထိန်းမနိုင်သိမ်းမရ သောင်းကျန်း စေနိုင်မည်လော။ သင်သည် လူတို့အား လောကသည် ပျက်စီးယိုယွင်းပြီး အနှစ်မဲ့သည်ဟု ခံစားစေနိုင်မည်လော။ လူတို့သည် ထိုသို့သောအရာများကို တတ်နိုင်စွမ်းမရှိပေ။ အတိတ်ကာလတွင်၊ စာတန်၏ “ကျွမ်းကျင်မှုများ” အပြည့်အဝ မကျရောက်ခဲ့သေးသည့် အချိန်တွင်၊ စာတန်သည် ဘုရားသခင်၏အမှုတော် အဆင့်အသီးသီးတွင် အမြဲ ဝင်ရောက် နှောင့်ယှက်ပေမည်။ ဤအဆင့်တွင် စာတန်သည် လှည့်ကွက်များ ကုန်သွားပြီဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ၎င်း၏စရိုက်မှန်ကို လူတို့သိနိုင်ရန်အလို့ငှာ ၎င်းအား ပြခွင့်ပြု၏။ ဤသည်မှာ “မည်သူမျှ ငါ၏အမှုတော်ကို မနှောင့်ယှက်ဖူးသေးပေ။” ဟူသော နှုတ်ကပတ်တော်များ၏ အမှန်တရား ဖြစ်၏။

နေ့စဉ်၊ အသင်းတော်များ၏ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြပြီး၊ နေ့စဉ် ၎င်းတို့သည် “ခွဲစိတ်စားပွဲ” ပေါ်က ခွဲခြမ်းစိတ်ဖြာဆန်းစစ်ခြင်းအမှုကို ကြုံကြရလေသည်။ ဥပမာအားဖြင့်၊ “၎င်းတို့၏ ရာထူးဆုံးရှုံးမှု၊” “ထုတ်ပယ်ခြင်းခံရမှု၊” “၎င်းတို့၏ ကြောက်ရွံ့မှုများ ပြေပျောက်သွားပြီး တည်ငြိမ်အေးဆေးမှုကို ပြန်လည်ရရှိလျက်၊” “စွန့်ပစ်ခြင်း၊” နှင့် “ခံစားချက်ကင်းမဲ့ခြင်း”— ထိုသို့သော လှောင်ပြောင်သည့် စကားများသည် လူတို့အား “ညှဉ်းဆဲပြီး” အရှက်ရခြင်းဖြင့် ကြက်သေသေသွားစေ၏၊ ခေါင်းအစ ခြေအဆုံး၊ အတွင်းမှအပြင်- ၎င်းတို့၏ကိုယ်ခန္ဓာတစ်ခုလုံး၏ မည်သည့်အစိတ်အပိုင်းမျှသည် ဘုရားသခင် လက်သင့်ခံနိုင်ဖွယ် မဟုတ်သည့်အလား ဖြစ်သည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များဖြင့် လူတို့၏ဘဝများအား အဘယ်ကြောင့် လွန်စွာ ပြောင်တလင်းခါစေသနည်း။ ဘုရားသခင်သည် လူတို့အတွက် အမှုအရာများအား တမင်တကာ ခက်ခဲနေစေသလော။ ယင်းမှာ လူအားလုံး၏မျက်နှာများသည် ဆေးကြော၍မရသည့် ရွှံ့နှင့် ပေကျံသည့်အလား ဖြစ်၏။ နေ့စဉ် ခေါင်းများငုံ့လျက် ၎င်းတို့သည် ရိုက်စား လူလိမ်များအလား ၎င်းတို့၏အပြစ်များအကြောင်း ပြောပြကြ၏။ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန် ခံရပြီးဖြစ်သည်မှာ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် စစ်မှန်သော အခြေအနေများကို အပြည့်အဝ မသိသည်အထိ ဖြစ်၏။ သို့ရာတွင် ဘုရားသခင်အတွက်၊ စာတန်၏အဆိပ်သည် ၎င်းတို့၏ ရိုးတွင်းခြင်ဆီအထိပင် ၎င်းတို့ကိုယ်ခန္ဓာများ၏ အစိတ်အပိုင်းတိုင်း၌ ရှိနေ၏၊ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ ထုတ်ဖော်ပြချက်များ သာ၍ လေးနက်လေလေ၊ လူတို့ သာ၍ ကြောက်ရွံ့လာလေလေ ဖြစ်၏။ ထို့ကြောင့် စာတန်ကို ၎င်းတို့၏ ပကတိမျက်လုံးများဖြင့် မြင်နိုင်စွမ်း မရှိကြသည့်အတွက်၊ လူအားလုံးသည် စာတန်အား သိစေခြင်းခံရကြပြီး၊ လူသားအထဲ၌ စာတန်ကို မြင်ကြရလေသည်။ ပြီးလျှင် အားလုံးသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီး ဖြစ်သည့်အတွက်၊ ဘုရားသခင်သည် လူသား၏သဘာဝကို ဖော်ထုတ်လေသည်- ဆိုလိုသည်မှာ သူသည် စာတန်၏ပုံရိပ်ကို ဖော်ထုတ်သည်- ထိုသို့ဖြင့် လူသားအား စစ်မှန်ပြီး လက်ဆုပ်လက်ကိုင် ပြ၍ရသော စာတန်ကို တွေ့ခွင့်ပေးလေသည်၊ ယင်းမှာ လက်တွေ့ကျသော ဘုရားသခင်အားသိဖို့ ၎င်းတို့အတွက် သာ၍ပင် ကောင်းမွန်ပေသည်။ ဘုရားသခင်သည် လူသားအား လူ့ဇာတိဖြင့် သူ့ကို သိခွင့်ပြုပြီး လူသားအား စစ်မှန်၍ လက်ဆုပ်လက်ကိုင်ပြ၍ရနိုင်သော စာတန်ကို လူအားလုံး၏ ဇာတိပကတိ၌ သိခွင့်ပေးလျက် စာတန်အား ပုံဖော်ပေးလေသည်။ ပြောဆိုထားသည့် အခြေအနေအမျိုးမျိုးသည် စာတန်၏ လုပ်ဆောင်ချက်များ၏ ဖော်ပြချက်များသာ ဖြစ်သည်။ ထို့ကြောင့် ဇာတိပကတိရှိသော သူအားလုံးသည် စာတန်ပုံရိပ်၏ ပြယုဂ်များ ဖြစ်ကြသည်ဟုပြော၍ ရနိုင်ပေသည်။ ဘုရားသခင်သည် သူ၏ရန်သူများနှင့် သဟဇာတမဖြစ်ပေ- ၎င်းတို့သည် အချင်းချင်း ရန်လိုကြပြီး၊ မတူကွဲပြားသော အင်အားစုနှစ်ခု ဖြစ်သည်။ ထို့ကြောင့် မကောင်းဆိုးဝါးများသည် အစဉ်ထာဝရ မကောင်းဆိုးဝါးများ ဖြစ်ကြပြီး၊ ဘုရားသခင်သည် အစဉ်ထာဝရ ဘုရားသခင်ဖြစ်၏၊ ၎င်းတို့သည် မီးနှင့်ရေကဲ့သို့ သဟဇာတ မဖြစ်ချေ၊ ကောင်းကင်နှင့် မြေကြီးကဲ့သို့ အစဉ်ကွဲကွာနေကြ၏။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ချိန်တွင်၊ လူတစ်မျိုးသည် ကောင်းကင်တမန်များ၏ ဝိညာဉ်များ ရှိခဲ့ကြသော်လည်း၊ တစ်မျိုးသည် ဝိညာဉ် မရှိခဲ့ကြပေ။ ထို့ကြောင့် ဒုတိယအမျိုးအစားသည် မကောင်းဆိုးဝါးတို့၏ဝိညာဉ်များ ပူးခြင်းခံခဲ့ရသောကြောင့်၊ ၎င်းတို့ကို မကောင်းဆိုးဝါးများဟု ခေါ်၏။ နောက်ဆုံးတွင် ကောင်းကင်တမန်များသည် ကောင်းကင်တမန်များဖြစ်သည်၊ မကောင်းဆိုးဝါးများသည် မကောင်းဆိုးဝါးများဖြစ်ကာ- ဘုရားသခင်သည် ဘုရားသခင်ဖြစ်၏။ ဤသည်မှာ အသီးသီးက အမျိုးအစားအလိုက်ဟု ဆိုလိုသည့်အရာ ဖြစ်သည်၊ ထို့ကြောင့် ကောင်းကင်တမန်တို့သည် ကမ္ဘာမြေကြီးပေါ်တွင် အုပ်စိုးပြီး ကောင်းချီးမင်္ဂလာတို့ကို ခံစားသည့်အခါတွင်၊ ဘုရားသခင်သည် သူ၏ကျိန်းဝပ်ရာ အရပ်သို့ ပြန်သွားပြီး ကျန်သူများ- ဘုရားသခင်၏ ရန်သူများသည်- ပြာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ အမှန်တွင် လူအပေါင်းတို့သည် အပြင်ပန်းအားဖြင့် ဘုရားသခင်ကို ချစ်ပုံရကြသော်လည်း၊ အရင်းအမြစ်သည် ၎င်းတို့၏ အနှစ်သာရတွင် ရှိ၏- ကောင်းကင်တမန်တို့၏ သဘာဝရှိသော သူတို့သည် ဘုရားသခင်၏လက်မှ လွတ်မြောက်ပြီး အနက်ဆုံးသော တွင်းထဲသို့ မည်သို့ ကျနိုင်မည်နည်း။ ပြီးလျှင် မကောင်းဆိုးဝါးတို့၏ သဘာဝရှိသော သူတို့သည် ဘုရားသခင်အား တစ်ချိန်ချိန်တွင် အမှန်တကယ် မည်သို့ ချစ်နိုင်မည်နည်း။ ထိုသို့သော လူတို့၏ အနှစ်သာရသည် ဘုရားသခင်အား စစ်မှန်သော ချစ်ခြင်းတစ်ခု မဟုတ်ပေ၊ ထို့ကြောင့် ၎င်းတို့သည် နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ အခွင့်အရေး တစ်ချိန်ချိန်တွင် မည်သို့ရှိနိုင်မည်နည်း။ အရာအားလုံးကို ကမ္ဘာလောကအား ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ သူ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်၊ ဘုရားသခင်က၊ “မိုးနှင့်လေထဲတွင် ငါသည် ရှေ့တိုးပြီး၊ လူသားအလယ်တွင် တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးပြီးဖြစ်ကာ၊ မျက်မှောက်ခေတ်သို့ အချိန်မီ ရောက်လာပြီဖြစ်သည်။ ဤအရာများသည် ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များ ဖြစ်သည် မဟုတ်လော။ မည်သူသည် ငါ၏အစီအစဉ်သို့ ဖြည့်စွက်ဖူးသနည်း။ မည်သူသည် ငါ့အစီအစဉ်၏ အဆင့်များမှ ရုတ်တရက် ထွက်ပြေး လွန်မြောက်နိုင်သနည်း။” ဟူ၍ ပြောသည့်အတိုင်းဖြစ်၏။ လူ့ဇာတိခံယူပြီး ဖြစ်လျက်၊ ဘုရားသခင်သည် လူသား၏ဘဝကို တွေ့ကြုံခံစားရမည် ဖြစ်သည်- ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ လက်တွေ့ကျသည့်ဘက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် လူသား၏ အားနည်းချက်ကြောင့် လူသားထံမှ မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားခြင်း မရှိပေ။ ယင်းအစား ဘုရားသခင်က၊ “ငါသည် လူသားအလယ်တွင် တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးပြီးဖြစ်သည်။” ဟူ၍ ပြောသကဲ့သို့သာ အမှန်တရားကို လူသားထံ ဖွင့်ချလေသည်။ သူသည် ကမ္ဘာမြေပေါ်တွင် တစ်နှစ်ပြီး တစ်နှစ် ကျော်လွန်ပြီးဖြစ်သည်မှာ ဘုရားသခင်သည် လူ့ဇာတိခံယူသည့် ဘုရားသခင် ဖြစ်သောကြောင့် အတိအကျ ဖြစ်ပေသည်။ သို့ဖြစ်သောကြောင့်၊ ဖြစ်စဉ်မျိုးစုံကို ကြုံရပြီးသည့်နောက်တွင်သာ သူ့ကို လူ့ဇာတိခံ ဘုရားသခင်ဟု ယူဆ၍ရနိုင်ပြီး၊ ယင်းနောက်တွင်သာ သူသည် လူ့ဇာတိအတွင်း၌ ဘုရားသဘောသဘာဝဖြင့် အမှုပြုနိုင်ပေသည်။ ထို့နောက် နက်နဲမှုအားလုံးကို ထုတ်ဖော်ပြပြီးသည့်နောက်တွင်၊ သူသည် သူ၏ပုံသဏ္ဌာန်ကို လွတ်လွတ်လပ်လပ် ပြောင်းလဲလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က တိုက်ရိုက်ညွှန်ပြခဲ့သည့် “သဘာဝလွန်မဟုတ်ခြင်း” နှင့်ဆိုင်သည့် ရှင်းပြချက်၏ နောက်ထပ်ရှုထောင့် ဖြစ်ပေသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်အသီးသီးအပေါ် ဝတ်ကျေတမ်းကျေပြုခြင်းမရှိဘဲ လက်သင့်ခံဖို့ လိုအပ်ပေသည်— ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်၏။

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။