စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် ဖြည့်စွက်ချက်- အခန်း (၉)

လူတို့၏ စိတ်ကူးစိတ်သန်းထဲတွင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်ပြီး လူသားများသည် လူသားများ ဖြစ်သည်။ ဘုရားသခင်သည် လူသားတို့၏ ဘာသာစကားကို မပြောဆိုသကဲ့သို့၊ လူသားတို့သည်လည်း ဘုရားသခင်၏ ဘာသာစကားကို ပြောဆိုနိုင်ခြင်း မရှိ။ ဘုရားသခင်အဖို့၊ သူနှင့်သက်ဆိုင်သည့် လူသား၏ တောင်းဆိုချက်များကို ဖြည့်ဆည်းခြင်းသည်- ဖြည်းဖြည်းနှင့်မှန်မှန်ဖြင့်- အလွယ်လေး ဖြစ်သော်လည်း၊ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များမှာမူ၊ လူသားများအဖို့ ကြိုးပမ်းမရရှိနိုင်သကဲ့သို့၊ မတွေးဝံ့သောအရာများ ဖြစ်သည်။ သို့ရာတွင် အမှန်တရားမှာ အတိအကျ ဆန့်ကျင်ဘက် ဖြစ်သည်။ ဘုရားသခင်သည် လူသားများ၏ “၀.၁ ရာခိုင်နှုန်း” ကိုသာ တောင်းဆိုသည်။ ဤသည်မှာ လူတို့အဖို့ အံ့အားသင့်ဖွယ် ဖြစ်သည်သာမက၊ ၎င်းတို့ အားလုံးသည် ပင်လယ်၌ ရှိကြသည့်အလား၊ ၎င်းတို့ကိုလည်း အလွန်များစွာ စိတ်ရှုပ်ထွေးသွားစေလေသည်။ လူတို့သည် ဘုရားသခင်၏အလိုတော်နှင့် သက်ဆိုင်သည့် အနည်းငယ်သော အသိပညာ ရရှိပြီးကြသည်မှာ ဘုရားသခင်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် ကျေးဇူးတော်ကြောင့်သာလျှင် ဖြစ်သည်။ သို့သော်လည်း မတ်လ ၁ ရက်နေ့တွင်၊ လူအားလုံးတို့သည် နောက်တစ်ဖန် စိတ်ရှုပ်ထွေးသွားပြီး၊ ပြင်းပြင်းထန်ထန် စဉ်းစားကြလေသည်။ ဘုရားသခင်သည် သူ၏ လူများကို လွင့်မျောနေသော တိမ်များအဖြစ် မဟုတ်ဘဲ၊ ဝင်းလက်တောက်ပသော နှင်းပွင့်များဖြစ်ဖို့ တောင်းဆိုလေသည်။ သို့ဆိုလျှင် ဤ”နှင်းပွင့်”သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ပြီးလျှင် “လွင့်မျောနေသော တိမ်များ” ဆိုသည်မှာ အဘယ်အရာကို ညွှန်ပြသနည်း။ ဤအချိန်တွင်၊ ဘုရားသခင်သည် ဤစကားလုံးများ၏ သာ၍ နက်ရှိုင်းသော အဓိပ္ပာယ်နှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ တမင်တကာ ထုတ်ဖော်ပြခြင်း မရှိချေ။ ဤအရာက လူတို့ကို ရုတ်တရက် စတင် မရေမရာဖြစ်သွားစေပြီး၊ ထိုသို့ဖြင့် အသိပညာကို ၎င်းတို့ ရှာဖွေသည်နှင့်အမျှ ၎င်းတို့၏ ယုံကြည်ခြင်းသည် တိုးပွားလေသည်- ဤသည်မှာ ဘုရားသခင်၏ လူတို့နှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် တိကျသော တောင်းဆိုချက်တစ်ခုဖြစ်ပြီး အခြားမည်သည့်အရာမျှ မဟုတ်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် လူအားလုံးသည် ဤဉာဏ်မမီနိုင်သော နှုတ်ကပတ်တော်များကို တွေးဆရင်း အမှတ်တမဲ့ သာ၍ အချိန် ကုန်ဆုံးနေမိကြသည်ကို မိမိတို့ကိုယ်ကိုယ် ကြုံကြရလေသည်။ အကျိုးဆက်အနေဖြင့်၊ လူတို့၏ ဦးနှောက်များထဲတွင် အမျိုးမျိုးသော အကြံများ ပေါ်ပေါက်လာကြကာ ၎င်းတို့၏ မျက်လုံးများရှေ့တွင် လွင့်မျောနေသော ဆီးနှင်းပွင့်များ လျှပ်တစ်ပြက် ပေါ်လာပြီး မိုးကောင်းကင်တွင် လွင့်မျောနေသော တိမ်များသည် ၎င်းတို့၏ စိတ်များထဲတွင် ချက်ချင်း ထွက်ပေါ်လာကြသည်။ ဘုရားသခင်သည် သူ၏လူများကို နှင်းပွင့်ကဲ့သို့ ဖြစ်ရန်နှင့် လွင့်မျောနေသော တိမ်များကဲ့သို့ မဖြစ်ရန် အဘယ်ကြောင့် တောင်းဆိုသနည်း။ ဤနေရာ၌ စစ်မှန်သော အဓိပ္ပာယ်မှာ အဘယ်အရာနည်း။ ဤစကားလုံးများသည် အတိအကျ အားဖြင့် အဘယ်အရာကို ရည်ညွှန်းသနည်း။ “နှင်းပွင့်”သည် သဘာဝကို လှပစေရုံသာမက စိုက်ပျိုးမွေးမြူရေးမြေအတွက်လည်း ကောင်းမွန်ပေသည်။ ယင်းသည် ဗက်တီးရီးယားပိုးများကို သတ်ခြင်းအတွက် ကောင်းမွန်သည်။ ဆီးနှင်းများ သည်းထန်စွာ ကျပြီးသည့်နောက်တွင် ဗက်တီးရီးယားပိုးများ အားလုံးသည် ဝင်းလက်တောက်ပနေသည့် နှင်းပွင့်များ၏ ဖုံးလွှမ်းခြင်းကို ခံရပြီး နေရာတစ်ခုလုံးသည် အသက်နှင့် ချက်ချင်း ပြည့်လျှမ်းသွားလေသည်။ ထိုနည်းတူ ဘုရားသခင်၏ လူများသည် လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းရမည်သာမက၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တရားအပေါ် မိမိတို့ကိုယ်ကိုယ် ထိန်းသိမ်းကြပ်မတ် ရမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် သာမန် လူ့သဘာဝကို အသက်ရှင်နေထိုင်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ နှင်းပွင့်က သဘာဝကို လှပစေပုံ ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်၏ လူများ၏ ရင့်ကျက်ခြင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံတော် တစ်ခုလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ပြည့်ရန်၊ ဘုရားသခင်၏ ထွန်းလင်းဝင်းပခြင်းဖြင့် ထွန်းလင်းကာ ဘုရားသခင်၏ ဘုန်းတော်နှင့်အတူ လင်းလက်ဖို့အလို့ငှာ၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ရင်းနှင့် ဘုရားသခင်၏ သန့်ရှင်းသော နာမတော်ကို ဖြန့်ဝေရင်းနှင့် ဘုန်းထင်ရှားစေရင်း အဆင်းနီသော နဂါးကြီးကို အဆုံးသတ်စေမည် ဖြစ်သည်။ နေရာတိုင်းတွင် ငြိမ်သက်ခြင်းနှင့် ရောင့်ရဲခြင်း၊ ပျော်ရွှင်ခြင်းနှင့် စိတ်ချမ်းသာခြင်း မြင်ကွင်းများ ရှိလိမ့်မည် ဖြစ်ပြီး၊ အဆက်မပြတ် အသစ်ပြုပြင်သော အလှတရား ရှိလိမ့်မည်။ လတ်တလော တည်ရှိသည့် အမျိုးမျိုးသော ကပ်ဆိုးများသည်- မဖြောင့်မတ်မှု၊ ကောက်ကျစ်မှုနှင့် လှည့်ဖြားမှု၊ ဆိုးယုတ်သော စိတ်ဆန္ဒများ အစရှိသကဲ့သို့သော ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားများသည်- အားလုံး အမြစ်ဖြတ်ခံရလိမ့်မည် ဖြစ်ပြီး၊ ထိုသို့ဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး နှစ်ခုလုံးသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ဤသည်မှာ “ဆီးနှင်းများ သည်းထန်စွာ ကျပြီးသည့်နောက်တွင်” ဆိုသည့်အရာ၏ စစ်မှန်သော အနက်အဓိပ္ပာယ် ဖြစ်သည်။ လွင့်မျောနေသော တိမ်များကဲ့သို့ ဖြစ်ကြသူများသည် ဘုရားသခင် ဖော်ပြသည့် လူအုပ်နောက် လိုက်ကြသည့် လူစားမျိုးများနှင့် ဆင်တူသည်။ အကယ်၍ စာတန်ထံမှ စုံစမ်းနှောင့်ယှက်ခြင်းများစွာ ရှိပါက သို့မဟုတ် ဘုရားသခင်ထံမှ စမ်းသပ်မှုများစွာ ရှိပါက၊ ၎င်းတို့သည် ချက်ချင်း အဝေးသို့ လွင့်မျောသွားပြီး မတည်ရှိကြတော့ချေ။ ၎င်းတို့၏ အနှစ်သာရများပင်လျှင် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားပြီးဖြစ်လျက်၊ ကြွင်းကျန်ရစ်မည် မဟုတ်ပေ။ အကယ်၍ လူတို့သည် လွင့်မျောနေသော တိမ်များကဲ့သို့ ဖြစ်ပါက၊ ထိုသို့သော လူများသည် အချိန်မရွေး သို့မဟုတ် နေရာမရွေး ဆတ်ခနဲ ဖမ်းသွားခြင်းခံရနိုင်သည့် အန္တရာယ် ရှိသည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ကို အသက်ရှင် နေထိုင်နိုင်စွမ်း မရှိကြသည်သာမက၊ ဘုရားသခင်၏ နာမတော်အပေါ်သို့ပင် အရှက်ရစေကြလေသည်။ ၎င်းတို့သည် စာတန်ဝါးမျိုသော အစားအစာ ဖြစ်ကြသည်- ပြီးလျှင် စာတန်က ၎င်းတို့ကို ဖမ်းဆီးသွားချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်လိမ့်မည် ဖြစ်ပြီး၊ စာတန်ကို အစေခံကြပေလိမ့်မည်။ ဤအရာသည် ဘုရားသခင်၏ နာမတော်အပေါ် သိသာထင်ရှားစွာ အရှက်ရစေပြီး၊ အားလုံးထဲမှ ဘုရားသခင် မကျေမချမ်း အဖြစ်ဆုံးသော အရာဖြစ်သည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ ရန်သူများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ပုံမှန်လူတို့၏ အနှစ်သာရ မရှိသကဲ့သို့၊ လက်တွေ့ကျသည့် မည်သည့်တန်ဖိုးမျှလည်း မရှိပေ။ ဘုရားသခင်သည် သူ၏ လူတို့အပေါ် ထိုသို့သော သတ်မှတ်ချက်များ ပြုသည်မှာ ဤအရာကြောင့် ဖြစ်သည်။ သို့သော် ဤနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် တစ်စုံတစ်ရာကို နားလည်ပြီးနောက်တွင်၊ ဘုရားသခင် နှုတ်ကပတ်တော်များ၏ အကြောင်းအရာသည် ဘုရားသခင် ကိုယ်တော်တိုင်ထံ လှည့်သွားပြီး၊ ယင်းသည် လူတို့ကို ခဲယဉ်းသော အနေအထားတစ်ခုသို့ ဆိုက်ရောက် စေသည့်အတွက်၊ လူတို့သည် ဆက်လက်၍ အဘယ်အရာ လုပ်ဆောင်ရမည်ကို မသိဘဲ ရှိကြသည်- “ငါသည် သန့်ရှင်းသောမြေမှ လာခဲ့သောကြောင့်၊ သန့်ရှင်းသောမြေမှ မဟုတ်ဘဲ ရွှံ့နွံထဲမှ လာသည့်အတွက်၊ အမည်သာရှိပြီး အနှစ်သာရ မရှိသည့် ကြာပဒုမ္မာကဲ့သို့ မဟုတ်။” သူ၏ လူများနှင့်သက်ဆိုင်သည့် သူ၏ သတ်မှတ်ချက်များကို ပြောဆိုပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် အဘယ်ကြောင့် သူကိုယ်တိုင်၏ မွေးဖွားခြင်းကို ဖော်ပြသနည်း။ ထိုနှစ်ခုကြားတွင် ဆက်နွှယ်မှုတစ်ခု ရှိခြင်းများ ဖြစ်နိုင်မည်လော။ စင်စစ်အားဖြင့် ၎င်းတို့ကြားတွင် ပင်ကိုဆက်နွှယ်မှုတစ်ခု ရှိသည်။ သို့မဟုတ်ပါက၊ ဘုရားသခင်သည် ယင်းကို လူတို့အား ပြောမည်မဟုတ်။ အရွက်စိမ်းများအကြား၌ ကြာပဒုမ္မာသည် လေပြေလေညင်းဖြင့် ရှေ့နောက်ယိမ်းထိုး၏။ ယင်းမှာ မျက်စိပသာဒ ဖြစ်စရာဖြစ်ပြီး၊ အလွန် ချစ်ခင်မြတ်နိုးခြင်း ခံရသည်။ လူတို့သည် ယင်းအား တကယ်ကို ချစ်၍မဝနိုင်အောင် ဖြစ်ကြပြီး ကြာပန်းပွင့်ကို ခူးပြီး အနီးကပ် ကြည့်ရှုဖို့ ရေထဲသို့ ဆင်းကူးရန် တရွရွဖြစ်နေကြသည်။ သို့သော် ဘုရားသခင်က ကြာပဒုမ္မာသည် ရွှံ့နွံထဲမှ လာကာ အမည်တစ်ခုသာရှိပြီး အနှစ်သာရ မရှိဟု ပြောဆိုသည်။ ဘုရားသခင်သည် ကြာပဒုမ္မာများကို အရေးမထား ပုံရပြီး၊ သူသည် ယင်းတို့ကို စက်ဆုပ်ရွံရှာခြင်း အချို့ရှိသည်ကို သူ၏ နှုတ်ကပတ်တော်များက သိသာထင်ရှားစေသည်။ ခေတ်ကာလများ တစ်လျှောက်တွင်၊ များစွာသောသူတို့သည် ကြာပဒုမ္မာများက အညစ်အကြေး စွန်းထင်းခြင်းမရှိဘဲ ထွက်ပေါ်လာသောကြောင့်၊ ယင်းတို့ကို အလျှံပယ် ချီးမွမ်းကြပြီး၊ ကြာပန်းများသည် တုနှိုင်းမမီသကဲ့သို့ ဖော်မပြနိုင်လောက်အောင် အံ့သြဖွယ်ကောင်းသည်ဟု စောင်းပါးရိပ်ခြည် ပြောခဲ့ကြပုံပင် ရလေသည်။ သို့သော် ဘုရားသခင်၏ အမြင်တွင်၊ ကြာပဒုမ္မာများသည် သုံးမရပေ- ယင်းသည် ဘုရားသခင်နှင့် လူသားတို့အကြား ကွဲပြားခြားနားမှု အတိအကျ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် လူသားများကြားက ခြားနားမှုသည် မိုးကောင်းကင်၏ အထွတ်နှင့် ကမ္ဘာမြေကြီး၏ တကယ့် အခြေခံအုတ်မြစ်ကြား ကွာဝေးမှုလောက် ကြီးမားကျယ်ပြန့်သည်ကို မြင်နိုင်ပေသည်။ ကြာပဒုမ္မာသည် ရွှံ့နွံမှ လာသောကြောင့်၊ ယင်းလိုအပ်သော အာဟာရဓာတ်များ အားလုံးသည်လည်း ထိုနေရာမှ လာပေသည်။ ကြာပဒုမ္မာသည် ၎င်းကိုယ်၎င်း တကယ်ကို ရုပ်ဖျက်နိုင်ပြီး၊ ထိုသို့ဖြင့် မျက်စိအရသာခံစရာတစ်ခု ပေးလေသည်။ များစွာသောလူတို့သည် ကြာပဒုမ္မာ၏ အပြင်ပန်းအလှကိုသာ မြင်ကြသော်လည်း အတွင်းက ဖုံးကွယ်ထားသည့် အသက်တာသည် ညစ်ညူးပြီး၊ မစင်ကြယ်သည်ကို မည်သူမျှ မမြင်ပေ။ ထို့ကြောင့်၊ ဘုရားသခင်က ယင်းသည် အမည်တစ်ခုသာ ရှိပြီး အနှစ်သာရ မရှိဟု ပြောဆိုခြင်း ဖြစ်သည်- ယင်းသည် လုံးဝ မှန်ကန်ကာ စစ်မှန်သည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၏ လူများ တူကြသည့်အရာ အတိအကျ ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ထံ ၎င်းတို့၏ ကျိုးနွံနာခံခြင်းနှင့် ယုံကြည်ခြင်းသည် အပေါ်ယံသာ ဖြစ်၏။ ဘုရားသခင်၏ ရှေ့မှောက်တွင်၊ ဘုရားသခင်ကို ၎င်းတို့နှင့်ပတ်သက်၍ စိတ်ကျေနပ်စေဖို့အလို့ငှာ၊ ၎င်းတို့သည် မျက်နှာလို မျက်နှာရလုပ်ကြပြီး မိမိတို့ကိုယ်ကိုယ် ပြစားဝင့်ဝါကြသည်။ သို့သော်လည်း အတွင်း၌မူ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားနှင့် ပြည့်သိပ်နေကြပြီး ၎င်းတို့၏ ဝမ်းဗိုက်များသည် မစင်ကြယ်မှုများနှင့် ပြည့်နှက်နေကြသည်။ ဤသည်မှာ ဘုရားသခင်က လူသားများထံ ဘုရားသခင်အား ၎င်းတို့၏ သစ္စာစောင့်သိခြင်းသည် မစင်ကြယ်မှုများနှင့် စွန်းထင်းခြင်း ရှိ မရှိ သို့မဟုတ် ယင်းသည် ဖြူစင်ပြီး စိတ်နှလုံးအကြွင်းမဲ့ဖြစ်ခြင်း ရှိ မရှိဆိုသည်ကို မေးမြန်းရင်း မေးခွန်းများ ထုတ်ရသည့်အကြောင်းရင်း ဖြစ်သည်။ ၎င်းတို့သည် အစေခံသူများ ဖြစ်ခဲ့ချိန်တွင်၊ များစွာသော လူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ချီးမွမ်းခဲ့သော်လည်း၊ ၎င်းတို့၏ နှလုံးသားများထဲ၌ သူ့ကို ကျိန်ဆဲခဲ့ကြသည်။ ၎င်းတို့၏ စကားများဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခဲ့ကြသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ သူ့ကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ နှုတ်များသည် အပျက်သဘောဆောင်သော စကားများကို မြွက်ဆိုခဲ့ကြပြီး ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်ကို ဆန့်ကျင်ခြင်းအား သိုထားခဲ့ကြသည်။ မိမိတို့၏ လုပ်ရပ်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများပင် ရှိခဲ့သည်- ၎င်းတို့သည် လုံးဝ အကျင့်ပျက်ကာ၊ အဆင်းနီသော နဂါးကြီး၏ စစ်မှန်သော မျက်နှာ၏ ကွက်ကွက်ကွင်းကွင်းဖြစ်ကာ အသက်ပါသော မျက်နှာထားတစ်ခုကို ပေးလျက် ဆဲရေးတိုင်းထွာသော စကားများကို ၎င်းတို့၏ နှုတ်များဖြင့် ပစ်လွှတ်ခဲ့ကြပြီး၊ ၎င်းတို့၏ လက်များဖြင့် လက်ဟန်ခြေဟန်ဖြင့် ပြောဆိုခဲ့ကြသည်။ ထိုသို့သော လူများသည် အဆင်းနီသော နဂါးကြီး၏ သားပေါက်များဟု ခေါ်ဆိုခံရခြင်းကို အမှန်တကယ် ခံထိုက်ကြပေသည်။ သို့သော်လည်း ယနေ့တွင် ၎င်းတို့သည် သစ္စာရှိသော အစေခံသူများ၏ နေရာ၌ ရပ်ကြပြီး၊ ဘုရားသခင်၏ သစ္စာရှိသော လူများဖြစ်ကြသည့်အလား ပြုမူကြလေသည်- အရှက်မဲ့လိုက်လေစွ။ သို့သော် ဤသည်မှာ အံ့သြစရာ မရှိပါပေ။ ၎င်းတို့သည် ရွှံ့နွံမှ လာခဲ့ကြသောကြောင့်၊ မိမိတို့၏ စရိုက်အမှန်ကို မပြသဘဲ မနေနိုင်ကြချေ။ ဘုရားသခင်သည် သန့်ရှင်းပြီး၊ ဖြူစင်ကာ စစ်မှန်ပြီး အမှန်တကယ် ဖြစ်သောကြောင့်၊ သူ၏လူ့ဇာတိသည် ဝိညာဉ်တော်မှ လာသည်။ ဤသည်မှာ တိကျသေချာပြီး မငြင်းနိုင်ပေ။ ဘုရားသခင် ကိုယ်တော်တိုင်အတွက် သက်သေခံနိုင်သည်သာမက၊ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းအဖို့ မိမိကိုယ်ကိုယ်လည်း လုံးဝ ဆက်ကပ်နိုင်လေသည်။ ဤအရာများက ဘုရားသခင်၏ အနှစ်သာရ၏ တစ်ဖက်ကို ကိုယ်စားပြုသည်။ လူ့ဇာတိသည် ဝိညာဉ်တော်ထံမှ ပုံသဏ္ဌာန်တစ်ခုဖြင့် လာသည်ဆိုခြင်းမှာ ဝိညာဉ်တော်က မိမိကိုယ်မိမိ ယူတင်ဝတ်ဆင်သည့် လူ့ဇာတိသည် လူသားများ၏ ဇာတိခန္ဓာနှင့် အခြေခံအားဖြင့် ကွဲပြားခြားနားသည်ဟု ဆိုလိုပြီး ဤကွဲပြားခြားနားချက်သည် ၎င်းတို့၏ ဝိညာဉ်တော်ထဲတွင် အဓိကအားဖြင့် တည်ရှိလေသည်။ “ပုံရိပ်တစ်ခုနှင့် ဝိညာဉ်တော်” က ရည်ညွှန်းသည့်အရာမှာ သာမန်လူ့သဘာဝဖြင့် ဖုံးကာခံထားရခြင်း၏ အကျိုးဆက်အနေဖြင့်၊ ဘုရားသဘောသဘာဝသည် အတွင်းမှ ပုံမှန် အမှုပြုနိုင်ပုံကို ဖြစ်သည်။ ဤသည်မှာ စိုးစဉ်းမျှ သဘာဝလွန်ခြင်း မရှိဘဲ၊ လူ့သဘာဝ၏ ကန့်သတ်ခံထားရခြင်းလည်း မရှိပေ။ “ဝိညာဉ်တော်၏ ပုံရိပ်” သည် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝကို ရည်ညွှန်းပြီး လူ့သဘာဝ၏ ကန့်သတ်ခံထားရခြင်း မရှိပေ။ ထိုသို့ဖြင့် ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားနှင့် စစ်မှန်သော ပုံသဏ္ဌာန်တို့ကို လူ့ဇာတိခံ ခန္ဓာထဲတွင် လုံးဝ အသက်ရှင်နေထိုင်နိုင်လေသည်၊ ယင်းသည် ပုံမှန်ဖြစ်ပြီး မူမှန်သည်သာမက၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ကိုလည်း ပိုင်ဆိုင်လေသည်။ ပထမ လူ့ဇာတိခံ ခန္ဓာသည် လူတို့ စိတ်ကူးကြံစည်၍ ရသည့် ဘုရားသခင်ကိုသာ ပြနိုင်ခဲ့သည်။ ဆိုလိုသည်မှာ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကိုသာ ဆောင်ရွက်နိုင်ခဲ့ပြီး ပရောဖက်ပြုချက်များကိုသာ ပြောဆိုနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏ လက်တွေ့အရှိတရားကို လုံးဝ အသက်ရှင်မနေထိုင်ခဲ့သောကြောင့်၊ ပုံသဏ္ဌာန်တစ်ခုဖြင့် ဝိညာဉ်တော်၏ ပြယုဂ်လည်း မဟုတ်ခဲ့ပေ။ သူသည် ဘုရားသဘောသဘာဝ၏ တိုက်ရိုက် ပေါ်ထွန်းခြင်းသာ ဖြစ်ခဲ့သည်။ ထို့အပြင် သူသည် သာမန်လူ့သဘာဝကို ကျော်လွန်ခဲ့သောကြောင့်၊ သူသည် ပြီးပြည့်စုံသော လက်တွေ့ကျသည့် ဘုရားသခင် ကိုယ်တိုင်ဟု ခေါ်ဆိုခြင်းကို မခံခဲ့ရဘဲ၊ သူနှင့်ပတ်သက်၍ ကောင်းကင်ဘုံရှိ မရေရာသော ဘုရားသခင်နှင့်ဆိုင်သည့် အနည်းငယ်သာ ရှိခဲ့သည်။ သူသည် လူတို့၏ အယူအဆများ၏ ဘုရားသခင် ဖြစ်ခဲ့သည်။ ဤသည်မှာ လူ့ဇာတိခံ ခန္ဓာနှစ်ခုအကြားက ပဓာနကျသော ကွဲပြားခြားနားချက် ဖြစ်သည်။

စကြဝဠာထဲရှိ အမြင့်မားဆုံးသော အဆင့်မှ၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ လှုပ်ရှားမှုတိုင်းနှင့် လူတို့ ပြောဆိုကာ လုပ်ဆောင်သည့် အရာအားလုံးကို စောင့်ကြည့်နေသည်။ သူသည် ၎င်းတို့၏ အတွင်းကျကျ အတွေးအားလုံးကိုပင် မည်သည့်အခါတွင်မျှ မျက်စိလျှမ်းခြင်းမရှိဘဲ၊ အကြွင်းမဲ့ ကြည်လင်ပြတ်သားခြင်းဖြင့် လေ့လာသည်။ ထိုသို့ဖြင့် သူ၏ နှုတ်ကပတ်တော်များသည် လူတို့၏ အတွေးတိုင်းကို ထိုးနှက်လျက်၊ ၎င်းတို့ကို အကြီးအကျယ် စိတ်ထိခိုက်နာကျင်စေကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မလွဲတမ်း အကဲဖြတ်နိုင်ပြီး အမှားကင်းသည်။ “လူတို့သည် ငါ၏ဝိညာဉ်ကို ‘သိကျွမ်း’ ကြသော်ငြားလည်း၊ ၎င်းတို့သည် ငါ့ဝိညာဉ်တော်ကို ပုန်ကန်ပြစ်မှားဆဲ ဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်များသည် လူခပ်သိမ်းတို့၏ အကျည်းတန်သော မျက်နှာအပြင် ၎င်းတို့၏ အတွင်းကျကျ အတွေးများကို ဖွင့်ချပြကာ ကမ္ဘာမြေပေါ်ရှိ အရာအားလုံးကို ငါ၏စိစစ်ခြင်းအလယ်၌ လဲကျကြစေသည်။” ဤအရာမှ လူသားမျိုးနွယ်နှင့် သက်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များသည် အလွန် အားထုတ်မှု မလိုအပ်သော်လည်း၊ လူတို့သည် ဘုရားဝိညာဉ်တော်၏ စိစစ်ခြင်းကို ကြံ့ကြံ့မခံနိုင်ကြဆဲဖြစ်သည်မှာ သိသာထင်ရှားပေသည်။ “သို့သော်၊ လဲကျကြသော်ငြားလည်း ၎င်းတို့၏ နှလုံးသားများသည် ငါ့ထံမှ အဝေးသို့ လမ်းလွဲမသွားဝံ့ပေ။ ဖန်ဆင်းခြင်း အရာဝတ္ထုများ အလယ်တွင်၊ မည်သူသည် ငါ၏ လုပ်ဆောင်ချက်များ၏ အကျိုးဆက်အနေဖြင့် ငါ့ကို မချစ်လာဘဲ ရှိသနည်း။” ဤသည်မှာ ဘုရားသခင်၏ ပြည့်ဝသော ဉာဏ်ပညာနှင့် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို သာ၍ပင် ညွှန်ပြသောအရာ ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏လူတို့သည် အစေခံသူများ၏ အနေအထားတွင် ရှိခဲ့ကြချိန် တွေးခဲ့ကြသည့် အရာရာတိုင်းကို ထုတ်ဖော်ပြလေသည်- ကျရှုံးခြင်း၌ အဆုံးသတ်ခဲ့သော “အရောင်းအဝယ်” ပြီးနောက်တွင်၊ ၎င်းတို့၏ ဦးခေါင်းများထဲက “အထောင်အသောင်းများ” သို့မဟုတ် “သန်းပေါင်းများ” သည် ဘာမျှဖြစ်မလာခဲ့ချေ။ သို့သော် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကြောင့်၊ ပြီးလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ကြောင့်- ၎င်းတို့သည် ဝမ်းနည်းမှုဖြင့် မိမိတို့၏ ဦးခေါင်းများကို ငိုက်စိုက်ချထားသော်လည်း- အပျက်သဘောဆောင်သည့် ပုံသေအတွေးအခေါ်တစ်ခုဖြင့် ဘုရားသခင်ကို အစေခံခဲ့ကြဆဲ ဖြစ်သည်၊ ပြီးလျှင် အတိတ်က ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု အားလုံးသည် အနှစ်မဲ့သော စကားသာ ဖြစ်လာပြီး၊ လုံးဝ မေ့လျော့ခံရလေသည်။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဖြေဖျော်ရန်၊ အချိန်ကို ကုန်လွန်ဖို့ သို့မဟုတ် အချိန်ဖြုန်းရန် ၎င်းတို့နှင့် အခြားအယောက်တိုင်းကို ပျော်ရွှင်စေသည့် အမှုအရာများကို သဘောရှိ လုပ်ဆောင်ခဲ့ကြသည်...။ ဤသည်မှာ လူသားများအလယ် အမှန်တကယ် ဖြစ်နေခဲ့သောအရာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ထံ ဖွင့်ဟပြီး၊ “မည်သူသည် ငါ့နှုတ်ကပတ်တော်များ၏ အကျိုးဆက်အနေဖြင့် ငါ့ကို မတမ်းတဘဲ ရှိသနည်း။ ငါ၏ချစ်ခြင်းမေတ္တာ၏ အကျိုးဆက်အနေဖြင့် မည်သူ့ထံတွင် သံယောဇဉ်တွယ်သည့် ခံစားချက်များ မပေါက်ဖွားသနည်း။” ဟု ပြောဆိုသည်။ ရိုးသားစွာပြောရလျှင်၊ လူသားအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန် လိုလားနေကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် နှစ်သက်ခြင်းမရှိသောသူ ၎င်းတို့အထဲတွင် မည်သူမျှ မရှိပေ။ ယင်းမှာ ၎င်းတို့သည် မိမိတို့၏ သဘာဝများအားဖြင့် ဟန့်တားခြင်း ခံရသည့်အတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ များစွာသောလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဝေးကွာ မနေနိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဘုရားသခင်အား ချစ်ခြင်းသည် ၎င်းတို့၏ အတွင်းတွင် ပြည့်လျှံလာသည်။ ထို့ကြောင့် ဘုရားသခင်သည် နောက်တစ်ဖန် စာတန်ကို ကျိန်ဆိုပြီး နောက်တစ်ကြိမ် ၎င်း၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်လေသည်။ “စာတန်က သောင်းကျန်းပြီး လွန်လွန်ကဲကဲ အာဏာရှင်ဆန်သည့် ဤခေတ်ကာလ” သည် ဘုရားသခင်က ကမ္ဘာမြေကြီးပေါ်၌ သူ၏တရားဝင်ဖြစ်သည့် ကြီးမြတ်သော အမှုကို စတင်သည့် တကယ့်ခေတ်လည်း ဖြစ်သည်။ ထို့နောက် သူသည် ကမ္ဘာလောကကို အမြစ်ဖြတ်သုတ်သင်ခြင်း အမှုကို စတင်သည်။ တစ်နည်းအားဖြင့်၊ စာတန်သည် သောင်းကျန်းလေလေ၊ ဘုရားသခင်၏ နေ့ရက် စောစော ရောက်ရှိလေ ဖြစ်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်သည် စာတန်၏ ကိလေသာလွန်ကျူးခြင်းကို သာ၍ ပြောလေလေ၊ ကမ္ဘာလောကကို ဘုရားသခင် အမြစ်ဖြတ်သုတ်သင်မည့် နေ့ရက်သည် နီးကပ်လာလေ ဖြစ်လိမ့်မည်။ ယင်းမှာ စာတန်ထံသို့ ဘုရားသခင်၏ ကြေညာချက် ဖြစ်သည်။

အဘယ်ကြောင့် ဘုရားသခင်က၊ “ထို့အပြင်၊ ငါ၏ နောက်ကွယ်တွင် ၎င်းတို့သည် ထို ‘ချီးကျူးထိုက်သော’ ယုတ်ညံ့သည့် အပေးအယူများကို ဆောင်ရွက်ကြသည်။ ငါ့ကိုယ်ငါ ယူတင်ဝတ်ဆင်ထားသော လူ့ဇာတိသည် သင်၏လုပ်ရပ်များ၊ သင်၏ အပြုအမူနှင့် သင်၏ စကားများနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ မသိဟု သင်ထင်သလော။” ဟု ထပ်တလဲလဲ ပြောဆိုခဲ့သနည်း။ သူသည် ထိုကဲ့သို့သော နှုတ်ကပတ်တော်များကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ပြောခဲ့သည်မဟုတ်။ ယင်းမှာ အဘယ်ကြောင့်နည်း။ လူတို့သည် ဘုရားသခင်အားဖြင့် နှစ်သိမ့်ခံရပြီး၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ဝမ်းနည်းမှုကို သတိပြုမိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ရှေ့ဆက် ရုန်းကန်လှုပ်ရှားကြသည်နှင့်အမျှ အတိတ်ကို မေ့ရန် ၎င်းတို့အတွက် လွယ်ကူလာလေသည်။ သို့သော် ဘုရားသခင်သည် လူသားများအပေါ် စိုးစဉ်းမျှ မသက်ညှာပေ။ သူသည် ၎င်းတို့၏ အတွေးများကို ဆက်လက် ပစ်မှတ်ထားလေသည်။ ထို့ကြောင့် သူသည် လူတို့ကို မိမိတို့ကိုယ်ကိုယ် သိကြရန်၊ ကာမရာဂလွန်ကျူးမှုကို ရပ်ကြရန်၊ ထို “ချီးကျူးထိုက်သော” ယုတ်ညံ့သည့် အပေးအယူများကို မဆောင်ရွက်ကြတော့ရန် နှင့် လူ့ဇာတိ၌ ဘုရားသခင်ကို နောက်တစ်ဖန် လုံးဝ မလှည့်ဖြားကြရန် အဖန်ဖန် ပြောလေသည်။ လူတို့၏ သဘာဝများ မပြောင်းလဲကြသော်ငြားလည်း၊ ၎င်းတို့ကို အကြိမ်အနည်းငယ် သတိပေးခြင်းတွင် အကျိုးရှိပေသည်။ ဤအရာနောက်တွင်၊ ဘုရားသခင်သည် လူသားများ၏စိတ်နှလုံးများထဲရှိ နက်နဲမှုများကို ထုတ်ဖော်ပြရန် လူသား၏ရှုထောင့်မှ စကားပြောဆိုလေသည်- “နှစ်ပေါင်းများစွာ ငါသည် လေဒဏ်နှင့် မိုးဒဏ်ကို ကြံ့ကြံ့ခံပြီးဖြစ်သည်၊ ထို့ကြောင့် လူ့လောကကြီး၏ ခါးသီးမှုကိုလည်း ငါ တွေ့ကြုံခံစားပြီးဖြစ်သည်။ သို့သော် သာ၍ စေ့စေ့စပ်စပ် ဆင်ခြင်ကြည့်သောအခါ၊ မည်သည့် ချိုမြိန်မှုကမျှ ဇာတိပကတိရှိသည့် လူသားကို ငါ့အပေါ် စိမ်းကားစေဖို့၊ စိတ်ပျက်စေဖို့၊ သို့မဟုတ် အထင်အမြင်သေးစေဖို့ ဖြစ်စေနိုင်ရန်မဆိုထားနှင့်၊ မည်မျှသော မည်သည့် ဆင်းရဲဒုက္ခ ပမာဏကမျှ ဇာတိကပတိရှိသည့် လူသားမျိုးနွယ်ကို ငါအထဲတွင် မျှော်လင့်ချက် မဆုံးရှုံးစေနိုင်ပေ။ ငါ့အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ဆင်းရဲဒုက္ခ ကင်းမဲ့ခြင်း သို့မဟုတ် ချိုမြိန်မှု မရှိခြင်းဖြင့် အမှန်တကယ် ကန့်သတ်ထားပါသလော။” “နေအောက်၌ ရှိသမျှသော အရာတို့သည် အချည်းနှီးဖြစ်ကြ၏။”- ဤနှုတ်ကပတ်တော်များ၌ စင်စစ် အတွင်းကျသော အနက်အဓိပ္ပာယ် ရှိပေသည်။ ထို့ကြောင့် ဘုရားသခင်က အဘယ်အရာကမျှ လူသားများအား သူ၌ထားရှိသော မျှော်လင့်ချက်ကို ဆုံးရှုံးမသွားစေနိုင် သို့မဟုတ် သူ့အပေါ် မစိမ်းကားစေနိုင်ဟု ပြောနေခြင်း ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို မချစ်ပါက၊ ၎င်းတို့သည်လည်း သေဆုံးသွားနိုင်သည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို မချစ်ပါက၊ ၎င်းတို့၏ ဆင်းရဲဒုက္ခသည် အချည်းနှီးဖြစ်ပြီး ၎င်းတို့ မွေ့လျော်ခံစားသည့် ပျော်ရွှင်ခြင်းသည် အနှစ်မဲ့ကာ၊ ၎င်းတို့၏ အပြစ်များ တိုးခြင်း ဖြစ်ပေသည်။ လူတစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်ကို အမှန်တကယ် မချစ်သောကြောင့်၊ ဘုရားသခင်က၊ “ငါ့အတွက် ၎င်းတို့၏ ချစ်ခြင်း မေတ္တာသည် ဆင်းရဲဒုက္ခကင်းမဲ့ခြင်း သို့မဟုတ် ချိုမြိန်မှု မရှိခြင်းဖြင့် အမှန်တကယ် ကန့်သတ်ထားပါသလော။” ဟု ဆိုပေသည်။ လူသားမျိုးနွယ်၏ လောကထဲတွင်၊ ဆင်းရဲဒုက္ခ သို့မဟုတ် ချိုမြိန်ခြင်း မရှိဘဲနှင့် တစ်ဦးတစ်လေသည် မည်သို့ တည်ရှိနိုင်မည်နည်း။ မကြာခဏပင်၊ ဘုရားသခင်သည်၊ “လူသားများသည် ငါ့ကို အမှန်တကယ် မသိကြသည့်အတွက်၊ လူသားတစ်ဦးတစ်ယောက်ကမျှ ငါ၏ မျက်နှာကို အမှန်တကယ် မတွေ့ဖူးပေ သို့မဟုတ် ငါ၏ အသံကို အမှန်တကယ် မကြားဖူးကြချေ။” ဟု ပြောဆိုသည်။ လူသားများက သူ့ကို အမှန်တကယ် မသိကြဟု ဘုရားသခင်က ပြောဆိုသော်လည်း၊ အဘယ်ကြောင့် သူသည် လူသားများအား သူ့ကို သိကျွမ်းရန် တောင်းဆိုရသနည်း။ ဤသည်မှာ ရှေ့နောက်စကားမညီခြင်း မဟုတ်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်ခုစီတိုင်းသည် တိကျသေချာသော ရည်မှန်းချက် ရှိသည်။ လူသားများသည် တိုး၍ ထုံထိုင်းကြပြီးဖြစ်သောကြောင့် ဘုရားသခင်သည် လူသားများ၏ နှလုံးသားများ အသီးသီး၏ ၀.၁ ရာခိုင်နှုန်းကို နောက်ဆုံးတွင် ပိုင်ဆိုင်ရန်အလို့ငှာ လူသားများမှတစ်ဆင့် သူ၏ အမှု ၁၀၀ ရာခိုင်နှုန်းကို လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားကို အသုံးပြုလေသည်။ ယင်းမှာ ဘုရား သခင် အမှုပြုသည့် နည်းစနစ် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ရည်မှန်းချက်များကို ရရှိရန်အလို့ငှာ ထိုသို့ လုပ်ဆောင်ရမည် ဖြစ်သည်။ ဤသည်မှာလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဉာဏ်ပညာ အတိအကျ ဖြစ်သည်။ ဤအရာကို သင်တို့ သဘောပေါက်ပြီလော။

ဘုရားသခင်က “ငါသည် ငါ၏နက်နဲမှုများကို တိုက်ရိုက် ထုတ်ဖော်ပြပြီး လူ့ဇာတိ၌ ငါ၏ အလိုကို ပေါ်လွင်စေသောအခါ၊ သင်တို့သည် အာရုံမစိုက်ကြ။ သင်တို့သည် အသံများကို နားထောင်ကြသော်လည်း၊ ယင်းတို့၏ အနက်အဓိပ္ပာယ်ကို နားမလည်ကြ။ ငါသည် ဝမ်းနည်းခြင်းဖြင့် မွှန်ထူသွားသည်။ ငါသည် လူ့ဇာတိ၌ ရှိသော်ငြားလည်း၊ လူ့ဇာတိ၏ အမှုတော်နှင့်ဆိုင်သည့်အမှုကို မလုပ်ဆောင်နိုင်ပေ။” ဟု ပြောဆိုလေသည်။ တစ်ဖက်တွင် ဤနှုတ်ကပတ်တော်များသည် လူတို့ကို ၎င်းတို့၏ ထုံထိုင်းမှုကြောင့်၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လက်ဦးမှုကို ရယူစေသည်။ အခြားတစ်ဖက်တွင်၊ ဘုရားသခင်သည် လူ့ဇာတိ၌ ရှိသည့် သူ၏ ဘုရားသဘောသဘာဝ၏ စစ်မှန်သော မျက်နှာကို ထုတ်ဖော်ပြသည်။ လူသားများသည် ဝိညာဉ်ရင့်ကျက်မှု အလွန်နုနယ်သောကြောင့်၊ လူ့ဇာတိ၌ ဘုရားသခင် ရှိသည့် အချိန်အတောအတွင်း ဘုရားသဘောသဘာဝ၏ ဖွင့်ပြချက်များသည် ၎င်းတို့၏ လက်သင့်ခံနိုင်စွမ်းနှင့်အညီသာ လာပေသည်။ အမှု၏ ဤအဆင့် အတောအတွင်းတွင်၊ လူအများစုသည် ယင်းကို အပြည့်အဝ လက်သင့်ခံနိုင်စွမ်း မရှိဘဲ နေကြဆဲ ဖြစ်သည်၊ ယင်းက ၎င်းတို့ မည်မျှ သဘောပေါက်လက်ခံလွယ်ခြင်း မရှိကြသည်ကို လုံလုံလောက်လောက် ပြသပေသည်။ ထို့ကြောင့် ဤအမှုအတောအတွင်းတွင်၊ ဘုရားသဘောသဘာဝသည် ၎င်း၏ မူလလုပ်ငန်းဆောင်တာအားလုံးကို မဆောင်ရွက်ပေ။ ယင်းက ထိုလုပ်ငန်းဆောင်တာ၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုကိုသာ ထမ်းဆောင်သည်။ ဤအရာက အနာဂတ် အမှုတွင် ဘုရားသဘောသဘာဝအား လူသားမျိုးနွယ်၏ နာလန်ထလာမှု အခြေအနေနှင့်အညီ တဖြည်းဖြည်း ထုတ်ဖော်ပြလိမ့်မည် ဖြစ်သည်ကို ပြသသည်။ သို့သော် ဘုရားသဘောသဘာဝသည် တဖြည်းဖြည်း မကြီးထွားပေ။ ထို့ထက် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်က အနှစ်သာရအားဖြင့် ပိုင်ဆိုင်သည့်အရာဖြစ်ပြီး လူသားများ၏ ဝိညာဉ်ရင့်ကျက်မှုနှင့် မတူပေ။

ဘုရားသခင်၏ လူသားများကို ဖန်ဆင်းခြင်းတွင် ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်တစ်ခု ရှိ၏၊ ယင်းမှာ ဘုရားသခင်က “အကယ်၍ လူသားမျိုးနွယ်အားလုံးသည် ငါ၏ အမျက်ဒေါသဖြင့် ဖျက်ဆီးခြင်း ခံခဲ့ရမည်ဆိုပါက၊ ကောင်းကင်နှင့် မြေကြီးကို ငါဖန်ဆင်းခြင်း၏ အရေးပါမှုမှာ မည်သည့်အရာ ဖြစ်မည်နည်း။” ဟု ပြောခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ လူသားများ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသည့်နောက်တွင်၊ ဘုရားသခင်သည် သူ၏ မွေ့လျော်မှုအတွက် ၎င်းတို့ထဲမှ တစ်စိတ်တစ်ဒေသကို ရယူရန် စီစဉ်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်သည် လူသားအားလုံး ဖျက်ဆီးခြင်း ခံရဖို့ မဟုတ်သကဲ့သို့၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အနည်းငယ်မျှ ချိုးဖောက်ခြင်းဖြင့် သုတ်သင်ချေမှုန်းခံရဖို့လည်း မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ အလိုတော် မဟုတ်ပေ။ ဘုရားသခင် ပြောဆိုခဲ့သကဲ့သို့၊ ယင်းသည် အဓိပ္ပာယ်မဲ့ပေမည်။ ဘုရားသခင်၏ ဉာဏ်ပညာ ပေါ်လွင်သည်မှာ ဤ “အဓိပ္ပာယ်မရှိမှု” အတိအကျကြောင့်သာ ဖြစ်သည်။ နောက်ဆုံးတွင် သူ့ကို အမှန်တကယ် ချစ်သောသူများကို ရွေးချယ်ရင်း လူအားလုံးကို ပြစ်တင်ဆုံးမရန်၊ တရားစီရင်ရန်နှင့် ထိုးနှက်ရန်အလို့ငှာ များစွာသော နည်းလမ်းဖြင့် စကားပြောဆိုခြင်းနှင့် အမှုပြုခြင်းတို့တွင် သာ၍ ကြီးမားသော အရေးပါမှုပင် ရှိသည် မဟုတ်လော။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ ထုတ်ဖော်ပြခံရသောကြောင့်၊ လူသားများကို ဖန်ဆင်းခြင်းက သာ၍ပင် အရေးပါလာသည်မှာ ဤနည်းဟန်ဖြင့် အတိအကျ ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အများစုသည် ၎င်းတို့ကို လွင့်မျောသွားစေရုံသက်သက် ပြောဆိုထားခြင်း ဖြစ်သည်။ ဤသည်မှာ ရည်မှန်းချက်တစ်ခုကို စွမ်းဆောင်ရရှိရန်အလို့ငှာ ဖြစ်ပြီး၊ ဤအရာသည် သူ၏ နှုတ်ကပတ်တော် တစ်စိတ်တစ်ပိုင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရား အတိအကျ ဖြစ်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။