မိမိကိုယ်ကို သိခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၄၂)

စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ ဖော်ထုတ်ချက်နှင့်အညီ ဖြစ်ပျက်ရမည်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ တစ်ဦးတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အကျည်းတန်သော သဘာဝကို သိရှိနိုင်သည်၊ မိမိ၏ ကိုယ်ပိုင်သဘာဝထဲက စာတန်၏ အမျိုးမျိုးသော အဆိပ်များကို သတိပြုနိုင်သည်၊ မိမိ မိုက်မဲပြီး မသိနားမလည်သည်ကို နားလည်နိုင်ပြီး မိမိ၏ သဘာဝထဲက အားနည်းပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို သတိပြုမိနိုင်သည်။ ဤအရာများကို အပြည့်အဝ သိရှိပြီးသည့်နောက်တွင် သင်သည် မိမိကိုယ်ကို စစ်မှန်စွာ မုန်းတီးနိုင်ပြီး ဇာတိပကတိကို အမှန်တကယ် ပုန်ကန်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်သမတ်တည်း ဆောင်ရွက်နိုင်သည်၊ သင်၏တာဝန်များကို ထမ်းဆောင်နေစဉ်တွင် သမ္မာတရားကို မလျှော့တမ်းလိုက်စားနိုင်သည်၊ သင်၏စိတ်သဘောထား ပြောင်းလဲမှုရှိအောင် စွမ်းဆောင်နိုင်သည်၊ ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူတစ်ယောက် ဖြစ်လာနိုင်သည်။ ထို့နောက်တွင် ပေတရု၏ လမ်းကြောင်းကို သင်စတင်လျှောက်မိနှင့်ပြီး ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်၏ ကျေးဇူးတော်မပါဘဲနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ မပါဘဲ၊ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ မိမိတို့ကိုယ်ကို မပုန်ကန်နိုင်ကြသောကြောင့် ဤလမ်းကြောင်းကို လျှောက်လှမ်းဖို့ ခက်ခဲပေလိမ့်မည်။ ပေတရု၏ စုံလင်ခြင်းလမ်းကြောင်းကို လိုက်လျှောက်ခြင်းသည် အဓိကအားဖြင့် စိတ်ခိုင်မာမှုရှိခြင်း၊ ယုံကြည်ချက် ရှိခြင်းနှင့် ဘုရားသခင်ကို ကိုးစားခြင်းတို့အပေါ် တည်မှီပေသည်။ ထို့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျိုးနွံနာခံရမည်။ အရာခပ်သိမ်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမပါဘဲ လုပ်ဆောင်၍ မရပေ။ ဤအရာများသည် အဓိက ရှုထောင့်များဖြစ်သည်၊ ယင်းထဲမှ မည်သည့်အရာကိုမျှ ချိုးဖောက်၍ မရပေ။ အတွေ့အကြုံထဲတွင် မိမိကိုယ်ကို သိရှိရန် အလွန် ခက်ခဲ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မရှိလျှင် အချည်းနှီးသာဖြစ်သည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်ရန်၊ မိမိကိုယ်ကို သိရှိခြင်းနှင့် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း အပေါ် အာရုံစူးစိုက်ရမည်။ ပေါလု၏ လမ်းကြောင်းသည် အသက်ကို ရှာဖွေခြင်း သို့မဟုတ် မိမိကိုယ်ကို သိရှိခြင်းအပေါ် အာရုံစိုက်ခြင်း လမ်းကြောင်းတစ်ခုမဟုတ်ပေ။ သူသည် အထူးသဖြင့် အမှုကို လုပ်ဆောင်ခြင်း၊ ယင်း၏လွှမ်းမိုးမှုနှင့် အရှိန်အဟုန်အပေါ် အာရုံစိုက်ခဲ့၏။ သူ၏ ကြံရွယ်ချက်မှာ သူ၏ အလုပ်နှင့် ဆင်းရဲဒုက္ခခံစားခြင်း အတွက် အလဲအလှယ်အနေဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိဖို့နှင့် ဘုရားသခင်ထံမှ ဆုလာဘ်များရရှိဖို့ ဖြစ်သည်။ ဤကြံရွယ်ချက်သည် မှားယွင်း၏။ ပေါလုသည် အသက်အပေါ် အာရုံမစိုက်ခဲ့သကဲ့သို့၊ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိခြင်းအပေါ် အရေးထားမှုတစ်ခုတလေမျှ မရှိခဲ့ပေ။ သူသည် ဆုလာဘ်များအပေါ်သာ အာရုံစိုက်ခဲ့သည်။ သူသည် မှားယွင်းသည့် ရည်မှန်းချက်ပန်းတိုင်များ ရှိခဲ့သောကြောင့်၊ သူ လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းသည်လည်း အမှန်ပင် မှားယွင်းခဲ့လေသည်။ ဤအရာကို သူ၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော သဘာဝအားဖြင့် ဖြစ်ပေါ်စေခဲ့ပေသည်။ သိသိသာသာပင်၊ ပေါလုသည် မည်သည့် သမ္မာတရားကိုမှ မပိုင်ဆိုင်ခဲ့သကဲ့သို့၊ သူသည် မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိခဲ့ပေ။ လူတို့ကို ကယ်တင်ခြင်းနှင့် ပြောင်းလဲခြင်းတွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲ၏။ သူ၏ နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ လူတို့အထဲ၌ အသွင်ပြောင်းလဲသော စိတ်သဘောထားများနှင့် ဘုရားသခင်ကို သိရှိနိုင်စွမ်း၊ သူ့ကို ကျိုးနွံနာခံနိုင်စွမ်းနှင့် ပုံမှန်နည်းလမ်းဖြင့် သူ့ကို ကိုးကွယ်နိုင်စွမ်း တို့ကို ပိုင်ဆိုင်ခြင်း၏ ရလဒ်ကို ရရှိဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ အမှုတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ ပေါလု၏ ရှာဖွေခြင်း နည်းလမ်းသည် ဘုရားသခင်၏ အလိုကို တိုက်ရိုက် ချိုးဖောက်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်ပေသည်။ ယင်းသည် ဘုရားသခင်၏အလိုကို လုံးဝ ဆန့်ကျင်ပေသည်။ သို့သော်၊ ပေတရု၏ ရှာဖွေခြင်း နည်းလမ်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီခဲ့သည်၊ သူသည် အသက်အပေါ်၊ စိတ်သဘောထား ပြောင်းလဲမှုများအပေါ် အာရုံစိုက်ခဲ့သည်။ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် လူသားများထဲ၌ ရရှိဖို့ ဘုရားသခင် ဆန္ဒရှိသည့် ရလဒ် အတိအကျ ဖြစ်ပေသည်။ ထို့ကြောင့် ပေတရု၏ လမ်းကြောင်းသည် ကောင်းချီးခံစားရပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိလေသည်။ ပေါလု၏ လမ်းကြောင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆန့်ကျင်သောကြောင့်၊ ဘုရားသခင်သည် ယင်းကို မုန်းတီးကာ ကျိန်ဆဲလေသည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သိရှိရမည်ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏ ရည်ရွယ်ချက်များကို အမှန်တကယ် အပြည့်အဝ နားလည်နိုင်ပါက ဆိုလိုသည်မှာ လူသားထံမှ မည့်သည့်အရာကို ဘုရားသခင် ဖန်တီးလိုသည်ဆိုသည်နှင့် နောက်ဆုံးတွင် မည်သည့်ရလဒ်ကို ရရှိဖို့ သူ ဆန္ဒရှိသည်ဆိုသည်တို့ကို နားလည်ခြင်းဖြစ်သည်။ ထိုအခါမှသာ မည်သည့်လမ်းကြောင်း လိုက်လျှောက်ရမည်ကို တိကျသည့် သိနားလည်မှုတစ်ခု ရှိနိုင်ပေသည်။ သင်သည် ပေတရု၏ လမ်းကြောင်းကို အပြည့်အဝ နားမလည်သကဲ့သို့၊ ယင်းကို လိုက်လျှောက်ဖို့ စိတ်ဆန္ဒတစ်ခု ရှိရုံမျှရှိပါက၊ ၎င်းကို သင်လျှောက်လှမ်းနိုင်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့်၊ သင်သည် အယူဝါဒများစွာ သိကောင်းသိလိမ့်မည်ဖြစ်သော်လည်း၊ နောက်ဆုံးတွင် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ပေ။ သင်သည် အပေါ်ယံ ဝင်ရောက်မှုတစ်ခုကို ပြုလုပ်ကောင်း ပြုလုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း၊ စစ်မှန်သည့် မည်သည့် ရလဒ်ကိုမျှ သင် ရရှိနိုင်လိမ့်မည်မဟုတ်။

မျက်မှောက်ခေတ်တွင် လူအများစုက မိမိကိုယ်ကိုမိမိအပေါ် အလွန်ပင် အပေါ်ယံဆန်သော သိနားလည်ခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့သဘာဝ၏ အစိတ်အပိုင်းဖြစ်သော အမှုအရာများကို ရှင်းလင်းစွာ သိမြင်လာခြင်း လုံးဝမရှိခဲ့ကြပေ။ ၎င်းတို့သည် ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော အခြေအနေ အနည်းငယ်၊ သူတို့ပြုလုပ်တတ်သည့် အမှုအရာများ၊ သို့မဟုတ် သူတို့၏ အားနည်းချက်များ အနည်းငယ်ကိုသာ သိကြပြီး၊ ဤအရာက ၎င်းတို့အား မိမိကိုယ်ကိုသိသည်ဟု ယုံကြည်စေသည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းအနည်းငယ်ကို လိုက်နာကာ အချို့သော ကဏ္ဍများတွင် အမှားမလုပ်မိရန် သေချာစေပြီး၊ ထိုထိုသော ကျူးလွန်ပြစ်မှားခြင်းများ မလုပ်မိအောင် ရှောင်ကြဉ်နိုင်လျှင် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်း၌ စစ်မှန်မှုပိုင်ဆိုင်သည်ဟု မိမိကိုယ်ကို သဘောထားပြီး ကယ်တင်ခံရလိမ့်မည်ဟု ယူဆတတ်ကြသည်။ ဤသည်မှာ လုံးလုံးလျားလျားပင် လူသား၏ စိတ်အထင်ဖြစ်သည်။ ထိုအရာများကို သင်လိုက်နာလျှင် မည်သည့် ကျူးလွန်ပြစ်မှားခြင်းကိုမျှ မလုပ်မိစေဖို့ သင် အမှန်တကယ် ရှောင်ကြဉ်လာနိုင်လိမ့်မည်လော။ စိတ်သဘောထား၌ စစ်မှန်သောပြောင်းလဲမှုကို သင်ရရှိပြီးဖြစ်လိမ့်မည်လော။ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို သင် အမှန်တကယ် အသက်ရှင်နေလိမ့်မည်လော။ သင်သည် ဘုရားသခင်ကို ထိုနည်းအတိုင်း အမှန်ပင် ကျေနပ်စေနိုင်သလော။ လုံးဝကျေနပ်စေနိုင်မည် မဟုတ်၊ ဤသည်မှာ သေချာ၏။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် လူတစ်ဦးက မြင့်မားသော စံနှုန်းများရှိပြီး သမ္မာတရားနှင့် သူ၏ အသက်တာစိတ်သဘောထား၌ အသွင်ပြောင်းလဲမှု အတော်အတန် ရရှိထားသောအခါမှသာ အလုပ်ဖြစ်လေသည်။ ဤသည်မှာ ရှေးဦးစွာ မိမိကိုယ်ကို သိရန် စိတ်နှစ်မြုပ်လုပ်ဆောင်ခြင်းလိုအပ်သည်။ လူတို့၏ မိမိကိုယ်ကို သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကို နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်။ ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကို၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကို မုန်းတီးလိမ့်မည်။ မိမိကိုယ်ကို မုန်းတီးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းကို အားသွန်ခွန်စိုက်လုပ်ရသည်ဟု ယုံကြည်ခြင်းမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝမှာ မည်သည့်အရာဖြစ်သည်ကို မြင်သည့်အခါ၊ မည်မျှအကျည်းတန်ပုံ၊ မည်မျှစက်ဆုပ်ဖွယ်ကောင်းပုံနှင့် မည်မျှသနားဖွယ်ကောင်းပုံကို မြင်သည့်အခါတွင် မိမိကိုယ်ကို အလွန်အမင်း ဂုဏ်ယူနေခြင်း၊ လွန်လွန်ကဲကဲ မာနထောင်လွှားခြင်းနှင့် ယခင်ကဲ့သို့ မိမိကိုယ်ကို အလွန်ပင် ကျေနပ်အားရခြင်းတို့ မရှိတော့ပေ။ “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရာတွင် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံနှုန်းနှင့် ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် မုန်းတီးသည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကို မမုန်းတီးလျှင်၊ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကို အမှန်တကယ် မုန်းတီးခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ပေ။ ဤတွင် ပိုင်ဆိုင်ရမည့် အရာအချို့ရှိသည်။ ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုအလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုသိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုအပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကို ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကို အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ဖျက်ဆီးခံရသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ထို့ကြောင့် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စောဒကတက်လိမ့်မည်မဟုတ်၊ သို့မဟုတ် အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကို မသိရှိသကဲ့သို့ မိမိကိုယ်ကို အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတလေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏။ သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကို မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ အားလုံးကအလွန် နောက်ကျခဲ့ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။