လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည် (အပိုင်း တစ်)
ယခုတွင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌တွင် လူအများစုသည် မကောင်းမှုကို လုပ်ဆောင်ခြင်း မရှိဘဲ မိမိတို့တာဝန်များကို ထိန်းသိမ်းနိုင်ကြသော်လည်း သစ္စာစောင့်သိကြသလော။ ၎င်းတို့သည် မိမိတို့တာဝန်များကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ လုပ်ဆောင်နိုင်ကြသလော။ ကြီးမားသည့် အတိုင်းအတာဖြင့် ၎င်းတို့ စံမမီကြဆဲ ဖြစ်သည်။ လူတို့က မိမိတို့တာဝန်များကို ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်မှာ လူ့သဘာဝ အရေးကိစ္စနှင့် သက်ဆိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မည်သို့ ကောင်းစွာ လုပ်ဆောင်နိုင်သနည်း။ မိမိတို့တာဝန်များကို ကောင်းစွာ လုပ်ဆောင်ရန်အလို့ငှာ မည်သည့်အရာကို ၎င်းတို့ ပိုင်ဆိုင်ရမည်နည်း။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လူတို့သည် စေ့စပ်ကာ အလေးအနက် ထားရမည် ဖြစ်ပြီး မိမိတို့တာဝန်များကို ဖြည့်ဆည်းရမည်။ ထိုအခါမှ ၎င်းတို့၏ စိတ်နှလုံးက တည်ငြိမ်ကာ အေးချမ်းလိမ့်မည် ဖြစ်သည်။ မိမိ၏ တာဝန်များကို ဖြည့်ဆည်းခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ လုံ့လဝီရိယရှိရန်၊ မိမိ၏ တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ရန်၊ မိမိလုပ်သင့်သည့်အရာအားလုံးကို လုပ်ဆောင်ရန် ဆိုလိုသည်။ ဥပမာအားဖြင့် အသင်းတော် ခေါင်းဆောင်တစ်ဦးက သင့်အား တာဝန်တစ်ခု လုပ်ဆောင်ရန် တာဝန်ပေးပြီး ထိုတာဝန်နှင့်ဆိုင်သည့် ရိုးရှင်းသော စည်းမျဉ်းများကို မိတ်သဟာယပြုပေးသော်လည်း အလွန် အသေးစိတ်ကျကျ ပြောဆိုခြင်းမရှိဟု ဆိုပါစို့။ ဤတာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန်အလို့ငှာ သင်မည်သို့ပြုမူဆောင်ရွက်သင့်သနည်း။ (ကျွန်ုပ်တို့၏ အသိစိတ်ကို အမှီပြုရပါမည်။) အနည်းဆုံးအနေဖြင့် ထိုအရာကို လုပ်ဆောင်ရန် မိမိ၏ အသိစိတ်ကို အမှီပြုရမည်။ “မိမိ၏ အသိစိတ်ကို အမှီပြုရမည်” ဟူသည့် ဤစကားများကို မည်သို့အကောင်အထည် ဖော်နိုင်သနည်း။ ဤစကားများကို မည်သို့ကျင့်သုံးသနည်း။ (ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားခြင်းနှင့် ဘုရားသခင်အပေါ် အရှက်ရစေမည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခြင်းအားဖြင့် ဖြစ်ပါသည်။) ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ရာကို လုပ်ဆောင်သည့်အခါ ထိုအရာကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ အကဲဖြတ်လျက် ထပ်တလဲလဲ ချင့်ချိန်ရမည်။ ထိုအရာကို ပြီးစီးသည့်နောက်တွင် သင်၏ စိတ်နှလုံးက အေးချမ်းခြင်း မခံစားရသကဲ့သို့ ထိုအရာနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိနေဆဲဟု ခံစားရပြီး ဆန်းစစ်ပြီးသည့်နောက်တွင် ပြဿနာကို ဧကန်အမှန် ရှာဖွေတွေ့ရှိရပါက ဤအခြေအနေတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုအရာကို အမြန် ပြုပြင်ကာ ပြဿနာကို ဖြေရှင်းရပေမည်။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ (စေ့စပ်ခြင်းနှင့် အသေးစိတ်အချက်များကို အာရုံစိုက်ခြင်း ဖြစ်ပါသည်။) ဤသည်မှာ စေ့စပ်ခြင်းနှင့် အသေးစိတ်အချက်များကို အာရုံစိုက်ခြင်း ဖြစ်သည်။ အလေးအနက်ထားသော၊ တိကျစေ့စပ်သော သဘောထား ဖြစ်သည်။ သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် “ဤအလုပ်ကို ငါ့အား ပေးထားလေပြီ။ ထို့ကြောင့် ငါသိရှိနိုင်ကာ စွမ်းဆောင်ရရှိနိုင်သည့် အတိုင်းအတာအတွင်းတွင် ထိုအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် တတ်နိုင်သမျှ ငါလုပ်ရမည်။ မည်သည့်အမှားကိုမျှ ငါလုပ်၍ မရ” ဟု ဆိုလျက် အလေးအနက်ထားသော၊ တာဝန်ယူတတ်သော သဘောထားကို အခြေခံရမည်။ “အသင့်အတင့်ဖြစ်နေလျှင် တော်လောက်ပြီ” ဟူသည့် စိတ်ထားမျိုး ရှိနေ၍ မရပေ။ သင့်ထံတွင် ဝတ်ကျေတမ်းကျေ ဖြစ်သော စဉ်းစားတွေးခေါ်ပုံ အမြဲရှိနေပါက သင်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ သင်၏ ဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်လော။ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော မိမိတို့စိတ်သဘောထားများ၏ အနိုင်အထက် သွေးဆောင်မှုကို ခံရသည့်အခါ ထိုအရာ ဖြစ်ပေါ်ပေသည်။ ထိုအရာက ၎င်းတို့တာဝန်များတွင် ရရှိသည့် ရလဒ်များကို တိုက်ရိုက် လာထိခိုက်၍ ၎င်းတို့အား ကိုယ့်အလုပ်ကို ကမောက်ကမ ဖြစ်အောင်ပင် လုပ်မိစေပြီး အသင်းတော်အလုပ်ကိုလည်း ထိခိုက်စေသည်။ ဤအကျိုးဆက်မှာ အလွန်ပြင်းထန်၏။ သင်သည် သင်၏တာဝန်ကို တစ်သမတ်တည်း ဝတ်ကျေတမ်းကျေ လုပ်နေပါက ဤသည်မှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ဤသည်မှာ သင်၏ လူ့သဘာဝနှင့် ပတ်သက်နေသည့် ပြဿနာတစ်ခု ဖြစ်သည်။ အသိစိတ်၊ သို့မဟုတ် လူ့သဘာဝမရှိသည့် လူတို့သာ တစ်သမတ်တည်း ဝတ်ကျေတမ်းကျေ လုပ်ကြခြင်း ဖြစ်သည်။ အမြဲ ဝတ်ကျေတမ်းကျေ လုပ်သော လူတို့ကို ယုံကြည်အားထား၍ ရသည်ဟု သင်တို့ထင်သလော။ (မထင်ပါ။) ၎င်းတို့သည် အင်မတန်မှပင် ယုံကြည်အားထား၍ မရပေ။ မိမိတာဝန်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည့် တစ်စုံတစ်ဦးသည် တာဝန်မဲ့သော လူတစ်ဦးဖြစ်ပြီး မိမိလုပ်ရပ်များတွင် တာဝန်မဲ့သော တစ်စုံတစ်ဦးသည် ရိုးသားသော လူတစ်ဦး မဟုတ်။ မယုံကြည်ရသော လူတစ်ဦး ဖြစ်သည်။ မည်သည့်တာဝန်ကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ မယုံကြည်ရသော လူတစ်ဦးသည် ဝတ်ကျေတမ်းကျေသာ လုပ်၏။ သူ၏ အကျင့်စရိုက်က လက်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းတစ်ခုကို မမီသောကြောင့် သူသည် သမ္မာတရားကို မချစ်သကဲ့သို့ ရိုးသားသော လူတစ်ဦးလည်း မုချ မဟုတ်ပေ။ မယုံကြည်ရသော လူတို့ကို ဘုရားသခင်က တစ်ခုတလေ အပ်နှံနိုင်သလော။ လုံးဝ မအပ်နှံနိုင်ပေ။ ဘုရားသခင်သည် လူတို့စိတ်နှလုံး၏ နက်ရှိုင်းသော နေရာများကို စိစစ်သောကြောင့် လှည့်ဖြားတတ်သော လူတို့ကို တာဝန်များ လုပ်ဆောင်ရန် လုံးဝ အသုံးမပြုပေ။ ရိုးသားသူကိုသာ ဘုရားသခင် ကောင်းချီးပေးပြီး ရိုးသား၍ သမ္မာတရားကို ချစ်သောသူတို့အပေါ်သာ သူအမှုပြုသည်။ လှည့်ဖြားတတ်သော လူတစ်ဦးက တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါတိုင်းတွင် ယင်းသည် လူက ပြုလုပ်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး လူ၏ အမှားဖြစ်သည်။ ဝတ်ကျေတမ်းကျေ လုပ်လိုသော လူတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိ။ ၎င်းတို့၏ လူ့သဘာဝသည် ညံ့ဖျင်း၏။ ၎င်းတို့သည် ယုံကြည်၍ မရသကဲ့သို့ အင်မတန်မှပင် အားကိုးအားထားပြု၍လည်း မရနိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သော လူများအပေါ် အမှုပြုလိမ့်မည်လော။ လုံးဝ အမှုပြုမည်မဟုတ်။ ထို့ကြောင့် မိမိတို့တာဝန်များကို ဝတ်ကျေတမ်းကျေ လုပ်လိုသော သူတို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို လုံးဝ ခံရလိမ့်မည် မဟုတ်သကဲ့သို့ သူ၏ အသုံးပြုခြင်းကိုလည်း လုံးဝ ခံရလိမ့်မည် မဟုတ်ပေ။ ဝတ်ကျေတမ်းကျေ လုပ်လိုသောသူ အားလုံးသည် လှည့်ဖြားတတ်ကြသည်။ ဆိုးယုတ်သော ရည်ရွယ်ချက်များ အပြည့်ရှိကြပြီး အသိစိတ်နှင့် အသိတရား လုံးဝ ကင်းမဲ့ကြသည်။ ၎င်းတို့သည် စည်းမျဉ်းများ သို့မဟုတ် အနိမ့်ဆုံး ကန့်သတ်ချက်များ မရှိဘဲ ပြုမူဆောင်ရွက်ကြသည်။ မိမိတို့ကိုယ်ပိုင် ကြိုက်နှစ်သက်မှုများအပေါ်သာ အခြေခံ၍ ပြုမူဆောင်ရွက်ကြပြီး မကောင်းသည့်အရာမျိုးစုံကို လုပ်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့၏ လုပ်ရပ်အားလုံးသည် ၎င်းတို့၏ စိတ်အခြေအနေများအပေါ် အခြေခံသည်။ ၎င်းတို့ ပျော်ရွှင်ပြီး စိတ်ကျေနပ်အားရသည့်အခါ အနည်းငယ် ပို၍ကောင်းစွာ လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့ ဝမ်းနည်းပြီး စိတ်မကျေနပ်သည့်အခါ ဝတ်ကျေတမ်းကျေ လုပ်ကြလိမ့်မည်။ ၎င်းတို့ ဒေါသထွက်လျှင်မူ ထင်ရာမြင်ရာနှင့် မဆင်မခြင်ပြုကာ အရေးကြီးသည့် ကိစ္စများကို နှောင့်နှေးကောင်း နှောင့်နှေးစေနိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင် လုံးဝ မရှိပေ။ သေခြင်းတရားကို ငုတ်တုတ်ထိုင် စောင့်ဆိုင်းရင်း နေ့ရက်ကာလများကို ဤအတိုင်း ကုန်လွန်စေကြသည်။ ထို့ကြောင့် မိမိတို့ တာဝန်များကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြသည့် လူများအား မည်မျှအလေးအနက် တိုက်တွန်းသည်ဖြစ်စေ အသုံးမဝင်သကဲ့သို့ သမ္မာတရားအကြောင်း ၎င်းတို့ကို မိတ်သဟာယပြုပေးခြင်းသည်လည်း အသုံးမဝင်ပေ။ အကြိမ်ကြိမ် ဆိုဆုံးမခြင်း ခံရလင့်ကစား ၎င်းတို့သည် မိမိတို့၏ လမ်းစဉ်များကို ပြုပြင်ရန် ငြင်းဆိုကြသည်။ ၎င်းတို့သည် သနားအကြင်နာမဲ့ကြ၏။ ၎င်းတို့ကို ဖယ်ရှား၍ရသာ ရနိုင်သည်။ ယင်းမှာ အသင့်တော်ဆုံးသော ဆောင်ရွက်ပုံနည်းလမ်းဖြစ်သည်။ သနားအကြင်နာမဲ့သော လူတို့သည် မိမိတို့လုပ်ရပ်များတွင် အနိမ့်ဆုံး ကန့်သတ်ချက်များ မရှိ။ မည်သည့်အရာကမျှ ၎င်းတို့ကို ချုပ်ထိန်း၍ မရပေ။ ထိုသို့သော လူများသည် ကိစ္စရပ်များကို အသိစိတ်ပေါ် အခြေခံ၍ ကိုင်တွယ်နိုင်ကြသလော။ (မကိုင်တွယ်နိုင်ကြပါ။) အဘယ်ကြောင့် မကိုင်တွယ်နိုင်ကြသနည်း။ (၎င်းတို့သည် အသိစိတ် စံနှုန်းများ မပိုင်ဆိုင်ကြသကဲ့သို့ လူ့သဘာဝ သို့မဟုတ် အနိမ့်ဆုံး ကန့်သတ်ချက်များလည်း မရှိကြပါ။) မှန်ပေ၏။ ၎င်းတို့၏ လုပ်ရပ်များတွင် အသိစိတ် စံနှုန်းများ မရှိကြ။ မိမိတို့၏ စိတ်အခြေအနေများပေါ် အခြေခံ၍ မိမိတို့ လုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရင်း ၎င်းတို့၏ ကြိုက်နှစ်သက်မှုများပေါ် အခြေခံ၍ ၎င်းတို့ ပြုမူဆောင်ရွက်ကြလေသည်။ ၎င်းတို့လုပ်ရပ်များတွင် ၎င်းတို့ရရှိသည့် ရလဒ်များက ကောင်းမကောင်းဆိုသည်မှာ ၎င်းတို့၏ စိတ်အခြေအနေပေါ် မူတည်သည်။ ၎င်းတို့၏ စိတ်အခြေအနေ ကောင်းမွန်ပါက ရလဒ်များ ကောင်းမွန်သော်လည်း ၎င်းတို့၏ စိတ်အခြေအနေ မကောင်းပါက ရလဒ်များပါ မကောင်းပေ။ မိမိတာဝန်ကို ဤသို့ လုပ်ဆောင်ခြင်းသည် လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုကို မီနိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို သမ္မာတရား စည်းမျဉ်းများပေါ် အခြေမခံဘဲ မိမိတို့၏ စိတ်အခြေအနေများပေါ် အခြေခံ၍ လုပ်ဆောင်ကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အလွန် ခက်ခဲပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိရန်လည်း ၎င်းတို့အတွက် အလွန် ခက်ခဲသည်။ ရုပ်ပိုင်းဆိုင်ရာ ကြိုက်နှစ်သက်မှုများပေါ် အခြေခံ၍ ပြုမူဆောင်ရွက်သော သူတို့သည် သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။
မည်သည့်အရာကိုမဆို လုပ်ဆောင်ရာတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ပါဝင်သည်။ သမ္မာတရားနှင့် ပတ်သက်သည့် မည်သည့်အရာမဆိုသည် လူတို့၏ လူ့သဘာဝ အရည်အသွေးနှင့်လည်းကောင်း၊ အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့် သဘောထားနှင့်လည်းကောင်း ဆက်စပ်သည်။ အချိန်တော်တော်များများတွင် လူတို့သည် အမှုအရာများကို စည်းမျဉ်းမရှိဘဲ လုပ်ဆောင်သောအခါ ဤသည်မှာ ထိုအရာများနောက်ကွယ်ရှိ စည်းမျဉ်းများကို ၎င်းတို့နားမလည်သောကြောင့်ဖြစ်သည်။ သို့သော် အချိန်တော်တော်များများတွင် လူတို့သည် စည်းမျဉ်းများကို နားမလည်ရုံတင်မကဘဲ နားလည်ချင်စိတ်လည်းမရှိပေ။ ၎င်းတို့သည် ထိုအရာများကို အနည်းငယ်သိနိုင်သော်လည်း ကောင်းကောင်းလုပ်လိုခြင်းမရှိသေးပေ။ ဤစံနှုန်းသည် ၎င်းတို့၏ စိတ်နှလုံးတွင် မရှိသကဲ့သို့ ဤသတ်မှတ်ချက်သည်လည်း မရှိပေ။ ထို့ကြောင့် အမှုအရာများကို ကောင်းစွာလုပ်ဆောင်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ သမ္မာတရားနှင့်ကိုက်ညီပြီး ဘုရားသခင်ကို ကျေနပ်စေသောနည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ လူတို့သည် ၎င်းတို့၏ တာဝန်များကို လက်သင့်ခံနိုင်စွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိ၏ အဓိကအချက်သည် ၎င်းတို့ကြိုးပမ်းသည့်အရာ၊ သမ္မာတရားကို ၎င်းတို့ လိုက်စားခြင်း ရှိမရှိနှင့် အပြုသဘောဆောင်သောအရာများကို ၎င်းတို့ ချစ်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ လူတို့သည် အပြုသဘောဆောင်သောအရာများကို မနှစ်သက်လျှင် သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဤသည်မှာ အလွန်ပင် ဒုက္ခပေးသည်။ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်သော်လည်း အလုပ်လုပ်ပေးကြခြင်းသာ ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ စည်းမျဉ်းများကို သဘောပေါက်နိုင်သည်ဖြစ်စေ၊ သဘောမပေါက်နိုင်သည်ဖြစ်စေ သင်၏တာဝန်ကို သင်၏အသိတရားအား အခြေခံ၍ ထမ်းဆောင်လျှင် သင်သည် အနည်းဆုံးအနေဖြင့် ပျမ်းမျှရလဒ်ကို ရရှိလိမ့်မည်။ ဤသည်ကသာ လက်ခံနိုင်ဖွယ်ဖြစ်သည်။ ထို့နောက်တွင် သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး အမှုအရာများကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လျှင် ဘုရားသခင်၏ သတ်မှတ်ချက်များကို လုံးဝ ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ (လူတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှ ပေးအပ်၍ မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် ဖြစ်ပါသည်။) “မိမိတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှ ပေးအပ်ခြင်း” ဟူသည်ကို မည်သို့နားလည်သင့်သနည်း။ လူတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ စိတ်တစ်ခုလုံးကို နှစ်မြှုပ်လုပ်ကိုင်လျှင် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ရှိသမျှ စွမ်းအင်အားလုံးကို အသုံးပြုလျှင် အစွမ်းရှိသမျှကို ပေးအပ်နေခြင်းဖြစ်သည်။ မိမိ၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှကို ပေးအပ်ရန်မှာ လွယ်ကူသလော။ အသိတရားနှင့် အသိစိတ်တို့ မရှိလျှင် ဤအရာကို စွမ်းဆောင်ရရှိဖို့ မလွယ်ကူပေ။ လူတစ်ဦးသည် စိတ်နှလုံးမရှိလျှင်၊ အသိဉာဏ်ကင်းမဲ့ပြီး ချင့်ချိန်စဉ်းစားရန် မစွမ်းဆောင်နိုင်လျှင်၊ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသောအခါ သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို မသိသကဲ့သို့ ထိုအရာကို လုပ်ဆောင်ရန် နည်းလမ်းများ၊ နည်းစနစ်များလည်း မရှိလျှင် မိမိစိတ်နှလုံးအကြွင်းမဲ့ ပေးအပ်နိုင်စွမ်း ရှိသလော။ သေချာပေါက် မပေးအပ်နိုင်ပေ။ သို့ဆိုလျှင် တစ်စုံတစ်ဦး၌ စိတ်နှလုံး ရှိပါက ထိုသူသည် မိမိစိတ်နှလုံးအကြွင်းမဲ့ ပေးအပ်နိုင်စွမ်း ရှိသလော။ (ရှိပါသည်။) လူတစ်ဦးတွင် စိတ်နှလုံးရှိသော်လည်း မိမိတာဝန်ကို လုပ်ဆောင်ရန် ထိုစိတ်နှလုံးကို အသုံးမပြုဘဲ ထိုအစား ဆိုးယုတ်ပြီး မရိုးဖြောင့်သော လမ်းကြောင်းများကိုသာ စဉ်းစားနေကာ သင့်တင့်လျောက်ပတ်မှု မရှိသည့် အရာများကို လုပ်ဆောင်ရန် ထိုစိတ်နှလုံးကို အသုံးပြုနေပါက ထိုသူသည် မိမိတာဝန်ကို မိမိစိတ်နှလုံးရှိသမျှနှင့် လုပ်နိုင်လိမ့်မည်လော။ (လုပ်နိုင်မည် မဟုတ်ပါ။) ထိုသူအနေဖြင့် ပြုပြင်ခြင်းကို တွေ့ကြုံရပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရှိလာသည့်အပြင် နောင်တရရန် လိုလားလျက်ရှိကြောင်း ဘုရားသခင်ထံ သစ္စာဆိုကာ မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ရှိသော်လည်း အခက်အခဲများ သို့မဟုတ် စုံစမ်းနှောင့်ယှက်မှုများ ကြုံရသည့်အခါ သူ့စိတ်နှလုံး တုန်လှုပ်သည်၊ သူ့တာဝန်ကို စိတ်မပါ့တပါ လုပ်ဆောင်သည် သို့မဟုတ် သူ့အထဲတွင် အပျက်သဘော ဖြစ်ပေါ်လာပြီး သူထွက်ပြေးသွားသည် ဆိုပါစို့။ ဤအချိန်တွင်ထိုသူသည် မိမိစိတ်နှလုံးအကြွင်းမဲ့ ပေးအပ်နိုင်စွမ်း ရှိသလော။ (မရှိပါ။) တစ်စုံတစ်ဦးသည် စိတ်နှလုံးရှိပါက မိမိစိတ်နှလုံးအကြွင်းမဲ့ ပေးအပ်နိုင်စွမ်းရှိသည်ဟု သင်တို့ ယခုတင် ပြောခဲ့ကြသည်။ ထိုအဆိုသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) မည်သည့်အရာကို လုပ်သည်ဖြစ်စေ မိမိ၏ စိတ်ထက်သန်ပြင်းပြမှုအပေါ် အမှီပြုရန် မဆိုထားနှင့်၊ မိမိ၏ ရုတ်တရက် ဖြစ်ပေါ်သော ဆန္ဒများအပေါ် သို့မဟုတ် မိမိ၏ စိတ်ကူးများအပေါ်ပင် အမှီမပြုသင့်ပေ။ သင်၏ ခံစားချက်များပေါ် အခြေခံ၍ သင်ရှေ့မဆက်သင့်သကဲ့သို့ လူ့စိတ်ကူးများကို လိုက်နာခြင်းအားဖြင့်လည်း ရှေ့မဆက်သင့်ပေ။ ထို့ထက် သင့်အနေဖြင့် သမ္မာတရားကို အဆက်မပြတ် ရှာဖွေကာ လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်။ စိတ်ထက်သန်မှုနှင့် ခံစားမှုများ သို့မဟုတ် စိတ်ထက်သန်ပြင်းပြမှုနှင့် ယာယီ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒများအပေါ် အမှီပြုပါက သင်၏ တာဝန်ကို သင် ကောင်းစွာ လုပ်ဆောင်လိမ့်မည်ဟူ၍ အာမခံချက် မပေးနိုင်ပေ။ ထိုအဖြစ်မှာ အလွန် ငယ်ရွယ်ချိန်တွင် လူတိုင်းက ၎င်းတို့၏ မိဘများအပေါ် ၎င်းတို့ ကြီးပြင်းလာသည့်နောက် သားသမီးဝတ်ကျေပွန်မှု ပြသလိုစိတ် ရှိကြပုံနှင့် တူသည်။ သင်အမှန်တကယ် ကြီးပြင်းလာပြီး ထိုပြင်းပြသော ဆန္ဒကို ဖြည့်ဆည်းရမည့်အချိန် ရောက်လာသည့်အခါ ထိုသို့ မဖြည့်ဆည်းအောင် မည်သည့်အခက်အခဲများက သင့်ကို တားဆီးကောင်း တားဆီးနိုင်သနည်း။ ဤအရာက တကယ့်ပြဿနာများနှင့် ပတ်သက်နေ၏။ လူတိုင်းအတွက် လက်တွေ့အရှိတရားမှာ ၎င်းတို့၏ အခက်အခဲများက ၎င်းတို့၏ စံထားရာများထက် ပိုကြီးမားနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ကောလိပ်မှ ဘွဲ့ရပြီး ငွေစရှာသည့်အခါ တွေးတောသည်မှာ “ယခု ငါ ငွေရှာနေပြီဖြစ်သဖြင့် ဦးစွာပထမ ငါ၏ မိခင်နှင့် ဖခင်အတွက် ဝတ်ဆင်ရန် အဝတ်အစားကောင်းတချို့ ဝယ်ပေးရမည်။ ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန်တချို့ ဝယ်ယူပေးရမည်။ ယခုမှစ၍ သူတို့အပေါ် သားသမီးဝတ် ကျေပွန်မှု ပြသရမည်။ သူတို့ နေ့တိုင်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ သူတို့သုံးရန် ငါ့ပိုက်ဆံကို ပေးမည်” ဟု ဖြစ်သည်။ သို့ရာတွင် သင်၏ လုပ်အားခများကို ရရှိကာ ငွေစာရင်းတွက်ချက်ပြီးသည့်နောက်၊ သင်၏ အိမ်ငှားခအပြင် နေထိုင်စရိတ်များနှင့် အမျိုးမျိုးသော အခြား ကုန်ကျစရိတ်များကို နုတ်ပြီးသည့်နောက်တွင် ဘာမျှ မကျန်သလောက် ဖြစ်သွားသည်။ သင်ကိုယ်တိုင် ဝတ်ဆင်ရန် ဝတ်ကောင်းစားလှတချို့ ဝယ်ယူဖို့လည်း လိုအပ်နေသေးသည်။ သင်၏ ငွေအားလုံး သုံး၍ ကုန်သွားသည့်အခါ သင်သည် စိတ်မသက်မသာ ခံစားရလေတော့သည်။ ကြီးပြင်းလာသည့်အခါ သင်၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသရန် ငွေရှာမည်ဟု မိမိပြုခဲ့သော ကတိကို သင်ချိုးဖောက်ခဲ့သောကြောင့် ဖြစ်သည်။ “ငါ့မိဘများအပေါ် ငါသားသမီးဝတ် မကျေပွန်ဘဲ ဖြစ်နေသည်။ လာမည့်လတွင် ငွေတချို့ ငါစုရမည်” ဟု သင်စဉ်းစားသည်။ ထို့နောက် နောက်လ ရောက်လာသော်လည်း သင်ရသည့်ငွေမှာ မလောက်မငဖြစ်နေဆဲ ဖြစ်သောကြောင့် သင်က “ငါ့မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသရန် ငါ့အတွက် အချိန်များစွာ ရှိပါသည်” ဟု တွေးသည်။ တဖြည်းဖြည်း အချိန်ကြာလာသည်နှင့်အမျှ သင်သည် လက်တွဲဖော်တစ်ဦး ရှာတွေ့ကာ မိသားစုတစ်ခု အစပြုပြီး သားသမီးများ ရလာ၍ ငွေကြေးက ယခင်ထက် ပိုကျပ်တည်းလာသည်။ သင်၏ အနေအထားနှင့် ဘဝ အခြေအနေများကို ထောက်သော် သင်၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသလိုသည့် သင့်ဆန္ဒကို အကောင်အထည်ဖော်ဖို့ အလွန် ခက်ခဲလာသည်။ သင့်အနေဖြင့် သင်၏ မိသားစုကို ထောက်ပံ့ပေးပြီး ဖူဖူလုံလုံရှိရန်၊ သင့်သားသမီးများ၏ ပညာရေးအတွက် ပံ့ပိုးပေးရန်လည်း လိုအပ်သောကြောင့် ဖြစ်သည်။ ရှင်သန်ရန်အလို့ငှာ ဒေသခံ အာဏာရှင်များ၊ အကျင့်ပျက်ခြစားသော အရာရှိများနှင့်လည်း ပေါင်းသင်းရသေးသောကြောင့် ဖြစ်သည်။ ထိုအရာက သင့်ကို စိတ်ဆင်းရဲစေ၏။ သင်၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသချင်သော်လည်း အသုံးမဝင်ပေ။ လက်တွေ့ဘဝ၏ အခက်အခဲအမျိုးမျိုးက သင့်ကို ဖိစီးလွှမ်းမိုးနေ၍ မိမိ၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသလိုသည့် သင်၏ ဆန္ဒသည် လက်တွေ့အရှိတရားကြောင့် တဖြည်းဖြည်း လုံးပါးပါးသွားလေသည်။ ထို့ကြောင့် သားသမီးဝတ် ကျေပွန်မှု ပြသလိုသည့် သင်၏ ဆန္ဒသည် ယုတ္တိရှိသလော။ (မရှိပါ။) သို့ဆိုလျှင် မိမိ၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်လိုသည့် သင်ငယ်ရွယ်စဉ်က သင်၏ ဆန္ဒသည် စစ်မှန်ခဲ့သလော၊ အတုအယောင်ဖြစ်ခဲ့သလော။ (စစ်မှန်ခဲ့ပါသည်။) ထိုအချိန်က သင်၏ ဆန္ဒသည် စစ်မှန်လင့်ကစား နုံအရာ ကျ၍ ကလေးကလားလည်း ဆန်ပြီး မိုက်လည်း မိုက်မဲသည်။ အားထား၍လည်း မရပေ။ မည်သည့်အရာသည် သင်၏ သရုပ်အမှန် ဖြစ်သနည်း။ သင့်ထံမှ ပွင့်အံထွက်သည့် အရာများနှင့် သင်၏ လက်တွေ့ဘဝတွင် သင်ပေါ်လွင်စေသည့် အရာများသည် မိမိချစ်ခင်ရသူများကို သင်ဆက်ဆံသည့် သင်၏ တကယ့်လူ့သဘာဝနှင့် တကယ့်သဘောထား ဖြစ်သည်။ သင်သည် သင့်မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသဖို့ကို အဆက်မပြတ် နေ့ရွှေ့လရွှေ့ လုပ်နေသည်မှာ သင်၏ အသိစိတ်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တို့နှင့်ဆိုင်သည့် အသိအမြင်ကိုရော သင်၏ တာဝန်နှင့် ဝတ္တရားများကို သိသောစိတ်ကိုပါ အမှတ်တမဲ့ ဆုံးရှုံးသွားသည်အထိပင် ဖြစ်သည်။ ထို့နောက်တွင် သင်သည် “လူတိုင်း ဤကဲ့သို့ ဖြစ်ကြသည်။ ငါသည် အခြားမည်သူမဆိုထက် ဆိုးရွားစွာ လုပ်ဆောင်နေခြင်း မရှိ။ ထို့အပြင် ငါ၌ တကယ့် အခက်အခဲများလည်း ရှိသည်ပင်” ဟု တွေးသည်။ သင်၏ ယိုးမယ်ဖွဲ့ချက်များ၊ ငြင်းခုံချက်များ၊ ဆင်ခြေများ တစ်ခုစီတိုင်းသည် မည်သည့်အရာများ ဖြစ်သနည်း။ ယင်းတို့သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်ပေသည်။ လက်တွေ့အရှိတရားက သင့်အတွက် မည်မျှခက်ခဲသည်ဖြစ်စေ၊ သင်တာဝန်ယူသင့်သည့် တာဝန်များကို ရှောင်ရှားရန် ထိုအရာက သင့်အား အကြောင်းရင်းများနှင့် ယိုးမယ်ဖွဲ့စရာများ မည်မျှပေးသည်ဖြစ်စေ၊ သင်၏ ငြင်းခုံချက်များနှင့် ယိုးမယ်ဖွဲ့ချက်များက မည်မျှခိုင်မာသည်ဖြစ်စေ အဆုံးတွင်မူ သင်ထင်ရှားပြသည့် အရာများသည် သင်၏ ပြီးပြည့်စုံသည့် သရုပ်အမှန်ဖြစ်သည်။ ထို့ကြောင့် အပြုသဘောဆောင်သည့် စံထားရာကို သင်မည်သို့ ဖြည့်ဆည်းနိုင်မည်နည်း။ လက်တွေ့ဘဝ၌ သမ္မာတရားကို နားမလည်မီ သို့မဟုတ် မရရှိမီတွင် လူတို့ထင်ရှားပြသည့် အရာများမှာ အဘယ်နည်း။ ထိုအရာများသည် တရားမျှတပြီး အပြုသဘောဆောင်သလော။ (မဆောင်ပါ။) သင်သည် သမ္မာတရားကို နားမလည်လျှင် သင်၏ လုပ်ရပ်များက မည်မျှကောင်းမွန်သည်ဖြစ်စေ၊ သင်၏ စိတ်ကူးများက မည်မျှမှန်ကန်ပုံ ရသည်ဖြစ်စေ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်နေကြဆဲဖြစ်ကာ သမ္မာတရားနှင့် ကိုက်ညီခြင်း မရှိပေ။ ထို့ကြောင့် သင်သည် သမ္မာတရားကို မလိုက်စားပါက သို့မဟုတ် နားမလည်ပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်ဖြစ်သည်။ ထို့နောက် သင်အသက်ရှင်နေထိုင်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ခြင်းများ ဖြစ်လိမ့်မည်။ သင့်ကိုယ်သင် ကောင်းမြတ်သည်ဟု မည်မျှတွေးထင်သည်ဖြစ်စေ၊ မည်မျှကြီးမြတ်သည်ဖြစ်စေ၊ မည်မျှဖြောင့်မတ်တည်ကြည်သည်ဖြစ်စေ ဤအခြေခံအုတ်မြစ်အပေါ် သင်လုပ်ဆောင်သည့် အရာများသည် သမ္မာတရားနှင့် အမှန်တကယ် မကိုက်ညီနိုင်ပေ။ နားလည်သလော။ (အနည်းငယ် နားလည်ပါသည်။) မည်သည့်အရာကို သင်တို့ နားလည်သနည်း။ (လူအားလုံးသည် မိမိတို့တာဝန်များကို သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်လိုကြပါ၏။ သို့ရာတွင် ဖောက်ပြန်ပျက်စီးသော ၎င်းတို့စိတ်သဘောထားများ၏ ထိန်းချုပ်မှုကို ခံရသောကြောင့် ၎င်းတို့၏ အသိစိတ်များအတိုင်း ၎င်းတို့၏ တာဝန်များကို လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း ဖြစ်မြောက်အောင် မလုပ်နိုင်ကြပါ။ ထို့ကြောင့် မိမိတို့တာဝန်များကို ကောင်းစွာ လုပ်ဆောင်ရန်အလို့ငှာ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ဖြေရှင်းရမည် ဖြစ်ပါသည်။) အခြားတစ်ယောက်ယောက် ပြောချေဦး။ နောက်ထပ် မည်သည့်အရာကို နားလည်ကြသေးသနည်း။ (သမ္မာတရားကို လူတစ်ဦး နားမလည်သည့်အခါ သူလုပ်ဆောင်သည့် အရာများကို လူတို့က မည်သို့မြင်သည်ဖြစ်စေ ယင်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပါ။ ဤလုပ်ရပ်များက အလွန်ကောင်းသည်ဟု လူတို့တွေးထင်လျှင်ပင် ဤလုပ်ရပ်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အမှန်တကယ် မကိုက်ညီနိုင်ပါ။ ထို့ကြောင့် သမ္မာတရားကို သိနားလည်ရေးက အလွန်အရေးကြီးသည်ကို ကျွန်ပ်မြင်သွားပါပြီ။) ပြောသွားသည်မှာ သိပ်ကောင်း၏။ ဤကာလအတောအတွင်း သင်တို့အားလုံး တိုးတက်မှုတချို့ ရှိခဲ့ပုံရသည်။ သမ္မာတရားကို ရရှိဖို့မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။ လူတို့သည် ထိုအတွက် အဖိုးအခများစွာ ပေးရ၏။ ဇာတိပကတိကို ပုန်ကန်ခြင်းနှင့် သမ္မာတရားကို ရှာဖွေကာ လက်တွေ့လုပ်ဆောင်ခြင်းအပြင် လူတို့သည် ဆင်းရဲဒုက္ခများစွာနှင့် ပြုပြင်မှုများစွာကိုလည်း ခံစားရမည်ဖြစ်ကာ စာတန်၏ လက်တွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် လူမဆန်သည့် မတရား ဖိနှိပ်မှုတို့ကိုလည်း တွေ့ကြုံရမည် ဖြစ်သည်။ ၎င်းတို့ မသေလျှင်ပင် အရေခွံစုတ်ခံရဦးမည် ဖြစ်သည်။ ထို့နောက်တွင်မှ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်နိုင်ကာ သမ္မာတရားကို ရရှိနိုင်ကြပေသည်။ သမ္မာတရားကို ရရှိခြင်းသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံပြီး ထိုသို့ဖြင့် သန့်စင်ခံရခြင်း ဖြစ်စဉ်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။ သင့်ထံတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုရှိသည်ဟု သင်အသိအမှတ်ပြုကောင်းပြုနိုင်ပြီး သမ္မာတရားကိုလည်း အသိအမှတ်ပြုနိုင်လင့်ကစား သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သည့်အခါတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သင့်ကို တားဆီးကာ နှောင့်ယှက်ရန် ထွက်လာလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအချိန်တွင် လူတို့၏ စိတ်နှလုံးထဲ၌ မည်သည့်အရာများ ပေါ်ထွက်လာသနည်း။ (၎င်းတို့သည် ငြင်းခုံပြီး ဆင်ခြေများ ရှာကြပါသည်။ တစ်ကိုယ်ကောင်းဆန်ခြင်းကို ထုတ်ဖော်ကြပြီး မိမိတို့ကိုယ်ပိုင် မာန်မာနနှင့် ဝင့်ဝါမှုတို့ကို ၎င်းတို့ စဉ်းစားကြပါသည်။) ဤသည်မှာ လူတို့၏ စိတ်သဘောထားများနှင့် ပတ်သက်သော ပြဿနာတစ်ခု ဖြစ်သည်။ လူတချို့သည် မည်သည့်အရာကိုမျှ ပြောဆိုခြင်း သို့မဟုတ် ထုတ်ဖော်ခြင်း လုံးဝ မရှိသော်လည်း ၎င်းတို့၏ စိတ်သဘောထားကို ကြည့်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးတွင် ပုန်ကန်မှု ရှိနေသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ပုန်ကန်မှုသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုး ဖြစ်၏။ ၎င်းတို့သည် ငြင်းခုံနေကြသည်ဖြစ်စေ၊ ဆင်ခြေများ ရှာနေကြသည်ဖြစ်စေ အားလုံးကို မိမိတို့ကိုယ်ပိုင် အကျိုးစီးပွား၊ မာန်မာန၊ အဆင့်အတန်း၊ ဝင့်ဝါမှုတို့ကို ထိန်းသိမ်းရန်လည်းကောင်း၊ ကြံရွယ်ချက် သို့မဟုတ် ရည်ရွယ်ချက်တစ်မျိုး စွမ်းဆောင်ရရှိရန်လည်းကောင်း လုပ်ဆောင်ကြခြင်း ဖြစ်သည်။ လူတစ်ဦးသည် မိမိအတွင်းတွင် ပုန်ကန်တတ်သော ဤစိတ်သဘောထားမျိုး ရှိနေပါက ဘုရားသခင်အပေါ် ရန်လိုပြီး ဆန့်ကျင်လိုသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ ပုန်ကန်မှုဆိုသည်မှာ အဘယ်နည်း။ ရိုးရှင်းစွာ ပြောရလျှင် တစ်စုံတစ်ဦးက “ကိုယ်တော်ပြောသည့် စကားများသည် ကျွန်ုပ်တွေးထင်သည့်အရာနှင့် အဘယ်ကြောင့် ကွာခြားနေရသနည်း။ အဘယ်ကြောင့် ထိုစကားများကို ကျွန်ုပ်မနှစ်သက်ရပါသနည်း။ ထိုစကားများကို ကျွန်ုပ်မနှစ်သက်သောကြောင့် လက်မခံနိုင်ပါ။ ကိုယ်တော် စကားပြောသည်ကို ကျွန်ုပ်နားထောင်ရန် လိုလားခြင်းလည်း မရှိပါ” ဟု ဆိုလျက် သူ၏ စိတ်နှလုံးအတွင်း၌ ခုခံတွန်းလှန်မှု ရှိသည့်အခါ၊ ဘုရားသခင်ကို သူဆန့်ကျင်သည့်အခါ ပုန်ကန်မှုပင် ဖြစ်သည်။ ၎င်းတို့သည် လက်တွေ့အရှိတရားကို ဆန့်ကျင်သည်အထိ၊ ၎င်းတို့အတွက် ဘုရားသခင် လုပ်ဆောင်ပေးခဲ့သမျှနှင့် ဘုရား၏ သတ်မှတ်ချက်များကို ဆန့်ကျင်သည်အထိ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ကြပြီး နာခံခြင်းလည်း မရှိကြချေ။ ဤသည်မှာ လူတို့ပုန်ကန်ကြသည့် နေရာဖြစ်ပြီး သမ္မာတရားကို လက်ခံကာ လက်တွေ့လုပ်ဆောင်ရာ၌ လူတို့တွင် ရှိသည့် အကြီးမားဆုံး အခက်အခဲ ဖြစ်သည်။ သင့်အနေဖြင့် ဆင်ခြေများ ရှာနေသည်ဖြစ်စေ၊ အမျိုးမျိုးသော မျှတသည့် အကြောင်းပြချက်များ သို့မဟုတ် အခြေအနေများကို ရှာဖွေနေသည်ဖြစ်စေ မည်သို့ဆိုစေကာမူ ဤသည်မှာ သင့်အတွင်းတွင် တည်ရှိသည့် ပုန်ကန်တတ်သော စိတ်သဘောထားက ဒုက္ခပြဿနာ ဖြစ်အောင် လုပ်နေခြင်းပင် ဖြစ်သည်။ သင်သည် ပုန်ကန်တတ်သော ဤစိတ်သဘောထားကို ဖြေရှင်းနိုင်ပြီး ဤအခြေအနေမျိုးကို ပြောင်းပြန်လှန်ပစ်နိုင်သည် ဆိုပါစို့။ ထို့ပြင် သင့်ထံ မည်သည့်အရာ ဖြစ်လာသည်ဖြစ်စေ “ဤအရာက ငါ့ထံ ဖြစ်ပျက်လာလေပြီ။ သမ္မာတရားကို ငါနားမလည်သကဲ့သို့ သမ္မာတရားအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း ငါမသိ။ ငါလုပ်နိုင်သမျှမှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာတွေ့ရန် ဘုရားသခင်ထံ ဆုတောင်းရန်နှင့် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းအပေါ် အမှီပြုရန်သာ ဖြစ်သည်။ သို့မဟုတ် သမ္မာတရားကို သိနားလည်သည့် လူတစ်ဦးထံမှ ရှာဖွေရန်သာ ဖြစ်သည်။ သမ္မာတရားနှင့် ကိုက်ညီသည့်၊ ဘုရားသခင် နှစ်သက်ပြီး ဘုရားကို ကျေနပ်စေသည့် နည်းလမ်းဖြင့် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ငါသိရှိပါက ထိုသို့ ငါလက်တွေ့လုပ်ဆောင်မည်” ဟု သင်ပြောသည် ဆိုပါစို့။ ထိုသို့သော စိတ်ထားမျိုး ရှိခြင်းသည် မှန်ကန်၏။ ဤသည်မှာ သမ္မာတရားကို ချစ်သောသူတစ်ဦး ဖြစ်သည်။ သင်သည် အနှောင့်အယှက်များအားလုံး ရှိလင့်ကစား အပျက်သဘောဆောင်လာခြင်း သို့မဟုတ် စိတ်ပျက်အားလျော့လာခြင်း မရှိဘဲ သာ၍ ကောင်းမွန်စွာ လုပ်ဆောင်ရန် ကြိုးစားလျက် သမ္မာတရားကို ဤသို့ လိုက်စားပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။
ယောဘကို ဘုရားသခင် ပထမဆုံး စစ်ဆေးခဲ့ချိန်တွင် ယောဘသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ထိုအချိန်က သူ၏ သိနားလည်မှုပေါ် အခြေခံ၍ မှန်ကန်စွာ သိရှိနိုင်ခဲ့သလော။ (မသိရှိနိုင်ခဲ့ပါ။) သို့ဆိုလျှင် မည်သည့်အရာကို ယောဘ ပေါ်လွင်ထင်ရှားပြခဲ့သနည်း။ သူသည် ကျိုးနွံနာခံခဲ့သလော သို့မဟုတ် ပုန်ကန်၍ အတိုက်အခံလုပ်ကာ ညည်းညူခဲ့သလော။ (သူကျိုးနွံနာခံခဲ့ပါသည်။) သူ၏ အတွင်းပိုင်းမှ အပြင်ပိုင်းအထိ မည်သည့်အခြေအနေမျိုးတွင် သူရှိနေခဲ့သနည်း။ မလိုလားခြင်း သို့မဟုတ် အတိုက်အခံလုပ်ခြင်း ပမာဏ အနည်းငယ်မျှ သူထုတ်ဖော်ပြခဲ့ဖူးသလော။ မဖော်ပြခဲ့ချေ။ သမ္မာကျမ်းစာ မှတ်တမ်းတွင် ရိုးရှင်းသော ရေးသားဖော်ပြချက်ကိုသာ တွေ့မြင်နိုင်သော်လည်း ပုန်ကန်သော အခြေအနေတစ်ခုအား တစ်ကြိမ်တစ်ခါမျှ ယောဘထုတ်ဖော်ပြသည်ကိုမူ လုံးဝ မမြင်ရပေ။ သမ္မာတရားများစွာကို ယောဘနားလည်သည်ဟု ဤစကားများမှ သင်မြင်ရသလော။ (မမြင်ရပါ။) တကယ်တမ်းတွင် ယောဘသည် ထိုအချိန်က မည်သည့်သမ္မာတရားကို သိနားလည်ခဲ့သနည်း။ ဘုရားသခင်သည် ကျိုးနွံနာခံခြင်းဆိုင်ရာ သမ္မာတရားအကြောင်း ပြောဆိုခဲ့သလော။ လူတို့အနေဖြင့် သူ့ကို မပုန်ကန်သင့်ပုံအကြောင်း သူပြောဆိုခဲ့သလော။ ဤအရာများ တစ်ခုတလေကိုမျှ ဘုရားမပြောခဲ့ချေ။ ယောဘ၏ အခြေအနေက မည်သို့ဖြစ်နေခဲ့သနည်း။ ထိုအချိန်က သူ၌ အခြေခံအုတ်မြစ်အဖြစ် ဘုရားသခင်၏ ယနေ့ကာလ နှုတ်ကပတ်တော် မရှိခဲ့သော်လည်း သူ၏ အပြုအမူနှင့် လုပ်ဆောင်ခဲ့သမျှက လူတို့အား သူ့စိတ်နှလုံး၏ အတွေးများနှင့် သူ့စိတ်နှလုံးအတွင်းရှိ အခြေအနေတို့ကို မြင်ခွင့်ပေးခဲ့သည်။ ဤသည်မှာ လူတို့ မြင်နိုင်၊ ခံစားနိုင်သည့် အရာတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတချို့က “သူ၏ စိတ်နှလုံးတွင် မည်သည့်အရာကို သူတွေးနေခဲ့ကြောင်း ကျွန်ုပ်တို့ မသိပါ” ဟု ဆိုကြသည်။ ယင်းကို သင်သိရှိရန် မလိုပေ။ သူ၏ အပြင်ပန်း လုပ်ရပ်များကို သင်မြင်နိုင်စွမ်း ရှိသင့်သည်။ စမ်းသပ်မှုများကို ကြုံရသည့်အခါ ယောဘသည် ပုန်ကန်မှု လုံးဝ မရှိသကဲ့သို့ ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံသည့် လူတစ်ဦး၏ လုပ်ရပ်များကို ပြသခဲ့သည်။ သူ၏ အဝတ်အစားများကို ဆုတ်ဖြဲ၍ ပျပ်ဝပ်ခဲ့သည်။ သူ၏ ပျပ်ဝပ်ခြင်းသည် သူ့စိတ်နှလုံးအတွင်းထဲမှ ထွက်လာခြင်းဖြစ်၍ ထိုအချိန်က သူ၏ အတွေးများအားလုံးနှင့်ရော သူဖော်ပြချင်ခဲ့သမျှအားလုံးနှင့်ပါ လုံးဝ ကိုက်ညီနေခဲ့သည်။ ဤအရာက သူ၏ လိုက်စားမှုနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားတို့ကို ကိုယ်စားပြုခဲ့သည်။ သို့ဖြစ်လျှင် ဘုရားသခင်အပေါ် သူ၏ သဘောထားမှာ အဘယ်နည်း။ သူ့အပေါ် ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အရာများကို သူ၏ တုံ့ပြန်မှုမှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ကန့်ကွက်ခြင်း မရှိသကဲ့သို့ သဘောထားကွဲလွဲမှုလည်း မရှိဘဲ လက်ခံပြီး ကျိုးနွံနာခံရန် ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်မှုမရှိသည့် လူတချို့က သံသယရှိစွာ ပြောကြသည်မှာ “လောကတွင် ထိုသို့သော လူတစ်ဦး မည်သို့ရှိနိုင်မည်နည်း။ သူသည် သန့်ရှင်းသူတစ်ဦးပင် ဖြစ်မနေသလော။ ဤသည်မှာ အတုအယောင်သာ ဖြစ်ရမည်” ဟူ၍ ဖြစ်သည်။ လက်တွေ့တွင်မူ ယောဘကဲ့သို့သော လူများ အမှန်တကယ် ရှိ၏။ သို့သော်လည်း ယောဘတစ်ဦးတည်းသာ ရှိခဲ့ပြီး အခြားတစ်ဦး မည်သည့်အခါတွင်မျှ ရှိလာမည်မဟုတ်သည်ကို ငါရင်လေးမိသည်။ ယောဘ၏ အခြေအနေမှာ ဘာသာတရားမရှိသူများက “ကိုယ်ကျိုးမငဲ့၍ လိုအင်ဆန္ဒ ကင်းခြင်း” ဟု ခေါ်ကြသည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ စမ်းသပ်မှုက သူ့အပေါ် ကျရောက်လာသည့်အခါ သူသည် မည်သည့်အရာကိုမျှ မပြောခဲ့ပေ။ ထို့ထက် ဘုရားသခင်အပေါ် သူ၏ သဘောထားကို သူ၏ လုပ်ရပ်များဖြင့် ဖော်ပြခဲ့သည်။ စမ်းသပ်မှုများက သူ့အပေါ် ကျရောက်လာသည့်အခါ သူသည် အမှန်တကယ် လက်ခံတတ်ပြီး အမှန်တကယ် ကျိုးနွံနာခံတတ်ကြောင်းနှင့် အတိုက်အခံ လုံးဝ မလုပ်ခဲ့ကြောင်း သူ၏ ပျပ်ဝပ်မှုက သက်သေပြပေသည်။ သူသည် ဟန်ပြနေခြင်း မဟုတ်သကဲ့သို့ ဟန်ဆောင်နေခြင်းလည်း မဟုတ်ခဲ့ပေ။ အခြားလူများ မြင်ရန် ဤအရာကို သူလုပ်ခဲ့ခြင်း မဟုတ်။ ဘုရားသခင် မြင်ရန်အတွက် လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် ယောဘသည် ဤကျိုးနွံနာခံမှုမျိုးကို မည်သို့ရရှိခဲ့သနည်း။ သူသည် စမ်းသပ်မှုတစ်ခုကို တွေ့ကြုံပြီး ကျိုးနွံနာခံမှုကို သိနားလည်ရုံမျှဖြင့် ဤကျိုးနွံနာခံမှုမျိုးကို ရရှိခဲ့သည် မဟုတ်။ ကမ္ဘာမြေပေါ် အသက်ရှင်နေထိုင်သည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တိုင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည်။ ၎င်းတို့အားလုံးတွင် ပုန်ကန်တတ်သော စိတ်သဘောထားများ ရှိကြ၏။ လူတို့သည် တစ်ကိုယ်ကောင်းဆန်ကြပြီး ဘုရားသခင်ကို ပုန်ကန်ကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးအောင် စာတန်လုပ်ထားသည့် သဘာဝဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်အားလုံးတွင် ဤလူ့သဘာဝ ရှိကြသည်။ သို့ရာတွင် ယောဘသည် ညတွင်းချင်း ဤအတိုင်းအတာအထိ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့ခြင်း ဖြစ်သလော။ မုချမဟုတ်ပေ။ သူသည် လိုက်စားခဲ့ရသည့်အပြင် လိုက်စားအားထုတ်ရန် ရှင်းလင်းသည့် ရည်မှန်းချက်တစ်ခုနှင့် မှန်ကန်သည့် လမ်းကြောင်းတစ်ခုလည်း ရှိခဲ့ရသည်။ တစ်ချိန်တည်းတွင် သူသည် ဘုရားသခင်၏ လမ်းပြမှု ရှိထားဖို့နှင့် ဘုရားသခင်ကို သူ့အား စောင့်ရှောက်၍ ကာကွယ်စေဖို့လည်း လိုအပ်ခဲ့သည်။ ယောဘသည် ဘုရားသခင်ထံမှ ကျေးဇူးတော်၊ သနားကရုဏာနှင့် ကောင်းချီးများ ရရှိနိုင်ခဲ့သည်မှာ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းတို့အား လိုက်စားခဲ့သောကြောင့်သာ ဖြစ်သည်။ ထို့နောက်တွင် သူသည် ဘုရားသခင်၏ လက်တော်နှင့် လမ်းပြမှုကို အဆက်မပြတ် တွေ့မြင်ခဲ့ရပြီး ဘုရားသခင်၏ စောင့်ရှောက်မှုကို အဆက်မပြတ် လက်ခံရရှိခဲ့သည်။ ထိုအခါတွင်မှ သူသည် ကြီးထွားနိုင်ခဲ့ခြင်း ဖြစ်၏။ ယောဘအသက် နှစ်ဆယ်အရွယ်တွင် ဘုရားသခင်က ထိုသို့သော စမ်းသပ်မှုမျိုး သူ့အား မပေးခဲ့ခြင်းမှာ အဘယ်ကြောင့်ဖြစ်သည်ဟု သင်တို့ထင်သနည်း။ (ထိုအချိန်တွင် ယောဘသည် ဝိညာဉ်ရင့်ကျက်မှု မရှိခဲ့ပါ။) အချိန်မကျသေး၍ ဖြစ်သည်။ သူ့အသက် လေးဆယ်အရွယ်တွင် အဘယ်ကြောင့် ထိုသို့သော ကြီးမားသည့် စမ်းသပ်မှုမျိုး မခံခဲ့ရသနည်း။ အချိန်မကျသေး၍ ဖြစ်သည်။ သူ့အသက် ခုနစ်ဆယ်အရွယ်တွင်မှ အဘယ်ကြောင့် ဘုရားသခင်က သူ့ကို စစ်ဆေးခဲ့သနည်း။ (ဘုရားသခင်၏အချိန် ကျရောက်လာ၍ ဖြစ်ပါသည်။) မှန်ပေ၏၊ အချိန်ကျရောက်လာ၍ ဖြစ်သည်။ သင်တို့အားလုံးသည်လည်း ယခုတွင် အသက် ခုနစ်ဆယ်အရွယ်ထိ စောင့်ဆိုင်းရန် လိုအပ်သလော။ (မလိုအပ်ပါ။) အဘယ်ကြောင့် မလိုအပ်သနည်း။ (ယခုတွင် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့သည် နားနှင့်ဆတ်ဆတ် နာယူနိုင်ကြ၍ ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏ ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များကို ကျွန်ုပ်တို့အား အလွန်ရှင်းရှင်းလင်းလင်း အသေးစိတ် ရှင်းပြတော်မူပါ၏။) ထိုခေတ်ကာလ၏ အမှုနှင့် ဤခေတ်ကာလ၏ အမှုက ကွဲပြားခြားနား၏။ ထိုခေတ်ကာလတွင် ဘုရားသခင်သည် လူကို စကားမပြောခဲ့သကဲ့သို့ လူသည်လည်း သမ္မာတရားကို နားမလည်ခဲ့ပေ။ ဘုရားသခင်သည် ရိုးရှင်းသည့်၊ ကိုယ်စားပြုသဘောဆောင်သည့် အလုပ်တချို့ကိုသာ လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ယုံကြည်သော သူတို့သည် ပရောဖက်များက ထပ်ဆင့်ပြောပြသည့် ဘုရားနှုတ်ကပတ်တော်များကိုသာ စောင့်ထိန်းခဲ့ကြပြီး ဘုရားသခင်ကို ကြောက်ရွံ့သော သူတို့သည် ဘုရား၏ ကောင်းချီးများကို ရရှိခဲ့ကြသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း မရှိသူများကမူ နားဝေတိမ်တောင် ဖြစ်ခဲ့ကြသည်။ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် ယဇ်ပူဇော်မှုများကို စောင့်ထိန်းကာ ဆုတောင်းခဲ့ကြ၏။ ယင်းမှာ သိပ်မဆိုးခဲ့ပေ။ ထိုစဉ်အချိန်က ယောဘ၏ မိတ်ဆွေများလည်း ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ ယုံကြည်မှုက ယောဘ၏ ယုံကြည်မှုထက် များစွာ ညံ့ဖျင်းခဲ့သည် မဟုတ်လော။ ၎င်းတို့နှင့် ယောဘသည် တစ်ခေတ်တည်းတွင် ရှိခဲ့ကြသော်လည်း ယောဘသည် ၎င်းတို့ထက် များစွာ သာ၍ အားကောင်းခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ထိုမျှ ကြီးမားသည့် ကွာခြားမှု ရှိခဲ့သနည်း။ (လူတို့၏ သဘာဝ၊ လူတို့၏ လိုက်စားမှုနှင့် သက်ဆိုင်ပါသည်။) မှန်ပေ၏၊ လူတို့၏ လိုက်စားမှုနှင့် သက်ဆိုင်ပေသည်။ ကိုယ်စိုက်သည့်အတိုင်း ကိုယ်ရိတ်ရ၏။ မည်သည့်အရာကိုမျှ သင်မစိုက်ပျိုးခဲ့ပါက အချိန်ကျလာသည့်အခါ ရိတ်သိမ်းမှု လုံးဝ ရှိလိမ့်မည် မဟုတ်။ နားဝေတိမ်တောင်ဖြစ်သော ထိုလူနည်းစုသည် မလိုက်စားခဲ့ကြချေ။ ၎င်းတို့သည် ယနေ့ခေတ် အသင်းတော်ထဲရှိ မယုံကြည်သူများနှင့် အတူတူပင် ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများကိုသာ စောင့်ထိန်းပြီး အရာခပ်သိမ်းတွင် စည်းမျဉ်းစည်းကမ်းများအား လိုက်နာရသည်ကို နှစ်သက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြဘဲ ၎င်းတို့ အမြဲ မှန်ကန်ကြောင်း၊ အရာရာကို နားလည်ကြောင်း တွေးထင်ခဲ့ကြသည်။ ယောဘပေါ် စမ်းသပ်မှုများ ကျရောက်လာသည့်အခါ ၎င်းတို့က သူ့ကို “သင်အမြန် ဝန်ချသင့်သည်။ တွေ့သလော၊ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း ရောက်လာလေပြီ” ဟု ပြောဆိုခဲ့ကြသည်။ အဆုံးတွင် ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ဘုရားသခင်က ဤသို့ ပြောခဲ့သည်။ “သင်တို့သည် ဤဇရာအိုအရွယ်ထိ အသက်ရှင်လာခဲ့သော်လည်း ငါ၏ လုပ်ရပ်များ သို့မဟုတ် လူတို့အပေါ်ထားသော ငါ၏ သဘောထားကိုဖြစ်စေ၊ ငါပြုမူဆောင်ရွက်သည့် ပုံစံကို ဖြစ်စေ ရှင်းလင်းစွာ မမြင်နိုင်ကြဘဲ ရှိနေ၏။ သင်တို့သည် ဧကန်အမှန်ပင် နားဝေတိမ်တောင်ဖြစ်သောသူများ ဖြစ်သည်။ ယောဘမူကား ရှင်းလင်းစွာ မြင်ပေ၏” ဟု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ယောဘထံ ပေါ်ထွန်းခဲ့သော်လည်း ၎င်းတို့ထံ မပေါ်ထွန်းခဲ့ပေ။ ၎င်းတို့သည် ထိုက်တန်ခြင်း မရှိခဲ့ကြ။ ဘုရားသခင်ကို သိကျွမ်းဖို့ ၎င်းတို့ အားထုတ်လိုက်စားခြင်း မရှိခဲ့ကြသကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းလည်း မရှိခဲ့ကြသောကြောင့် ၎င်းတို့ထံ ဘုရားသခင် မပေါ်ထွန်းခဲ့ပေ။
ယခုတွင် လူတိုင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ကြဉ်သည့် လူတစ်ဦး ဖြစ်လာလိုကြသည်။ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်း၌ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ကြိုးစားခြင်းနှင့် သူ့ကို လုံးလုံးလျားလျားနှင့် အပြည့်အဝ ကျိုးနွံနာခံခြင်းတို့ ပါဝင်သည်ဟု ဆိုနိုင်သည်။ ယင်း၌ လှည့်ဖြားခြင်း၊ ခုခံခြင်း၊ သို့မဟုတ် ပုန်ကန်ခြင်း အရိပ်လက္ခဏာတစ်ခုတလေမျှ မရှိဘဲ၊ ဘုရားသခင်ကို စစ်မှန်စွာ စိုးရွံ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ပါဝင်သည်။ ယင်းသည် နှလုံးသား လုံးဝဖြူစင်ခြင်းနှင့် ဘုရားသခင်အပေါ် လုံးဝသစ္စာစောင့်သိကာ ကျိုးနွံနာခံခြင်းဖြစ်သည်။ ဤသစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် အကြွင်းမဲ့ဖြစ်ရမည်၊ အထိုက်အလျောက် မဖြစ်ရ။ ယင်းသည် အချိန်အပေါ်ဖြစ်စေ၊ နေရာအပေါ်ဖြစ်စေ၊ တစ်ဦးတစ်ယောက် မည်မျှအိုမင်းသည်ဆိုသည့်အပေါ်ဖြစ်စေ မမူတည်ပေ။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်း ဖြစ်၏။ ထိုသို့သော လိုက်စားမှုဖြစ်စဉ်တွင်၊ သင်သည် ဘုရားသခင်ကို တဖြည်းဖြည်း သိလာလိမ့်မည်ဖြစ်ပြီး သူ၏လုပ်ဆောင်ချက်များကို တွေ့ကြုံရလိမ့်မည်။ သူ၏ဂရုစိုက်ခြင်းနှင့် ကွယ်ကာမှုတို့ကို သင်ခံစားရလိမ့်မည်၊ သူ၏တည်ရှိခြင်း အမှန်တရားကို သင်ခံစားရလိမ့်မည်ဖြစ်ပြီး သူ၏အချုပ်အခြာအာဏာကို ခံစားရလိမ့်မည်။ နောက်ဆုံးတွင် သင်သည် ဘုရားသခင်က အရာခပ်သိမ်းတွင် ရှိကြောင်းနှင့် သူသည် သင်၏နံဘေးတွင်ပင် ရှိကြောင်း သင်ခံစားရလိမ့်မည်။ သင်သည် ဤသဘောပေါက်ခြင်းမျိုး ရှိလိမ့်မည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းကို လိုက်လျှောက်ခြင်းမရှိပါက၊ ဤအရာများနှင့် သက်ဆိုင်သည့် အသိပညာကို မည်သည့်အခါတွင်မျှ သင်ရရှိလိမ့်မည်မဟုတ်။ လူတို့က “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည်။ ဘုရားသည် နေရာတိုင်းတွင် ရှိကာ အရာရာကို တတ်စွမ်းနိုင်သည်” ဟု ဆိုကြသည်။ သင်သည် ဤအရာကို သင်၏ စိတ်နှလုံးထဲတွင် လုံးဝ အသိအမှတ်ပြုသော်လည်း ဤအရာများကို မမြင်နိုင် သို့မဟုတ် မတွေ့ကြုံနိုင်သည်ဖြစ်ရာ ဘုရားသခင်ကို သင်မည်သို့ သိရှိလာနိုင်မည်နည်း။ ဘုရားသခင်ကို ယုံကြည်နေခဲ့သည့် ဤနှစ်ကာလများတစ်လျှောက်လုံးတွင် မည်သည့်အရာကို သင်လုပ်ဆောင်နေခဲ့သနည်း။ သင်သည် စုဝေးပွဲများကို မကြာခဏ တက်ရောက်ပြီး တရားဒေသနာများ မကြာမကြာ နားထောင်ကာ မိမိတာဝန်ကို အမြဲတစေ လုပ်ဆောင်သည်။ သုံးလေးလမ်းထက် မကလည်း ပြေးလွှားသွားလာခဲ့ပြီး ဧဝံဂေလိ ဖြန့်ဝေရာတွင် လူတချို့ကိုလည်း စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ သို့ဖြစ်လျက်နှင့် ဘုရားသခင်သည် အားလုံးအပေါ် အချုပ်အခြာအာဏာ ရှိကြောင်းကို သင်အဘယ်ကြောင့် နားမလည်သနည်း။ သင်သည် သမ္မာတရားကို နားလည်ခြင်း လုံးဝ မရှိပေတကား။ သင်သည် လုံးဝ မမြင်နိုင်ဘဲ ဖြစ်နေသလော။ ဤသည်မှာ မှန်သော လမ်းခရီး ဖြစ်ကြောင်းကို သင်ရှင်းလင်းစွာ သိရှိသော်လည်း သမ္မာတရားကို လိုက်စားခြင်း မရှိ။ သင်သည် စုဝေးပွဲများကို တက်ရောက်ကာ တရားဒေသနာများကို နားထောင်ပြီး အသင်းတော် အသက်တာကို အသက်ရှင်သော်လည်း သမ္မာတရားကို နားမလည်သကဲ့သို့ ပြောင်းလဲခြင်းလည်း လုံးဝ မရှိလေပြီ။ သင်သည် အလွန် သနားစဖွယ် ဖြစ်သည်တကား။ ဤသည်မှာ မယုံကြည်သူများ၏ အခြေအနေပင် ဖြစ်သည်။ ဘုရားအိမ်တော်နှင့် ၎င်းတို့ မသက်ဆိုင်သည့်အလား ဖြစ်နေ၏။ ဘုရားသခင်၏ အမြင်တွင် သင်သည် လူငှားလိုက်သူတစ်ဦး၊ အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်သည်။ သင်ကမူ “ကျွန်ုပ်တာဝန်ကို ကျွန်ုပ်လုပ်ဆောင်နေသည်ပင်။ ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို အသိအမှတ်ပြုမှ ဖြစ်မည်” ဟု ပြောကောင်းပြောနိုင်၏။ ထိုအခါ ဘုရားသခင်က “ငါသည် သင်၏ စိတ်နှလုံးတွင် လုံးဝ မရှိသကဲ့သို့ မည်သည့်သမ္မာတရားကိုမျှ သင်လက်ခံခြင်းလည်း မရှိ။ သင်သည် မကောင်းမှုပြုသူတစ်ဦး ဖြစ်သည်။ ငါ့ထံမှ ဖယ်သွားလော့” ဟု ပြောပေမည်။ ဤသည်တို့မှာ ဘုရားသခင်၏ အတွင်းကျကျ အတွေးများ ဖြစ်သည်။ သင်သည် သမ္မာတရားကို မချစ်။ ဘုရားသခင်က သမ္မာတရား၊ လမ်းခရီး၊ အသက်ဖြစ်သည်ကို သင်နားမလည်။ သင့်ထံတွင် အတွေ့အကြုံကို အခြေခံသည့် အသိပညာလည်း မရှိ။ သင်ယုံကြည်သည့် ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီး၊ အသက်ဖြစ်ကြောင်း သက်သေခံရန် စစ်မှန်သည့် အတွေ့အကြုံတစ်ခုတလေကိုမျှ သင်မထုတ်နိုင်ပေ။ သို့ဖြစ်၍ ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို သင်ရရှိနိုင်သလော။ ဘုရားသခင်ကို သင်သက်သေမခံနိုင်ပေ။ သင်သည် မိမိလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လျက် စာတန်ဆန်သော စိတ်သဘောထားအတိုင်း အသက်ရှင်နေဆဲဖြစ်သည်။ သင်နှင့် ဘာသာတရားမရှိသူတစ်ဦးကြားတွင် သိသာထင်ရှားသည့် ခြားနားမှု မရှိပေ။ သင်သည် မိမိတွင် ရှိသည့် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ကောင်းသော သဘောထားသေးသိမ်မှုလေးကိုပင် ပုန်ကန်နိုင်ခြင်းမရှိဘဲ ဖြစ်နေပြီး မိမိ၏ အယူအဆများနှင့် ပုန်ကန်မှုတို့ကို ဖြေရှင်းရန် အခက်တွေ့နေသည်။ သင့်အတွက် အခြေအနေများကို ဘုရားသခင် စီစဉ်ပေးသည့် အခါတိုင်းတွင် သင်သည် သင်ခန်းစာ မယူ။ နှစ်အတန်ကြာ တွေ့ကြုံပြီးသည့်နောက် သိသာထင်ရှားသည့် ရိတ်သိမ်းမှုလည်း မရှိ။ ထို့ကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်ခံရရန် မဖြစ်နိုင်ချေ။ ဘုရားသခင်ကို အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ် သို့မဟုတ် ထို့ထက်ပင် ကြာရှည်စွာ သင်ယုံကြည်ခဲ့သည်ဖြစ်စေ သင်၏ ပုန်ကန်မှု၊ အတိုက်အခံလုပ်မှု၊ ထို့ပြင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့က လုံးဝ ပြေလည်သွားခြင်း၊ သန့်စင်သွားခြင်း မရှိလျှင် သင်သည် လုံးဝ မပြောင်းလဲသေးသည့် ပုံစံမပျက်ရှိနေသော နတ်ဆိုးအိုပင် ဖြစ်သည်။ ဤသည်မှာ သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး အလွယ်တကူ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည် ဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။