အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၈၂)

(ညီအစ်ကို မောင်နှမများထံမှ မေးခွန်းများကို ဖြေဆိုခြင်း)

(ကျွန်ုပ်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ချိန်တွင် မိသားစုအပေါ် ခင်တွယ်မှု၏ ထိန်းချုပ်ခြင်းကို ခံနေရဆဲဖြစ်သည်။ ကျွန်ုပ် ရံဖန်ရံခါ သူတို့ကို လွမ်းသည်။ ယင်းသည် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ခြင်းအား ထိခိုက်စေသည်။ ကျွန်ုပ်၏ အခြေအနေမှာ ယခုနောက်ပိုင်းတွင် အနည်းငယ် တိုးတက်လာပါသည်။ သို့သော် အဆင်းနီသော နဂါးကြီးသည် ကျွန်ုပ်ကို ခြိမ်းခြောက်ရန်အတွက် ကျွန်ုပ်၏ မိသားစုဝင်များကို ဖမ်းဆီးလေမည်လောဟု တစ်ခါတစ်ရံတွင် စိုးရိမ်မိပါသေးသည်။ ထိုအခါတွင် ကျွန်ုပ်သည် ခိုင်မာစွာ မရပ်တည်နိုင်မည်ကို စိုးရိမ်ကြောက်ရွံ့မိပါသည်။) ယင်းတို့မှာ အခြေအမြစ်မရှိသည့် အကြောက်တရားများ ဖြစ်သည်။ ဤအရာတို့နှင့်ပတ်သက်၍ သင်တွေးပါက ဖြေရှင်းချက်တစ်ခုအတွက် သမ္မာတရားကို သင်ရှာဖွေရမည်။ သင်မည်သည့်အခြေအနေများနှင့် ကြုံရစေကာမူ ဘုရားသခင်က ယင်းကို စီစဉ်ညွှန်ကြားကာ စီစဉ်ထားသည်ကို သင်နားလည်ရန် လိုအပ်သည်။ ဤကဲ့သို့ အနေအထားမျိုးနှင့် ကြုံရပါက သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး သမ္မာတရားကို ရှာဖွေနိုင်ကာ ခိုင်မာစွာ ရပ်တည်နိုင်ရန် သင်ယူသင့်သည်။ ဤသည်မှာ လူတို့ သင်ယူရမည့် သင်ခန်းစာတစ်ခုဖြစ်သည်။ ဤကာလတွင် ဘုရားသခင်သည် သင့်ကို ရေလောင်းပေးကာ သိုးထိန်းပေးနေသည်ကို မည်သို့ တွေ့ကြုံနေရသနည်းဟုလည်းကောင်း၊ သင်၏ တကယ့် ဝိညာဉ်ရင့်သန်မှုမှာ အဘယ်နည်းဟုလည်းကောင်း၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို မည်သို့ ဖြည့်ဆည်းရမည်ဟုလည်းကောင်း သင်သည် မကြာခဏ ချင့်ချိန်တွေးဆသင့်သည်။ သင်သည် ယင်းတို့ကို အဖြေရှာရမည်။ သင်သည် အဆင်းနီသော နဂါးကြီး သင့်အား ခြိမ်းခြောက်မည့် အကြောင်းကိုပင် တွေးနိုင်ပါက သမ္မာတရားသို့ မည်သို့ ဝင်ရောက်ရမည်ကို အဘယ်ကြောင့် မတွေးသနည်း။ အဘယ်ကြောင့် သမ္မာတရားကို မချင့်ချိန်မတွေးဆသနည်း။ (ကျွန်ုပ်တွင် ဤအတွေးတို့ ဝင်လာချိန်၌ ကျွန်ုပ်သည် ဘုရားသခင်ထံ အမှန်တကယ် ဆုတောင်းကာ အကယ်၍ တစ်နေ့နေ့တွင် ကျွန်ုပ်သည် ဤအခြေအနေတို့ကို အမှန်တကယ် တွေ့ကြုံလာရပါက သေသည်အထိ ဘုရားသခင်အပေါ် သစ္စာစောင့်သိမည်ဟု အဓိဋ္ဌာန်ပြုလိုက်ပါသည်။ သို့သော် ကျွန်ုပ်၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုဖြင့် ယင်းကို အောင်မြင်အောင် မလုပ်ဆောင်နိုင်မည်ကို စိုးရိမ်မိပါသည်။) ထိုအခါ “ဘုရားသခင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုဖြင့် ယင်းကို အောင်မြင်အောင် မလုပ်ဆောင်နိုင်မည်ကို စိုးရိမ်ကြောက်ရွံ့မိပါသည်။ သေလောက်အောင် ကြောက်မိပါသည်။ ကျေးဇူးပြုပြီး ထိုသို့ မလုပ်ပါနှင့်။ ကျွန်ုပ်တွင် ဝိညာဉ်ရင့်သန်မှု ရှိသောအခါ ကိုယ်တော် လုပ်ဆောင်နိုင်ပါသည်”ဟု သင်ဆုတောင်းသည်။ ဤသည်မှာ ကောင်းမွန်သော ဆုတောင်းနည်း ဖြစ်သလော။ (မဟုတ်ပါ။) “ဘုရားသခင်၊ ကျွန်ုပ်သည် ယခု ဝိညာဉ်ရင့်သန်မှုနှင့် ယုံကြည်မှုတို့တွင် သေးငယ်ပါသည်။ ကျွန်ုပ်သည် တစ်စုံတစ်ရာ တွေ့ကြုံရမည်ကို ကြောက်ရွံ့ပါသည်။ အမှန်မှာမူ ကိစ္စများနှင့် အမှုအရာများအားလုံးသည် ကိုယ်တော့်လက်ထဲတွင် ရှိသည်ဟု ကျွန်ုပ် အမှန်တကယ် မယုံကြည်ပါ။ ကျွန်ုပ်ကိုယ်ကျွန်ုပ် ကိုယ်တော့်လက်ထဲ မအပ်နှံရသေးပါ။ ပုန်ကန်လိုက်လေခြင်း။ ကျွန်ုပ်သည် ကိုယ်တော်၏ စီစဉ်မှုနှင့် စီစဉ်ညွှန်ကြားမှုများထံ ကျိုးနွံနာခံဖို့ လိုလားပါသည်။ ကိုယ်တော် မည်သည့်အရာကို လုပ်သည်ဖြစ်စေ ကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော့်အတွက် သက်သေခံဖို့ လိုလားပါသည်။ ကိုယ်တော့်ကို ကျက်သရေမညှိုးစေရဘဲ ကျွန်ုပ်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် လိုလားပါသည်။ ကိုယ်တော်လိုရာ လုပ်ဆောင်ပါလေ” ဟု သင်ဆုတောင်းသင့်သည်။ သင်၏ သန္နိဋ္ဌာန်နှင့် သင်ပြောလိုသည့်အရာများကို ဘုရားသခင်ရှေ့မှောက်တွင် ထားရှိရန် လိုအပ်သည်။ ဤသည်ကား စစ်မှန်သည့် ယုံကြည်မှုကို ဖြစ်ပေါ်စေသည့်နည်းပင် ဖြစ်သည်။ သင်သည် ဤသို့ဆုတောင်းရန်ပင် တွန့်ဆုတ်နေပါက သင်၏ ယုံကြည်မှုသည် သေးငယ်လိုက်မည့်ဖြစ်ခြင်း။ သင်သည် မကြာခဏ ဤသို့ဆုတောင်းရန် လိုအပ်သည်။ သင် ဤသို့ တကယ်ဆုတောင်းလျှင်ပင် ဘုရားသခင်က ဤသို့ပြုလုပ်ချင်မှ ပြုလုပ်မည်။ ဘုရားသခင်သည် လူတို့ကို သူတို့ ထမ်းပိုးနိုင်သည်ထက် ပိုသောဝန်ကိုမပေး။ သို့သော် သင်သည် သင်၏ သဘောထားနှင့် စိတ်ဆုံးဖြတ်ချက်တို့ကို ရှင်းလင်းအောင်တင်ပြလျှင် ဘုရားသခင်သည် ကျေနပ်လိမ့်မည်။ ဘုရားသခင်သည် ကျေနပ်လျှင် သင်၏ စိတ်နှလုံးသည် ဤကိစ္စကြောင့် အနှောင့်အယှက်ဖြစ်ကာ စိတ်ကျဉ်းကျပ်နေတော့မည် မဟုတ်။ “ခင်ပွန်း၊ သားသမီး၊ မိသားစု၊ ပစ္စည်းဥစ္စာတို့ကဲ့သို့ အရာများအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ ယင်းတို့သည် အရေးပင်မပါ။ စကြဝဠာတစ်ခုလုံးသည် ဘုရားသခင်၏လက်ထဲတွင် ရှိသည်။ ငါ့မိသားစုသည်လည်း သူ့လက်ထဲတွင် ရှိသည်မဟုတ်လော။ သူတို့အတွက် စိုးရိမ်နေသည်မှာ ဘာအကျိုးရှိသနည်း။ ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိ။ ငါသည် မစွမ်းဆောင်နိုင်။ ငါသည် သူတို့ကို မကာကွယ်နိုင်။ သူတို့၏ ကံကြမ္မာနှင့် သူတို့နှင့် သက်ဆိုင်သမျှ အရာအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်” ဟူ၍ဖြစ်သည်။ သင့်တွင် ဘုရားသခင်ရှေ့မှောက် လာရောက် ဆုတောင်းကာ ခိုင်မာစွာ စိတ်ဆုံးဖြတ်ချက်ချပြီး ဘုရားသခင်၏ စီစဉ်မှုများထံသို့ ကျိုးနွံနာခံရန် စိတ်ဆုံးဖြတ်နိုင်သည့် ယုံကြည်မှုရှိရမည်။ သို့ဆိုလျှင် သင့်အတွင်းမှ အခြေအနေသည် ပြောင်းလဲသွားလိမ့်မည်။ သင့်တွင် စိုးရိမ်စိတ်များ မရှိတော့ဘဲ စိုးရိမ်မှုလည်း နောက်ထပ်ခံစားရတော့မည် မဟုတ်။ သင်သည် အလွန်အကြူး သတိထားမနေတော့ဘဲ သင်လုပ်သမျှတွင်လည်း ကြောင့်ကြမှုဖြင့် ပြည့်လျှံနေတော့မည် မဟုတ်ချေ။ အခြားလူတိုင်းက ရှေ့မှနေ၍ ရဲရဲဝံ့ဝံ့ဝင်တိုးနေချိန်တွင် သင်က နောက်တွင် ကျန်နေခဲ့သည်။ အစဉ်အမြဲ ထွက်ပြေးလိုသည်။ ဤသည်မှာ သူရဲဘောနည်းသူတစ်ဦး လုပ်သည့်အရာပင် မဟုတ်လော။ ဘုရားသခင်၏ လူများသည် နိုင်ငံတော်တွင် သူတို့၏ တာဝန်များကို ထမ်းဆောင်ကြပြီး ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင် ရှေ့မှောက်၌ သူတို့၏ တာဝန်များကို ထမ်းဆောင်ကြချိန်တွင် သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်နှလုံးဖြင့် စိတ်အေးစွာ ရှေ့သို ဆက်လှမ်းသင့်သည်။ သူတို့သည် စမ်းတဝါးဝါး သွားခြင်းသော်လည်းကောင်း၊ နောက်သို့ တွန့်ဆုတ်ခြင်းသော်လည်းကောင်း၊ လွန်စွာစိုးရိမ်တကြီး လျှောက်လှမ်းခြင်းသော်လည်းကောင်း မလုပ်သင့်။ သင်သည် ဤအခြေအနေက မှားကြောင်း သိနေကာ ယင်းကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရမည့်အစား ယင်းကြောင့် အမြဲမပြတ် စိုးရိမ်နေလျှင် သင်သည် ယင်း၏ချုပ်တည်းခြင်းနှင့် ချည်နှောင်ခြင်းတို့ ခံရနေပြီဖြစ်၍ သင်၏တာဝန်ကို ဖြည့်ဆည်းနိုင်တော့မည်မဟုတ်။ သင်သည် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့နှင့် ဖြည့်ဆည်းလိုပါသော်လည်း သင် စွမ်းဆောင်ရရှိနိုင်ပါ၏လော။ သင့်စိတ်နှလုံးသည် သင်၏တာဝန်ပေါ်တွင် တည်ရှိမနေသဖြင့် သင်သည် သင်၏ စိတ်နှလုံးတစ်ခုလုံးကို ပေးအပ်နိုင်သည့် အခြေအနေကို မရောက်နိုင်။ သင်သည် အလွန်ဆုံး သင့်စိတ်နှလုံး၏ ဆယ်ဖို့တစ်ဖို့မျှသာ အပ်နှံထားသည်။ သင်၏ စိတ်နှလုံး အကြွင်းမဲ့မရှိဘဲ သင်၏ ဉာဏ်ရှိသမျှနှင့် သင်၏ အစွမ်းသတ္တိရှိသမျှကို မည်သို့ပေးအပ်နိုင်မည်နည်း။ သင့်စိတ်နှလုံးသည် တာဝန်ပေါ်တွင် မရှိဘဲ သင့်တွင် ရှိသည်မှာ ယင်းကို ထမ်းဆောင်ဖို့ လိုလားမှုအနည်းငယ်သာ ဖြစ်သည်။ သင်၏ စိတ်နှလုံးအကြွင်းမဲ့နှင့် သင်၏ ဉာဏ်ရှိသမျှတို့ဖြင့် တာဝန်ကို ဖြည့်ဆည်းနိုင်မည်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ချက် သင့်တွင်မရှိ။ ထို့ကြောင့် သင်သည် မိသားစုအားဖြင့်လည်းကောင်း၊ သူတို့အပေါ် သင်၏ ခင်တွယ်မှုတို့အားဖြင့်လည်းကောင်း ဘောင်ခတ်ဖို့ သေချာပေသည်။ ယင်းတို့က သင့်ခြေလက်တို့ကို ချည်နှောင်လိမ့်မည်။ ယင်းတို့က သင့်အတွေးနှင့် စိတ်နှလုံးကို ထိန်းချုပ်လိမ့်မည်။ ထို့ပြင် သင်သည် သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်တို့ကို မပြည့်မီဘဲ ရှိလိမ့်မည်။ သင့်တွင် စိတ်ဆန္ဒရှိသော်လည်း ခွန်အားမရှိဖြစ်လိမ့်မည်။ ထို့ကြောင့် သင်သည် ဘုရားသခင်ရှေ့မှောက်တွင် ဆုတောင်းရမည်။ တစ်ဖက်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ထားပြီး ဖန်ဆင်းခံ တစ်ယောက်အနေဖြင့် မည်သည့်နေရာတွင် ရပ်တည်သင့်သည်ကိုလည်း သိထားရမည်။ သင်ပိုင်ဆိုင်ရမည့် စိတ်ဆုံးဖြတ်ချက်နှင့် သဘောထားတို့ကို ရယူကာ ဘုရားသခင်၏ ရှေ့မှောက်၌ ထားရှိရမည်။ ဤကား သင် ထားရှိရမည့် သဘောထားဖြစ်သည်။ အခြားသူများတွင် ဤစိုးရိမ်စိတ် အဘယ်ကြောင့် မရှိရသနည်း။ အခြားသူများတွင် မိသားစု၊ သို့မဟုတ် ဤကဲ့သို့သော အခက်အခဲများ မရှိဟု သင်ထင်သလော။ အမှန်မှာမူ လူတိုင်းတွင် ဇာတိပကတိနှင့်ဆိုင်သော မိသားစုဆိုင်ရာ အရှုပ်အယှက်တစ်ခုခု ရှိကြသည်။ သို့သော် အချို့လူများမှာ ဘုရားသခင်ထံဆုတောင်းကာ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို ဖြေရှင်းနိုင်ကြသည်။ ကာလတစ်ခုကြာ ရှာဖွေပြီးချိန်တွင် သူတို့သည် ဤလူ့ဇာတိ၏ ခင်တွယ်မှုတို့ကို ပိုင်းခြားသိမြင်လာကြပြီး ယင်းတို့ကို သူတို့၏ စိတ်နှလုံးမှ လက်လွှတ်လိုက်နိုင်သည်။ ထို့နောက်တွင် ယင်းတို့သည် သူတို့အတွက် အခက်အခဲများ မဟုတ်ကြတော့။ ထိုအရာများကြောင့် သူတို့သည် ထိန်းချုပ်ခံရခြင်း သို့မဟုတ် စိတ်ကျဉ်းကျပ်ခြင်း မရှိကြတော့။ ယင်းတို့သည် သူတို့၏ တာဝန်ထမ်းဆောင်ခြင်းကို မထိခိုက်တော့သောကြောင့် သူတို့သည် လွတ်မြောက်လာကြသည်။ သမ္မာကျမ်းစာထဲတွင် “သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၃၃) ဟုဆိုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာတစ်ကြောင်းရှိသည်။ မိမိ၌ရှိသမျှကို စွန့်ခြင်းဆိုသည်မှာ ဤအရာသည် မည်သည်နည်း။ “ရှိသမျှ” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ မိသားစု၊ မိတ်ဆွေများ၊ ပိုင်ဆိုင်မှုကဲ့သို့ အရာများအားလုံးသည် “ရှိသမျှ” ဆိုသည့် စကားလုံးတွင် ပါဝင်ပေသည်။ သို့ဆိုလျှင် သင်၏စိတ်နှလုံးထဲရှိ အရေးပါသောနေရာကို မည်သည့်အရာများက နေရာယူထားသနည်း။ ယင်းမှာ အချို့အတွက် သားသမီးများဖြစ်သည်၊ အချို့အတွက်က မိဘများဖြစ်သည်၊ အချို့အတွက်မူ ကြွယ်ဝမှုဖြစ်ပြီး အချို့အတွက်မှာကား အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ ဖြစ်ကြသည်။ သင်သည် ဤအရာများကို တန်ဖိုးထားပါက ယင်းတို့က သင့်ကို ထိန်းချုပ်လိမ့်မည်။ ယင်းတို့ကို သင်တန်ဖိုးမထားသကဲ့သို့ လုံးလုံးလျားလျား လက်လွှတ်ပါက ယင်းတို့က သင့်ကို မထိန်းချုပ်နိုင်ပေ။ ယင်းတို့အပေါ်ထားသည့် သင်၏ သဘောထားနှင့် ဤအရာများကို သင်မည်သို့ ကိုင်တွယ်ပုံတို့အပေါ်တွင်သာ မူတည်ပေသည်။

ဘုရားသခင်သည် သူ၏အလုပ်ကို မည်သည့်ကာလနှင့် မည်သည့်အဆင့်တွင် လုပ်သည်ဖြစ်စေ သူသည် သူနှင့်အတူလုပ်ဆောင်ရန် လူတစ်စုကို အစဉ်အမြဲလိုအပ်ကြောင်း သင်တို့နားလည်ထားရန် လိုအပ်သည်။ ဘုရားသခင်၏ အလုပ်နှင့် ပူးပေါင်းလုပ်ဆောင်ကြသည့် သို့မဟုတ် ဧဝံဂေလိတရားတို့ကို ဖြန့်ရာ၌ ပူးပေါင်းလုပ်ဆောင်ကြသည့် ဤလူတို့ကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ ဘုရားသခင်သည် သူ ကြိုတင်ပြဋ္ဌာန်းထားသော လူတစ်ယောက်ချင်းစီအတွက် တာဝန်ပေးစေခိုင်းချက် ရှိပါသလော။ လူတိုင်းတွင် အထူးတာဝန်တစ်ခုနှင့် ဝတ္တရားတစ်ခု ရှိကြသည်။ လူတိုင်းတွင် တာဝန်ပေးစေခိုင်းချက် တစ်ခုရှိကြသည်။ ဘုရားသခင်က သင့်ကို တာဝန်ပေးစေခိုင်းသည့်အခါ ယင်းသည် သင်၏ ဝတ္တရားဖြစ်လာသည်။ သင်သည် ဤဝတ္တရားကို တာဝန်ယူ လက်ခံရမည်။ ဤကား သင့်တာဝန်ပင်။ တာဝန်ဟူသည် အဘယ်နည်း။ ယင်းသည် ဘုရားသခင်က သင့်ကိုပေးထားသည့် အထူးတာဝန်ပင်ဖြစ်သည်။ အထူးတာဝန်ဟူသည် အဘယ်နည်း။ (ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်သည် လူသား၏ အထူးတာဝန်ဖြစ်သည်။ အကြင်လူ၏ အသက်တာကို ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် နေထိုင်သင့်သည်။ ဤတာဝန်ပေးစေခိုင်းချက်သည် သူ၏စိတ်နှလုံးအတွင်းရှိ တစ်ခုတည်းသော အရာဖြစ်ပြီး ၎င်းတို့သည် အခြားမည်သည့် အရာအတွက်မှ အသက်မရှင်သင့်ပေ။) ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်သည် လူသား၏ အထူးတာဝန်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောပေါက်မှုဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောသူများသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြည့်စုံစေရန်အတွက် ကမ္ဘာမြေပေါ်သို့ စေလွှတ်ခံရခြင်းဖြစ်သည်။ သင်သည် ဤအသက်တာတွင် လူမှုအဆင့်အတန်းကို တိုးတက်စေရန်၊ ဥစ္စာပေါများရန်၊ ကောင်းမွန်သော ဘဝကိုနေထိုင်ရန်၊ မိသားစုနှင့် အတူရှိခြင်းကို မွေ့လျော်ရန်နှင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတွင် ပျော်ရွှင်မြူးထူးရန်တို့ကိုသာ လိုက်စားကာ သင်သည် လူမှုအဆင့်အတန်း တိုးတက်၍ သင့်မိသားစုသည် ထင်ပေါ်ကျော်ကြားလာပြီး သင်၏ မိသားစုဝင်တိုင်းသည် လုံခြုံစိတ်ချလာသော်လည်း ဘုရားသခင်က သင့်ကိုပေးအပ်ထားသည့် အထူးတာဝန်ကို သင်ဥပက္ခာပြုပါက သင်အသက်ရှင်နေထိုင်နေသော သင်၏ ဤအသက်တာသည် တန်ဖိုးတစ်စုံတစ်ရာ ရှိပါ၏လော။ သင်သေလွန်ပြီးချိန်တွင် ဘုရားသခင်ကို သင်အဘယ်သို့ အဖြေပေးမည်နည်း။ သင်အဖြေပေးနိုင်မည်မဟုတ်။ ပြီးလျှင် ဤသည်မှာ အကြီးကျယ်ဆုံးသော ပုန်ကန်မှုဖြစ်သည်။ ဤသည်မှာ အကြီးကျယ်ဆုံးသော အပြစ်ဖြစ်သည်။ ယခု သင်တို့ထဲမှ မည်သူသည် ဘုရားသခင်အိမ်တော်ရှိ သင်၏တာဝန်ကို မတော်တဆ ထမ်းဆောင်မိသည့်သူ ရှိသနည်း။ သင်၏တာဝန်ကို ထမ်းဆောင်ရန် မည်သည့်နောက်ခံအခြေအနေမှ ရောက်ရှိလာသည်ဖြစ်စေ မည်သည်ကမျှ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာသည်မရှိပေ။ ဤတာဝန်သည် ယုံကြည်သူအချို့ကို ကြုံသလိုရှာဖွေပေးရုံဖြင့် ထမ်းဆောင်၍မရပေ။ ဤသည်မှာ ခေတ်များမတိုင်မီကပင် ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသော အရာတစ်ခုဖြစ်ခဲ့သည်။ တစ်စုံတစ်ခုကို ကြိုတင်ပြဋ္ဌာန်းထားသည်ဆိုသည်မှာ မည်သည့်သဘောဖြစ်သနည်း။ တိတိကျကျမှာ မည်သည်နည်း။ ယင်းမှာ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးတွင် အချိန်ကြာမြင့်စွာကပင် သင် ကမ္ဘာပေါ်သို့ အကြိမ်မည်မျှ လာရောက်မည်၊ နောက်ဆုံးသောကာလတွင် သင်သည် မည်သည့်အမျိုးအနွယ်နှင့် မည်သည့် မိသားစုထဲတွင် မွေးဖွားမည်၊ ဤမိသားစု၏ အနေအထား မည်သို့ရှိမည်၊ သင်သည် ယောက်ျား သို့မဟုတ် မိန်းမ မည်သည်ဖြစ်မည်၊ သင်၏ အားသာချက်များမှာ မည်သည့်အရာများ ဖြစ်မည်၊ သင်သည် မည်သည့်ပညာအရည်အချင်း အဆင့်ရှိမည်၊ သင်သည် မည်မျှ ရှင်းလင်းစွာ ပြောဆိုနိုင်မည်၊ သင်၏အစွမ်းအစမှာ မည်သည်ဖြစ်မည်နှင့် သင်၏ အဆင်းမှာ မည်သို့ရှိမည်တို့ကို စီစဉ်ခဲ့သည်ဟူသည့် သဘောဖြစ်သည်။ သူသည် သင်ဘုရားသခင်၏ အိမ်တော်သို့ လာရောက်ကာ သင်၏တာဝန်ကို စတင်ထမ်းဆောင်ရမည့် အသက်အရွယ်နှင့် မည်သည့်အချိန်တွင် မည်သည့်တာဝန်ကို သင်ထမ်းဆောင်ရမည်ဟူ၍လည်း စီစဉ်ခဲ့သည်။ ဘုရားသခင်က သင့်အတွက် အဆင့်တစ်ခုချင်းစီကို အစောကတည်းက ကြိုတင်ပြဋ္ဌာန်းထားသည်။ သင် မမွေးဖွားမီနှင့် သင်ရှေးလွန်ခဲ့သော ဘဝများစွာက ကမ္ဘာသို့လာခဲ့စဉ်ကပင် အမှု၏ဤနောက်ဆုံးအဆင့် အတောအတွင်းတွင် မည်သည့်တာဝန် သင်ထမ်းဆောင်ရမည်ကို ဘုရားသခင်သည် စီစဉ်ပေးထားပြီး ဖြစ်သည်။ ဤသည်မှာ ဟာသတစ်ခုမဟုတ်ပေ။ ဤနေရာတွင် သင်ဒေသနာ ကြားနာနိုင်သည်ဟူသည့်အချက်သည် ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ယင်းကို ပေါ့ပေါ့တန်တန် မှတ်ယူရမည့်အရာ မဟုတ်။ ထို့အပြင် သင်၏ အရပ်အမောင်းကိုလည်းကောင်း၊ သင်၏ အဆင်းသဏ္ဌာန်ကိုလည်းကောင်း၊ သင့်မျက်လုံးသည် ဘယ်ပုံရှိသည်ကိုလည်းကောင်း၊ သင်၏ ကိုယ်လုံးကိုယ်ပေါက်ကိုလည်းကောင်း၊ သင့်ကျန်းမာရေး အခြေအနေကိုလည်းကောင်း၊ သင့်ဘဝအတွေ့အကြုံများမှာ မည်သည်ဖြစ်သည်နှင့် အရွယ်တစ်ခုရောက်လျှင် သင်မည်သည့် တာဝန်များကို ထမ်းဆောင်နိုင်မည်ကိုလည်းကောင်း၊ မည်သည့် အစွမ်းအစနှင့် လုပ်နိုင်စွမ်းတို့ သင်ပိုင်ဆိုင်ထားသည်ကိုလည်းကောင်း ယင်းတို့ကို လွန်ခဲ့သည့် ကာလများစွာကတည်းက သင့်အတွက် ဘုရားသခင်က ကြိုတင်သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ ယခုမှ စီစဉ်နေခြင်း လုံးဝမဟုတ်။ ဘုရားသခင်က သင့်အတွက် ကြိုတင်သတ်မှတ်ခဲ့သည်မှာ ကြာလှပေပြီ။ ဆိုလိုသည်မှာ အကယ်၍ သူသည် သင့်ကို အသုံးပြုရန် ရည်ရွယ်လျှင် သင့်ကို ဤတာဝန်ပေးစေခိုင်းချက်နှင့် ဤအထူးတာဝန်တို့ မပေးမီကပင် သူသည် သင့်ကို ကြိုတင်ပြင်ဆင်ပေးပြီး ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ယင်းမှ ရှောင်ပြေးသွားရန်ကား သင့်အတွက် လက်ခံဖွယ်ရှိသလော။ ယင်းအတွက် စိတ်မပါလက်မပါဖြစ်ခြင်းက သင့်အတွက် လက်ခံဖွယ်ရှိသလော။ နှစ်ခုလုံး လက်ခံဖွယ်မရှိ။ ယင်းမှာ ဘုရားသခင်ကို စိတ်ပျက်စေခြင်း ဖြစ်လိမ့်မည်။ မိမိတို့၏ တာဝန်ကို သစ္စာဖောက်ခြင်းသည် လူတို့အတွက် အဆိုးဆုံးသော ပုန်ကန်မှုမျိုးဖြစ်သည်။ ယင်းမှာ အလွန်ယုတ်မာသော လုပ်ရပ်ပင် ဖြစ်သည်။ ဘုရားသခင်သည် သင်ယနေ့အထိ အသက်ရှင်ပြီး ဤအထူးတာဝန်ကို ပေးအပ်ခံရစေရန် ရှေးပဝေသဏီကတည်းက ကြိုတင်သတ်မှတ်ထားလျက် အပင်ပန်းခံ တွေးတောခဲ့သည်။ သို့ဆိုလျှင် ဤအထူးတာဝန်သည် သင်၏ဝတ္တရား မဟုတ်သလော။ ယင်းသည် သင်၏ ဤအသက်တာကို နေထိုင်ရန် တန်ဖိုးရှိစေသည့်အရာ မဟုတ်သလော။ အကယ်၍ သင်သည် ဘုရားသခင်က သင့်ကို ပေးအပ်သည့် အထူးတာဝန်ကို မပြီးဆုံးပါက အသက်ရှင်ခြင်း၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့ကို သင်ဆုံးရှုံးကာ သင်နေထိုင်ခဲ့သည်မှာ အချည်းနှီးကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် မှန်ကန်သော အနေအထား၊ ပတ်ဝန်းကျင်နှင့် နောက်ခံအခြေအနေတို့ကို စီစဉ်ပေးသည်။ သင့်ကို ဤအစွမ်းအစနှင့် ဤလုပ်နိုင်စွမ်းတို့ကို နှင်းအပ်ကာ ဤအသက်အရွယ်ထိနေနိုင်ရန် ပြင်ဆင်ပေးပြီး သင်၏ဤတာဝန်ကို ထမ်းဆောင်ရန် သင်လိုအပ်မည့် အရည်အချင်းများအားလုံး ရှိစေရန် ပြင်ဆင်ပေးသည်။ ဤအရာများအားလုံးကို သင့်အတွက် သူသည် စီစဉ်ပေးထားသည်။ သို့တိုင်အောင် သင်သည် ဤတာဝန်ကို ဝီရိယရှိရှိ ထမ်းဆောင်ခြင်း မရှိ။ သင်သည် စုံစမ်းသွေးဆောင်ခြင်းတို့ကို ကြံ့ကြံ့မခံနိုင်ဘဲ ရုန်းထွက်ရန် ရွေးချယ်သည်။ ကောင်းမွန်သော ဘဝကို နေနိုင်ရန်နှင့် လောကီအရာများကို လိုက်စားရန်သာ အစဉ်အမြဲ ရှာဖွေနေသည်။ သင့်ကို ဘုရားသခင်ကပေးထားသည့် ဆုကျေးဇူးနှင့် လုပ်နိုင်စွမ်းတို့ကို ယူကာ စာတန်ကို အစေခံသည်။ စာတန်အတွက် နေထိုင်သည်။ ယင်းသည် ဘုရားသခင်ကို မည်သို့ ခံစားရစေမည်နည်း။ သင့်အတွက် သူ၏မျှော်လင့်ချက်တို့ ဤသို့မပြည့်ဝဖြစ်သွားသောကြောင့် သူက သင့်ကို ရွံမုန်းမည် မဟုတ်လော။ သူက သင့်ကို မမုန်းတီးသလော။ သင့်အပေါ် သူ၏ ကြီးစွာသော အမျက်ဒေါသတို့ကို ကျရောက်စေလိမ့်မည်။ သို့ဆိုလျှင် ဤကိစ္စကို ပြေလည်သွားပြီဖြစ်သည်ဟု ယူဆမည်လော။ သင်တွေးထင်ထားသလောက် ရိုးရှင်းနိုင်သလော။ ဤဘဝတွင် သင်၏အထူးတာဝန်ကို သင်မပြီးဆုံးလျှင် ယင်းတို့အားလုံးက သင်သေခြင်းနှင့်အတူ ပြီးဆုံးသွားပြီဟု သင်ထင်သလော။ ထိုနေရာတွင် မပြီးဆုံးသေးဘဲ ယင်းနောက်တွင် သင်၏ ဝိညာဉ်သည် အန္တရာယ်ကျရောက်လိမ့်မည်။ သင်သည် သင်၏ တာဝန်ကိုလည်း မထမ်းဆောင်ခဲ့၊ ဘုရား၏ တာဝန်ပေးစေခိုင်းချက်ကိုလည်း လက်မခံခဲ့သည့်အပြင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်မှ ထွက်ပြေးခဲ့သည်။ ကိစ္စများမှာ ကြောက်စရာကောင်းလာပြီဖြစ်သည်။ သင် ဘယ်ဆီသို့ ပြေးနိုင်သနည်း။ ဘုရားသခင်၏ လက်မှ သင်ထွက်ပြေးနိုင်သလော။ ဤသို့လူမျိုးကို ဘုရားသခင်က မည်သို့ အမျိုးအစားသတ်မှတ်သနည်း။ (၎င်းတို့သည် သူ့ကို သစ္စာဖောက်သည့် လူများဖြစ်သည်။) သူ့ကို သစ္စာဖောက်သည့် လူများကို ဘုရားသခင်က မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ သူ၏ တရားပလ္လင်တော်မှ ပြေးထွက်သွားသူတို့ကို ဘုရားသခင်ကမည်သို့ အမျိုးအစား သတ်မှတ်သနည်း။ ယင်းတို့သည် ပျက်စီးခြင်းကို ခံစားရကာ ဖျက်ဆီးခံရမည့် လူများဖြစ်သည်။ သင့်အတွက် နောက်ထပ်အသက်တာ သို့မဟုတ် နောက်ထပ် ပြန်လည်မွေးဖွားခြင်းတို့ မည်သည့်အခါမျှ ရှိမည်မဟုတ်။ ထို့ပြင် ဘုရားသခင်သည် သင့်ကို နောက်ထပ် တာဝန်ပေးစေခိုင်းချက် တစ်ခုခု ပေးအပ်နိုင်မည် မဟုတ်ပေ။ သင့်အတွက် အထူးတာဝန် တစ်ခုမျှ မရှိတော့ဘဲ ကယ်တင်ခြင်း ခံရရန် အခွင့်အလမ်း မရှိတော့ချေ။ ဤသည်ကား လေးနက်သော ပြဿနာပင်တည်း။ ဘုရားသခင်က “ဤလူသည် ငါ့ တရားပလ္လင်တော်နှင့် ငါ၏ မျက်မှောက်တော်တို့မှ ရှောင်ပြေးသွားကာ ငါ့မျက်စိရှေ့မှ တစ်ခါ ရှောင်ပြေးသွားခဲ့ပြီးပြီ။ သူ၏ အထူးတာဝန်ကိုလည်း မထမ်းဆောင်ခဲ့၊ သို့မဟုတ် သူ၏ တာဝန်ပေးစေခိုင်းချက်ကို မပြီးစီးခဲ့။ သူ့အသက်သည် ဤတွင် အဆုံးသတ်ပြီ။ ဤကား ပြီးလေပြီ။ နိဂုံးချုပ်သွားပြီဖြစ်သည်” ဟု ဆိုလေမည်။ ဝမ်းနည်းဖွယ်အဖြစ်ဆိုး ပါတကား။ ယခုအခါတွင် ဘုရားသခင်၏ အိမ်တော်၌ သင်တို့၏တာဝန်ကို ထမ်းဆောင်နိုင်ဖို့အတွက်မှာ ယင်းတာဝန်သည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ရုပ်ပိုင်းဖြစ်စေ၊ စိတ်ပိုင်းဖြစ်စေ၊ ပြင်ပကိစ္စများ ကိုင်တွယ်ရသည်ဖြစ်စေ၊ အတွင်းပိုင်း အလုပ်ကိုင်တွယ်ရသည်ဖြစ်စေ မည်သူ့ တာဝန်ထမ်းဆောင်ခြင်းမျှ မတော်တဆ ဖြစ်ပေါ်လာခြင်း မဟုတ်။ ဤကား အဘယ်သို့များ သင်၏ရွေးချယ်မှု ဖြစ်နိုင်ပေမည်နည်း။ ဤအရာအားလုံးကို ဘုရားသခင်က ဦးဆောင်သည်။ ဘုရားသခင်က သင့်ကို တာဝန်ပေးစေခိုင်းနေခြင်းကြောင့်သာ သင်ဤသို့ လှုံ့ဆောင်ခြင်းခံရကာ သင့်၌ အထူးတာဝန်၊ ဝတ္တရားတို့နှင့်ပတ်သက်သော အသိစိတ်ရှိနေပြီး သင့်တာဝန်ကို ထမ်းဆောင်နိုင်နေခြင်းဖြစ်သည်။ ဘာသာတရားမရှိသူများထဲတွင် ကြည့်ကောင်းသူ၊ ဗဟုသုတပြည့်ဝသူ သို့မဟုတ် ပါရမီရှိသူ များစွာရှိသော်လည်း ထိုသူတို့ကို ဘုရားက ထောက်ခံစွာ ကြည့်ရှုသလော။ မပေးပါ။ ဘုရားသခင်က သူတို့ကို မရွေးချယ်ခဲ့ဘဲ သင်တို့ လူစုကိုသာ ထောက်ခံစွာ ကြည့်ခဲ့သည်။ သူက သူ၏ စီမံခန့်ခွဲမှု အလုပ်များတွင် သင်တို့အားလုံးကို ကဏ္ဍအမျိုးအစား အားလုံးကို လုပ်ဆောင်စေကာ တာဝန်အမျိုးအစားအားလုံးကို ထမ်းဆောင်ပြီး ဝတ္တရားအမျိုးမျိုးကို တာဝန်ယူစေသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသတ်သို့ရောက်ပြီး အောင်မြင်ဖြစ်မြောက်သွားချိန်တွင် ဤသည်မှာ ဂုဏ်ယူဖွယ်နှင့် အထူးအခွင့်အရေး ဖြစ်လိမ့်မည်တကား။ သို့ဆိုလျှင် ယနေ့သူတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ အခက်အခဲ အနည်းငယ် ခံစားရသည့်အခါတွင်လည်းကောင်း၊ သူတို့ အရာအချို့ စွန့်လွှတ်လိုက်ရကာ သူတို့ကိုသူတို့ အနည်းငယ်အသုံးခံပြီး အဖိုးအခတစ်ခုခု ပေးဆပ်လိုက်ရသည့်အခါတွင်လည်းကောင်း၊ ကမ္ဘာပေါ်ရှိ သူတို့၏ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို ဆုံးရှုံးရသည့်အချိန်တွင်လည်းကောင်း၊ ဤအရာများအားလုံး ကုန်သွားသည့်အချိန်တွင်လည်းကောင်း သူတို့ဆီမှ ဘုရားသခင်က အားလုံး ယူသွားလိုက်သည်ဟု ထင်ရသော်လည်း သူတို့သည် ပိုမို အဖိုးထိုက်ပြီး တန်ဖိုးရှိသော အရာတစ်ခုကို ရရှိလိုက်ပြီးဖြစ်သည်။ ဘုရားသခင်ထံမှ လူများသည် အဘယ်အရာကို ရရှိလိုက်ပြီးဖြစ်သနည်း။ သူတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြင့် သမ္မာတရားနှင့် အသက်ကို ရလိုက်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ပြီးသည့်အချိန်မှသာ၊ ဘုရား၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးသည့်အချိန်မှသာ၊ ဘုရားသခင်က သင့်အား ပေးအပ်သည့် သင်၏ အထူးတာဝန်နှင့် တာဝန်ပေးစေခိုင်းချက်တို့အတွက် သင့်အသက်တာတစ်ခုလုံးကို အသက်ရှင်နေထိုင်သည့်အချိန်မှသာ၊ သင့်တွင် လှပသော သက်သေခံချက် ရှိသည့်အချိန်မှသာ၊ သင်သည် တန်ဖိုးရှိသော အသက်တာကို နေထိုင်သည့်အချိန်မှသာ သင်သည် စစ်မှန်သော လူတစ်ယောက်ဖြစ်သည်။ သင်သည် စစ်မှန်သော လူတစ်ယောက် ဖြစ်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်သည် သင့်ကို ရွေးချယ်ကာ သူ၏ စီမံခန့်ခွဲမှုအတွင်းရှိ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်၏တာဝန်ကို ထမ်းဆောင်ခိုင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤသည်မှာ သင်၏ အသက်တာတွင် တန်ဖိုးအကြီးဆုံးနှင့် အဓိပ္ပာယ်အရှိဆုံးပင် ဖြစ်သည်။

ဘုရားသခင်သည် လူတို့ထံမှ များစွာမတောင်းဆိုပေ။ ဘုရားသခင်က သင့်ကို တာဝန်ပေးစေခိုင်းချက်တစ်ခုနှင့် ဝတ္တရားတစ်ခုပေးသည့်အခါတွင် သင့်တွင် ယုံကြည်မှုအနည်းငယ်သာ ရှိကြောင်းနှင့် ဤသည်မှာ သင်စိုက်ထုတ်နိုင်သမျှ အများဆုံးအားထုတ်မှုဖြစ်ကြောင်း၊ ဤသည်မှာ သင်ပေးနိုင်သမျှ အများဆုံးဖြစ်ကြောင်းနှင့် ဤအရာများသည် သင်တာဝန်ယူနိုင်သည့် အရာများဖြစ်ကြောင်း သင်ကဆိုလေလျှင် ဘုရားသခင်သည် သင့်ကို တွန်းအားပေးမည် မဟုတ်။ ဤသည်မှာ သူက သင့်ကို ရာခိုင်နှုန်းပြည့် တောင်းဆိုသည့်အခါ သင်က ကိုးဆယ့်ငါး ရာခိုင်နှုန်းသာပေး၍ သူက စိတ်မကျေမနပ်ဖြစ်လိမ့်မည်ဖြစ်ကာ သင့်ကို သက်ညှာမည် မဟုတ်ဘဲ သူတောင်းဆိုသည့် ရာခိုင်နှုန်းပြည့် ရောက်နိုင်အောင် အစဉ်မပြတ် နှိုးဆော်ကာ တွန်းအားပေးသည့် ပုံစံမျိုးမဟုတ်ချေ။ ဘုရားသခင်က ဤသို့လုပ်လိမ့်မည်မဟုတ်။ ထိုအစား သူသည် သင့်ကို သင်၏ ဝိညာဉ်ရင့်သန်မှု၊ စွမ်းအားနှင့် သင်စွမ်းဆောင်နိုင်သည့်အလျောက် တစ်ဆင့်ချင်း တရွေ့‌ရွေ့ တိုးတက်လာအောင် ကြိုးစားစေမည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အလုပ်တွင် မျှတကာ အကျိုးအကြောင်းဆီလျော်သည်။ သူသည် လူတို့ကို တွန်းအားမပေး။ သင့်ကို သက်သောင့်သက်သာနှင့် စိတ်အေးလက်အေးရှိစေသည်။ သူက သင့်အတွက် သူလုပ်ဆောင်သမျှတွင် သင့်အား သူနားလည်နိုင်ကြောင်းနှင့် သင့်အတွက် အလေးထားကြောင်း သင့်ကို ခံစားရစေသည်။ လူတို့သည် ဘုရားသခင်၏ အပတ်တကုတ် အားထုတ်မှုကိုသာမက လူသားမျိုးနွယ်အတွက် သူ၏ သနားကရုဏာ၊ မေတ္တာကျေးဇူးတော်နှင့် စိတ်ရှည်သည်းခံနိုင်မှုတို့ကို သတိမူမိရမည်။ သို့ဆိုလျှင် လူတို့ မည်သည့်အရာကို လုပ်ဆောင်ကာ မည်နည်းမည်ပုံ ပူးပေါင်းဆောင်ရွက်ရမည်နည်း။ လူတို့ ပူး‌ပေါင်းဆောင်ရွက်သင့်သည့် နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်သည်။ “ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ငါဦးတည် ကြိုးပမ်းရမည်။ ဘုရားသခင်က ငါ့ထံမှ ရာခိုင်နှုန်းပြည့် လိုချင်သည်။ ငါ ခြောက်ဆယ်ရာခိုင်နှုန်း ပေးနေနိုင်ချိန်တွင် သုံးဆယ်ရာခိုင်နှုန်းမျှသာ ပေးမည်မဟုတ်။ ငါ့ရှိသမျှ အားအင်အကုန်ပေးမည်။ ငါသည် စိတ်မချရသောသူဖြစ်မည်မဟုတ်။ ငါသည် ရေသာမခို။ ထို့ပြင် ကံအပေါ် မှီခိုသည့် စိတ်မျိုး ထားမည်မဟုတ်”ဟူ၍ဖြစ်သည်။ ဤကား အလုပ်ဖြစ်လိမ့်မည်။ ဘုရားသခင်က လူတစ်ယောက်၏ စိတ်နှလုံးကို ကြည့်သည်။ သူ့တွင် လူတိုင်းအတွက် ထပ်တူညီသော သတ်မှတ်ချက်များ ရှိမနေပေ။ တခြားတစ်ယောက်က စွန့်လွှတ်သဖြင့် သင်သည် သင့်သားသမီး၊ မိသားစုတို့ကို စွန့်ခွာရမည်၊ သို့မဟုတ် သင့်အလုပ်ကို လိုက်စွန့်လွှတ်ရမည်ဟု မဟုတ်။ ဘုရားသခင်တွင် အားလုံးအတွက် တစ်သမတ်တည်း ချဉ်းကပ်ပုံမျိုး မရှိ။ သူသည် သင်၏ ဝိညာဉ်ရင့်သန်မှုနှင့် သင်စွမ်းဆောင်ရရှိနိုင်သည့်အရာနှင့်အညီ သင့်ကို တောင်းဆိုသည်။ သို့ဆိုလျှင် သင်သည် မည်သည့်စိတ်သောကကိုဖြစ်စေ၊ မည်သည့်ဖိစီးမှုကိုဖြစ်စေ ခံစားရန် မလိုအပ်ပေ။ သင် စွမ်းဆောင်ရရှိနိုင်စွမ်းရှိသည့်အရာကို အခြေခံပြီး ဘုရားသခင်ရှေ့မှောက်တွင် ဆုသာတောင်းပါလေ။ မည်သည့် ခက်ခဲမှုရှိသည်ဖြစ်စေ၊ မည်သည့် အကန့်အသတ်ရှိနေသည်ဖြစ်စေ ၎င်းတို့ထံမှ နောက်တွန့်မသွားနှင့်။ ယင်းတို့အားဖြင့် သင့်ကို မထိခိုက်စေနှင့်။ ဤသည်ကား နည်းမှန်ပင်ဖြစ်၏။ သင်သည် ယင်းတို့အားဖြင့် အထိခိုက်ခံရသည်နှင့် “ငါ ကောင်းကောင်းမလုပ်ခဲ့။ ဘုရားသခင်သည် ငါနှင့်ပတ်သက်၍ မပျော်ရွှင်သည် မဟုတ်လော။ ကောင်းကောင်း ဂရုစိုက်ရမည်။ ငါအရမ်းကာရော တွန်း၍မဖြစ်။ အသက်ရှူချောင်စရာ နေရာချန်ဖို့ လိုအပ်သည်”ဟု မပြတ် တွေးနေလိမ့်မည်။ ဤကား မှားယွင်းပေသည်။ ဤကား ဘုရားသခင်အပေါ် နားလည်မှု လွဲမှားခြင်းပင်။ ဤအတွေ့အကြုံမျိုး၏ တဖြည်းဖြည်းဖြစ်လာသော အဆင့်တစ်ခုချင်းတိုင်းသည် လူတို့ကို ဘုရားသခင်အား မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံပြီး သံသယပင် ဝင်နိုင်သည့် အနေအထားထိရောက်အောင် မိမိတို့၏ ယုံကြည်မှုသည် သေးငယ်လွန်းသည်ဟု ပိုပိုပြီး ခံစားရစေသည်။ “မသူတော်၏စံနှင့် သူတော်ကိုနှိုင်း” ဟူသည့် စကားပုံအတိုင်းပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ပါသော်လည်း သူ့အပေါ်မှီခိုရန် ကြောက်ရွံ့နေကြသည်။ သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကို ယုံကြည်ပါသော်လည်း သူ့ကို အရာအားလုံး လက်လွှဲပေးရန် ကြောက်ရွံ့နေကြသည်။ လူတို့သည် “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်”နှင့် “အရာခပ်သိမ်းသည် ဘုရားသခင် လက်ထဲတွင်ရှိသည်”ဟု မကြာခဏ ဆိုကြသော်လည်း အခြေအနေအချို့နှင့် ကြုံတွေ့ရသည့်အခါ “ဘုရားသခင်သည် ဤအရာအပေါ် အမှန်တကယ် အချုပ်အခြာအာဏာ ကိုင်စွဲနိုင်ပါ၏လော။ သူသည် အမှန်တကယ် မှီခိုလို့ ရပါ၏လော။ ငါသည် အခြားသူများကိုသာ မှီခိုလိုက်သည်က ပိုကောင်းမည်။ ပြီးလျှင် အကယ်၍ ယင်းသည် အလုပ်မဖြစ်ပါက ငါ့ဘာသာငါ တစ်ခုခု ကြံဆမည်” ဟုတွေးကြသည်။ ယင်းနောက် သူတို့သည် မည်မျှပင် မရင့်ကျက်ဘဲ အဓိပ္ပာယ်မဲ့ကာ ဝိညာဉ်ရင့်သန်မှု သေးငယ်သည်ကို သဘောပေါက်ကြတော့သည်။ သို့နှင့် သူတို့သည် ဘုရားခင်ကို မှီခိုလိုကြသဖြင့် နောက်ထပ် ပြန်လှည့်ကြသော်လည်း လမ်းကြောင်းမရှိသေးသည်ကိုသာ တွေ့ကြရသည်။ သို့ရာတွင် ၎င်းတို့၏ စိတ်ထဲတွင် ဘုရားသခင်က သစ္စာစောင့်သိပြီး သူ့ကို မှီခိုနိုင်သည်ဟု အတွင်းနက်နက်၌ သူတို့သိကြသော်လည်း သူတို့သည် သေးငယ်သော ယုံကြည်မှုရှိပြီး အစဉ်အမြဲ လွန်စွာ သံသယပွားနေကြခြင်းသာဖြစ်သည်။ ဤပြဿနာကို မည်သို့ဖြေရှင်းမည်နည်း။ သင်သည် သင်၏ အတွေ့အကြုံနှင့် သမ္မာတရားကို လိုက်စားနားလည်ခြင်းတို့ အပေါ်မှီခိုရမည်။ သို့မှသာ သင်သည် စစ်မှန်သော ယုံကြည်မှု ဖြစ်ပေါ်နိုင်မည်။ သင်ပိုမို တွေ့ကြုံရလေလေနှင့် ဘုရားသခင်အပေါ် ပိုမိုမှီခိုလေလေ သူ့ကို မှီခိုနိုင်သည်ဟု သင်ပိုမို ခံစားလာရလေလေဖြစ်သည်။ သင်သည် ကိစ္စများကို ပိုမိုကြုံတွေ့လာရပြီး ဘုရားသခင်က သင့်ကို အခက်အခဲများနှင့် အန္တရာယ်တို့ကို‌ ရှောင်လွှားနိုင်ရန် ကူညီပေးရင်း အကြိမ်ကြိမ် ကာကွယ်ပုံကို မြင်ရသဖြင့် သင့်တွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှုနှင့် မှီခိုမှုတို့ အမှုမဲ့အမှတ်မဲ့ ဖြစ်ပေါ်လာလိမ့်မည်။ ဘုရားသခင်သည် ယုံကြည်ထိုက်ကာ ကိုးစားထိုက်သည်ဟု သင်ခံစားရမည်။ သင့် စိတ်နှလုံးတွင် ဤယုံကြည်မှု ပထမဦးစွာရှိလာရန် လိုအပ်သည်။

လူတစ်ယောက်ချင်းစီတိုင်းတွင် သူတို့ကိုယ်ပိုင် ကံကြမ္မာရှိသည်။ ထို့ပြင် ယင်းကို ဘုရားသခင်က အားလုံး ကြိုတင်ပြဋ္ဌာန်းထားသည်။ မည်သူကမျှ အခြားတစ်စုံတစ်ယောက်၏ ကံတရားကို ဦးစီးဦးဆောင် မလုပ်နိုင်။ သင့်မိသားစုအတွက် စိတ်ဖိစီးနေသည်ကို ရပ်လိုက်ပြီး အရာအားလုံးကို လက်လွှတ်ကာ စွန့်လွှတ်ရန် သင်ယူသင့်သည်။ ဤသည်ကို သင်မည်သို့ လုပ်ဆောင်မည်နည်း။ နည်းလမ်းတစ်ခုမှာ ဘုရားသခင်ထံ ဆုတောင်းရန်ဖြစ်သည်။ ဘုရားသခင်ကို မယုံကြည်သည့် သင်၏ဆွေမျိုးများသည် လောကီအရာများ၊ ကြွယ်ဝမှုနှင့် ဇိမ်ခံပစ္စည်းများကို မည်သို့ လိုက်စားသည်ကို သင်ချင့်ချိန်တွေးဆရမည်။ သူတို့သည် စာတန်နှင့် သက်ဆိုင်ကာ သူတို့သည် သင်နှင့် ကွဲပြားခြားနားသော လူစားမျိုးဖြစ်သည်။ သင်၏ တာဝန်ကို မထမ်းဆောင်ဘဲ သူတို့အကြား၌ သင်နေထိုင်လျှင် သင်သည် ဒုက္ခခံစားရသည့် အသက်တာကို သင် အသက်ရှင်နေထိုင်လိမ့်မည်။ သင်သည် ကိစ္စများကို သူတို့နှင့် ကွဲပြားစွာ မြင်သဖြင့် သင်သည် သူတို့နှင့် ကောင်းစွာသင့်မြတ်ခြင်း ရှိရမည့်အစား ညှဉ်းဆဲခံရလိမ့်မည်။ စိတ်ဆင်းရဲမှုသာရှိပြီး ပျော်ရွှင်ခြင်းမရှိ ဖြစ်လိမ့်မည်။ ခင်တွယ်မှုသည် သင့်ကို ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ ပေးနိုင်ပါသလား။ ဇာတိပကတိကို လိုက်လျောဖြည့်ဆည်းနေခြင်းသည် သင့်ကို ဒုက္ခ၊ အနှစ်မဲ့ခြင်းနှင့် တစ်သက်တာ နောင်တတို့ကိုသာ ဖြစ်စေလိမ့်မည်။ ဤကား သင် လုံးလုံးလျားလျား နားလည်သဘောပေါက်ရန် လိုအပ်သည့် အရာတစ်ခုဖြစ်သည်။ သို့ဖြစ်၍ သင့်မိသားစုကို လွမ်းနေခြင်းသည် တစ်ဖက်သတ်ကျကာ ယင်းသည် မလိုအပ်ဘဲ ခံစားချက်လွန်ကဲနေခြင်းပင်။ သင်သည် သူတို့နှင့် ခြားနားသော လမ်းတစ်ခုကို လျှောက်နေသည်။ ဘဝ၊ လောကီအမြင်၊ ဘဝလမ်းကြောင်း၊ လိုက်စားခြင်း၏ ရည်မှန်းချက်တို့အပေါ် သင်၏အမြင်သည် အားလုံးခြားနားသည်။ သင်သည် သင့်မိသားစုနှင့် ယခုအတူရှိမနေသော်လည်း သင်သည် သွေးသားတော်စပ်နေသောကြောင့် သင်သည် သူတို့နှင့် ရင်းနှီးနေကာ သင်တို့သည် မိသားစုတစ်ခုတည်း ဖြစ်ကြသည်ဟု သင်အမြဲ ခံစားရသည်။ သို့သော် သင်သူတို့နှင့် အမှန်တကယ် နေထိုင်ကာ ရက်အနည်းငယ် ဆက်ဆံရသည့်အခါတွင် သင့်ကို လုံးဝ စိတ်အနှောင့်အယှက် ဖြစ်သွားစေလိမ့်မည်။ သူတို့သည် အလိမ်အညာများနှင့် ပြည့်နေသည်။ သူတို့ ပြောကြသည့်အရာ အကုန်လုံးမှာ မှားယွင်းကာ စကားချိုပြီး လှည့်ဖြားတတ်သော အရာချည်းသာဖြစ်သည်။ သူတို့၏ ပြုမူပုံနှင့် လောကကြီးကို ကိုင်တွယ်ပုံ နည်းလမ်းသည် စာတန်ဆန်သော အတွေးအခေါ်များနှင့် ဘဝနီတိတို့ အပေါ်အားလုံးအခြေခံထားသည်။ သူတို့၏ အတွေးနှင့် အမြင်များအားလုံးသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ကာ တကယ်ကို ကြားနာရန်ပင် မခံမရပ်နိုင်ပေ။ သို့ဖြစ်၍ “ငါ့စိတ်ထဲတွင် သူတို့ကို အချိန်ပြည့် ထားရှိခဲ့ဖူးသည်။ ပြီးလျှင် သူတို့ကောင်းစွာ အသက်ရှင်နေထိုင်ရခြင်း မရှိသည်ကို ငါအမြဲမပြတ် စိုးရွံ့နေခဲ့သည်။ သို့သော် ဤလူများနှင့် ယခုနေနေရသည်မှာ တကယ်ကို မခံနိုင်စရာပင်” ဟု သင့်ကိုယ်သင် တွေးလိမ့်မည်။ သင်သည် သူတို့ကို အော့ကြောလန်သည်။ သူတို့သည် မည်ကဲ့သို့ လူစားမျိုး ဖြစ်ကြသည်ကို သင်သဘောမပေါက်ရသေးသဖြင့် မိသားစုသံယောဇဉ်သည် အခြားမည်သည့်အရာထက်မဆို ပိုအရေးကြီးကာ ပိုစစ်မှန်သည်ဟု သင်ထင်နေဆဲဖြစ်သည်။ သင်သည် ခင်တွယ်မှုက ဘောင်ခတ်ခြင်းကို ခံနေရဆဲဖြစ်သည်။ ထိုခင်တွယ်မှုနှင့်ဆိုင်သော အရာများကို သင်တတ်နိုင်သလို စွန့်လွှတ်ရန်ကြိုးစားလော့။ သင်မလုပ်နိုင်လျှင် သင့်တာဝန်ကို ရှေ့တန်းတင်လော့။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် သင်၏ အထူးတာဝန်သည် အရေးအကြီးဆုံးဖြစ်သည်။ တာဝန်ကို ဦးစွာဖြည့်ဆည်းခြင်းသည် အခြားအရာများထက် သာလွန်ထိပ်ရောက်သည်။ ထို့ပြင် ဇာတိပကတိရှိ သင်၏ဆွေမျိုးကိစ္စများနှင့်သက်ဆိုင်သောအရာများဖြင့် ယခု စိတ်ရှုပ်မခံနှင့်။ သင်၏ တာဝန်ပေးစေခိုင်းချက်နှင့် တာဝန်တို့ ပြည့်ဝသွားသည့်အချိန်တွင်၊ သမ္မာတရားသည် သင့်အတွက် ပို၍ ပို၍ ရှင်းလင်းလာသည့်အချိန်တွင်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပို၍ ပို၍ပုံမှန်ဖြစ်လာသည့်အချိန်တွင်၊ သင်၏ ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးသည် ယခင်ကထက် ပိုမိုကြီးထွားလာ၍ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်နှလုံးသည် ယခင်ကထက် ပိုမိုကြီးထွားကာ ပေါ်လွင်လာသည့်အချိန်တွင် သင်၏ အခြေအနေသည် ပြောင်းလဲလိမ့်မည်။ သင်၏ အခြေအနေပြောင်းလဲ လာသည်နှင့် သင်၏ လောကီအမြင်နှင့် ခင်တွယ်မှုတို့သည် မှေးမှိန်သွားကာ သင်သည် ယင်းတို့ကို ဖွေရှာတော့မည်မဟုတ်။ ထို့ပြင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို မည်သို့ချစ်ရန်၊ သူ့ကို မည်သို့ စိတ်ကျေနပ်အောင် လုပ်ဆောင်ရန်၊ သူ့ကို ကျေနပ်စေမည့် ပုံစံဖြင့် မည်သို့နေထိုင်ရန်နှင့် သမ္မာတရားနှင့်မည်သို့ နေထိုင်ရန်တို့ကိုသာ ရှာဖွေလိုတော့မည်။ သင့်စိတ်နှလုံးသည် ဤသည်ကို ကြိုးပမ်းသည်နှင့် ဇာတိပကတိကို ခင်တွယ်ခြင်းနှင့်သက်ဆိုင်သော အရာများသည် တဖြည်းဖြည်းချင်း မှေးမှိန်သွားပြီး သင့်ကို ချည်နှောင်နိုင်ခြင်း၊ သို့မဟုတ် ထိန်းချုပ်နိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။

လူအချို့က “ကျွန်ုပ်သည် မိမိ၏တာဝန်များကို ထမ်းဆောင်သည့်အချိန်တွင် ကျွန်ုပ်၏ မိသားစုအပေါ် ခင်တွယ်မှု၏ ချုပ်တည်းခြင်းကို မခံရသော်လည်း အားလပ်သည့်အချိန်ခဏရှိတိုင်း သူတို့ကို စလွမ်းမိပါသည်”ဟု ဆိုကြသည်။ ကောင်းပြီ။ သင့်မိသားစုကို လွမ်းခြင်း၏ အကျိုးဆက်များကား အဘယ်နည်း။ အကယ်၍ ယင်းသည် သင့်ကို အပျက်သဘောဆောင်လာစေကာ သင့်တာဝန်များ ထမ်းဆောင်ရန် စိတ်မပါဖြစ်စေနိုင်လျှင် သင်သည် ဖြေရှင်းချက်အတွက် သမ္မာတရားကို ရှာရမည်။ ပြဿနာကို သင်ဖြေရှင်းလိုက်သည်နှင့် သင်သည် နောက်ထပ် အားလပ်သည့်အချိန်ခဏရှိလျှင် သင့်မိသားစုကို အမြဲမပြတ် လွမ်းနေတော့မည်မဟုတ်ဘဲ အကျိုးဆက်များလည်း ဖြစ်စေမည် မဟုတ်။ ထို့ကြောင့် မည်သည့် ပြဿနာမဆို ပေါ်ပေါက်လာပါက သင်သည် ယင်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေသင့်သည်။ ဤကား အရေးအကြီးဆုံးတည်း။ သင့်မိသားစုကို လွမ်းနေခြင်းသည် စိုးရိမ်ဖွယ်ရာ မဟုတ်။ အမြဲမပြတ် သင့်အိမ်လွမ်းနေခြင်း၏ အကျိုးဆက်က မည်သည့်အရာ ဖြစ်ကြောင်းနှင့် ယင်းကို မည်သို့ဖြေရှင်းသင့်ကြောင်းတို့ကို သင်တွေးရန်လိုအပ်ခြင်းသည် အဓိကအချက်ဖြစ်သည်။ “ဤစိတ်အခြေအနေသည် မည်သို့ပေါ်ပေါက်လာသနည်း။ ငါ့မိသားစုကို ငါဘာကြောင့် အမြဲလွမ်းနေရသနည်း။ သမ္မာတရား၏ မည်သည့်အစိတ်အပိုင်းသည် ငါ့အတွက် မရှင်းလင်းသနည်း။ မည်သည့် သမ္မာတရားကို ငါဝင်ရောက်သင့်သနည်း”ဟု သင်ချင့်ချိန်တွေးဆသင့်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သင်သည် သမ္မာတရားသို့ ဝင်ရောက်မှုကို လျင်မြန်စွာ ရလိမ့်မည်။ သင်သည် သင်၏စိတ်တွင် သမ္မာတရားကို အမြဲချင့်ချိန်တွေးဆနေရမည်။ သင်များများ လုပ်ဆောင်လေလေ သမ္မာတရားအပေါ် သင်၏နားလည်မှု ပိုမိုရှင်းလင်းလာလေလေ ဖြစ်ကာ သင်၏စိတ်တွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများ ပိုရှိလေလေဖြစ်လိမ့်မည်။ ဤသည်က သမ္မာတရားနှင့်ပတ်သက်ပြီး မတောက်တခေါက် သိမြင်မှုရှိရုံမျှသာမဟုတ်ဘဲ သမ္မာတရားအပေါ် အမှန်တကယ်နားလည်ခြင်းသို့ ရောက်စေလိမ့်မည်။ ဤအခြေအနေတွင် သင်သည် မိတ်သဟာယဖွဲ့ရန် လူများ ရှာဖွေလိုလိမ့်မည်။ မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်သည်ကား အဘယ်နည်း။ ယင်းကား အတည်ပြုချက် ရယူရန်နှင့် မည်သည့်ကွဲလွဲမှုမျှ မရှိဘဲ သမ္မာတရားကို ပိုမို တိကျမှန်ကန်စွာ နားလည်ရန်ဖြစ်သည်။ ဤနည်းအားဖြင့် သင့်တွင် အခက်အခဲတစ်ခုမျှ ရှိလိမ့်မည်မဟုတ်ဘဲ သင့်စိတ်သည် လွတ်မြောက်ခြင်းနှင့် လွတ်လပ်ခြင်းတို့ ရရှိကာ အချုပ်အနှောင်များ တစ်ခုမျှ ရှိတော့မည်မဟုတ်။ သင်သည် သင့်မိသားစုကို အမြဲမပြတ် လွမ်းနေတော့မည်မဟုတ်ဘဲ လောကီအနှောင်အဖွဲ့များမှ ရုန်းထွက်နိုင်လိမ့်မည် ဖြစ်သည်။ သင့်အခြေအနေသည် ပို၍ ပို၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင်တို့အားလုံး သမ္မာတရားကို ချင့်ချိန်တွေးဆရန် သင်ယူရမည်။ ယင်းကို အဘယ်သို့ လုပ်ရသနည်း။ ဥပမာ သင်ယနေ့ တစ်စုံတစ်ခုလုပ်ခဲ့ပြီးကာ သင့်အနေဖြင့် သိပ်မှန်ကန်သည်ဟု မခံစားရသလို ယင်းသည် စည်းမျဉ်းများနှင့် ဆန့်ကျင်သည်ဟုထင်ရသော်လည်း ပြဿနာသည် အဘယ်တွင် ရှိသည်ကို သင်မသိဟု ဆိုကြပါစို့။ ယင်းသည် “ဤကိစ္စသည် မည်သည့် သမ္မာတရားနှင့်ဆက်စပ်နေသနည်း။ မည်သည့် စည်းမျဉ်းနှင့် ဆက်စပ်နေသနည်း” ဟုတွေးကာ ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားရှာဖွေသင့်သည့် အချိန်ပင်ဖြစ်သည်။ သင်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ကာ ပြန်ဆင်ခြင်ပြီး သုံးသပ်ရန် တစ်စုံတစ်ယောက်ကို ရှာဖွေသင့်သည်။ သင်သည် နောက်ဆုံးတွင် ပြဿနာ၏ရင်းမြစ်ကို ရှာဖွေတွေ့ရှိကာ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းကို ဖြေရှင်းသည့်အချိန်တွင် သင့်တွင် ဘုရားသခင်အပေါ် ယုံကြည်မှု ပိုရှိလာပြီး သမ္မာတရားနှင့် ပတ်သက်၍ ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်လိုက်သည်ဟု သင်ခံစားရမည်။ သင်သည် ကိစ္စအချို့ကို ပိုင်းခြားသိမြင်နိုင်ပြီး ဝိညာဉ်ဆိုင်ရာ စကားလုံးအချို့ကို နားလည်နိုင်လိမ့်မည်။ သို့မဟုတ် သင်သည် အများအားဖြင့် ထပ်ကာဆိုနေသည့် ဩဝါဒအချို့ သို့မဟုတ် ဆောင်ပုဒ်အချို့တို့ မည်သည့်အရာကို ညွှန်းဆိုကာ ဆိုလိုသည်ကို သင်နားလည်လာနိုင်လိမ့်မည်။ ဤကား သမ္မာတရားကို နားလည်မှုအချို့ရှိခြင်းနှင့် ယင်းကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိခြင်းပင်ဖြစ်သည်။ ထို့နောက်တွင် သင်သည် ဆက်လက်ကာ အခြားသူများနှင့် မိတ်သဟာယဖွဲ့လိမ့်မည်။ ယင်းဆောင်ပုဒ်ကို ရှင်းရှင်းလင်းလင်း နားလည်သည်အထိ မိတ်သဟာယဖွဲ့ကာ ယင်းကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်မည်။ ဤကား ကောင်းသောအရာမဟုတ်လော။ ဤကား နောက်ထပ်ရှေ့ဆက်နည်းပင် ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် အချို့သော အခြေအနေဖြင့် လူတစ်ဦးကို တွေ့မည်ဖြစ်ပြီး သင်သည် “ဤလူသည် အဘယ်ကြောင့် ဤအခြေအနေရှိသနည်း။ ၎င်း၏ ဤအခြေအနေသည် မည်သို့ ဖြစ်လာသနည်း။ ငါ့တွင် အဘယ်ကြောင့် ဤသို့အခြေအနေမျိုး မရှိရသနည်း။ ၎င်းပြောသည့် အရာသည် အခြေအနေနှင့် စိတ်နေစိတ်ထားတစ်ရပ်ရပ်ကို ကိုယ်စားပြုသည်။ ၎င်း၏ ဤစိတ်နေစိတ်ထားသည် မည်သို့ပေါ်ပေါက်လာသနည်း။ ပြဿနာသည် မည်သည့်နေရာမှ ပေါ်ထွန်းလာသနည်း။ သမ္မာတရား၏ မည်သည့်ရှုထောင့်ဖြင့် ဆက်စပ်သနည်း။ ငါရော သမ္မာတရားကို မရှာဖွေသင့်သလော” ဟု ချင့်ချိန်တွေးဆနိုင်သည်။ မိတ်သဟာယဖွဲ့ခြင်းနှင့် ရှာဖွေခြင်းမှ သင်သည် ထိုပြဿနာကို တွေ့ကာ ၎င်း၏ ယင်းအခြေအနေသည် သင့်တွင်လည်းရှိသည့် အရာတစ်ခုဖြစ်ကြောင်း သင်သဘောပေါက်လာသည်။ ၎င်း၏ အခြေအနေကို သင်၏ အခြေအနေဖြင့် သင် နှိုင်းယှဉ်လိုက်ပြီးဖြစ်သည် မဟုတ်လော။ ယင်းအားထုတ်မှုသည် မထိုက်တန်သလော။ (ထိုက်တန်ပါသည်။) ပြဿနာကို ရှာဖွေဖော်ထုတ်ပြီးလျှင် မိတ်သဟာယဖွဲ့ရန် တစ်စုံတစ်ယောက်ကို သင်ရှာသည်။ နောက်ဆုံးတွင် သင်အဖြေကို ရှာတွေ့ပြီး ပြဿနာမှာ မည်သည်ဖြစ်သည်ကို သိရှိသည့် အချိန်တွင် ပြဿနာသည် ပြေလည်သွားသည်။ ပြဿနာကို ရှာဖွေဖော်ထုတ်နိုင်သည့်အချိန်တွင် ဖြေရှင်းရန်လွယ်ကူသည်။ သင် ရှာဖွေ မဖော်ထုတ်နိုင်လျှင် ထိုပြဿနာသည် ဘယ်သောအခါမျှ ဖြေရှင်းနိုင်မည်မဟုတ်။ တစ်ခါတစ်ရံတွင် သင့်စိတ်သည် ဆိတ်ငြိမ်သွားသည့်အချိန်သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာရုံပြုဆင်ခြင်ရန် အကောင်းဆုံးအချိန် ဖြစ်နိုင်သည်။ မည်သည့်အရာကို သင်လုပ်သည်ဖြစ်စေ ဤအခွင့်အရေးကို သင့်မိသားစုဖြင့် ပြန်လည်ဆုံတွေ့ခြင်းအကြောင်း အမြဲမပြတ်တွေးကာ စိတ်ခံစားချိတ်ဆက်မှုများကို မွေးထားရာတွင် လုံးဝကို မဖြုန်းပစ်လေနှင့်။ ယင်းမှာ ပြဿနာရှိသည်။ သင်သည် သင့်မိသားစု အတွက် အမြဲမပြတ် စိုးရိမ်နေကာ သင်ရရှိသမျှ အခွင့်အလမ်းများကို သူတို့နှင့် စိတ်ခံစားမှုဆိုင်ရာ ချိတ်ဆက်ရန် မလွတ်တမ်း အသုံးချနေပါက သင့်စိတ်သည် ယင်း စိတ်ခံစားချက် အနှောင်အဖွဲ့များနှင့် အမြဲပြည့်နေလိမ့်မည်ဖြစ်သည်။ သင်သည် ဤသံယောဇဉ်များကို မဖြတ်နိုင်သလို လက်မလွှတ်နိုင် ဖြစ်လိမ့်မည်။ သင်သည် ပိုမိုဆုတောင်းကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုပြီး သင်၏ ညီအစ်ကို မောင်နှမများနှင့် မကြာခဏ မိတ်သဟာယဖွဲ့သင့်သည်။ သင်သည် သမ္မာတရားကို နားလည်သည့်အခါတွင် အနည်းဆုံးအနေဖြင့် သင့်မိသားစု၊ ဇာတိပကတိ သို့မဟုတ် ခင်တွယ်မှုများ၏ ချုပ်နှောင်ခြင်းခံရတော့မည်မဟုတ်။ ဤအရာတို့ကို လက်လွှတ်ရန် လွယ်ကူလိမ့်မည်။ ယင်းမှာ ရှေ့ဆက်ရန် လမ်းပင်ဖြစ်သည်။ အမှန်မှာမူ လူအများအပြား၏ အတွေ့အကြုံများမှာ ဤသို့ပင်ဖြစ်သည်။ စိတ်ခံစားမှု ကိစ္စရပ်များကို ဖြေရှင်းခြင်းသည် အတွေ့အကြုံကာလတစ်ခု အစဉ်သဖြင့် လိုအပ်သည်။ သင်သမ္မာတရားကို နားလည်သည်နှင့် ကိစ္စရပ်များသည် ဖြေရှင်းရန် လွယ်ကူလာသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။