ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ (အပိုင်း နှစ်)

ယောဘသည် သူ၏ သားသမီးများကို ကိုင်တွယ်ဖြေရှင်းသည့်အခါတွင် သူထားရှိသည့် သဘောထားကို လာရောက်ကြည့်ရှုကြစို့။ ယောဘသည် ယေဟောဝါကို ကြောက်ရွံ့သော်လည်း သူ၏ သားသမီးများက ဘုရားသခင်ကို မယုံကြည်ခဲ့ကြပေ။ ဤသည်မှာ ယောဘအတွက် အလွန်ရှက်ဖွယ်ဖြစ်သည်ဟု အပြင်လူတို့က တွေးထင်ကြမည်မဟုတ်လော။ လူ၏ အယူအဆများအရ၊ ယောဘသည် ဂုဏ်မြင့်သော မိသားစုမှဖြစ်ပြီး၊ သူသည် ယေဟောဝါ ဘုရားသခင်ကို ကြောက်ရွံ့သော်လည်း သူ၏ သားသမီးများက ဘုရားသခင်ကို မယုံကြည်သောကြောင့် သူသည် ရိုသေလေးစားဖွယ်ရာ မရှိပေ။ ဤရိုသေလေးစားဖွယ်ရာရှိခြင်းနှင့်ဆိုင်သော အယူအဆသည် လူသား အလိုဆန္ဒမှ၊ လူသား၏ တစ်ဇောက်ကန်းဖြစ်ခြင်းမှ လာသည် မဟုတ်လော။ လူတို့က၊ “ဤသည်မှာ လုံးဝ လေးစားဖွယ်မကောင်းပါ။ ဘုရားသခင်ကို သူတို့ ယုံကြည်စေဖို့ ငါ နည်းလမ်းတစ်ခု စဉ်းစားပြီး ငါ၏ ရိုသေလေးစားဖွယ်ဖြစ်ခြင်းကို ပြန်ရယူရမည်”ဟု စဉ်းစားကောင်းစဉ်းစားနိုင်သည်။ ဤသည်မှာ လူသား အလိုဆန္ဒမှ ပေါက်ဖွားသည် မဟုတ်လော။ ဤသည်မှာ ယောဘ လုပ်ဆောင်ခဲ့သည့်အရာ ဟုတ်သလော။ (မဟုတ်ပါ။) ထိုအရာကို သမ္မာကျမ်းစာတွင် မည်သို့ မှတ်သားထားသနည်း။ (ယောဘသည် ယဇ်ပူဇော်ပြီး သူတို့အတွက် ဆုတောင်းပေးခဲ့ပါသည်။) ယောဘသည် သူတို့အတွက် ယဇ်ပူဇော်ပြီး ဆုတောင်းရုံဆုတောင်းခဲ့သည်။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ ယောဘက လက်တွေ့လုပ်ဆောင်နေသည့် စည်းမျဉ်းများကို သင်တို့ မြင်နိုင်သလော။ ယောဘက သူ့သားသမီးများ၏ ပျော်ပွဲရွှင်ပွဲကို တားဆီးခဲ့ခြင်း သို့မဟုတ် နှောင့်ယှက်ခဲ့ခြင်း ရှိမရှိကို ငါတို့ မသိကြသော်လည်း၊ သူ သေချာပေါက် မပါဝင်ခဲ့ပေ။ ၎င်းတို့အတွက် သူ ယဇ်သာပူဇော်ပေးခဲ့သည်။ သူက၊ “ယေဟောဝါ ဘုရားသခင်၊ သူတို့ကို တို့ထိတော်မူပါ၊ ကိုယ်တော့်ကို ယုံကြည်စေပြီး ကိုယ်တော်၏ ကျေးဇူးတော်ကို ရရှိစေပါ။ ကျွန်ုပ် ပြုသည့်အတိုင်း သူတို့ကို ကိုယ်တော့်ကို ကြောက်ရွံ့စေပြီး မကောင်းမှုကို ရှောင်ကြဉ်စေပါ”ဟု တစ်ကြိမ်တစ်ခါမျှ ဆုတောင်းခဲ့သလော။ ဤသို့ သူ တစ်ကြိမ်တစ်ခါမျှ ဆုတောင်းခဲ့သလော။ သမ္မာကျမ်းစာက ထိုသို့သော မှတ်တမ်း မပါရှိပေ။ ယောဘ၏ ဆောင်ရွက်ပုံနည်းလမ်းမှာ ၎င်းတို့နှင့် ကင်းအောင်နေခြင်း၊ ယေဟောဝါ ဘုရားသခင်ကို ၎င်းတို့ ပြစ်မှားမိမည်စိုးသဖြင့်၊ ၎င်းတို့အတွက် ယဇ်ပူဇော်ပေးခြင်းနှင့် စိုးရိမ်ပေးခြင်းတို့ ဖြစ်သည်။ ယောဘသည် ဤအရာများကို လက်တွေ့လုပ်ဆောင်ခဲ့သည်။ သူ၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများမှာ အဘယ်နည်း။ သူသည် ၎င်းတို့ကို ဖိအားမပေးခဲ့ပေ။ သို့ဆိုလျှင် ယောဘသည် ဘုရားသခင်ကို သူ၏ သားသမီးများ ယုံကြည်ရန် အလိုရှိသလော၊ အလိုမရှိသလော။ ၎င်းတို့ ယုံကြည်ရန် သူ အလိုရှိသည်မှာ အမှန်ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သည့် ဖခင်တစ်ဦးအနေဖြင့်၊ မိမိ၏ သားသမီးများက ဘုရားသခင်ကို လေးနက်စွာ ယုံကြည်ခြင်းမရှိဘဲ လောကကို ဤသို့ ဖက်တွယ်သည်ကို မြင်ရခြင်းသည် သူ့ကို အလွန်ဝမ်းနည်းစေခဲ့မည် ဖြစ်သည်။ သူသည် သူ၏ သားသမီးများက ဘုရားသခင်ရှေ့သို့ လာရန်၊ သူကဲ့သို့ပင် ယဇ်ပူဇော်ရန်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံရန် အလိုရှိခဲ့သည်မှာ သေချာသည်။ ဤသည်မှာ ရိုသေလေးစားဖွယ်ဖြစ်ခြင်းနှင့်ဆိုင်သော ပြဿနာတစ်ခု မဟုတ်။ မိဘတစ်ဦး၏ တာဝန်ဖြစ်သည်။ သို့သော် သူ၏ သားသမီးများသည် ယုံကြည်ရန် မရွေးချယ်ခဲ့ကြသကဲ့သို့၊ ဖခင်တစ်ဦးအနေဖြင့်၊ ယောဘသည် ၎င်းတို့ကို ဖိအားမပေးခဲ့ပေ။ ယင်းမှာ သူ၏ သဘောထား ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သူ လုပ်ဆောင်ခဲ့သနည်း။ သူသည် ၎င်းတို့ကန်ကျောက် အော်ဟစ်လျက်ရှိစဉ်တွင် တရွတ်တိုက် ဆွဲခေါ်ခဲ့ရသလော သို့မဟုတ် ၎င်းတို့ကို ဖျောင်းဖျရန် ကြိုးစားခဲ့သလော။ (မကြိုးစားခဲ့ပါ။) သေချာပေါက် မကြိုးစားခဲ့ပေ။ အလွန်ဆုံးအနေဖြင့်၊ သူသည် တိုက်တွန်းခွန်အားပေးသည့် စကားအနည်းငယ်ကို ရံဖန်ရံခါ ပြောဆိုခဲ့ပြီး၊ သူ၏ သားသမီးများက နားမထောင်ကြသည့်အခါ၊ သူ လက်လျှော့လိုက်သည်။ မည်သည့်အရာကိုမျှ အကန့်အသတ် ဘောင်ကျော်လွန်းစွာ မလုပ်ဆောင်ရန် ၎င်းတို့ကို သူ ပြောပြီးနောက် တစ်ဦးချင်းစီက မိမိတို့ကိုယ်ပိုင်ဘဝကို အသက်ရှင်နေထိုင်လျက် ပြတ်သားသည့် စည်းကိုသတ်မှတ်လျက် ၎င်းတို့နှင့် သူ ခွဲနေခဲ့သည်။ ယေဟောဝါ ဘုရားသခင်ကို ၎င်းတို့ ပုန်ကန်ပြစ်မှားမိမည်ကို ကြောက်သောကြောင့် ယောဘက ၎င်းတို့အတွက် ယဇ်ပူဇော်ပေးခဲ့သည်။ သူသည် ၎င်းတို့၏ နေရာတွင် ယဇ်ပူဇော်ခဲ့ခြင်း မဟုတ်။ သူ့ထံတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောကြောင့် ထိုအရာကို သူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယောဘသည် ၎င်းတို့အပေါ် ဖိအားမပေးခဲ့သကဲ့သို့ ၎င်းတို့ ကန်ကျောက်အော်ဟစ်လျက်ရှိစဉ်တွင် တရွတ်တိုက်ဆွဲခေါ်ခြင်း မရှိသည့်အပြင်၊ “ဤသည်တို့မှာ ငါ၏ သားသမီးများဖြစ်သည်။ ဘုရားသခင်က လူအနည်းငယ် နောက်ထပ် ရနိုင်ရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်အောင် သူတို့ကို ငါ လုပ်ရမည်”ဟုလည်း မပြောခဲ့ပေ။ ဤအရာကို သူ မပြောခဲ့သကဲ့သို့ ထိုသို့သော အစီအစဉ် သို့မဟုတ် တွက်ချက်မှုတစ်ခုမျှ သူ မရှိခဲ့သည့်အပြင်၊ ဤသို့ ပြုမူဆောင်ရွက်ခဲ့ခြင်းလည်း မရှိပေ။ ဤသို့ ပြုမူဆောင်ရွက်ခြင်းသည် လူသား အလိုဆန္ဒမှ လာသည်ကို၊ ဘုရားသခင် မနှစ်သက်သည်ကို သူ သိခဲ့သည်။ ယောဘသည် သူ၏ သားသမီးများကို တိုက်တွန်းရုံတိုက်တွန်းခဲ့ပြီး၊ ၎င်းတို့အတွက် ဆုတောင်းခဲ့သည်။ သို့သော် သူသည် ၎င်းတို့ကို ဖိအားပေးခြင်း မရှိခဲ့၊ သို့မဟုတ် ၎င်းတို့ ကန်ကျောက်အော်ဟစ်လျက်ရှိစဉ်တွင် တရွတ်တိုက်ဆွဲခေါ်ခြင်း မရှိခဲ့ပေ။ သူသည် ရှင်းရှင်းလင်းလင်း ခွဲနေခဲ့သည်။ ဤသည်မှာ ယောဘ၏ ဆင်ခြင်တုံတရားဖြစ်ခဲ့ပြီး၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုလည်း ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမည့် အရာတစ်ခုတလေကို လုပ်ဆောင်ရန် လူသား အလိုဆန္ဒ သို့မဟုတ် ကောင်းမွန်သည့် ရည်ရွယ်ချက်များပေါ် မှီခိုခြင်း မရှိနှင့်ဟူ၍ ဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ခြင်း မရှိသကဲ့သို့ ဘုရားသခင်က ၎င်းတို့ကို မတို့ထိခဲ့ပေ။ ယောဘက ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ခဲ့သည်။ “ဘုရားသခင်သည် သူတို့အပေါ် အမှုပြုခြင်း မရှိသောကြောင့် သူတို့အတွက် ငါ ဆုတောင်းမည် မဟုတ်ပါ။ ဘုရားသခင်အပေါ် မည်သည့်အရာမျှ ငါ တောင်းဆိုမည်မဟုတ်သကဲ့သို့ ဤကိစ္စရပ်တွင် ဘုရားသခင်ကို ငါ မပုန်ကန်မပြစ်မှားချင်ပါ”ဟူ၍ ဖြစ်သည်။ သူ၏ သားသမီးများ ကယ်တင်ခံရဖို့၊ ယေဟောဝါရှေ့သို့ ၎င်းတို့ လာပြီး ကောင်းချီးခံစားရဖို့ မျက်ရည်စက်လက်ဖြင့် သူ လုံးဝ ဆုတောင်းမည်မဟုတ်၊ အစာရှောင်မည်မဟုတ်ပေ။ သူသည် ဤသို့ လုံးဝ ပြုမိမည်မဟုတ်ပေ။ ဤသို့ ပြုမူခြင်းက ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမည်ဖြစ်ကြောင်းနှင့် ဘုရားသခင်က နှစ်သက်မည်မဟုတ်ကြောင်းကို သူ သိခဲ့သည်။ ဤအသေးစိတ်အချက်များမှ မည်သည့်အရာကို သင် မြင်နိုင်သနည်း။ ယောဘ၏ ကျိုးနွံနာခံခြင်းသည် စစ်မှန်သလော။ (စစ်မှန်ပါသည်။) သာမန်လူသည် ဤကျိုးနွံနာခံမှုမျိုးကို စွမ်းဆောင်ရရှိနိုင်သလော။ သာမန်လူက မရရှိနိုင်ပေ။ သားသမီးများသည် ၎င်းတို့ မိဘများ၏ တန်ဖိုးအထားရဆုံး ရတနာများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က ဤသို့ပျော်ကြသည့်အခါ၊ ဘုရားသခင် ရှေ့မှောက်သို့ မလာဘဲ၊ ဆိုးယုတ်သည့် ရေပန်းစားမှုများနောက်လိုက်ကြပြီး ဘုရားသခင်ကို ယုံကြည်ကာ ကယ်တင်ခံရမည့် ၎င်းတို့၏ အခွင့်အရေး ဆုံးရှုံးသည်ကိုလည်းကောင်း၊ ပြီးလျှင် ထာဝရပြစ်ဒဏ်ခံရသောအဖြစ်သို့ပင် ကျရောက်သွားနိုင်ပြီး ဖျက်ဆီးခံရမည်ကိုလည်းကောင်း မြင်ရခြင်းတို့သည် သာမန်လူအတွက် စိတ်ပိုင်းဆိုင်ရာအရ အောင်မြင်ကျော်လွှားရန် အလွန်ခက်ခဲသော ဒုက္ခတစ်ခု ဖြစ်သည်။ သို့သော် ယောဘက ထိုအရာကို ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့သည်။ သူသည် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်ခဲ့သည်။ ယင်းမှာ ၎င်းတို့အတွက် မီးရှို့ရာယဇ်ပူဇော်ကာ မိမိစိတ်နှလုံးတွင် စိုးရိမ်ပူပန်ခြင်း ဖြစ်သည်။ ထိုမျှသာဖြစ်၏။ သူ၏ သားသမီးများသည် သူ အမြတ်နိုးဆုံးသော သွေးသားများ ဖြစ်သော်လည်း၊ ၎င်းတို့အတွက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမည့် မည်သည့်အရာကိုမျှ သူ အပိုမလုပ်ခဲ့ပေ။ ယောဘ၏ ဤလက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းကို သင် မည်သို့ တွေးထင်သနည်း။ ထိုအရာက သူ့ထံတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကြောင်းနှင့် သူသည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခဲ့ကြောင်း ပြသည်။ သူ့သားသမီးများ၏ အနာဂတ်နှင့်ဆိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ သူသည် လုံးဝ ဆုမတောင်းခဲ့သကဲ့သို့ လူသား အလိုဆန္ဒပေါ် အခြေခံသည့် မည်သည့် ဆောင်ရွက်ပုံနည်းလမ်းကိုမျှ အသုံးမပြုခဲ့ပေ။ သူသည် မိမိကိုယ်တိုင် မသွားဘဲ သူ၏ အစေခံများကို အချို့သော အရာများ လုပ်ဆောင်ရန် စေလွှတ်ခြင်းသာပြုလုပ်ခဲ့သည်။ ဤပျော်ပွဲရွှင်ပွဲတွင် သူ မပါဝင်ရသည့် အကြောင်းရင်းမှာ သူသည် ဤအရာများဖြင့် ညစ်ညမ်းခြင်းခံရန် မလိုလားခဲ့သောကြောင့်ဖြစ်ပြီး၊ ထို့အပြင် ၎င်းတို့နှင့် သူ မရောနှောချင်ခဲ့ပေ။ ၎င်းတို့နှင့် ရောနှောခြင်းအားဖြင့် သူသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ဆိုးယုတ်သော နေရာများနှင့် ကင်းအောင်နေခဲ့သည်။ ယောဘ၏ လက်တွေ့လုပ်ဆောင်မှုများအတွက် သီးသန့် အသေးစိတ်အချက်များ ရှိသလော။ ပထမဆုံး၊ သူ၏ သားသမီးများကို သူ ဆက်ဆံပုံအကြောင်း ပြောကြစို့။ သူ၏ ရည်မှန်းချက်မှာ အရာခပ်သိမ်းတွင် ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံရန် ဖြစ်သည်။ သူသည် ဘုရားသခင် မလုပ်ဆောင်ခဲ့သည့် အရာများကို ဖိအားပေးရန် မကြိုးစားခဲ့သကဲ့သို့၊ လူသား အလိုဆန္ဒများပေါ်အခြေခံ၍ တွက်ချက်မှုများနှင့် အစီအစဉ်များ မရှိခဲ့ပေ။ သူသည် အရာခပ်သိမ်းတွင် ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို နားထောင်ကာ စောင့်ဆိုင်းခဲ့သည်။ ဤသည်မှာ ယေဘုယျစည်းမျဉ်းတစ်ခု ဖြစ်သည်။ အသေးစိတ်ကျသော လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများမှာ အဘယ်အရာများဖြစ်ခဲ့သနည်း။ (သူ၏ သားသမီးများ ပျော်ကြချိန်တွင် သူ မပါဝင်ခဲ့ပါ။ သူသည် ၎င်းတို့နှင့် ကင်းအောင်နေခဲ့ပြီး၊ ၎င်းတို့အတွက် မီးရှို့ရာယဇ်များ ပူဇော်ခဲ့သော်လည်း ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ရန် မရမက မတောင်းဆိုခဲ့သကဲ့သို့ ၎င်းတို့ကန်ကျောက်အော်ဟစ်လျက်ရှိစဉ်တွင် တရွတ်တိုက်ဆွဲမခေါ်ခဲ့ဘဲ ၎င်းတို့နှင့် ရှင်းရှင်းလင်းလင်း ခွဲနေခဲ့သည်။) ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်း ဖြစ်သည်။ သာမန်လူသည် ဤကိစ္စရပ်ကို ကြုံရသည့်အခါ မည်သို့ လက်တွေ့လုပ်ဆောင်သနည်း။ (၎င်းတို့သည် မိမိတို့ သားသမီးများက ဘုရားသခင်ကို ယုံကြည်ရန် ဘုရားသခင်ထံ ဆုတောင်းကြသည်။) အခြား မည်သည့်အရာ ရှိသေးသနည်း။ ဘုရားသခင်က ထိုအရာကို မလုပ်ဆောင်လျှင်၊ ၎င်းတို့သည် မိမိတို့ သားသမီးများက ကောင်းချီးခံစားရရန်အလို့ငှာ ဘုရားကျောင်းသို့ တရွတ်တိုက်ဆွဲခေါ်သွားကြသည်။ ၎င်းတို့က ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ခြင်းနှင့်ဆိုင်သည့် ကြီးမားသော အကျိုးကျေးဇူးကို ရရှိပြီးဖြစ်ကာ ၎င်းတို့ သားသမီးများက မရရှိကြသေးသည်ကို မြင်သောကြောင့် ၎င်းတို့ စိတ်နှလုံးတွင် နာကျင်ခံစားပြီး ဝမ်းပန်းတနည်း ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့သားသမီးများအား ဤအကျိုးကျေးဇူးကို ဆုံးရှုံးမသွားစေချင်ကြသောကြောင့် မိမိတို့၏ သားသမီးများကို ဘုရားကျောင်းသို့ ဆွဲခေါ်ရမည့် နည်းလမ်းကို ရှာတွေ့ရန် ကြိုးစားလျက် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤအရာက ၎င်းတို့၏ မိဘဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းခြင်းနှင့် ညီမျှသည်ဟု တွေးထင်နေကြသည်။ ၎င်းတို့၏ သားသမီးများက သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်း ရရှိနိုင်ခြင်း ရှိမရှိဆိုသည်ကို ၎င်းတို့ အမှန်တကယ် အရေးမစိုက်ကြပေ။ ယောဘသည် ဤအရာကို မလုပ်ဆောင်ခဲ့သော်လည်း သာမန်လူက ထိုသို့ လုပ်ဆောင်နိုင်စွမ်း မရှိပေ။ အဘယ်ကြောင့် လုပ်ဆောင်နိုင်စွမ်းမရှိသနည်း။ (လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ ခံစားချက်များပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ကြပါသည်။) လူအများစုက ဤသို့ ပြုမူဆောင်ရွက်ခြင်းသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း ရှိမရှိဟူသည်ကို မည်သို့မျှ ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ၎င်းတို့၏ ဦးစားပေးမှာ မိမိတို့ကိုယ်ကို စိတ်ကျေနပ်စေရန်၊ ၎င်းတို့၏ ခံစားချက်များကို ဂရုစိုက်ရန်နှင့် မိမိ၏ ကိုယ်ပိုင် စိတ်ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည်။ ဘုရားသခင်က အမှုအရာများအပေါ် မည်သို့ အချုပ်အခြာအာဏာ စွဲကိုင်သည် သို့မဟုတ် စီစဉ်သည်၊ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်၊ သူ၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်တို့ကို ၎င်းတို့ ထည့်မတွက်ကြပေ။ မိမိတို့ကိုယ်ပိုင် စိတ်ဆန္ဒများ၊ မိမိတို့ကိုယ်ပိုင် ခံစားချက်များ၊ မိမိတို့ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်များကိုသာ ၎င်းတို့ ထည့်တွက်ကြသည်။ ယောဘက သူ၏ သားသမီးများကို မည်သို့ ဆက်ဆံသနည်း။ ၎င်းတို့ကို ဧဝံဂေလိမျှဝေပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးရင်း ဖခင်တစ်ဦးအဖြစ် သူ၏တာဝန်ကိုသာ ဖြည့်ဆည်းသည်။ သို့ရာတွင် ၎င်းတို့က သူ့ကို နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ ၎င်းတို့က နာခံသည်ဖြစ်စေ၊ မနာခံသည်ဖြစ်စေ ယောဘက ၎င်းတို့ကို ဘုရားသခင်အား ယုံကြည်ရန် အတင်းအဓမ္မမစေခိုင်းပေ။ သူသည် ၎င်းတို့ကို ကန်ကျောက်အော်ဟစ်ပြီး ဆွဲမခေါ်ပေ၊ သို့မဟုတ် ၎င်းတို့၏ ဘဝကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ၎င်းတို့၏ အယူအဆများနှင့် ထင်မြင်ချက်များသည် သူ၏ကိုယ်ပိုင် အယူအဆ၊ ထင်မြင်ချက်တို့နှင့် ကွဲပြားသည်။ ထို့ကြောင့် သူသည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို ဝင်ရောက်မစွက်ဖက်ပေ။ ၎င်းတို့က မည်သည့်လမ်းကြောင်းအမျိုးအစားကို လျှောက်နေသည်ကို ဝင်ရောက်မစွက်ဖက်ပေ။ ယောဘက သူ၏ သားသမီးများကို ဘုရားသခင်အားယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ပြောဆိုခြင်းနည်းပါးသလော။ သူသည် ၎င်းတို့အား ဤအရာနှင့်ပတ်သက်၍ သေချာပေါက် လုံလောက်စွာ ပြောဆိုပြီးဖြစ်လိမ့်မည်။ သို့သော် ၎င်းတို့က နားထောင်ရန် ငြင်းဆန်ပြီး လက်မခံကြပေ။ ဤအရာအပေါ် ယောဘ၏ သဘောထားက အဘယ်နည်း။ “ငါ့တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ မည်သည့်လမ်းကြောင်းမျိုးကို ၎င်းတို့လျှောက်ကြသည်နှင့် ပတ်သက်ပြီး ၎င်းတို့ရွေးချယ်သည့်အရာအပေါ် မူတည်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအပေါ် မူတည်သည်။ ဘုရားသခင်က ၎င်းတို့အပေါ် အလုပ်မလုပ်လျှင်၊ သို့မဟုတ် မတို့ထိလျှင် ၎င်းတို့ကို အတင်းအဓမ္မစေခိုင်းဖို့ ငါ ကြိုးစားမည်မဟုတ်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ယောဘက ဘုရားရှေ့တွင် ၎င်းတို့အတွက် ဆုမတောင်းခဲ့ပေ၊ သို့မဟုတ် ၎င်းတို့အတွက် မချိတင်ကဲဝေဒနာဖြင့် မငိုပေ၊ သို့မဟုတ် ၎င်းတို့အတွက် အစာမရှောင်ပေ၊ သို့မဟုတ် မည်သည့်နည်းလမ်းဖြင့်မျှကို ဒုက္ခမခံပေ။ ဤအရာများကို သူ မလုပ်ဆောင်ပေ။ ယောဘက ဤအရာများကို အဘယ်ကြောင့်တစ်ခုမျှ မလုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာများထဲမှ မည်သည့်အရာကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းနည်းလမ်းများ မဟုတ်သောကြောင့်ဖြစ်သည်။ ၎င်းတို့အားလုံးသည် လူသားအယူအဆများမှ ထွက်ပေါ်လာပြီး ကိစ္စရပ်များကို တက်ကြွစွာ ဖိအားပေးသည့် နည်းလမ်းများဖြစ်သောကြောင့်တည်း။ ယောဘ၏ သားသမီးများသည် သူကဲ့သို့ပင် တူညီသောလမ်းကြောင်းကို မလျှောက်ခဲ့ကြသည့်အခါ၊ ဤသည်မှာ သူ၏ သဘောထားဖြစ်သည်။ ထို့ကြောင့် သူ၏ သားသမီးများ သေဆုံးကြသောအခါ၊ သူ၏ သဘောထားမှာ မည်သည့်အရာဖြစ်ခဲ့သနည်း။ သူ ငိုကြွေးခဲ့သလော၊ မငိုကြွေးခဲ့သလော။ သူ၏ ခံစားချက်များကို ဖွင့်ထုတ်ခဲ့သလော။ သူ ထိခိုက်ခံစားခဲ့သလော။ သမ္မာကျမ်းစာတွင် ဤအရာများနှင့်သက်ဆိုင်၍ မည်သည့် မှတ်တမ်းမျှ မပါရှိပေ။ ယောဘက သူ၏ သားသမီးများ သေဆုံးကြသည်ကို မြင်သည့်အခါ၊ နှလုံးကြေကွဲခဲ့သလော သို့မဟုတ် ဝမ်းနည်းခဲ့သလော။ (နှလုံးကြေကွဲ ဝမ်းနည်းခဲ့ပါသည်။) သူ၏ သားသမီးများအတွက် သူ ခံစားရသည့် ချစ်ခင်မှုအရ ပြောရလျှင်၊ သူသည် ထိုဝမ်းနည်းမှုကို အနည်းငယ်မျှ သေချာပေါက်ခံစားခဲ့ရသော်လည်း ဘုရားသခင်ကို သူ ကျိုးနွံနာခံနေဆဲ ဖြစ်သည်။ သူ၏ ကျိုးနွံနာခံခြင်းကို မည်သို့ ဖော်ပြခဲ့သနည်း။ သူက၊ “ဤသားသမီးများကို ဘုရားသခင်က ကျွန်ုပ်ကို ပေးထားခဲ့ခြင်း ဖြစ်သည်။ သူတို့ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သူတို့၏ အသက်တာများက ဘုရားလက်ထဲတွင် ရှိသည်။ ဘုရားသခင်ကို သူတို့ ယုံကြည်ခဲ့ပြီး၊ ဘုရားသခင်က သူတို့ကို သိမ်းယူလိုခဲ့လျှင်၊ ထိုသို့ သူ လုပ်ဆောင်ဦးမည်ဖြစ်သည်။ သူတို့က ဘုရားသခင်ကို မယုံကြည်လျှင်၊ သူတို့ သိမ်းယူခံရမည်ဟု ဘုရားသခင် ပြောလျှင် သူတို့ သိမ်းယူခံရဦးမည်ဖြစ်သည်။ ဤအရာအားလုံးက ဘုရားသခင် လက်တော်ထဲတွင်ရှိသည်။ မဟုတ်လျှင်၊ လူတို့၏ အသက်များကို မည်သူက သိမ်းယူနိုင်မည်နည်း”ဟူ၍ ပြောခဲ့သည်။ တိုတိုပြောရလျှင်၊ သိမ်းယူခံရမည်ဟူသည့် ဤစကားက မည်သည့်အရာကို ဆိုလိုသနည်း။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) သူသည် သူ၏ သားသမီးများကို ဆက်ဆံသည့်အခါ ဤသဘောထားကို ထိန်းသိမ်းခဲ့သည်။ ၎င်းတို့ အသက်ရှိသည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ သူသည် ဤသဘောထားကို ဆက်လက်ထားရှိခဲ့သည်။ သူ၏ ကျင့်သုံးမှုနည်းလမ်းသည် မှန်ကန်သည်။ သူ ကျင့်သုံးသည့် နည်းလမ်းတိုင်းတွင်၊ အရာရာကို သူ ဆက်ဆံသည့် အမြင်၊ သဘောထားနှင့် အခြေအနေတွင် သူသည် အစဉ်သဖြင့် နာခံသည့်၊ စောင့်ဆိုင်းသည့်၊ ရှာဖွေပြီးနောက် အသိပညာကိုရရှိသည့် အနေအထားနှင့် အခြေအနေတွင်ရှိသည်။ ဤသဘောထားက အလွန်အရေးကြီးသည်။ လူတို့သည် ၎င်းတို့လုပ်သမျှတွင် မည်သည့်အခါမျှ ဤသဘောထားမျိုးမရှိလျှင်၊ အလွန်ပြင်းထန်သော တစ်ကိုယ်ရေစိတ်ကူးများရှိပြီး အရာရာတွင် တစ်ကိုယ်ရေ ရည်ရွယ်ချက်များနှင့် အကျိုးအမြတ်ကို ရှေ့တန်းတင်လျှင် ၎င်းတို့သည် အမှန်တကယ် နာခံနေခြင်းဖြစ်သလော။ (မဖြစ်ပါ။) ဤသို့သောလူများတွင် စစ်မှန်သော နာခံခြင်းကို မမြင်နိုင်ပေ။ ၎င်းတို့သည် စစ်မှန်သော နာခံခြင်းကို မရရှိနိုင်ပေ။

လူအချို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်စဉ် သမ္မာတရား စည်းမျဉ်းများ ရှာဖွေခြင်းကို အာရုံမစိုက်ကြဘဲ ထိုအစား ပြုမူဆောင်ရွက်ရန် မိမိတို့ ကိုယ်ပိုင် အလိုဆန္ဒကို အမှီပြုကြသည်။ အားကောင်းသည့် ကိုယ်ရေးကိုယ်တာ စိတ်ကူးများရှိသော တစ်စုံတစ်ဦးတွင် အတွေ့ရဆုံးသော သရုပ်သကန်မှာ အဘယ်နည်း။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့ ချင့်ချိန်နိုင်သမျှအရာအားလုံးကို ချင့်ချိန်လျက်၊ လုံးစေ့ပတ်စေ့ အစီအစဉ်တစ်ခုကို ဖန်တီးလျက်၊ မိမိတို့ စိတ်ထဲတွင် အမှုအရာများကို ဦးစွာ တွက်ချက်ကြလေသည်။ ထိုအစီအစဉ်တွင် ဟာကွက်များမရှိဟု ၎င်းတို့ ခံစားရသည့်အခါ၊ မိမိတို့ ကိုယ်ပိုင် အလိုဆန္ဒနှင့်အညီ လုံးလုံးလျားလျား လက်တွေ့လုပ်ဆောင်ကြသည်။ အကျိုးဆက်မှာ ၎င်းတို့၏ အစီအစဉ်သည် အပြောင်းအလဲများကို အမီမလိုက်နိုင်သောကြောင့် တစ်ခါတစ်ရံ အမှုအရာများက မှားယွင်းသွားသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ပြုမူဆောင်ရွက်သည့်အခါ အမှုအရာများက မကြာခဏ မှားယွင်းသွားတတ်ပေသည်။ ထို့ကြောင့် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ လူတိုင်းက ထိုင်ပြီး သမ္မာတရားကို အတူတကွ ရှာဖွေသင့်သည်။ ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ သူ၏ လမ်းပြမှုကို တောင်းလျှောက်သင့်ပေသည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းဖြင့်၊ ၎င်းတို့၏ မိတ်သဟာယမှ ထွက်လာသည့် အရာများသည် အလင်းနှင့်ပြည့်ဝပြီး၊ ရှေ့ဆက်ရမည့် လမ်းတစ်ခုကို ပေးသည်။ ထို့အပြင်၊ ဘုရားသခင်ထံ ကိစ္စရပ်များကို အပ်နှံခြင်း၊ ဘုရားသခင်ကို ကြည်ညိုခြင်း၊ မှီခိုခြင်း၊ ဘုရားသခင်အား သင့်ကိုဦးဆောင်စေခြင်းနှင့် သင့်ကို စောင့်ရှောက်ကာ ကာကွယ်စေခြင်းအားဖြင့်၊ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်၊ သင်သည် ပို၍ အာမခံချက်ရရှိလိမ့်မည်ဖြစ်ပြီး၊ မည်သည့် ကြီးမားသော ပြဿနာကိုမျှ သင် ကြုံရလိမ့်မည် မဟုတ်ပေ။ လူတို့က မိမိတို့ ခေါင်းများထဲတွင် အကြံထုတ်သည့်အရာများသည် အမှန်တရားများနှင့် လုံးဝ ကိုက်ညီနိုင်သလော။ ယင်းတို့သည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီနိုင်သလော။ ဤသည်မှာ မဖြစ်နိုင်ပေ။ သင်သည် တာဝန်ထမ်းဆောင်သောအခါတွင် ဘုရားသခင်ကို အမှီမပြု၊ အားမကိုးဘဲ၊ သင်ဆန္ဒရှိသလိုသာ လုပ်ဆောင်လျှင် သင်သည် မည်မျှတော်သည်ဖြစ်စေ ကျရှုံးသည့်အချိန်များ အစဉ် ရှိနေလိမ့်မည်။ မာနထောင်လွှားပြီး မိမိမှန်သည်ဟု မှတ်ယူသောလူများသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများနောက်သို့ လိုက်လေ့ရှိသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသလော။ ပြင်းထန်သည့် တစ်ကိုယ်ရေ စိတ်ကူးများရှိသောလူများသည် ဘုရားသခင်ကို မေ့လျော့ကြကာ အချိန်ကျသောအခါတွင် ၎င်းတို့သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို မေ့လျော့ကြသည်။ ၎င်းတို့သည် လမ်းဆုံးရောက်သောအခါ၊ မည်သည့်အရာကိုမျှ ပြီးမြောက်ရန် မတတ်နိုင်သောအခါတွင်မှသာ ၎င်းတို့သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်း မရှိခဲ့ကြသကဲ့သို့ ဘုရားသခင်ထံ ဆုမတောင်းခဲ့ကြသည်ကို တွေးမိကြသည်။ ဤသည်မှာမည်သည့်ပြဿနာဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်မရှိခြင်း ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မရှိကြောင်း၊ ပြီးလျှင် မိမိတို့ကိုယ်တိုင်အပေါ်တွင်သာ ၎င်းတို့ မှီခိုကြကြောင်းကို ညွှန်ပြနေသည်။ ထို့ကြောင့် သင်သည် အသင်းတော်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ၊ တာဝန်ထမ်းဆောင်နေသည်ဖြစ်စေ၊ ပြင်ပအရေးကိစ္စအချို့ကို ကိုင်တွယ်နေသည်ဖြစ်စေ၊ သို့မဟုတ် သင်ကိုယ်တိုင်၏ဘဝတွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သင်၏ စိတ်နှလုံးတွင် စည်းမျဉ်းများရှိရမည်။ အခြေအနေတစ်ခုရှိရမည်။ မည်သည့် အခြေအနေနည်း။ “မည်သည့်အရာဖြစ်စေ၊ ကျွန်ုပ်အပေါ်တွင် တစ်စုံတစ်ရာ မဖြစ်ပျက်မီ ကျွန်ုပ် ဆုတောင်းရမည်။ ဘုရားသခင်ကို ကျွန်ုပ် ကျိုးနွံနာခံသင့်ပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသင့်သည်။ အရာရာတိုင်းကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်ပြီး၊ ထိုအရာဖြစ်ပျက်သောအခါတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်ရှာဖွေရမည်။ ကျွန်ုပ်တွင် ဤစိတ်နေစိတ်ထားရှိရမည်။ ကျွန်ုပ်၏ ကိုယ်ပိုင်အစီအစဉ်များကို မပြုလုပ်ရပေ။” ဤသို့ အချိန်အနည်းငယ် တွေ့ကြုံပြီးနောက်တွင် လူတို့သည် အမှုမဲ့အမှတ်မဲ့ဆိုသလို အမှုအရာများစွာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာအား စတင်၍ တွေ့ရလိမ့်မည်။ သင်သည် အစဉ်သဖြင့် ကိုယ်ပိုင်အစီအစဉ်များ၊ စဉ်းစားသုံးသပ်ခြင်းများ၊ ဆန္ဒများ၊ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ တောင့်တမှုများရှိလျှင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ အမှတ်တမဲ့ သွေဖည်သွားလိမ့်မည်။ ဘုရားသခင်က မည်သို့လုပ်ဆောင်သည်ကို သင် မြင်ရလိမ့်မည်မဟုတ်ပေ။ အချိန်အများစုတွင် ဘုရားသခင်သည် သင့်ထံမှ ကွယ်ဝှက်နေလိမ့်မည်။ သင်သည် အမှုအရာများကို ကိုယ်ပိုင်စိတ်ကူးများအရ လုပ်ဆောင်ရသည်ကို မနှစ်သက်သလော။ သင်သည် ကိုယ်ပိုင်အစီအစဉ်များကို မပြုလုပ်သလော။ သင်သည် အသိဉာဏ်ရှိသည်၊ ပညာတတ်ဖြစ်သည်၊ အသိပညာရှိသည်၊ သင့်တွင် အမှုအရာများကို လုပ်ဆောင်ရန် နည်းလမ်းများနှင့် နည်းပညာရှိသည်၊ ယင်းတို့ကို သင့်ဘာသာလုပ်ဆောင်နိုင်သည်၊ သင်သည် တော်သည်၊ ဘုရားသခင်ကို မလိုအပ်ပေဟု သင် ထင်သည်။ ထို့ကြောင့် ဘုရားသခင်က ပြောသည်။ “ဤသို့ဆိုလျှင် သွား၍ သင့်ဘာသာ လုပ်ဆောင်လော့။ ကောင်းမွန်သည်ဖြစ်စေ၊ မကောင်းမွန်သည်ဖြစ်စေ တာဝန်ယူလော့။ ငါ ဂရုမစိုက်ပေ။” ဘုရားသခင်က သင့်ကို အရေးမစိုက်ပေ။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ဤနည်းဖြင့် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒနောက်လိုက်ပြီး ၎င်းတို့ ယုံကြည်ချင်သလို ယုံကြည်ကြလျှင် အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မည်သည့်အခါမျှ မတွေ့ကြုံနိုင်ပေ။ ဘုရားသခင်၏ လက်တော်ကို မည်သည့်အခါမျှ မမြင်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို မည်သည့်အခါမျှ မခံစားရနိုင်ပေ။ ဘုရားသခင်၏ လမ်းပြမှုကို မခံစားရနိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ မည်သည့်အရာ ဖြစ်ပျက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ပို၍ပင် ဝေးကွာသွားလိမ့်မည်ဖြစ်ပြီး ဆင့်ပွားသက်ရောက်မှုများရှိလိမ့်မည်။ မည်သည့်သက်ရောက်မှုများဖြစ်သနည်း။ (ဘုရားသခင်ကို သံသယဝင်ပြီး ငြင်းဆန်ခြင်းဖြစ်သည်။) ဤသည်မှာ ဘုရားသခင်ကို သံသယဝင်ပြီး ငြင်းဆန်ခြင်းကိစ္စတစ်ခု သက်သက်မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးတွင် နေရာမရှိသကဲ့သို့ ရေရှည်တွင် ၎င်းတို့သည် ၎င်းတို့ဆန္ဒရှိသည့်အတိုင်းလုပ်ဆောင်ကြသည့်အခါ၊ အလေ့အကျင့်တစ်ခု ဝင်လာလိမ့်မည်။ ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခုဖြစ်ပျက်သည့်အခါ ၎င်းတို့လုပ်ဆောင်မည့် ပထမဆုံးသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်ဖြေရှင်းချက်ကို စဉ်းစားရန်၊ ၎င်းတို့၏ ကိုယ်ပိုင် အရင်းခံအကြောင်းရင်းများ၊ ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်ရန်၊ အစီအစဉ်များကို စဉ်းစားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အကျိုးအမြတ်ရှိမရှိကို အရင်ဆုံး စဉ်းစားကြလိမ့်မည်။ အကျိုးအမြတ်ရှိလျှင် ၎င်းတို့က လုပ်ဆောင်လိမ့်မည်။ အကျိုးအမြတ်မရှိလျှင် လုပ်ဆောင်မည်မဟုတ်ပေ။ ဤလမ်းကြောင်းကို တိုက်ရိုက်လျှောက်လှမ်းခြင်းသည် ၎င်းတို့၏ အလေ့အကျင့်ဖြစ်လာလိမ့်မည်။ ၎င်းတို့သည် နောင်တရခြင်းမရှိဘဲ ဤသို့ဆက်လက်လုပ်ဆောင်နေလျှင် ထိုသို့သောလူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံလိမ့်မည်နည်း။ ဘုရားသခင်သည် ၎င်းတို့ကို အရေးစိုက်မည်မဟုတ်ဘဲ တစ်ဖက်တွင် ထားထားလိမ့်မည်။ တစ်ဖက်တွင် ထားရှိခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က ၎င်းတို့ကို ပဲ့ပြင်ဆုံးမလိမ့်မည်မဟုတ်သကဲ့သို့ ပြစ်တင်ဝေဖန်လိမ့်မည်လည်း မဟုတ်ပေ။ ၎င်းတို့သည် ဉာဏ်အလင်းပေးခံရခြင်း၊ အလင်းပြခြင်း သို့မဟုတ် လမ်းပြခြင်းတို့ကို မဆိုထားနှင့်၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပဲ့ပြင်ဆုံးမခြင်း သို့မဟုတ် အပြစ်ဖော်ဆုံးမခြင်းတို့ပင် မရှိဘဲ ပို၍ စိတ်အလိုလိုက်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ တစ်ဖက်တွင် ထားရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်က တစ်စုံတစ်ဦးကို တစ်ဖက်တွင် ထားရှိသည့်အခါ သူသည် မည်သို့ ခံစားရသနည်း။ ၎င်း၏ စိတ်ဝိညာဉ်က မှောင်မည်းလာသည်။ ဘုရားသခင်က ၎င်းနှင့်အတူ မရှိ။ ၎င်းသည် ရူပါရုံများနှင့်ပတ်သက်၍ မရှင်းမလင်း ခံစားရသည်။ ပြုမူဆောင်ရွက်ရမည့် လမ်းကြောင်း မရှိသကဲ့သို့ မိုက်မဲသော ကိစ္စရပ်များကိုသာ ကိုင်တွယ်ဖြေရှင်းရသည်။ ဤသို့ အချိန်ကုန်ဆုံးသည်နှင့်အမျှ၊ ဘဝက အဓိပ္ပာယ်မရှိဟု ၎င်းက တွေးထင်ပြီး၊ ၎င်း၏ စိတ်ဝိညာဉ်များက အနှစ်မဲ့ကြသည်။ ထို့ကြောင့် ၎င်းသည် ဘာသာတရားမရှိသူများနှင့် အတူတူပင် ဖြစ်ပြီး၊ ပို၍ အကျင့်ပျက်လာကြသည်။ ဤသည်မှာ ဘုရားသခင်၏ ပစ်ပယ်ခြင်းခံရသော လူတစ်ဦး ဖြစ်သည်။ လူအချို့က၊ “ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ခြင်းက အဓိပ္ပာယ်မဲ့သည်၊ ကျွန်ုပ်က အားအင် နည်းသည်ထက် နည်းလာနေသည်ဟု အဘယ်ကြောင့် ကျွန်ုပ် ယခင်ထက် သာ၍ ခံစားရသနည်း။ ကျွန်ုပ်တွင် စိတ်ပါဝင်စားမှု မရှိသည်မှာ အဘယ်သို့ ဖြစ်သနည်း။ ကျွန်ုပ်၏ စိတ်ပါဝင်စားမှုက မည်သည့်နေရာသို့ ရောက်သွားသနည်း”ဟု ဆိုကြသည်။ “ကျွန်ုပ် အချိန်ကြာမြင့်စွာ ယုံကြည်လေ၊ ကျွန်ုပ် စယုံကြည်ခဲ့ချိန်ကလောက် ယုံကြည်ခြင်း မရှိဟု ကျွန်ုပ် တွေးထင်လေဖြစ်သည်မှာ အဘယ်သို့ ဖြစ်သနည်း။ ကျွန်ုပ် စတင်ယုံကြည်ခဲ့ချိန်တွင်၊ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရသည်ကို ကျွန်ုပ် အထူးသဖြင့် မွေ့လျော်ခဲ့သည်။ ထို့ကြောင့် ထိုမွေ့လျော်ခြင်းနှင့်ဆိုင်သည့် ခံစားချက် ကျွန်ုပ် မရှိတော့သည်မှာ အဘယ်သို့ ဖြစ်သနည်း”ဟု ပြောသည့်အခြားသူများ ရှိသည်။ ထိုခံစားချက်သည် မည်သည့်နေရာသို့ ရောက်သွားခဲ့သနည်း။ ဘုရားသခင်သည် သင့်ထံမှ ကွယ်ဝှက်ပြီးဖြစ်သောကြောင့် သင်သည် သူ့ကို ခံစား၍ မရနိုင်ပေ။ ထိုသို့ဖြင့် သင်သည် သနားဖွယ်ဖြစ်လာကာ ခြောက်သွေ့ညိုးနွမ်းလာသည်။ မည်သည့် အတိုင်းအတာထိ သင် ခြောက်သွေ့ညိုးနွမ်းသနည်း။ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ရူပါရုံများအကြောင်းကို သင် မရှင်းမလင်း ဖြစ်လာသည်။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာမျှ မရှိသကဲ့သို့ သင်၏ နုံချာသော၊ သနားဖွယ်ဖြစ်သော အသွင်အပြင်က ပေါ်ထွက်လာသည်။ ဤသည်မှာ ကောင်းသလော၊ ဆိုးသလော။ (ဆိုးပါသည်။) ဘုရားသခင်က လူတစ်ဦးကို စွန့်ခွာသည့်အခါ၊ ၎င်းတို့သည် ဤသို့စဉ်းစားဉာဏ်ကင်းမဲ့ကာ မိုက်မဲလာကြပြီး၊ ၎င်းတို့တွင် ဘာမျှ မရှိပေ။ ဤသည်မှာ ဘုရားသခင်ကို စွန့်ခွာသူတို့၏ သနားဖွယ်ဖြစ်သော အသွင်အပြင် ဖြစ်သည်။ ဤအချိန်တွင်၊ ဘုရားသခင်ကို ယုံကြည်ရန်မှာ ကောင်းသည်ဟု ၎င်းတို့ မတွေးထင်တော့ပေ။ ထိုအကြောင်းကို ၎င်းတို့ မည်မျှ စဉ်းစားသည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းက မှန်ကန်သည့် လမ်းခရီးဟု ၎င်းတို့ မထင်ကြချေ။ ၎င်းတို့အရ၊ ဤလမ်းသည် မည်သည့်နေရာသို့မျှ မရောက်ပေ။ ပြီးလျှင် မည်သူက ၎င်းတို့ကို အကြံပြုသည်ဖြစ်စေ ဤလမ်းပေါ် ၎င်းတို့ လျှောက်ကြလိမ့်မည် မဟုတ်။ ၎င်းတို့ ဆက်မယုံကြည်နိုင်သောကြောင့်၊ လောကီဆီသို့ ပြေးသွားကြရသည်။ ၎င်းတို့အတွက် ငွေရှာခြင်းနှင့် ချမ်းသာကြွယ်ဝမှု ရရှိခြင်းက ၎င်းတို့တွင်ရှိသည့် တစ်ခုတည်းသော ရွေးချယ်မှု၊ လက်တွေ့အကျဆုံးသော လမ်းကြောင်း ဖြစ်သည်။ ရာထူးတိုးခြင်းများနှင့် ကြွယ်ဝမှု၊ ပျော်ရွှင်ခြင်းနှင့် စိတ်ကျေနပ်ခြင်း၊ မိမိတို့၏ ဘိုးဘေးများကို ဂုဏ်ပြုခြင်းနှင့် မြန်ဆန်သော အသက်မွေးအလုပ် တိုးတက်ရေးတို့ကို ၎င်းတို့ လိုက်စားကြသည်။ ၎င်းတို့၏စိတ်နှလုံးများက ဤအရာများနှင့် ပြည့်သောကြောင့် မိမိတို့တာဝန်ကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသေးသလော။ မလုပ်ဆောင်နိုင်ကြပေ။ တစ်စုံတစ်ဦးတွင် ဤကဲ့သို့သော အတွေးများသာရှိသော်လည်း စစ်မှန်သည့် ယုံကြည်မှု အနည်းငယ် ရှိသေးပြီး၊ ထိုအရာကို ၎င်းတို့ ဆက်လက်လိုက်စားရန် လိုလားနေလျှင်၊ ၎င်းတို့အပေါ် ဘုရားအိမ်တော်၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့ အလုပ်လုပ်နိုင်သရွေ့၊ ဘုရားအိမ်တော်က ၎င်းတို့ကို အခွင့်အရေး ပေးလိမ့်မည်။ လူတစ်ဦးစီအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ မြင့်မားခြင်း မရှိပေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ လူတို့သည် လေဟာနယ်တစ်ခုထဲတွင် အသက်မရှင်ကြသကဲ့သို့ မဖောက်ပြန်မပျက်စီးသည့်သူ မည်သူမျှ မရှိပေ။ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် စိတ်ကူးများ မရှိသည့်သူ မည်သူ ရှိသနည်း။ ဘုရားသခင်ကို အတိုက်အခံလုပ်ရာတွင် ပြစ်မှားမှုများ မကျူးလွန်ခဲ့သည့်သူ မည်သူ ရှိသနည်း။ ဘုရားသခင်ကို ပုန်ကန်သည့် အခြေအနေများနှင့် အပြုအမူများ မရှိသည့်သူ မည်သူ ရှိသနည်း။ နောက်တစ်လှမ်းတိုးပြောရလျှင်၊ ဘုရားသခင်နှင့် ပတ်သက်၍ မယုံကြည်သည့်၊ သံသယရှိသည့်၊ အထင်လွဲ သို့မဟုတ် ထင်ကြေးပေးသည့် စိတ်ကူး၊ အတွေး၊ သို့မဟုတ် အခြေအနေအချို့ မရှိသောသူ မည်သူ ရှိသနည်း။ လူတိုင်း ရှိကြသည်။ ထို့ကြောင့် ဘုရားသခင်က လူတို့ကို မည်သို့ ဆက်ဆံသနည်း။ ဤအရာများအပေါ် သူ ရေးကြီးခွင့်ကျယ်လုပ်သလော။ မည်သည့်အခါတွင်မျှ မလုပ်ခဲ့ပေ။ မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သနည်း။ လူအချို့သည် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ အယူအဆများ အမြဲ ရှိကြသည်။ ၎င်းတို့က၊ “တစ်စုံတစ်ဦးက ဘုရားသခင်ကို ယုံကြည်သရွေ့၊ ၎င်းကို သူ အမြဲ ဖော်ထုတ်လိမ့်မည်။ တရားစီရင်လိမ့်မည်။ ပြစ်တင်ဆုံးမကာ ပြုပြင်လိမ့်မည်။ သူသည် လူတို့ကို လက်မလွှတ်သကဲ့သို့ ၎င်းတို့ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မပေးပါ”ဟု ဆိုကြသည်။ ဤသို့ ဖြစ်ခြင်းဟုတ်သလော။ (မဟုတ်ပါ။) ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ အိမ်သို့လာသော လူအားလုံးသည် ထိုသို့ လွတ်လပ်စွာ လုပ်ဆောင်ကြသည်။ ၎င်းတို့ထဲမှ မည်သူကမျှ ဖိအားပေးခြင်း မခံရပေ။ လူအချို့သည် ယုံကြည်ခြင်း ပျောက်ဆုံးကြပြီးဖြစ်သည်။ လောကီ အမှုအရာများတွင် ၎င်းတို့ မွေ့လျော်သွားကြပြီးဖြစ်ကာ မည်သူကမျှ ၎င်းတို့ကို တားဆီးခြင်း မရှိ သို့မဟုတ် ၎င်းတို့ ထွက်သွားသည်ကို မြင်ရဖို့ ဝန်လေးခြင်း မရှိပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း ရှိလာခြင်းနှင့် ယုံကြည်ခြင်းကို စွန့်ခြင်းနှစ်ခုလုံးတွင်၊ ၎င်းတို့ လွတ်လပ်ကြသည်။ ထို့အပြင်၊ ဘုရားသခင်က မည်သူကိုမျှ အတင်းအကျပ်မလုပ်ခိုင်းပေ။ လူတို့အပေါ် သူ၏ သတ်မှတ်ချက်များက မည်သည့်အရာဖြစ်စေ၊ ၎င်းတို့ လျှောက်လိုသည့် လမ်းကို သူ ရွေးချယ်ခွင့်ပေးပြီး၊ မည်သူကိုမျှ သူ ဖိအားပေးခြင်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်က မည်သို့ အမှုပြုသည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို သူ မည်သို့ လမ်းပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် ဦးဆောင်သည်ဖြစ်စေ၊ မည်သူကိုမျှ ဘုရားသခင်က လုံးဝ အကျပ်ကိုင်ခြင်း မရှိခဲ့ပေ။ သူသည် ပြဿနာများကို ဖြေရှင်းရန်နှင့် လူတို့အား သမ္မာတရားကို နားလည်ခွင့်ပေးရန် သမ္မာတရားနှင့်ပတ်သက်၍ အမြဲ မိတ်သဟာယပြုလျက်၊ လူကို ထောက်ပံ့ကာ ထိန်းကျောင်းရန် သမ္မာတရားကို အမြဲ ဖော်ပြသည်။ လူတို့အား သမ္မာတရားကို နားလည်ခွင့်ပေးခြင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (၎င်းတို့က သမ္မာတရားကို လက်ခံနိုင်ကြရန်အလို့ငှာ ဖြစ်သည်။) သင်သည် သမ္မာတရားကို လက်ခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံလျှင်၊ ဤပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မယုံကြည်သူများ၏ အမြင်များနှင့် မမှန်ကန်သည့် အခြေအနေမျိုးစုံတို့ကို ကြံ့ကြံ့ခံနိုင်ရန် ဝိညာဉ်ရင့်ကျက်မှု ရှိပေသည်။ ဤအခြေအနေများကို သင် ပိုင်းခြားသိမြင်နိုင်သည့်အခါ၊ အထင်အမြင်မှားစေခြင်း ခံရလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးသည် သမ္မာတရားမျိုးစုံကို နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို အထင်မလွဲသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းက နားလည်လေသည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်ကြသည်။ ထို့အပြင်၊ လူသား ပုံသဏ္ဍာန်ဖြင့် ၎င်းတို့ အသက်ရှင်နိုင်ကြပြီး၊ ဘဝ၏ မှန်ကန်သည့် လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ကြလေသည်။ တစ်စုံတစ်ဦးက ဘဝ၏ မှန်ကန်သည့် လမ်းကြောင်းပေါ် လျှောက်သည့်အခါ၊ ဖန်ဆင်းခံတစ်ဦး ခံသင့်သည့် သက်သေကိုခံသည့်အခါ၊ နောက်ဆုံးတွင် စာတန်ကို အနိုင်ယူနိုင်သည့်အခါ၊ စိတ်သဘောထား ပြောင်းလဲမှုကို တွေ့ကြုံသည့်အခါ၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုနှင့် ကြောက်ရွံ့ခြင်း ရှိကာ လက်သင့်ခံနိုင်ဖွယ်ဖြစ်သော ဖန်ဆင်းခံတစ်ဦးဖြစ်လာသည့်အခါ၊ ထိုသို့သော လူတစ်ဦးသည် အဆုံးစွန် ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ကယ်တင်ခြင်းကို ရရှိပြီး ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။