မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁) အပိုင်း တစ်

သင်တို့သည် ဘုရားသခင်ကို ဤနှစ်များတစ်လျှောက် ယုံကြည်ခဲ့ကြပြီဖြစ်ပြီး သမ္မာတရားအချို့ကို နားလည်သော်လည်း သင်တို့အ‌ယောက်စီတိုင်း၏ စိတ်နှလုံးထဲတွင် မိမိတို့၏ကိုယ်ပိုင် အဓိပ္ပာယ်ကောက်ယူချက်များ၊ ယုံကြည်ချက်များနှင့် စိတ်ကူးများ ရှိသည်။ ထို့ပြင် ယင်းတို့အားလုံးသည် သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း လုံးလုံးလျားလျား ဆန့်ကျင်ကွဲလွဲနေသည်။ ဤအရာများမှာ အဘယ်နည်း။ ဤအရာများမှာ လူတို့၏ အယူအဆများပင် ဖြစ်၏။ လူ၌ သမ္မာတရား လုံးဝမရှိသော်လည်း သူ၏ စိတ်သည် အယူအဆများနှင့် စိတ်ကူးများစွာကို ထုတ်လုပ်နိုင်စွမ်း ရှိကာ ယင်းတို့အားလုံးက သမ္မာတရားနှင့် လိုက်လျောညီထွေ မရှိပေ။ သမ္မာတရားနှင့် သဘောကွဲလွဲသည့် အရာတိုင်းက လူ၏ အယူအဆများ၊ စိတ်ကူးများနှင့် သက်ဆိုင်သည်။ သို့ဆိုလျှင် လူ၏ အယူအဆများက မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ မတူညီသော အကြောင်းရင်းများစွာ ရှိလေသည်။ တစ်စိတ်တစ်ဒေသအားဖြင့် ယင်းမှာ ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းအပြင် အသိပညာ ဖြန့်ဖြူးခြင်းနှင့် ရိုက်သွင်းခြင်း၊ လူမှုခေတ်ရေစီးကြောင်း၊ မိသားစုတို့၏ သွန်သင်ခြင်းများ၏ သက်ရောက်မှု အစရှိသည်တို့ပင် ဖြစ်၏။ နှစ်ပေါင်းထောင်ချီ ဘုရားမဲ့ဝါဒ၏ အုပ်စိုးခြင်းခံလာရသော နိုင်ငံတစ်နိုင်ငံဖြစ်သော တရုတ်ပြည်တွင် လူတို့သည် ဘုရားနှင့် ပတ်သက်သော မည်သည့် နားလည်မှုနှင့် အနက်ဖွင့်ဆိုမှုတို့ ရှိကြသနည်း။ ဘုရားသခင်ကို မမြင်နိုင်၊ မထိတွေ့နိုင်သော်လည်း သူသည် အမှန်တကယ် တည်ရှိ၏။ သူသည် ခြေရာခံ၍မရအောင် သွားလာရင်း၊ ရုတ်ခြည်း ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်ရင်း လေထဲတွင် ဟိုဟိုသည်သည် ပျံသန်းနိုင်သည်။ နံရံများကို ထိုးဖောက်ကျော်ဖြတ်သွားနိုင်သည်။ မည်သည့် ရုပ်ဝတ္ထု သို့မဟုတ် နေရာဒေသအားဖြင့် အဆီးအတားမရှိသည့်အပြင် ဧရာမ စွမ်းပကားများရှိကာ အရာခပ်သိမ်းကို အကြွင်းမဲ့ တတ်စွမ်းနိုင်သည်။ ဤသည်တို့မှာ ဘုရားသခင်နှင့်ပတ်သက်၍ လူတို့၌ရှိသော အယူအဆများနှင့် စိတ်ကူးများ ဖြစ်သည်။ သို့ဆိုလျှင် လူတို့၏ စိတ်ကူးများနှင့် အယူအဆများက မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းတို့သည် ရိုးရာယဉ်ကျေးမှု၏ ပညာပေးမှု၊ ပုံစံသွင်းခြင်းတို့နှင့် အဓိကအားဖြင့် ဆက်စပ်သည်။ တရုတ်ပြည်တွင် ဘုရားမဲ့ဝါဒ၏ သွန်သင်မှုသည် နှစ်ထောင်ချီ၍ ရှိလာပြီး လူတို့၏ အနက်ရှိုင်းဆုံးသော စိတ်နှလုံးများထဲ၌ ယင်း၏ ဘုရားမဲ့မျိုးစေ့ကို ထည့်သွင်းထားခဲ့သည်မှာ ကြာညောင်းပြီဖြစ်သည်။ ဤခေတ်ကာလအတွင်း စာတန်နှင့် ဆိုးညစ်သော ဝိညာဉ်မျိုးစုံသည် လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်ရန်အတွက် ၎င်းတို့ကြားတွင် များစွာသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို လုပ်ဆောင်ကြပြီးဖြစ်သည်။ ဤအရာများသည် လူတို့ကြားတွင် နေရာတိုင်းလိုလို ပျံ့နှံ့နေပြီး ဆိုးဝါးသော သက်ရောက်မှု ဖြစ်ပေါ်စေ၏။ ဤဝိညာဉ်ဆိုးများသည် လူတို့ကို အထင်အမြင်မှားစေရန်၊ လှည့်စားရန်နှင့် ဒုက္ခပေးရန်အတွက် ထင်ရာစိုင်း၍ လုပ်ဆောင်ကြသောကြောင့် လူတို့၌ ဘုရားသခင်နှင့်ပတ်သက်၍ များစွာသော အယူအဆများနှင့် စိတ်ကူးများ ဖြစ်ပေါ်လာပြီးဖြစ်သည်။ ကောက်ချက်ချရလျှင် လူတို့၏ အယူအဆများနှင့် စိတ်ကူးများမှာ ကောက်ကျစ်ဆိုးယုတ်သော လူမှုရေး ပုံစံသွင်းခြင်းနှင့် စာတန်၏ အယူဝါဒသွတ်သွင်းမှုတို့မှ လုံးလုံးလျားလျား လာခြင်းဖြစ်သည်။ ရှေးကာလမှ ယနေ့ထိတိုင် လူတို့၏ မျိုးဆက်တစ်ခုပြီးတစ်ခု စာတန်၏ သွန်သင်မှုကို လက်ခံရရှိခဲ့ကြပြီး ရိုးရာယဉ်ကျေးမှုနှင့် အသိပညာအား ဖြန့်ဖြူးခြင်းနှင့် သွတ်သွင်းခြင်းကို လက်ခံရရှိခဲ့ကြသည့်အတွက်ကြောင့် အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးများကို ပေါ်ပေါက်ခဲ့ကြခြင်းဖြစ်သည်။ ဤအရာများသည် လူတို့၏ အလုပ်၊ ပညာသင်ကြားရေးနှင့် ပုံမှန်ဘဝများကို တိုက်ရိုက် မထိခိုက်ခဲ့သော်လည်း ဘုရားသခင်၏ အမှုတော်အား လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း၌ လူတို့အတွက် ကြီးမားသော အဟန့်အတား ဖြစ်လာစေသည်မှာ ဤအယူအဆများနှင့် စိတ်ကူးများပင် ဖြစ်၏။ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို လက်ခံထားလျှင်ပင် ဤအရာများသည် ၎င်းတို့၏ ဘုရားသခင်အား သိရှိခြင်းနှင့် ကျိုးနွံနာခံခြင်းအတွက် ကြီးမားသော အတားအဆီးကို ဖြစ်ပေါ်စေပြီး ဘုရားသခင်ကို ယုံကြည်ရင်း နှစ်ပေါင်းများစွာ ကုန်ဆုံးပြီးနောက်တွင်ပင် ၎င်းတို့အား အလွန်သေးငယ်သော ယုံကြည်မှုရှိအောင်၊ မကြာခဏ အပျက်သဘောဆောင်၍ အားနည်းအောင်၊ စမ်းသပ်မှုများထဲတွင် အခိုင်အမာရပ်တည်ဖို့ အလွန်ခက်ခဲသည်ဟု ခံစားရအောင် ပြုလုပ်နေဆဲဖြစ်သည်။ ဤသည်တို့မှာ အယူအဆများနှင့် စိတ်ကူးများ ရှိခြင်း၏ အကျိုးဆက်များပင် ဖြစ်၏။

လူအများစုက ဘုရားသခင်အား ယုံကြည်ခြင်းဟူသည် ကောင်းသော အရာများပြုလုပ်ခြင်းနှင့် လူကောင်းတစ်ဦးဖြစ်ခြင်းကို ဆိုလိုသည်ဟု ထင်မှတ်ကြသည်။ ဥပမာ ၎င်းတို့က လူတစ်ဦးသည် ဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲမှသာ ဘုရားသခင်အား ယုံကြည်သူဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။ လူတစ်ဦးသည် ကောင်းသောအရာများစွာ ပြုလုပ်ပြီး အခြားလူများ၏ ချီးမွမ်းခြင်းကို ခံရပါက သူ၏စိတ်နှလုံးထဲမှနေ၍ ဘုရားသခင်ကို ကျေးဇူးတင်ပြီး လူတို့အား “ကျွန်ုပ်ကို ကျေးဇူးမတင်ပါနှင့်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ကျေးဇူးတင်သင့်သည်။ ဤသို့ပြုလုပ်ရန် သွန်သင်ခဲ့သည်မှာ သူပင်ဖြစ်သောကြောင့်ဖြစ်သည်” ဟု ပြောကြသည်။ လူတို့၏ ချီးကျူးခြင်းကို ခံရပြီးနောက် သူသည် အလွန် ကျေနပ်သွားပြီး နှစ်သိမ့်ရာရကာ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ကောင်းမွန်သည်၊ သူသည် အခြားသူများ၏ အသိအမှတ်ပြုခြင်းကို ထိုက်ထိုက်တန်တန် ရရှိပြီးဖြစ်ကာ ဘုရားသခင်ထံမှလည်း သေချာပေါက် ထိုက်ထိုက်တန်တန် ရရှိမည်ဟု ထင်မှတ်လေသည်။ နှစ်သိမ့်ရာရခြင်းဟူသည့် ဤခံစားမှုသည် မည်သည့်နေရာမှ လာသနည်း။ (သူ၏ အယူအဆများနှင့် စိတ်ကူးများမှ လာသည်။) နှစ်သိမ့်ရာရခြင်းဟူသည့် သူ၏ ခံစားမှုသည် အစစ်အမှန်လော၊ သို့မဟုတ် အတုအယောင်လော။ (အတုအယောင် ဖြစ်၏။) သို့သော် သူ့အတွက် ယင်းက အစစ်အမှန်ဖြစ်ပြီး သူသည် စိတ်တည်ငြိမ်သည်၊ လက်တွေ့ကျသည်၊ ထို့ပြင် စစ်မှန်သည်ဟု ခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် သူလိုက်စားနေသည့်အရာမှာ နှစ်သိမ့်ရာရခြင်းဟူသည့် ဤခံစားမှုပင်ဖြစ်သည်။ နှစ်သိမ့်ရာရခြင်းဟူသည့် ဤခံစားမှုမှာ မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ ယုံမှားစေသော ဤထင်မြင်ချက်သည် သူ၏ အယူအဆများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကာ၊ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းက ဖြစ်သင့်သည့်ပုံစံဖြစ်သည်၊ သူသည် ဤလူစားမျိုး ဖြစ်သင့်သည်၊ သူသည် ဤပုံစံအတိုင်း ကျင့်ကြံပြုမူသင့်သည်၊ ဤအရာများ ပြုလုပ်ခဲ့ပြီးသည့်အတွက် ဘုရားသခင်သည် သူ့အပေါ် ကျေနပ်မည်မှာ သေချာသည်၊ ထို့ပြင် သူသည် ဧကန်မုချ ကယ်တင်ခြင်းရရှိမည်ဖြစ်ပြီး အဆုံးတွင် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ရလိမ့်မည်ဟု သူ့အား တွေးထင်စေခဲ့သည်မှာ သူ၏ အယူအဆများပင် ဖြစ်သည်။ ဤ “ဧကန်မုချ” ဟူသည်မှာ မည်သည့်နေရာမှ လာသနည်း။ (လူတို့၏ အယူအဆများမှ လာသည်။) ဤသေချာမှုနှင့် ယုံမှားစေသော ဤထင်မြင်ချက်ကို သူ့အား ပေးသည်မှာ သူ၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ ဖြစ်ကာ၊ ယင်းက သူ့ကို အလွန် သက်သောင့်သက်သာ ရှိစေသည်။ သို့ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စကို အမှန်တကယ် မည်သို့ အကဲဖြတ်ပြီး အဆုံးအဖြတ်ပေးသနည်း။ ယင်းမှာ ကောင်းသော အပြုအမူတစ်မျိုးသာ ဖြစ်ပြီး လူတို့၏ အယူအဆများနှင့် လူတို့၏ လူသားကောင်းမြတ်ခြင်းနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သည်။ တစ်နေ့တွင် ဤပုဂ္ဂိုလ်သည် စည်းမျဉ်းများကို ဆန့်ကျင်သည့် အရာတစ်ခုကို ပြုလုပ်ကာ သူသည် ပြုပြင်ခြင်းကို ခံရပြီးနောက် လူကောင်းတို့ကို အကဲဖြတ်ရန်အတွက် ဘုရားသခင်၏ စံချိန်စံညွှန်းများမှာ သူထင်ခဲ့သကဲ့သို့ မဟုတ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုသို့သောအရာ တစ်ခုကိုမျှ မမိန့်ဆိုကြောင်း တွေ့ရှိသောကြောင့် စိတ်ထဲတွင် အတိုက်အခံလုပ်လာပြီး “ငါသည် လူကောင်းတစ်ဦး မဟုတ်လော။ ဤနှစ်ကာလများတစ်လျှောက် ငါ လူကောင်းတစ်ဦး အဖြစ်နေခဲ့ပြီး မည်သူကမျှ ငါ လူကောင်းမဟုတ်ဟု မပြောဖူးပေ။ ဘုရားသခင်ကသာ ငါ့ကို လူကောင်းမဟုတ်ဟု ဆိုသည်” ဟု စဉ်းစားလေသည်။ ဤတွင် ပြဿနာရှိသလော။ ဤပြဿနာမှာ မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းသည် သူ၏ အယူအဆများကြောင့် ဖြစ်ပေါ်လာသည်။ ဤတွင် အဓိကတရားခံမှာ အဘယ်နည်း။ (အယူအဆများ ဖြစ်သည်။) အဓိကတရားခံမှာ လူတို့၏ အယူအဆများဖြစ်သည်။ လူတို့၏ အယူအဆများသည် ၎င်းတို့အား ဘုရားသခင်ကို မကြာခဏ အထင်လွဲမှားစေကာ ဘုရားသခင်နှင့်ပတ်သက်၍ အမျိုးမျိုးသော တောင်းဆိုမှုများနှင့် ဝေဖန်သုံးသပ်မှုများကို မကြာခဏ ပြုလုပ်တတ်ပြီး ဘုရားသခင်ကို တိုင်းတာရန်အတွက် အမျိုးမျိုးသော စံချိန်စံညွှန်းများ ရှိသည်။ ယင်းတို့သည် လူတို့ကို အမှုအရာများ မှန်သည်၊ မှားသည်၊ လူတစ်ဦး ကောင်းသည်၊ ဆိုးသည်ကို အကဲဖြတ်ရန်နှင့် လူတစ်ဦး ဘုရားသခင်အပေါ် သစ္စာရှိပြီး ဘုရားသခင်၌ ယုံကြည်ခြင်းရှိမရှိကို အကဲဖြတ်ရန် မမှန်ကန်သော အတွေးအချို့နှင့် ရှုထောင့်အမြင်များကို မကြာခဏ အသုံးပြုစေသည်။ ဤအမှားများ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ လူတို့၏ အယူအဆများ ဖြစ်သည်။ လူတို့၏ အယူအဆများသည် ၎င်းတို့စားသည့်အရာ၊ သို့မဟုတ် ၎င်းတို့အိပ်စက်ပုံတို့အပေါ် မထိခိုက်နိုင်သကဲ့သို့ ၎င်းတို့၏ ပုံမှန်ဘဝများကို သက်ရောက်မှု မရှိနိုင်သော်လည်း ယင်းတို့သည် လူတို့၏စိတ်များနှင့် ၎င်းတို့၏အတွေးများတွင် ဧကန် တည်ရှိကြပေသည်၊ ယင်းတို့သည် တစ်ချိန်လုံး လူတို့နောက်လိုက်ရင်း အရိပ်တစ်ခုကဲ့သို့ လူတို့ထံ တွယ်ကပ်ကြလေသည်။ အကယ်၍ ယင်းတို့ကို သင့်အနေဖြင့် အချိန်မီ မဖယ်ရှားနိုင်ပါက သင်၏တွေးခေါ်ခြင်း၊ သင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ သင်၏အပြုအမူ၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏အသိတို့ကို ထိန်းချုပ်လိမ့်မည်ဖြစ်ကာ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို စဉ်ဆက်မပြတ် ထိန်းချုပ်လိမ့်မည်ဖြစ်သည်။ ဤအရာကို သင် ယခု ရှင်းလင်းစွာ မြင်တွေ့သလော။ အယူအဆများသည် အဓိကပြဿနာတစ်ခု ဖြစ်သည်။ လူတို့၌ ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ ရှိနေခြင်းသည် ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် တံတိုင်းတစ်ခု တည်နေသကဲ့သို့ဖြစ်ပြီး ၎င်းက ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်၊ စစ်မှန်သော စိတ်သဘောထားနှင့် စစ်မှန်သော အနှစ်သာရတို့ကို မမြင်နိုင်အောင် တားဆီးထားသည်။ အဘယ်ကြောင့်နည်း။ ယင်းမှာ လူတို့သည် ၎င်းတို့၏ အယူအဆများအလယ်နှင့် ၎င်းတို့၏ စိတ်ကူးထင်မြင်မှုများ အလယ်တွင် အသက်ရှင်ကြပြီး ဘုရားသခင်က မှန်သလော၊ မှားသလောဆိုသည်ကို ဆုံးဖြတ်ဖို့နှင့် ဘုရားသခင်လုပ်ဆောင်သမျှ အားလုံးကို တိုင်းတာဖို့၊ အကဲဖြတ်ဖို့နှင့် ပြစ်တင်ရှုတ်ချဖို့ ၎င်းတို့၏ အယူအဆများကို အသုံးပြုကြသောကြောင့် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် လူတို့သည် မည်သည့်အခြေအနေမျိုးထဲသို့ မကြာခဏ ကျဆင်းကြရသနည်း။ လူတို့သည် ၎င်းတို့၏အယူအဆများအလယ်၌ အသက်ရှင်ချိန်တွင် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ကြသလော။ ၎င်းတို့တွင် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိနိုင်ကြသလော။ (မရှိနိုင်ကြပေ။) လူတို့သည် ဘုရားသခင်ကို အနည်းငယ် အမှန်တကယ် ကျိုးနွံနာခံကြသည့် အချိန်တွင်ပင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း ထိုသို့ပြုလုပ်ခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးအနေဖြင့် သူ၏ အယူအဆများနှင့် စိတ်ကူးများကို အားထားသောအခါ ယင်းသည် စာတန်နှင့် ကမ္ဘာလောကတို့နှင့် သက်ဆိုင်သည့် ကိုယ်ရေးကိုယ်တာ အမှုအရာများဖြင့် စွန်းထင်းလာပြီး ယင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲလေသည်။ ဘုရားသခင်နှင့် ပတ်သက်သည့် လူတို့၏ အယူအဆများနှင့်ဆိုင်သော ပြဿနာမှာ ဆိုးရွားသည့် အရာတစ်ခုဖြစ်သည်။ ယင်းသည် ဖြေရှင်းရန် အရေးတကြီး လိုအပ်သည့် လူသားနှင့် ဘုရားသခင်ကြားက အဓိက ပြဿနာတစ်ခုဖြစ်သည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာကြသူတိုင်းသည် အယူအဆများ ယူဆောင်လာကြသည်၊ ဘုရားသခင်နှင့်ပတ်သက်သည့် သံသယမျိုးစုံကို ၎င်းတို့ ယူဆောင်လာကြသည်။ သို့တည်းမဟုတ် ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အပေါ် အပ်နှင်းထားသည့် အရာများအားလုံးနှင့် ရင်ဆိုင်ရသည့်အခါ သူ၏ကြိုတင်စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုတို့နှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်နှင့် ပတ်သက်သည့် နားလည်မှုလွဲခြင်း အမြောက်အမြားကို ယူဆောင်လာကြသည်ဟုလည်း ဆိုနိုင်ပေသည်။ ထို့နောက်တွင် ဘုရားသခင်နှင့် ၎င်းတို့၏ဆက်ဆံရေးမှာ မည်သည့်အရာ ဖြစ်လာမည်နည်း။ လူတို့သည် ဘုရားသခင်ကို စဉ်ဆက်မပြတ် နားလည်မှုလွဲကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို စဉ်ဆက်မပြတ် သံသယဝင်ကြပြီး၊ ဘုရားသခင် မှားသည်၊ မှန်သည်ကို တိုင်းတာဖို့၊ သူ၏နှုတ်ကပတ်တော်တိုင်းနှင့် အမှုတိုင်းကို အကဲဖြတ်ဖို့ ၎င်းတို့၏ ကိုယ်ပိုင်စံနှုန်းများကို စဉ်ဆက်မပြတ် အသုံးပြုကြလေသည်။ ဤအပြုအမူမျိုးသည် မည်သည့်အရာ ဖြစ်သနည်း။ (ယင်းမှာ ထကြွပုန်ကန်ခြင်းနှင့် အာခံခြင်းဖြစ်သည်။) မှန်ပေ၏။ ယင်းမှာ ဘုရားသခင်အား လူတို့ ထကြွပုန်ကန်ခြင်း၊ အာခံခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း ဖြစ်ကာ ယင်းမှာ လူတို့ ဘုရားသခင်အား ဝေဖန်သုံးသပ်ခြင်း၊ ဘုရားသခင်အား ပြစ်မှားစော်ကားခြင်းနှင့် သူ့ကို ယှဉ်ပြိုင်ခြင်း ဖြစ်သည့်အပြင် ဆိုးရွားသော ကိစ္စများတွင် လူတို့သည် ဘုရားသခင်ကို တရားရုံးသို့ ခေါ်လာပြီး သူ့ကို “နောက်ဆုံးဖြစ်သော ယှဉ်ပြိုင်တိုက်ခိုက်ခြင်း” တစ်ခု၌ တိုက်ခိုက်လိုသည်။ လူတို့၏ အယူအဆများ ရောက်ရှိနိုင်သည့် အပြင်းထန်ဆုံးသော အဆင့်မှာ အဘယ်နည်း။ ယင်းမှာ စစ်မှန်သော ဘုရားကိုယ်တော်တိုင်ကို ငြင်းပယ်ခြင်း၊ သူ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ကို ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏ အလုပ်ကို ပြစ်တင်ရှုတ်ချခြင်းတို့ ဖြစ်၏။ လူတို့၏ အယူအဆများက ဤအဆင့်သို့ ရောက်သောအခါ ၎င်းတို့သည် ဘုရားသခင်ကို ပင်ကိုအားဖြင့် ငြင်းပယ်သည်၊ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချသည်၊ ဘုရားသခင်ကို ပြစ်မှားစော်ကားပြီး သစ္စာဖောက်သည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ရုံသာမက သမ္မာတရားကို လက်ခံရန်နှင့် ဘုရားသခင် နောက်လိုက်ရန်လည်း ငြင်းဆိုကြသည်။ ဤသည်မှာ ထိတ်လန့်ဖွယ်ရာ မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ထိတ်လန့်ဖွယ် ပြဿနာတစ်ခု ဖြစ်၏။ အယူအဆများကို လူတို့အတွက် အကျိုးကျေးဇူးတစ်ခုမျှ မရှိဘဲ၊ လုံးဝ ထိခိုက်နစ်နာစေသည်ဟု ဆိုနိုင်သည်။ ထို့အတွက်ကြောင့် အယူအဆများမှာ မည်သည့်အရာများဖြစ်ပြီး လူတို့၌ မည်သည့်အယူအဆများ ထားရှိကြောင်း ယနေ့ ငါတို့ မိတ်သဟာယပြုပြီး စိတ်ဖြာလေ့လာကြခြင်း ဖြစ်သည်။ ဤသည်မှာ အလွန်မှပင် လိုအပ်လေ၏။ သင်တို့အထဲ၌ အများအားဖြင့် မည်သည့်အယူအဆများ ပေါ်ထွက်မည်နည်း။ သင်၏ မည်သည့် အတွေးအခေါ်များ၊ နားလည်မှုများ၊ ဝေဖန်သုံးသပ်ချက်များနှင့် အမြင်များသည် သင်၏ အယူအဆများနှင့် ပတ်သက်သနည်း။ ဤသည်ကို ဆင်ခြင်သုံးသပ်ထိုက်သည် မဟုတ်လော။ လူတို့၏ အမူအကျင့်များသည် ၎င်းတို့၏ အယူအဆများနှင့် မသက်ဆိုင်သော်လည်း ထိုအမူအကျင့်၏ နောက်ကွယ်မှ ထင်မြင်ချက်များနှင့် အမြင်များမှာ ၎င်းတို့၏ အယူအဆများနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ လူတို့၏ အယူအဆများသည် ဘုရားအမှုတော်၏ နယ်ပယ်ပြင်ပ၌ မကျရောက်ပေ။ ပထမမှာ ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ပတ်သက်၍ လူတို့၌ရှိသည့် အမျိုးမျိုးသော အယူအဆများ ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့၌ ဘုရားသခင်အား ယုံကြည်ခြင်း၊ ဘုရားသခင်အား ယုံကြည်ခြင်းမှ မည်သည့်အရာကို ၎င်းတို့ရရှိသင့်သည်၊ ထို့ပြင် ဘုရားသခင်အား ယုံကြည်ခြင်း၌ ၎င်းတို့ မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းသင့်သည် တို့နှင့်ဆိုင်သည့် မတူညီသော စိတ်ကူးများနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှုများ ရှိသောကြောင့် ၎င်းတို့သည် အယူအဆမျိုးစုံ ရှိလာကြသည်။ ဒုတိယမှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၍ လူတို့၏ အယူအဆများ ဖြစ်သည်။ လူတို့၌ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော စိတ်ကူးများနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှုများ ပို၍ပင် ရှိကြသောကြောင့် ၎င်းတို့သည် ပင်ကိုအားဖြင့် အယူအဆများစွာ ရှိလာကြခြင်း ဖြစ်သည်။ ဤသည်တို့မှာ အပြန်အလှန် ဆက်နွှယ်လေသည်။ တတိယမှာ ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ လူတို့၌ရှိသော အယူအဆများ ဖြစ်သည်။ လူတို့သည် ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၊ ဘုရားသခင် ထုတ်ဖော်သည့် စိတ်နေသဘောထား၊ ဘုရားသခင် အမှုပြုသည့်ပုံစံတို့နှင့် ပတ်သက်၍ မတူညီသော စိတ်ကူးနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုး ရှိသောကြောင့် ၎င်းတို့၌ အယူအဆများစွာ ရှိလာကြသည်။ အခြေခံအားဖြင့် ဤအချက်သုံးချက်က လူတို့၏ အယူအဆများအားလုံးကို ခြုံငုံစေကာမူ ဤအချက်သုံးချက်ကို ပို၍ပင် အသေးစိတ် ငါတို့ပိုင်းခြားနိုင်သည်ဖြစ်၍ ယင်းတို့ကို တစ်ချက်ပြီး တစ်ချက် မိတ်သဟာယပြုကြပါစို့။

ယခု ဘုရားသခင်အား ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ လူတို့၌ရှိသည့် အယူအဆအမျိုးမျိုးဖြစ်သော ပထမအချက်အကြောင်းကို ပြောကြပါစို့။ ဤအယူအဆမျိုးတို့သည် အတိုင်းအတာအားဖြင့် အတော်လေး ကျယ်ပြန့်၏။ လူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းအတွက် အစိမ်းသက်သက် ဖြစ်သည်ဖြစ်စေ၊ ဘုရားသခင်အား ယခင်က ယုံကြည်ခဲ့ဖူးသည် ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်အား ကနဦး စတင်ယုံကြည်သောအခါ၌ အယူအဆများနှင့် စိတ်ကူးများစွာ ရှိကြသည်။ လူတို့သည် သမ္မာကျမ်းစာကို အရင်ဆုံး စတင်ဖတ်ရှုသောအခါ ၎င်းတို့၏ စိတ်နှလုံး၌ စိတ်ခံစားချက်များ တစ်ရှိန်ထိုး တက်ကြွလာပြီး “ငါသည် လူကောင်းတစ်ဦးဖြစ်အောင် နေတော့မည်။ ငါသည် ကောင်းကင်နိုင်ငံထဲသို့ ဝင်စားတော့မည်” ဟု စဉ်းစားကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ စိတ်ကူးနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှုမျိုးစုံ သို့မဟုတ် တရားသေ ထင်မြင်ချက်များ ရှိလာပြီးလျှင် မတူညီသော အယူအဆများ ရှိလာမည်မှာ သေချာ၏။ ဥပမာ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင် ၎င်းတို့ဖြစ်သင့်သည့် လူပုဂ္ဂိုလ်မျိုးနှင့်ပတ်သက်၍ အမှုအရာမျိုးစုံကို စိတ်ကူးကြသည်။ လူတစ်ဦးက “ဘုရားသခင်ကို စတင်၍ ယုံကြည်ပြီးနောက် ကျွန်ုပ်သည် စီးကရက်သောက်တော့မည် မဟုတ်၊ အရက်သောက်တော့မည် မဟုတ်၊ သို့မဟုတ် ‌နောက်ထပ် လောင်းကစားလုပ်မည် မဟုတ်ပေ။ ယုတ်မာသော ထိုနေရာများသို့ သွားမည်မဟုတ်။ လူတို့ကို ယဉ်ကျေးစွာ စကားပြောပြီး ကျွန်ုပ်၏ မျက်နှာပေါ်တွင် အပြုံးပန်းဝေဆာတော့မည်” ဟု ဆိုကြသည်။ ဤသည်မှာ အဘယ်နည်း။ ဤသည်မှာ အယူအဆတစ်ခုလော၊ သို့မဟုတ် ယင်းမှာ လူတို့ပြုမူသင့်သောပုံစံ ဖြစ်သလော။ (ယင်းမှာ လူတို့ ပြုမူသင့်သောပုံစံ ဖြစ်ပါသည်။) ဤသည်မှာ ပုံမှန်လူ့သဘာဝ ဖော်ပြချက်တစ်ခု ဖြစ်ပြီး လူတို့သည် ဤအတိုင်း လုပ်‌ဆောင်သင့်သည်။ ဤသည်မှာ အယူအဆ မဟုတ်သကဲ့သို့ စိတ်ကူးလည်း မဟုတ်ပေ။ ဤတွေးခေါ်သည့်ပုံစံသည် တကယ့်ကို ဆင်ခြင်တုံတရားပြည့်ဝပြီး ယုတ္တိတန်သည်။ အသက်ကြီးပိုင်း ညီအစ်ကိုအချို့က “ကျွန်ုပ်သည် အိုမင်းနေပြီ ဖြစ်ပြီး ဘုရားသခင်ကို ဤနှစ်များတစ်လျှောက် ယုံကြည်လာခဲ့သည်။ ကျွန်ုပ်သည် စကားပြောသည့်ပုံစံနှင့် အမှုအရာများ ပြုလုပ်သည့်ပုံစံ၌ လူငယ်များအတွက် စံနမူနာပြသင့်သည်။ ကျွန်ုပ်၏ အသက်ကိုထောက်၍ တခစ်ခစ်ရယ်မောခြင်း သို့မဟုတ် မတော်တရော် ပြုမူခြင်း မပြုလုပ်သင့်ပေ။ သိက္ခာရှိပြီး ယဉ်ကျေးဖွယ်ပုံပေါက်သင့်ကာ တည်ကြည်ခံ့ညားသော ဂုဏ်သရေရှိ လူကြီးလူကောင်းတစ်ဦး၏ ကိုယ်နှုတ်အမူအရာ ရှိသင့်သည်” ဟု ဆိုကြသည်။ ထို့ကြောင့် လူငယ်များကို စကားပြောသောအခါ သူသည် မျက်နှာထားတည်ပြီး စာပေစကားလုံးများနှင့် စကားရပ်များဖြင့် ပြည့်နှက်နေကာ လူငယ်များက သူ့ကို တွေ့သောအခါ အနေရခက်ကြပြီး သူ့အနားသို့ မကပ်လိုကြပေ။ ညီအစ်ကိုမောင်နှမများသည် တွေ့ဆုံပွဲများ၌ ကခုန်လျက် ဘုရားသခင်ကို ချီးမွမ်းကြကာ ထိုအသက်ကြီးသော ညီအစ်ကိုမှာမူ သူ၏မျက်လုံးထဲရှိ ပြင်းပြသောဆန္ဒကို ထိန်းချုပ်ဖို့ လိုသည်ဟု ယူဆပြီး သင့်တော်သော အရာကိုသာ ကြည့်သည်။ ထိုသို့ဖြင့် မကြည့်မိအောင် မိမိကိုယ်ကို ချုပ်တည်းသော်လည်း သူ၏ စိတ်ထဲတွင်မူ “ဤလူငယ်များသည် အလွန်ပင် လွတ်လပ်ပေါ့ပါးစွာ နေထိုင်ကြသည်။ ကျွန်ုပ်သည် အဘယ့်ကြောင့် အလွန်မွန်းကျပ်ခံပြင်းလျက် နေရသနည်း။ သို့တစေ လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သောအခါ အနည်းငယ် မွန်းကျပ်ခံပြင်းမှုက ရှိကိုရှိမည်ဖြစ်၏။ အကြောင်းမှာ ကျွန်ုပ်က အသက်ကြီးလာသူဖြစ်သဖြင့် ကိုယ့်အမှားနှင့်ကိုယ်သာ ဖြစ်ပေတကား” ဟု ရေရွတ်နေသည်။ ကပြသူများကို သူကြည့်မည်မဟုတ်ဟု ဆိုသော်လည်း တိတ်တခိုးကြည့်နေသေးကာ မကြည့်ချင်ယောင်ဆောင်နေသည်မှာ သိသိသာသာပင်။ ဤဟန်ဆောင်မှုမှာ မည်သို့ ဖြစ်ပေါ်သနည်း။ သူသည် ဤအနေရခက်ခြင်း အခြေအနေထဲ၌ မည်သို့ရောက်လာသနည်း။ ယင်းမှာ သူသည် ဘုရားသခင်ကို ယုံကြည်ရာ၌ သူရှိသင့်သည့် အပြုအမူနှင့် ‌ဖော်ပြချက်များနှင့်ပတ်သက်၍ စိတ်ကူး ရှိခြင်းကြောင့်ဖြစ်ပြီး ဤစိတ်ကူး၏ လွှမ်းမိုးခံရသဖြင့် သူ၏ အပြောအဆိုနှင့် လုပ်ဆောင်ချက်များမှာ ခိုးကြောင်ခိုးဝှက်နှင့် ဟန်ဆောင်ပန်ဆောင် ဖြစ်လာသည်။ ဥပမာ တွေ့ဆုံပွဲများ၌ ၎င်းတို့ သီချင်းဆိုသောအခါ လူအချို့က သီချင်းဆိုရင်း လက်ခုပ်တီးလျက် သူတို့ဘာသာ စိတ်လွတ်လက်လွတ် နေကြသော်လည်း ဤအသက်ကြီးသော ညီအစ်ကိုမှာ မည်သည့်တက်ကြွမှုမျှ သို့မဟုတ် မည်သည့်လူသားပုံသဏ္ဌာန်မျှ လုံးဝမရှိဘဲ၊ လူသေကဲ့သို့ပင် ထုံထိုင်းပြီး မထုံတက်သေးဖြစ်နေသည်။ သူသည် အိုမင်းနေပြီး သူအိုတစ်ဦးပုံပေါက်ဖို့ လိုအပ်ကာ ကလေးငယ်တစ်ဦးကဲ့သို့ ရိုးစင်းစွာပြုမူပြီး သူ့အား လူတို့ကို မရယ်သွမ်းစေဖို့ လိုအပ်သည်ဟု တွေးလေသည်။ အတိုချုပ်အားဖြင့် သူ ဖော်ပြသမျှမှာ ဟန်ဆောင်မှုသာ ဖြစ်ပြီး သူ့ကိုယ်သူ လူကြီးလူကောင်းအဖြစ် အတင်းဟန်ဆောင်ခြင်းသာ ဖြစ်သည်။ အခြားလူတို့က ထိုကဲ့သို့ အယောင်ဆောင်ထားသော အပြုအမူမျိုးကို မျက်မြင်တွေ့ရသောအခါ ၎င်းတို့သည် တည်ဆောက်ပေးခြင်း ခံရသလော။ (မခံရပါ။) ဤအရာကို တွေ့ရသောအခါ သင် မည်သို့ခံစားရသနည်း။ ပထမအနေဖြင့် သူသည် ကြောင်သူတော်ဆန်သည်ဟု သင် ခံစားရပြီး ယင်းက သင့်ကို ကသိကအောက်ဖြစ်စေသည်။ ဒုတိယအနေဖြင့် သူသည် အယောင်ဆောင်နေသည်ဟု သင်ခံစားရသည်။ စက်ဆုပ်ခြင်းနှင့် မနှစ်မြို့ခြင်းကိုလည်း ခံစားရပြီး သူ့ကို စကားပြောသောအခါ သင်သည် မွန်းကျပ်ပြီး အတင်းချုပ်တည်းရကာ လွတ်လွတ်လပ်လပ် စကားမပြောနိုင်ပေ။ အကယ်၍ သင် ဂရုမစိုက်ပါက “သင်တို့လူငယ်များ မည်သည့်အရာ ဖြစ်လာသည်ကိုကြည့်လေ။ သင်တို့သည် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေပြီ။ သင်တို့သည် ကောင်းကောင်းစားပြီး ဝတ်ကောင်းစားလှများ ဝတ်ကာ နှစ်သစ်ကူးနှင့် အခြားပွဲတော်များ၌ ကျွန်ုပ်တို့ စားလေ့ရှိခဲ့သကဲ့သို့ စားသောက်နေကြသည်။ ထို့ပြင် သင်တို့သည် ကြေးများပြီး မကျေမနပ် ဖြစ်ကြသေးသည်။ ကျွန်ုပ်တို့ ငယ်ရွယ်စဉ်က စားရသမျှမှာ စပါးဖျင်းနှင့် တောရိုင်းပင်များသာ ဖြစ်သည်” ဟု ဆိုလျက် သူ၏ သြဝါဒခြွေခြင်းကို ခံရမည်ဖြစ်သည်။ သူ၏ ဝါရင့်မှုကို ကြွားလုံးထုတ်ပြီး အခြားသူများကို သြဝါဒခြွေတတ်ကာ လူငယ်များက သူ့ကို ရှောင်ရှားကြသည်။ သူက ဤအရာကို နားမလည်ဘဲ လူငယ်များအား မိမိတို့ထက် အသက်ကြီးသူများကို မလေးစားခြင်းနှင့် ဆိုးဝါးစွာ ပြုမူခြင်းအတွက်ပင် ဝေဖန်လေသည်။ သူပြောသည့် ဤအရာများမှာ အယူအဆများနှင့် လူ၏ စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေကာ သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် အခြားသူများကို တည်ဆောက်မပေးနိုင်သည် မဟုတ်လော။ သို့တစေ ဤအရာအားလုံးက ပါမွှားဖြစ်သည်။ အခရာကျသည်မှာ ဤသို့ဖြစ်၏။ သူသည် ဤပုံစံအတိုင်း ပြုမူခြင်းဖြင့် သမ္မာတရားကို နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) ဤအရာက သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်အဖို့ အကူအညီပေးပြီး အကျိုးပြုသလော။ (မပြုပါ။) ဤပုံစံအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပြုမူနေထိုင်ခြင်း၊ တစ်နေ့ပြီးတစ်နေ့ ဤအတိုင်း အသက်ရှင်ခြင်းအားဖြင့် ယင်းက ဘုရားသခင်ရှေ့၌ နေထိုင်ခွင့် ပေးနိုင်သလော။ သူသည် “ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ဆိုင်သည့် ငါ၏ နားလည်မှုသည် သမ္မာတရား၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သဘောချင်းထပ်တူ ဖြစ်သလော။ ဘုရားသခင် တောင်းဆိုသည့်အရာမှာ အဘယ်နည်း။ မည်သို့သော လူစားမျိုးကို ဘုရားသခင် ချစ်သနည်း။ ကျွန်ုပ်၏ နားလည်မှုနှင့် ဘုရားသခင် တောင်းဆိုသည့်အရာကြားတွင် ကွာဟချက်တစ်ခုခု ရှိသလော” ဟူ၍ ဆင်ခြင်တွေးတောဖူးသလော။ သူသည် ဤမေးခွန်းများနှင့် ပတ်သက်၍ ယခင်က လုံးဝ မစဉ်းစားဖူးသည်မှာ သေချာ၏။ အကယ်၍ စဉ်းစားဖူးလျှင် အဖြေများကို သ‌ဘောမပေါက်ခဲ့လျှင်ပင် သူသည် ထိုသို့မိုက်မဲသော ပုံစံမျိုးဖြင့် ပြုမူနေလိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင် သူ့အနေဖြင့် ဤပုံစံအတိုင်း ပြုမူရခြင်း၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ (အယူအဆများပင် ဖြစ်သည်။) ထို့ပြင် အယူအဆများ သူရှိလာရသည့် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၌ ယုံကြည်သောလူတို့ မည်သို့ ပြုမူပြီး မိမိတို့ကိုယ်ကို မည်သို့ ဖော်ပြသင့်ကြောင်းနှင့် ပတ်သက်၍ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော နားလည်မှု ရှိခြင်းပင် ဖြစ်သည်။ သို့ဆိုလျှင် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော နားလည်မှုမှာ မည်သို့ ဖြစ်ပေါ်လာခဲ့သနည်း။ ယင်း၏ ဇာစ်မြစ်မှာ မည်သည့်အရာ ဖြစ်သနည်း။ ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းပေးခြင်းနှင့် ကျောင်းဆရာ ဆရာမများမှ ပေးသော သွန်သင်ချက်များ ရှိလေသည်။ ဥပမာ၊ လူငယ်များက လူကြီးများကို ရိုသေပြီး ကလေးငယ်များကို စောင့်ရှောက်သင့်သကဲ့သို့ သက်ကြီးရွယ်အိုများသည် သူတို့၏ အရွယ်နှင့်လိုက်အောင် ပြုမူသင့်သည် စသဖြင့်ဖြစ်၏။ ထို့အတွက်ကြောင့် သူ၌ ထူးဆန်းသော အမူအကျင့်အမျိုးမျိုး ဖြစ်ပေါ်ကာ၊ တစ်ခါတစ်ရံ ထူးထူးခြားခြား ပြုမူခြင်းနှင့် တစ်ခါတစ်ရံ ထူးဆန်းသော ဖော်ပြချက်များကို ပြသခြင်း ရှိစေကာမူ သူသည် လုံးလုံးလျားလျား ပုံမှန်ဖြစ်ပုံမပေါ်ချေ။ သူသည် ထူးထူးခြားခြား ပြုမူသည်ဖြစ်စေ၊ ထူးဆန်းသော မျက်နှာအမူရာများကို ပြသသည်ဖြစ်စေ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုချက်များကို နားမလည်သည့်အပြင် သမ္မာတရားကို မရှာဖွေသရွေ့ သူပြုမူသည့်ပုံက သမ္မာတရားမှ ဝေးကွာနေမည်မှာ သေချာ၏။ အပေါ်ယံအပြုအမူ တစ်ခုခုမျှသာ ဖြစ်သည့် ထိုသို့ရိုးစင်းသော ကိစ္စမျိုးတွင် လူတို့က ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမြစ်တွယ်နေသော အယူအဆများ ရှိသောကြောင့် အဓိပ္ပာယ်မဲ့သော ဤအရာများကို ပြုလုပ်ကြခြင်း ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သောအခါ၊ ထို့ပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သောအခါ လူတို့အပေါ် ဘုရားသခင် တောင်းဆိုသော စံနှုန်းများက မည်သည့်အရာဖြစ်ကြောင်း နားလည်ကြမည် မဟုတ်ပေ။ အသက်ကြီးသော လူတို့က လူတို့အပေါ် ဘုရားသခင် တောင်းဆိုသော စံနှုန်းများကို နားမလည်သောအခါ ၎င်းတို့သည် ထူးဆန်းသော အပြုအမူများနှင့် ဖော်ပြချက်များအပြင် အဓိပ္ပာယ်မဲ့သော လုပ်ဆောင်ချက်များကို ပြုလုပ်တတ်ကြသည်။ လူငယ်များက ဘုရားသခင်တောင်းဆိုသော စံနှုန်းများကို နားမလည်သောအခါနှင့် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုက ၎င်းတို့၏ စိတ်ကူးများနှင့် အယူအဆများအပေါ် အခြေခံပါက သူတို့သည်လည်း မမှန်ကန်သော ဖော်ပြချက်များနှင့် အပြုအမူအချို့ကို ပြုလုပ်ကြမည် ဖြစ်သည်။ ၎င်းတို့သည် မည်သည့် မမှန်ကန်သော အပြုအမူများနှင့် ဖော်ပြချက်များကို ပြုလုပ်သနည်း။ ဥပမာ လူငယ်အချို့က ဘုရားသခင်သည် လူတို့ကို စင်ကြယ်စွာနှင့် ပွင့်လင်းစွာ၊ လန်းဆန်းစွာနှင့် တက်ကြွစွာဖြင့် ကလေးငယ်များကဲ့သို့ အသက်ရှင်ရန် တောင်းဆိုကြောင်း သူ၏ နှုတ်ကပတ်တော်များထဲတွင် မြင်တွေ့ကာ “ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမြဲတမ်း မွေးကင်းစကလေးများ ဖြစ်ပြီး မည်သည့်အခါမျှ ကြီးထွားမည် မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကလေးငယ်များကဲ့သို့ လမ်းလျှောက်ပြီး စကားပြောရမည်။ ယခုတွင် ကျွန်ုပ်သည် ဘုရားသခင် ရွေးကောက်သောသူတစ်ဦးနှင့် ဘုရားသခင်နောက်လိုက်တစ်ဦး မည်သို့ဖြစ်ရမည်ကို သိပေပြီ။ ထို့ပြင် ကလေးငယ်ကဲ့သို့ ဖြစ်သည်မှာ မည်သည့်အရာဖြစ်ကြောင်း ယခု နားလည်ပြီ။ ကျွန်ုပ်သည် လှည့်စားနေကျ၊ အလွန်ပင် အရွယ်နှင့်မလိုက်အောင် ရင့်ကျက်ပုံပေါက်ကာ ထုံပြီး ဉာဏ်ထိုင်းနေကျ ဖြစ်သော်လည်း အနာဂတ်တွင် ကျွန်ုပ်သည် ပို၍ လန်းဆန်းပြီး ပို၍ တက်ကြွစွာ ပြုမူရမည်” ဟု စဉ်းစားကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ယနေ့ခေတ် လူ့အသိုင်းအဝိုင်းတွင် လူငယ်များ မည်သို့ပြုမူကြသည်ကို အကဲခတ်ပြီး မည်သို့ ပြုမူရမည်ကို ၎င်းတို့ ကောက်ချက်ချပြီးသည်နှင့် ယင်းကို ညီအစ်ကို မောင်နှမများကြားတွင် စတင်၍ လက်တွေ့လုပ်ဆောင်လျက် လူတိုင်းကို ကလေးတစ်ယောက်၏ အသံဖြင့် စကားပြောပြီး ၎င်းတို့ စကားပြောသောအခါ လည်ချောင်းကို ညှစ်ကာ ချိုသာသော၊ ကလေးကဲ့သို့သော လေသံဖြင့် စကားပြောကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က ဤလေသံမျိုးသည်သာ က‌လေးတစ်ယောက်၏ အသံဖြစ်သည်ဟု မှတ်ယူနေကာ တစ်ချိန်တည်းတွင် လူတို့ကို အလွန့်အလွန် အနေရခက်ပြီး ကသိကအောက်ဖြစ်စေသည့် ထူးဆန်းသော အမူအရာအချို့ကို ပြုလုပ်ကြသည်။ ဘုရားသခင်က စင်ကြယ်ခြင်းနှင့် ပွင့်လင်းခြင်း၊ လန်းဆန်းခြင်းနှင့် ကလေးတစ်ယောက်ကဲ့သို့ တက်ကြွခြင်းဟူရာ၌ ဘုရားသခင်က မည်သည့်အရာကို ဆိုလိုကြောင်း ၎င်းတို့ နားမလည်သေးဘဲ ၎င်းတို့ပြုလုပ်သမျှမှာ အပေါ်ယံ အပြုအမူဖြစ်သည့် ဟန်ဆောင်ခြင်း၊ အသွင်ဆောင်ခြင်းနှင့် အယောင်ဆောင်ခြင်းတို့သာ ဖြစ်သည်။ ဤကဲ့သို့သော လူတို့၏ သဘောပေါက်နားလည်ခြင်းမှာ လွဲချော်နေလေသည်။ ဤတွင် အကြီးမားဆုံး ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို စစ်မှန်စွာ သဘောပေါက်နားလည်နိုင်စွမ်း မရှိသည်သာမက ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဘာသာတရားမရှိသူများ၏ အပြုအမူ၊ လုပ်ဆောင်ချက်များ၊ ခေတ်စားသည့် ဟန်ပန်များနှင့် ရောထွေးကြသည်။ ဤသည်မှာ အမှားတစ်ခု မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ရှာဖွေခြင်း မပြု၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုသည့်အပြင် သမ္မာတရားကိုလည်း မရှာဖွေကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ဦးနှောက်များကို အသုံးပြုလျက် အမှုအရာများကို ပိုင်းခြားပြီး လေ့လာကြသည်၊ သို့တည်းမဟုတ် ဘာသာတရားမရှိသူများကြားရှိ ရိုးရာယဉ်ကျေးမှုထဲ၌ သို့မဟုတ် သိပ္ပံဆိုင်ရာ အသိပညာထဲ၌ သဘောတရားအရ အခြေခံအကြောင်းရင်း တစ်ခုကို ရှာဖွေကြသည်။ ဤသည်မှာ အမှားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အကြီးမားဆုံး အမှားဖြစ်၏။ ဘာသာတရားမရှိသူများ၏ အသိပညာထဲ၌ မည်သည့် သမ္မာတရားတစ်ခုခု ရှိသလော။ အကယ်၍ သင်သည် မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ဟူသည့် အရာအတွက် အခြေခံအကြောင်းရင်းကို ရှာဖွေနေလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌သာ သမ္မာတရားကို ရှာဖွေနိုင်သည်။ မည်သို့ဆိုစေ၊ လူတို့သည် မည်သည့်နားလည်မှုအဆင့်ကို ရောက်ရှိနိုင်သည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်လုံးချင်းစီနှင့် လူသားအပေါ် သူ၏ တောင်းဆိုချက် တစ်ခုချင်းစီသည် လက်တွေ့ကျပြီး အသေးစိတ်ကျကာ ယင်းတို့သည် လူ၏ အယူအဆများနှင့် စိတ်ကူးများထဲ၌ ထင်မြင်ရသကဲ့သို့ လုံးဝ မရိုးစင်းချေ။ လူသားတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များသည် ၎င်းတို့၏ အပေါ်ယံအသွင်အပြင်အတွက် တန်ဆာဆင်မှု မဟုတ်ပေ။ ယင်းတို့သည် အမှုအရာများကို ပြုလုပ်သည့် နည်းလမ်းသက်သက် ဖြစ်ဖို့ဝေးစွ၊ ရိုးစင်းသော အပြုအမူများပင် မဟုတ်ဘဲ ထိုအစား ယင်းတို့သည် လူတို့အပေါ် ဘုရားသခင်တောင်းဆိုသော စံနှုန်းများ ဖြစ်သည်။ ယင်းတို့သည် လူ့အနေဖြင့် ပြုမူနေထိုင်ပြီး လုပ်ဆောင်သင့်သည့် စည်းမျဉ်းများနှင့် စံနှုန်းများ ဖြစ်ကာ ဤစည်းမျဉ်းများသည် လူတို့ ကျွမ်းကျင်ပြီး ပိုင်ဆိုင်ရမည့် အရာများဖြစ်သည်။ အကယ်၍ ဤအသေးစိတ် ပြဿနာများအပေါ် ရှင်းလင်းစွာ မိတ်သဟာယ မပြုပါက လူတို့သည် အယူဝါဒ အချို့ကိုသာ နားလည်ပြီး သမ္မာတရားလက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ခက်ခဲသည်ဟု တွေ့မြင်ရလိမ့်မည်ဖြစ်သည်။

ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့ကြသည့် အရာမှာ အပေါ်ယံ အပြုအမူအရ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူတို့၌ရှိသည့် အယူအဆများနှင့် စိတ်ကူးများ ဖြစ်သည်။ အပေါ်ယံအပြုအမူနှင့် ပတ်သက်၍ အခြားမည်သည့်အရာများကို သင်တို့ သိသနည်း။ အယူအဆများနှင့် ပတ်သက်၍ဆိုရလျှင် အယူအဆများဟူသည်မှာ မှားသလော၊ မှန်သလော။ (မှားပါသည်။) ယင်းတို့သည် အပြုသဘော ဆောင်သလော၊ အပျက်သဘော ဆောင်သလော။ (အပျက်သဘော ဆောင်ပါသည်။) ယင်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များ၊ သမ္မာတရားနှင့် ဆန့်ကျင်နေသည်မှာ အသေအချာဖြစ်၏။ ယင်းတို့သည် သမ္မာတရားနှင့် မကိုက်ညီပေ။ လူတို့သည် ယင်းတို့ကို ဘာမှန်းမသိရသည့် အရာမှနေ၍ စိတ်ကူးသည်ဖြစ်စေ၊ ၎င်းတို့၌ အခြေခံ အကြောင်းရင်းတစ်ခုခု ရှိသည်ဖြစ်စေ၊ မည်သို့ဆိုစေ ယင်းတို့ထဲမှတစ်ခုမျှ သမ္မာတရားနှင့် မဆိုင်ပါပေ။ သို့ဆိုလျှင် ဤအယူအဆများအပေါ် မိတ်သဟာယပြုခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့အား အယူအဆများမှာ မည်သည့်အရာများ ဖြစ်ကြောင်း ဦးစွာ သိမြင်စေရန်နှင့် တစ်ချိန်တည်းတွင် ဤသည်တို့မှာ အယူအဆများ ဖြစ်သည်ကို သိလျက်ဖြင့် ရှေ့ဆက်၍ သမ္မာတရားသို့ မဝင်ရောက်ခင်၌ လူတို့အား သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ကိုလည်း နားလည်ခွင့်ပေးရန် ဖြစ်သည်။ ဤအရာ၏ ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရား၏ အနှစ်သာရကို နားလည်ခွင့်ပေးရန် ဖြစ်ကာ၊ ယင်းမှာ ဘုရားသခင်ရှေ့မှောက်သို့ အမှန်တကယ် လာရောက်ရန်အတွက် ဖြစ်သည်။ သင်၏ အယူအဆများက မည်မျှယုတ္တိတန်သည်ဖြစ်စေ သို့မဟုတ် ယင်းတို့တွင် အခြေခံအကြောင်းရင်း မည်မျှရှိသည်ဖြစ်စေ ယင်းတို့သည် အယူအဆများ ဖြစ်နေဆဲပင်။ ယင်းတို့သည် သမ္မာတရားမဟုတ်သကဲ့သို့ သမ္မာတရားကိုလည်း အစားထိုး၍မရပေ။ အကယ်၍ သင်သည် အယူအဆများကို သမ္မာတရားဟု ယူဆပါက သမ္မာတရားသည် သင်နှင့် ဘာမျှသက်ဆိုင်မည်မဟုတ်၊ သင်သည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ဘာမျှသက်ဆိုင်မည် မဟုတ်သည့်အပြင် သင်၏ယုံကြည်မှုမှာ တန်ဖိုးတစ်ပြားမျှရှိမည် မဟုတ်ပေ။ သင်သည် မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ ဘုရားသခင်အတွက် မည်မျှ အလုပ်ရှုပ်သည်ဖြစ်စေ၊ ဘုရားသခင်အတွက် အဖိုးအခ မည်မျှများစွာ ပေးသည်ဖြစ်စေ ဤအရာအားလုံးကို သင်၏အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံ၍ လုပ်ဆောင်လျှင် နောက်ဆုံးရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင်ပြုလုပ်သည့် မည်သည့်အရာကမျှ သမ္မာတရား သို့မဟုတ် ဘုရားသခင်နှင့် သက်ဆိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် ယင်းကို ပြစ်တင်ရှုတ်ချမည် ဖြစ်ပြီး အသိအမှတ်ပြုမည် မဟုတ်ပေ။ ဤအရာများမှာ အကျိုးမပြုသည့်အပြင် အန္တရာယ်ရှိသော အဆုံးသတ်များ ဖြစ်သည်။ မိမိ၏ အယူအဆများနှင့် စိတ်ကူးများအား ဖြေရှင်းခြင်းသည် မည်မျှပင်အရေးကြီးသည်ကို ယခု သင်တို့ နားလည်သင့်သည်။

သင်၏ အယူအဆများအား ဖြေရှင်းရာ၌ ပထမခြေလှမ်းမှာ အဘယ်နည်း။ ယင်းမှာ အယူအဆဟူသည် မည်သည့်အရာဖြစ်သည်ကို ထိုးထွင်းသိမြင်ရန်နှင့် သတိပြုမိရန် ဖြစ်သည်။ ကနဦး၌ ဘုရားသခင်၏ အိမ်တော်သည် ရုပ်ရှင်များ စတင်ရိုက်ကူးခဲ့စဉ်က ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့ထဲတွင် မနှစ်မြို့စရာ အရာတစ်ခု ဖြစ်ပျက်ခဲ့ကာ ယင်းက လူတို့၏ အယူအဆများနှင့် ဆက်စပ်သည်။ ယခု ဤကိစ္စကို စိစစ်ခြင်းမှာ မည်သူ့ကိုမျှ ပြစ်တင်ရှုတ်ချရန်မဟုတ်ဘဲ သင်တို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာစေရန်၊ ဤကိစ္စကို မှတ်သားထားရန်၊ ယင်းအားဖြင့် အယူအဆများအပေါ် သင်တို့၏နားလည်မှုကို ပိုမိုနက်ရှိုင်းစေရန်နှင့် အယူအဆများသည် လူတို့အတွက် မည်မျှအန္တရာယ်ရှိသည်ကို သိစေရန်အတွက် ဖြစ်သည်။ ဤကိစ္စအကြောင်းကို ငါမပြောလျှင် ယင်းသည် အရေးမကြီးဟု သင်တို့ ထင်ကောင်းထင်မည်။ သို့ရာတွင် ယင်းကို ငါ စိတ်ဖြာလေ့လာပြီးနောက်တွင် သင်တို့သည် ခေါင်းညိတ်ပြီး ဤအရာက အရေးကြီးသည်ဟု သဘောတူကြမည်မှာ သေချာ၏။ ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ပတ်သက်လျှင် အဝတ်အစားကို မည်သည့်အရောင်နှင့် ပုံစံ ရွေးချယ်ရမည်ဟူသည့် မေးခွန်းရှိသည်။ လူအချို့သည် အထူးသဖြင့် ရှေးရိုးစွဲကာ အရောင်မွဲသော မီးခိုးရောင်နှင့် ကာကီရောင်ကို အတိအကျ အသုံးပြုသည်။ ဤအရာကြောင့် ငါ အံ့သြခဲ့ပြီး ယင်းမှာ မည်သို့များဖြစ်ကြောင်း တွေးမိသည်။ ထိုသူတို့က ဤအရောင်ရှိသော အဝတ်အစားများကို အဘယ့်ကြောင့် ရွေးနေကြသနည်း။ အရောင်လုံးဝမွဲသော မီးခိုးရောင်နှင့် ကာကီရောင်များက ဇာတ်ကွက်တစ်ခုလုံးကို အထူးသဖြင့် မှောင်မည်းစေပြီး ယင်းကို ငါတွေ့သောအခါ အလွန် ကသိကအောက် ဖြစ်ခဲ့သည်။ ထိုသူတို့သည် ပို၍တောက်ပသော အရောင်တစ်ခုခုကို အဘယ့်ကြောင့် မရွေးခဲ့ကြသနည်း။ အဝတ်အစားသည် အ‌ရောင်စုံလင်နိုင်ကြောင်း၊ ပုံစံသည် သင့်လျော်ပြီး ကြော့ရှင်းရည်မွန်ရမည် ဖြစ်ကြောင်း ငါပြောခဲ့ပြီးသားဖြစ်သည်။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားအိမ်တော်၏ တောင်းဆိုချက်များကို တမင်သက်သက် လျစ်လျူရှုထားပြီး လုံးဝအရေးမစိုက်ဘဲ၊ ထိုအစား အဝတ်အစားချုပ်ဖို့ရန် အရောင်မွဲသော မီးခိုးရောင်နှင့် ကာကီပိတ်စများကို အဘယ့်ကြောင့် ရွေးချယ်ကြသနည်း။ ထိုသူတို့သည် အဘယ့်ကြောင့် ဤပုံစံအတိုင်း ပြုမူနေကြသနည်း။ ဤအရာကို ဆင်ခြင်စဉ်းစားထိုက်သည် မဟုတ်လော။ ဤအရာ၏ အခြေခံ အ‌ကြောင်းရင်းမှာ အဘယ်နည်း။ လူတို့သည် သမ္မာတရားကို နားမလည်ခဲ့ခြင်း၊ ပြောထားသည့်အရာကို နားမ‌ထောင်ခဲ့ခြင်းအပြင် ကျိုးနွံနာခံမှု မရှိခဲ့ခြင်းတည်း။ အခြေခံအကြောင်းရင်းမှာ လူတို့အထဲ၌ ဘုရားသခင်ကို သစ္စာဖောက်သော သဘာဝတစ်ခုရှိခြင်း ဖြစ်သည်။ ဤသဘာဝမှာ မည်သည့်အရာ ဖြစ်သနည်း။ ဤစိတ်သဘောထားမှာ မည်သည့်အရာ ဖြစ်သနည်း။ အရေးကြီးဆုံးအနေဖြင့် လူတို့သည် သမ္မာတရားကို မချစ်ကြသည့်အပြင် သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်နိုင်ကြကာ ၎င်းတို့၏ စိတ်နှလုံးများက မာကျောလေသည်။ လူတို့က သူတို့သည် ဘုရားသခင်၏ ကြိုတင်စီမံမှုများကို ကျိုးနွံနာခံဖို့ ဆန္ဒရှိပြီး သမ္မာတရားကို ရှာဖွေဖို့ ဆန္ဒရှိသည်ဟု ပြောသော်လည်း အမှုအရာများကို ပြုလုပ်သောအခါ ၎င်းတို့၏ကိုယ်ပိုင် ရည်ရွယ်ချက်များကို ရရှိရန်အတွက် ၎င်းတို့၏ကိုယ်ပိုင် ဦးစားပေးမှုများကို အမှီပြု၍သာ လုပ်ဆောင်ကြသည်။ အကယ်၍ ထိုအရာသည် သင့်ဘဝ၏ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခု ဖြစ်ခဲ့ပါက သင့်စိတ်ကြိုက် အရာရာကို ပြုလုပ်ခြင်းသည် အရေးကြီးမည်မဟုတ်ဘဲ၊ ယင်းသည် သင်ကိုယ်တိုင်၏ အသက်ဝင်ရောက်မှုနှင့်သာ ဆက်စပ်သည်။ သို့ရာတွင် သင်သည် ယခု အသင်းတော်ထဲတွင် သင့်တာဝန်ကို ထမ်းဆောင်နေပြီး ဤပုံစံအတိုင်း လုပ်ဆောင်ခြင်း၏ အကျိုးဆက်များက ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ ဘုန်းအသရေနှင့် သက်ဆိုင်ကာ အသင်းတော်၏ ဂုဏ်သတင်းနှင့် ပတ်သက်သည်။ အကယ်၍ လူတို့သည် ၎င်းတို့ကိုယ်ပိုင်ဆန္ဒအတိုင်း မဆင်မခြင် ပြုမူပါက ဘုရားသခင်ကို ဂုဏ်သရေညှိုးနွမ်းစေနိုင်ဖွယ် ရှိမည်ဖြစ်သည်။ ဘုရား၏အိမ်တော်သည် တစ်ဦးချင်းစီက မည်သို့ဝတ်ဆင်ရမည်ကို ဝင်မစွက်ပေ။ စည်းမျဉ်းမှာ ရည်မွန်ပြီး သင့်တော်သည့်ပုံပေါက်ရန် ဖြစ်သည်၊ သို့ဖြစ်၍ အခြားသူများသည် သင့်ကိုတွေ့မြင်သောအခါ တည်ဆောက်ပေးခြင်းခံရမည် ဖြစ်သည်။ သို့ရာတွင် လူတစ်ဦးအနေဖြင့် ရုပ်ရှင်ရိုက်ကူးသောအခါ အရောင်လုံးဝမွဲသော မီးခိုးရောင်နှင့် ကာကီရောင် ဝတ်ဆင်ရန် အဆိုပြုလျှင် သင့်တော်သ‌လော။ ဤပြဿနာ၏ အနှစ်သာရမှာ အဘယ်နည်း။ ဤသည်မှာ လူတို့က ၎င်းတို့၏ အယူအဆများကို အားထားလျက် အမှုအရာများ ပြုလုပ်ခြင်းနှင့် အရောင်မွဲသော မီးခိုးရောင်နှင့် ကာကီရောင်တို့ကို ဘုရားသခင်အား ယုံကြည်ပြီး နောက်လိုက်သောသူ တစ်ဦး၏ လက္ခဏာနှင့် သင်္ကေတအဖြစ် ယူဆခြင်းပင် ဖြစ်သည်။ ၎င်းတို့က ဤအရောင်များကို သမ္မာတရား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီသည့် အရောင်များအဖြစ် အနက်ဖွင့်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ အမှားတစ်ခု ဖြစ်၏။ ဤအရောင်များကိုယ်၌က ဘာအမှားတစ်ခုမျှ မရှိသော်လည်း လူတို့သည် အမှုအရာများကို သူတို့၏ အယူအဆများကို အခြေခံ၍ ပြုလုပ်ပြီး ဤအရောင်များကို သင်္ကေတအဖြစ် သတ်မှတ်ပါက ယင်းမှာ ပြဿနာတစ်ခု ဖြစ်သည်။ ဤအကျိုးဆက်ကို လူတို့၏ အယူအဆများအားဖြင့် ဖြစ်ပွားစေကာ၊ ဤအယူအဆများက လူတို့၏ စိတ်နှလုံးထဲ၌ ရှိနေသောကြောင့် ဤထင်မြင်ချက်များနှင့် လက်တွေ့လုပ်ဆောင်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ လူတို့က ဤအယူအဆများနှင့် စိတ်ကူးများကို သမ္မာတရားသဖွယ် သဘောထားပြုမူလျက် အရောင်မွဲသော မီးခိုးရောင်နှင့် ကာကီရောင်ကို ဘုရားသခင်၌ ယုံကြည်သူများ ဝတ်ဆင်ရမည့် အဝတ်အစားများအတွက် သင်္ကေတအဖြစ် မှတ်ယူစဉ် သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ဘေးတစ်ဖက်သို့ ဖယ်ထားပြီး ချန်လှပ်ထားကာ ယင်းတို့ကို လူတို့၏ အယူအဆများ၊ စံနှုန်းများနှင့် အစားထိုးပါက ဤသည်မှာ ပြဿနာ၏ အခြေခံအကြောင်းရင်းပင် ဖြစ်၏။ အမှန်တွင် အဝတ်အစား အရောင်များနှင့် ပုံစံများကို ရွေးချယ်ခြင်းသည် သမ္မာတရားနှင့် ဘာမျှမဆိုင်သည့် အပြင်ပန်းအရာများ ဖြစ်သော်လည်း လူတို့၏ အယူအဆများကြောင့် ဤအဓိပ္ပာယ်မဲ့သော အရာများ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ကာ ယင်းတို့က အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုတစ်ခုကို ဖန်တီးသဖြင့် ထိုကိစ္စကို ဖြေရှင်းရန်အတွက် သမ္မာတရားလိုအပ်ခြင်း ဖြစ်သည်။

ဘုရားသခင်၌ လူတို့၏ ယုံကြည်ခြင်းတွင် သူတို့သည် မည်သည့်အရေးကိစ္စကို ကြုံတွေ့သည်ဖြစ်စေ သို့မဟုတ် မည်သည့်ပြဿနာကို အမှတ်မထင် ရင်ဆိုင်ရသည်ဖြစ်စေ သူတို့၏ အယူအဆများက စဉ်ဆက်မပြတ် ပေါ်ထွက်လာကာ ယင်းတို့ကို ဆက်လက်၍ အသုံးပြုကြသည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများကြားတွင် အမြဲတမ်း အသက်ရှင်ပြီး မိမိတို့အယူအဆများ၏ ဘောင်ခတ်ခြင်း၊ ကြီးစိုးခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်။ ဤအရာက လူတို့၏ အတွေးအခေါ်များ၊ အပြုအမူ၊ အသက်ရှင်မှုနည်းလမ်းများ၊ ကျင့်ကြံပြုမူခြင်းစည်းမျဉ်းများ၊ ဘဝဦးတည်ချက်နှင့် ပန်းတိုင်များကို သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို ၎င်းတို့ မည်ကဲ့သို့ သဘောထားပြုမူသည်မှာလည်း ၎င်းတို့ အယူအဆများအားဖြင့် အရောင်ဆိုးခံရကာ ၎င်းတို့သည် သမ္မာတရားအားဖြင့် လွတ်ကင်းခြင်းနှင့် လွတ်မြောက်ခြင်းကို လုံးဝမခံရပေ။ ဘုရားသခင်ကို ဤပုံစံအတိုင်း ယုံကြည်ခြင်းနှင့် အယူအဆများကို ဖက်တွယ်ခြင်းအားဖြင့် ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀ ကြာပြီးနောက် ယနေ့ထက်ထိတိုင် အစအဦး၌ လူတို့ရှိခဲ့သော အယူအဆများမှာ မထိမခိုက် တည်ရှိနေသည်။ မည်သူကမျှ ယင်းတို့ကို စိစစ်ခြင်း မပြုသေး၊ လူတို့ကိုယ်တိုင်က ပြုပြင်ခြင်းကို လက်ခံဖို့ လုံးဝဝေးစွ၊ ၎င်းတို့ကိုယ်တိုင်က ယင်းတို့ကို မည်သည့်အခါမျှ ဆန်းစစ်ခဲ့ဖူးခြင်း မရှိပေ။ လူတို့သည် ယင်းတို့ကို အလေးအနက်ထားကာ ကိုင်တွယ်ခြင်း မရှိခဲ့ဖူးသဖြင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်လာခဲ့သည်မှာ မည်မျှကြာခဲ့သည်ဖြစ်စေ ရလဒ်များကို ရိတ်သိမ်းရသလော။ ၎င်းတို့သည် ရလဒ်များကို မရိတ်သိမ်းရသည်မှာ သေချာ၏။ လူနှင့် ဘုရားကြားက ဆက်ဆံရေးသည် အယူအဆများအား စဉ်ဆက်မပြတ် စိစစ်ခြင်းနှင့် နားလည်ခြင်းတို့အပြင် ယင်းတို့အား ဖြေရှင်းခြင်းဟူသည့် လုပ်ငန်းစဉ်အားဖြင့် တဖြည်းဖြည်းချင်း တိုးတက်လေသည်။ ဤအတွက် လက်တွေ့ကျသောအပိုင်း မရှိသလော။ (ရှိပါသည်။) သို့ရာတွင် သင်၏ အယူအဆများသည် ဘုရားသခင်ကို သင် ကနဦး စတင်ယုံကြည်စဉ်က ရှိခဲ့သည့်အဆင့်အတိုင်း အစဉ်အမြဲ တည်ရှိနေပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို တိုးတက်သွားခြင်း လုံးဝမရှိဟု ဆိုနိုင်သည်။ ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ပတ်သက်လာပါက အသက်ရှင်ဖို့ သင်တို့အားထားရသည့် အခြားမည်သည့် အယူအဆများကို မဖြေရှင်းရသေးသနည်း။ မည်သည့်အယူအဆများက မှန်ကန်သည်၊ သမ္မာတရားနှင့် ကိုက်ညီသည့် အရာများ ဖြစ်သည်ဟုလည်းကောင်း၊ မည်သည့်အယူအဆများက ပြဿနာတစ်ခု မဟုတ်ဟုလည်းကောင်း သင်တို့ အမြဲတမ်း ယုံကြည်သနည်း။ မည်သည့်အယူအဆများက သင်၏ အပြုအမူ၊ သင်၏ လိုက်စားမှုနှင့် ဘုရားသခင်အား ယုံကြည်ခြင်းအပေါ် သင်၏အမြင်များကို ထိခိုက်နိုင်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို အမြဲတမ်း မပူမအေးဖြစ်စေကာ နီးလည်းမနီး၊ ဝေးလည်းမဝေး ဖြစ်စေသနည်း။ ဘုရားသခင်ကို သင် လွန်စွာချစ်သည်၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုနှင့် သစ္စာစောင့်သိမှုက တိုးတက်လာပြီးဖြစ်သည်၊ ဒုက္ခခံဖို့ သင်၏ သန္နိဋ္ဌာန်က ကြီးထွားလာပြီဟု သင်သည် တလွဲယုံကြည်နေကာ အမှန်တွင် ဘုရားသခင်အတွက်ဆိုလျှင် သင်သည် သမ္မာတရားလက်တွေ့ကျမှု စိုးစဉ်းမျှပင် မရှိသေးချေ။ သင်တို့အားလုံးသည် ဤကိစ္စကို စိစစ်သင့်သည့်အပြင် သင်တို့တစ်ဦးစီ၌ အသက်ရှင်ရန်အတွက် သင်အားထားရသော အယူအဆများစွာ ရှိမည်မှာ သေချာသည်။ ယင်းအယူအဆများမှာ လက်ရှိတွင် ရှိနေဆဲဖြစ်ပြီး သင်မဖြေရှင်းရသေးပေ။ ဤသည်မှာ အလွန်စိုးရိမ်ရသော ပြဿနာတစ်ခု ဖြစ်၏။

ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူတို့၌ရှိသော အယူအဆများနှင့်ဆိုင်သည့် ဥပမာသုံးခုကို ငါပေးခဲ့ပြီဖြစ်သည်။ သို့ဆိုလျှင် သင်တို့သည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့၌ မည်သည့်အယူအဆများ ရှိကြောင်းကို ယခု ပို၍ သတိပြုမိပြီလော။ (သတိပြုမိပါပြီ။) သို့ဖြစ်လျှင် ငါ့အားပြောလော့၊ အခြားမည်သည့် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများက လူတို့အား သမ္မာတရားကို လက်တွေ့လုပ်‌ဆောင်ခြင်းမှ ဟန့်တားပြီး ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းအပြင် ဘုရားသခင်နှင့် ၎င်းတို့၏ ပုံမှန်ဆက်ဆံရေးကို လွှမ်းမိုးနိုင်သလော။ ယင်းမှာ ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ လူတို့ကို ဟန့်တားနိုင်သည့်၊ ဘုရားသခင်ကို သိခြင်း၌ ၎င်းတို့အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိသည့် အယူအဆများကို ဆိုလိုသည်။ (ကျွန်ုပ်၌ရှိသည့် အတော်ပင် ပြင်းထန်သော အယူအဆတစ်ခုမှာ ကျွန်ုပ်သည် အကယ်၍ မိမိ၏တာဝန်ကို နေ့စဉ် ပုံမှန် ထမ်းဆောင်နိုင်လျှင် ဤပုံစံအတိုင်း ဘုရားသခင်အား ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ရရှိနိုင်သည်ဟု ယုံကြည်နေခြင်းဖြစ်သည်။) သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် သင် ကယ်တင်ခြင်းရရှိနိုင်သည်ဟု ယုံကြည်ခြင်းသည် အယူအဆတစ်ခုနှင့် စိတ်ကူးစိတ်သန်းတစ်ခု ဖြစ်၏။ သို့ဆိုလျှင် သင်၏တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ဖို့ အရေးကြီးသလော။ မိမိတို့၏ တာဝန်ကို စံနှုန်းပြည့်မီအောင် မထမ်း‌ဆောင်သော လူတို့သည် ကယ်တင်ခြင်း ရရှိနိုင်သလော။ လူတစ်ဦးသည် မိမိ၏ တာဝန်တွင် မကောင်းမှုများကို မဆင်မခြင် ကျူးလွန်ပါက ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းတို့နှင့် သက်ဆိုင်သည်။ ဤအရာကို ပြုလုပ်သည့် လူတစ်ဦးသည် ကယ်တင်ခြင်းကို မရရှိနိုင်ရုံသာမက အပြစ်ဒဏ်ပေးခြင်းကိုလည်း ခံရမည်ဖြစ်သည်။ သင်တို့သည် ဤအရာများကို မစဉ်းစားနိုင်၊ ယင်းတို့ကို နားမလည်သည့်အပြင် ရှင်းလင်းစွာ မမြင်နိုင်သည့်တိုင် “ကျွန်ုပ်သည် တာဝန်ကို ထမ်းဆောင်နေသရွေ့ ကယ်တင်ခြင်းရရှိနိုင်ပြီး ကောင်းကင်နိုင်ငံသို့ ဝင်ရောက်နိုင်သည်” ဟူသကဲ့သို့သော အရာများကို ပြောနေသေးသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသလော။ ဤထင်မြင်ချက်သည် ဖြစ်ချင်သည့်အတွေးသာ ဖြစ်သည်။ ယင်းကို မည်ကဲ့သို့ အလွန်လွယ်ကူစွာ ရရှိနိုင်သနည်း။ သမ္မာတရားအား လက်မခံခြင်းကို ဘုရားသခင်၌ ယုံကြည်မှုရှိခြင်းအဖြစ် သတ်မှတ်နိုင်သလော။ လူတစ်ဦးသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားဘဲ ကယ်တင်ခြင်း ရရှိနိုင်မည်‌လော။ သင်တို့သည် သင်တို့အထဲမှ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် ဆိုင်သောအရာ မြောက်မြားစွာ ရှိသည်။ သမ္မာတရားနှင့် မကိုက်ညီသည့် အမျိုးမျိုးသော စိတ်ကူးစိတ်သန်းများ၊ နားလည်မှုများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ အားလုံးသည် အယူအဆများနှင့် သက်ဆိုင်သည်။ သင်တို့၌ အခြားမည်သည့် အယူအဆများ ရှိသနည်း။ (ကျွန်ုပ်ထမ်းဆောင်သည့် တာဝန်သည် ပို၍ အရေးကြီးပြီး ဘုရားသခင်အား သက်သေခံသည့် အောင်မြင်မှုများ ပို၍ရလေ၊ အကျိုးပြုမှု ပို၍ရှာဖွေရရှိလေ၊ ကျွန်ုပ်ကို ဘုရားသခင် ပို၍ အသိအမှတ်ပြုလေ ဖြစ်ပြီး အနာဂတ်တွင် ကောင်းချီးမင်္ဂလာများ ပို၍ ကြီးမားလေဖြစ်သည်ဟု ထင်သည်။) ဤသည်မှာလည်း အယူအဆဖြစ်သည်။ အတိုချုပ်အားဖြင့် အယူအဆများအားလုံးကို လူတို့က ဘာမျှမရှိသည့်အထဲမှနေ၍ စိတ်ကူးကြည့်ခြင်းနှင့် ‌ကျိုးကြောင်းဆင်ခြင်ခြင်း ဖြစ်သည်။ ယင်းတို့၌ အခြေခံ အကြောင်းရင်းတစ်ခုခု ရှိကောင်းရှိနိုင်လျှင်ပင် ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရား၌ အခြေခံမှုတစ်ခုခုမှ ဆင်းသက်ခြင်းမဟုတ်ဘဲ ထို့ထက် အယူအဆများသည် လူတို့၏ ဖြစ်ချင်သောအတွေးအပေါ် အခြေခံပြီး ကောင်းချီးပေးခြင်းခံလိုသော လိုအင်ဆန္ဒမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ လူတို့သည် ထိုသို့သော အတွေးတစ်ခု၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်၌ အမှုအရာများကို လုပ်ဆောင်သောအခါ အရာအမျိုးမျိုးကို လုပ်ဆောင်ပြီး ကြီးမားသည့်အဖိုးအခကို ပေးဆပ်ပြီးနောက်မှသာ နောက်ဆုံးတွင် မိမိတို့မှားယွင်းခဲ့ကြောင်း၊ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်းနှင့် အမှုအရာများသည် မိမိတို့ စိတ်ကူးထားသကဲ့သို့ မဟုတ်ကြောင်းကို သိရှိလာကြပြီး၊ ထို့ကြောင့် သူတို့သည် အပျက်သဘောဆောင်လာကြသည်။ တစ်နေ့ ပြန်စဉ်းစားကြည့်ကာ ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အားထားလျက် လမ်းကြောင်းတစ်ခုနောက် လိုက်နေခဲ့ကြောင်း သဘောပေါက်မိသောအခါ အချိန်များစွာ ဖြုန်းတီးခဲ့မိပြီဖြစ်ပြီး နောက်ကြောင်းပြန်လိုသော်လည်း မဖြစ်နိုင်တော့ပေ။ သင်တို့မဖြေရှင်းရသေးသည့် အခြားမည်သည့် အယူအဆများ သင်တို့၌ ရှိသနည်း။ (ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်အဖို့ မိမိကိုယ်ကို အသုံးခံသည့်အတွက် ဘုရားသခင်သည် ကျွန်ုပ်အား ကောင်းချီးပေးပြီး အကျိုးကျေးဇူးများ ပေးသင့်သည်ဟု ထင်သည်။ ကျွန်ုပ်၌ ပြဿနာတစ်ခုရှိပြီး ဘုရားသခင်ကို ခေါ်သောအခါ ဘုရားသခင်သည် ကျွန်ုပ်အတွက် လမ်းဖွင့်ပေးသင့်သည်ဟု စိတ်ထင်သည့်အပြင် ဘုရားသခင်ကို ယုံကြည်သောကြောင့် အရာရာ အဆင်ချောသင့်ပါသည်။ ထို့ကြောင့်ပင် ကျွန်ုပ်သည် တာဝန်ထမ်းဆောင်ပြီး ခက်ခဲသော အခြေအနေတစ်ခုကို ကြုံတွေ့သောအခါ ဘုရားသခင်ကို အထင်လွဲမှားပြီး ဆန့်ကျင်နိုင်ကာ ဘုရားသခင်သည် ထိုအရာများကို ကျွန်ုပ်အပေါ် မကျရောက်စေသင့်ဟု ခံစားမိသည်။) လူအများစု၌ ဤအယူအဆရှိ၏။ ယင်းသည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူတို့၌ရှိသော နားလည်မှုတစ်မျိုးဖြစ်သည်။ လူတစ်ဦးသည် အကျိုးကျေးဇူးများ ရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်ကာ အကျိုးကျေးဇူးများကို မရရှိလျှင် ဤလမ်းကြောင်းက မှား၍ဖြစ်ရမည်ဟု လူတို့က တွေးထင်ကြသည်။ သို့ဆိုလျှင် ဤအယူအဆက ယခု ပြေလည်သွားပြီလော။ သင်သည် ယင်းကို စတင်ပြုပြင်ပြီလော။ ဤအယူအဆက သင်၏အပြုအမူကို ထိန်းချုပ်သောအခါ သို့မဟုတ် သင်၏ ရှေ့လျှောက် ဦးတည်ရာလမ်းကြောင်းကို ထိခိုက်သောအခါ ယင်းကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေပြီးပြီလော။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အား ယုံကြည်ခြင်းကို မကြာခဏ ဘောင်ခတ်ကာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သဖြင့် အရာရာ အေးချမ်းသာယာသင့်သည်ဟု ယုံကြည်ကြသည်။ သို့တည်းမဟုတ် “ကျွန်ုပ်သည် ဘုရားသခင်အဖို့ မိမိကိုယ်ကို အသုံးခံပြီး မိမိ၏တာဝန်ကို ထမ်းဆောင်သဖြင့် ဘုရားသခင်က ကျွန်ုပ်၏မိသားစုကို ကောင်းချီးပေးသင့်သည်၊ ကျွန်ုပ်၏မိသားစု တစ်ခုလုံးကို ငြိမ်သက်ခြင်းပေးခြင်းဖြင့် ကောင်းချီးပေးသင့်သည်၊ ကျွန်ုပ် မဖျားနာရအောင်၊ ကျွန်ုပ်၏ မိသားစုအားလုံး ပျော်ရွှင်ရအောင် ထိုသို့ပြုသင့်သည်။ ထို့ပြင် ကျွန်ုပ်သည် မိမိတာဝန်ကို ထမ်းဆောင်သော်လည်း ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်သောကြောင့် ဘုရားသခင်သည် ယင်းအတွက် တာဝန်ဝတ္တရား တစ်ခုလုံးကို တာဝန်ယူသင့်ပြီး ကျွန်ုပ်အနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မည်သည့် အခက်အခဲ၊ အန္တရာယ် သို့မဟုတ် စုံစမ်းသွေးဆောင်ခြင်း မကြုံတွေ့ရအောင် အရာရာကို ကောင်းမွန်စွာ ကြိုတင်စီမံသင့်သည်။ ဤကဲ့သို့သော အရာတစ်ခုခု ဖြစ်ပျက်ပါက ယင်းသည် ဘုရားသခင် ပြုလုပ်သည့်အရာ မဖြစ်နိုင်လောက်” ဟု စဉ်းစားကြသည်။ ဤအရာများ အားလုံးမှာ လူတို့၏ အယူအဆများဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အလုပ်ကို နားမလည်သောအခါ ထိုကဲ့သို့သော အယူအဆများ ရှိတတ်ကြ၏။ သင်တို့သည် သင်တို့၏ တာဝန်ထမ်းဆောင်နေစဉ် ဤအယူအဆများ မကြာခဏ ပေါ်လာသလော။ (ပေါ်လာပါသည်။) အကယ်၍ သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများသည် ပုံမှန်မျှသာဖြစ်ပြီး ကျိုးကြောင်းဆီလျော်သည်၊ ဤသည်မှာ အမှုအရာများ ဖြစ်သင့်သည့် ပုံစံဖြစ်သည်ဟု အမြဲယုံကြည်ပြီး ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေပါက သင်သည် သမ္မာတရားကို ရရှိနိုင်မည် မဟုတ်သည့်အပြင် အသက်ဝင်ရောက်မှုလည်း ရှိမည်မဟုတ်ပေ။ သင့်အတွက် သမ္မာတရား၌ တန်ဖိုး သို့မဟုတ် အဓိပ္ပာယ် မရှိသည့်အပြင် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းသည်လည်း အဓိပ္ပာယ်မဲ့မည် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းတွင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်သည်၊ တွေ့ဆုံပွဲများ တက်ရောက်သည်၊ တရားဒေသနာများကို နာယူပြီး အထူးသဖြင့် ပုံမှန် ဝိညာဉ်ရေးရာအသက်တာဖြင့် အသက်ရှင်သည်၊ သို့တစေ ၎င်းတို့သည် မိမိတို့၏ အယူအဆများကို အားထားခြင်းအားဖြင့် ပြုမူနေထိုင်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကာ အရာရာကို ၎င်းတို့၏ အယူအဆများအ‌ပေါ် အခြေပြုသည်၊ ပြီးလျှင် အမျိုးမျိုးသော အမှုအရာအားလုံး၏ အမှားအမှန်ကို တိုင်းတာဖို့ မိမိတို့၏ အယူအဆများကို အသုံးပြုသည်ဆိုပါက ဤသို့သောလူတို့သည် ၎င်းတို့၏ အယူအဆများထဲ၌ အသက်ရှင်နေကြသည် မဟုတ်လော။ ၎င်းတို့သည် တရားဒေသနာများကို မည်မျှနာယူသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှစားသောက်သည် ဖြစ်စေ မိမိတို့၏ အယူအဆများအတွင်း အသက်ရှင်သောသူတို့သည် တကယ်ပင် ပြောင်းလဲနိုင်မည်လော။ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးမှာ တိုးတက်နိုင်မည်လော။ (မတိုးတက်နိုင်ပါ။) သို့ဆိုလျှင် ဘုရားသခင်သည် ဤယုံကြည်ခြင်းမျိုးကို အသိအမှတ်ပြုသလော။ (အသိအမှတ်မပြုပါ။) သူ အသိအမှတ်မပြုသည်မှာ အသေအချာပင်။ ထို့အတွက်ကြောင့် လူတို့ထဲ၌ရှိသော အယူအဆများကို စိစစ်ရန် အရေးကြီးလေသည်။

လူအများစုသည် ဝလင်စွာ စားသောက်ထားပြီး အရာရာ အဆင်ပြေသောအခါ သို့မဟုတ် ရိုးရာဘာသာရေး ဟိတ်ဟန်များကို လိုက်နာစောင့်ထိန်းသောအခါ အယူအဆများ မရှိသော်လည်း ဘုရားသခင်သည် သူ၏အမှုကို ထမ်းဆောင်ပြီး သမ္မာတရားကို ဖော်ပြသောအခါ အယူအဆများ များပြားစွာ ထွက်ပေါ်လာသည်။ လူတို့သည် မိမိတို့၏တာဝန်ကို မထမ်းဆောင်ရသေးသည့်အချိန်နှင့် တွေ့ဆုံပွဲများကို ပုံမှန်အတိုင်းသာ တက်ရောက်သောအချိန်တွင် အယူအဆများ မရှိသော်လည်း ဘုရားသခင်က ၎င်းတို့အား တာဝန်ထမ်းဆောင်ရန် တောင်းဆိုသောအခါ သို့မဟုတ် ၎င်းတို့သည် မိမိတို့၏တာဝန်၌ အခက်အခဲများကို ကြုံတွေ့သောအခါတွင် အယူအဆများစွာ ထွက်ပေါ်လာသည်။ လူတို့သည် ဇာတိပကတိ စည်းစိမ်များ အားဖြင့် သက်သောင့်သက်သာရှိပြီး ဘဝကို ပျော်မွေ့နေသောအခါ အယူအဆများ မရှိသော်လည်း နာမကျန်းဖြစ်သောအခါ သို့မဟုတ် ဆင်းရဲဒုက္ခ ကြုံတွေ့သောအခါ အယူအဆများက အလိုလို ထွက်ပေါ်လာသည်။ ဥပမာအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်မီ လူတစ်ဦး၏ အလုပ်နှင့် မိသားစုဘဝက အလုံးစုံ အဆင်ပြေ‌ချောမွေ့နေသော်လည်း ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင် ၎င်းတို့မနှစ်သက်သည့် အချို့အရာများ ဖြစ်ပျက်တတ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဝေဖန်ခံရသည်၊ ခွဲခြားဆက်ဆံခံရသည်၊ အနိုင်ကျင့်ခံရကာ အဖမ်းပင်ခံရသည်၊ နှိပ်စက်ခံရပြီး နာတာရှည်ရောဂါများဖြင့် ကျန်ရစ်ခဲ့ရသည်။ ယင်းတို့က ၎င်းတို့ကို စိတ်မသက်မသာ ဖြစ်စေပြီး “ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်သည့် နှစ်ကာလများအတွင်း အမှုအရာများက အဘယ့်ကြောင့် အဆင်မပြေ ဖြစ်ခဲ့ရသနည်း။ ကျွန်ုပ်သည် စစ်မှန်သောဘုရားကို ယုံကြည်သည်ဖြစ်၍ ဘုရားက ကျွန်ုပ်ကို အဘယ့်ကြောင့် မကာကွယ်ပေးသနည်း။ ကျွန်ုပ်သည် ဆိုးယုတ်သော လူတို့၏ ရိုက်ပုတ်ခြင်းနှင့် နတ်ဆိုးများ၏ နင်းချေခြင်း ခံရသည်ကို ဘုရားသခင် အဘယ်သို့များ တွေ့မြင်ပြီး ဂရုမစိုက်ဘဲ နေနိုင်သနည်း” ဟု စဉ်းစားသည်။ လူတို့သည် ဤအယူအဆများ ထားရှိသည်မဟုတ်လော။ ဤအယူအဆများအား ၎င်းတို့ထားရှိခြင်း၏ နောက်ကွယ်ရှိ အကြောင်းရင်းမှာ အဘယ်နည်း။ လူတို့သည် “ဘုရားသခင်ကို ယခု ကျွန်ုပ်ယုံကြည်သည့်အတွက် ကျွန်ုပ်ကို သူပိုင်ပြီး ကျွန်ုပ်ကို ဘုရားသခင် တာဝန်ယူသင့်သည်၊ ကျွန်ုပ်၏ အစားအစာနှင့် နေရာထိုင်ခင်းကို တာဝန်ယူသင့်သည်၊ ကျွန်ုပ်၏ အနာဂတ်နှင့် ကံကြမ္မာကိုသာမက ကျွန်ုပ်၏ မိသားစု လုံခြုံမှုအပါအဝင် ကျွန်ုပ်ကိုယ်တိုင်၏ လုံခြုံမှုကိုလည်း တာဝန်ယူသင့်ကာ ကျွန်ုပ်အတွက် အရာရာ အဆင်ပြေမည့်အရေး၊ အရာရာသည် အေးအေးချမ်းချမ်းနှင့် အကြောင်းထူးမရှိ ဖြစ်မည့်အရေး အာမခံသင့်သည်” ဟု ယုံကြည်ကြသည်။ ထို့ပြင် တကယ့်အဖြစ်အပျက်များက လူတို့ အလိုရှိပြီး စိတ်ကူးသည့်အတိုင်း မဖြစ်လျှင် ၎င်းတို့က “ဘုရားသခင်အား ယုံကြည်ခြင်းသည် ကျွန်ုပ်က ကောင်းမည်ဟု သို့မဟုတ် လွယ်ကူမည်ဟု စိတ်ကူးခဲ့သလောက် မဖြစ်ပေ။ လက်စသတ်တော့ ကျွန်ုပ်သည် ဘုရားသခင်အား ကျွန်ုပ်၏ ယုံကြည်ခြင်း၌ ဤညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခအားလုံးကို ခံစားပြီး စမ်းသပ်မှုများစွာကို ဖြတ်သန်းရန် ရှိသေးသည်ပင်။ ဘုရားသခင်က ကျွန်ုပ်ကို အဘယ့်ကြောင့် မကာကွယ်သနည်း” ဟု စဉ်းစားကြသည်။ ဤစဉ်းစားပုံက မှန်သလော၊ သို့မဟုတ် မှားသလော။ ယင်းက သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သို့ဆိုလျှင် ဤစဉ်းစားပုံက ၎င်းတို့သည် ဘုရားသခင်အား မ‌လျော်ကန်သော တောင်းဆိုမှုများကို ပြုလုပ်နေကြောင်း ပြသသည် မဟုတ်လော။ ဤစဉ်းစားပုံမျိုးရှိသော လူတို့သည် ဘုရားသခင်ကို အဘယ့်ကြောင့် ဆုမတောင်းသနည်း သို့မဟုတ် သမ္မာတရားကို အဘယ့်ကြောင့် မရှာဖွေသနည်း။ ဘုရားသခင်က လူတို့အား ထိုသို့သောအရာများကို ကြုံတွေ့စေခြင်းတွင် နောက်ကွယ်၌ ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များသည် ပင်ကိုအားဖြင့် ရှိ၏။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို လူတို့ အဘယ့်ကြောင့် နားမလည်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း အဘယ့်ကြောင့် မရှိနိုင်သနည်း။ ဘုရားသခင်သည် လူတို့အနေဖြင့် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားကို ရရှိနိုင်ရန်နှင့် ၎င်းတို့သည် သမ္မာတရားအပေါ် မှီခိုအားထားခြင်းဖြင့် အသက်ရှင်ရန်အလို့ငှာ ၎င်းတို့အား ထိုသို့သောအရာများကို ရည်ရွယ်ချက်ရှိရှိ ကြုံတွေ့စေခြင်း ဖြစ်သည်။ သို့ရာတွင် လူတို့သည် သမ္မာတရားကို ရှာဖွေရမည့်အစား မိမိတို့၏ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အသုံးပြုလျက် ဘုရားသခင်ကို အကဲဖြတ်ကြသည်။ ဤသည်မှာ ၎င်းတို့၏ ပြဿနာပင်။ ဤသည်မှာ မနှစ်မြို့ဖွယ်သော ဤအရာများအား သင်နားလည်ရမည့်ပုံ ဖြစ်သည်။ မည်သူမျှ ဆင်းရဲဒုက္ခမရှိဘဲ ၎င်းတို့၏ တစ်ဘဝလုံး မသွားကြပေ။ လူအချို့အတွက် ယင်းက မိသားစုနှင့်သက်ဆိုင်သည်၊ အချို့အတွက်မူ အလုပ်နှင့်သက်ဆိုင်သည်၊ အချို့အတွက် အိမ်ထောင်ရေးနှင့် သက်ဆိုင်ပြီး အချို့အတွက် ကိုယ်မကျန်းမာခြင်းနှင့်သက်ဆိုင်သည်။ လူတိုင်း ဒုက္ခခံစားရမည်။ လူအချို့က “လူများသည် အဘယ့်ကြောင့် ဒုက္ခခံစားရမည်နည်း။ ကျွန်ုပ်တို့၏ အသက်တာများတစ်ခုလုံး၌ ငြိမ်းချမ်းစွာနှင့် ပျော်ရွှင်စွာ ရှင်သန်ဖို့ဆိုသည်မှာ မည်မျှ ကောင်းလိုက်မည်နည်း။ ကျွန်ုပ်တို့ ဒုက္ခမခံ၍ မရနိုင်သလော။” ဟု ပြောကြသည်။ မရပေ။ လူတိုင်း ဒုက္ခခံစားရမည်။ ဒုက္ခက လူပုဂ္ဂိုလ်တိုင်းကို ရုပ်ခန္ဓာ အသက်တာ၏ မြောက်မြားလှသော ခံစားရခြင်းများကို တွေ့ကြုံစေသည်၊ ဤခံစားရခြင်းများသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ၊ ဒုက္ခက လူတိုင်းကို ကွဲပြားသော ခံစားချက်များနှင့် နားလည်သဘောပေါက်ခြင်းတို့ကို ပေးသည်၊ သင့်အတွက်မှာမူ ယင်းက အသက်တာထဲရှိ သင်၏အတွေ့အကြုံများသာ ဖြစ်ပေသည်။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်ပြီး လူများကို အတွေ့အကြုံပိုများစေဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှ သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ပါက သင်သည် ဘုရားသခင်က သင့်ထံမှ လိုအပ်သည့် စံနှုန်းဖြင့် ယခင်ထက် သာ၍ နီးကပ်လာလိမ့်မည်။ နောက်ထပ် ရှုထောင့်မှာ ယင်းသည် ဘုရားသခင်က လူသားကို ပေးသည့် တာဝန် ဖြစ်သည်။ မည်သည့်တာဝန်နည်း။ ဤသည်မှာ သင်ကြုံသင့်သည့် ဆင်းရဲဒုက္ခဖြစ်သည်။ ဤဒုက္ခကို လက်ခံပြီး ခံယူနိုင်လျှင် ဤသည်မှာ သက်သေခံချက်ဖြစ်ပြီး ရှက်စရာမဟုတ်ပေ။ လူအချို့သည် ၎င်းတို့ နာမကျန်းဖြစ်သောအခါ အခြားသူများက ထိုအကြောင်းကို သိလာကြမည် စိုးကြသည်။ ၎င်းတို့သည် နာမကျန်းဖြစ်ခြင်းက ရှက်စရာတစ်စုံတစ်ရာ ဖြစ်သည်ဟု ထင်ကြသော်လည်း အမှန်တွင် ယင်းက ရှက်ရမည့်အရာတစ်ခု မဟုတ်ပေ။ ပုံမှန်လူတစ်ဦးအနေဖြင့် သင်သည် မကျန်းမာမှုကြားမှပင် ဘုရားသခင်၏ အစီအမံများကို ကျိုးနွံနာခံနိုင်သည်၊ ဒုက္ခမျိုးစုံကို ခံနိုင်ကာ သင်၏တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်သေးသည်၊ သင့်အား ဘုရားသခင် ပေးသော တာဝန်ပေးစေခိုင်းချက်များကို အပြီးသတ်နိုင်သည်ဆိုလျှင် ဤသည်မှာ ကောင်းသောအရာလော၊ ဆိုးသောအရာလော။ ဤသည်မှာ ကောင်းသောအရာဖြစ်သည်၊ ဘုရားသခင်အပေါ် သင်၏ကျိုးနွံနာခံမှုအတွက် သက်သေခံချက်ဖြစ်သည်၊ သင့်အနေဖြင့် သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နေခြင်းအတွက် သက်သေခံချက်ဖြစ်သည့်အပြင် ယင်းမှာ စာတန်အား အရှက်ရစေပြီး အောင်နိုင်သော သက်သေခံချက်ဖြစ်သည်။ သို့ဖြစ်၍ မည်သည့် ဆင်းရဲဒုက္ခကိုမဆို လက်ခံသင့်ပြီး ဖန်ဆင်းခံလူသားတိုင်းနှင့် ဘုရားသခင် ရွေးကောက်ထားသောလူတို့ အယောက်စီတိုင်းက ကျိုးနွံနာခံသင့်သည်။ ဤသည်မှာ ယင်းကို သင်နားလည်ရမည့်ပုံဖြစ်ပြီး သင်သည် ဤသင်ခန်းစာကို ယူကာ ဘုရားသခင်အပေါ် စစ်မှန်သောကျိုးနာခံမှုကို ရရှိရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် အညီဖြစ်သည့်အပြင် ဘုရားသခင်၏ ဆန္ဒဖြစ်၏။ ဤသည်မှာ ဖန်ဆင်းခံလူသားတိုင်းအတွက် ဘုရားသခင် စီစဉ်သည့်အရာပင် ဖြစ်သည်။ ဤအခြေအနေများနှင့် အနေအထားများထဲ၌ သင့်အား ဘုရားသခင် နေရာချထားခြင်းသည် သင့်အား တာဝန်၊ ဝတ္တရားနှင့် တာဝန်ပေးစေခိုင်းချက် တစ်ခုအား ပေးအပ်ခြင်းနှင့် တူညီသောကြောင့် ယင်းတို့ကို သင် လက်ခံသင့်သည်။ ဤသည်မှာ သမ္မာတရား မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် ဘုရားသခင်ထံမှ လာသရွေ့ ဘုရားသခင်သည် သင့်အား ထိုသို့သော တောင်းဆိုမှုကိုပြုပြီး သင့်အတွက် ဤရည်ရွယ်ချက်ကို ထားရှိသရွေ့ ယင်းသည် သမ္မာတရားဖြစ်၏။ ယင်းကို သမ္မာတရားဖြစ်သည်ဟု အဘယ့်ကြောင့် ပြောရသနည်း။ အဘယ့်ကြောင့်ဆိုသော် ဤနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သင်လက်ခံပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်၏ အယူအဆများနှင့် သင်၏ ပုန်ကန်ခြင်းတို့ကို သင်ဖြေရှင်းနိုင်မည်ဖြစ်ကာ၊ သို့ဖြစ်၍ သင်သည် အခက်အခဲများကို ထပ်မံ ကြုံတွေ့သောအခါ ဘုရားသခင်၏ လိုအင်ဆန္ဒများကို ဆန့်ကျင်မည်မဟုတ် သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စာတန်ကို အရှက်ရစေသည့် သက်သေခံချက်ကို ပေးနိုင်မည်ဖြစ်ကာ ကယ်တင်ခြင်းကို ရရှိနိုင်မည်ဖြစ်သည်။ အကယ်၍ သင်သည် သင့်ကိုယ်ပိုင် အယူအဆများနှင့် ထင်မြင်ချက်များဖြင့် သွားလျက် “ကျွန်ုပ် ယခု ဘုရားသခင်ကို ယုံကြည်သောကြောင့် ဘုရားသခင် ကျွန်ုပ်ကို ကောင်းချီးပေးသင့်သည်။ ကျွန်ုပ်သည် ကောင်းချီးပေးခြင်းခံရသော သူတစ်ဦး ဖြစ်သင့်သည်” ဟု စဉ်းစားပါက ဤကောင်းချီးမင်္ဂလာကို သင် နားလည်သည်မှာ မည်သို့နည်း။ သင်နားလည်သည့် ကောင်းချီးမင်္ဂလာသည် တစ်သက်လုံး ခမ်းနားထည်ဝါမှုနှင့် ချမ်းသာကြွယ်ဝခြင်း၊ သင်စားသောက်လိုသမျှ အရာတိုင်းကို ရရှိခြင်း၊ ဖျားနာမှုမရှိခြင်း၊ အရာရာပြည့်စုံလျက် မွေးဖွားလာခြင်း၊ လိုချင်သမျှအတွက် အရာရာ အဆင်သင့်ဖြစ်ခြင်းနှင့် လုပ်ယူစရာမလိုဘဲ ရုပ်ဝတ္ထုဆိုင်ရာ ချမ်းသာသောဘဝတစ်ခုကို ပျော်မွေ့ခြင်းပင် ဖြစ်သည်။ ထို့အပြင် ယင်းသည် မည်သည့်နာကျင်မှုမျှ မရှိဘဲ ထူးကဲကောင်းမွန်သော သက်သောင့်သက်သာရှိခြင်းထဲ၌ အသက်ရှင်ရင်း အရာရာအဆင်ပြေ ချောမွေ့နေသည့် အေးချမ်းသောဘဝကို နေထိုင်ရန်ဖြစ်သည်။ ဤသည်မှာ ကောင်းချီးမင်္ဂလာမှာ မည်သည့်အရာဖြစ်သည်ဟု သင်ယူဆသည့်အရာ ဖြစ်သည်။ သို့သော် ယခုကြည့်ရလျှင် ထိုအရာသည် ကောင်းချီးမင်္ဂလာ ဟုတ်သလော။ ထိုအရာသည် ကောင်းချီးမင်္ဂလာမဟုတ်၊ ဘေးဒုက္ခဖြစ်သည်။ ဇာတိပကတိ စည်းစိမ်များကို မွေ့လျော်ခံစားသည့် လမ်းကြောင်းကို လျှောက်လှမ်းခြင်းက သင့်အား ဘုရားသခင်ထံမှ ပို၍ပို၍ ဝေးရာသို့ မျောပါစေသည်သာမက ဤကောက်ကျစ်ဆိုးယုတ်သော ကမ္ဘာလောကထဲသို့ သင့်အား ပို၍ပို၍ နက်ရှိုင်းစွာ နစ်မြုပ်သွားစေမည် ဖြစ်ကာ သင်ရုန်းထွက်လွတ်မြောက်အောင် အားထုတ်နိုင်မည် မဟုတ်ပေ။ ဖန်ဆင်းရှင်သည် သင့်ကို ခေါ်ယူသောအခါ သင် သံယောဇဉ်ဖြစ်သည့် အရာများစွာရှိကာ ဤဇာတိပကတိ စည်းစိမ်များကို သင် လက်လွှတ်နိုင်ရန် ဝန်လေးပေမည်။ ဘုရားသခင်သည် သင့်အား တာဝန်ပေးစေခိုင်းချက်ပေးပြီး တာဝန်တစ်ခု ထမ်းဆောင်ရန် ခိုင်းစေလျှင်ပင် သင်သည် မိမိကိုယ်ကို ကိန်းကြီးခန်းကြီး သဘောထားလွန်းသည်။ ယနေ့တွင် သင်နေမကောင်းလျှင် မနက်ဖြန်တွင် သင် စိတ်အခြေအနေ မကောင်းပေ၊ သင်သည် မိဘများကို လွမ်းဆွတ်သည်၊ အဖော်ကို လွမ်းဆွတ်လျက် နေ့စဉ် ဇာတိပကတိဆိုင်ရာ အမှုအရာများကိုသာ တွေးတောပြီး မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်ဘဲ ပျော်မွေ့ဖွယ်ရာများကို အခြားသူများထက် ပို၍လိုချင်သည်။ သင်သည် ကပ်ပါးကောင်ကဲ့သို့ နေထိုင်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ သင်သည် သက်သေခံနိုင်သလော။ မခံနိုင်ပေ။ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူတို့၌ စိတ်ကူးစိတ်သန်း မြောက်မြားစွာရှိသည်။ ၎င်းတို့က ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်လာပြီးနောက်တွင် ၎င်းတို့တစ်ဘဝလုံး ဓနဥစ္စာနှင့် အေးချမ်းသာယာမှု ရှိလိမ့်မည်၊ ၎င်းတို့၏ ဆွေမျိုးသားချင်းများ အားလုံးသည် အားကျစိတ်ဖြင့် မျက်လုံးများ တောက်ပကာ ၎င်းတို့နှင့်အတူ အကျိုးခံစားရမည်၊ ၎င်းတို့သည် မည်သည့်အခါမျှ ဆင်းရဲမည် မဟုတ်သည့်အပြင် မည်သည့်အခါမျှ မဖျားနာ သို့မဟုတ် မည်သည့်ဘေးဒုက္ခမျှ ကြုံတွေ့ရမည်မဟုတ်ဟု စိတ်ကူးကြသည်။ ထိုသို့သော စိတ်ကူးစိတ်သန်းများက လူတို့ကို ဘုရားသခင်အပေါ် မလျော်ကန်သော တောင်းဆိုမှုများကို ရှိစေသည်။ သင်သည် ဘုရားသခင်အပေါ် မလျော်ကန်သော တောင်းဆိုမှုများ ရှိလာသောအခါ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက ပုံမှန်ဖြစ်သလော၊ သို့မဟုတ် ပုံမမှန်ဖြစ်သလော။ ယင်းသည် ပုံမမှန်သည်မှာ အသေအချာပင်။ သို့ဆိုလျှင် ဤအယူအဆများနှင့် စိတ်ကူးစိတ်သန်းများက သင့်အား ဘုရားသခင်ဘက်၌ ရပ်တည်စေသလော၊ သို့မဟုတ် ဘုရားသခင်အား ဆန့်ကျင်စေသလော။ ယင်းတို့သည် သင့်အား ဘုရားသခင်အား ဆန့်ကျင်လျက် ရပ်တည်ရန်၊ ဘုရားသခင်နှင့် ယှဉ်ပြိုင်ပြီး ခုခံရန်၊ ဘုရားသခင်ကို သစ္စာပင်ဖောက်ပြီး စွန့်ခွာရန်သာ အကြောင်းခံနိုင်ကာ ဤအပြုအမူများက ပို၍သာ ပြင်းထန်လာသည်။ တစ်နည်းဆိုလျှင် လူတို့၌ ဤအယူအဆများ ရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ဆက်၍ မထိန်းသိမ်းနိုင်တော့ပေ။ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရှိလာသောအခါ ၎င်းတို့၏ စိတ်နှလုံးများ၌ ပုန်ကန်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း ခံစားချက်များ ထွက်ပေါ်လာသည်။ ဤကဲ့သို့သော အချိန်များတွင် ၎င်းတို့သည် ဤအယူအဆများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်သောအခါ၊ ၎င်းတို့အား ဘုရားသခင်ပေးသော တာဝန်ပေးစေခိုင်းချက်နှင့် သူ့အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းအတွက် ဘုရားသခင်၌ရှိသည့် များစွာသော တောင်းဆိုချက်များကို နားလည်သောအခါ ဤအရာများကို ၎င်းတို့ နားလည်ထားပြီး ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ပြုမူလုပ်ဆောင်နိုင်လျှင် ဤနည်းအားဖြင့် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများမှာ ပြေလည်သွားမည် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်လာသည်နှင့် ၎င်းတို့၏ အယူအဆများကို ပင်ကိုအားဖြင့် စွန့်ပစ်မည်ဖြစ်ကာ ထိုအချိန်တွင် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးမှာ ပို၍ ပုံမှန်ဖြစ်လာမည်ဖြစ်သည်။ အယူအဆများကို ဖြေရှင်းခြင်းမှာ ဘုရားသခင်နှင့်ပတ်သက်သော အထင်လွဲမှားမှုများကို ဖြေရှင်ခြင်းနှင့် တူညီသည်။ နောက်တစ်နည်းဖြင့် ဆိုရလျှင် ၎င်းတို့သည် ၎င်းတို့၏ အယူအဆများကို လက်လွှတ်ပြီး ဖြေရှင်းသောအခါမှသာ သမ္မာတရားက မည်သည့်အရာဖြစ်သည်နှင့် ဘုရားသခင်၏ တောင်းဆိုမှုများက မည်သည့်အရာများ ဖြစ်သည်ကို ၎င်းတို့ နားလည်မည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။