ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း (အပိုင်း တစ်)

ပေတရုအား ဘုရားသခင် ဆုံးမချိန်၌ သူဆုတောင်းခဲ့သည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ ဇာတိပကတိ သည် နာခံခြင်းမရှိပါ၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပြီး တရားစီရင်ပါသည်။ ကိုယ်တော်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ကျွန်ုပ် ဝမ်းမြောက်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကို အလိုမရှိလျှင်ပင် ကိုယ်တော် ၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းပြီး ဖြောင့်မတ်တော်မူသည့် စိတ်သဘောထားကို ကျွန်ုပ် မြင်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကို တရားစီရင်သည့်အခါ ကျွန်ုပ် အားရကျေနပ်မိပါသည်။ ဤသို့အားဖြင့် အခြားသူများသည် ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ ဖြောင့်မတ်တော်မူသည့် စိတ်သဘောထားကို ရှုမြင်နိုင်မည် ဖြစ်ပါသည်။ အကယ်၍ တရားစီရင်ခြင်းသည် ကိုယ်တော်၏ စိတ်သဘောထားကို ထုတ်ဖော်ပြသ နိုင်မည်ဆိုလျှင်၊ သတ္တဝါအားလုံးအား ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မြင်တွေ့ခွင့် ရစေမည်ဆိုလျှင်၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ချစ်ခြင်းကို ပိုမိုဖြူစင်စေမည်ဆိုလျှင် ဤသည်မှာ သနားကရုဏာ နှင့် ပြည့်စုံတော်မူသော ကိုယ်တော်၏ အလိုတော် ဖြစ်သောကြောင့် ဖြောင့်မတ်သူ၏ပုံရိပ်ကို ကျွန်ုပ် ရနိုင်မည် ဖြစ်ပြီး ကိုယ်တော်၏ တရားစီရင်ခြင်းသည် ကောင်းမြတ်လှပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုသောစိတ် များစွာရှိသေးကြောင်းနှင့် ကိုယ်တော်၏ ရှေ့တော်မှောက်သို့ ဝင်ရန် မသင့်လျော်သေးကြောင်းကို ကျွန်ုပ်သိပါ သည်။ ကိုယ်တော် ကျွန်ုပ်အား ပို၍ပင် တရားစီရင်ရန် ကျွန်ုပ်လိုလားပါသည်။ ရန်လိုသော ပတ်ဝန်းကျင်အားဖြင့် ဖြစ်စေ၊ အတိဒုက္ခကြီးစွာ ခံစားရသည်ဖြစ်စေ၊ ကျွန်ုပ်အား မည်သို့ပင် ကိုယ်တော်စီရင်စေကာမူ၊ ကျွန်ုပ်အဖို့ အဖိုးထိုက်တန်လှပါသည်။ ကိုယ်တော်၏ ချစ်ခြင်းသည် အလွန်နက်နဲသိမ်မွေ့ပြီး စောဒကစိုးစဉ်းမျှပင် မတက်ဘဲ ကိုယ်တော်၏ သနားခြင်းကရုဏာတော်ကို ခံယူရန် ကျွန်ုပ်လိုလားပါသည်။” ယင်းမှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးနောက် ပေတရု၏ အသိအမြင် ဖြစ်ပြီး ဘုရားသခင်အပေါ်ထားရှိသော သူ၏ချစ်ခြင်းအတွက် သက်သေခံချက်တစ်ခုလည်း ဖြစ်သည်။ ယနေ့၊ သင်တို့အား သိမ်းပိုက်အောင်နိုင်ပြီးဖြစ်သည်- သို့သော် ဤသိမ်းပိုက်အောင်နိုင်မှုကို သင်တို့အထဲတွင် မည်သို့ ဖော်ပြပါသနည်း။ လူအချို့တို့က “ကျွန်ုပ်၏ သိမ်းပိုက်အောင်နိုင်ခြင်းမှာ ဘုရားသခင်၏ အမြင့်ဆုံးသော ကျေးဇူးတော်နှင့် ချီးမြှောက်ခြင်း ဖြစ်သည်။ ယခုမှပင် ကျွန်ုပ်သတိပြုမိသည်မှာ လူ့အသက် သည် ဗလာသက်သက်ဖြစ်ပြီး ထူးခြားမှုမရှိပါ။ အသက်ရှင်ခြင်းသည်လည်း အဓိပ္ပါယ်ကင်းမဲ့လှသည်၊ သေရသည်က သာ၍ကောင်းသေးသည်။ လူသည် မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် မွေးဖွားပျိုးထောင်ပြီး သူ့အသက်တာတွင် အလောသုံးဆယ် နေထိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ဘာမျှ မကျန်ရှိပါ။ ယနေ့၊ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရပြီးနောက်မှသာလျှင် ထိုသို့အသက်ရှင်ခြင်းမှာ အဖိုးမတန်ကြောင်း ကျွန်ုပ် သိမြင်ခဲ့ရသည်၊ ယင်းမှာ စင်စစ် အဓိပ္ပါယ်ကင်းမဲ့လှသော အသက်တာပင်ဖြစ်သည်။ ကျွန်ုပ်သည်လည်း သေပြီး ပြီးပြတ်သွားနိုင်သည်။” ထိုသို့သော သိမ်းပိုက်ပြီးသူများကို ဘုရားသခင် ရယူနိုင်မည်လော။ သူတို့သည် နမူနာများနှင့် စံပြလူများ ဖြစ်လာနိုင်မည်လော။ ထိုသူများသည် လှုပ်ရှားတက်ကြွမှုမရှိသော ပြယုဂ်တစ်ခု ဖြစ်သည်၊ သူတို့တွင် ရည်မှန်းချက်များမရှိဘဲ သူတို့ကိုယ်ကို တိုးတက်လာအောင်လည်း မကြိုးပမ်းကြ။ သူတို့သည် သိမ်းပိုက်ခံပြီးသူများဟု ယူဆကြသော်လည်း ထိုသို့သော မတုန်မလှုပ်လူများသည် ပြီးပြည့်စုံစေခြင်း ခံရသူများအဖြစ် လုပ်နိုင်စွမ်းမရှိကြ။ သူ့အသက်ဆုံးခါနီး၊ ပြည့်စုံစေခြင်းကို ခံရပြီးနောက် ပေတရုက “အို ဘုရားသခင်၊ နှစ်အနည်းငယ် ကျွန်ုပ် အသက်ဆက်ရှင်ရမည်ဆိုလျှင် ကျွန်ုပ်သည် ကိုယ်တော်ကို ပိုမိုဖြူစင်စွာနှင့် ပိုမိုလေးနက်စွာ ချစ်ခင်လိုပါသည်” ဟု ဆိုခဲ့သည်။ ကားတိုင်ပေါ်၌ တင်ရခံနီးအချိန်တွင် စိတ်နှလုံးထဲမှ သူဆုတောင်းသည်မှာ “အို ဘုရားသခင်၊ ကိုယ်တော်၏အချိန် ယခု ကျရောက်ပါပြီ၊ ကျွန်ုပ်အတွက် ကိုယ်တော် ပြင်ဆင်ထားသောအချိန် ကျရောက်ပါပြီ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် အသေခံရမည်၊ ဤသက်သေခံချက် ကို ကျွန်ုပ်ခံဆောင်ရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ ချစ်ခြင်းသည်လည်း ပိုမိုဖြူစင်လာနိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ယနေ့၊ ကိုယ်တော်အတွက် အသေခံနိုင်ခြင်းနှင့် ကိုယ်တော်အတွက် ကားစင်တင်ခံရခြင်းတို့သည် ကျွန်ုပ်အတွက် နှစ်သိမ့်စိတ်ချမှုကို ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ကိုယ်တော်၏အလိုကို ဖြည့်ဆည်းနိုင်ခြင်းအပြင် ကျွန်ုပ်ကိုယ်ကို ကိုယ်တော့်လက်သို့ အပ်နိုင်ခြင်းနှင့် ကျွန်ုပ်၏အသက်ကို ကိုယ်တော့်ကို ဆက်ကပ်နိုင်ခြင်းတို့ထက် မည်သည့်အရာကမျှ ကျွန်ုပ်အား ပို၍ကျေနပ်အားရစေမှာ မဟုတ်ပါ။ အို ဘုရားသခင်၊ ကိုယ်တော်သည် အလွန်ချစ်ခင်ဖွယ် ဖြစ်၏။ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့်ပေးခဲ့ပါက၊ ကိုယ်တော့် ကို ပို၍ပင် ချစ်ရန် ကျွန်ုပ်လိုလားပါလိမ့်မည်။ ကျွန်ုပ် အသက်ရှင်နေသရွေ့ ကိုယ်တော့်ကို ချစ်နေပါမည်။ ကိုယ်တော့်ကို ပိုမိုလေးနက်စွာ ချစ်လိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ စမ်းသပ်သည်၊ အကြောင်းမှာ ကျွန်ုပ်သည် မဖြောင့်မှန်ဘဲ အပြစ်ကျူးလွန်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုမို၍ သိသာထင်ရှားစွာ ကျွန်ုပ် မြင်လာပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုနက်ရှိုင်းစွာ ချစ်လာနိုင်စေသည့်အတွက် ဤသည်မှာ ကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာ တစ်ခုဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ဤနည်းအတိုင်း ကိုယ်တော့်ကို ကျွန်ုပ် ချစ်လိုပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်လိုပါသည်။ ယင်းက ကျွန်ုပ်အား လေးနက်သောအသက်တာကို သာ၍ အသက်ရှင်နိုင်စေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကားတိုင်တင်ခံရပြီး ကိုယ်တော့်အတွက် အသေခံခြင်းသည် အဓိပ္ပါယ်ပြည့်ဝသောကြောင့် ကျွန်ုပ်၏ လက်ရှိအသက်တာသည် ပိုမို လေးနက်လာသည်ဟု ကျွန်ုပ်ခံစားရပါသည်။ သို့သော် ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ ကျွန်ုပ် သိသည့်အတွက်၊ ကိုယ်တော်၏ အလိုတော်များကို ပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြောင်းနှင့် ကိုယ်တော့်ကို အနည်းငယ်သာ ပြန်လည်ပေးဆပ်ခဲ့ကြောင်းတို့ကို သိသည့်အတွက် ကျွန်ုပ် ကျေနပ်အားရခြင်း မရှိသေးပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော့်ကို အလုံးစုံ ပြန်လည်ပေးဆပ်ရန် မတတ်စွမ်းနိုင်ခဲ့ပါ၊ ဝေးလှပါသေးသည်။ ဤအခိုက်အတန့်တွင် နောက်ကြောင်း ပြန်လှည့်ကြည့်သည့်အခါ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် အလွန်ပင် အကြွေးတင်နေကြောင်း ခံစားရပါသည်။ ဤအခိုက်တန့်တွင် ကျွန်ုပ်၏ အမှားများအားလုံးနှင့် ကိုယ်တော့်ကို ပြန်လည်မပေးဆပ်ရသေးသည့် ချစ်ခြင်းမေတ္တာများအားလုံးကို ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်ရပါမည်” ဟူ၍ ဖြစ်သည်။

လူသည် လေးနက်စွာ ရှင်သန်နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိ အခြေ အနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်းနှင့် သူ၏ အတွေ့အကြုံများအကြောင်းကို သိထားရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်၏ ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းမေတ္တာအပြင် တန်ဖိုးနှင့် အဓိပ္ပါယ် ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည်ဖြစ်သည်။ ယင်းသည်သာ အသက် ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် သင်၏ လက်တွေ့ကျကျ ကြိုးစားအားထုတ်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမို နက်နဲသိမ်မွေ့ပြီး ပိုမိုတိကျကာ ပိုမို လက်တွေ့ကျသည့် အမှန်တရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအတွက် ယခင်အခြေအနေအတိုင်း ပြန်နေရန် သင့်ကိုယ်သင် ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်နှင့်မခြားသည့် အကျင့်စာရိတ္တ ပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ သင့်ကိုယ်သင် လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် လေးနက်သောဘဝ၊ တန်ဖိုးရှိသောဘဝဖြင့် ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ် သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော အမှန်တရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့ ရှင်သန်သင့် သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့ အသုံးပြုသင့် သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်။ လေးနက်သော အသက်တာဖြစ်စေရန်နှင့် လေးနက်သောအမှန်တရားများကို တွေ့ကြုံရန် သင်လေ့လာရမည် ဖြစ်ပြီး ဤသို့ဖြင့် သင့်ကိုယ်သင် ဝတ်ကျေတန်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကို ချစ်ရန် သင့်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည် လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ် ရှိရမည်၊ သင့်အသက်တာသည် လေးနက်တည်ကြည်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦး အနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်သောသူတစ်ဦးအနေဖြင့် သင့်အသက်တာကို မည်သို့သဘောထားသင့်သည်၊ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ ချစ်သင့်သည်တို့ကို အသေအချာ သင်စဉ်းစားသင့်သည်။ ယနေ့၊ သင်မည်သို့ သိမ်းပိုက် ခံရကြောင်းကိုသာ ကျေနပ်အားရနေ၍မဖြစ်၊ အနာဂတ်တွင် သင်လျှောက်လှမ်းမည့် လမ်းကြောင်းကိုလည်း သင်စဉ်းစားရမည်။ သင့်တွင် ပြည့်စုံစေခြင်းငှာ ရည်မှန်းချက်များနှင့် ရဲရင့်ခြင်း ရှိရမည်။ သင့်ကိုယ်သင် မစွမ်းဆောင်နိုင်သူဟု အမြဲမတွေးသင့်။ သမ္မာတရားတွင် မျက်နှာသာပေးခြင်းများ ရှိသလော။ သမ္မာတရားသည် လူများကို တမင်ရည်ရွယ်ကာ ဆန့်ကျင်နိုင်ပါသလော။ သမ္မာတရားနောက်သို့ သင်လိုက်လျှင် ယင်းက သင့်အား ဒုက္ခပေးနိုင်သလော။ တရားမျှတမှုအတွက် သင်ရပ်တည်လျှင် ယင်းက သင့်ကို လဲပြိုစေမည်လော။ အသက် နောက်သို့လိုက်ရန် သင့်တွင် ရည်မှန်းချက် အမှန်ရှိပါက အသက်က သင့်ကို တိမ်းရှောင်မည်လော။ သင်သည် သမ္မာတရားနှင့်အတူ မရှိလျှင် ယင်းမှာ သမ္မာတရားက သင့်ကို အသိအမှတ်မပြုခြင်း မဟုတ်ဘဲ သင်က သမ္မာတရားနှင့်ဝေးရာမှာ နေသောကြောင့်သာ ဖြစ်သည်။ တရားမျှတမှုအတွက် သင်ခိုင်မြဲစွာ မရပ်တည်နိုင်လျှင် ယင်းမှာ တရားမျှတမှုတွင် တစ်စုံတစ်ခု မှားယွင်းနေခြင်းမဟုတ်ဘဲ အချက်အလက်များနှင့်မညီဟု သင်ထင် သောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ သင်ရှာဖွေသော်လည်း အသက်ကို သင်မရသေးလျှင် ယင်းမှာ အသက်တာက သင်အပေါ် စောင့်သိမှုမရှိခြင်း မဟုတ်ဘဲ သင်က အသက်တာအပေါ် မစောင့်သိဘဲ အသက်ကို မောင်းထုတ်ထားခြင်းတို့ကြောင့် ဖြစ်သည်။ သင်သည် အလင်းထဲ၌နေပြီး အလင်းကိုရယူရန် မစွမ်းဆောင်နိုင် ခဲ့ပါက သင့်အပေါ်သို့ အလင်းထွန်းတောက်ရန် မဖြစ်နိုင်ခြင်း မဟုတ်ဘဲ အလင်းတည်ရှိခြင်းကို သင်အာရုံမစိုက် သောကြောင့် အလင်းသည် သင့်ထံမှ တိတ်ဆိတ်စွာ ဖယ်ခွာသွားခြင်းသာ ဖြစ်သည်။ သင်ရှာမှီးခြင်း မရှိပါက သင်သည် အဖိုးမတန်သော အမှိုက်ဖြစ်သည်၊ သင့်အသက်တာတွင် ရဲရင့်ခြင်းမရှိ၊ အမှောင်စွမ်းအားကို ခုခံရန် စွမ်းအားမရှိဟုသာ ပြောနိုင်သည်။ သင်သည် ပျော့ညံ့လွန်းသည်။ သင့်ကိုဝိုင်းထားသော စာတန်၏ စွမ်းအားများမှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ ဤသို့သော လုံခြုံဘေးကင်းသောဘဝကို ဦးဆောင်ပြီး မသိနားမလည်မှုများဖြင့် သေဆုံးသွားရန်သာ သင်အလိုရှိသည်။ သင်လုပ်ဆောင်ရမည်မှာ သိမ်းပိုက်ခြင်း ခံရဖို့ဖြစ်သည်၊ ယင်းသည် သင်၏ အလေးအနက်ထားရမည့် တာဝန်ဖြစ်သည်။ အကယ်၍ သင်သည် သိမ်းပိုက်ခံရရန် ကျေနပ်ပါက အလင်း တည်ရှိမှုကို သင်မောင်းထုတ်ပါ။ သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားအတွက် သင့်ကိုယ်သင် ပေးဆပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲဖြစ်ခြင်းကို ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့် အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝတစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှုအတွက် သင့်ဘဝ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ လှပကောင်းမွန်သောအရာ အားလုံးကို သင်လေ့လာလိုက်စားရမည်၊ ပိုမိုလေးနက်သော ဘဝလမ်းကြောင်းကို ရှာမှီးသင့်သည်။ ဤသို့သော ပေါ့တန်သည့်ဘဝတွင် သင်နေထိုင်ပြီး မည်သည့် ရည်ရွယ်ချက်နောက်ကိုမျှ မလိုက်လျှင် သင့်ဘဝကို အချည်းနှီးဖြစ်စေသည် မဟုတ်လော။ ထိုသို့သော ဘဝမှ မည်သည့်အရာကို သင်ရနိုင်မည်နည်း။ အမှန်တရားတစ်ခုအတွက် လူ့လောက၏ ပျော်မွေ့ဖွယ်ရာများ အားလုံးကို ကျောခိုင်းသင့်ပြီး ပျော်ရွှင်မှုအနည်းငယ်အတွက် အမှန်တရားအားလုံးကို မစွန့်ပယ်သင့်။ ဤကဲ့သို့သောသူများတွင် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိ၊ သူတို့၏ ဖြစ်တည်မှုသည် အဓိပ္ပါယ်အလျှင်းမရှိ။

ဘုရားသခင်သည် လူကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည်၊ အကြောင်းမှာ ယင်းသည် သူ၏အလုပ် လိုအပ်ချက်အရ ဖြစ်သည့်အပြင် လူအတွက်လည်း လိုအပ်ပေသည်။ လူသည် ဆုံးမခြင်းနှင့် တရားစီရင်ခြင်း တို့ကို ခံယူရန် လိုအပ်ပြီး သို့မှသာ လူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရရှိနိုင်မည်။ ယနေ့၊ သင်တို့သည် လုံးလုံးလျားလျား ယုံကြည်သွားခဲ့ပြီ။ သို့သော် သင်တို့ အနည်းငယ်မျှ အနှောင့်အယှက်ဖြစ်သွားလျှင် ဒုက္ခ ရောက်တော့သည်။ သင်တို့၏ ဝိညာဉ်ရေးရာအသက်တာသည် အလွန်သေးငယ်လှပြီး ပိုမိုလေးနက်သော အသိကို ရရှိရန်အတွက် ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို သင်တို့ ပိုမိုကြုံတွေ့ရန် လိုနေသေးသည်။ ယနေ့ သင်တို့သည် ဘုရားသခင်ကို ရိုသေလေးမြတ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့သည်၊ သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်ကြောင်း သင်တို့သိသည်၊ သို့သော် ဖြူစင်သော ချစ်ခြင်းကို သင်တို့ရရှိရန် မဆိုထားနှင့် သူ့အား နက်ရှိုင်းသောချစ်ခြင်း မရှိလျှင် သင်တို့၏ အသိပညာသည် အလွန်အပေါ်ယံဆန်လှပြီး သင်တို့၏ အရေးပါမှုသည် မလုံလောက်သေးပါ။ သင်တို့သည် ပတ်ဝန်းကျင်တစ်ခုနှင့် အမှန်တကယ် ကြုံကြိုက် ချိန်တွင် သင်တို့သည် သက်သေခံခြင်း မရှိသေးပါက သင်တို့၏ ကြိုးစားအားထုတ်မှု အနည်းငယ်သည်သာ လက်တွေ့ကျပြီး မည်သို့ လက်တွေ့ကျင့်ကြံရမည်ကို သင်တို့မသိပါ။ လူအများစုသည် မတုန်မလှုပ်နှင့် တက်ကြွမှု မရှိကြ၊ သူတို့သည် ဘုရားသခင်အား သူတို့၏ နှလုံးသားထဲ၌သာ တိတ်တဆိတ် ချစ်ကြ၏၊ သို့သော် အကျင့် မရှိကြ၊ သို့မဟုတ် သူတို့၏ ရည်မှန်းချက်များကို ရှင်းရှင်းလင်းလင်း မသိကြ။ ပြည့်စုံစေပြီးသောသူများသည် ပုံမှန်လူ့သဘောသဘာဝကို ပိုင်ဆိုင်ကြရုံမျှမက အသိစိတ်အတိုင်းအတာ ကျော်လွန်သည့် သမ္မာတရားများကို ပိုင်ဆိုင်ကြသည်၊ ယင်းတို့သည် အသိစိတ် စံချိန်စံနှုန်းများထက်ပင် ပိုမိုမြင့်မားသေးသည်။ သူတို့သည် ဘုရား သခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် သူတို့၏ တည်ကြည်မှုကို အသုံးပြုရုံသာမက ထို့ထက်ပို၍ သူတို့သည် ဘုရားသခင်ကို သိခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်သည် ချစ်ခင်နှစ်သက်ဖွယ် ဖြစ်ကြောင်းနှင့် လူတို့၏ ချစ်ခြင်းကို ထိုက်တန်ကြောင်းကို မြင်ခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်ကို ချစ်ခြင်းကလွဲ၍ တစ်ခြားဘာမျှ လူက မတတ်နိုင်သည့် ဘုရားသခင်ကို ချစ်ရန် အကြောင်းများစွာရှိပေသည်။ ပြည့်စုံစေပြီးသော သူများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သူတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဖြစ်သည်။ ယင်းမှာ အတုံ့အပြန်ကိုမတောင်းဆိုဘဲ အပေးအယူမပါသည့် အလိုအလျောက်ဖြစ်သော မေတ္တာ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို ချစ်ကြသည် အကြောင်းမှာ ဘုရားသခင်ကို သိခြင်းအရာကြောင့်သာ ဖြစ်သည်။ ထိုသို့သောသူတို့သည် ၎င်းတို့အပေါ်သို့ ဘုရားသခင် ကျေးဇူးတော်များ အပ်နှင်းသည်ဖြစ်စေ မအပ်နှင်းသည်ဖြစ်စေ ဂရုမပြုပါ၊ ဘုရားသခင်အား ကျေနပ်နှစ်သိမ့်စေရန်ထက် ပိုသော ကျေနပ်အားရခြင်းမျိုး မရှိပါ။ သူတို့သည် ဘုရားသခင်နှင့် အပေးအယူမလုပ်ကြသလို ဘုရားသခင်အပေါ် ထားရှိသည့် သူတို့၏ မေတ္တာကို အသိစိတ်ဖြင့် မတိုင်းတာကြပါ- ကိုယ်တော် ကျွန်ုပ်ကို ပေးပြီးဖြစ်သည်၊ သို့ကြောင့် အပြန်အလှန် အားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပါသည်၊ ကျွန်ုပ်အား ကိုယ်တော်မပေးလျှင် ကိုယ်တော့်ကို ပြန်ပေးစရာ ကျွန်ုပ်တွင် ဘာမျှမရှိပါ။ ပြည်စုံစေပြီးသောသူများက ဘုရားခင်သည် ဖန်ဆင်းရှင်ဖြစ်သည်ဟု အမြဲယုံကြည်ကြ သည်၊ ဘုရားသခင်သည် သူတို့အပေါ်တွင် အလုပ်လုပ်သည်၊ သူတို့တွင် ထိုအခွင့်အရေးနှင့် အခြေအနေ ရှိသည့် အတွက်အပြင် ပြည့်စုံစေရန် အရည်အချင်း ပြည့်မီသောကြောင့် သူတို့၏ ကြိုးပမ်းမှုမှာ လေးနက်သော အသက်တာကို ရှင်သန်ရန်သာ ဖြစ်သင့်ပြီး ဘုရားသခင်ကို ကျေနပ်နှစ်သိမ့်အောင် လုပ်ဆောင်ပေးသင့်သည်။ ယင်းမှာ ပေတရု တွေ့ကြုံသကဲ့သို့ပင် ဖြစ်သည်- သူအားအနည်းဆုံးအချိန်တွင် ဘုရားသခင်ထံ သူဆုတောင်း ခဲ့သည် “အို ဘုရားသခင်၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင်ဖြစ်ပါစေ၊ ကိုယ်တော့်ကို ကျွန်ုပ်အမြဲ သတိရကြောင်းကို ကိုယ်တော်သိပါ၏။ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ကိုယ်တော့်ကို ကျွန်ုပ် ချစ်လိုသည်ကို ကိုယ်တော်သိပါ၏။ သို့သော် ကျွန်ုပ်၏ ဝိညာဉ်အသက်တာသည် အလွန်သေးငယ်ပါ၏၊ ကျွန်ုပ် သည် အလွန်အားနည်းပြီး စွမ်းအားနည်းလှပါ၏။ ကျွန်ုပ်၏ မေတ္တာသည် နည်းပါးပြီး ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ရိုးသားမှန်ကန်မှုမှာ အလွန်အားနည်းပါ၏။ ကိုယ်တော်၏ မေတ္တာနှင့် နှိုင်းစာလျှင် ကျွန်ုပ်သည် အသက်ရှင်ရန်ပင် မသင့်ပါ။ ကျွန်ုပ်၏အသက်တာကို အချည်းနှီး မဖြစ်စေရန်သာ ကျွန်ုပ်လိုလားပြီး ကိုယ်တော်၏မေတ္တာကို ပြန်လည်ပေးနိုင်ရုံမက ကျွန်ုပ်တွင် ရှိသမျှအားလုံးကို ကိုယ်တော့်ထံ အပ်နှံနိုင်ရန်သာ ဆန္ဒရှိပါသည်။ လူသတ္တဝါ တစ်ဦးအနေဖြင့် ကိုယ်တော်စိတ်ကျေနပ်အောင် လုပ်ဆောင်နိုင်ပါက ကျွန်ုပ်စိတ်နှလုံးတွင် ငြိမ်းချမ်းခြင်းကို ရမည်ဖြစ်ပြီး ကျွန်ုပ်ထပ်မံ မတောင်းဆိုတော့ပါ။ ကျွန်ုပ်သည် ယခု အားနည်းပြီး အားအင်ချည့်နဲ့သော်လည်း ကိုယ်တော်၏ အားပေးတိုက်တွန်းမှုများကို ကျွန်ုပ်မေ့မည်မဟုတ်ပါ၊ ထို့ပြင် ကိုယ်တော်၏ မေတ္တာကိုလည်း ကျွန်ုပ်မေ့မည်မဟုတ်ပါ။ ယခု ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို တုံ့ပြန်ရုံသာ လုပ်ဆောင်ပါသည်။ အို ဘုရားသခင်၊ ကျွန်ုပ် စိတ်မသက်သာပါ။ ကျွန်ုပ်၏ နှလုံးသားထဲ၌ရှိသော မေတ္တာကို ကိုယ်တော့်ထံ မည်သို့ ပေးနိုင်ပါမည်နည်း၊ ကျွန်ုပ်အစွမ်းရှိသမျှ မည်သို့လုပ်နိုင်ပါမည်နည်း၊ ကိုယ်တော်၏ အလိုတော်များကို ဖြည့်ဆည်းရန် မည်သို့တတ်စွမ်းပါမည်နည်း၊ ကျွန်ုပ်တွင် ရှိသမျှအားလုံးကို ကိုယ်တော့်ထံ မည်သို့ ဆက်ကပ် အပ်နှံနိုင်မည်နည်း။ လူ၏အားနည်းချက်ကို ကိုယ်တော်သိပါ၏၊ ကိုယ်တော်၏ မေတ္တာနှင့် ကျွန်ုပ် မည်သို့ ထိုက်တန်ပါမည်နည်း။ အို ဘုရားသခင်၊ ကျွန်ုပ်သည် သေးငယ်သော ဝိညာဉ်အသက်တာသာ ရှိသူဖြစ်ပြီး ကျွန်ုပ်၏ မေတ္တာသည် အလွန်အားနည်းပါ၏။ ဤသို့သော ပတ်ဝန်းကျင်တွင် ကျွန်ုပ် မည်သို့ အကောင်းဆုံး လုပ်ဆောင်နိုင် ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကို ပေးဆပ်သင့်ကြောင်း ကျွန်ုပ်သိပါ၏၊ ကျွန်ုပ်ထံတွင် ရှိသမျှအရာ အားလုံးကို ကိုယ်တော့်ထံ ပေးအပ်သင့်ကြောင်း ကျွန်ုပ်သိပါ၏၊ သို့သော် ယနေ့ ကျွန်ုပ်၏ ဝိညာဉ်အသက်တာမှာ အလွန်သေးငယ်နေပါသည်။ ကျွန်ုပ်အား ခွန်အားနှင့် မိမိကိုယ်ကို ယုံကြည်မှုကို ပေးပါမည့်အကြောင်း ကိုယ်တော့်ထံ တောင်းလျှောက်ပါ၏၊ သို့မှသာ ကိုယ်တော့်ထံသို့ အပ်နှံရန် ဖြူစင်သောမေတ္တာကို ကျွန်ုပ် ပိုမိုပိုင်ဆိုင်နိုင်ပြီး ကျွန်ုပ်ထံတွင် ရှိသမျှအရာအားလုံးကို ကိုယ်တော့်ထံ အပ်နှံနိုင်ပါမည်။ ကိုယ်တော်၏ မေတ္တာကို ပေးဆပ်နိုင်မည်သာမက ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်၊ စမ်းသပ်မှုများအပြင် သာ၍ ပြင်းထန်သော ကျိန်ခြင်းတို့ကိုပင် တွေ့ကြုံနိုင်ပါမည်။ ကိုယ်တော်၏ မေတ္တာကို ရှုမြင်ခွင့်ကို ကျွန်ုပ်အား ကိုယ်တော်ပေးခဲ့ပါ၏၊ ကျွန်ုပ်သည် ကိုယ်တော်ကို မချစ်ရန် မတတ်စွမ်းနိုင်ပါ၊ ယနေ့ကျွန်ုပ်သည် ခွန်အား နည်းပြီး စွမ်းအားမရှိသော်လည်း ကိုယ်တော်ကို ကျွန်ုပ် မည်သို့ မေ့နိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကိုယ်တော့်ကို ကျွန်ုပ်သိလာစေရန် ဖြစ်သည်။ သို့သော် ကိုယ်တော်သည် အလွန်ကြီးမြတ်တော်မူသည့်အတွက် ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ဖြည့်ဆည်းရန် မတတ်စွမ်းနိုင်ဟုလည်း ခံစားရသည်။ ကျွန်ုပ်တွင် ရှိသမျှအရာအားလုံးကို ဖန်ဆင်းရှင်ထံသို့ မည်သို့အပ်နှံနိုင် မည်နည်း။” ယင်းသည် ပေတရု၏ တောင်းဆိုချက်ဖြစ်သည်၊ သို့သော် သူ၏ဝိညာဉ်အသက်တာမှာ မလုံလောက်ပါ။ ဤအခိုက်အတန့်တွင်၊ သူ့နှလုံးသားထဲတွင် ဓားဖြင့် အမွှေခံရသကဲ့သို့ ခံစားရပြီး သောကများနေသည်။ ထိုကဲ့သို့သော အခြေအနေများတွင် မည်သို့ လုပ်ရမည်ကို မသိ ဖြစ်နေခဲ့သည်။ သို့တိုင် သူသည် ဆက်လက် ဆုတောင်းနေခဲ့သည်- “အို ဘုရားသခင်၊ လူသည် ကလေးဆန်သော ဝိညာဉ်အသက်တာသာရှိပါ၏၊ သူ၏ အသိစိတ်မှာ ချည့်နဲ့လှပြီး ကျွန်ုပ်ရနိုင်သည်မှာ ကိုယ်တော်၏ မေတ္တာကို ပေးဆပ်ရန်ပင် ဖြစ်သည်။ ယနေ့၊ ကိုယ်တော်၏ အလိုတော်များကို ဖြည့်ဆည်းရန်၊ ကျွန်ုပ်တတ်နိုင်သမျှ လုပ်ဆောင်ရန်၊ ကျွန်ုပ်တွင်ရှိသမျှကို ပေးအပ်ရန် ကျွန်ုပ်တွင် ရှိသမျှကို ကိုယ်တော့်ထံ အပ်နှံရန် မည်သို့ လုပ်ဆောင် ရမည်ကို ကျွန်ုပ်မသိပါ။ ကိုယ်တော်၏ တရားစီရင်မှု မည်သို့ပင်ဖြစ်ပါစေ၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှု မည်သို့ပင်ဖြစ်ပါစေ၊ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသည့်အရာများ မည်သို့ပင်ဖြစ်ပါစေ၊ ကျွန်ုပ်ထံမှ ဖယ်ရှား လိုက်သောအရာများ မည်သို့ပင်ဖြစ်ပါစေ၊ ကိုယ်တော့်ကို စောဒကတက်ခြင်း အလျှင်းပင် မရှိပါစေနှင့်။ ကြိမ်ဖန် များစွာ ကိုယ်တော် ကျွန်ုပ်ကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည့်အခါ၊ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ညည်းတွား မိခဲ့ပြီး ဖြူစင်မှုကိုရယူခြင်း သို့မဟုတ် ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းတို့ကို မလုပ်ဆောင်နိုင်ခဲ့ပါ။ ကိုယ်တော်၏ မေတ္တာအတွက် ကျွန်ုပ်၏ ပေးဆပ်မှုမှာ ဝမ်းတွင်းစေ့ဆော်မှုဖြစ်ပြီး ဤအချိန်တွင် ကျွန်ုပ်ကိုယ် ကျွန်ုပ် ပို၍ပင် မုန်းမိပါသေးသည်။” ထိုသို့ ဖြစ်ခြင်းမှာ ဤနည်းဖြင့် ပေတရု ဆုတောင်းခဲ့သည့် ဘုရားသခင်၏ ပိုမိုဖြူစင်သည့်မေတ္တာကို သူရှာဖွေခဲ့ခြင်းကြောင့်ဖြစ်သည်။ သူရှာဖွေနေခဲ့ပြီး တောင်းပန် တိုးလျှိုးနေခဲ့သည်၊ ထို့အပြင် သူ့ကိုယ်သူ တန်ပြန်စွပ်စွဲနေခဲ့ပြီး သူ၏အပြစ်များကို ဘုရားသခင်ထံ ဝန်ခံနေခဲ့သည်။ သူသည် ဘုရားသခင်ထံ အကြွေးတင်နေသကဲ့သို့ ခံစားနေခဲ့ရပြီး သူ့ကိုယ်သူ မုန်းတီးစိတ်ဝင်ခဲ့သည်၊ သို့သော် သူသည် အနည်းငယ် ဝမ်းနည်းနေခဲ့ပြီး မတုန်မလှုပ် ဖြစ်နေခဲ့သည်။ သူသည် ဘုရားသခင်၏ အလိုတော်များအတွက် ပြည့်စုံကောင်းမွန်ခြင်း မရှိသလို၊ အကောင်းဆုံး မလုပ်ဆောင်နိုင်သလို အမြဲခံစားခဲ့ရသည်။ ထိုသို့သော အခြေအနေများတွင် ပေတရုသည် ယောဘ၏ ယုံကြည်မှုကို ရှာဖွေဆဲ ဖြစ်သည်။ ယောဘ၏ ယုံကြည်မှု သည် မည်မျှကြီးမြတ်ကြောင်း သူမြင်ခဲ့သည်။ ယောဘသည် သူ့၌ရှိသည့် အရာများအားလုံးသည် ဘုရားသခင်က အပ်နှင်းထားခြင်း ဖြစ်ကြောင်းနှင့် သူ့ထံမှ အလုံးစုံကို ယူရန် ဘုရားသခင်အတွက် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း၊ ဘုရားသခင် အလိုရှိသည့် မည်သူ့မဆိုထံသို့ ပေးလိမ့်မည်ဖြစ်ကြောင်းတို့ကို သိမြင်ခဲ့သည့်အတွက်ဖြစ်သည်- ယင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားပင်ဖြစ်သည်။ ယောဘသည် စောဒကမတက်ဘဲ ဘုရားသခင်ကို ချီးမွမ်းနေမြဲဖြစ်သည်။ ပေတရုသည်လည်း မိမိအကြောင်းကို သိခဲ့ပြီး သူ၏ စိတ်နှလုံးထဲတွင် ဆုတောင်းခဲ့သည်၊ “ယနေ့ ကျွန်ုပ်၏ အသိစိတ်ကို အသုံးပြုပြီး ကိုယ်တော်၏ မေတ္တာကို ပေးဆပ်ခြင်းနှင့် ကိုယ်တော့်ထံသို့ မည်မျှပင် ပြန်ချစ်စေကာမူ ကျွန်ုပ် ကျေနပ်မနေသင့်ပါ။ အကြောင်းမှာ ကျွန်ုပ်၏ အတွေးများ သည် အလွန်ဖောက်ပြန်နေပြီး ကိုယ်တော့်အား ဖန်ဆင်းရှင်အဖြစ် မြင်ရန် ကျွန်ုပ်မစွမ်းသာသောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် ကိုယ်တော်ကိုချစ်ရန် မသင့်လျော်သေးသောကြာင့် ကျွန်ုပ်တွင်ရှိသော အရာများ အားလုံးကို ကိုယ်တော့်ထံသို့ အပ်နှံနိုင်စွမ်းကို ကျွန်ုပ် လိုလိုလားလား ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ ကိုယ်တော်လုပ်ဆောင်ပြီးသည့် အရာအားလုံးကို ကျွန်ုပ်သိရမည်၊ ကျွန်ုပ်တွင် ရွေးချယ်စရာ မရှိပါ၊ ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ်ရှုမြင်ရမည်၊ ကိုယ်တော်၏ ကျေးဇူးတော်များကို ချီးမွမ်းနိုင်ရမည့်အပြင် ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းသော နာမတော်ကို ချီးမြှောက်မည်၊ သို့နှင့် ကိုယ်တော်သည် ကျွန်ုပ်အားဖြင့် ကြီးစွာသော ဘုန်းတော်ကို ရနိုင်မည်။ ကိုယ်တော့်အား သက်သေခံရာတွင် ကျွန်ုပ် မြဲမြံစွာ ရပ်တည်လိုပါသည်။ အို ဘုရား သခင်၊ ကိုယ်တော့်၏ ချစ်ခြင်းမေတ္တာသည် အလွန်ပင် အဖိုးထိုက်၍ လှပပေ၏။ မာရ်နတ်လက်ထဲတွင် ကျွန်ုပ် မည်သို့ အသက်ရှင်ချင်ပါမည်နည်း။ ကျွန်ုပ်အား ကိုယ်တော်ဖန်ဆင်းသည် မဟုတ်ပါလော။ စာတန်၏ အုပ်စိုးမှု အောက်တွင် ကျွန်ုပ်မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။ ကျွန်ုပ်၏ ဘဝတစ်ခုလုံးတွင် ကိုယ်တော်၏ ပြစ်တင် ဆုံးမမှုအလယ် နေလိုပါသည်။ မာရ်နတ်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ရန် ကျွန်ုပ်မလိုလားပါ။ ကျွန်ုပ်ကို ဖြူစင်စေနိုင်၍ ကျွန်ုပ်၏အလုံးစုံကို ကိုယ်တော့်ထံ အပ်နှံနိုင်ပါက ကိုယ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအတွက် ကျွန်ုပ်၏ ကိုယ်စိတ်နှလုံးကို ဆက်ကပ်လိုပါသည်။ ဤသည်မှာစာတန်ကို ကျွန်ုပ် စက်ဆုပ်ပြီး သူ၏ အုပ်စိုးမှုအောက်တွင် မနေလိုသည့်အတွက်ဖြစ်သည်။ ကျွန်ုပ်ကို တရားစီရင်ခြင်းအားဖြင့် ကိုယ်တော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြသသည်။ ကျွန်ုပ်သည် ပျော်ရွှင်ပြီး စောဒက အနည်းငယ် မျှပင် မရှိပါ။ လူသတ္တဝါတစ်ဦး၏ တာဝန်ကို ကျွန်ုပ်ထမ်းဆောင်နိုင်မည်ဆိုပါက ကျွန်ုပ်၏ ဘဝတစ်ခုလုံးတွင် ကိုယ်တော်၏ တရားစီရင်မှု အတူပါရှိရန် လိုလားပါသည်။ ယင်းမှ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘော ထားကို ကျွန်ုပ်သိလာနိုင်ပြီး မာရ်နတ်၏ သြဇာလွှမ်းမိုးမှုအောက်မှ ကျွန်ုပ်ကိုယ်ကို ဖယ်ရှားနိုင်မည်။” ပေတရုသည် ဤသို့ အမြဲဆုတောင်းခဲ့သည်၊ ဤသို့ အမြဲရှာဖွေခဲ့သည်၊ ထို့နောက် ပိုမြင့်မားသော နယ်ပယ်သို့ ရောက်ရှိခဲ့သည်။ ဘုရားသခင်၏မေတ္တာကို သူပြန်လည် ပေးဆပ်နိုင်ရုံသာမက ပိုမိုအရေးကြီးသည့် လူသတ္တဝါ တစ်ဦး၏ တာဝန်ကိုလည်း ကျေခဲ့သည်။ သူ၏ အသိစိတ်အားဖြင့် စွပ်စွဲမခံရရုံသာမဟုတ် အသိစိတ် စံချိန် စံနှုန်းများကို ကျော်သွားနိုင်ခဲ့သည်။ သူ၏ ဆုတောင်းသံများသည် ဘုရားသခင်၏ ရှေ့တော်မှောက်ထိ ဆက်လက် ရောက်ရှိခဲ့သည်- ဥပမာ သူ၏ ရည်မှန်းချက်များသည် အမြဲ ပိုမိုမြင့်မားနေပြီး ဘုရားသခင်ကိုချစ်သော သူ့မေတ္တာမှာ အမြဲ ပိုမိုကြီးမားခဲ့သည်။ သူသည် နာကျင်မှုကို မချိမဆံ့ ခံစားခဲ့ရသော်လည်း ဘုရားသခင်အား ချစ်ရန် သူမမေ့ခဲ့ပေ၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းကို ရရှိရန် သူဆက်လက် ရှာဖွေခဲ့သည်။ အောက်ပါစကားများဖြင့် သူဖွင့်ဟ ဆုတောင်းခဲ့သည်- ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ပေးဆပ်ခြင်းသာ လုပ်ဆောင်ခဲ့ပြီးပါပြီ။ စာတန်၏ရှေ့တွင် ကိုယ်တော့်အတွက် သက်သေခံခြင်း မရှိခဲ့ပါ၊ စာတန်၏ သြဇာ လွှမ်းမိုးမှုမှ ကျွန်ုပ်ကိုယ်ကို လွတ်မြောက်အောင် မလုပ်ဆောင်ခဲ့ဘဲ ဇာတိပကတိအလယ်၌ နေထိုင်ဆဲဖြစ်သည်။ စာတန်ကို အနိုင်ယူရန် ကျွန်ုပ်၏ မေတ္တာကို အသုံးပြုလိုပြီး အရှက်ရစေလိုသည်၊ သို့ဖြင့် ကိုယ်တော်၏ အလိုဆန္ဒကို ဖြည့်ဆည်းလိုပါသည်။ စာတန်သည် ကိုယ်တော်၏ ရန်သူဖြစ်သောကြောင့် ကျွန်ုပ်၏ အစိတ်အပိုင်း သေးသေးကလေးမျှပင် စာတန်ဆီသို့ မပေးလိုဘဲ ကိုယ်တော့်ထံသာ ကျွန်ုပ်၏အလုံးစုံကို ပေးအပ်လိုပါသည်။ ဤလမ်းကြောင်းတွင် သူပိုမိုရှာဖွေလေလေ၊ သူပိုမို လှုံ့ဆော်ခံရလေလေ၊ ဤအကြောင်းကိစ္စများအကြောင်း သူ့အသိပညာ မြင့်မားလေလေ ဖြစ်ပေသည်။ ယင်းကို သတိမမူမိဘဲ သူ့ကိုယ်သူ စာတန်၏ သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်အောင် လုပ်သင့်ကြောင်းနှင့် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား ပြန်သွားသင့်ကြောင်း သူသိလာခဲ့ သည်။ ဤသည်မှာ သူရရှိခဲ့သော နယ်ပယ်ဖြစ်သည်။ သူသည် စာတန်၏ သြဇာလွှမ်းမိုးမှုကို ကျော်လွှားခဲ့ပြီး ဇာတိပကတိ၌ သာယာမှုနှင့် ပျော်မွေ့မှုမှ သူ့ကိုယ်သူ ဖယ်ရှားခဲ့ပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရား စီရင်ခြင်း နှစ်ခုလုံးကို ထူးထူးခြားခြား ပိုမိုတွေ့ကြုံရန် လိုလားလျက်ရှိသည်။ “ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုနှင့် ကိုယ်တော်၏ တရားစီရင်မှုအလယ်၌ ကျွန်ုပ်နေထိုင်ပါသော်လည်း၊ ဖြစ်ပေါ်လာသော အခက်အခဲများ မည်သို့ပင် ရှိစေကာမူ စာတန်၏ အုပ်စိုးမှုအောက်တွင် မနေထိုင်လိုပါ၊ စာတန်၏ လှည့်စားမှုများကို မခံစားလိုပါ။ ကိုယ်တော်၏ ကျိန်ခြင်းများကြားတွင် နေထိုင်ရင်း ပျော်ရွှင်ပြီး အလွန်ဝမ်းမြောက်စေပါသည်၊ စာတန်၏ ကောင်းချီးများအကြားတွင် နေထိုင်ရခြင်းမူ ကျွန်ုပ်ကို နာကျင်စေပါသည်။ ကိုယ်တော်၏ တရားစီရင်ခြင်း အလယ်၌ နေထိုင်ခြင်းအားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး၊ ယင်းအရာသည် ကျွန်ုပ်အား ကြီးစွာသော ဝမ်းမြောက်ခြင်းကို ယူဆောင်လာပေးပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ဖြောင့်မတ်ပြီး မြင့်မြတ်သန့်ရှင်းသည်၊ ယင်းမှာ ကျွန်ုပ်ကို သန့်ရှင်းစေရုံသာမက ကျွန်ုပ်ကို ကယ်တင်ရန်လည်း ဖြစ်သည်။ ကိုယ်တော်၏ စောင့်ရှောက်မှုအောက်တွင် နေရန် ကိုယ်တော်၏ တရားစီရင်မှုအလယ်၌ ကျွန်ုပ်၏ ဘဝတစ်ခုလုံး နေထိုင်သွားရန် ဆန္ဒရှိပါသည်။ စာတန်၏ အုပ်စိုးမှုအောက်တွင် တစ်ခဏလေးမျှပင် မနေလိုပါ။ စာတန်၏ အသုံးချမှုနှင့် လှည့်စားမှုကို မခံချင်ပါ၊ အခက်အခဲများ ခံစားစေရန် ကိုယ်တော်အားဖြင့် ကျွန်ုပ်သည် သန့်ရှင်းခြင်းသို့ရောက်ရန် လိုလားပါသည်။ ဤလူသတ္တဝါဖြစ်သော ကျွန်ုပ်အား ကိုယ်တော် အသုံးပြုသင့်ပါ သည်၊ ကိုယ်တော်ပိုင်သင့်ပါသည်၊ ကိုယ်တော် တရားစီရင်သင့်ပါသည်၊ ကိုယ်တော် ပြစ်တင်ဆုံးမသင့်ပါသည်။ ကိုယ်တော်၏ ကျိန်ခြင်းကိုပင် ကျွန်ုပ်ခံသင့်ပါသည်။ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်မြင်ခဲ့ပြီးပြီ ဖြစ်သောကြောင့် ကျွန်ုပ်အား ကိုယ်တော် ကောင်းချီးပေးလိုသည့်အခါ ကျွန်ုပ်၏ စိတ်နှလုံးသည် ဝမ်းမြောက်လှပါသည်။ ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်ုပ်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်သည်- ကိုယ်တော့်ကို ကျွန်ုပ် သစ္စာမဖောက်သင့်၊ စာတန်၏အုပ်စိုးမှုအောက်တွင် မနေသင့် သို့မဟုတ် စာတန်၏ အသုံးချမှုကို မခံသင့်ပါ။ စာတန်အတွက် အသက်ရှင်မည့်အစား ကျွန်ုပ်သည် ကိုယ်တော်၏မြင်း၊ သို့မဟုတ် နွား ဖြစ်သင့်ပါသည်။ ရုပ်ပိုင်းဆိုင်ရာသုခများ မရှိဘဲ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုအလယ်၌ အသက်ရှင်လိုပါသည်၊ အကယ်၍ ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ် ဆုံးရှုံးရလျှင်ပင် ယင်းသည် ကျွန်ုပ်အား ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးပါ လိမ့်မည်။ ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်နှင့်အတူ မရှိသော်လည်း ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ကျွန်ုပ် ပျော်မွေ့ပါသည်။ ယင်းသည် ကိုယ်တော်၏ အကောင်းဆုံးသော ကောင်းချီးမင်္ဂလာ၊ အကြီးမားဆုံးသော ကျေးဇူးတော်ပင်ဖြစ်သည်။ ကိုယ်တော်သည် အမြဲ ဘုန်းအာနုဘော်နှင့် ထည်ဝါပြီး ကျွန်ုပ် အပေါ် အမျက်ဒေါသရှိသော်လည်း ကျွန်ုပ် ကိုယ်တော့်ကို မစွန့်ခွာနိုင်ပါ၊ ကိုယ်တော်အား လုံလောက်အောင်ပင် မချစ်နိုင်သေးပါ။ ကိုယ်တော်၏ အိမ်တော်တွင် ကျွန်ုပ်နေလိုပါသည်၊ ကိုယ်တော်၏ ကျိန်ခြင်း၊ ပြစ်တင်ဆုံးမခြင်း နှင့် ရိုက်နှက်ခြင်းကို ခံလိုပြီး စာတန်၏ အုပ်စိုးမှုအောက်တွင် မနေလိုသကဲ့သို့ ဇာတိပကတိအတွက် အသက်ရှင်ဖို့ မဆိုထားနှင့် ဇာတိပကတိအတွက်သာ လှုပ်ရှားရုန်းကန်နေရန် အလိုမရှိပါ” ဟု သူပြောခဲ့သည်။ ပေတရု၏ မေတ္တာသည် စင်ကြယ်သော မေတ္တာတစ်ခု ဖြစ်သည်။ ယင်းသည် ပြည့်စုံစေခြင်း၏ အတွေ့အကြုံဖြစ်ပြီး ပြည့်စုံစေခြင်း၏ အမြင့်မားဆုံး နယ်ပယ်ဖြစ်ကာ ထို့ထက်ပို၍ လေးနက်သော အသက်တာ မရှိတော့ပါ။ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံခဲ့သည်၊ သူသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို တန်ဖိုးထားခဲ့ပြီး ပေတရုတွင် ထို့ထက် ပိုမိုအဖိုးထိုက်တန်ခြင်းကား မရှိတော့ပါ။ သူက “စာတန်သည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သာယာကြည်နူးမှုများကို ပေးသော်လည်း ကျွန်ုပ်သည် ယင်းတို့ကို တန်ဖိုးမထားပါ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ကျွန်ုပ်ပေါ်သို့ ကျရောက်သည်- ဤ၌ ကျွန်ုပ်သည် ကျေးဇူးတော်ကို ခံစားရသည်၊ ဤ၌ ပျော်ရွှင်မှုကို ကျွန်ုပ်တွေ့ရှိသည့်အပြင် ဤ၌ ကောင်းချီးကို ကျွန်ုပ်ခံစားရသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့်သာ မဟုတ်ခဲ့ပါမူ ကျွန်ုပ်သည် ဘုရားသခင်အား မည်သည့်အခါမျှ ချစ်လိမ့်မည် မဟုတ်ပါ၊ ကျွန်ုပ်သည် စာတန်၏ အုပ်စိုးမှုအောက် နေနေရဆဲ ဖြစ်လိမ့်မည် ဖြစ်ပြီး၊ ၎င်း၏ ထိန်းချုပ်ခြင်းကို ခံနေရဆဲ ဖြစ်လိမ့်မည် ဖြစ်ကာ၊ ၎င်း၏ အမိန့်ပေး စေခိုင်းခြင်းကို ခံနေရဆဲ ဖြစ်ပေလိမ့်မည်။ ထိုသို့ ဖြစ်ခဲ့ပါလျှင်မူ ကျွန်ုပ်သည် ဘုရားသခင်အား ကျေနပ် နှစ်သိမ့်စေခြင်းငှာ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သည့်အတွက် ကျွန်ုပ်သည် မည်သည့်အခါကမျှ စစ်မှန်သည့် လူသတ္တဝါ ဖြစ်လာလိမ့်မည် မဟုတ်ဘဲ၊ ကျွန်ုပ်၏ အလုံးစုံကိုလည်း ဘုရားသခင်ထံ ဆက်ကပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပါ။ ငြိမ်းချမ်းခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိဘဲ ကျွန်ုပ်၏ အတွင်းထဲတွင် လောင်ကျွမ်းနေသည့်အလား ကျွန်ုပ်စိတ်နှလုံးတွင်းထဲ၌ နှစ်သိမ့်မှုမရှိဘဲဖြစ်စေလျက် ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးမပေးစေကာမူ ဘုရားသခင် သည် ကျွန်ုပ်အား အမြဲတစေ ပြစ်တင်ဆုံးမကာ ဆုံးမပဲ့ပြင်ပေးနေစေကာမူ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းတွင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်ရှုမြင်နိုင်ပါသည်။ ဤအမှုတွင် ကျွန်ုပ် ပျော်ရွှင်ကြည်နူးမိပါသည်၊ အသက်တာတွင် ထို့ထက် ပို၍ တန်ဖိုးရှိသောအရာ သို့မဟုတ် ပို၍လေးနက်သောအရာ မရှိပါ။ ကိုယ်တော်၏ အကာအကွယ်ပေးမှုနှင့် စောင့်ရှောက်မှုတို့သည် ရက်စက်သော ပြစ်တင်ဆုံးမမှု၊ တရားစီရင်မှု၊ ကျိန်ခြင်းများနှင့် ရိုက်နှက်ခြင်းတို့ ဖြစ်လာခဲ့သော်လည်း ယင်းတို့တွင် ကျွန်ုပ် မွေ့လျော်လျက်ပင်ဖြစ်သည်၊ အကြောင်းမှာ ယင်းတို့သည် ကျွန်ုပ်အား သာ၍သန့်ရှင်းစင်ကြယ်စေကာ၊ ကျွန်ုပ်ကို ပြုပြင်ပြောင်းလဲပေးပြီးနောက် ဘုရားသခင်နှင့် ပိုမိုနီးစေ၍၊ ဘုရားသခင်အား ပိုမိုချစ်နိုင်စေကာ ဘုရားသခင်ကို ချစ်သည့် မေတ္တာကိုလည်း ပိုမိုဖြူစင်စေပါသည်။ ဤသည်က လူသတ္တဝါတစ်ဦးအဖြစ် ကျွန်ုပ်၏ တာဝန်ကို ကျေပွန်စေပြီး ဘုရားသခင်ရှေ့တော်သို့ ကျွန်ုပ်အား ဆောင်ယူပြီး စာတန်၏ သြဇာလွှမ်းမိုးမှုမှ ကင်းဝေးစေကာ ကျွန်ုပ်အနေဖြင့် စာတန်ကို အစေခံတော့မည် မဟုတ်ပါ။ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ်မနေထိုင်ဘဲ၊ မည်သည့်အရာကိုမျှ ထိမ်ချန်ခြင်းမရှိ၊ ကျွန်ုပ်၌ရှိသော အရာအားလုံးနှင့် ကျွန်ုပ်လုပ်နိုင်သမျှ အားလုံးတို့ကို ဘုရားသခင်ထံ အပ်နှံနိုင်သည့် အချိန်သည်- ကျွန်ုပ်လုံးလုံးလျားလျား ကျေနပ်နှစ်သိမ့်သည့် အချိန်ပင် ဖြစ်လိမ့် မည်။ ကျွန်ုပ်ကို ကယ်တင်ခဲ့သည့်အရာမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်ပြီး ကျွန်ုပ်၏ အသက်တာမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ခွဲခြားထား၍ မရပါ။ ကမ္ဘာပေါ်ရှိ ကျွန်ုပ်၏ အသက်တာသည် စာတန်၏ အုပ်စိုးမှုအောက်တွင်ရှိပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်း၏ အကာအကွယ်ပေးမှုနှင့် စောင့်ရှောက်မှုတို့ကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်ုပ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အမြဲနေထိုင်သွားရခြင်း၊ ထို့ပြင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် ရှင်သန်သွားရန် အခွင့်အရေး သို့မဟုတ် နည်းနာများ ကျွန်ုပ်၌ရှိခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ကျွန်ုပ်နှင့်အတူ အမြဲရှိမှသာ ကျွန်ုပ်ကို ဘုရားသခင် သန့်ရှင်းစေနိုင်မည်။ ကြမ်းတမ်းသော စကားများနှင့် ဖြောင့်မတ်သော ဘုရားသခင်၏ စိတ်သဘောထားအပြင် ဘုရားသခင်၏ ဘုန်းအာနုဘော်ရှိသော တရားစီရင်ခြင်းဖြင့်သာ ကျွန်ုပ်သည် အထူးအကာအကွယ်ကို ရရှိပြီး အလင်း အောက်တွင် အသက်ရှင်ကာ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများကို ရရှိခဲ့ခြင်း ဖြစ်သည်။ သန့်ရှင်းစေခြင်း ခံရခြင်းငှာ တတ်စွမ်းနိုင်ခြင်း၊ ကျွန်ုပ်ကိုယ်ကို စာတန်ထံမှ လွတ်မြောက်နိုင်စေခြင်းနှင့် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေထိုင်နိုင်ခြင်း- ယင်းသည် ယနေ့ ကျွန်ုပ်၏အသက်တာတွင် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာဖြစ်ပါသည်” ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ ပေတရုတွေ့ကြုံခဲ့သည့် အမြင့်ဆုံးသော နယ်ပယ် ဖြစ်သည်။

ယင်းတို့မှာ လူသည် ပြည့်စုံစေခြင်းကို ခံရပြီးနောက် ရရှိရမည့် အခြေအနေများ ဖြစ်သည်။ သင်သည် ဤမျှလောက် မရရှိနိုင်ပါက အဓိပ္ပာယ်ရှိသော အသက်တာဖြင့် သင်မရှင်သန်နိုင်ပါ။ လူသည် ဇာတိပကတိ အကြားတွင် နေထိုင်သည်၊ ဆိုလိုသည်မှာ သူသည် လူ့ငရဲတွင် နေထိုင်နေပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းတို့ မရှိဘဲ လူသည် စာတန်ကဲ့သို့ ဆိုးညစ်လေသည်။ လူသည် မည်သို့ သန့်ရှင်းမြင့်မြတ် နိုင်ပါမည်နည်း။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူ၏ အကောင်းဆုံး သော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကျေးဇူးတော်ပင် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့်သာ လူသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော စည်းကမ်းများသည် စာတန်၏ သြဇာလွှမ်းမိုးမှုမှ လူကို ပယ်ရှား ပေးသည်။ သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲမှ လွတ်မြောက်စေပြီး ဘုရားသခင်၏ မျက်မှောက်တော် အလင်း ထဲတွင် နေထိုင်ခွင့်ရစေသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။ ပေတရုမှ “အို ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမ၍ တရားစီရင်နေသမျှ ကာလပတ်လုံး ကိုယ်တော် ကျွန်ုပ်ကို ပစ်ခွာမသွားကြောင်း ကျွန်ုပ်သိလိမ့်မည်။ ကိုယ်တော် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်းချမ်းခြင်းကို မပေးလျှင်ပင်၊ ဒုက္ခဆင်းရဲများ ခံစားရစေလျှင်ပင်၊ ကျွန်ုပ်အား မရေမတွက်နိုင်အောင် ပြစ်တင်ဆုံးမလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မပစ်ပယ်သမျှကာလပတ်လုံး ကျွန်ုပ်၏ နှလုံးသားသည် ငြိမ်သက်နေပါလိမ့်မည်။ ယနေ့၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာခဲ့ပါပြီ။ ကျွန်ုပ်အားပေးသော ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပေးပါသည်။ ယနေ့ ကျွန်ုပ်အပေါ်သို့ အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ပေါ်လွင်ထင်ရှားမှုတစ်ခု ဖြစ်ပြီး ယင်းသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်စစ်ဆေးခြင်းနှင့် ထိုထက်မက၊ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခု ဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် လူ့ဇာတိ၏သာယာမှုများကို ဘေးဖယ် ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော အကာအကွယ်ကို ရှာဖွေနိုင်ခဲ့သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ့အသက်တာတွင် လူသည် သန့်ရှင်းခြင်းသို့ ရောက်လိုပြီး သူ၏ စိတ်သဘောထား အပြောင်း အလဲများကို ရရှိလိုသည့်အပြင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် ရှင်သန်လိုကာ လူသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ကျေပွန်လိုလျှင်၊ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံ ရမည်ဖြစ်သည်။ ဘုရားသခင်၏ စည်းမျဉ်းစည်းကမ်းများနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများတို့ကို သူ့ထံမှ မခွာစေရပါ။ သို့နှင့် သူသည် စာတန်၏ ကြိုးကိုင်ချယ်လှယ်ခြင်းနှင့် သြဇာလွှမ်းမိုးခြင်းတို့မှ သူ့ကိုယ်သူ လွတ်အောင်ရုန်းနိုင်ပြီး ဘုရားသခင်၏ အလင်းအောက်တွင် နေထိုင်နိုင်ပေမည်။ ဘုရားသခင်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ကြောင်း၊ လူ၏ ကယ်တင်ခြင်းအလင်း ဖြစ်ကြောင်းနှင့် လူအတွက် ထို့ထက်သာသော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် အကာအကွယ် မရှိတော့ကြောင်းကို သိနားလည်ပါ။ လူသည် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပြီး လူ့ဇာတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းနှင့် ဘုရားသခင်၏ ကာကွယ်ခြင်းကို မရရှိပါက၊ လူသည် ပို၍ပင် အကျင့် ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို သူချစ်လိုပါက သူသည် သန့်ရှင်းစေခြင်းနှင့် ကယ်တင်ခြင်းကို ခံရမည်။ ပေတရုမှ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာဆက်ဆံပါက ကျွန်ုပ်ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပါက ပို၍ပင် နှစ်သိမ့်ခြင်းကိုခံစားရပြီး ဝမ်းမြောက်လှ ပါသည်။ ကျွန်ုပ်သည် အားနည်းပြီး များလှစွာသော ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ မနာခံမှုကြောင့်နှင့် ကျွန်ုပ်၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ် မဖြည့်ဆည်းနိုင်သောကြောင့် ကျွန်ုပ် ငိုကြွေးပါ၏။ ကိုယ်တော်၏ တောင်းဆိုချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံ မလုံလောက်သောကြောင့် ကျွန်ုပ် ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏။ သို့သော် ဤနယ်ပယ်သို့ ရောက်ရှိရန် ကျွန်ုပ်လိုလားပြီး ကိုယ်တော်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှအားလုံးကို လုပ်ဆောင်ရန်လည်း ကျွန်ုပ်လိုလားပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုက ကျွန်ုပ်အား ကာကွယ်ပေးပြီး အကောင်းဆုံးသော ကယ်တင်ခြင်းကို ပေးခဲ့ပါသည်။ ကိုယ်တော်၏ တရား စီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ဖုံးအုပ်သွားစေသည်။ ကိုယ်တော်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မရှိဘဲ ကိုယ်တော်၏ကရုဏာနှင့် ချစ်ကြင်နာမှုကို ကျွန်ုပ်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့၊ ကိုယ်တော်၏ မေတ္တာသည် ကောင်းကင်ဘုံသို့ ကျော်လွန်ပြီး အကောင်းတကာ့ အကောင်းဆုံး ဖြစ်ကြောင်း ကျွန်ုပ် ပိုမို မြင်လာရပါသည်။ ကိုယ်တော်၏ မေတ္တာသည် ကရုဏာနှင့် ချစ်ကြင်နာရုံသာမကပါ။ ထို့ထက်ပိုပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းလည်း ပါပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို များစွာ ပေးခဲ့ပြီးပါပြီ။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မပါဘဲ မည်သူတစ်ဦးတစ်ယောက်မျှ သန့်ရှင်းနိုင်မည်မဟုတ်ပါ၊ မည်သူတစ်ဦးတစ်ယောက်မျှ ဖန်းဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်လိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ရာနှင့်ချီသော စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြံ့ကြံ့ခံခဲ့ပြီး သေလုနီးနီးပင်ဖြစ်သည်။ ထိုသို့သော ဒုက္ခဆင်းရဲက က ကျွန်ုပ်အား ကိုယ်တော်ကို စစ်စစ်မှန်မှန် သိခြင်းနှင့် အထူးကယ်တင်ခြင်းကို ရရှိစေခဲ့သည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ဆုံးမ ပဲ့ပြင်ခြင်းတို့သည် ကျွန်ုပ်ထံမှ ဖယ်ခွာသွားမည်ဆိုလျှင် ကျွန်ုပ်သည် အမှောင်ထုထဲ၊ စာတန်၏ အုပ်စိုးမှု အောက်တွင် နေရလိမ့်မည်ဖြစ်သည်။ လူ၏ ဇာတိပကတိတွင် မည်သည့် အကျိုးကျေးဇူးများ ရှိပါသနည်း။ အကယ်၍ ကိုယ်တော်၏ ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ထံ၌ မရှိတော့လျှင် ယင်းမှာ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော် ကျွန်ုပ်အား စွန့်ခွာသကဲ့သို့၊ ကိုယ်တော် ကျွန်ုပ်နှင့်အတူ မရှိတော့ သကဲ့သို့ ဖြစ်ပေမည်။ ထိုသို့ဖြစ်လျှင် ကျွန်ုပ် မည်သို့ ရှင်သန်ရပါမည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်အား နာဖျားစေပြီး ကျွန်ုပ်၏ လွတ်လပ်ခွင့်ကိုယူလျှင်ပင် ကျွန်ုပ် ဆက်လက်ရှင်သန်နိုင်သေးသော်လည်း ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ထံ၌ မရှိတော့လျှင် ကျွန်ုပ်ရှင်သန်နိုင်မည် မဟုတ်တော့ပါ။ အကယ်၍ ကျွန်ုပ်ထံတွင် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ကင်းမဲ့ပါက စကားလုံးတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် အလွန်နက်ရှိုင်းသည့် မေတ္တာဖြစ်သော ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ်ဆုံးရှုံးရပါ လိမ့်မည်။ ကိုယ်တော်၏ မေတ္တာမပါလျှင် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ရမှာဖြစ်ပြီး ကိုယ်တော်၏ အသရေတင့်တယ်သော မျက်နှာတော်ကို မြင်တွေ့နိုင်မည်မဟုတ်ပါ။ ကျွန်ုပ် မည်သို့ ဆက်လက်ရှင်သန်နိုင်ပါ မည်နည်း။ ထိုသို့သောအမှောင်ထု၊ ထိုသို့သောဘဝတွင် ကျွန်ုပ်မည်သို့ ကြံ့ကြံ့ခံ ရပ်နိုင်ပါမည်နည်း။ ကိုယ်တော် ကျွန်ုပ်နှင့်အတူရှိခြင်းသည် ကိုယ်တော်ကို မြင်နေရသကဲ့သို့ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော်ကို ကျွန်ုပ် မည်သို့ စွန့်ခွာနိုင်ပါမည်နည်း။ စိတ်ချစေရန် အားပေးစကား အနည်းငယ်ပင် ဖြစ်ပါစေ၊ ကျွန်ုပ်၏ အမြင့်မားဆုံးသော နှစ်သိမ့်မှုကို သိမ်းယူမသွားပါရန် ကိုယ်တော်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါ၏၊ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို မွေ့လျော်ပြီး ယခု ကိုယ်တော့်ထံပါးမှ မခွာနိုင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့ မချစ်ဘဲ နေနိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကြောင့် ကျွန်ုပ်သည် ဝမ်းနည်း မျက်ရည်များကို ကျခဲ့ရသော်လည်း ထိုသို့သော အသက်တာသည် ပို၍လေးနက်သည်၊ ပို၍ တိုးတက်စေသည်၊ ကျွန်ုပ်ကို ပိုမိုပြောင်းလဲစေနိုင်သည်၊ လူသတ္တဝါအားလုံး ရရှိသင့်သည့် သမ္မာတရားကို ပိုမိုရနိုင်သည်ဟု ကျွန်ုပ် အမြဲခံစားရပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားမှာ “ထိုအရာ” ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။