စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၁၃)
ငါ့အသံ၏ကြေညာချက်များအတွင်း ငါ၏ရည်ရွယ်ချက်အချို့ ကွယ်ဝှက်နေလျက်ရှိကြ၏။ သို့သော် လူသားသည် ၎င်းတို့ တစ်ခုကိုမျှ သိနားလည်ခြင်းမရှိဘဲ၊ ငါ၏နှုတ်ကပတ်တော်အတွင်းမှ ငါ၏နှလုံးသားကို နားလည်နိုင်ခြင်းမရှိဘဲ သို့မဟုတ် ငါ၏နှုတ်ကပတ်တော်အတွင်းမှ ငါ၏အလိုဆန္ဒကို အလိုအလျောက် မသိဘဲ၊ ငါ၏နှုတ်ကပတ်တော်များကို ပြင်ပမှ လက်ခံရရှိနေလျက် ၎င်းတို့နောက်ကို ပြင်ပမှ လိုက်နေလျက်ရှိ၏။ ငါ၏နှုတ်ကပတ်တော်များကို ငါသည် ရှင်းလင်းစေပြီးလျှင်ပင် တစ်စုံတစ်ဦးသည် နားလည်ခဲ့သလော။ ငါသည် ဇိအုန်မှနေ၍ လူသားအတွင်းသို့လာ၏။ သာမန်လူသားတစ်ဦး၏ လူ့သဘာဝကို ငါသည်ဝတ်ဆောင်၍ လူသားတစ်ဦး၏ အရေပြားကို ဝတ်ဆင်ထားသဖြင့် လူတို့သည် ငါ၏ရုပ်သွင်ကို ပြင်ပမှ သိလာရုံသာ ရှိ၏။ သို့သော် ငါ့အတွင်း၌ရှိသောအသက်ကို ထိုသူတို့မသိ။ ဝိညာဉ်တော်၏ ဘုရားသခင်ကိုလည်း ထိုသူတို့မသိကြဘဲ ဇာတိခန္ဓာရှိသောလူသားကိုသာ သိ၏။ ဘုရားသခင်အစစ်အမှန်ကိုယ်တိုင်သည် သူ့အား သင်မှသိရန် ကြိုးပမ်းမှုနှင့် မထိုက်တန်သည်များ ဖြစ်နိုင်သလော။ ဘုရားသခင် အစစ်အမှန်ကိုယ်တိုင်သည် သူ့အား သင်မှ “ခွဲခြားစိတ်ဖြာ ဆန်းစစ်” ရန် ကြိုးပမ်းအားထုတ်မှုနှင့် မထိုက်တန်သည်များ ဖြစ်နိုင်သလော။ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ပျက်စီးမှုကို စက်ဆုပ်ရွံရှာသော်လည်း ၎င်းတို့၏အားနည်းမှုအတွက် ကရုဏာစိတ်ကို ငါခံစားရ၏။ ငါသည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ သဘာဝအဟောင်းကိုလည်း ကိုင်တွယ်ဖြေရှင်းနေ၏။ သင်သည် တရုတ်ပြည်ရှိ ငါ၏လူများအနက်တစ်ဦးအဖြစ် လူသားမျိုးနွယ်၏ အစိတ်အပိုင်းတစ်ရပ်လည်း မဟုတ်ပေဘူးလော။ ငါ၏လူတို့အားလုံးအကြားနှင့် ငါ၏သားအားလုံးအကြား၊ ဆိုလိုသည်မှာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးမှ ငါရွေးချယ်ခဲ့ပြီးသူများအကြား၊ သင်သည် အနိမ့်ဆုံးအုပ်စုတွင် ပါဝင်၏။ ထိုအကြောင်းရင်းကြောင့် ငါသည် သင်၌ အများဆုံးသောအင်အားပမာဏ၊ အကြီးမားဆုံးသောအားထုတ်ကြိုးပမ်းမှုကို အသုံးခံခဲ့ပြီးဖြစ်သည်။ ယနေ့သင်ခံစားနေရသည့် ကောင်းချီးမင်္ဂလာနှင့်ပြည့်စုံသောအသက်တာကို သင်မြတ်နိုးခြင်း မရှိသေး သလော။ ငါ့ကိုဆန့်ကျင်ရန်နှင့် သင်၏ကိုယ်ပိုင်အစီအမံများကိုစတင်ရန် သင်၏နှလုံးသားကို မာကျောနေစေသေးသလော။ ငါသည် သင့်အပေါ်သနားကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာ မရှိခဲ့တော့ပါက၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ ဖမ်းဆီးခြင်းကို ရှေးမဆွကပင် ခံခဲ့ရ၍ ၎င်း၏ခံတွင်းအတွင်း “နှစ်လိုဖွယ်ကောင်းသော အလုတ်များ” အဖြစ်သို့ ပြောင်းလဲခံခဲ့ရမည် ဖြစ်သည်။ ယနေ့ လူသားမျိုးနွယ်အားလုံးအလယ်တွင် ငါ့အတွက် အမှန်ပင် အသုံးခံ၍ ငါ့ကို အမှန်တကယ် ချစ်သူများသည် လက်တစ်ဘက်ရှိ လက်ချောင်းများတွင် ရေတွက်လောက်အောင် ရှားပါးနေဆဲဖြစ်သည်။ ယနေ့ “ငါ၏လူတို့” ဟူသည့် အမည်နာမသည်က သင်၏ကိုယ်ပိုင်ပစ္စည်း ဖြစ်ခဲ့ပြီးပြီလော။ သင်၏အသိတရားသည် ရေခဲကဲ့သို့ အမှန်တကယ်ပင် အေးသွားပြီလော။ သင်သည် ငါလိုအပ်သည့်လူတို့ဖြစ်ရန် အမှန်စင်စစ် ထိုက်တန်သလော။ အတိတ်ကို ပြန်တွေးတောကြည့်၍ ယနေ့ကို တဖန်ပြန်ကြည့်သည့်အခါ သင်တို့အနက် မည်သူသည် ငါ၏နှလုံးသားကို ကျေနပ်စေခဲ့သနည်း။ သင်တို့အနက် မည်သူသည် ငါ၏ရည်ရွယ်ချက်များအတွက် စစ်မှန်သော ဂရုစိုက်မှုပြခဲ့သနည်း။ ငါသည် သင့်အား လှုံ့ဆော်ခဲ့ခြင်းမရှိပါက သင်သည် နိုးကြားခဲ့ခြင်း ရှိဦးမည်မဟုတ်ဘဲ အေးခဲနေသောအနေအထားတွင်ကဲ့သို့ ရှိနေခဲ့မည်ဖြစ်၍ ဆောင်းခိုနေသည့် အနေအထားတွင်ကဲ့သို့ ထပ်မံရှိနေဦးမည်။
တလိပ်လိပ်ထနေသောလှိုင်းများအကြား လူသားသည် ငါ၏အမျက်ဒေါသကိုတွေ့၏။ လူးလွန့်နေသော တိမ်နက်များတွင် လူသားတို့သည် ရူးမတတ်ကြောက်လန့်သွားကြကာ၊ မည်သည့်နေရာသို့ ထွက်ပြေးရမှန်းမသိ၊ မိုးခြိမ်းသံနှင့် မိုးရည်တို့မှ ၎င်းတို့အား သယ်ဆောင်သွားမည်အလား ကြောက်လန့်နေကြ၏။ ၎င်းနောက် ဝေ့လည်နေသည့် နှင်းမုန်တိုင်း လွင့်မျော ဖြတ်ကျော်သွားပြီးနောက်၊ ၎င်းတို့သည် သဘာဝ၏လှပသောရှုခင်းတွင် ပျော်မြူးသည်နှင့်အမျှ ၎င်းတို့၏ စိတ်နေစိတ်ထားသည် တင်းမာမှုကင်းလာကာ ပေါ့ပါးလာ၏။ သို့သော် ထိုကဲ့သို့သောအချိန်များတွင် ၎င်းတို့အနက် မည်သူသည် လူသားတို့အပေါ် ငါထားရှိသည့် အတိုင်းမသိမေတ္တာကို တွေ့ကြုံခံစားဖူးသနည်း။ ၎င်းတို့၏နှလုံးသားတွင် ငါ၏ ပုံသဏ္ဌာန်သာရှိသော်လည်း ငါ့ဝိညာဉ်၏အနှစ်သာရကား မရှိပေ- ဤသည်မှာ လူသားသည် ငါ့အား ပွင့်လင်းစွာအာခံမှု ပြုမနေခြင်းများ ဖြစ်နိုင်သလော။ မုန်တိုင်းတိုက်ခတ်သွားပြီးနောက် လူသားအားလုံးသည် လူသစ်စိတ်သစ် ဖြစ်သွားသည့် အလား၊ အတိဒုက္ခဖြင့် စစ်ဆေးခြင်းခံရပြီးနောက် ၎င်းတို့သည် အလင်းနှင့်အသက်တို့ကို ပြန်လည် ရရှိသည့်အလား ဖြစ်၏။ ငါ၏ရိုက်နှက်ချက်များကို အောင့်ခံပြီးနောက် သင်သည် ယနေ့သို့ရောက်ရှိလာရန် ကောင်းမွန်သည့်ကံကြမ္မာလည်း ရှိခဲ့သည် မဟုတ်ပေဘူးလော။ သို့သော် ယနေ့ကုန်ဆုံး၍ မနက်ဖြန်ရောက်လာသည့်အခါ သင်သည် ရုတ်တရက် မိုးသည်းထန်စွာ ရွာပြီးနောက်တွင် လိုက်ပါခဲ့သည့် သန့်စင်မှုကို ထိန်းသိမ်းထားနိုင်မည်လော။ သင်၏စစ်ဆေးမှုနောက်တွင် လိုက်ပါလာသည့် ဆက်ကပ်မှုကို ထိန်းသိမ်းထားနိုင်မည်လော။ သင်သည် ယနေ့၏နာခံမှုကို ထိန်းသိမ်းထားနိုင်မည်လော။ သင်၏ ဆက်ကပ်မှုသည် တည်မြဲလျက် မပြောင်းလဲဘဲနေနိုင်မည်လော။ အကယ်စင်စစ် ဤသည်မှာ လူသား၏ ဖြည့်ဆည်းနိုင်စွမ်းထက် ကျော်လွန်သည့် တောင်းဆိုမှုတစ်ရပ် မဟုတ်ပေ။ တစ်နေ့ပြီးတစ်နေ့ ငါသည် လူသားတို့နှင့် နေထိုင်ကာ၊ လူသားမျိုးနွယ်အလယ်တွင် လူသားတို့နှင့် အတူလုပ်ကိုင်သော်လည်း ဤသည်ကို မည်သူကမျှ သတိပြုမိခြင်း မရှိခဲ့ပေ။ ငါ့ဝိညာဉ်၏လမ်းပြမှုသာ မရှိခဲ့ပါက လူသားမျိုးနွယ်တစ်ရပ်လုံးမှ မည်သူသည် ယနေ့ခေတ်တွင် ဆက်လက် တည်ရှိနေဦးမည်နည်း။ ငါသည် လူသားတို့ကို အဖော်ပြုလျက် နေထိုင်လုပ်ကိုင်သည်ဟု ငါပြောသောအခါ ငါသည် ချဲ့ကား၍ပြောခြင်းများ ဖြစ်နိုင်သလော။ အတိတ်က “ငါသည် လူသားတို့ကို ဖန်ဆင်းခဲ့၍၊ လူသားတစ်ရပ်လုံးကို လမ်းပြကာ၊ လူသားတစ်ရပ်လုံးကို ကွပ်ကဲအုပ်ချုပ်ခဲ့သည်” ဟု ငါပြောခဲ့၏။ အမှန်တကယ်ပင် ဤသို့ မဟုတ်သလော။ ဤအရာတို့နှင့် သင်၏အတွေ့အကြုံ မလုံလောက်သည်များ ဖြစ်နိုင်သလော။ “အစေခံသူ” ဟူသည့် စကားရပ်ကလေးသည် သင်တစ်သက်တာ အချိန်ကုန်ခံ၍ ခွဲခြမ်းစိတ်ဖြာရှင်းလင်းရန် လုံလောက်သင့်သည်။ အမှန်တကယ် အတွေ့အကြုံ မရှိဘဲ လူသားတစ်ဦးသည် ငါ့အား မည်သည့်အခါမျှ သိလာခဲ့မည်မဟုတ်၊ ငါ၏နှုတ်ကပတ်တော်တို့အားဖြင့် ငါ့အား မည်သည့်အခါမျှ သိလာနိုင်ခဲ့မည် မဟုတ်ပေ။ သို့ရာတွင် ယနေ့ ငါသည် သင်တို့အလယ်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ပြီးဖြစ်သည်- ဤအချက်သည် သင်ငါ့အားသိလာရေးတွင် အထောက်အကူပြုမည် မဟုတ်လော။ ငါ၏လူ့ဇာတိခံယူခြင်းသည် သင့်အတွက် ကယ်တင်ခြင်းပါမဟုတ်ခြင်းများ ဖြစ်နိုင်သလော။ ငါကိုယ်တိုင်အနေဖြင့် လူသားမျိုးနွယ်အတွင်း ဆင်းသက်လာခဲ့ခြင်း မရှိပါက လူသားမျိုးနွယ်တစ်ရပ်လုံးသည် ရှေးမဆွကပင် အယူအဆများ စိမ့်ဝင်ပျံ့နှံ့နေလျက်ရှိနေခဲ့ပေမည်။ ဆိုလိုသည်မှာ စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်နေခဲ့မည်။ အဘယ်ကြောင့်ဆိုသော် သင်ယုံကြည်သည့်အရာမှာ စာတန်၏ ပုံရိပ်သာဖြစ်၍ ဘုရားသခင်ကိုယ်တိုင်နှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့်ဖြစ်သည်။ ဤသည်မှာ ငါ၏ကယ်တင်ခြင်း မဟုတ်သလော။
စာတန်သည် ငါ၏ရှေ့မှောက်လာရောက်သည့်အခါ ငါသည် ၎င်း၏ရက်စက်ကြမ်းကြုတ်မှုအပေါ် တွန့်ဆုတ်သည် မဟုတ်ပေ။ ၎င်း၏အကျည်းတန်မှုကြောင့် ကြောက်ရွံ့ခြင်းလည်း မဖြစ်ပေ- ငါသည် ၎င်းအား လျစ်လျူရှုခြင်းသာ ပြု၏။ စာတန်သည် ငါ့အားသွေးဆောင်သည့်အခါ ငါသည် ၎င်း၏လှည့်စားခြင်းကို ထိုးထွင်းမြင်၍ ၎င်းအား ရှက်စိတ်နှင့် အရှက်ကွဲခြင်းတို့ဖြင့် အမြီးကုပ်သွားစေ၏။ စာတန်သည် ငါနှင့်တိုက်ခိုက်၍ ငါ၏ရွေးကောက်ခြင်း ခံရသောလူတို့ကို လုယူသွားရန် ကြိုးစားသည့်အခါ ငါ၏ဇာတိပကတိ၌ ငါသည် အစွမ်းကုန်အားထုတ်၏။ ထို့နောက် ငါ၏လူတို့ အလွယ်တကူ လဲပြိုခြင်းမရှိရန် သို့မဟုတ် ပျောက်ဆုံးခြင်းမရှိရန် ငါသည် ငါ၏ဇာတိပကတိ၌ ငါ၏လူတို့အား ထောက်မကာ လမ်းပြလျက် လမ်း၏အဆင့်တိုင်းတွင် ငါသည် ၎င်းတို့အား ဦးဆောင်၏။ ထို့နောက် စာတန်သည် ဆုံးရှုံးခြင်းဖြင့် နောက်ဆုတ်သည့်အခါ ငါ၏လူတို့၌ ငါသည် ဘုန်းထင်ရှားပြီးဖြစ်လိမ့်မည်။ ထို့အပြင် ငါ၏လူတို့သည် ငါ့အတွက် တောက်ပ၍ ထူးကဲသော သက်သေခံချက်ကိုလည်း ပေးပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် ငါသည် ငါ၏စီမံခန့်ခွဲမှုအစီအစဉ်အား ဖျက်လိုဖျက်ဆီးပြုသည့် အရာများကို အနက်ဆုံးသောတွင်းအတွင်းသို့ အပြီးအပြတ်ပစ်ချလိုက်မည်။ ဤသည်မှာ ငါ၏အစီအစဉ်ဖြစ်၏။ ဤသည်မှာ ငါ၏အမှုဖြစ်၏။ သင်တို့၏ဘဝများတွင် သင်သည်ဤသို့သောအခြေအနေမျိုးနှင့် ကြုံတွေ့သည့်နေ့ရက် ကျရောက်နိုင်သည်- သင်တို့ကိုယ်သင်တို့ စာတန်၏ဖမ်းဆီးမှုခံရန် သင်လိုလိုလားလား ခွင့်ပြုမည်လော၊ သို့မဟုတ် သင်သည် ငါ့အား သင့်ကို ရယူခွင့် ပြုမည်လော။ ဤသည်မှာ သင်ကိုယ်တိုင်၏ ကံကြမ္မာဖြစ်၍ သင်သည် ဤသည်ကို သတိဖြင့် စဉ်းစားရမည်။
နိုင်ငံတော်ရှိဘဝသည် လူတို့နှင့်ဘုရားသခင်ကိုယ်တိုင်တို့၏ ဘဝဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံး ငါ၏ စောင့်ရှောက်မှုနှင့် အကာအကွယ်အောက်တွင်ရှိ၍ အားလုံးသည် အဆင်းနီသောနဂါးကြီးနှင့် သေသည့်တိုင်အောင် တိုက်ပွဲဝင်နေကြ၏။ ဤနောက်ဆုံးတိုက်ပွဲတွင်အနိုင်ရရှိရန်၊ အဆင်းနီသောနဂါးကြီးကို အဆုံးသတ်ရန်၊ လူအားလုံးတို့သည် ၎င်းတို့၏ဖြစ်တည်ခြင်းတစ်ရပ်လုံးအား ငါ၏နိုင်ငံတော်တွင်ရှိ ငါ့ကို ဆက်ကပ်သင့်သည်။ “နိုင်ငံတော်” ဟု ငါဆိုသည့်အခါ ဘုရားသဘောသဘာဝ၏ ထောက်မအားပေးမှုအောက်တွင် တိုက်ရိုက်နေသည့်ဘဝကို ဆိုလိုသည်။ ၎င်းဘဝတွင် လူသားမျိုးနွယ် တစ်ရပ်လုံးကို ငါမှ တိုက်ရိုက်လမ်းပြသည်။ ငါမှ တိုက်ရိုက် သင်ကြားသည်။ ဤသည်မှာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘဝများသည် မြေကြီးပေါ်တွင် ရှိနေသေးသော်လည်း ကောင်းကင်ဘုံတွင် ရှိနေသကဲ့သို့၊ တတိယကောင်းကင်ရှိဘဝ၏ စစ်မှန်သော ပြယုဂ်ဖြစ်စေရန် ဖြစ်သည်။ ငါသည် ငါ၏ဇာတိပကတိ၌ရှိသော်လည်း ဇာတိပကတိ၏ ကန့်သတ်ချက်များကို မခံစားရပေ။ ငါသည် လူသားအလယ်သို့ ၎င်း၏ဆုတောင်းချက်များကို နားထောင်ရန် အကြိမ်ရေမည်မျှ လာခဲ့ပြီးပြီနည်း။ ထို့အပြင် ငါသည် လူသားတို့အကြား လမ်းလျှောက်လျက် ၎င်းတို့၏ ချီးမွမ်းမှုတွင် အကြိမ်ရေမည်မျှ မွေ့လျော်ခဲ့သနည်း။ လူသားတို့သည် ငါတည်ရှိကြောင်းကို မည်သည့်အခါကမျှ မသိခဲ့သော်လည်း ငါသည် ငါ၏အမှုကိုဤသို့ လုပ်ကိုင်ဆဲဖြစ်၏။ ငါကျိန်းဝပ်ရာ ထိုအရပ်သည် ငါ့အား ဖုံးကွယ်ထားသည့်နေရာ ဖြစ်သော်လည်း ၎င်းအရပ်၌ ငါသည် ငါ၏ရန်သူခပ်သိမ်းကို ရှုံးနိမ့်စေခဲ့ပြီး ဖြစ်သည်။ ငါကျိန်းဝပ်ရာအရပ်၌ ငါသည် မြေကြီးပေါ်တွင်နေထိုင်သည့် စစ်မှန်သောအတွေ့အကြုံကို ရရှိခဲ့ပြီးဖြစ်သည်။ ငါကျိန်းဝပ်ရာအရပ်၌ ငါသည် လူသား၏စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းကို လေ့လာလျက် လူသားမျိုးနွယ် တစ်ရပ်လုံးအား စောင့်ရှောက်နေကာ လမ်းညွှန်ပေးနေ၏။ လူသားမျိုးနွယ်သည် ငါ၏ရည်ရွယ်ချက်များအတွက် စာနာမှုရှိ၍ ငါ့နှလုံးသားကို ကျေနပ်စေလျက် ငါ့အားပျော်ရွှင်စေပါက ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံးအား ကောင်းချီးပေးမည်မှာ သေချာ၏။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ငါရည်ရွယ်ထားသည့်အရာပင်ဖြစ်သည် မဟုတ်လော။
လူသားမျိုးနွယ်သည် သတိမေ့မြောလျက်လဲလျောင်းနေစဉ် ငါ၏မိုးခြိမ်းသံများကြောင့်သာ လူတို့သည် ၎င်းတို့၏ အိပ်မက်များမှ နိုးထလာကြ၏။ ထို့အပြင် ၎င်းတို့၏မျက်လုံးများကိုဖွင့်သောအခါ ၎င်းတို့အများအပြားသည် ဤအေးသော ထွန်းလင်းမှု၏ ပြင်းစွာတိုးဝှေ့မှုများကြောင့် ဦးတည်ချက်ပျောက်ဆုံးသည်အထိ မျက်လုံးတွင်ထိခိုက်၍ မည်သည့်နေရာမှလာ၍ မည်သည့်နေရာသို့ သွားနေသည်ကို မသိကြပေ။ လူအများစုသည် လေဆာကဲ့သို့ရောင်ခြည်များ၏ ထိမှန်ခြင်းခံရ၍ ရလဒ်အနေဖြင့် မိုးသက်မုန်တိုင်းအောက်တွင် အပုံလိုက်လဲပြိုကြ၏။ ၎င်းတို့၏ခန္ဓာကိုယ်များသည် တသွင်သွင် စီးနေသော ရေအဟုန်တွင် မျောပါသွားကာ အစအနပင် မချန်ခဲ့ပေ။ အသက်ရှင်ကျန်ရစ်သူများသည် နောက်ဆုံး၌ အလင်းထဲတွင် ငါ၏မျက်နှာကို ရှင်းလင်းစွာမြင်နိုင်ကြ၍ ထိုအခါမှသာ ၎င်းတို့သည် ငါ၏မျက်နှာအား တိုက်ရိုက်မကြည့်ဝံ့တော့သည့် အတိုင်းအတာအထိ ငါ၏ပြင်ပသဏ္ဌာန်အကြောင်း တစ်စုံတစ်ရာ သိလာကြကာ ငါသည် ၎င်းတို့၏ဇာတိပကတိအပေါ် ငါ၏ပြစ်တင်ဆုံးမမှုနှင့် ကျိန်ဆိုမှုတို့ကို တဖန်ကျရောက်စေမည်ကို လွန်စွာကြောက်ရွံ့ကြ၏။ လူဘယ်နှစ်ဦး ထိန်းမနိုင်သိမ်းမရ ငိုကြွေးကြသနည်း။ လူဘယ်နှစ်ဦး မျှော်လင့်ချက် ကုန်ဆုံးသွားကြသနည်း။ လူဘယ်နှစ်ဦး ၎င်းတို့၏သွေးဖြင့် မြစ်များ ဖြစ်စေသနည်း။ လူဘယ်နှစ်ဦးသည် ဦးတည်ရာမဲ့ ဟိုသည်မျောနေသည့် အလောင်းကောင်များ ဖြစ်သွားကြသနည်း။ လူဘယ်နှစ်ဦးသည် အလင်း၌ မိမိတို့၏နေရာကို တွေ့ရှိလျက် အသည်းရုတ်တရက်နာကျင်ကာ နှစ်ပေါင်းကြာရှည်သော မပျော်ရွှင်မှုအတွက် မျက်ရည်ကျသနည်း။ လူဘယ်နှစ်ဦးသည် ဆိုးရွား၍ စူးရှတောက်ပသော အလင်းအောက်တွင် ၎င်းတို့၏ မသန့်စင်မှုကို ဝန်ခံ၍ မိမိကိုယ်ကိုပြောင်းလဲရေးအတွက် ဆုံးဖြတ်ချက် ချကြသနည်း။ လူဘယ်နှစ်ဦးသည် မျက်စိကန်းသွားကြကာ အသက်ရှင်ခြင်း၏ပျော်ရွှင်မှုဆုံးရှုံးခဲ့ပြီးဖြစ်၍ အကျိုးသက်ရောက်မှုအနေဖြင့် အလင်းကို သတိပြုလိုစိတ် မရှိသဖြင့် ဆက်လက်၍ရပ်တန့်နေကာ ၎င်းတို့၏အဆုံးကို စောင့်နေကြသနည်း။ ထို့အပြင် လူဘယ်နှစ်ဦးသည် ဘဝ၏သင်္ဘောရွက်များကိုမြှင့်နေကြကာ၊ အလင်း၏လမ်းပြမှုအောက်၌ ၎င်းတို့၏မနက်ဖြန်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေကြသနည်း။...ယနေ့ လူသားမျိုးနွယ်အကြား မည်သူသည် ဤအနေအထားတွင် တည်ရှိမနေသနည်း။ မည်သူသည် ငါ၏အလင်းအတွင်း မတည်ရှိသနည်း။ သင်သည် သန်မာလျှင်ပင်၊ သို့မဟုတ် သင်သည် အားနည်းသည်ဆိုပါစို့၊ ငါ၏အလင်းလာခြင်းကို သင်မည်သို့ရှောင်ရှားနိုင်မည်နည်း။
၁၉၉၂ ခုနှစ်၊ မတ်လ ၁၀ ရက်
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားတွင် “အမည်နာမ” ဟူသည့် စကားရပ် မပါဝင်ပါ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။