မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည် (အပိုင်း နှစ်)

လူများစွာတို့သည် တာဝန်များကို ထမ်းဆောင်လိုကြသည်။ ထို့အပြင် အချို့မှာ တာဝန်များကို ထမ်းဆောင်ဖို့ ဆန္ဒရှိကြသော်လည်း ၎င်းတို့အားလုံးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အဘယ်ကြောင့် အလွန်ခက်ခဲနေကြသနည်း။ ၎င်းတို့နားလည်သည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ကြည့်ဖို့ပင်လျှင် အဘယ်ကြောင့် ၎င်းတို့ မလုပ်ဆောင်နိုင်ရသနည်း။ ဤနေရာတွင် အတိအကျ မည်သည့်အရာဖြစ်နေသနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ခက်ခဲသည်ဟု သင်တို့ ထင်ကြသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းကို သင်တို့သည် အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း။ (ကျွန်ုပ်တို့သည် သမ္မာတရားကို မနှစ်သက်ကြပါ။) သမ္မာတရားကို မနှစ်သက်ခြင်းက မည်သည့်အရာနှင့်ဆက်စပ်နေသနည်း။ (လူတစ်ဦး၏ သဘာဝနှင့်ဆက်စပ်နေသည်။) ယင်းသည် လူတစ်ဦး၏ လူ့သဘာဝနှင့်လည်းကောင်း၊ သဘာဝနှင့်လည်းကောင်း ဆက်စပ်နေသည်။ လူ့သဘာဝ မရှိသောလူများတွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိပေ။ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို မချစ်နိုင်ပေ။ ထို့အပြင် ၎င်းတို့က ယင်းသည် အနည်းငယ်သာ အသုံးဝင်သည်ဟု ခံစားကြရသည်။ အကယ်၍ ၎င်းတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက ၎င်းတို့သည် အခွင့်အရေးများကို လက်လွှတ်ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် လူနုံလူအများအတွက် ဖြစ်သည်ဟုလည်း ၎င်းတို့က ယုံကြည်ကြသောကြောင့် သမ္မာတရားကို လိုက်စားဖို့ မလိုအပ်ဟု ၎င်းတို့က ထင်ကြသည်။ ဥပမာအနေဖြင့် လူအချို့ကို အခြားသူများက စိတ်အနှောင့်အယှက်ဖြစ်စေသောအခါ “ငါသည် လက်စားချေရအောင် တစ်ခုခုပြန်လုပ်ဖို့ လိုအပ်သည်။ ငါ မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို ၎င်းတို့ သိစေရမည်” ဟု ၎င်းတို့သည် တွေးစပြုလာသည်။ ၎င်းတို့၏အထဲတွင် ဤကဲ့သို့သောအတွေးတစ်ခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အတွေးများဖြစ်မြောက်အောင် လုပ်ဆောင်ဖို့ လိုအပ်သလော။ လူများတွင် မကောင်းသောအတွေးများ ပေါ်ပေါက်လာသည်မှာ ၎င်းတို့သည် မိမိတို့သဘာဝများ၏ လွှမ်းမိုးခြင်းကို ခံထားရသောကြောင့် ဖြစ်သော်လည်း ဤကဲ့သို့သော အတွေးများအပေါ် လူအားလုံးက လက်တွေ့ ဆောင်ရွက်သလော၊ ယင်းတို့ကို အလေးဂရုပြုမိကြသလော။ (ကိစ္စများအားလုံးအပေါ်တွင် မဟုတ်ပါ။) မတူကွဲပြားသည့်ကိစ္စများ မည်မျှရှိကြသနည်း။ (တစ်ခါတစ်ရံတွင် အခြေအနေ မပေးပါ၊ ထို့ကြောင့် လူများသည် ၎င်းတို့၏ ဆိုးယုတ်သောအတွေးများကို ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကြပြီး ၎င်းတို့၏ အတွေးများသည် ဆိုးယုတ်သည်ကို သတိပြုမိသောကြောင့် မိမိတို့ကိုယ်ကို အသိရှိစွာ ထိန်းချုပ်ကြ၍လည်း ဖြစ်နိုင်သည်။) မှန်သည်၊ လူအချို့သည် ၎င်းတို့၏ ဆိုးယုတ်သော အတွေးများကို အလေးဂရုထားကြသည့်အပြင် အခွင့်အရေးရသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို စိတ်ဖြည့်ဆည်းရန် ထိုအတွေးများကို လက်တွေ့ဆောင်ရွက်ကြသည်။ ဤသည်တို့မှာ ဆိုးယုတ်သော လူများဖြစ်ကြသည်။ ဆိုးယုတ်သော လူတစ်ယောက်က သူ့ခေါင်းထဲတွင် မည်သည့်ဆိုးယုတ်သော အကြံအစည်မျိုးရှိပါစေ ယင်းသည် မှန်ကန်သည်ဟု ၎င်းတို့ အစဉ်သဖြင့် ထင်ကြသည်။ ထို့အပြင် ယင်းအကြံအစည်ကို လက်တွေ့အရှိတရားဖြစ်အောင် ပြောင်းလဲပစ်ဖို့ အခွင့်အလမ်းတစ်ခုကို ၎င်းတို့သည် အမြဲတစေ ရှာဖွေလိုကြသည်။ ဆိုလိုသည်မှာ ယင်းတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ရယူဖို့အလို့ငှာ ၎င်းတို့၏စိတ်ကို တကယ့်လုပ်ရပ်များအဖြစ်သို့ ပြောင်းပစ်လိုက်ကြကာ ၎င်းတို့၏ဆိုးယုတ်သောအတွေးများကို လုပ်ရပ်များအဖြစ်သို့ ၎င်းတို့ ပြောင်းလဲပစ်ကြသည်။ ၎င်းတို့သည် ယုတ္တိမရှိကြပေ၊ ၎င်းတို့သည် မချုပ်တည်းထားကြပေ၊ ထို့အပြင် မိမိတို့ကိုယ်ကို ချုပ်ထိန်းဖို့ ၎င်းတို့၏အသိစိတ်ကို မသုံးကြသကဲ့သို့ ၎င်းတို့၏လုပ်ရပ်များ လျော်ကန်မှုရှိခြင်းကိုဖြစ်စေ၊ အကျိုးဆက်များကိုဖြစ်စေ၊ မိမိတို့ကိုယ်ကို သို့မဟုတ် အခြားသူများအပေါ် ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက်မှု သို့မဟုတ် အန္တရာယ်တို့ကိုဖြစ်စေ အကဲဖြတ်ဖို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခြင်းလည်း ၎င်းတို့ မလုပ်ကြပေ။ ဤအရာများအကြောင်း ၎င်းတို့သည် သတိပင်မပြုမိကြချေ။ ၎င်းတို့၏ စိတ်တိုင်းကျ လုပ်ဆောင်ကြပြီး “ယောက်ျားအစစ်အမှန်ဟူသည် ရက်စက်ရမည်။ လူများသည် ဆိုးယုတ်ပြီး ရက်စက်ရမည်။ ၎င်းတို့ မရက်စက်လျှင် ၎င်းတို့ကို လူတိုင်းက အနိုင်ကျင့်ကြလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် လူတိုင်းက ဆိုးယုတ်သောလူတစ်ဦးကို ကြောက်ရွံ့သည်” ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ၎င်းတို့ ပိုတွေးလေလေ၊ ဤနည်းအတိုင်း တွေးသည်မှာ မှန်ကန်သည်ဟု ၎င်းတို့ ပိုလက်ခံယုံကြည်လာစေလေလေ ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဤနည်းအတိုင်း ပြုမူကြတော့သည်။ ထိုကဲ့သို့သော လူတစ်ယောက်၏ အပြုအမူကို ဆင်ခြင်တုံတရားနှင့် အသိစိတ်တို့ဖြင့် ချုပ်ထိန်းထားသလော။ (ချုပ်ထိန်းမထားပါ။) ယင်းသည် ထိုကဲ့သို့သောကန့်သတ်ချက်အောက်တွင် မရှိပေ။ နောက်ထပ်လူတစ်မျိုးတွင်လည်း ဤကဲ့သို့သော အတွေးများရှိသည်။ ထို့အပြင် ၎င်းတို့ တွေးသောအခါ ၎င်းတို့၏ အားမလိုအားမရဖြစ်မှုကို ထွက်ပေါက်ရှာဖို့ ၎င်းတို့သည် ပစ္စည်းများကို ရိုက်ခွဲပစ်ကောင်း ရိုက်ခွဲလိုက်နိုင်သော်လည်း လုပ်ဆောင်ရမည့်အချိန်သို့ ရောက်လာသောအခါ ၎င်းတို့၏ အတွေးများကို လုပ်ရပ်များအဖြစ်သို့ ၎င်းတို့ ပြောင်းလဲပစ်မည်မဟုတ်ချေ။ အဘယ်ကြောင့် ၎င်းတို့ မပြောင်းလဲမည်နည်း။ (အကြောင်းမှာ ၎င်းတို့၏အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ဒုစရိုက်အမှုများကို ကျူးလွန်ခြင်းမှ ၎င်းတို့ကို ဟန့်တားနိုင်သောကြောင့်ဖြစ်ပါသည်။) ၎င်းတို့တွင် အမှားနှင့် အမှန်ကို ကောင်းစွာသိမြင်ဖို့ စွမ်းရည်အပါအဝင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ရှိသည်။ ထို့အပြင် “ကျွန်ုပ်သည် ဤနည်းဖြင့် မလုပ်ဆောင်နိုင်ပါ။ ထိုသို့လုပ်ဆောင်ခြင်းသည် အကျိုးဆက်အနေဖြင့် အခြားသူများကို ဒုက္ခပေးသည့်အပြင် မိမိကိုယ်ကိုပါ ဆုံးရှုံးမှုများ ဖြစ်စေမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဝဋ်လည်ခြင်းပင် ဖြစ်နိုင်သည်” ဟု ၎င်းတို့ စိတ်ပိုင်းဖြတ်ထားနိုင်သည်။ ၎င်းတို့၏ အတွေးများသည် မှန်သည် သို့မဟုတ် မှားသည်၊ သို့မဟုတ် ကောင်းသည်၊ သို့မဟုတ် ဆိုးယုတ်သည်ကို ၎င်းတို့ အကဲဖြတ်နိုင်သည်။ ဒေါသပေါက်ကွဲပြီးနောက် “ငါက မည်သည့်နေရာတွင်မဆို အတတ်နိုင်ဆုံး ညှာညှာတာတာဖြစ်သင့်သည်။ ကိစ္စမရှိပါ။ နောင်တွင် ထိုလူနှင့် မဆက်ဆံရုံသာ ရှိသည်။ ဤအရာမှ ငါ သင်ခန်းစာယူရမည်။ ပြီးလျှင် နောင်တွင် ထပ်၍ အလိမ်မခံရဖို့ ကြိုးစားရမည်။ လက်စားချေဖို့မလိုပါ” ဟု ၎င်းတို့သည် ဆင်ခြင်စဉ်းစားကြလိမ့်မည်။ ထို့နောက်တွင် ဤသည်က ၎င်းတို့ကို မိမိကိုယ်ကို ချုပ်တည်းစေလိမ့်မည်။ ဤ “ကန့်သတ်ချက်” သည် မည်သည့်အခြေခံအကြောင်းရင်းအပေါ်တွင် တည်ဆောက်ထားသနည်း။ ၎င်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ မည်သည့်အရာက မှန်သည်နှင့် မည်သည့်အရာက မှားသည်တို့ကို ဆုံးဖြတ်နိုင်သည့် စွမ်းရည်တစ်ခု၊ ၎င်းတို့၏အပြုအမူအနေအထိုင်အတွက် အခြေခံစည်းတစ်ခုနှင့် ၎င်းတို့၏ရွေးချယ်မှုများနှင့် အထုံဝါသနာတို့ ၎င်းတို့တွင် ရှိခြင်းဟူသည့် အခြေခံအကြောင်းရင်းအပေါ်တွင် တည်ဆောက်ထားသည်။ ၎င်းတို့၏အထုံဝါသနာဟူသည် အဘယ်နည်း။ ၎င်းတို့သည် မကောင်းမှုကို မကောင်းမှုဖြင့် တုံ့ပြန်ဖို့ မလိုလားကြပေ။ ထိုအစား မကောင်းသောကိစ္စများနှင့် ဆိုးယုတ်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ဖို့ ပို၍လိုလားကြသည်။ ထို့ကြောင့်သာ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းဖို့နှင့် ၎င်းတို့၏အတွေးများကို လက်တွေ့မဆောင်ရွက်ဖို့ နောက်ဆုံးတွင် ဆုံးဖြတ်ကြသည်။ ၎င်းတို့သည် စိတ်လည်းဆိုးကြသည်။ ထို့အပြင် ၎င်းတို့သည် ဒေါသအလျောက်လည်း ရက်စက်သောလုပ်ရပ်အချို့ကို ကျူးလွန်ချင်ကြသည် သို့မဟုတ် ရက်စက်သော စကားလုံးအချို့ကို ပြောချင်ကြသည်။ သို့ရာတွင် လက်တွေ့ယူဆောင်ရွက်ဖို့ အချိန်ကျရောက်လာသောအခါ ၎င်းတို့သည် ချုပ်တည်းထားကြသည်၊ မိမိတို့ကိုယ်ကို ဟန့်တားကြပြီး လက်တွေ့ဆောင်ရွက်ခြင်း မရှိကြပေ။ ၎င်းတို့၏အတွေးနယ်ပယ်အတွင်းတွင် ဆိုးယုတ်မှုကို ကန့်သတ်ထိန်းချုပ်ထားပြီး လုပ်ဆောင်ချက် သို့မဟုတ် ဖြစ်ရပ်မှန်တစ်ခု ဖြစ်မလာတော့ပေ။ ဤလူစားမျိုး နှစ်မျိုးလုံးတွင် မကောင်းသောအတွေးများ ရှိကြသည်။ ထို့ကြောင့် ဤတစ်မျိုးနှင့် ယခင်က ဖော်ပြထားသည့် ၎င်းတို့၏လုပ်ရပ်များကို ၎င်းတို့၏ ဆိုးယုတ်သော အတွေးများက ဦးဆောင်လမ်းပြသည်ကို ခွင့်ပေးသည့် လူစားမျိုးတို့အကြားရှိ သဘာဝအရ ကွာခြားချက်သည် အဘယ်နည်း။ (ဤလူစားမျိုးတွင် မွန်မြတ်သော သဘာဝတစ်ခုရှိသောကြောင့် ၎င်းတို့ကို ဆိုးယုတ်သော အတွေးများဖြင့် မထိန်းချုပ်နိုင်ပါ။) ဤလူအမျိုးအစားနှစ်မျိုး၏ သဘာဝများအကြား ကွာခြားချက်တစ်ခုရှိသည်။ လူအချို့သည် မိမိတို့အား အခြားသူများ၏ ဝေဖန်ခြင်း၊ ဖော်ထုတ်ခြင်း၊ သို့မဟုတ် ပြုပြင်ခြင်းကို ခံရသောအခါ အမုန်းတရား၊ မနာခံမှုနှင့် စိတ်မကျေနပ်ချက်တို့ဖြင့် ပြည့်နှက်နေကြသည်။ ပြီးလျှင် ၎င်းတို့သည် ရန်ငြိုးထားသည့် သဘောတစ်ခုကို ခံယူကြသည်။ သို့ရာတွင် အခြားလူများသည် ဤအခြေအနေများကို မှန်ကန်စွာနှင့် ယုတ္တိရှိရှိ ရင်ဆိုင်နိုင်ကြသည်။ အကယ်၍ ပြောခဲ့သည့်အရာက မှန်နေပါက ၎င်းတို့သည် လက်ခံနိုင်ကြသည်၊ ပြီးနောက် ယင်းမှ သင်ခန်းစာတစ်ခုကို ယူကြသည်။ ၎င်းတို့သည် ကျိုးနွံနာခံပြီး လက်ခံသည့် သဘောထားတစ်ခုကို ခံယူကြသည်။ ဤလူအမျိုးအစားနှစ်မျိုးအနက်မှ မည်သည့်တစ်မျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သနည်း။ (အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံနိုင်ကာ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်သည့် လူစားမျိုးဖြစ်ပါသည်။) ထိုကဲ့သို့သော လူတစ်ယောက်တွင် အသိစိတ် အတန်ငယ်ရှိသည်ဟု အဘယ်ကြောင့် သင်ဆိုသနည်း။ (အကြောင်းမှာ ၎င်းတို့၏အသိစိတ်က ၎င်းတို့အပေါ် အကျိုးသက်ရောက်မှုတစ်ခု ရှိသောကြောင့်ဖြစ်ပါသည်၊ ၎င်းက ၎င်းတို့၏ဆိုးယုတ်သည့် အတွေးများကို ထိန်းချုပ်သည်။) မှန်သည်၊ ထိုသို့ ဖြစ်နေသည်။ ၎င်းတို့၏အသိစိတ်သည် ၎င်းတို့အပေါ် ထိန်းချုပ်ခြင်း၊ ဦးဆောင်လမ်းပြခြင်းနှင့် ၎င်းတို့၏အတွေးများကို ယုတ္တိတန်အောင်လုပ်ပေးခြင်းဖြင့် အကျိုးသက်ရောက်မှုတစ်ခု ရှိနေပါသည်။ ယင်းတွင် အကျိုးသက်ရောက်မှုတစ်ခုရှိပါသည်။ အခြားလူစားမျိုး၏ အသိစိတ်တွင် အကျိုးသက်ရောက်မှုတစ်ခုရှိသလော။ မရှိပေ၊ အကျိုးသက်ရောက်မှုတစ်ခု မရှိပေ။ ထိုလူများသည် တစ်ခါတစ်ရံတွင် စဉ်းစားရုံသာစဉ်းစားကြသော်လည်း နောက်ပိုင်းတွင်မူ ၎င်းတို့သည် ၎င်းတို့ ပုံမှန်လုပ်နေကျအတိုင်း ပြုမူနေဆဲပင်ဖြစ်သည်။ ၎င်းတို့၏အသိစိတ်သည် အလှဆင်ခြင်းထက် မည်သည့်အရာမျှ မပိုပေ။ ထို့အပြင် ယင်း၏ တည်ရှိမှုသည် အကျိုးမရှိပေ။ ဤလူအမျိုးအစားများအနက်မှ မည်သည့်လူစားမျိုးသည် လူ့သဘာဝကို အတော်အသင့် ပိုင်ဆိုင်သနည်း။ (သူ၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတွင် အကျိုးသက်ရောက်မှုတစ်ခုရှိသောသူဖြစ်ပါသည်။) အသိစိတ်တွင် အကျိုးသက်ရောက်မှုတစ်ခုရှိသောသူများတွင် အမှား၊ အမှန် ခွဲခြားနိုင်စွမ်းရှိပြီး ၎င်းတို့၏ဒုစရိုက်မှုများကို ထိန်းချုပ်နိုင်ကြသည်။ ဤကဲ့သို့သောလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သမ္မာတရားလိုက်စားခြင်းကို ရယူနိုင်သည်။ ကောင်းသောကိစ္စများကို လုပ်ဖို့ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများအတိုင်း ကိစ္စများကို ကိုင်တွယ်ဖို့ လူအချို့ကို သင်မေးသောအခါ ၎င်းတို့၏အသိစိတ်သည် ၎င်းတို့အပေါ်တွင် အကျိုးသက်ရောက်မှုမရှိပေ။ မှန်ကန်သည်ဟု ၎င်းတို့သိထားသည့်အရာကို လုပ်ရမည့်အစား ၎င်းတို့နှစ်သက်သလိုသာ လုပ်ကြသည်။ ၎င်းတို့သည် အတင်းအဖျင်းပြောဖို့၊ တစ်ပါးသူတို့ကို ဝေဖန်အပြစ်တင်ဖို့နှင့် အခြားသူများကို မြှောက်ပင့်ဖို့ သို့မဟုတ် ဖော်လံဖားဖို့ ဆန္ဒရှိကြသည်။ ထို့အပြင် ၎င်းတို့သည် ဤအရာများကို တုံ့ဆိုင်းခြင်းမရှိဘဲ လုပ်ကြသည်။ သင်တို့သည် မည်သည့်လူစားမျိုးဖြစ်ကြသနည်း။ (ကျွန်ုပ်သည် လူ့အကြိုက်လိုက်သူတစ်ဦးဟု ထင်သည်။) လူ့အကြိုက်လိုက်သူများသည် ၎င်းတို့၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ဖြင့် ချုပ်တည်းသလော။ ၎င်းတို့သည် အမှားနှင့် အမှန်ကြားက ကွာခြားချက်ကို ခွဲခြားသိမြင်နိုင်သလော။ (လူ့အကြိုက်လိုက်သူများသည် မည်သူက မှန်ပြီး မည်သူက မှားသည်ကို အမှန်တကယ် ပြောနိုင်သည်ဟု ကျွန်ုပ် ထင်သည်၊ သို့သော် ၎င်းတို့တွင် တရားမျှတစိတ်မရှိပေ၊ အသင်းတော်၏အလုပ်ကို မကာကွယ်ပေ၊ ထို့အပြင် စာတန်ဆန်သော အတွေးအခေါ်များဖြင့် အတန်အသင့် ပြင်းထန်သောအဆင့်တစ်ခုအထိ ရောက်အောင် လွှမ်းမိုးခြင်း ခံထားရသည်။ ဥပမာအနေဖြင့် တစ်ခုခုအကြောင်း တစ်စုံတစ်ယောက်က ကျွန်ုပ်ကို မေးသောအခါ ကျွန်ုပ်က ထိုနေရာတွင် မရှိသောအခြားလူတစ်ဦးကို ရည်ညွှန်းပါက ကျွန်ုပ်သည် ရိုးသားစွာ စကားပြောနိုင်သည်၊ သို့သော် အကယ်၍ ၎င်းတို့က ထိုနေရာတွင် ရှိနေပါက ကျွန်ုပ် ချုပ်တည်းထားပြီး တိုက်ရိုက်မပြောတော့ပါ။) လူများစွာတို့သည် သမ္မာတရားကို မချစ်သော်လည်း သို့မဟုတ် ၎င်းကို မလိုက်စားသော်လည်း စင်စစ်အားဖြင့် ၎င်းတို့တွင် ၎င်းတို့၏ အမျိုးမျိုးသောအခြေအနေများကို နားလည်ခြင်းအချို့ရှိကြသည်။ သင်သည် သမ္မာတရားကို ချစ်၊ မချစ် သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဆိုသည့်အကြောင်းကို လောလောဆယ်တွင် မေ့ထားလော့။ ပထမဦးစွာ သင်အမျိုးအစား ခွဲခြားနိုင်သည့် သင်၏ထိုဖောက်ပြန်ပျက်စီးသည့်အခြေအနေများကို တဖြည်းဖြည်း တိုးတက်ဖို့နှင့် ပြောင်းလဲဖို့ ကြိုးစားကြည့်လော့။ ထိုနည်းဖြင့် သင်သည် လမ်းကြောင်းမှန်ပေါ်သို့ ဖြည်းဖြည်းချင်း ရောက်လာလိမ့်မည်။ သင်သတိပြုမိသည့်အရာများကို ပြောင်းလဲခြင်းဖြင့် စတင်လော့။ ဆိုလိုသည်မှာ သင်၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က သိမြင်နိုင်သည့်အရာများ သို့မဟုတ် မမှန်ကန်သည့် အခြေအနေများ၊ အဆိုပြုချက်များ၊ စိတ်ကူးအကြံအစည်များနှင့် သင့်စိတ်က သိနိုင်ပြီး အမျိုးအစားခွဲခြားနိုင်သောအမြင်များ စသဖြင့် ဖြစ်သည်။ သင်သတိပြုခံစားမိနိုင်သည့် ဤအရာများကို ပြောင်းလဲခြင်းဖြင့် စတင်လော့။ အကယ်၍ သင်သည် ဤအရာများကို ပြောင်းလဲနိုင်ပါက သင်သည် တော်တော်များများကို ရပြီးဖြစ်လိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ယောက်ဖြစ်လိမ့်မည်၊ သင်သည် ယုတ္တိရှိရှိ ပြုမူလိမ့်မည်။ သင်၏ကိုယ်ပိုင် မမှန်ကန်သောအခြေအနေများကို ကောင်းစွာ သိမြင်နိုင်လိမ့်မည်၊ ထို့အပြင် သမ္မာတရားရဖို့ ကြိုးပမ်းနိုင်လိမ့်မည်။ ဤနည်းဖြင့် သင်သည် အမှုကိစ္စများကို စည်းမျဉ်းများဖြင့်ကိုင်တွယ်နိုင်လိမ့်မည်၊ ပြီးလျှင် သမ္မာတရားစစ်မှန်မှုများအတွင်းသို့ ဝင်ရောက်နိုင်လိမ့်မည်။ ထို့နောက်တွင် သင်၏တာဝန်ကို စံချိန်မီမီ ထမ်းဆောင်နိုင်လိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး သင်၏တာဝန်တွင် လက်တွေ့ကျသောပြဿနာများကို ဖြေရှင်းနိုင်ပါက သင်သည် ပို၍နည်းနည်းလာသော အခက်အခဲများကို ရင်ဆိုင်လာရလိမ့်မည်။ ဥပမာအနေဖြင့် ယခင်က သင့်ကို လွတ်လပ်စွာ စကားပြောခြင်းမှ ဟန့်တားနေခဲ့သည့် အရာတစ်ခု သင်၏စိတ်နှလုံးထဲတွင် အစဉ်သဖြင့် ရှိနေခဲ့သောကြောင့် သင်သည် အခြားသူများထံတွင် သင်မြင်ခဲ့သည့်ပြဿနာများကို တိုက်ရိုက် မထောက်ပြခဲ့ဟု ဆိုကြပါစို့။ ထိုအစား သင်သည် ကြားကောင်းသည့် စကားလုံးများဖြင့် အစဉ်သဖြင့် ဝေ့လည်ကြောင်ပတ် လုပ်သည်။ အကြောင်းမှာ သင်သည် အခြားသူများကို ထိခိုက်နာကျင်အောင်လုပ်မိမည်ကို ကြောက်ရွံ့ခဲ့သောကြောင့်ဖြစ်သည်။ ထို့အပြင် မာန၊ ခံစားချက်များနှင့် လူအချင်းချင်း ဆက်ဆံရေးများအတွက် အမြဲ စိုးရိမ်ခဲ့သောကြောင့်ဖြစ်သည်။ ယခုတွင်မူ သင်သည် ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ပေ။ ပြဿနာတစ်ခုရှိသောအခါ သင်သည် ယင်းနှင့်ပတ်သက်၍ တိုက်ရိုက် ရှင်းလင်းပြတ်သားစွာ ပြောသည်။ ထို့အပြင် သင်သည် အခြားသူများ၏ပြဿနာများကို ထောက်ပြနိုင်ပြီး သင်၏တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသည်။ သင်၏စိတ်နှလုံးထဲတွင် စိုးရိမ်မှုများ သို့မဟုတ် အခက်အခဲများ မရှိတော့ပေ။ ထို့အပြင် သင်ပါးစပ်ဟလိုက်သောအခါ အခြားအကြောင်းအရင်း တစ်ခုခု၏ ထိခိုက်ခြင်းဖြစ်စေ၊ ဘောင်ခတ်ခြင်းဖြစ်စေ မခံရဘဲ သင်သည် စိတ်နှလုံးထဲမှနေ၍ တိုက်ရိုက် စကားပြောနိုင်ပြီဖြစ်သည်။ ယခုအခါတွင် သင်သည် သင်လုပ်သည့်အရာတွင် စည်းမျဉ်းများကို သင်လိုက်လျှောက်ရမည်၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များနှင့်အညီ သင်နေထိုင်၍ မဖြစ်သည့်အပြင် သင်၏မာနကို သင်သည် ဘေးဖယ်ထားရမည်ဖြစ်ပြီး စည်းမျဉ်းများကို ဆုပ်ကိုင်ထားရမည်ဟု သင်သိသည်။ ဤအရာများသည် ပို၍ပို၍ ရှင်းလင်းလာပြီး သင်၏မာနသည် သင့်အပေါ်တွင် အလွန် ပြင်းထန်သော အကျိုးသက်ရောက်မှုတစ်ခု ရှိတော့မည်မဟုတ်ပေ။ ထို့အပြင် သင်၏မာန သို့မဟုတ် ခံစားချက်များ၏ ဘောင်ခတ်ခံရခြင်းမရှိတော့ဘဲ သင် စကားပြောနိုင်လာသည်။ တရားမျှတသောစကားလုံးအချို့ကို သင်ပြောနိုင်လာပြီး သင်၏စိတ်နှလုံးထဲတွင် ကသိကအောက်နိုင်မှုကို မခံစားရတော့ပေ။ တစ်နည်းဆိုရလျှင် သင့်ကို အနှောင့်အယှက် ပေးနိုင်သောအရာများ ပို၍နည်းနည်းလာသည်။ သင်သည် ၎င်းတို့ကို ထိုးဖောက်ကျော်လွှားနိုင်သည်၊ ၎င်းတို့ကို လက်လွှတ်နိုင်သည်၊ ထို့အပြင် ၎င်းတို့၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်လာသည်။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများအတိုင်း အလုပ်လုပ်၍ စကားပြောဆိုသောအခါ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ ထို့အပြင် သင်၏စိတ်နှလုံးသည် ဆင်းရဲဒုက္ခကို ခံရတော့မည်မဟုတ်ပေ။ ထိုအစား ဤအရာက လုံးလုံးလျားလျား သဘာဝကျမှုကို ခံစားရစေလိမ့်မည်၊ သင်၏အသိစိတ်သည် ငြိမ်းချမ်းနေလိမ့်မည်၊ ထို့အပြင် သင်၏လုပ်ရပ်များသည် ၎င်းတို့ဖြစ်သင့်သည့်အတိုင်း ကွက်တိဖြစ်နေသည့်အလား သင်ခံစားရလိမ့်မည်။ သင်၏မျက်နှာအမူအရာနှင့် လုပ်ရပ်များသည် သဘာဝကျနေလိမ့်မည်ဖြစ်ပြီး သင်၏အခက်အခဲများသည် အသေးအဖွဲသာဖြစ်နေလိမ့်မည်။ ဤသည်က အပြောင်းအလဲမဟုတ်ဘူးလော။

လူတို့၏ အပြုအမူနှင့် ကမ္ဘာလောကကို ဆက်ဆံသည့်နည်းလမ်းများသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံရမည်။ ဤသည်မှာ လူသား၏ ပြုမူနေထိုင်ခြင်းအတွက် အခြေခံအကျဆုံး စည်းမျဉ်း ဖြစ်သည်။ လူတို့သည် လူသား၏ ပြုမူနေထိုင်ခြင်း စည်းမျဉ်းများကို နားမလည်လျှင် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အနှစ်မရှိသော စကားလုံးများကို ပြောဆိုခြင်း သို့မဟုတ် ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်း မဟုတ်ပေ။ ထိုအစား လူများသည် ဘဝတွင် မည်သည့်အရာကို တွေ့ကြုံရပါစေ လူသား၏ ပြုမူနေထိုင်မှုဆိုင်ရာ စည်းမျဉ်းများ၊ အမှုကိစ္စများအပေါ် ၎င်းတို့၏ အမြင်ရှုထောင့်များ၊ သို့မဟုတ် မိမိတို့၏ တာဝန်များ ထမ်းဆောင်ခြင်းကိစ္စ ပါဝင်နေသရွေ့ ၎င်းတို့သည် ရွေးချယ်မှုတစ်ခု ပြုလုပ်ခြင်းကို ရင်ဆိုင်ရပြီး သမ္မာတရားကို ၎င်းတို့ ရှာဖွေသင့်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲ၌ အခြေခံအကြောင်းရင်းနှင့် စည်းမျဉ်းများကို ရှာဖွေသင့်သည်။ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ၎င်းတို့ ရှာဖွေသင့်သည်။ ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည့် ထိုလူများသည် သမ္မာတရားကို လိုက်စားသူများဖြစ်သည်။ မည်မျှကြီးမားသော အခက်အခဲဖြင့် ကြုံရပါစေ ဤနည်းအားဖြင့် သမ္မာတရားကို လိုက်စားနိုင်ခြင်းသည် ပေတရု၏ လမ်းကြောင်းနှင့် သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။ ဥပမာအနေဖြင့် အခြားသူများနှင့် ဆက်ဆံသည့်အခါ မည်သည့်စည်းမျဉ်းကို လိုက်နာသင့်သနည်း။ သင်၏ နဂိုမူလအမြင်က “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်။ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်” နှင့် လူတိုင်းက အကောင်းမြင်အောင် မပြတ်လုပ်ဆောင်သင့်သည်၊ အခြားလူများအား သိက္ခာကျစေခြင်းကို ရှောင်ကြဉ်သင့်ပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မပေးသင့်၊ ဤနည်းအားဖြင့် အခြားလူများနှင့် ကောင်းသော ဆက်ဆံရေးကို ရရှိသင့်သည်ဟု ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤအမြင်၏ ထိန်းချုပ်ခြင်းကို ခံရပြီး သင်သည် အခြားလူများက မကောင်းသောအရာများ လုပ်ဆောင်သည်ကိုဖြစ်စေ၊ စည်းမျဉ်းများ ချိုးဖောက်သည်ကိုဖြစ်စေ မျက်မြင် မြင်တွေ့သောအခါတွင် ဆက်လက်၍ တိတ်ဆိတ်နေလေသည်။ လူတစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခြင်းထက် အသင်းတော်၏အလုပ် ဆုံးရှုံးမှုများ ခံစားရဖို့ကို သင်ပိုလိုလားသည်။ ၎င်းတို့က မည်သူဖြစ်နေပါစေ လူတိုင်းက သင့်ကို အကောင်းမြင်နေအောင် သင်ကြိုးစားသည်။ သင်စကားပြောသောအခါ လူတို့၏ တွယ်တာမှုများနှင့် သိက္ခာဆည်ခြင်းအကြောင်းတို့ကိုသာ သင်စဉ်းစားသည်၊ ထို့အပြင် အခြားလူများ စိတ်ကျေနပ်စေဖို့ နားထောင်၍ကောင်းသော စကားလုံးများကို အမြဲတမ်း သင်ပြောသည်။ အကယ်၍ လူတစ်ယောက်တွင် ပြဿနာများ ရှိနေသည်ကို သင် သိရှိလျှင်ပင် ၎င်းတို့ကို သင် သည်းခံဖို့ ရွေးချယ်သည့်အပြင် ၎င်းတို့၏ရှေ့တွင် မပြောဘဲ နောက်ကွယ်တွင် ၎င်းတို့အကြောင်း မကောင်းပြောရုံသာပြောကာ ငြိမ်းချမ်းရေးကို ဆက်ထိန်းထားပြီး သင်၏ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ဤကဲ့သို့ ပြုမူနေထိုင်ခြင်းကို သင်မည်သို့ထင်သနည်း။ ယင်းမှာ လူ့အကြိုက်လိုက်သူတစ်ဦး၏ အပြုအမူမျိုး မဟုတ်လော။ ယင်းက အတော်အတန် စိတ်မချရဖြစ်သည် မဟုတ်လော။ ယင်းက လူသား၏ ပြုမူနေထိုင်ခြင်းစည်းမျဉ်းများကို ချိုးဖောက်သည်။ ထိုကဲ့သို့သောပုံစံမျိုးဖြင့် ပြုမူနေထိုင်ခြင်းသည် အောက်တန်းကျသည် မဟုတ်လော။ ဤကဲ့သို့ပြုမူသောသူများသည် လူကောင်းများ မဟုတ်ကြပေ။ ဤသည်မှာ လူတစ်ဦးအနေဖြင့် ဂုဏ်သရေရှိသော ပြုမူနေထိုင်နည်းတစ်ခု မဟုတ်ပေ။ သင်သည် ဒုက္ခဆင်းရဲ မည်မျှများများ ခံရပြီးဖြစ်နေပါစေ၊ သင်သည် အဖိုးအခ မည်မျှများများ ပေးဆပ်ခဲ့ပြီးဖြစ်နေပါစေ အကယ်၍ သင်သည် စည်းမျဉ်းများမရှိဘဲ ပြုမူနေထိုင်ပါက ဤအချက်တွင် သင်ကျရှုံးခဲ့ပြီဖြစ်သည်။ ထို့အပြင် သင်၏ အပြုအမူအနေအထိုင်သည် ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အသိအမှတ်ပြုခံရလိမ့်မည် မဟုတ်၊ အောက်မေ့သတိရခြင်း ခံရမည်မဟုတ် သို့မဟုတ် လက်ခံခြင်းခံရလိမ့်မည် မဟုတ်ချေ။ ဤပြဿနာကို သဘောပေါက်သွားသောအခါ သင်သည် စိတ်သောကရောက်ခြင်းကို ခံစားရသလော။ (ခံစားရပါသည်။) ဤစိတ်သောကရောက်ခြင်းက မည်သည့်အရာကို သက်သေပြသနည်း။ ယင်းက သင်သည် သမ္မာတရားကို ချစ်နေသေးကြောင်းနှင့် သင့်တွင် သမ္မာတရားကို ချစ်သောစိတ်နှလုံးတစ်ခုနှင့် သမ္မာတရားကို ချစ်ဖို့ ဆန္ဒတစ်ခုတို့ ရှိကြောင်းကို သက်သေပြသည်။ ယင်းက သင်၏အသိစိတ်တွင် အသိရှိနေဆဲဖြစ်ကြောင်းနှင့် သင်၏အသိစိတ်သည် အကုန်အစင် သေဆုံးမသွားကြောင်းတို့ကို သက်သေပြသည်။ သင်သည် မည်မျှနက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေပါစေ၊ သို့မဟုတ် သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မည်မျှများများ ရှိနေပါစေ သင်၏လူ့သဘာဝတွင် သင်သည် သမ္မာတရားနှင့် အပြုသဘောဆောင်သည့် အရာများကို ချစ်သော အနှစ်သာရတစ်ခု ရှိနေသေးသည်။ သင့်တွင် သတိပြုမိခြင်း ရှိနေသေးသရွေ့၊ သင်၏လူ့သဘာဝ၊ စိတ်သဘောထားများ၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်ကို သင်ဆက်ဆံသည့်ပုံတို့နှင့်ပတ်သက်၍ မည်သည့်ပြဿနာများ ရှိနေသည်ကို သိနေသေးသရွေ့၊ ထို့အပြင် သင်၏စကားများနှင့် လုပ်ရပ်များက အမြင်များ၊ ရပ်တည်ချက်များနှင့် သဘောထားများနှင့် ပတ်သက်လာသောအခါတွင် သင့်တွင် အသိပင်ရှိနေသေးပြီး သင်၏အမြင်များသည် မှားယွင်းနေကြောင်း၊ ယင်းတို့သည် သမ္မာတရားနှင့်ဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ဖြစ်စေ မကိုက်ညီကြောင်းတို့ကို သဘောပေါက်နိုင်သော်လည်း ယင်းတို့ကို လက်လွှတ်ဖို့မှာ မလွယ်ကူသည့်အပြင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်သော်လည်း ထိုသို့လက်တွေ့လုပ်ဆောင်ဖို့ မတတ်နိုင်ဘဲ သင်၏စိတ်နှလုံးသည် ရုန်းကန်လှုပ်ရှားနေရသည်၊ နာကျင်နေပြီး ညှဉ်းဆဲခံနေရသည့်အပြင် သင်သည် အကြွေးတင်နေသလို ခံစားနေရသရွေ့ ဤသည်မှာ အပြုသဘောဆောင်သောအရာများကို ချစ်သောလူ့သဘာဝ၏ သရုပ်သကန်တစ်ခုဖြစ်သည်။ ဤသည်မှာ အသိစိတ်ကို သတိပြုမိနေခြင်းဖြစ်သည်။ အကယ်၍ သင်၏လူ့သဘာဝတွင် အသိစိတ်ကို သတိပြုမိနေပါက၊ ထို့အပြင် သမ္မာတရားနှင့် အပြုသဘောဆောင်သည့်အရာများကို ချစ်သည့် အရာ၏ တစ်စိတ်တစ်ပိုင်းရှိနေပါက သင့်တွင် ဤခံစားချက်များ ရှိနေလိမ့်မည်။ ဤခံစားချက်များ ရှိခြင်းက သင့်တွင် အပြုသဘောဆောင်သည့် အရာများနှင့် အပျက်သဘောဆောင်သည့် အရာများအကြား ခွဲခြားသိမြင်နိုင်စွမ်းရှိကြောင်းနှင့် ဤအရာများအပေါ် အလေးမထားသည့် သို့မဟုတ် စိတ်မဝင်စားသည့် သဘောထားတစ်ခု မရှိကြောင်းတို့ကို သက်သေပြသည်။ သင်သည် မထုံထိုင်းပေ သို့မဟုတ် အသိမရှိခြင်း မဟုတ်ပေ။ ထိုအစား သင့်တွင် အသိရှိသည်။ ထို့အပြင် သင့်တွင် အသိရှိသောကြောင့် အမှန်နှင့် အမှားအကြားနှင့် အပြုသဘောဆောင်သည့်အရာများနှင့် အပျက်သဘောဆောင်သည့်အရာများအကြား ခွဲခြားသိမြင်နိုင်စွမ်းကို သင်ပိုင်ဆိုင်သည်။ အကယ်၍ သင့်တွင် သတိပြုမိခြင်းနှင့် ဤစွမ်းရည် ရှိလျှင် ဤအပျက်သဘောဆောင်သည့်အရာများ၊ ဤမှားယွင်းသည့်အမြင်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မုန်းတီးဖို့ သင့်အတွက် လွယ်ကူလိမ့်မည် မဟုတ်လော။ ယင်းက အတော်အတန် လွယ်ကူလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်ပါက လူ့ဇာတိ၏ကိစ္စများနှင့် အပျက်သဘောဆောင်သည့်အရာများကို လုံးဝအသေအချာ မုန်းတီးနိုင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်တွင် ကိစ္စများ၏ အနည်းဆုံးနှင့် အခြေခံအကျဆုံးဖြစ်သည့် အသိစိတ်ကို သတိပြုမိခြင်းအား ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ မည်သည့်အရာက မှန်သည်နှင့် မည်သည့်အရာက မှားသည်ဆိုသည်တို့အကြား ခွဲခြားနိုင်စွမ်းရှိခြင်းနှင့် အပြုသဘောဆောင်သည့်အရာများကို ချစ်ခြင်းနှင့်ပတ်သက်လာပါက တရားမျှတစိတ် ရှိခြင်းတို့ကဲ့သို့ပင် အသိစိတ်ကို သတိပြုမိခြင်းသည် အလွန်အဖိုးထိုက်တန်သည်။ ဤအရာသုံးခုတို့သည် ပုံမှန်လူ့သဘာဝတွင် နှစ်လိုဖွယ်အကောင်းဆုံးနှင့် အဖိုးအတန်ဆုံးသောအရာများ ဖြစ်ကြသည်။ အကယ်၍ ဤအရာသုံးခုတို့ကို သင်ပိုင်ဆိုင်ပါက သင်သည် သမ္မာတရားကို လုံးဝအသေအချာ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ အကယ်၍ သင့်တွင် ဤအရာများအနက်မှ တစ်ခုမျှသာ သို့မဟုတ် နှစ်ခုမျှသာ ရှိလျှင်ပင် သမ္မာတရားအချို့ကို သင်သည် လက်တွေ့လုပ်ဆောင်နိုင်ဆဲ ဖြစ်လိမ့်မည်။ အသိစိတ်ကို သတိပြုမိခြင်းကို ငါတို့ တစ်ချက်ကြည့်ကြည့်ကြပါစို့။ ဥပမာအနေဖြင့် အကယ်၍ သင်သည် အသင်းတော်၏အမှုကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် ဆိုးယုတ်သောလူတစ်ဦးနှင့် ကြုံရပါက ထိုသူကို ခွဲခြားသိမြင်နိုင်လိမ့်မည်လော။ သင်သည် သိသာထင်ရှားသည့် ဒုစရိုက်အမှုများကို ရွေးထုတ်နိုင်သလော။ မှန်ပေသည်၊ သင်ရွေးထုတ်နိုင်သည်။ ဆိုးယုတ်သောလူများသည် မကောင်းသောအရာများကို လုပ်ဆောင်ကြပြီး ကောင်းသောလူများသည် ကောင်းသောအရာများကို လုပ်ဆောင်ကြသည်။ သာမန်လူသည် တစ်ချက်ကြည့်ရုံဖြင့် ကွာခြားချက်ကို သိမြင်နိုင်သည်။ အကယ်၍ အသိစိတ်ကို သတိပြုမိခြင်းကို သင်ပိုင်ဆိုင်ပါက သင့်တွင် ခံစားချက်များနှင့် အမြင်များရှိလိမ့်မည် မဟုတ်လော။ အကယ်၍ သင်တို့တွင် အမြင်များနှင့် ခံစားချက်များရှိပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် အခြေခံအကျဆုံး အခြေအနေများအနက်မှ တစ်ခုကို ပိုင်ဆိုင်ပြီဖြစ်သည်။ အကယ်၍ သင်သည် ဤလူက မကောင်းမှုလုပ်နေခြင်းဖြစ်သည်ဟု သိမြင်နိုင်ပြီး ခံစားနိုင်ပါက၊ ထို့အပြင် သင်သည် ယင်းကို ပိုင်းခြားသိမြင်နိုင်ပြီးနောက် ထိုလူကို ဖော်ထုတ်နိုင်ကာ ဤကိစ္စအပေါ် ပိုင်းခြားသိမြင်ဖို့ ဘုရားသခင်က ရွေးချယ်ထားသောလူများကို ထောက်ကူပေးနိုင်ပါက ပြဿနာသည် ပြေလည်လိမ့်မည်မဟုတ်လော။ ဤအရာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများကို ကိုင်စွဲထားခြင်း မဟုတ်လော။ ဤနေရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် မည်သည့်နည်းလမ်းများကို သုံးသနည်း။ (ထုတ်ဖော်ခြင်း၊ တိုင်ကြားခြင်းနှင့် မကောင်းမှု ပြုလုပ်ခြင်းကို ဟန့်တားခြင်းတို့ ဖြစ်ပါသည်။) မှန်ပေသည်။ ဤနည်းအတိုင်း ပြုမူခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့အပြင် ဤအရာကို လုပ်ဆောင်ခြင်းဖြင့် သင်၏တာဝန်များကို သင်သည် ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ အကယ်၍ သင်သည် ဤကဲ့သို့သောအခြေအနေများနှင့် ကြုံရသောအခါ သင်နားလည်သော သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူနိုင်ပါက ဤအရာသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်၊ ဤအရာသည် အမှုကိစ္စများကို စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် အကယ်၍ သင်သည် အသိစိတ်ကို သတိပြုမိခြင်းကို မပိုင်ဆိုင်ခဲ့ဘဲ ဆိုးယုတ်သောလူများက မကောင်းမှုလုပ်နေသည်ကို သင်မြင်ခဲ့ပါက သင်သည် ဤအရာကို သတိမူမိခဲ့လိမ့်မည်လော။ (ကျွန်ုပ်သည် သတိမူမိခဲ့မည် မဟုတ်ပါ။) ပြီးလျှင် သတိမူမိခြင်း မရှိသောလူများသည် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကို တွေးထင်ကြမည်နည်း။ “အဲဒီလူက မကောင်းမှုလုပ်ရင် ငါနဲ့ဘာဆိုင်လို့လဲ။ သူတို့က ငါ့ကို ထိခိုက်နေတာ မဟုတ်ဘူး၊ ဒါဆို ငါက သူတို့ကို ဘာကြောင့် စိတ်အနှောင့်အယှက်ပေးရမလဲ။ ဒါက လုပ်ဖို့ တကယ်ကို လိုအပ်လို့လား။ ဒီလိုလုပ်တာကနေ ငါ့အတွက် ဘယ်လိုအကျိုးရှိမလဲ” ဟူ၍ တွေးကြသည်။ ဤကဲ့သို့သောလူများသည် ဆိုးယုတ်သောလူများ မကောင်းမှုလုပ်ခြင်းကို ထုတ်ဖော်သလော၊ တိုင်ကြားသလော၊ ပြီးလျှင် တားဆီးသလော။ သေချာပေါက် မလုပ်ပေ။ ၎င်းတို့သည် သမ္မာတရားကို နားလည်သော်လည်း ယင်းကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ထိုကဲ့သို့သောလူများတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိကြသလော။ ၎င်းတို့တွင် အသိစိတ်ရော၊ ဆင်ခြင်တုံတရားပါ မရှိကြချေ။ အဘယ်ကြောင့် ငါသည် ဤအရာကို ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို နားလည်သော်လည်း ယင်းကို လက်တွေ့မလုပ်ဆောင်ကြချေ။ ဆိုလိုသည်မှာ ၎င်းတို့တွင် အသိစိတ်ဖြစ်စေ၊ ဆင်ခြင်တုံတရားဖြစ်စေ မရှိကြပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်နေကြခြင်းဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ မထိခိုက်အောင် ကာကွယ်ခြင်းအပေါ်တွင်သာ ၎င်းတို့ အာရုံစိုက်ကြသည်။ အသင်းတော်၏အလုပ်က ဆုံးရှုံးမှုများ ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အကျိုးစီးပွားများ ပျက်စီးဆုံးရှုံးမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့ အလေးထားခြင်း မရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ဖို့ကိုသာ ကြိုးစားကြသည်။ ထို့အပြင် အကယ်၍ ပြဿနာများကို ၎င်းတို့ ရှာဖွေတွေ့ရှိပါက ယင်းတို့ကို လျစ်လျူရှုကြသည်။ တစ်ယောက်ယောက်က မကောင်းမှု ကျူးလွန်နေခြင်းကို ၎င်းတို့ တွေ့မြင်သည့်အချိန်တွင်ပင် ၎င်းတို့သည် ယင်းကို မမြင်ချင်ယောင်ဆောင်ကြပြီး ယင်းက ၎င်းတို့၏ အကျိုးစီးပွားများကို မထိခိုက်သရွေ့ အဆင်ပြေသည်ဟု တွေးထင်ကြသည်။ အခြားလူများက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းက ၎င်းတို့၏ ကိစ္စမဟုတ်သယောင် ထင်ရသည်။ ၎င်းတို့တွင် တာဝန်သိစိတ်ကို မခံစားရချေ၊ ထို့အပြင် ၎င်းတို့၏အသိစိတ်များက ၎င်းတို့အပေါ် အကျိုးသက်ရောက်မှုတစ်စုံတစ်ရာ မရှိပေ။ ဤသရုပ်သကန်များအပေါ် မူတည်၍ ဤလူများတွင် လူ့သဘာဝရှိကြသလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့်လူတစ်ယောက်သည် လူ့သဘာဝ မရှိသည့်လူတစ်ယောက် ဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့်လူများသည် အားလုံး ဆိုးယုတ်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် လူသားများအဖြစ် ရုပ်ဖျက်ဟန်ဆောင်ထားကြသော မကောင်းသည့်အရာမျိုးစုံကို လုပ်ဆောင်နိုင်စွမ်းရှိသည့် လူ့တိရစ္ဆာန်များ ဖြစ်ကြသည်။

အသိစိတ်ကို သတိပြုမိခြင်းကို မပိုင်ဆိုင်သော လူတစ်ယောက်သည် ကောင်းမှုများနှင့် ဆိုးယုတ်သောအရာများကို ပိုင်းခြားသိမြင်နိုင်သလော။ ၎င်းတို့တွင် အမှန်နှင့်အမှား၊ သို့မဟုတ် မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း အယူအဆ တစ်စုံတစ်ရာ ရှိကြသလော။ (၎င်းတို့တွင် မရှိကြပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် အခြားလူများကို ချဉ်းကပ်ကြသနည်း။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ၎င်းတို့ မည်သို့ရှုမြင်ကြသနည်း။ လူသားမျိုးနွယ်အားလုံးသည် အတော်အတန် ဆိုးကြသည်ဟုလည်းကောင်း၊ ၎င်းတို့ကိုယ်တိုင်သည် လူသားမျိုးနွယ်အကြားတွင် အဆိုးဆုံး မဟုတ်ကြဟုလည်းကောင်း၊ လူအများစုသည် ၎င်းတို့ထက် ပို၍ဆိုးကြသည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ အကယ်၍ လူများတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိရမည် ဖြစ်ကြောင်းနှင့် လူများသည် ကောင်းမှုများကို ပြင်ဆင်သင့်ကြောင်း ၎င်းတို့ကို သင် ပြောပါက ထိုအရာသည် မုသားတစ်ခုဖြစ်ပြီး ယင်းကို မယုံကြည်ကြဖို့ ၎င်းတို့က ပြောကြလိမ့်မည်။ အသိစိတ်ကို သတိပြုမိခြင်းအား မပိုင်ဆိုင်ကြသည့် ဤကဲ့သို့သောလူများသည် ထိုအကြောင်းကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အဓိပ္ပာယ်နှင့် တန်ဖိုးကို မည်သည့်အခါမျှ သိကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဤလူစားမျိုးကို သမ္မာတရားကို ချစ်ခိုင်းဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ၎င်းတို့၏ သဘာဝအနှစ်သာရအတွင်းတွင် သမ္မာတရားကို ချစ်သည့်အရာတစ်ခုမျှ မရှိသောကြောင့် ၎င်းတို့သည် မည်သည့်အခါမျှ သမ္မာတရားကို ချစ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ ဤလူစားမျိုးသည် သမ္မာတရားက မည်သည့်အရာ ဖြစ်သည်၊ ကောင်းသောအရာက မည်သည့်အရာ ဖြစ်သည်၊ သို့မဟုတ် မကောင်းမှုက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို မည်သည့်အခါမျှ နားလည်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့၏စိတ်ထဲတွင် အပြုသဘောဆောင်သောအရာများသည် အပျက်သဘောဆောင်ကြပြီး အပျက်သဘောဆောင်သော အရာများသည် အပြုသဘောဆောင်ကြသည်။ အယူအဆနှစ်မျိုးတို့သည် အတူတကွ မပြတ်မသား ဖြစ်နေကြသည်။ မည်သည့်စည်းမျဉ်းများအပေါ်တွင် ၎င်းတို့၏လုပ်ရပ်များကို ၎င်းတို့သည် အခြေခံကြသနည်း။ ၎င်းတို့သည် အမှန်နှင့်အမှား၊ သို့မဟုတ် အကောင်းနှင့်အဆိုးတို့အကြား ခွဲခြား၍ မသိမြင်ကြပေ။ ထို့အပြင် ၎င်းတို့သည် ဒဏ်ခတ်ခံရခြင်း သို့မဟုတ် အကျိုးခံစားရခြင်းတို့အကြောင်း ဂရုမစိုက်ကြပေ။ ၎င်းတို့လုပ်သမျှ သို့မဟုတ် ပြောသမျှသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးကျေးဇူးအတွက် ဖြစ်ဖို့သာ လိုအပ်သည်။ ၎င်းတို့၏အမြင်ရှုထောင့်များအတွက်မူ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ကိုက်ညီဖို့ လိုအပ်သည်နှင့်အညီ ၎င်းတို့၏ပတ်ဝန်းကျင်နှင့်အညီ ယင်းတို့ကို ပြောင်းလဲလိုက်ကြသည်။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များနှင့် လိုအင်ဆန္ဒများကို ၎င်းတို့ ရရှိပြီးသည်အထိ ၎င်းတို့၏ အကျိုးစီးပွားများကို ထောက်ကူပေးမည့် ထင်မြင်ချက်များကို ၎င်းတို့ ဆုပ်ကိုင်ထားသည်။ ဤလူ့သဘာဝမျိုးဖြင့်လူတစ်ဦး၊ ဤသဘာဝအနှစ်သာရဖြင့်လူတစ်ဦးအတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အလို့ငှာ လူတစ်ဦးသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ (အသိစိတ်ကို သတိပြုမိခြင်း၊ အမှန်နှင့်အမှားအကြား ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် တရားမျှတမှုနှင့် အပြုသဘောဆောင်သောအရာများကို ချစ်သော စိတ်နှလုံးတစ်ခုတို့ ဖြစ်ပါသည်။) ဤအရာများအနက်မှ မည်သည့်အရာကို သင်တို့ ပိုင်ဆိုင်ကြသနည်း။ ဤအရာသုံးခုအနက်မှ အမှန်နှင့်အမှားအကြား ပိုင်းခြားသိမြင်နိုင်စွမ်းကို ရရှိခြင်းနှင့် တရားမျှတမှုနှင့် အပြုသဘောဆောင်သောအရာများကို ချစ်ခင်နှစ်သက်လာခြင်းတို့သည် အနည်းငယ် အားသွန်ခွန်စိုက် လုပ်ရနိုင်သည်။ ဤအရာနှစ်ခုတို့သည် သမ္မာတရားကို မချစ်သောသူများအတွက် ရယူဖို့ အလွန်ခက်ခဲသည်။ သို့ရာတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိသောလူများသည် အနည်းဆုံးအနေဖြင့် ၎င်းတို့၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့်အညီ ကိစ္စများကို လုပ်ရမည်၊ အနိမ့်ဆုံးအနေဖြင့် အခြားလူများကို မထိခိုက်ရ၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အခြားသူများကို ထိခိုက်နာကျင်မှုမဖြစ်စေရ၊ ထို့အပြင် မကောင်းမှု မလုပ်ရ သို့မဟုတ် ယုတ္တိမတန်သည့် လွန်လွန်ကဲကဲ ကိစ္စများကို မလုပ်ရ။ ထိုနည်းဖြင့် ၎င်းတို့၏အသိစိတ်သည် လိပ်ပြာသန့်နိုင်သည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်အပေါ် အမှန်တကယ် ယုံကြည်ပါက ၎င်းတို့သည် အနည်းဆုံး ရိုးသားရမည်။ ထို့အပြင် ၎င်းတို့လုပ်သမျှ အရာတိုင်းတွင် ၎င်းတို့၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့်အညီ ဖြစ်ရမည်။ ဤအရာများသည် လူကောင်းတစ်ယောက် ဖြစ်ခြင်းအတွက် စံနှုန်းများဖြစ်ကြသည်။ အကယ်၍ ၎င်းတို့တွင် အစွမ်းအစ အနည်းငယ်ရှိပြီး သမ္မာတရားကို နားလည်သဘောပေါက်နိုင်ပါက ပို၍ပင် ကောင်းသည်။ ထိုအခါတွင် ၎င်းတို့သည် ၎င်းတို့လုပ်သမျှအရာတိုင်းတွင် သမ္မာတရားကို ရှာဖွေနိုင်ပြီး စည်းမျဉ်းများကို ချိုးဖောက်ခြင်းများအတွက် ၎င်းတို့၏ လုပ်ရပ်များအပေါ်တွင် အဆက်မပြတ် ပြန်လည်သုံးသပ်နိုင်သည်။ သင်၏စိတ်နှလုံးထဲတွင် အကဲဖြတ်ခြင်းအတွက် စံနှုန်းတစ်ခု ရှိသလော။ အကယ်၍ သင်က တစ်ခုခု အမှားလုပ်မိပါက သို့မဟုတ် စည်းမျဉ်းများကို ချိုးဖောက်မိပါက၊ အကယ်၍ သင်သည် ဝတ်ကျေတမ်းကျေ လုပ်နေပါက သို့မဟုတ် အကယ်၍ သင်သည် သင်၏ ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများကို ကာကွယ်ပါက ဤသည်ကို သင်သတိထားမိသလော။ အကယ်၍ သင်သတိထားမိပါက သင့်တွင် အသိစိတ်အနည်းငယ်ရှိသည်။ အကယ်၍ သင့်တွင် အသိစိတ်ကို သတိပြုမိခြင်းမရှိပါက သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိဖို့အလို့ငှာ သင့်တွင် အနည်းဆုံး အသိစိတ်ကို သတိပြုမိခြင်းရှိရမည်။ အကယ်၍ သင်တို့တွင် ထိုအရာကိုပင် မရှိပါက သင်တို့သည် အန္တရာယ်ရှိနေပြီဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူ့သဘာဝ မရှိသောလူများကို ဘုရားသခင်က မကယ်တင်သောကြောင့် ဖြစ်သည်။ သင်၏လူ့သဘာဝအတွင်းတွင် အသိစိတ်ကို သတိပြုမိခြင်းက မည်သည့်အကျိုးသက်ရောက်မှု ရှိသနည်း။ အကျိုးသက်ရောက်မှုမှာ သင်ကိုယ်တိုင်တွေ့ကြုံရသည့်အရာများ မှန်ကန်ခြင်းနှင့် မှားယွင်းခြင်း၊ သင်၏မျက်လုံးများဖြင့် သင်မြင်သောအရာနှင့် သင်၏နားများဖြင့် သင်ကြားသောအရာ၊ သင်တွေးသည့်အရာ၊ သင်လုပ်ဖို့ အစီအစဉ်ဆွဲထားသောအရာနှင့် သင်လုပ်ပြီးသွားသောအရာတို့၏ မှန်ကန်ခြင်းနှင့် မှားယွင်းခြင်းကို အကဲဖြတ်ရန် သင်၏အသိစိတ်ကို သင်သုံးရမည်။ သင်၏အပြုအမူအနေအထိုင်နှင့် လုပ်ရပ်များတွင် အနည်းဆုံး အခြေခံစည်းမျဉ်းတစ်ခု ရှိရမည်။ ဥပမာအနေဖြင့် စိတ်အားထက်သန်မှုများစွာဖြင့် လိုက်စားသော်လည်း အလွန်ရိုးရှင်းပြီး မာယာကင်းသည့်လူတစ်ယောက်ကို သင်မြင်ပြီး သင်သည် ၎င်းအပေါ် အစဉ်သဖြင့် အထင်အမြင်သေးသည့်အပြင် ၎င်းကို အဆက်မပြတ် အနိုင်ကျင့်လိုသည်၊ သည်းမခံနိုင်ဖြစ်ပြီး သင်၏စကားလုံးများဖြင့် ၎င်းကို ပြက်ရယ်ပြုလိုသည်ဟု ဆိုကြပါစို့။ သင့်တွင် ဤအတွေးများရှိသည်။ ထို့အပြင် သင်သည် ဤကဲ့သို့သောအပြုအမူအချို့ကိုလည်း ရံဖန်ရံခါ ထုတ်ဖော်သည်။ သင်၏စိတ်နှလုံးထဲတွင် ဤအရာကို သင်သတိထားမိလိမ့်မည်လော။ ဤအတွေးများနှင့် လုပ်ရပ်များသည် မှားပြီး မြင်မကောင်း၊ ရှုမကောင်းဖြစ်နေသည်ကို သင်သိလိမ့်မည်လော။ သင်၏လုပ်ရပ်များ၏သဘာဝက မည်သည့်အရာ ဖြစ်သည်ကို သင်သဘောပေါက်လိမ့်မည်လော။ (သဘောပေါက်ပါမည်။) သို့ဆိုလျှင် ၎င်းက သင့်တွင် အသိစိတ်ကို သတိပြုမိခြင်းရှိသည်ဟု ဆိုလိုသည်။ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သင်၏ အမြင်ရှုထောင့်များ၊ သို့မဟုတ် သင့်ကိုယ်ပိုင်စိတ်နှလုံးထဲရှိ အတွေးများက အကျည်းတန်ခြင်း ရှိမရှိကိုဖြစ်စေ၊ လှပပြီး ကောင်းမွန်ခြင်း ရှိမရှိကိုဖြစ်စေ၊ သင်၏ စိတ်နှလုံးထဲတွင် အကဲဖြတ်ရန် စံနှုန်း ရှိမရှိကိုဖြစ်စေ သင် ပိုင်းခြားသိမြင်နိုင်စွမ်းပင် မရှိပါက သင်သည် လူ့သဘာဝ မရှိချေ။ အသိစိတ်မရှိသောလူများတွင် လူ့သဘာဝ မရှိပေ။ အကယ်၍ သင်သည် အခြေခံလူ့သဘာဝကိုပင်လျှင် မသိပါက သင့်တွင် မည်သည့်တန်ဖိုးမျှ မရှိသည့်အပြင် ကယ်တင်ခြင်းမခံရနိုင်ပေ။ ဘုရားသခင်က အဘယ်ကြောင့် ယုဒကို သခင့်အား သစ္စာဖောက်သည့် ဇာတ်ကောင်နေရာတွင် တာဝန်ပေးထားခဲ့သနည်း။ ယုဒ၏သဘာဝနှင့်အညီ ထိုကဲ့သို့ သူလုပ်ခဲ့သည်။ ယုဒသည် သူ၏ကိုယ်ပိုင်အမြတ်အစွန်းအတွက် သူ၏သခင်ကိုပင် သစ္စာဖောက်ခဲ့သည့်လူစားမျိုး ဖြစ်ခဲ့သည်။ ထို့အပြင် ဘုရားသခင်သည် ထိုကဲ့သို့သောလူများကို မကယ်တင်ပေ။ ယုဒသည် ငွေကို ခိုးယူနိုင်ခဲ့သောကြောင့် သူ့တွင် အသိစိတ်တစ်ခု ရှိခဲ့သလော။ (မရှိခဲ့ပါ။) ဤသည်မှာ အသိစိတ်တစ်ခု မရှိပုံပေါက်သည့်အရာဖြစ်သည်။ အထူးသဖြင့် သူ ခိုးယူခဲ့သောငွေသည် သခင့်၏ငွေ ဖြစ်နေခဲ့သည် ဟူသည့်အချက်မှာ သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အားလုံး ကင်းမဲ့နေခဲ့သည့် အရာတစ်ခုဖြစ်ကြောင်းကို ဆိုလိုသည်။ သူသည် မကောင်းသောအရာများကို လုပ်ခြင်းကို မည်သည့်နည်းလမ်းဖြင့်မျှ ချုပ်ထိန်း၍ မရခဲ့သော နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့သည်။ သူသည် အသိစိတ်ကို သတိပြုမိခြင်း မရှိခဲ့ဘဲ သူ့ကိုယ်သူ မချုပ်ထိန်းနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် ဘုရားသခင်အတွက် ဆက်ကပ်ထားသည့် ထိုလှူဖွယ်ပစ္စည်းများကို တိတ်တဆိတ် သုံးစွဲနိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်အတွက် ဆက်ကပ်ထားသည့် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ် သုံးစွဲနိုင်ခဲ့ပါက ၎င်းတို့တွင် မည်သည့်လူ့သဘာဝမျိုး ရှိသနည်း။ (ဆိုးယုတ်သောလူတစ်ယောက်၏ လူ့သဘာဝမျိုး ရှိပါသည်။) ၎င်းတို့တွင် လူ့သဘာဝမရှိကြပေ။ လူ့သဘာဝကင်းမဲ့ခြင်း၏ ပထမဆုံးအမှတ်အသားသည် အသိစိတ်ကို သတိပြုမိခြင်း မရှိမှုနှင့် လူတစ်ဦးလုပ်သမျှတိုင်းတွင် သူ၏အသိစိတ်က ထိန်းချုပ်မှု မရှိခြင်းဖြစ်သည်။ ယုဒတွင် ဤအခြေခံအကျဆုံးသောအရာပင်လျှင် မရှိပေ။ ဆိုလိုသည်မှာ သူ့တွင် လူ့သဘာဝ မရှိခဲ့ဟူ၍ဖြစ်သည်။ သို့ဖြစ်သောကြောင့် ထိုကဲ့သို့သောအရာတစ်ခုလုပ်ဖို့ သူ့အတွက် ပုံမှန်သာဖြစ်ခဲ့သည်။ ထို့ကြောင့် သခင့်ကို သစ္စာဖောက်သည့်အပိုင်းကို ပါဝင်ဆောင်ရွက်ဖို့ ယုဒအတွက် ဘုရားသခင်က စီစဉ်ခြင်းနှင့် သူ့အား ဤအစေခံမှုပေးစေခြင်းသည် အသင့်တော်ဆုံးသော ရွေးချယ်မှုဖြစ်ခဲ့သည်။ ဘုရားသခင်၏ မည်သည့်ပစ္စည်းမျှ အလဟဿမဖြစ်ရပေ၊ ဘုရားသခင် လုပ်သမျှအရာရာတိုင်းသည် မှန်ကန်သည်။ ငွေအိတ်ထဲမှ ငွေကို ယုဒ ခိုးယူခဲ့ပြီး ယင်းအကြောင်းကို မည်သူမျှ မသိခဲ့သည့်အချိန်က သူသည်လည်း ဘုရားသခင်က သူ ခိုးယူနေခြင်းကို မမြင်ခဲ့ဟု သူယုံကြည်ခဲ့သည်။ သူ့တွင် အသိစိတ်ကို သတိပြုမိခြင်း မရှိခဲ့ပေ၊ ထို့အပြင် အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ သိခဲ့မည်ဟု ထင်မထားခဲ့ပေ။ ပြီးလျှင် ဤအရာ၏ ရလဒ်မှာ အဘယ်နည်း။ သူသည် သခင့်ကို သစ္စာဖောက်ခြင်း ဖြစ်သော၊ သခင့်ကို ရန်သူလက်သို့ အပ်ခြင်းဖြစ်သော သေစေလောက်အောင်ကြီးမားသည့်အပြစ်ကို ကျူးလွန်ခဲ့ပြီး ခေတ်အဆက်ဆက်တစ်လျှောက်တွင် အပြစ်သားတစ်ဦးအဖြစ် လူသိများလာခဲ့သည်။ ထို့နောက်တွင် သူသည် သူ့ကိုယ်သူ ဆွဲကြိုးချပြီး သူ၏ဝမ်းဗိုက်သည် ဟောင်းလောင်းပွင့်လျက် သေဆုံးခဲ့သည်။ ထိုကဲ့သို့သော လူတစ်ယောက်ကို သနားသင့်သလော။ ထိုကဲ့သို့အပြစ်ပေးခြင်းကို ခံရသည့် လူ့သဘာဝမရှိသော လူ့တိရစ္ဆာန်တစ်ဦးသည် လုံးဝ မသနားထိုက်ပေ။

လူ့သဘာဝရှိသောလူများသည် ၎င်းတို့၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့်အညီ အရာရာတိုင်းကို လုပ်ကြသည်။ ၎င်းတို့၏ အပြုအမူအနေအထိုင်အတွက် အခြေခံစည်းမျဉ်းသည် အနည်းဆုံးအနေဖြင့် ၎င်းတို့အသိစိတ်များ၏ စံနှုန်းအောက်သို့ ကျဆင်းလိမ့်မည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် မှားယွင်းသည်ဟု ၎င်းတို့ သတိထားမိပါက ၎င်းတို့၏အပြုအမူကို ၎င်းတို့ ထိန်းချုပ်နိုင်လိမ့်မည်။ အသိစိတ်က လူများကို သင့်တော်သော ပြုမူဆောင်ရွက်နည်းကို ပြောပြနိုင်သည်။ သို့မှသာ အသိစိတ်ရှိသော လူများသည် ၎င်းတို့၏ အသိစိတ်အပေါ် အခြေခံ၍ ပြောဆိုနိုင်ပြီး ပြုမူနိုင်သည်။ ယုံကြည်သူများ ဖြစ်လာပြီးနောက်တွင် ၎င်းတို့၏အသိစိတ်သည် ယခင်က နေရာတွင် ဆက်လက်၍ ပါဝင်ဆောင်ရွက်လေသည်။ ထို့ကြောင့် ၎င်းတို့ ရှင်းလင်းပြတ်သားစွာ မမြင်နိုင်သည့် အရာများစွာရှိသောအခါ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် ၎င်းတို့၏အသိစိတ်အပေါ် အခြေခံ၍ ထိုအရာများကို ချဉ်းကပ်ကာ ကိုင်တွယ်နိုင်ကြသေးသည်။ အကယ်၍ ဤအခြေခံအချက်အပြင် ၎င်းတို့သည် သမ္မာတရားကို နားလည်ပါက ထိုအခါတွင် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအတိုင်း အမှုကိစ္စများကို ကိုင်တွယ်လိမ့်မည်။ ၎င်းတို့၏အသိစိတ်က ၎င်းတို့၏ လုပ်ရပ်သည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိကို သတိပြုနိုင်လိမ့်မည် ဖြစ်သည့်အပြင် ၎င်းတို့အပေါ်တွင် အကျိုးသက်ရောက်မှုတစ်ခု ရှိလိမ့်မည်။ အကယ်၍ လူများက စည်းမျဉ်းများကို ချိုးဖောက်ပြီး ၎င်းတို့၏ ဇာတိပကတိ အကျိုးစီးပွားများကို ကာကွယ်ပေးပါက ဤသည်မှာ ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက စိုးမိုးခြယ်လှယ်ထားသောကြောင့် ဖြစ်သည်။ ထို့အပြင် အသိစိတ်ရှိသောသူများသည် ဤသည်ကို သတိပြုမိသင့်သည်။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို နားလည်သော်လည်း ယင်းကို လက်တွေ့မလုပ်ဆောင်ပါက လိပ်ပြာမသန့်ခြင်းကို ၎င်းတို့ ခံစားကြရသလော။ ၎င်းတို့၏စိတ်နှလုံးသည် အေးဆေးသက်သာရှိနိုင်သလော။ ဤအရာကို လူများအားလုံးသည် တွေ့ကြုံနိုင်ကြသည်။ သင်တို့၏ နေ့စဉ်ဘဝထဲတွင် လူများနှင့် ဆက်ဆံနေသည်ဖြစ်စေ သို့မဟုတ် အမှုကိစ္စများကို လုပ်နေသည်ဖြစ်စေ သင်၏ အသိစိတ်ကို သတိပြုမိခြင်းသည် မသိသာမထင်ရှားဘူးလော။ သင်သည် တစ်ခါတစ်ရံတွင် အကြွေးတင်နေသည် သို့မဟုတ် ပြစ်တင်မောင်းမဲခံနေရသည်ဟု ခံစားမိသလော။ စိတ်ထဲတွင် ဘဝင်မကျခြင်းနှင့် စွပ်စွဲခြင်း၊ သို့မဟုတ် အတွင်းစိတ်ထဲက နာကျင်ခြင်းနှင့် ရုန်းကန်လှုပ်ရှားနေရခြင်းတို့ကို တစ်ခါတစ်ရံတွင် သင်ခံစားရသလော။ သင်တို့တွင် ဤခံစားချက်များ တစ်ချိန်လုံး ရှိနေသလော။ အကယ်၍ သင်တို့တွင် ရှိနေပါက ယင်းမှာ သိပ်မဆိုးလှပေ။ သို့သော် အကယ်၍ သင်တို့တွင် မရှိပါက သင်တို့သည် အန္တရာယ်ရှိနေပြီဖြစ်သည်။ သင်မည်သူဖြစ်နေပါစေ အကယ်၍ သင့်တွင် အသိစိတ်၏ခံစားချက်များ မရှိပါက သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် မယုံကြည်ပေ။ “ဤသည်မှာ လူတစ်ယောက်၏ ယုံကြည်ခြင်းက အစစ်အမှန်ဖြစ်သည် သို့မဟုတ် အတုအယောင်ဖြစ်သည်နှင့် မည်သို့များ သက်ဆိုင်သနည်း” ဟူ၍ လူအချို့က မေးသည်။ ဤအရာများအကြားရှိ ကွင်းဆက်သည် မည်သည့်အရာ ဖြစ်သည်ဟု သင်တို့ ပြောနိုင်သနည်း။ (အသိစိတ်ကို သတိပြုမိခြင်းရှိသော လူတစ်ယောက်သည် တစ်ခုခု အမှားအယွင်း လုပ်မိသောအခါ ၎င်းတို့ ခံစားရသည့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ နောင်တကြီးစွာရခြင်းနှင့် အကြွေးတင်သည့် စိတ်တို့အားလုံးသည် ဘုရားသခင်ထံမှ လာသည်။ ဘုရားသခင်၏ အပြစ်တင်ခြင်းကို ၎င်းတို့ ခံစား၍ရနိုင်သည်ဟူသည့်အချက်က ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏စိစစ်ခြင်းအား လက်ခံကြောင်းကို ဖော်ပြသည်။ လူအချို့တွင် ဤသတိပြုမိခြင်း လုံးဝ မရှိကြပေ။ ယင်းက ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် အရာခပ်သိမ်းကို စိစစ်နေသည်ကို လုံးဝ မယုံကြည်ကြကြောင်းကို ဖော်ပြသည်။ ၎င်းတို့ တစ်ခုခု အမှားလုပ်မိသောအခါ ၎င်းတို့သည် အကြွေးတင်နေသကဲ့သို့ မခံစားရပေ။ ၎င်းတို့တွင် ဤသတိပြုမိခြင်းမျိုး မရှိကြပါ။) ထိုသည်မှာ တစ်ဝက်တစ်ပျက် မှန်ကန်သည်။ အခြားတစ်စုံတစ်ရာ ရှိသေးသလော။ (အသိစိတ်ရှိသောလူများက ဘုရားသခင်တစ်ပါး ရှိကြောင်းကို အသိအမှတ်ပြုကြသည်။ ထို့အပြင် ၎င်းတို့ အမှားတစ်ခုခု လုပ်မိသောအခါ ဘုရားသခင်ဆီ ဆုတောင်း၍ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့နှင့် ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေဖို့ ၎င်းတို့ သိကြသည်။ အသိစိတ်ကင်းမဲ့သော လူတစ်ယောက်သည် ပြဿနာတစ်ခုကို ကြုံသောအခါ ၎င်းတို့သည် အသိစိတ်ကြောင့် ထိခိုက်ခြင်းမခံရပေ။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာမရှိချေ။ ထို့အပြင် ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ၎င်းတို့ မရှာဖွေကြပေ။ သမ္မာတရားသည် ၎င်းတို့ လိုအပ်နေသည့်အရာ တစ်စုံတစ်ခုဖြစ်သည်ဟူ၍ ၎င်းတို့ မယုံကြည်ကြပေ။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့ မကြိုးစားကြချေ။ ဘုရားသခင်အပေါ် ယုံကြည်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။) ယုံကြည်ခြင်းအစစ်အမှန် ရှိသောလူတစ်ယောက်က မည်သည့်အရာကို ကြုံတွေ့ရသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်သည်။ ထို့အပြင် ဤနည်းဖြင့် ၎င်းတို့၏အသိစိတ်တွင် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်၊ သို့မဟုတ် မည်သည့်အရာက ကောင်းမွန်ပြီး မည်သည့်အရာက ဆိုးယုတ်သည်ဟူသည့် သတိပြုမိခြင်းတစ်ခုရှိသည်။ ပို၍ပင်အရေးကြီးသည်မှာ ၎င်းတို့သည် ဘုရားသခင် တည်ရှိကြောင်းကို ယုံကြည်ကြပြီး သူ၏နှုတ်ကပတ်တော်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ၎င်းတို့ ကြားသည့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ထိန်းသိမ်းထားကြသည်။ နောက်ပိုင်းတွင် ယင်းက ၎င်းတို့၏ကိုယ်ပိုင် ကျင့်ကြံပြုမူချက်အတွက်လည်းကောင်း၊ လောကကြီးနှင့် ဆက်ဆံသည့် နည်းလမ်းတွင်လည်းကောင်း၊ ၎င်းတို့လုပ်သမျှအရာတိုင်းတွင်လည်းကောင်း ၎င်းတို့၏ အကဲဖြတ်ချက်စံနှုန်းအဖြစ် လုပ်ဆောင်သည်။ ဤစံနှုန်းက အဘယ်နည်း။ ၎င်းတို့ သမ္မာတရားကို နားလည်သည်ဖြစ်စေ သို့မဟုတ် နားမလည်သည်ဖြစ်စေ၊ အချိန်အတော်များများတွင် ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ၎င်းတို့၏စံနှုန်းအဖြစ် ယူကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ကြသောကြောင့်၊ သူတည်ရှိသည်ကို ၎င်းတို့ ယုံကြည်ကြသောကြောင့်၊ သူ၏နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ယုံကြည်ကြသောကြောင့် ပြဿနာများကို ၎င်းတို့ ကြုံလာသောအခါ ယင်းတို့ကို အကဲဖြတ်ဖို့ သူ၏နှုတ်ကပတ်တော်ကို အလိုအလျောက် ၎င်းတို့ သုံးကြသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အတွေးများနှင့် အယူအဆများသည် သမ္မာတရားမဟုတ်ကြောင်းကို ၎င်းတို့ သိကြသည်။ ထို့ကြောင့် ပြဿနာများကို ၎င်းတို့ ကြုံလာသောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ၎င်းတို့၏ အခြေခံအဖြစ် ယူရမည်ဟု အသိစိတ်ကို သတိပြုမိခြင်းက ၎င်းတို့ကို ပြောသည်။ ထို့အပြင် အကယ်၍ ၎င်းတို့ ထိုသို့ မလုပ်နိုင်ပါက၊ ယင်းကို လက်တွေ့မလုပ်ဆောင်နိုင်ပါက ၎င်းတို့၏ အသိစိတ်သည် လိပ်ပြာသန့်နိုင်လိမ့်မည်မဟုတ်ဘဲ ညှဉ်းဆဲခံရသလို ခံစားရလိမ့်မည်။ ဥပမာအနေဖြင့် ၎င်းတို့၏ အခြားလူများနှင့်ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများကို ကာကွယ်ခြင်း၊ သက်သောင့်သက်သာရှိခြင်းတွင် အကြိုက်တွေ့နေခြင်းနှင့် လူ့အကြိုက်လိုက်သူများ ဖြစ်ခြင်းကဲ့သို့သော အရာများသည် အပျက်သဘောဆောင်သောအရာများဖြစ်သည်ကို လူများက မည်သို့သိကြသနည်း။ (ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ဖော်ထုတ်ထားပါသည်။) မှန်သည်၊ အကယ်၍ ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ထိုအရာများကို သင်တိုင်းတာပါက ၎င်းတို့သည် အားလုံး အပျက်သဘောဆောင်ကြသည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းများဖြစ်ကြသည်၊ ထို့အပြင် လူများ၏ သဘာဝများကြောင့် ဖြစ်ကြရသည်။ ဤလူများက ထိုအရာများကို ထုတ်ဖော်သောအခါ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရသလော။ သို့မဟုတ် စိတ်မကောင်းဖြစ်ခြင်းနှင့် ဝမ်းနည်းနာကျင်ခြင်းတို့ကို ခံစားရသလော။ ၎င်းတို့သည် ၎င်းတို့ကို ဓားတစ်ချောင်းဖြင့် ထိုးလှည့်လိုက်သကဲ့သို့ အတွင်းစိတ်ထဲတွင် ရုန်းကန်လှုပ်ရှားမှုနှင့် စိတ်မကောင်းဖြစ်ခြင်းတို့ကို ခံစားရသည်။ ဤအရာများကို ၎င်းတို့ ကြုံရသည့်အကြိမ်တိုင်းတွင် သမ္မာတရားစည်းမျဉ်းများအတိုင်း ယင်းတို့ကို ၎င်းတို့ မကိုင်တွယ်နိုင်သောအခါ သို့မဟုတ် ၎င်းတို့ခံစားချက်များ၏ ဘောင်ခတ်မှုများကို မထိုးဖောက် မကျော်လွှားနိုင်သောအခါ ၎င်းတို့၏စိတ်နှလုံးများတွင် ဝမ်းနည်းနာကျင်ခြင်းကို ခံစားရသည်။ ဤဝမ်းနည်းနာကျင်ခြင်းသည် မည်သို့ဖြစ်လာသနည်း။ ၎င်းတို့တွင် အသိစိတ်ကို သတိပြုမိခြင်း ရှိပြီး ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို နားလည်သည့် အခြေအနေတွင် ဖြစ်လာသည်။ ဤနာကျင်ခြင်း၊ အပြစ်တင်ခြင်းနှင့် စွပ်စွဲခြင်းတို့အားလုံး ၎င်းတို့၏အတွင်းတွင် ပေါ်ပေါက်လာသောအခါ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အမုန်းတရားနှင့် စက်ဆုပ်ရွံရှာခြင်းတို့ကို ခံစားရပြီး “ဘုရားသခင်ကို ငါချစ်ချင်ပြီး သူ့ကို စိတ်ကျေနပ်စေချင်တယ်လို့ ကြားကောင်းအောင် မလိမ့်တပတ် ငါပြောမိကောင်းပြောမိမယ်။ ဒီဆောင်ပုဒ်တွေကို တော်တော် ကျယ်ကျယ်လောင်လောင် ငါကြေညာဖြစ်တယ်၊ ဒါပေမဲ့ ငါ့မှာ ကိစ္စတွေကို ကြုံရတဲ့အခါ ငါကိုယ်တိုင်ရဲ့မာနကို ငါအမြဲတမ်း ထည့်စဉ်းစားတယ်။ ငါဘယ်လောက် အကြိမ်ရေများများ ကြိုးစားပါစေ ဒီဘောင်ခတ်မှုကို ငါမထိုးဖောက် မကျော်လွှားနိုင်ဘူး။ ငါက တခြားလူတွေကို စိတ်အနှောင့်အယှက်မပေးချင်ရုံနဲ့ ဘုရားသခင်ကို အဆက်မပြတ် ပုန်ကန်ပြစ်မှားမိတာပါပဲ” ဟု ပြောရင်း မိမိတို့ကိုယ်ကို အထင်သေးသည့်အမြင်ဖြင့်ပင် ရှုမြင်နိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့စိတ်နှလုံးများ၏ နက်ရှိုင်းသည့်နေရာတွင် မိမိတို့ကိုယ်ကို ထင်မြင်ချက်တစ်ခု ဖြစ်လာသည်၊ ယင်းမှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့က လူကောင်းများဖြစ်ကြသည်ဟု မထင်ကြပေ။ ဆိုးသောအရာများစွာကို ၎င်းတို့ တတ်နိုင်သည်ကို ၎င်းတို့ သိသည်၊ ထို့အပြင် ၎င်းတို့သည် ဟန်လုပ်ပြောဆိုပြုမူရာတွင် အလွန်တော်ကြကြောင်းနှင့် ၎င်းတို့သည် ကြောင်သူတော်များ ဖြစ်ကြကြောင်းတို့ကို ၎င်းတို့ မြင်သည်။ ဤအခြေအနေများအောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ငြင်းပယ်စပြုလာကြပြီး မိမိတို့ကိုယ်ကို ဆက်၍ မယုံကြည်ကြတော့ပေ။ ဤရလဒ်များကို မည်သို့ ရလာသနည်း။ ၎င်းတို့၏အသိစိတ်များတွင် သတိပြုမိခြင်းရှိပြီး ၎င်းတို့၏အလုပ်တာဝန်ကို ဖြည့်ဆည်းသောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်ခြင်းအခြေခံအုတ်မြစ်အပေါ် မူတည်၍ ထိုရလဒ်များကို ရရှိလေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။