သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၄) အပိုင်း နှစ်

ကောင်းသော အပြုအမူများထဲ၌ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း၊ ဖော်ရွေခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်းဟူသည့် ဥပမာများကို ငါတို့တင်ပြခဲ့ကြသည်။ ယခုတွင်ကား လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်းကို ဥပမာအဖြစ် ငါတို့ယူပြီး အသေးစိတ် မိတ်သဟာယပြုသွားမည်။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်းသည် လူ့ဘဝ၌ အင်မတန် သာမန်ဆန်လှသည့် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ တိရစ္ဆာန်ထု အချို့ထဲ၌ပင် ထိုအရာက ပေါ်ပေါက်လာနိုင်၏။ သို့ဖြစ်၍ အသိတရားနှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြသည့် လူသားများအကြားတွင် ထိုအရာ ပေါ်ပေါက်လာသင့်သည်ကိုကား ပြောနေရန်ပင် မလို။ လူသားများသည် ဤအပြုအမူကို အပေါ်ယံမျှသာ ကျင့်သုံးနေမည့်အစား အခြားသော မျိုးစိတ်များထက် ပိုမို ကောင်းမွန်စွာ၊ ပိုမို တိကျစွာ၊ ပိုမို လက်တွေ့ကျစွာ စောင့်ထိန်းလိုက်နာသင့်သည်။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်းဟူသည့် ဤအပြုအမူကောင်းကို စောင့်ထိန်းရာတွင် လူသားများသည် အခြားသော မျိုးစိတ်များထက် ပို၍ သာနေသင့်၏။ အဘယ်ကြောင့်ဆိုသော် အသိတရားနှင့် ဆင်ခြင်တုံတရားကို လူသားများက ပိုင်ဆိုင်ကြပြီး အခြားသော မျိုးစိတ်များက မပိုင်ဆိုင်ကြ၍ ဖြစ်သည်။ ဤကောင်းသော အပြုအမူကို စောင့်ထိန်းလိုက်နာရာတွင် လူသားများသည် ၎င်းတို့၏ လူ့သဘာဝမှာ အခြားသော မျိုးစိတ်များ၏ အနှစ်သာရထက် ပိုကြီးမြတ်ကြောင်း၊ ကွဲပြားခြားနားကြောင်းကို သရုပ်ပြနိုင်စွမ်း ရှိသင့်သည်။ သို့သော် လူသားများက ဤအရာကို အမှန်တကယ် လုပ်ကြသလော။ (မလုပ်ကြပါ။) အသိပညာ ကြွယ်ဝပြီး ဗဟုသုတနှံ့စပ်သည့် လူများကရော ဤအရာကို လုပ်ကြသလော။ (သူတို့လည်း မလုပ်ကြပါ။) သာမန်လူတန်းစားကို ဘေးဖယ်ထားပြီး အခွင့်ထူးခံ လူတန်းစား၏ အရေးကိစ္စများနှင့် မင်းမျိုးမင်းနွယ်တို့၏ အရေးကိစ္စများအကြောင်း ပြောကြစို့။ လက်ရှိတွင် တိုင်းနိုင်ငံအချို့သည် နန်းတွင်းဇာတ်ကားအချို့ ရိုက်ကူးထုတ်လုပ်ပြီး တော်ဝင်မိသားစုတို့၏ ဗရုတ်ဗရက်ဆန်လှသည့် ဇာတ်လမ်းများစွာကို ဖော်ထုတ်လျက်ရှိသည်။ နန်းတွင်းသူနန်းတွင်းသားများနှင့် သာမန်လူတန်းစားတို့သည် အသက်အရွယ် ဝါစဉ်စနစ်ကို အထူးအလေးထားကြရာ၌ တူညီကြ၏။ တော်ဝင်မိသားစုများအတွင်း၌ ရှိကြသော သူတို့သည် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်းဟူသည့် အပြုအမူကောင်းအကြောင်းကို သာမန်လူတန်းစားထက် ပိုလေးနက်စွာ၊ ပိုအသေးစိတ်ကျစွာ သင်ယူခဲ့ကြရသည်။ တော်ဝင်မိသားစုများအတွင်းရှိ လူငယ်မျိုးဆက်များသည် ၎င်းတို့၏ လူကြီးသူမများကို အလေးထားပြီး ရိုသေလေးစားရာတွင် သာမန်လူတန်းစားထက် ပိုတော်ကြ၏။ ဤကိစ္စ၌ ကျင့်ဝတ်ထုံးတမ်း အများအပြား ပါဝင်နေသည်။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ရေးနှင့် ပတ်သက်လာလျှင် တော်ဝင်မိသားစုများအတွင်း ရှိကြသော သူတို့၌ အပြုအမူကောင်း၏ ဤကဏ္ဍအတွက် အထူးသဖြင့် မြင့်မားသော သတ်မှတ်ပြဋ္ဌာန်းချက်များ ရှိကြ၏။ ထိုသတ်မှတ်ပြဋ္ဌာန်းချက်များကို ၎င်းတို့က တစ်သဝေမတိမ်း လိုက်နာကြရလေသည်။ အပေါ်ယံတွင် ၎င်းတို့သည် ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ထားချက်ဖြစ်သည့် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများအား ဂရုစိုက်ရေးကို သာမန်လူများကဲ့သို့ စောင့်ထိန်းနေသယောင် ရှိသည်။ သို့သော်လည်း ၎င်းတို့သည် မည်မျှကောင်းမွန်စွာ၊ သင့်တင့်လျောက်ပတ်စွာ စောင့်ထိန်းသည်ဖြစ်စေ၊ မည်မျှသိက္ခာရှိပြီး စင်းလုံးချောသည့်ပုံ ပေါ်နေပါစေ ဟန်ပြသာဖြစ်သည့် ဤစင်းလုံးချော အပြုအမူ၏ နောက်ကွယ်တွင်ကား အာဏာအလွှဲအပြောင်းမျိုးစုံနှင့် အမျိုးမျိုးသော အင်အားစုတို့အကြားက လျှပ်စားဖြတ်စားလုပ်မှုမျိုးစုံတို့ ကွယ်ဝှက်နေသည်။ အဖေနှင့် သား၊ မြေးနှင့် အဖိုး၊ ကျွန်နှင့် သခင်၊ မှူးမတ်နှင့် ဧကရာဇ်မင်းတို့အကြားတွင် အားလုံးသည် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ရေးဟူသည့် အပြုအမူ၏ အခြေခံအကျဆုံး စံသတ်မှတ်ချက်ကို အပေါ်ယံ၌ စောင့်ထိန်းလိုက်နာနေသယောင် ရှိ၏။ သို့သော် ဘုရင်၏ သြဇာအာဏာနှင့် အခြားသော အင်အားစုအမျိုးမျိုးတို့သည် အားလုံး ရောထွေးနေကြ၍ ဤအပြင်ပန်း အပြုအမူက အသုံးဝင်မှု လုံးဝ မရှိချေ။ ဘုရင့်အာဏာအလွှဲအပြောင်းနှင့် အင်အားစုအမျိုးမျိုးတို့၏ လျှပ်စားဖြတ်စားလုပ်မှုတို့မှ နောက်ဆုံး ထွက်ပေါ်လာသည့် အရာအပေါ် ထိုအပြုအမူက အကျိုးသက်ရောက်နိုင်စွမ်း လုံးဝဥဿုံ မရှိ။ ဤအပြုအမူကောင်းမျိုးသည် ရာဇပလ္လင်ကို တပ်မက်သည့်၊ သို့မဟုတ် အာဏာရဖို့ ရည်မှန်းချက်များ ရှိနေသည့် မည်သူ့ကိုမဆို ချုပ်ထိန်းထားနိုင်စွမ်း အခြေခံအားဖြင့် မရှိသည်ကိုကား ပြောနေရန်ပင် မလိုပေ။ သာမန်လူတန်းစားသည် ၎င်းတို့၏ ဘိုးဘေးဘီဘင်များက ၎င်းတို့အား လက်ဆင့်ကမ်းပေးခဲ့သည့် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ရေးဟူသော စည်းမျဉ်းကို စောင့်ထိန်းကြ၏။ ၎င်းတို့လည်း ဤစည်းမျဉ်း၏ ချုပ်ထိန်းမှုများအလယ် အသက်ရှင်ကြသည်။ အကျိုးစီးပွားမည်မျှက လာဆုံနေသည်ဖြစ်စေ၊ သို့မဟုတ် ထိုအကျိုးစီးပွားအချင်းချင်း ထိပ်တိုက်တွေ့ချိန်၌ မည်သည့်ရုန်းကန်ယှဉ်ပြိုင်မှုများ ပေါ်ပေါက်လာသည်ဖြစ်စေ သာမန် လူတန်းစားတို့သည် နောက်ပိုင်းတွင် အတူတကွ နေထိုင်နိုင်ကြဆဲပင် ဖြစ်သည်။ သို့သော် တော်ဝင်မိသားစုများအတွင်း၌ကား ဤသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အကျိုးစီးပွားများနှင့် အာဏာအငြင်းပွားမှုများက ပိုအရေးပါနေ၍ ဖြစ်သည်။ ၎င်းတို့သည် မနားတမ်း တိုက်ခိုက်ကြပြီး အဆုံးသတ် ရလဒ်မှာ အနိုင်ရသူများက ရှင်ဘုရင်များ ဖြစ်သွား၍ ရှုံးနိမ့်သူများက ရာဇဝတ်သားများ ဖြစ်သွားကြခြင်းပင်။ တစ်ဖက်မဟုတ် တစ်ဖက်က သေမှ ကိစ္စပြီး၏။ အနိုင်ရသူများရော ရှုံးနိမ့်သူများကပါ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ရေးဟူသည့် ဤစည်းမျဉ်းကို ညီတူညီမျှ အားလုံးစောင့်ထိန်းကြသည်။ သို့သော် အသီးသီး၌ မတူညီသည့် အာဏာပမာဏကိုယ်စီ ရှိကြပြီး မတူညီသည့် ဆန္ဒများနှင့် ရည်မှန်းချက်များ ရှိကြသောကြောင့်၊ သို့မဟုတ် သက်ဆိုင်သူ အသီးသီးကြားရှိ အင်အားကွာဟမှုများကြောင့် အဆုံးတွင် အချို့က ရှင်ကျန်ရစ်သော်လည်း အချို့ကမူ ချေမှုန်းခံရလေသည်။ ဤသည်ကို မည်သည့်အရာက အဆုံးအဖြတ်ပေးသနည်း။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ရေးဟူသည့် စည်းမျဉ်းက အဆုံးအဖြတ်ပေးသလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် အဘယ်အရာက အဆုံးအဖြတ်ပေးသနည်း။ (လူ၏ စာတန်ဆန်သော သဘာဝဖြစ်ပါသည်။) ဤအရာအားလုံးကို ပြောခြင်းအားဖြင့် မည်သည့်အရာကို ငါဆိုလိုသနည်း။ ဤစည်းမျဉ်းများ၊ လူသားမျိုးနွယ်၏ ဆန်းသစ်ပြီး ကောင်းလှပါသည်ဟူသော ဤအပြုအမူများသည် မည်သည့်အရာကိုမျှ လုံးဝ အဆုံးအဖြတ် မပေးနိုင်ဟု ငါဆိုလိုသည်။ လူတစ်ဦး လျှောက်လှမ်းသော လမ်းကြောင်းကို ထိုသူ၏ အပြင်ပန်း အပြုအမူအရ သူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ ဖော်ရွေခြင်း၊ သို့မဟုတ် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်းတို့ ရှိမရှိက အနည်းငယ်မျှပင် အဆုံးအဖြတ်မပေးပေ။ လူ၏ သဘာဝဗီဇကသာ အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ အတိုချုံးပြောရလျှင် ဘုရားအိမ်တော်က လူသားမျိုးနွယ်ကြား ပေါ်ပေါက်လာသည့် ကောင်းသော အပြုအမူများနှင့် သက်ဆိုင်သော ဤဖော်ပြချက်များကို အားပေးထောက်ခံခြင်း မရှိ။ ကောင်းသည်ဟု လူက မြင်သော ဤအပြုအမူများသည် ကောင်းသော အပြုအမူနှင့် သရုပ်သကန်အမျိုးအစားတစ်ခုထက် မပို။ ယင်းတို့က သမ္မာတရားကို ကိုယ်စားပြုခြင်း မရှိ။ အကယ်၍ တစ်စုံတစ်ဦးက ဤကောင်းသော အပြုအမူများနှင့် သရုပ်သကန်များကို ပိုင်ဆိုင်သည်ဆိုလျှင် ထိုသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု မဆိုလိုသကဲ့သို့ သမ္မာတရားကို လိုက်စားနေသည်ဟုလည်း သာ၍ မဆိုလိုပေ။

လူက ကောင်းသည်ဟု မှတ်ယူသော ဤအပြုအမူများသည် ဘုရားသခင်ထံမှ လာခြင်း မဟုတ်သကဲ့သို့ ဘုရားအိမ်တော်ကလည်း အားပေးထောက်ခံခြင်း မရှိသည်သာမက ဘုရားရည်ရွယ်ချက်များနှင့် သာ၍ပင် ကိုက်ညီခြင်း မရှိသဖြင့်၊ ထို့ပြင် ဘုရားနှုတ်ကပတ်တော်များ၊ ဘုရားထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်လည်း ကွဲလွဲနေသဖြင့် ဘုရား၌လည်း လူသားမျိုးနွယ်၏ အပြုအမူအတွက် သတ်မှတ်ချက်အချို့ ရှိလေသလော။ (ရှိပါသည်။) ဘုရားသခင်သည်လည်း သူ့နောက်ကို လိုက်ကြကုန်သော ယုံကြည်သူများ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဖော်ပြချက်အချို့ကို ထုတ်ပြန်ထားသည်။ ယင်းတို့က သမ္မာတရားနှင့် စပ်လျဉ်း၍ လူအပေါ် ဘုရားချမှတ်ထားသော သတ်မှတ်ချက်များနှင့် ကွာခြားပြီး အတော်အတန်လည်း ပိုရိုးစင်း၏။ သို့သော် အသေးစိတ် အချက်အလက်အချို့ကား ပါဝင်နေသည်။ ဘုရားသခင်သည် သူ့နောက် လိုက်သူများအပေါ် မည်သည့်သတ်မှတ်ချက်များ ချမှတ်ထားသနည်း။ ဥပမာအားဖြင့် သန့်ရှင်းသူကဲ့သို့သော အမူအကျင့်ကို ပိုင်ဆိုင်ခြင်း ဖြစ်သည်။ ယင်းသည် လူ့အပြုအမူအတွက် သတ်မှတ်ချက်တစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ကာမဂုဏ်လွန်ကျူးမှု မရှိခြင်း၊ ချုပ်တည်းမှု ရှိခြင်း၊ ထူးခြားဆန်းပြားသော အဝတ်အစားများကို မဝတ်ဆင်ခြင်း၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ခြင်း၊ အခြားသူများကို မရိုက်နှက်ခြင်း သို့မဟုတ် ဆဲဆိုခြင်းတို့အပြင် ရုပ်တုဆင်းတုများကို မကိုးကွယ်ခြင်း၊ ကိုယ့်မိဘကို ရိုသေစွာ ပြုခြင်း စသည်တို့လည်း ရှိသည်။ ဤအရာအားလုံးသည် ဘုရားသခင်က သူ့နောက် လိုက်သူများအပေါ် ထုတ်ပြန်ထားသည့် အပြုအမူဆိုင်ရာ သတ်မှတ်ချက်များပင် ဖြစ်သည်။ ယင်းတို့က အခြေခံအကျဆုံး သတ်မှတ်ချက်များ ဖြစ်ပြီး ယင်းတို့ကို လျစ်လျူရှု၍ မရပေ။ ဘုရားသခင်တွင် သူ့နောက် လိုက်သူများအတွက် အသေးစိတ်ကျသည့် သတ်မှတ်ချက်များ ရှိ၏။ ဤသတ်မှတ်ချက်များက ဘာသာတရားမရှိသူများ တင်ပြသည့် ကောင်းသော အပြုအမူများနှင့် ကွဲပြားခြားနားသည်။ ဘာသာတရားမရှိသူများ အဆိုပြုသည့် ကောင်းသော အပြုအမူများသည် လူတို့ကို ပိုအဆင့်မြင့်သည့် တိရစ္ဆာန်များ ဖြစ်အောင်သာ လုပ်ပေးပြီး နိမ့်ကျသည့် အခြားသော တိရစ္ဆာန်များနှင့် ကွဲပြားခြားနားအောင်သာ လုပ်ပေးသည်။ ဘုရားသခင်က သူ့နောက်လိုက်များအပေါ် ချမှတ်ထားသော သတ်မှတ်ချက်များကမူ ၎င်းတို့ကို ဘာသာတရားမရှိသူများမှ၊ ဘုရားသခင်အား မယုံကြည်ကြသော လူများမှ ခွဲခြားပေးလေသည်။ တိရစ္ဆာန်များနှင့် ကွဲပြားခြားနားအောင် လုပ်ပေးသည့်ကိစ္စ မဟုတ်ပေ။ အတိတ်တွင် “သန့်ရှင်းမြင့်မြတ်စေခြင်း” အကြောင်းလည်း ပြောဆိုခဲ့ကြသည်။ ဤသည်မှာ အတော်အတန် ချဲ့ကားထားပြီး မှန်ကန်တိကျမှု မရှိသည့် ပြောဆိုမှု ဖြစ်သည်။ သို့သော် ဘုရားသခင်က သူ့နောက်လိုက်များအပေါ် ၎င်းတို့၏ အပြုအမူနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်အချို့ကိုကား ထုတ်ပြန်ထားပေသည်။ ငါ့ကို ပြောလော့။ ထိုသတ်မှတ်ချက်များက မည်သည့်အရာများနည်း။ (သန့်ရှင်းသူကဲ့သို့သော အမူအကျင့်ကို ပိုင်ဆိုင်ရန်၊ ကာမဂုဏ်လွန်ကျူးမှု မရှိရန်၊ ချုပ်တည်းမှု ရှိရန်၊ ထူးခြားဆန်းပြားသော အဝတ်အစားများကို မဝတ်ဆင်ရန်၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ရန်၊ အခြားသူများကို မရိုက်နှက်ရန် သို့မဟုတ် မဆဲဆိုရန်၊ ရုပ်တုဆင်းတုများကို မကိုးကွယ်ရန်၊ ကိုယ့်မိဘကို ရိုသေစွာ ပြုရန်တို့ ဖြစ်ပါသည်။) ယင်းတို့အပြင် အခြားအဘယ်အရာများ ရှိသေးသနည်း။ (အခြားသူတို့၏ ပိုင်ဆိုင်မှုများကို အလွဲသုံးစား မလုပ်ရန်၊ မခိုးယူရန်၊ မမှန်သော သက်သေကို မခံရန်၊ အိမ်ထောင်ရေး မဖောက်ပြန်ရန်တို့ ဖြစ်ပါသည်။) ထိုအရာများလည်း ရှိ၏။ ယင်းတို့သည် ပညတ်တရား၏ အစိတ်အပိုင်းများ ဖြစ်သည်။ လူသားမျိုးနွယ်၏ အပြုအမူနှင့် စပ်လျဉ်း၍ အစအဦးတွင် ဘုရားသခင်က ထုတ်ပြန်ထားသော သတ်မှတ်ချက်အချို့ ဖြစ်သည်။ ယင်းတို့သည် ယနေ့ထိတိုင် စစ်မှန်ပြီး လက်တွေ့ကျနေဆဲ ဖြစ်သည်။ ဘုရားသခင်သည် သူ့နောက်လိုက်များ၏ အပြုအမူကို ထိန်းညှိရန် ဤသတ်မှတ်ချက်များကို အသုံးပြု၏။ ဆိုလိုသည်မှာ ဤအပြင်ပန်း အပြုအမူများသည် ဘုရားနောက်ကို လိုက်သောသူများ၏ လက္ခဏာပင် ဖြစ်သည်။ အခြားသူများက သင့်ကို ကြည့်သည့်အခါ သင်သည် ဘုရားကို ယုံကြည်သူတစ်ဦး ဖြစ်ကြောင်း သိကြသည်အထိ ဤအပြုအမူများနှင့် သရုပ်သကန်များကို သင်ပိုင်ဆိုင်ထားသည်ဆိုလျှင် ၎င်းတို့သည် အနည်းဆုံး သင့်ကို နှစ်သက်လက်ခံပြီး လေးစားကြမည် ဖြစ်သည်။ သင်သည် သန့်ရှင်းသူကဲ့သို့ အမူအကျင့်ကို ပိုင်ဆိုင်သည်၊ ဘုရားသခင်ကို ယုံကြည်သူနှင့် တူသည်၊ ဘာသာတရားမရှိသူတစ်ဦးနှင့် မတူဟု ၎င်းတို့က ပြောဆိုကြမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လာသော လူအချို့ကမူ မကြာခဏ ဆေးလိပ်သောက်လိုက်၊ အရက်သောက်လိုက်၊ ရန်ဖြစ်လိုက်၊ သတ်ပုတ်လိုက်နှင့် ဘာသာတရားမရှိသူများကဲ့သို့ပင် ဆက်၍ နေနေကြသည်။ အိမ်ထောင်ရေးဖောက်ပြန်ပြီး ခိုးမှုကို ကျူးလွန်ကြသော လူအချို့ပင် ရှိ၏။ ၎င်းတို့၏ အပြုအမူကပင် ချုပ်တည်းမှု မရှိ၊ ဘုရား၏ နှုတ်ကပတ်တော်များကိုလည်း မလိုက်နာ။ ၎င်းတို့ကို ဘာသာတရားမရှိသူတစ်ဦး မြင်သည့်အခါ “ဤလူမှာ ဘုရားကို ယုံကြည်သူတစ်ဦး အမှန်တကယ် ဟုတ်ပါ၏လော။ ဟုတ်သည်ဆိုလျှင် အဘယ်ကြောင့် ဘုရားကို မယုံကြည်သူများနှင့် အတူတူပင် ဖြစ်နေရသနည်း” ဟု ပြောကြသည်။ အခြားသူများက ထိုလူကို မလေးစားကြ၊ သို့မဟုတ် မယုံကြည်ကြ။ ထို့ကြောင့် ထိုလူက ဧဝံဂေလိတရားဟောရန် ကြိုးစားသောအခါ လူတို့သည် လက်မခံကြချေ။ လူအပေါ် ဘုရားသခင်သတ်မှတ်ထားသည့် အရာကို တစ်ဦးဦးက လုပ်နိုင်သည်ဆိုလျှင် ထိုသူသည် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးသူ ဖြစ်ပြီး ကြင်နာစိတ်ရှိသူ ဖြစ်ကာ ပုံမှန် လူ့သဘာဝကိုလည်း ပိုင်ဆိုင်ပေသည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို ကြားနာပြီးလျှင်ပြီးချင်း လက်တွေ့လုပ်ဆောင်နိုင်၏။ ထို့အပြင် သူလက်တွေ့လုပ်ဆောင်သည့် အရာတွင် ဟန်ဆောင်မှုလည်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံးအနေဖြင့် သူသည် မိမိ၏ အသိတရားနှင့် ဆင်ခြင်တုံတရားတို့ကို အခြေခံကာ ထိုနည်းအတိုင်း ပြုမူနေခဲ့ပြီးပြီ ဖြစ်သောကြောင့်ပင်။ လူအပေါ် ဘုရားသခင်၏ အသေးစိတ်ကျသော သတ်မှတ်ချက်များသည် လူသားမျိုးနွယ်က အားပေးထောက်ခံသော အပြုအမူကောင်းများနှင့် မည်သို့မည်ပုံ ခြားနားသနည်း။ (လူအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များသည် ထင်ရှားကွဲပြားစွာပင် လက်တွေ့ကျပါသည်။ ၎င်းတို့က သာမန်လူ့သဘာဝကို လူတို့ အသက်ရှင်နေထိုင်အောင် ထောက်ကူပေးနိုင်စွမ်း ရှိပါ၏။ ရိုးရာယဉ်ကျေးမှုကမူ ဟန်ပြသက်သက် ဖြစ်ပြီး လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အသုံးဝင်မှု လုံးဝ မရှိသော အပြုအမူအချို့ကိုသာ တောင်းဆိုပါသည်။) မှန်ပေသည်။ လူထံမှ ရိုးရာယဉ်ကျေးမှုက တောင်းဆိုသည့် အပြုအမူကောင်းများသည် အယောင်ဆောင်ထားခြင်းသာ ဖြစ်သည်။ ယင်းတို့သည် အတုအယောင်ဖြစ်သည်။ ဤအပြုအမူကောင်းများသည် မျက်နှာဖုံးတစ်ခု၊ အပြင်ပန်းအသွင်အပြင် တစ်ခုသာ ဖြစ်လေသည်။ ထိုအပြုအမူများကို လိုက်နာကြသော လူတို့သည် သာယာနာပျော်ဖွယ် စကားများကို ပြောကောင်းပြောမည် ဖြစ်သော်လည်း အတွင်း၌မူ အမှုအရာများက လုံးဝပင် ကွဲပြားနေသည်။ ဤကောင်းသော အပြုအမူများသည် မျက်နှာဖုံးတစ်ခု၊ လှည့်စားမှုတစ်ခု ဖြစ်သည်။ လူ့သဘာဝ၏ အနှစ်သာရမှ ထုတ်ဖော်လိုက်သော အရာများ မဟုတ်။ မိမိသိက္ခာအတွက်၊ မိမိဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် လူက ဆင်မြန်းသော အယောင်ဆောင်မှုများ ဖြစ်သည်။ အခြားသူများ မြင်ရန်အလို့ငှာ လူတစ်ဦးက တမင်တကာ ဟန်ဆောင်ပြုမူသည့် ဟန်ပြတစ်ခုဖြစ်ပြီး ကြောင်သူတော်ဆန်သည့် လုပ်နည်းကိုင်နည်းတစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံတွင် လူတို့သည် လူတစ်ဦး၏ အပြုအမူက အစစ်အမှန်လော၊ အတုအပလော ဆိုသည်ကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိချေ။ သို့သော် အချိန်တန်လာလျှင် ထိုသူ၏ သရုပ်မှန်ကို အားလုံးက မြင်ကြရလိမ့်မည်။ ကောင်းသော အပြင်ပန်း အပြုအမူ အများအပြား ရှိပြီး မိမိတို့၏ ဘုရားတရား ကိုင်းရှိုင်းမှုဟု ဆိုလေသည့် သရုပ်သကန် အများအပြား ရှိကြသော်လည်း သမ္မာတရား ဖော်ပြရန်နှင့် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ရန် သခင်ယေရှု ကြွလာသည့်အခါတွင်မူ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးကြသောကြောင့် သူ့ကို ရှုတ်ချကာ ကားစင်တင်သတ်ခဲ့ကြလေသော ကြောင်သူတော် ဖာရိရှဲများကဲ့သို့ပင် ဖြစ်သည်။ ဤအရာက လူတို့၏ အပြုအမူကောင်းများနှင့် အပြင်ပန်း လုပ်နည်းကိုင်နည်းများသည် ၎င်းတို့၏ သဘာဝ အနှစ်သာရကို ကိုယ်စားမပြုကြောင်း ပြပေသည်။ ထိုအပြုအမူကောင်းများက လူတို့၏ သဘာဝ အနှစ်သာရတို့နှင့် ဆက်စပ်မှု မရှိ။ လူတစ်ဦးက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး အသိတရားနှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သရွေ့ ဘုရားက လူကို ဖြည့်ဆည်းဖို့ တောင်းဆိုထားသော စည်းမျဉ်းများကိုမူ လက်တွေ့လုပ်ဆောင်၍ ရပြီး အမှန်တကယ် အသက်ရှင်နေထိုင်၍ ရသည်။ အခြားသူများ၏ ရှေ့တွင် ဖြစ်စေ၊ နောက်ကွယ်တွင် ဖြစ်စေ ဤအရာများကို သင့်အနေနှင့် လုပ်ဆောင်သင့်သည်။ သင့်လူ့သဘာဝ အနှစ်သာရက မည်သို့ရှိသည်ဖြစ်စေ ဘုရားသခင်က ထုတ်ပြန်ထားသော ဤသတ်မှတ်ချက်များကို သင်ဖြည့်ဆည်းရမည်။ ဘုရားသခင်နောက်ကို သင်လိုက်သည်ဖြစ်၍ ဖောက်ပြန်ပျက်စီးသော သင့်စိတ်သဘောထားက မည်မျှပင် ပြင်းထန်နေသည်ဖြစ်စေ သင့်ကိုယ်သင် ချုပ်တည်းကာ ဘုရား၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရမည်။ အချိန်တစ်ခုကြာ ထိုသို့ တွေ့ကြုံပြီးနောက်တွင် သင့်ထံ၌ စစ်မှန်သော ဝင်ရောက်မှု ရှိမည် ဖြစ်ပြီး သင်သည် အမှန်တကယ် ပြောင်းလဲသွားပြီး ဖြစ်လိမ့်မည်။ ထိုအမှန်တကယ် ပြောင်းလဲခြင်းက လက်တွေ့ကျပေသည်။

ခပ်မြန်မြန် ပြန်အကျဉ်းချုပ်ကြည့်ကြစို့။ လူတို့၏ အပြုအမူအတွက် ဘုရားသခင်တွင် မည်သည့်သတ်မှတ်ချက် အမျိုးအစားများ ရှိသနည်း။ လူတို့သည် အမြဲမပြတ် ကိုယ်ကျင့်တရားကောင်းပြီး ချုပ်တည်းရမည်။ အခြားသူများက လေးစားရသည်အထိ ဟန်ဆောင်မှုတစ်စုံတစ်ရာ မရှိဘဲ သိက္ခာရှိရှိ နေထိုင်ရမည်။ ဤသည်တို့မှာ လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ သတ်မှတ်ထားချက်များပင် ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် အခြားသူများ၏ ရှေ့မှောက်တွင် ရောက်နေသည်ဖြစ်စေ၊ နောက်ကွယ်တွင် ရောက်နေသည်ဖြစ်စေ၊ သို့တည်းမဟုတ် မည်သည့်ပတ်ဝန်းကျင်တွင် ရောက်နေသည်ဖြစ်စေ၊ သို့တည်းမဟုတ် မည်သူ့ကို ရင်ဆိုင်နေရသည်ဖြစ်စေ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ဤလက်တွေ့အရှိတရားမျိုးကို ပိုင်ဆိုင်ထားရမည်။ ပုံမှန် လူသားများသည် ဤလက်တွေ့အရှိတရားများကို ပိုင်ဆိုင်ထားသင့်၏။ ဤသည်မှာ အနည်းဆုံးအနေဖြင့် ကိုယ်ပိုင်ကျင့်ကြံပြုမူပုံအပိုင်းတွင် လူတစ်ဦးက လုပ်သင့်သည့် အရာဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက စကားကို အလွန်အမင်း ကျယ်လောင်စွာ ပြောဆိုသည်ဟု ဆိုကြပါစို့။ သို့သော် သူသည် အခြားသူများကို ဆဲဆို ပြောဆိုခြင်း သို့မဟုတ် မကြားဝံ့မနာသာ စကားများ သုံးနှုန်းခြင်း မရှိဘဲ သူပြောသည့် အရာကလည်း မှန်ကန်ပြီး တိကျကာ အခြားသော လူများကို တိုက်ခိုက်ခြင်း မရှိဟု ဆိုကြပါစို့။ ထိုလူက တစ်စုံတစ်ယောက်ကို ဆိုးသည်ဟု ပြောလျှင်ပင်၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို မကောင်းဟု ဆိုလျှင်ပင် ဤသည်မှာ အဖြစ်မှန်ဖြစ်၏။ သူ၏ အပြင်ပန်း စကားပြောဆိုပုံများနှင့် လုပ်ရပ်များက ဘာသာတရားမရှိသူများ တင်ပြထားသော ဖော်ရွေခြင်း သို့မဟုတ် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်းဟူသည့် သတ်မှတ်ချက်များနှင့် မကိုက်ညီသော်လည်း သူပြောသည့် စကားတွင် ပါဝင်နေသည့်အရာ၊ သူ့ပြောစကား၏ အခြေပြုချက်နှင့် စည်းမျဉ်းများကြောင့် ထိုသူသည် သိက္ခာရှိရှိ၊ တည်ကြည်မှုရှိစွာ နေထိုင်နိုင်လေသည်။ ကိုယ်ကျင့်တရားကောင်းခြင်း ဟူသည်မှာ ဤအရာကို ဆိုလို၏။ သူသည် ကိုယ်မသိသော ကိစ္စများ အကြောင်းကို ပေါ့တီးပေါ့ဆ မပြောဆိုသကဲ့သို့ ကိုယ်တိုင် ရှင်းလင်းစွာ မသိမြင်နိုင်သည့် လူများကိုလည်း ထင်ရာမြင်ရာ အကဲမဖြတ်ချေ။ သူသည် အပေါ်ယံ၌ နူးညံ့သိမ်မွေ့ခြင်း သိပ်မရှိသည့်ပုံစံ ပေါက်နေသော်လည်း၊ ထို့ပြင် ဘာသာတရားမရှိသူများ ပြောတတ်ကြသော ယဉ်ကျေးမှုရှိပြီး စည်းကမ်းလိုက်နာခြင်းဟူသည့် အပြုအမူဆိုင်ရာ စံနှုန်းကို လိုက်မမီသော်လည်း စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပိုင်ဆိုင်ပြီး စကားနှင့် လုပ်ဆောင်ချက်တို့တွင် ချုပ်တည်းမှု ရှိသဖြင့် သူအသက်ရှင် နေထိုင်သော အရာသည် လူသားမျိုးနွယ်က ပြောသော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်းဟူသည့် အပြုအမူများထက် အပြတ်အသတ် သာလွန်လေသည်။ ဤသည်မှာ ချုပ်တည်းမှုရှိပြီး ကိုယ်ကျင့်တရား ကောင်းခြင်း၏ သရုပ်သကန်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သို့ပင်ဖြစ်စေ ဘုရားသခင်ကို ယုံကြည်သူများအတွက် ဘုရားသခင် ချမှတ်သည့် အပြုအမူကောင်းဆိုင်ရာ တောင်းဆိုချက်များကို သင်တို့ သေချာစွာ ကြည့်ရှုပါက ယင်းတို့ထဲမှ မည်သည့်တောင်းဆိုချက်သည် ပုံမှန်လူ့သဘာဝကို ပစ်မှတ်ထား၍ ချမှတ်ထားသည့် တောင်းဆိုထားသည့် စည်းကမ်းမဟုတ်သနည်း။ မည်သည့်သတ်မှတ်ချက်က လူတို့ကို ဟန်ဆောင်ဖုံးကွယ်ခိုင်းသနည်း။ တစ်ခုမျှ မရှိ မဟုတ်လော။ သင်တို့တွင် သံသယတစ်စုံတစ်ရာ ရှိနေလျှင် ထုတ်ပြောနိုင်သည်။ ဥပမာ အချို့က “ယခုအချိန်တွင် အခြားသူများအား တစ်ခါတစ်ရံတွင် နှုတ်ဖြင့် စော်ကားဆဲဆိုသည့် လူများရှိသော်လည်း ဘုရားသခင်က ၎င်းတို့ကို ပြစ်တင်ရှုတ်ချခြင်း မရှိပေ” ဟု ပြောကောင်း ပြောလာနိုင်သည်။ အခြားသော လူများကို မဆဲဆိုရန် ဘုရားပြောသောအခါ “ဆဲဆိုခြင်း” က အဘယ်အရာကို ရည်ညွှန်းသနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် မိမိ၏ စိတ်ခံစားချက်များကို လူတစ်ဦး ပေါက်ကွဲပြသည့် အချိန်အား ရည်ညွှန်းပါသည်။) မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်း၊ အယုတ္တအနတ္တများကို ပြောဆိုခြင်းတို့မှာ ဆဲဆိုခြင်းပင် ဖြစ်သည်။ လူတစ်ဦးအကြောင်း ပြောဆိုချက်သည် သာယာနာပျော်ဖွယ် မရှိသော်လည်း ထိုသူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် ကိုက်ညီနေပါက ထိုပြောဆိုချက်မှာ ဆဲဆိုခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အသင်းတော်၏ အလုပ်ကိုနှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကာ မကောင်းမှု အများအပြားလည်း လုပ်ထားကောင်း လုပ်ထားနိုင်သည်။ ထိုသူကို သင်က “သင်သည် မကောင်းမှု များစွာကို လုပ်ထား၏။ သင်သည် လူယုတ်မာပင် ဖြစ်သည်။ လူသားမဟုတ်” ဟု ပြောသည် ဆိုပါစို့။ ထိုပြောဆိုချက်က ဆဲဆိုခြင်း မည်သလော။ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်း မည်သလော။ သို့မဟုတ် မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်း မည်သလော။ သို့မဟုတ် သန့်ရှင်းသူကဲ့သို့သော အမူအကျင့်ကို မပိုင်ဆိုင်ခြင်း မည်သလော။ (ထိုပြောဆိုချက်က အချက်အလက်များနှင့် ကိုက်ညီနေ၍ ဆဲဆိုခြင်း မမည်ပါ။) မှန်ပေသည်။ ထိုသို့မမည်ပေ။ ထိုပြောဆိုချက်က အချက်အလက်များနှင့် ကိုက်ညီနေသည်။ ဤအရာများသည် အမှန်အတိုင်း ပြောထားသည့် မှန်သော စကားများဖြစ်၏။ မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားခြင်း၊ သို့မဟုတ် ဖုံးကွယ်ထားခြင်း မရှိ။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းနှင့်ဖြစ်စေ၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်းနှင့်ဖြစ်စေ ကိုက်ညီချင်မှ ကိုက်ညီမည် ဖြစ်သော်လည်း အချက်အလက်များနှင့်ကား ကိုက်ညီနေသည်။ ကြိမ်းမောင်းခံလိုက်ရသော လူသည် သူ့ကိုယ်သူ ထိုစကားများနှင့် နှိုင်းယှဉ်ပြီး ဆန်းစစ်ကြည့်မည် ဖြစ်သည်။ ထိုအခါ သူကြိမ်းမောင်းခံရသည်မှာ အမှားတစ်ခုခုကို သူလုပ်ထားပြီး မကောင်းမှု များစွာကို ကျူးလွန်ထား၍ ဖြစ်ကြောင်း မြင်သွားလိမ့်မည် ဖြစ်သည်။ သူ့ကိုယ်သူ မုန်းတီးမည် ဖြစ်ပြီး “ငါသည် တကယ်ပင် အသုံးမကျသူ ဖြစ်နေပါတကား။ ငါလုပ်ခဲ့သည့်အရာကို အယုတ်တမာကောင်ကသာ လုပ်လိမ့်မည်။ ငါသည် လူသားတစ်ဦး မဟုတ်။ ငါ့ကို ထိုသူ ဤကဲ့သို့ ကြိမ်းမောင်းခြင်းက မှန်ကန်ပြီး ကောင်းမွန်၏” ဟု တွေးမည် ဖြစ်သည်။ ထိုအရာကို လက်ခံပြီးနောက် ထိုသူသည် သူ၏ သဘာဝ အနှစ်သာရနှင့် ပတ်သက်၍ အနည်းငယ်သော အသိပညာကို ရရှိသွားမည် ဖြစ်သည်။ အချိန်တစ်ခုကြာ တွေ့ကြုံခံစားပြီးနောက်တွင် ထိုသူသည် အမှန်တကယ် နောင်တရလာပေလိမ့်မည်။ ထိုအခါ နောင်အနာဂတ်၌ သူ့တာဝန်ကို ထမ်းဆောင်စဉ်တွင် စည်းမျဉ်းများအား ရှာဖွေရမည်ကို သိသွားလိမ့်မည်။ ကြိမ်းမောင်းခံရခြင်းက သူ့ကို လှုပ်နှိုးပေးလိုက်သည် မဟုတ်လော။ သို့ဖြစ်လျှင် လူတို့အနေနှင့် အခြားသူများကို မဆဲဆိုရဟူသော ဘုရားသခင်၏ သတ်မှတ်ချက်တွင် ပါသည့် “ဆဲဆိုခြင်း” ဟူသည့်အရာနှင့် အဆိုပါ ကြိမ်းမောင်းခြင်းတို့ အကြား၌ ကွဲပြားခြားနားချက် မရှိလေသလော။ (ရှိပါသည်။) ကွဲပြားခြားနားချက်က အဘယ်အရာနည်း။ လူတို့သည် အခြားသူများကို မဆဲဆိုရဟူသော ဘုရားသခင်၏ သတ်မှတ်ချက်၌ ပါသည့် “ဆဲဆိုခြင်း” က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဤအရာ၏ ပထမအပိုင်းကို ဆိုရလျှင် ပြောဆိုသည့် အကြောင်းအရာနှင့် စကားလုံးများသည် မဖွယ်မရာ ဖြစ်နေပါက မကောင်းပေ။ ဘုရားသခင်သည် သူ့နောက်လိုက်များ၏ နှုတ်ထံမှ မကြားဝံ့မနာသာ စကားတစ်ခုတလေကိုမျှ ကြားလိုခြင်း မရှိ။ ထိုစကားများကို ဘုရားက မကြားလိုချေ။ သို့သော် အဖြစ်မှန်များကို ဖော်ထုတ်ပြစဉ် သာယာနာပျော်ဖွယ် မရှိသော စကားအချို့ကို သုံးပါက ထိုသို့သော အခြေအနေများအတွက် ခြွင်းချက်များ သတ်မှတ်ပေးထား၏။ ယင်းက ဆဲဆိုခြင်း မဟုတ်ပေ။ နောက်တစ်ပိုင်းအနေနှင့် ဆဲဆိုသည့် အပြုအမူ၏ အနှစ်သာရမှာ အဘယ်အရာနည်း။ တဇောက်ကန်းဖြစ်ခြင်း၏ ထုတ်ဖော်ခြင်းတစ်ရပ် ဖြစ်သည်မဟုတ်လော။ ပြဿနာတစ်ခုကို ရိုးရိုးတန်းတန်း မိတ်သဟာယပြုခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း၊ ပြောဆိုဆွေးနွေးခြင်းတို့မှတစ်ဆင့် ရှင်းလင်းစွာနှင့် ပွင့်လင်းမြင်သာစွာ ရှင်းပြ၍ ရပါက အဘယ်ကြောင့် ထိုလူကို ဆဲဆိုစရာ လိုသနည်း။ ထိုသို့ဆဲဆိုခြင်းက မကောင်းပေ။ မသင့်တော်ပေ။ အဆိုပါ အပြုသဘောဆောင်သော ချဉ်းကပ်နည်းများနှင့် ယှဉ်ကြည့်လျှင် ဆဲဆိုခြင်းသည် လိုက်သင့်သော ပုံမှန်လမ်းစဉ် မဟုတ်။ မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်းနှင့် မိမိ၏ တဇောက်ကန်းဖြစ်ခြင်းကို လှစ်ဟပြခြင်းသာ ဖြစ်သည်။ ပြီးလျှင် မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်သည့် နည်းလမ်းအနေဖြင့် မိမိ၏ စိတ်ခံစားချက်များအား ပေါက်ကွဲပြခြင်း သို့မဟုတ် တဇောက်ကန်းဖြစ်ခြင်းအား ထုတ်ဖော်ပြခြင်းကို လူတို့ အသုံးပြုရန် ဘုရားသခင် မလိုလားပေ။ လူသားများအနေနှင့် တဇောက်ကန်းဖြစ်ခြင်းကို ထုတ်ဖော်ပြီး မိမိတို့၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြသောအချိန်တွင် ၎င်းတို့ မကြာမကြာ ပြသတတ်သော အပြုအမူမှာ နှုတ်ဖြင့် ဆဲဆိုပြီး တိုက်ခိုက်ရန် ဘာသာစကားကို အသုံးပြုခြင်းပင် ဖြစ်သည်။ သာယာနာပျော်ဖွယ် မကောင်းဆုံးဖြစ်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ပြောကြမည် ဖြစ်သည်။ တစ်ဖက်လူကို နာကျင်စေပြီး ၎င်းတို့၏ ဒေါသကို ပြေစေမည့် မည်သည့်အရာကိုမဆို ပြောကြမည် ဖြစ်သည်။ ပြောပြီးသွားသောအခါ ၎င်းတို့ကြောင့် တစ်ဖက်သားက ညစ်ညူးပြီး နာကျင်သွားမည်သာမက ၎င်းတို့ကိုယ်တိုင်သည်လည်း ညစ်ညူးပြီး နာကျင်သွားပေလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နောက် လိုက်သူများက အမှုကိစ္စများကို ကိုင်တွယ်ရာတွင် ခံယူထားရမည့် သဘောထားသော်လည်းကောင်း၊ နည်းလမ်းသော်လည်းကောင်း မဟုတ်။ ထို့ပြင် ဖောက်ပြန်ပျက်စီးသော လူသားများတွင် ကလဲ့စားချေတတ်သော၊ မိမိတို့၏ စိတ်ခံစားချက်များနှင့် မကျေနပ်ချက်ကို ပေါက်ကွဲပြတတ်သော၊ မိမိတို့၏ တဇောက်ကန်းဖြစ်ခြင်းကို ထုတ်ဖော်ပြတတ်သော စိတ်နေစိတ်ထား အမြဲပင် ရှိနေ၏။ ၎င်းတို့သည် အခြားသူများကို တစ်ချိန်လုံးလိုလို ဆဲဆိုချင်နေကြသည်။ အမှုကိစ္စ ကြီးငယ်မရွေး ဖြစ်လာသည့်အခါ ၎င်းတို့ချက်ချင်း ထုတ်ပြသော အပြုအမူမှာ ဆဲဆိုခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော အပြုအမူက ပြဿနာအား ဖြေရှင်းပေးမည် မဟုတ်ကြောင်းကို ၎င်းတို့ သိနေသည့်အခါ၌ပင်လျှင် မည်သို့ဖြစ်ဖြစ် လုပ်ကြလေသည်။ ဤသည်မှာ စာတန်ဆန်သော အပြုအမူဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ အိမ်တွင် ၎င်းတို့တစ်ယောက်တည်း ရှိနေသောအချိန်၊ ၎င်းတို့ကို မည်သူမျှ မကြားနိုင်သောအချိန်၌ပင်လျှင် ဆဲဆိုပြောဆိုကြမည် ဖြစ်သည်။ ဤသည်မှာ မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်း ဖြစ်သည် မဟုတ်လော။ မိမိ၏ တဇောက်ကန်းဖြစ်ခြင်းကို ဖော်ထုတ်ပြခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မိမိ၏ တဇောက်ကန်းဖြစ်ခြင်းကို ဖော်ထုတ်ပြပြီး မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်းဟူသည်မှာ ယေဘုယျအားဖြင့် ပြောရလျှင် တစ်စုံတစ်ခုကို ချဉ်းကပ်ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခုအနေနှင့် မိမိ၏ ကမူးရှူးထိုးနိုင်မှုအား အသုံးပြုခြင်းကို ဆိုလိုသည်။ အမှုကိစ္စအားလုံးကို တဇောက်ကန်းဖြစ်သည့် သဘောထားနှင့် ရင်ဆိုင်သည်ဟု ဆိုလိုသည်။ ထိုအရာ၏ အပြုအမူနှင့် သရုပ်သကန် တစ်ခုမှာ ဆဲဆိုခြင်း ဖြစ်သည်။ ဆဲဆိုခြင်း၏ အနှစ်သာရမှာ ထိုသို့ဖြစ်နေသဖြင့် စော်ကားပြောဆိုခြင်း မပြုရန် လူအပေါ် ဘုရားသခင် သတ်မှတ်ထားခြင်းက ကောင်းသည့်အရာတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် အခြားသူများကို ဆဲဆိုခြင်း မပြုရဟူသော ဘုရားသခင်၏ သတ်မှတ်ချက်က မသင့်တော်သလော။ လူကို အကျိုးမပြုသလော။ (အကျိုးပြုပါသည်။) နောက်ဆုံးတွင် လူတို့အနေနှင့် အခြားသူများကို မရိုက်နှက်ရ သို့မဟုတ် မဆဲဆိုရဟူသော ဘုရားသခင် သတ်မှတ်ထားချက်၏ ပန်းတိုင်သည် ချုပ်တည်းမှုကို လူတို့ကျင့်သုံးကြစေရန်၊ မိမိတို့၏ စိတ်ခံစားချက်များနှင့် တဇောက်ကန်းဖြစ်ခြင်းတို့အလယ် လူတို့ အစဉ်အမြဲ အသက်ရှင်နေခြင်း မရှိကြစေရန် ဖြစ်သည်။ မိမိစိတ်ခံစားချက်များနှင့် တဇောက်ကန်းဖြစ်ခြင်းတို့အလယ် အသက်ရှင်ကြသော လူတို့သည် တစ်စုံတစ်ဦးကို ဆဲဆိုချိန်တွင် မည်သည့်အရာကိုပင် ပြောဆိုသည်ဖြစ်စေ ၎င်းတို့ထံမှ ထုတ်ဖော်လိုက်သော အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်၏။ ယင်းက မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနည်း။ အနည်းဆုံးအနေနှင့် ရက်စက်ကြမ်းကြုတ်ပြီး မာနထောင်လွှားသော စိတ်သဘောထား ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ထုတ်ဖော်ခြင်းဖြင့် ပြဿနာတစ်ခုခုကို ဖြေရှင်းခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက် ဟုတ်သလော။ (မဟုတ်ပါ။) မိမိတို့၏ ပတ်ပတ်လည်တွင် ဖြစ်ပျက်လာသည့် မည်သည့်အမှုအရာများကိုမဆို ချဉ်းကပ်ရန် ထိုသို့သော နည်းလမ်းများအား ဘုရားနောက်လိုက်များ အသုံးပြုဖို့ ဘုရားသခင် မလိုလားပေ။ ဆိုလိုသည့် အဓိပ္ပာယ်မှာ မိမိတို့၏ ပတ်ပတ်လည်၌ ဖြစ်ပျက်လာသည့် အရာရာတိုင်းကို အခြားသူများအား ရိုက်နှက်သည့်နည်း၊ ဆဲဆိုသည့်နည်းနှင့် လူတို့ ချဉ်းကပ်ကြသည့်အခါ ဘုရားသခင် မနှစ်သက်ကြောင်းပင်။ လူတို့ကို ဆဲဆိုပြီး မည်သည့်ပြဿနာကိုမျှ ဖြေရှင်း၍ မရနိုင်ပေ။ ထိုသို့ပြုခြင်းက စည်းမျဉ်းများနှင့်အညီ သင်၏ လုပ်ဆောင်နိုင်စွမ်းကို လာထိခိုက်၏။ အနည်းဆုံးအနေဖြင့် ယင်းက အပြုသဘောဆောင်သော အပြုအမူတစ်ခု မဟုတ်သကဲ့သို့ ပုံမှန်လူ့သဘာဝ ရှိထားသူတို့ ပိုင်ဆိုင်ထိုက်သည့် အပြုအမူတစ်ခုလည်း မဟုတ်။ ထို့ကြောင့် ဘုရားသခင်က သူ့နောက်သို့ လိုက်သူများအပေါ် အခြားသူများအား ရိုက်နှက်ခြင်းဖြစ်စေ၊ ဆဲဆိုခြင်းဖြစ်စေ မပြုရဟူသည့် သတ်မှတ်ချက်ကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။ “ဆဲဆိုခြင်း” ထဲတွင် စိတ်ခံစားချက်များနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ ရှိနေ၏။ “စိတ်ခံစားချက်များ” ဟူသည်မှာ အထူးသဖြင့် အဘယ်အရာကို ရည်ညွှန်းသနည်း။ ထိုအရာထဲတွင် မုန်းတီးမှုနှင့် ကျိန်ဆဲမှုများအပြင် အခြားသူများကို ဒုက္ခရောက်စေလိုခြင်း၊ မိမိ၏ လိုအင်ဆန္ဒများအတိုင်း တန်ရာတန်ရာ အပြစ်ဒဏ်ကို အခြားသူများ ခံရပါစေဟု မျှော်လင့်ခြင်း၊ အခြားသူများ ဇာတ်သိမ်းမလှဘဲ အကျိုးနည်းပါစေဟု မျှော်လင့်ခြင်းတို့ ပါဝင်နေသည်။ အထူးသဖြင့် ဤသို့သော အပျက်သဘောဆောင်သည့်အရာများ ပါဝင်သော စိတ်ခံစားချက်များဖြစ်သည်။ ထိုသို့ဆိုလျှင် “တဇောက်ကန်းဖြစ်ခြင်း” ဟူသည်ကရော အဘယ်အရာကို ဆိုလိုသနည်း။ အစွန်းရောက်သည့်၊ အပျက်သဘောဆောင်သည့်၊ ဆိုးယုတ်သည့် နည်းလမ်းများကို သုံးပြီး မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်း၊ မိမိမနှစ်သက်သော အမှုအရာများနှင့် လူများက မိမိ၏ ဆန္ဒအတိုင်း ကြမ္မာငင်ကုန်သည့်အခါ မိမိဝမ်းသာနိုင်ရန် ၎င်းတို့ပျောက်ကွယ်သွားဖို့၊ ဘေးဒုက္ခနှင့် ရင်ဆိုင်ရစေဖို့ ဆန္ဒရှိခြင်းတို့ကို ဆိုလိုသည်။ ဤသည်မှာ တဇောက်ကန်းဖြစ်ခြင်း ဖြစ်၏။ တဇောက်ကန်းဖြစ်ခြင်းတွင် မည်သည့်အရာများက အကျုံးဝင်နေသနည်း။ မုန်းတီးမှု၊ ရန်လိုမှုနှင့် ကျိန်ဆဲမှုများအပြင် မလိုတမာ စိတ်သဘောအချို့ ဟူသည့်အရာများ အားလုံးက တဇောက်ကန်းဖြစ်ခြင်းတွင် အကျုံးဝင်နေ၏။ ထိုအရာများထဲမှ တစ်ခုတလေက အပြုသဘောဆောင်ခြင်း ရှိသလော။ (မရှိပါ။) တစ်စုံတစ်ယောက်သည် ဤစိတ်ခံစားချက်များနှင့် တဇောက်ကန်းဖြစ်ခြင်းတို့အလယ်တွင် အသက်ရှင်သည့်အခါ မည်သည့်အခြေအနေ၌ ရောက်နေသနည်း။ ထိုသူသည် ရူးသွပ်နေသည့် မကောင်းဆိုးဝါးအဖြစ်သို့ ပြောင်းလဲသွားတော့မည် မဟုတ်လော။ သင်သည် လူတို့ကို ဆဲဆိုလေလေ သာ၍ စိတ်ဆိုးလာလေလေပင် ဖြစ်ပြီး သင်ပိုကြမ်းကြုတ်လာလေလေ အခြားသူများကို ဆဲဆိုလိုလေလေ ဖြစ်သည်။ ဤသို့ဖြင့် အဆုံးတွင် သင်သည် လက်ဆန့်တန်းကာ တစ်စုံတစ်ဦးကို ရိုက်နှက်ချင်လာလိမ့်မည်။ တစ်စုံတစ်ဦးကို သင်ရိုက်နှက်သည့်အခါ ထိုသူကို သေလုမျောပါး ဒဏ်ရာရသွားအောင် လုပ်ချင်မည်ဖြစ်ပြီး သူ့အသက်ကို နုတ်ယူချင်ပေလိမ့်မည်။ ဆိုလိုသည်မှာ “ငါသင့်ကို ဖျက်ဆီးပစ်မည်။ ငါသင့်ကို သတ်ပစ်မည်” ဟူသည့် သဘောပင်။ အနုတ်သဘောဆောင်သော စိတ်ခံစားချက်ဟူသည့် သေးငယ်သော စိတ်ခံစားချက်ကလေးတစ်ခုသည် လူတစ်ဦး၏ တဇောက်ကန်းဖြစ်ခြင်းကို ဖောင်းကားလာစေပြီး ပွင့်ထွက်သွားစေသည်။ အဆုံးတွင် လူတို့ကို အသက်တစ်ချောင်း ဆုံးရှုံးသွားဖို့နှင့် ချေမှုန်းခံရဖို့ အလိုရှိစေသည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝ ရှိသောသူတို့က ပိုင်ဆိုင်ထားသင့်ပြီး ရှိထားသင့်သည့် အရာတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ မည်သည့်ရုပ်အသွင် ဖြစ်သနည်း။ (နတ်ဆိုးတစ်ကောင်၏ ရုပ်အသွင် ဖြစ်ပါသည်။) နတ်ဆိုးတစ်ကောင်က သူ၏ အသွင်သဏ္ဌာန်အမှန်ကို လှစ်ဟပြနေခြင်း ဖြစ်သည်။ မကောင်းဆိုးဝါးတစ်ကောင်က လူတစ်ဦးကို ဝါးမျိုတော့မည့်အချိန်တွင် ပေါ်လာသည့် ရုပ်အသွင်နှင့် အတူတူ ဖြစ်သည်။ ၎င်း၏ မကောင်းဆိုးဝါး သဘာဝက အပြင်သို့ ထွက်လာပြီး ထိုသဘာဝကို ထိန်းချုပ်၍ မရချေ။ ရူးသွပ်နေသည့် မကောင်းဆိုးဝါးဟူသည်မှာ ဤအရာကို ဆိုလိုသည်။ ဤလူများက မည်မျှအထိ ရူးသွပ်လာကြသနည်း။ ၎င်းတို့သည် လူ့အသားနှင့် လူ့စိတ်ဝိညာဉ်ကို ဝါးမျိုလိုသော မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားကြသည်။ ဆဲဆိုခြင်း၏ အပြင်းထန်ဆုံး အကျိုးဆက်မှာ ရိုးရှင်းသော ကိစ္စတစ်ခုက လုံးဝ ပြောင်းပြန်လှန်သွားပြီး တစ်စုံတစ်ဦး အသက်ဆုံးရှုံးရသည့် အဖြစ်သို့ ရောက်သွားနိုင်ခြင်းပင် ဖြစ်သည်။ ကိစ္စရပ်များစွာသည် လူနှစ်ဦးကြား အနည်းငယ် သဘောထားကွဲလွဲမှုမှ စတင်လာ၏။ ထိုအရာမှတစ်ဆင့် အချင်းချင်း တစ်ဦးကိုတစ်ဦး အော်ဟစ်ကာ ဆဲဆိုခြင်း၊ ထို့နောက် တစ်ဦးကိုတစ်ဦး ရိုက်နှက်ခြင်းသို့ ဦးတည်လာသည်။ ထို့နောက်တွင်ကား သတ်ဖြတ်လိုသည့် ပြင်းပြသော ဆန္ဒတို့ ပေါ်လာပြီးလျှင် ထိုမှတစ်ဖန် ဤပြင်းပြသော ဆန္ဒက အဖြစ်မှန် ဖြစ်လာလေတော့၏။ သူထို့ထဲမှ တစ်ဦးက သတ်ဖြတ်ခံရပြီး ကျန်တစ်ဦးကမူ လူသတ်မှုနှင့် စီရင်ချက် ချခံရကာ သေဒဏ်ပေးခံရလေသည်။ အဆုံးတွင် နှစ်ဦးနှစ်ဖက်စလုံး ရှုံးနိမ့်ကြရ၏။ ဤသည်မှာ အဆုံးသတ် ရလဒ်ပင် ဖြစ်တော့သည်။ သူတို့သည် ဆဲဆိုပြီးကြပြီ။ မိမိတို့၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြပြီးကြပြီ။ မိမိတို့၏ တဇောက်ကန်းဖြစ်ခြင်းကို မကြွင်းမကျန် ဖော်ထုတ်ပြီးကြပြီ။ ငရဲသို့လည်း နှစ်ဦးစလုံး ကျသွားကြလေပြီ။ ရလဒ်က ထိုအရာပင် ဖြစ်၏။ မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်းနှင့် မိမိ၏ တဇောက်ကန်းဖြစ်ခြင်း ဖောင်းကားလာပြီး ပွင့်ထွက်လာခြင်း၏ အကျိုးဆက်များမှာ ထိုအရာများ ဖြစ်သည်။ ဤသည်မှာ ကောင်းသော ရလဒ်မဟုတ်။ ကောင်းကျိုးမပြုသော ရလဒ်သာ ဖြစ်သည်။ သင်တွေ့သလော၊ ဤသည်မှာ ရိုးရှင်းသည့်၊ အပျက်သဘောဆောင်သည့် စိတ်ခံစားချက်မှ အကြောင်းခံလာသော အပြုအမူ၏ ရလဒ်အဖြစ် လူက ရင်ဆိုင်ရသည့် အဆုံးသတ်မျိုး ဖြစ်သည်။ ထိုသို့သော အဆုံးသတ်မျိုးကို လူတို့သည် မမြင်လိုကြသကဲ့သို့ ကိုယ်တိုင်လည်း မရင်ဆိုင်လိုကြပေ။ သို့သော် လူတို့သည် မကောင်းသော စိတ်ခံစားချက်မျိုးစုံအလယ်တွင် အသက်ရှင်ကြသောကြောင့်၊ ထို့ပြင် မကြာခဏ ပြန့်ကားပြီး ပေါက်ကွဲထွက်လာတတ်သော တဇောက်ကန်းဖြစ်သည့် သဘောတွင် ငြိတွယ်နေကာ ထိုသဘော၏ ထိန်းချုပ်ခြင်းကို ခံနေရသောကြောင့် အဆိုပါ အကျိုးဆက်များက နောက်ဆုံးတွင် ပေါ်လာသည့် အရာများပင် ဖြစ်သည်။ ငါ့ကို ပြောလော့။ ဆဲဆိုခြင်းသည် ရိုးရှင်းသော အပြုအမူတစ်ခု ဖြစ်သလော။ နေ့စဉ်အသက်တာတစ်လျှောက် လူတို့ ကျူးလွန်ကြသည့် ဆဲဆိုခြင်းမှ ထိုသို့သော ကောင်းကျိုးမပြုသော ရလဒ်မျိုး ထွက်ပေါ်လာခြင်း မရှိဘဲ ဖြစ်နေနိုင်သည်။ တစ်နည်းဆိုရလျှင် ဆဲဆိုသည့် ဖြစ်ရပ်အားလုံးမှ ထိုသို့သော ကောင်းကျိုးမပြုသော ရလဒ်မျိုး မလွဲမသွေ ပေါ်ထွက်လာမည်ကား မဟုတ်။ သို့တိုင်အောင် ဤသည်မှာ ဆဲဆိုခြင်း၏ အနှစ်သာရ ဖြစ်သည်။ မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်း၊ မိမိ၏ တဇောက်ကန်းဖြစ်ခြင်း ဖောင်းကားလာပြီး ပွင့်ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် အခြားသူများကို ဆဲဆိုခြင်းမပြုရန် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သတ်မှတ်ထားချက်သည် အသေအချာပင် လူကို အကျိုးပြုသည်။ နည်းအသွယ်သွယ်ဖြင့် လူကို အကျိုးပြုပြီး မည်သည့်နည်းနှင့်မျှ ထိခိုက်နစ်နာစေခြင်း မရှိ။ တစ်ချိန်တည်းတွင် ဤသည်မှာ လူသားမျိုးနွယ်အတွက် ဤသတ်မှတ်ချက်ကို ဘုရားသခင် ထုတ်ပြန်ထားခြင်း၏ အဓိပ္ပာယ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ အခြားသူများကို မဆဲဆိုရဟူသည့် သတ်မှတ်ချက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် လိုက်စားခြင်း အဆင့်ကို မီချင်မှ မီမည် ဖြစ်သော်လည်း ဤသတ်မှတ်ချက်မျိုးကို လူက စောင့်ထိန်းလိုက်နာသင့်ဆဲပင် ဖြစ်လေသည်။

လူတို့သည် မိမိကိုယ်ကို ချုပ်တည်းခြင်းတစ်ခုတည်းကို အားကိုးပြီး အချင်းချင်း စကားဖြင့် ဆဲရေးတိုင်းထွာခြင်းမပြုရဟူသည့် ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းနိုင်ကြသလော။ လူတို့ ဒေါသထွက်သည့်အခါ အကြိမ်များစွာ မိမိတို့ကိုယ်ကို ချုပ်တည်းမရနိုင်ကြချေ။ ထို့ကြောင့် လူတို့သည် အချင်းချင်း စကားဖြင့် ဆဲရေးတိုင်းထွာခြင်းမပြုရသည့် ဤသတ်မှတ်ချက်ကို မည်သို့ ဖြည့်ဆည်းနိုင်သနည်း။ သင်သည် တစ်စုံတစ်ဦးကို စကားဖြင့် ဆဲရေးတိုင်းထွာတော့မည့်အချိန်တွင်၊ အထူးသဖြင့် သင့်ကိုယ်သင် မချုပ်တည်းနိုင်သည့်အချိန်တွင်၊ အလျင်အမြန် ဆုတောင်းသင့်၏။ သင် အတန်ငယ် ဆုတောင်းပြီး၊ ဘုရားသခင်ထံ လေးနက်စွာ အသနားခံပါက၊ သင်၏ ဒေါသ ယုတ်လျော့ဖို့ အလားအလာရှိလိမ့်မည်။ ထိုအချိန်တွင် သင်သည် မိမိကိုယ်ကို ထိရောက်စွာ ချုပ်တည်းနိုင်လိမ့်မည်ဖြစ်ပြီး၊ သင်၏ စိတ်ခံစားမှုများနှင့် တဇောက်ကန်းဖြစ်ခြင်းကို ထိန်းချုပ်နိုင်လိမ့်မည်။ ဥပမာအားဖြင့်၊ တစ်ခါတစ်ရံ လူတို့သည် သင့်ကို စော်ကားသည်ဟု ခံစားရစေသည့် တစ်စုံတစ်ရာကို ပြောကောင်းပြောနိုင်သည်၊ သို့မဟုတ် သင့်ကွယ်ရာတွင် သင့်ကို ဝေဖန်ကောင်းဝေဖန်နိုင်သည် သို့မဟုတ် သင့်ကို တမင်တကာဖြစ်စေ၊ အမှုမဲ့အမှတ်မဲ့ဖြစ်စေ နာကျင်စေနိုင်သည်၊ သို့မဟုတ် သင့်ကို အနည်းငယ် အခွင့်အရေးယူကောင်းယူနိုင်သည်၊ သင့်ထံမှ တစ်စုံတစ်ရာကို ခိုးယူကောင်း ခိုးယူနိုင်သည်၊ သို့မဟုတ် သင်၏ အဓိက အကျိုးစီးပွားများကိုပင် ထိခိုက်နိုင်သည်။ ဤအရာများ သင့်ထံ ကျရောက်သည့်အခါ၊ သင်က၊ “သူ ငါ့ကို နာကျင်စေသောကြောင့် သူ့ကို ငါ မုန်းသည်။ သူ့ကို ငါ အော်ဟစ် ဆဲရေးတိုင်းထွာချင်သည်၊ သူ့အပေါ် လက်စားချေချင်သည်၊ သူ့ကို ငါ ရိုက်ပင်ရိုက်နှက်လိုက်ချင်သည်။ သူ့ကို သင်ခန်းစာတစ်ခုပေးဖို့ သူ့နောက်ကွယ်တွင် ဂုဏ်အသရေ ထိခိုက်ပျက်ပြားအောင် အကောက်ကြံမှုတစ်ခု လုပ်လိုက်ချင်သည်”ဟု တွေးလိမ့်မည်။ ဤအရာအားလုံးကို မကောင်းသည့် စိတ်ခံစားမှုများက ဖြစ်စေသည် မဟုတ်လော။ မကောင်းသည့် စိတ်ခံစားမှုများက ဖြစ်စေသည့် အကျိုးဆက်များမှာ သင်သည် ဤအရာများကို လုပ်ဆောင်ရန် ဆန္ဒရှိလိမ့်မည်ဖြစ်သည်။ ထိုအကြောင်းကို သင် တွေးလေ၊ သင် သာ၍ ဒေါသထွက်လာလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ဤလူက သင့်ကို အနိုင်ကျင့်နေကြောင်းနှင့် သင်၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုတို့ စော်ကားခံရပြီးဖြစ်ကြောင်း တွေးမိလေ ဖြစ်လိမ့်မည်။ စိတ်ထဲတွင် သင်သည် ကသိကအောက်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လက်စားချေလိုစိတ် ရှိလိမ့်မည်။ ဤသည်မှာ သင့်အထဲတွင် ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကြောင့်ဖြစ်သည့် တဇောက်ကန်း စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ လက်စားချေလိုသည့် ဤစိတ်ဆန္ဒသည် မည်သည့် အပြုအမူမျိုး ဖြစ်ပါသနည်း။ တဇောက်ကန်းဖြစ်ခြင်းကို သင် ထုတ်ဖော်တော့မည် မဟုတ်လော။ ဤကဲ့သို့သော အချိန်များတွင်၊ သင်သည် မိမိကိုယ်ကို တည်ငြိမ်စေရမည်။ ပထမဦးစွာ၊ ဘုရားသခင်ထံ ဆုတောင်းရမည်၊ မိမိကိုယ်ကို ချုပ်တည်းရမည်၊ ပြီးလျှင် သမ္မာတရားကို တွေးဆကာ ရှာဖွေပြီး၊ အမြော်အမြင်ရှိစွာ ပြုမူဆောင်ရွက်ရမည်။ ဤသည်မှာ သင် စိတ်လှုပ်ရှားလာပြီး၊ အမုန်းတရား၊ စိတ်ခံစားချက်များနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ သင့်အတွင်းတွင် ဖြစ်ပေါ်သည့် အခြေအနေတစ်ခုကို ရှောင်ရှားရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အချို့က၊ “လူနှစ်ဦးသည် တစ်နေ့လုံး အတူတကွ အလုပ်လုပ်လျှင်၊ ဤအခြေအနေမျိုးကို ရှောင်ရှားရန် နည်းလမ်းမရှိပါ”ဟု ဆိုကောင်းဆိုနိုင်သည်။ သင်သည် ဤအခြေအနေမျိုးကို မရှောင်ရှားနိုင်လျှင်ပင်၊ သင် လက်တုံ့မပြန်ရ၊ ချုပ်တည်းရမည်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို မည်သို့ ချုပ်တည်းနိုင်သနည်း။ ဦးစွာပထမ၊ သင်က၊ “ငါ လက်တုံ့ပြန်ရမည်ဆိုလျှင်၊ ဘုရားသခင်ကို မုချ ကျေနပ်စေမည်မဟုတ်သောကြောင့် ငါ လုပ်၍ မဖြစ်ပါ။ အမုန်းတရား၊ လက်စားချေခြင်းနှင့် စက်ဆုပ်မှုတို့သည် ဘုရားသခင် မနှစ်သက်သည့် အရာများသာ ဖြစ်သည်”ဟု မိမိကိုယ်ကို စဉ်းစားရမည်။ ဘုရားသခင်သည် ဤအရာများကို မနှစ်သက်သော်လည်း သင်က လုပ်ဆောင်ရန် အလိုရှိဆဲဖြစ်ကာ မိမိကိုယ်ကို မထိန်းချုပ်နိုင်ပေ။ ဤအရာကို သင် မည်သို့ ဖြေရှင်းသင့်သနည်း။ ပင်ကိုအားဖြင့်၊ ဘုရားသခင်အပေါ် သင် မှီခိုရမည်။ ဘုရားသခင်ထံ သင် ဆုမတောင်းပါက၊ ဤအရာကို သင် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်။ ထို့အပြင်၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် နည်းပါးပြီး၊ သင်သည် အလွန် တဇောက်ကန်းဖြစ်တတ်ကာ သင်၏ စိတ်ခံစားမှုများနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ကို သင် အမှန်တကယ် မချုပ်တည်းနိုင်သကဲ့သို့ လက်စားချေလိုစိတ်ရှိပါက၊ ထိုလူကို စကားဖြင့် ဆဲရေးတိုင်းထွာခြင်းပြုရန် သင်၏ နှုတ်ကို လုံးဝ မဖွင့်ဘဲ ရှိနေရဦးမည်။ သင် မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ၊ ထွက်သွားနိုင်ပြီး အခြားတစ်စုံတစ်ဦးကို ကြားဝင်ခွင့်ပေးကာ အခြေအနေကို ဖြေရှင်းခွင့်ပေးနိုင်သည်။ ဘုရားသခင်ကို သင် တိတ်ဆိတ်စွာ ဆုတောင်းပြီး ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော် စကားရပ်အနည်းငယ်ကို ရွတ်ဆိုသင့်သည်။ ဘုရားသခင်ထံ ဤနည်းဖြင့် ဆုတောင်းလော့၊ ပြီးလျှင် သင်၏ တဇောက်ကန်းဖြစ်ခြင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။ လူများကို စကားဖြင့် ဆဲရေးတိုင်းထွာခြင်းသည် ပြဿနာများကို မဖြေရှင်းနိုင်ကြောင်းနှင့် ထိုအရာမှာ ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်ပြချက်တစ်ခု ဖြစ်မည်ဖြစ်ကြောင်း၊ ပြီးလျှင် ထိုအရာက ဘုရားသခင်ကို အရှက်သာရစေနိုင်ကြောင်းတို့ကို သင် သဘောပေါက်လိမ့်မည်။ ဤသို့ဆုတောင်းခြင်းသည် သင်၏ ပြဿနာကို ဖြေရှင်းပေးလိမ့်မည် မဟုတ်လော။ ဤဖြေရှင်းချက်ကို သင်တို့ မည်သို့ တွေးထင်ပါသနည်း။ (ကောင်းပါသည်။) “အခြားသူများကို မရိုက်နှင့် သို့မဟုတ် စကားဖြင့် ဆဲရေးတိုင်းထွာခြင်း မပြုနှင့်”ဟူသော ဘုရားသခင် အဆိုပြုသည့် အပြုအမူဆိုင်ရာ စည်းကမ်းနှင့်ပတ်သက်သည့် ငါ၏ မိတ်သဟာယအတွက် ဤမျှသာ ဖြစ်သည်။

ဘုရားသခင်က လူတို့ကို စောင့်ထိန်းရန် စေခိုင်းသည့် အပြုအမူကောင်းများနှင့် ပတ်သက်၍ ငါ ယခုတင် မိတ်သဟာယပြုခဲ့သည်၊ ထိုအရာများမှာ အဘယ်နည်း။ (သန့်ရှင်းသူကဲ့သို့သော အမူအကျင့်ကို ပိုင်ဆိုင်ရန်၊ ကာမဂုဏ်လွန်ကျူးမှု မရှိရန်၊ ချုပ်တည်းမှု ရှိရန်၊ ထူးခြားဆန်းပြားသော အဝတ်အစားများကို မဝတ်ဆင်ရန်၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ရန်၊ အခြားသူများကို မရိုက်နှက်ရန် သို့မဟုတ် မဆဲဆိုရန်၊ ရုပ်တုဆင်းတုများကို မကိုးကွယ်ရန်၊ ကိုယ့်မိဘကို ရိုသေစွာ ပြုရန်၊ မခိုးယူရန်၊ အခြားသူတို့၏ ပိုင်ဆိုင်မှုများကို အလွဲသုံးစား မလုပ်ရန်၊ မမှန်သော သက်သေကို မခံရန်၊ အိမ်ထောင်ရေး မဖောက်ပြန်ရန်တို့ ဖြစ်ပါသည်။) မှန်ပေသည်၊ ဤအရာအားလုံး မှန်ကန်၏။ ငါ့ကို ပြောလော့၊ မခိုးရခြင်းနှင့် အခြားသူများအပေါ် အခွင့်အရေးမယူရခြင်းကဲ့သို့သော ပညတ်တရားတွင် အဆိုပြုထားသည့် သတ်မှတ်ချက်များသည် ယခုတွင် ယုတ္တိရှိသေးသလော။ ထိရောက်မှုရှိသေးသလော။ (ယုတ္တိရှိပြီး ထိရောက်မှုရှိပါသေးသည်။) သို့ဆိုလျှင် ကျေးဇူးတော်ခေတ်မှ ပညတ်ချက်များကကော အဘယ်သို့နည်း။ (ထိုအရာများသည်လည်း ယုတ္တိရှိဆဲဖြစ်ပါသည်။) သို့ဆိုလျှင်၊ ဘုရားသခင်သည် ဤတိကျသည့် သတ်မှတ်ချက်များကို အဘယ်ကြောင့် အဆိုပြုခဲ့ပါသနည်း။ ဤတိကျသည့် သတ်မှတ်ချက်များက လူ၏လက်တွေ့လုပ်ဆောင်မှု၏ မည်သည့် သွင်ပြင်လက္ခဏာများအကြောင်း အကျဉ်းချုံးပြောဆိုထားပါသနည်း။ ဘုရားသခင်သည် ဤသတ်မှတ်ချက်များကို အဆိုပြုခြင်း မရှိခဲ့ပါက၊ ဤအရာများကို လူတို့ နားလည်မည်လော။ (နားလည်မည် မဟုတ်ပါ။) လူတို့ နားလည်ကြမည် မဟုတ်ပေ။ လူ၏ အပြုအမူကို ထိန်းညှိရန် ဘုရားသခင် အဆိုပြုသည့် ဤတိကျသော သတ်မှတ်ချက်များအားလုံးသည် အမှန်တွင် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းနှင့် ဆက်နွှယ်သည်။ ဤသတ်သတ်မှတ်မှတ်ဖြစ်သော တောင်းဆိုချက်များကို သတ်မှတ်ရခြင်း ရည်ရွယ်ချက်မှာ လူတို့အနေဖြင့် အပြုသဘောဆောင်‌သောအရာများနှင့် အပျက်သဘောဆောင်သော အရာများအပြင် မှန်ကန်သည့် အရာနှင့် မှားယွင်းသည့်အရာတို့ကို တိကျမှန်ကန်စွာ ပိုင်းခြားသိမြင်ပြီး ခွဲခြားတတ်ရန် ထောက်ကူပေးဖို့ ဖြစ်လေသည်။ ယင်းက သူ့မယားကို ပြစ်မှားခြင်းဖြစ်သည့် ထိုသို့သော အပြုအမူကို ဘုရားသခင် စက်ဆုပ်မုန်းတီးကြောင်း၊ ယင်းမှာ ရှက်ဖွယ်ကောင်းကြောင်း၊ လူက အော့ကြောလန်ကြောင်းနှင့် အပျက်သဘောဆောင်သည့် အရာတစ်ခုဖြစ်ကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ လူတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းသင့်ကြောင်း၊ ဤလုပ်ရပ်ကို မကျူးလွန်သင့်ကြောင်းနှင့် ဤအရာနှင့်စပ်လျဉ်း၍ အမှားများ မပြုလုပ်သင့်ကြောင်းတို့ကို လူတို့နားလည်ရန် ထောက်ကူပေးသည်။ အခြားသူများအပေါ် အခွင့်ကောင်းယူခြင်းနှင့် ခိုးယူခြင်းတို့သည်လည်း အပျက်သဘောဆောင်သော အရာများချည်းသာဖြစ်ကြောင်း၊ လူတို့သည် ယင်းတို့ကို မလုပ်ဆောင်သင့်ကြောင်းနှင့် တစ်စုံတစ်ဦးသည် ဤအရာများ လုပ်ဆောင်ရသည်ကို နှစ်သက်ပြီး ယင်းတို့ကို လုပ်ဆောင်လျှင် ထိုသူသည် လူကောင်းတစ်ဦး မဟုတ်ကြောင်း လူတို့နားလည်ရန်လည်း ထောက်ကူပေးသည်။ လူတစ်ဦးက လူ့သဘာဝ ကောင်းသည် သို့မဟုတ် ဆိုးသည်ကိုဖြစ်စေ၊ ထိုသူသည် အပြုသဘောဆောင်သော ပုဂ္ဂိုလ်ဖြစ်သည် သို့မဟုတ် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်ဖြစ်သည်ကို သင်မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ ပထမဦးစွာ လူများသည် ဘုရားနှုတ်ကပတ်တော်များနှင့်အညီသာ တိကျမှန်ကန်စွာ ပိုင်းခြားသိမြင်နိုင်ပြီး အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို တိကျမှန်ကန်စွာ ခွဲခြားနိုင်ကြောင်းကို သင် အသေအချာ သိရမည်။ ဆိုလိုသည်မှာ တိကျစွာဆိုရလျှင် လူ၏ အပြုအမူ နည်းလမ်းကျစေရန် ဘုရားသခင် သတ်မှတ်ခဲ့သည့် တောင်းဆိုထားသည့် စံနှုန်းများနှင့်အညီသာ လူများကို ပိုင်းခြားသိမြင်နိုင်ပြီး တိကျမှန်ကန်စွာ အကဲဖြတ်နိုင်ပေသည်။ ဥပမာတစ်ခု ငါပေးမည်။ လူတစ်ဦးသည် ခိုးဝှက်တတ်ပြီး အခြားလူများထံမှ ခိုးယူရန် နှစ်သက်ပါက၊ ၎င်းတို့၏ လူ့သဘာဝသည် မည်သို့ဖြစ်သနည်း။ (မကောင်းပါ။) ခိုးခြင်းသည် ဆိုးရွားသည့် မကောင်းသော လုပ်ဆောင်ချက်တစ်ခုဖြစ်သောကြောင့် ခိုးသောလူတို့သည် မကောင်းသည့်လူများဖြစ်သည်။ အခြားလူများအားလုံးက ထိုသူများကို သတိထားကြပြီး၊ ကင်းအောင်နေကြကာ ထိုသူများကို သူခိုးများအဖြစ် မှတ်ယူကြသည်။ သူခိုးများသည် လူတို့၏ စိတ်ထဲတွင် အပျက်သဘောဆောင်သော လူတစ်မျိုးဖြစ်ပြီး ခိုးယူခြင်းသည် အပျက်သဘောဆောင်သည့်အရာတစ်ခု ဖြစ်သည်။ ယင်းသည် အပြစ်ရှိသော အပြုအမူတစ်ခုဖြစ်သည်။ ဤနည်းအားဖြင့် ယင်းကို ကြည့်ကာ ဤအရာကို သင် သေချာနိုင်ခြင်း မရှိသလော။ နောက်ထပ် ဥပမာမှာ ဤသို့ဖြစ်၏။ သူများမယားနှင့် ပြစ်မှားသောသူတစ်ဦး ရှိသည်ဆိုပါစို့၊ ပြီးလျှင် လူအချို့က ယင်းမှာ အပြုသဘောဆောင်သည့် အရာလော သို့မဟုတ် အပျက်သဘောဆောင်သည့်အရာလောဆိုသည်ကို မသိကြချေ။ ဘုရားနှုတ်ကပတ်တော်များသည်သာ သမ္မာတရားဖြစ်သည်နှင့်အမျှ ၎င်းတို့အတွက် ဤအရာကို မှန်ကန်တိကျစွာ အကဲဖြတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားနှုတ်ကပတ်တော်များအတိုင်း ဖြစ်သည်။ အိမ်ထောင်ရေးဖောက်ပြန်ခြင်း လုပ်ရပ်နှင့်ပတ်သက်၍ မည်သည့် အသစ်သော အဆိုများကို တရားဥပဒေ စနစ်များနှင့် ကိုယ်ကျင့်တရားတို့က ယခု ပြုလုပ်သည်ဖြစ်စေ၊ ထိုအရာများသည် သမ္မာတရား မဟုတ်ပေ။ “အိမ်ထောင်ရေး မဖောက်ပြန်နှင့်” ဟူသည့် ဘုရားသခင် ပြောဆိုထားသော စကားများသည် သမ္မာတရားဖြစ်ပြီး သမ္မာတရားက မည်သည့်အခါတွင်မျှ ပျောက်ပျက်သွားလိမ့်မည် မဟုတ်။ “အိမ်ထောင်ရေး မဖောက်ပြန်နှင့်”ဟူသည့် သတ်မှတ်ချက်ကို ဘုရားသခင် ချမှတ်သည့်အချိန်မှစ၍၊ လူတိုင်းသည် သူများမယား ပြစ်မှားသူများကို စတင် ပစ်ပယ်ပြီး ကင်းအောင်နေသင့်သည်။ ထိုသို့သောလူများသည် လူ့သဘာဝ မရှိကြသကဲ့သို့၊ အနည်းဆုံးအနေဖြင့်၊ လူ့သဘာဝ ရှုထောင့်အမြင်မှ ၎င်းတို့ကို သင် အကဲဖြတ်ပါက၊ ၎င်းတို့သည် လူကောင်းများ မဟုတ်ကြပေ။ ဤအပြုအမူမျိုးတွင် ပါဝင်ပတ်သက်ပြီး ဤလူ့သဘာဝမျိုးကို ပိုင်ဆိုင်သော မည်သည့်လူမဆိုသည် ရှက်ဖွယ်ရာဖြစ်သည်။ ၎င်းတို့သည် လူ၏ စက်ဆုပ်မှုခံရသည်။ အဖွဲ့များအတွင်း၌ အထင်သေးခံရပြီး ပစ်ပယ်ခံရကာ လူထု၏ ငြင်းပယ်ခြင်းခံရကြသည်။ သူများမယား ပြစ်မှားခြင်းကို ကျူးလွန်ခြင်းသည် အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်ကြောင်းနှင့် ထိုသို့ လုပ်ဆောင်သော လူများသည် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များဖြစ်ကြောင်းကို ဘုရားနှုတ်ကပတ်တော်များကို အခြေခံပြီး ငါတို့ အတည်ပြုနိုင်သည်။ လူမှုအဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းများက မည်မျှ ဆိုးယုတ်လာသည်ဖြစ်စေ၊ သူများမယား ပြစ်မှားခြင်းနှင့် မှောက်မှားခြင်းတို့သည် အပျက်သဘောဆောင်သော အရာများဖြစ်ပြီး၊ ထိုသို့သောအရာများ၌ ပါဝင်ပတ်သက်သော လူတို့သည် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ ဖြစ်သည်။ ဤသည်မှာ လုံးဝ သေချာပြီး၊ ဤအရာကို သင် ရိပ်စားမိနိုင်ရမည်။ သင်သည် လူမှုအဖွဲ့အစည်း၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် သွေးဆောင်ဖြားယောင်းခြင်းကို သင် မခံရပေ။ ဤအရာများအပြင်၊ နောက်ထပ် တိကျသည့် သတ်မှတ်ချက်အချို့ရှိသည်။ ဘုရားသခင်က လူတို့ကို ရုပ်တုဆင်းတုများကို မကိုးကွယ်ရန်၊ ကိုယ့်မိဘကို ရိုသေစွာ ပြုရန်၊ အခြားသူများကို မရိုက်နှက်ရန် သို့မဟုတ် မဆဲဆိုရန်၊ သန့်ရှင်းသူကဲ့သို့သော အမူအကျင့်ကို ပိုင်ဆိုင်ရန် စသည်တို့ကို ပြောဆိုသည်။ ဤတိကျသည့် သတ်မှတ်ချက်များမှာ လူ၏ အပြုအမူကို ဘုရားသခင် ထိန်းညှိရာတွင် အသုံးပြုသည့် စံနှုန်းများသာ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် လူတို့ကို သမ္မာတရားဖြင့် မပံ့ပိုးမီတွင်၊ မည်သည့် လုပ်ရပ်များက မှန်ကန်ပြီး အပြုသဘောဆောင်သည်ဆိုသည်နှင့် မည်သည့်လုပ်ရပ်များက မှားယွင်းကာ အပျက်သဘောဆောင်သည်ဆိုသည်တို့ကို ၎င်းတို့အား သူ သွန်သင်သည်။ လူကောင်းတစ်ဦး မည်သို့ ဖြစ်ရမည်ဆိုသည်နှင့် ပုံမှန် လူ့သဘာဝရှိသည့် လူတစ်ဦးဖြစ်ရန်အလို့ငှာ မည်သည့် ကောင်းမွန်သည့် အပြုအမူများ ပိုင်ဆိုင်ရမည်ဆိုသည့်အပြင်၊ မှန်ကန်သည့် ရွေးချယ်မှုများ ပြုလုပ်နိုင်ရန်အလို့ငှာ ပုံမှန်လူ့သဘာဝရှိသည့် လူတစ်ဦးအနေဖြင့် လုပ်ဆောင်ရမည့်အရာနှင့် မလုပ်ဆောင်ရမည့်အရာများကို ၎င်းတို့အား သူ ပြောပြလေသည်။ လူ၏ အပြုအမူကို ထိန်းညှိသည့် ဤတောင်းဆိုချက်များအားလုံးသည် ပုံမှန်လူတိုင်း အမှန်တကယ် အသက်ရှင်နေထိုင်သင့်သည့် အရာများနှင့် လူတိုင်းက မိမိတို့ ကြုံရသည့် အရာတိုင်းကို အမှန်တကယ် ရင်ဆိုင်ပြီး ကိုင်တွယ်သည့် အခြေခံအကြောင်းရင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ အခြားလူတစ်ဦးတွင် ကောင်းသည့် တစ်စုံတစ်ရာရှိသည်ကို သင် မြင်ပြီး၊ မိမိကိုယ်ကိုအတွက် ထိုအရာကို သင် ယူချင်သည်ဆိုပါစို့။ သို့သော် ထို့နောက်တွင် သင်က၊ “အခြားလူများထံမှ ခိုးယူရန်မှာ မှားယွင်းသည်ဟု ဘုရားသခင် ပြောသည်။ ကျွန်ုပ်တို့ မခိုးရ၊ သို့မဟုတ် အခြားသူများအပေါ် အခွင့်အရေးမယူရဟု သူ ပြောခဲ့သောကြောင့် သူတို့ထံမှ ကျွန်ုပ် မခိုးချင်ပါ”ဟု တွေးလေသည်။ ထိုအခါ ခိုးယူသည့် အပြုအမူသည် ချုပ်ထိန်းခြင်းမခံရသလော။ ပြီးလျှင် ချုပ်ထိန်းခံရသည့် တစ်ချိန်တည်းတွင်၊ သင်၏ အပြုအမူသည် ထိန်းညှိခြင်း မခံရလေပြီလော။ ဤသတ်မှတ်ချက်များကို ဘုရားသခင် မချမှတ်မီတွင်၊ အခြားလူတစ်ဦး၏ ပိုင်ဆိုင်မှု၌ ကောင်းသည့် တစ်စုံတစ်ရာကို လူတို့ မြင်သည့်အခါ၊ မိမိတို့ကိုယ်တိုင်အတွက် ထိုအရာကို ယူချင်ခဲ့ကြလိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းသည် မှားယွင်းသည်၊ သို့မဟုတ် ရှက်ဖွယ်ဖြစ်သည် သို့မဟုတ် ဘုရားသခင်က စက်ဆုပ်သည် သို့မဟုတ် အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်သည်၊ သို့မဟုတ် ထိုအရာမှာ အပြစ်တစ်ခုပင် ဖြစ်သည်ဟု ၎င်းတို့ မတွေးခဲ့ကြပေ။ ဤအရာများကို ၎င်းတို့ မသိခဲ့ကြပေ။ ဤအယူအဆများကို ၎င်းတို့ မပိုင်ဆိုင်ခဲ့ကြပေ။ ဘုရားသခင်က “မခိုးနှင့်”ဟူသည့် သတ်မှတ်ချက်ကို ချမှတ်သည့်နောက်တွင်၊ လူတို့သည် ဤအရာများကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ စိတ်ပိုင်းဆိုင်ရာ နယ်နိမိတ်တစ်ခု စိုက်ထူခြင်းခံခဲ့ရပြီး၊ ဤနယ်နိမိတ်မှတစ်ဆင့်၊ ခိုးခြင်းနှင့် မခိုးခြင်းကြား ကွာခြားချက်တစ်ခုရှိကြောင်း ၎င်းတို့ သိကြလေသည်။ ခိုးခြင်းသည် အပျက်သဘောဆောင်သည့် အရာတစ်ခု လုပ်ဆောင်ခြင်း၊ မကောင်းသည့်အရာ သို့မဟုတ် ဆိုးယုတ်သည့်အရာတစ်ခု လုပ်ဆောင်ခြင်းနှင့် ညီမျှပြီး၊ ရှက်ဖွယ်ရာ ဖြစ်သည်။ မခိုးခြင်းသည် လူ့သဘာဝ၏ ကိုယ်ကျင့်တရားကို စောင့်ထိန်းခြင်းဖြစ်ကာ ထိုအရာ၌ လူ့သဘာဝ ရှိလေသည်။ လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ တောင်းဆိုချက်များသည် လူတို့၏ အပျက်သဘောဆောင်သော အပြုအမူများနှင့် ချဉ်းကပ်မှုများကို ဖြေရှင်းပေးရုံမက၊ တစ်ချိန်တည်းတွင် လူ၏ အပြုအမူကို ထိန်းညှိပေးကာ လူတို့အား ပုံမှန် လူ့သဘာဝနှင့် အသက်ရှင်နိုင်စေသည်၊ ပုံမှန် အပြုအမူများနှင့် သရုပ်သကန်များကို ပိုင်ဆိုင်နိုင်စေပြီး၊ အနည်းဆုံးအနေဖြင့်၊ လူများ၊ ပုံမှန်လူများနှင့် တူနိုင်စေလေသည်။ ငါ့ကို ပြောလော့၊ လူ၏ အပြုအမူများကို ထိန်းညှိရန် ဘုရားသခင် ချမှတ်သည့် ဤသတ်မှတ်ချက်များသည် အလွန် အဓိပ္ပာယ်ရှိသည် မဟုတ်လော။ (ရှိပါသည်။) ထိုအရာများသည် အဓိပ္ပာယ်ရှိကြ၏။ သို့ရာတွင်၊ လူ၏ အပြုအမူကို ထိန်းညှိသည့် ဤတိကျသော သတ်မှတ်ချက်များသည် ယခု ဘုရားသခင် ဖော်ပြနေသည့် သမ္မာတရားနှင့် အလွန် ကွာခြားနေဆဲဖြစ်ပြီး၊ ထိုအရာများကို သမ္မာတရားအဆင့်သို့ မြှင့်တင်၍ မရနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ပညတ်တော်ခေတ်အတောအတွင်း လွန်ခဲ့သည့် အချိန်ကြာမြင့်စွာက ဤသတ်မှတ်ချက်များသည် လူ၏ အပြုအမူကို ထိန်းညှိပေးခဲ့သည့် ပညတ်ချက်များသာ ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်က လူတို့အား မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်ဆိုသည်ကို ပြောပြရန် အရိုးရှင်းဆုံးနှင့် အလွယ်ကူအရှင်းလင်းဆုံး ဘာသာစကားကို အသုံးပြုခြင်းဖြစ်ပြီး၊ ၎င်းတို့အတွက် စည်းမျဉ်းအချို့ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင်၊ ဤသတ်မှတ်ချက်များသည် ပညတ်ချက်များသာဖြစ်ပြီး၊ မျက်မှောက်ခေတ်တွင်၊ ထိုအရာများသည် အကြင်သူ၏ ကိုယ်ပိုင် အပြုအမူကို အကဲဖြတ်ခြင်းအတွက်၊ ပြီးလျှင် အမှုအရာများကို ဆန်းစစ်ခြင်းအတွက် စံများဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ ဤစံများကို သမ္မာတရား အဆင့်သို့ မြှင့်တင်၍မရနိုင်သကဲ့သို့ ထိုအရာများနှင့် သမ္မာတရားကြားတွင် ကွာဟချက်တစ်ခုခုရှိသော်လည်း၊ ထိုအရာများသည် လူ၏ သမ္မာတရား လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအတွက် ပဓာနကျသော ကြိုတင်သတ်မှတ်ချက်တစ်ခုဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်က လူ၏ အပြုအမူကို ထိန်းညှိရန် ထူထောင်ထားသည့် ဤစည်းမျဉ်းများ၊ ဤပညတ်ချက်များနှင့် ပညတ်တရားများ၊ ဤသတ်မှတ်ချက်များနှင့် အပြုအမူဆိုင်ရာ စံများကို ထိန်းသိမ်းသည့်အခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်စားခြင်းတို့အတွက် အခြေခံကျသော ကြိုတင်သတ်မှတ်ချက်များကို သူ ပိုင်ဆိုင်သည်ဟု ဆိုနိုင်ပေသည်။ လူတစ်ဦးသည် ဆေးလိပ်နှင့် အရက်သောက်ပါက၊ ၎င်းတို့၏ အပြုအမူသည် အပျော်အပါးမက်ခြင်းဖြစ်ပြီး၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို ကျူးလွန်ကာ အခြားလူများအပေါ် အခွင့်အရေးယူပြီး မကြာခဏ ခိုးဝှက်ကာ သင်က၊ “ဤလူသည် သမ္မာတရားကို ချစ်ပြီး၊ ထိုသမ္မာတရားကို သေချာပေါက် လက်တွေ့လုပ်ဆောင်ကာ ကယ်တင်ခြင်းကို ရရှိနိုင်သည်”ဟု ပြောမည်ဆိုပါက၊ ထိုအဆိုသည် ခိုင်လုံပါသလော။ (ခိုင်လုံမည်မဟုတ်ပါ။) အဘယ်ကြောင့် မခိုင်လုံမည်နည်း။ (ထိုလူသည် ဘုရားသခင်၏ သတ်မှတ်ချက်များထဲမှ အခြေခံအကျဆုံးသောအရာကိုပင် ဖြည့်ဆည်းနိုင်စွမ်းမရှိပါ။ သူသည် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်သကဲ့သို့၊ သမ္မာတရားကို ၎င်းတို့ ချစ်သည်ဟု ပြောမည်ဆိုပါက၊ အလိမ်အညာတစ်ခု ဖြစ်မည်ဖြစ်သည်။) မှန်ပေ၏။ ဤလူသည် မိမိကိုယ်ကို ချုပ်တည်းခြင်း၏ အခြေခံအကျဆုံး အဆင့်ပင် မရှိပေ။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာ သူသည် လူတစ်ဦး ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အခြေခံအကျဆုံး အတိုင်းအတာပင် မရှိဟူ၍ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဤလူသည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား မပိုင်ဆိုင်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရား မပိုင်ဆိုင်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤလူသည် ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် စကားများနှင့် လူအတွက် ဘုရားသခင် ချမှတ်ပြီးဖြစ်သည့် သတ်မှတ်ချက်များ၊ ပြီးလျှင် ဘုရားသခင် ထူထောင်ပြီးသည့် စည်းမျဉ်းများကို ကြားပြီးဖြစ်ကာ ထိုအရာများကို ၎င်းတို့က လုံးဝ အလေးအနက်မထားကြောင်း ဆိုလိုပေသည်။ အခြားလူများထံမှ ခိုးခြင်းသည် မကောင်းကြောင်းနှင့် လူတို့အနေဖြင့် မခိုးသင့်ကြောင်း ဘုရားသခင်က ပြောပြီး၊ ဤလူက “လူတို့သည် အဘယ်ကြောင့် ခိုးခွင့်မရှိပါသနည်း။ ကျွန်ုပ် အလွန် ဆင်းရဲသည်။ မခိုးလျှင် အဘယ်သို့ အသက်ရှင်နေထိုင်နိုင်မည်နည်း။ ပစ္စည်းများကို ကျွန်ုပ် မခိုးလျှင် သို့မဟုတ် အခြားလူများအပေါ် အခွင့်အရေးမယူလျှင် ကျွန်ုပ် ချမ်းသာကြွယ်ဝနိုင်မည်လား”ဟု တွေးလေသည်။ သူသည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ကင်းမဲ့သည် မဟုတ်လော။ (ကင်းမဲ့ပါသည်။) လူ၏ အပြုအမူကို ချုပ်ထိန်းရန် ဘုရားသခင် ဖန်တီးခဲ့သည့် တောင်းဆိုချက်များကို သူ မထိန်းသိမ်းနိုင်သောကြောင့်၊ သူသည် ပုံမှန် လူ့သဘာဝ ပိုင်ဆိုင်သည့် လူတစ်ဦး မဟုတ်ပေ။ ပုံမှန် လူ့သဘာဝ မပိုင်ဆိုင်သည့် လူတစ်ဦးက သမ္မာတရားကို ချစ်သည်ဟု အကြင်သူက ပြောမည်ဆိုလျှင်၊ ယင်းသည် ဖြစ်နိုင်မည်လော။ (ဖြစ်နိုင်မည်မဟုတ်ပါ။) ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို မချစ်သကဲ့သို့၊ ဘုရားသခင်က လူတို့အနေဖြင့် မခိုးရ သို့မဟုတ်အိမ်ထောင်ရေးမဖောက်ပြန်ရဟု ဆိုသော်လည်း၊ ဤသတ်မှတ်ချက်များကို ၎င်းတို့ မပြည့်မီနိုင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို ချစ်နိုင်စွမ်း ရှိကြသလော။ သမ္မာတရားသည် ဤအပြုအမူဆိုင်ရာ စံများထက် များစွာ သာ၍ မြင့်မားလေသည်။ ထိုအရာကို ၎င်းတို့ ရယူနိုင်သလော။ (မရယူနိုင်ပါ။) သမ္မာတရားသည် ရိုးရှင်းသည့် အပြုအမူဆိုင်ရာ စံတစ်ခု မဟုတ်။ ထိုအရာမှာ လူတို့က အပြစ်ပြုနေချိန် သို့မဟုတ် ထင်ရာမြင်ရာလုပ်ပြီး မဆင်မခြင်ဖြစ်နေချိန်တွင် သမ္မာတရားကို စဉ်းစားပြီးနောက် ချုပ်ထိန်းခြင်းခံရကာ အပြစ်မပြုတော့ သို့မဟုတ် ထင်ရာမြင်ရာ၊ မဆင်မခြင် ပြုမူခြင်းမရှိတော့သည့် ကိစ္စတစ်ခုမျှသာ မဟုတ်ပေ။ သမ္မာတရားသည် လူတို့၏ အပြုအမူကို ဤရိုးရှင်းသည့် နည်းလမ်းဖြင့် ချုပ်ထိန်းရုံသာမဟုတ်ပေ။ သမ္မာတရားသည် လူတစ်ဦး၏ အသက်ဖြစ်လာနိုင်ပြီး၊ လူတစ်ဦးနှင့် ပတ်သက်သည့် အရာရာတိုင်းကို စိုးမိုးနိုင်သည်။ လူတို့သည် သမ္မာတရားကို မိမိတို့၏ အသက်အဖြစ် လက်ခံကြသည့်အခါ၊ ဤအရာကို ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ တွေ့ကြုံခြင်း၊ သမ္မာတရားကို သိရှိလာခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ လူတို့သည် သမ္မာတရားကို လက်ခံရရှိသည့်အခါ၊ ၎င်းတို့အတွင်းတွင် ရုန်းကန်ခြင်းတစ်ခု ဖြစ်ပေါ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်မည့် အလားအလာရှိပေသည်။ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်သည့်အခါ၊ သမ္မာတရားသည် ၎င်းတို့၏ အသက်နှင့် ၎င်းတို့ ကျင့်ကြံပြုမူကာ အသက်ရှင်နေထိုင်သည့် စည်းမျဉ်း ဖြစ်လာနိုင်ပေသည်။ ဤသည်မှာ သမ္မာတရားကို ချစ်ပြီး လူ့သဘာဝ ပိုင်ဆိုင်သည့် လူများသာ စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ သမ္မာတရားကို မချစ်သကဲ့သို့၊ လူ့သဘာဝ ချို့တဲ့သည့်သူများသည် ဤအဆင့်ထိ တက်နိုင်သလော။ (မတက်နိုင်ပါ။) မှန်၏၊ ၎င်းတို့ ဆန္ဒရှိလျှင်ပင်၊ မတက်နိုင်ပေ။

လူ၏ အပြုအမူကို ထိန်းညှိရန် ဘုရားသခင် ဖန်တီးပြီးဖြစ်သည့် ဤသတ်မှတ်ချက်များကို ငါတို့ ကြည့်သည့်အခါ၊ ဘုရားသခင် ပြောဆိုပြီးသည့် စကားများအားလုံးထဲမှ၊ သူ ချမှတ်ထားသည့် တိကျသော ပြဋ္ဌာန်းချက်များအားလုံးထဲမှ၊ တစ်ခုတလေသည် အပိုဖြစ်သလော။ (မဖြစ်ပါ။) ထိုအရာများသည် အဓိပ္ပာယ်ရှိပါသလော။ ထိုအရာများတွင် တန်ဖိုး ရှိပါသလော။ (ရှိပါသည်။) ထိုအရာများကို လူတို့ လိုက်နာစောင့်ထိန်းသင့်သလော။ (စောင့်ထိန်းသင့်ပါသည်။) မှန်ပေ၏၊ လူတို့အနေဖြင့် ထိုအရာများကို စောင့်ထိန်းလိုက်နာသင့်ကြသည်။ ထိုအရာများကို စောင့်ထိန်းသည့် တစ်ချိန်တည်းတွင်၊ ရိုးရာယဉ်ကျေးမှုသည် ၎င်းတို့အား အယူဝါဒသွတ်သွင်းပြီးဖြစ်သည့် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးဖွယ်ရာ ဖြစ်ခြင်း၊ စသည်ကဲ့သို့သော အဆိုများကို ၎င်းတို့ စွန့်ပစ်သင့်သည်။ လူ၏ အပြုအမူကို ထိန်းညှိရန် ဘုရားသခင် ချမှတ်ပြီးဖြစ်သည့် သတ်မှတ်ချက် အသီးသီးကို ၎င်းတို့ လိုက်နာသင့်ပြီး၊ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အတိအကျ ကျင့်ကြံပြုမူသင့်ကြပေသည်။ ဘုရားသခင် ချမှတ်ထားသည့် သတ်မှတ်ချက်များအားလုံးကို သေချာ လိုက်လျှောက်ခြင်းအားဖြင့် ပုံမှန်လူ့သဘာဝကို ၎င်းတို့ အသက်ရှင်နေထိုင်သင့်ပြီး၊ ပင်ကိုအားဖြင့်၊ လူများနှင့် အမှုအရာများကိုလည်း ဆန်းစစ်သင့်သည်၊ ဤသတ်မှတ်ချက်များနှင့်အညီ အတိအကျ ကျင့်ကြံပြုမူကာ လုပ်ဆောင်သင့်ကြပေသည်။ ဤသတ်မှတ်ချက်များသည် သမ္မာတရား၏ စံနှုန်းများကို မမီသော်လည်း၊ ဘုရားနှုတ်ကပတ်တော်များသာ ဖြစ်ပြီး၊ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်များ ဖြစ်သောကြောင့်၊ လူတို့အပေါ် အပြုသဘောဆောင်ပြီး နိုးကြားထကြွသော ဦးဆောင်လမ်းပြခြင်း သက်ရောက်မှုတစ်ခု ရှိလေသည်။ သမ္မာတရား လိုက်စားခြင်းကို ငါ မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသနည်း။ သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အပြည့်အဝ လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်း ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များက အမှုအရာများစွာကို ခြုံငုံသည်။ တစ်ခါတစ်ရံ သူ့နှုတ်ကပတ်တော်များ၏ စကားရပ်တစ်ခုသည် သမ္မာတရား၏ လက္ခဏာရပ်တစ်ခုကို ကိုယ်စားပြုသည်။ တစ်ခါတစ်ရံ သမ္မာတရား၏ လက္ခဏာရပ်တစ်ခုကို ချပြရန် စကားရပ်အချို့ သို့မဟုတ် စာတစ်ပိုဒ် လိုအပ်ပေသည်။ တစ်ခါတစ်ရံတွင် သမ္မာတရား၏ လက္ခဏာရပ်တစ်ခုကို ဖော်ပြရန် အခန်းကြီးတစ်ခုလုံး လိုအပ်၏။ သမ္မာတရားသည် ရိုးရှင်းပုံရသော်လည်း၊ အမှန်တွင်၊ လုံးဝ မရိုးရှင်းပေ။ သာ၍ ကျယ်ပြန့်သည့် ဝေါဟာရဖြင့် သမ္မာတရားကို ဖော်ပြရလျှင်၊ ဘုရားသခင်သည် သမ္မာတရားဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များသည် မြားမြောင်ပြီး၊ အကြောင်းအရာများစွာကို ခြုံငုံမိကာ အားလုံးက သမ္မာတရား၏ ဖော်ပြချက်များ ဖြစ်သည်။ ဥပမာအားဖြင့်၊ ဘုရားသခင် ချခင်းထားပြီးဖြစ်သည့် ပညတ်တရားများနှင့် ပညတ်ချက်များအပြင်၊ ဤအသစ်သော ခေတ်တွင် ဘုရားသခင် ချမှတ်ထားပြီးဖြစ်သည့် အပြုအမူဆိုင်ရာ သတ်မှတ်ချက်များသည် အားလုံး ဘုရားနှုတ်ကပတ်တော်များ ဖြစ်သည်။ ဤစကားများထဲမှအချို့သည် သမ္မာတရားအဆင့်သို့ မရောက်သော်လည်း၊ သမ္မာတရားအဖြစ် အရည်အချင်းမပြည့်မီသော်လည်း၊ ထိုစကားများသည် အပြုသဘောဆောင်သည့် အရာများဖြစ်သည်။ ထိုအရာများသည် လူ၏ အပြုအမူကို ချုပ်ထိန်းသည့် စကားများသာဖြစ်သော်လည်း၊ ထိုစကားများကို လူတို့ စောင့်ထိန်းရဦးမည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် လူတို့သည် ဤအပြုအမူမျိုးတို့ကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ ဤစံနှုန်းများကို မမီဘဲမနေရပေ။ ထို့ကြောင့်၊ လူများနှင့် အမှုအရာများအပေါ် လူတစ်ဦး၏ အမြင်များနှင့် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ရပ်များသည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များအပေါ် အခြေခံရမည်။ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်များဖြစ်သောကြောင့် လူတို့ လိုက်နာစောင့်ထိန်းသင့်ပေသည်။ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်များဖြစ်သောကြောင့် လူတိုင်းသည် ဘုရားနှုတ်ကပတ်တော်များအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သင့်ကြပေသည်။ ယင်းမှာ မှန်ကန်သည် မဟုတ်လော။ (မှန်ကန်ပါသည်။) ဤသို့သောအရာကို ယခင်က ငါ ပြောပြီးဖြစ်သည်။ သူပြောဆိုသည့်အရာသည် အတည်ပြောဆိုခြင်းဖြစ်ပြီး သူပြောဆိုသည့်အရာက ပြီးမြောက်လိမ့်မည်။ ပြီးလျှင် သူလုပ်ဆောင်သည့်အရာသည် ထာဝရတည်တံ့မည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ စကားများ မည်သည့်အခါမျှ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ ထိုစကားများ အဘယ်ကြောင့် မပျောက်ကွယ်သနည်း။ အဘယ်ကြောင့်ဆိုသော် နှုတ်ကပတ်တော်မည်မျှကို ဘုရားသခင် ပြောဆိုသည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်က မည်သည့်အချိန်တွင် ပြောဆိုသည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံး သမ္မာတရားဖြစ်ပြီး လုံးဝ ပျောက်ကွယ်မသွားပေ။ ကမ္ဘာလောကသည် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်သည့်အချိန်တွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပြောင်းလဲလိမ့်မည်မဟုတ်သကဲ့သို့၊ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များ ပျောက်ကွယ်မသွားဟု ငါ အဘယ်ကြောင့် ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး သမ္မာတရားဖြစ်သည့် မည်သည့်အရာမဆိုသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် ချမှတ်ပြီး ပြောဆိုသည့် ပညတ်တရားများနှင့် ပညတ်ချက်များအားလုံး၊ ပြီးလျှင် လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင် ချမှတ်ထားသည့် တိကျသော သတ်မှတ်ချက်များအားလုံးသည် မည်သည့်အခါတွင်မျှ ပျောက်ပျက်သွားလိမ့်မည် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များရှိ သတ်မှတ်ချက်တိုင်းသည် ဖန်ဆင်းခံလူသားမျိုးနွယ်အတွက် အကျိုးရှိ၏။ ထိုသတ်မှတ်ချက်များအားလုံးက လူ၏ အပြုအမူကို ထိန်းညှိပေးပြီး၊ ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း၊ လူတို့ ကျင့်ကြံပြုမူသင့်ပုံနှင့် စပ်လျဉ်း၍ တည်ဆောက်စရာဖြစ်ကာ တန်ဖိုးရှိလေသည်။ ဤနှုတ်ကပတ်တော်များအားလုံးသည် လူတို့ကို ပြောင်းလဲပေးနိုင်ပြီး၊ စစ်မှန်သည့် လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်စေနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတို့သည် ဤဘုရားနှုတ်ကပတ်တော်များကို ငြင်းပယ်ပြီး၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပြုလုပ်ပြီးဖြစ်သည့် သတ်မှတ်ချက်များကို ငြင်းပယ်ကာ၊ ထိုအစား၊ လူက ချမှတ်ထားသည့် အပြုအမူကောင်းနှင့်ပတ်သက်သော အဆိုများကို လိုက်နာစောင့်ထိန်းပါက၊ ၎င်းတို့သည် ကြီးမားသည့် အန္တရာယ်တွင် ရှိပေသည်။ ၎င်းတို့သည် လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကို တိုး၍ ပိုင်ဆိုင်လာလိမ့်မည် မဟုတ်ရုံမက၊ ၎င်းတို့သည် တိုး၍ လှည့်ဖြားတတ်ကာ အယောင်ဆောင်ဖြစ်လာလိမ့်မည်ဖြစ်သည်။ ပြီးလျှင် ပိုပိုပြီး လိမ်လည်လှည့်စားနိုင်စွမ်း ရှိလာလိမ့်မည်။ ၎င်းတို့သည် အခြားလူများကို လှည့်စားလိမ့်မည်သာမက၊ ဘုရားသခင်ကိုလည်း လှည့်စားရန် ကြိုးစားကြလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။