Christian Dance (အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့ ချစ်ခင်မြတ်နိုးသောသူ)

24.09.2024

အဘယ်သူ၏ နှုတ်ကပတ်တော်နှင့် မိန့်မြွက်ချက်များသည် အမှောင်ထုထဲ ရောက်နေသူများကို အလင်းပေးသနည်း။

အဘယ်သူ၏ နှုတ်ကပတ်တော်နှင့် မိန့်မြွက်ချက်များသည်

ကျွန်ုပ်တို့ကို ဘုရားသခင်၏ မျက်မှောက်သို့ ဆောင်ကြဉ်းပေးသနည်း။

ကျွန်ုပ်တို့ကို ထောက်ပံ့ပြီး ရေလောင်းပေးဖို့အတွက် အဘယ်သူက သမ္မာတရားကို နေ့စဉ် ဖော်ပြသနည်း။

အဘယ်သူ၏ နှုတ်ကပတ်တော်နှင့် မိန့်မြွက်ချက်များက ကျွန်ုပ်တို့ကို သမ္မာတရားကို နားလည်ခွင့်ပြုသနည်း။

အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့ ချစ်ခင်မြတ်နိုးသောသူ။

ကိုယ်တော်ဟာ ကယ်တင်ရှင် ပြန်ကြွလာခြင်းဖြစ်၊ လူသား၏ ပေါ်ထွန်းခြင်းဖြစ်။

အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့ ချစ်ခင်မြတ်နိုးသောသူ။

ကိုယ်တော် ပေါ်ထွန်းလာပြီး အမှုတော်ဆောင်ရွက်၊

သမ္မာတရားကို ဖော်ပြပြီး လူတွေကြား အလင်းကို ဆောင်ကြဉ်းပေး။

အဘယ်သူ၏ နှုတ်ကပတ်တော်များသည် အဖိုးအတန်ဆုံးဖြစ်၍ သမ္မာတရားနှင့် အသက် ဖြစ်သနည်း။

အဘယ်သူ၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ကာ

ကျွန်ုပ်တို့ကို လူသစ်များအဖြစ် အသွင်ပြောင်းပေးသနည်း။

အဘယ်သူ၏ နှုတ်ကပတ်တော်များသည် ချွန်ထက်သော ဓားတစ်ချောင်းကဲ့သို့ ဖြောင့်မတ်၍ ဘုန်းအာနုဘော်ရှိကာ၊

လူထု၏ စိတ်နှလုံးကို သိမ်းပိုက်၍ ၎င်းတို့ကို ဘုရားရှေ့ ကျိုးနွံနာခံစေသနည်း။

အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့ ချစ်ခင်မြတ်နိုးသောသူ။

ကိုယ်တော့် နှုတ်ကပတ်တော်များသည် လူများကို တရားစီရင်၍ သန့်စင်ကာ

ထာဝရအသက်၏ လမ်းခရီးကို ဆောင်ကြဉ်းပေး။

အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့ ချစ်ခင်မြတ်နိုးသောသူ။

ကိုယ်တော့် ရှေ့မှောက် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်နိုင်အောင် ကျွန်ုပ်တို့ကို သန့်စင်ရန် သမ္မာတရားကို ကိုယ်တော်ဖော်ပြ။

အဘယ်သူ၏ နှုတ်ကပတ်တော်များသည် အရပ်ရပ်သို့ ပြန့်သွားသနည်း။

အဘယ်သူ၏ သန့်ရှင်းသော နာမတော်သည် ပျံ့နှံ့သွားသနည်း။

အဘယ်သူ၏ နှုတ်ကပတ်တော်များသည် နိုင်ငံတိုင်းရှိ ဘုရားသခင်၏ လူများကို

သူ့ပလ္လင်ရှေ့ ပြန်လာအောင် သိမ်းပိုက်သနည်း။

လူမျိုးမရွေး၊ နိုင်ငံမရွေး ကျွန်ုပ်တို့၏ သစ္စာစောင့်သိခြင်းကို ဘုရားသခင်အတွက် ဆက်ကပ်စေအောင်၊

အဘယ်သူ၏ နှုတ်ကပတ်တော်များသည် ချည်နှောင်မှုတစ်ခုကဲ့သို့၊

ကျွန်ုပ်တို့၏ စိတ်နှလုံးများကို ချိတ်ဆက်ပေးသနည်း။

အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့ ချစ်ခင်မြတ်နိုးသောသူ။

ကိုယ်တော့်လူများသည် ကိုယ်တော့်ကို စိတ်နှလုံး ကျေနပ်အားရသည်အထိ ချီးမွမ်းပါသည်၊

ကိုယ်တော်အတွက် ချစ်ခြင်းမေတ္တာ သီချင်းများကို စဉ်ဆက်မပြတ် ကျွန်ုပ်တို့ သီဆိုပါသည်။

အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့ ချစ်ခင်မြတ်နိုးသောသူ။

ကိုယ်တော့်လူများသည် ကိုယ်တော်အတွက် သက်သေခံပြီး

ကိုယ်တော့်ကို ကျိုးနွံနာခံကာ ထာဝရ ချစ်ခင်ပါမည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။