Christian Dance (အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်၏ စိတ်နှလုံးကို ကိုယ်တော်ပိုင်သည်)

28.06.2024

အဘယ်သူ့စကားများက အချိုမြိန်ဆုံးဖြစ်ပြီး ကျွန်ုပ်စိတ်အတွက် အာဟာရဖြစ်စေခဲ့သနည်း။

အဘယ်သူ့အချစ်က အလှပဆုံးဖြစ်ပြီး ကျွန်ုပ်နှလုံးသားကို ဖမ်းဆုပ်ခဲ့သနည်း။

အဘယ်သူ့အမှုက အဆန်းကြယ်ဆုံးဖြစ်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်စေခဲ့သနည်း။

အဘယ်သူက ကျွန်ုပ်ကို ကြီးမြတ်သော ကယ်တင်ခြင်းပေးပြီး၊

ပလ္လင်တော်ရှေ့သို့ ကျွန်ုပ်ကို ခေါ်ဆောင်သနည်း။

လူတို့ကိုကယ်တင်ဖို့ အဘယ်သူက သမ္မာတရားကိုဖော်ပြပြီး

အလင်းကိုပြန်မြင်အောင် ကျွန်ုပ်ကို အခွင့်ပေးခဲ့တာ မည်သူနည်း။

အဘယ်သူသည် ကျွန်ုပ်အစဉ်တွေးသည့် ချစ်ဖွယ်အကောင်းဆုံးသူ ဖြစ်သနည်း။

အို ကျွန်ုပ် ချစ်တော်မူသော အနန္တတန်ခိုးရှင်ဘုရားသခင်၊

ကိုယ်တော်သည် ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ရှိသည်။

အို ကျွန်ုပ် ချစ်တော်မူသော အနန္တတန်ခိုးရှင်ဘုရားသခင်၊

ကျွန်ုပ်၏ စိတ်နှလုံးကို ကိုယ်တော်ပိုင်သည်။

ကိုယ်တော်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲနေတာ နှစ်ခြောက်ထောင်ရှိပါပြီ

ကိုယ်တော်၏ အမှုတော်ကို မည်သည့်အခါတွင်မျှ ရပ်တန့်ခြင်းမရှိ။

ယနေ့ ကိုယ်တော်သည် လူတို့ကို ရရှိရန် တစ်ဖန် လူ့ဇာတိခံယူလာပြီ။

တိမ်တိုက်များကြား ကိုယ်တော် လေးလေးပင်ပင် သက်ပြင်းချ၊

လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းက အလွန်နက်ရှိုင်းပေ။

လူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်လျက် ကောင်းကင်တွင် ကိုယ်တော် ထိုင်နေ။

လူတို့ကြား ကိုယ်တော် လျှောက်လှမ်းကာ သူတို့နှင့် ဆက်ဆံသည်၊

လောကဒဏ်ကို တွေ့ကြုံခံစားသည်။

ကိုယ်တော် စကားပြောကာ အမှုပြုသည်၊

ကိုယ်တော်ကို ချစ်သောသူတို့အား စုံလင်စေရန် ကိုယ်တော်၏ နှလုံးသွေးကို ပေးရင်းလေ။

အို ကျွန်ုပ် ချစ်တော်မူသော အနန္တတန်ခိုးရှင်ဘုရားသခင်၊

ကိုယ်တော်သည် ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ရှိသည်။

အို ကျွန်ုပ် ချစ်တော်မူသော အနန္တတန်ခိုးရှင်ဘုရားသခင်၊

ကျွန်ုပ်၏ စိတ်နှလုံးကို ကိုယ်တော်ပိုင်သည်။

ဘုရားကို ယုံကြည်သည့်အတွက် နောက်ဆုံး၌ လူတို့ ဘာကိုရသင့်ပါသနည်း။

ဘုရားကို သိမြင်ခြင်းနှင့် သမ္မာတရားကို ရရှိခြင်းဖြစ်သည်။

ဘယ်ဆင်းရဲဒုက္ခက အထိုက်တန်ဆုံးဖြစ်သနည်း။

လူ၏ စိတ်သဘောထား၌ ပြောင်းလဲခြင်းတစ်ခု ဖြစ်စေသော ဆင်းရဲဒုက္ခဖြစ်သည်။

ဘဝတွင် မည်သည့်လမ်းကြောင်းက အောင်မြင်မှုဖြစ်ထွန်းသနည်း။

ပေတရု၏ ဘုရားသခင်အပေါ် ချစ်ခြင်းလမ်းဖြစ်သည်။

ဘုရားသခင်အတွက် အဘယ်ချစ်ခြင်းမျိုးက အစစ်မှန်ဆုံးနည်း။

စိတ်နှလုံးရှိသမျှနှင့် သူ့ကို ဂရုစိုက်ပါ။

လူတို့သည် အသက်စိတ်သဘောထားတွင် ပြောင်းလဲနိုင်ပြီး ကိုယ်တော်၏ ရရှိခြင်းကို ခံရဖို့ ကိုယ်တော်မျှော်လင့်သည်။

ကိုယ်တော်ကို ကျေနပ်စေပြီး ကိုယ်တော့်စိတ်နှလုံးကို နှစ်သိမ့်ဖို့ ကျွန်ုပ်တတ်နိုင်သမျှ လုပ်ဆောင်ပါမည်။

အို ကျွန်ုပ် ချစ်တော်မူသော အနန္တတန်ခိုးရှင်ဘုရားသခင်၊

ကိုယ်တော်သည် ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ရှိသည်။

အို ကျွန်ုပ် ချစ်တော်မူသော အနန္တတန်ခိုးရှင်ဘုရားသခင်၊

ကျွန်ုပ်၏ စိတ်နှလုံးကို ကိုယ်တော်ပိုင်သည်။

အို ကျွန်ုပ် ချစ်တော်မူသော အနန္တတန်ခိုးရှင်ဘုရားသခင်၊

ကျွန်ုပ်၏ စိတ်နှလုံးကို ကိုယ်တော်ပိုင်သည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။