လူသားမျိုးနွယ်အပေါ်ဖန်ဆင်းရှင်၏ ရိုးသားစစ်မှန်သော စိတ်ခံစားမှုများ

03.04.2020

အောက်ဖော်ပြပါ ကျမ်းပိုဒ်ကို ယောန၀တ္ထုအခန်းကြီး ၄အခန်းငယ် ၁၀ မှ ၁၁ တွင် မှတ်တမ်းတင်ထားသည်။

“ယေဟောဝါကလည်း၊သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်း မပြု၊

ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊

တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသောကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။

ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊

မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ

တစ်သိန်းနှစ်သောင်းထက်မက ရှိသည့်

နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည်မဟုတ်လောဟု မိန့်တော်မူ၏။”

ဤသည်တို့မှာ ယေဟောဝါဘုရားသခင်၏တကယ့် နှုတ်ကပတ်တော်များဖြစ်ပြီး၊

သူနှင့် ယောနတို့ကြား စကားစမြည်ပြောခြင်း ဖြစ်သည်။

ဤအပြန်အလှန် စကားပြောခြင်းမှာ တိုတောင်းလင့်ကစား

လူသားမျိုးနွယ် အတွက် ဖန်ဆင်းရှင်၏စောင့်ရှောက်ပြုစုခြင်းနှင့်

လူသားအား လက်လျှော့ရန်သူ၏ ဝန်လေးမှုတို့နှင့် ပြည့်နေသည်။

သူ၏ ဖန်ဆင်းရာအတွက် သူ၏နှလုံးသားထဲတွင်ဘုရား စွဲကိုင်ထားသည့် စစ်မှန်သော သဘောထားနှင့်

စိတ်ခံစားမှုများကို ဤနှုတ်ကပတ်တော်များက ဖော်ပြကာ၊

အလားတူ နှုတ်ကပတ်တော်မျိုး လူသားကြားဖူးရန်ကြုံခဲလှသည့် ဤသို့ ရှင်းလင်းပြတ်သားသော

စကားလုံးများဖြင့် ဘုရားသည် လူသားတစ်ရပ်လုံးအတွက်သူ၏ စစ်မှန်သော ရည်ရွယ်ချက်များကို ထုတ်ပြန်သည်။

နှုတ်ကပတ်တော် ဓမ္မသီချင်း

ဖန်ဆင်းရှင်သည် လူသားအကြားတွင် အမြဲတမ်းရှိသည်၊

သူသည် လူသားနှင့် ဖန်ဆင်းရာ တစ်ခုလုံးအားအမြဲ စကားစမြည် ပြောနေသည်၊

ထို့ပြင် သူသည် နေ့စဉ် အမှုသစ်များပြုလုပ်နေသည်ကို သဘောပေါက်မိရန်

အနည်းငယ်သာ အားထုတ်ကြိုးပမ်းရလိမ့်မည်။

သူ၏ အနှစ်သာရနှင့် စိတ်သဘောထားတို့ကို လူသားနှင့်အပြန်အလှန် ဆွေးနွေးခြင်းတွင် ဖော်ပြထားသည်၊

သူ၏ အတွေးများနှင့် စိတ်ကူးများကို သူ၏လုပ်ဆောင်ချက်များတွင် ပြည့်စုံစွာ ထုတ်ဖော်ထားသည်၊

သူသည် လူသားမျိုးနွယ်နှင့်အတူ အမြဲတမ်းပါရှိပြီးစောင့်ကြည့်နေသည်။

ငါသည် ကောင်းကင်တွင် တည်ရှိပြီး၊

ငါသည် ငါ၏ ဖန်ဆင်းရာထဲတွင် တည်ရှိသည်ဟု သူသည်လူသားမျိုးနွယ်နှင့် ဖန်ဆင်းရာ အားလုံးတို့ကို

သူ၏ အသံတိတ်စကားလုံးများဖြင့်ညင်ညင်သာသာ စကားပြောသည်။

သူ၏ လက်များမှာ နွေးထွေးပြီး သန်မာသည်၊သူ၏ ခြေသံတို့မှာ ပေါ့ပါးသည်၊

သူ၏အသံမှာ နူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့သည်၊

သူ၏ အသွင်သဏ္ဌာန်မှာ လူသားမျိုးနွယ် အားလုံးကိုလက်ခံပွေ့ဖက်ရင်း ဖြတ်သွားလှည့်ပတ်သည်၊

သူ၏ မျက်နှာထားမှာ လှပပြီး နူးညံ့သိမ်မွေ့သည်။

သူသည် ဘယ်သောအခါမှ ထွက်ခွာမသွားသကဲ့သို့သူသည် ပျောက်ကွယ်လည်း မသွားဖူးပါ။

သူသည် နေ့ရောညပါလူသားမျိုးနွယ်ဘေးမှထွက်ခွာသွားခြင်း မရှိဘဲ

၎င်းတို့၏ သစ္စာရှိသော အဖော်ပင် ဖြစ်သည်။

လူ့လောကအတွက် သူ၏ အစဉ်ချစ်ခင်သစ္စာရှိသော စောင့်ရှောက်ပြုစုခြင်းနှင့်

အထူး ချစ်ခင်ကြင်နာခြင်းကိုလည်းကောင်း၊

လူသားအတွက် သူ၏ စစ်မှန်သော အလေးထားမှုနှင့်ချစ်ခြင်းမေတ္တာကိုလည်းကောင်း

သူနိနေဝေမြို့ကို ကယ်တင်သောအခါ၌နည်းနည်းချင်း ပြသခဲ့သည်။

အထူးသဖြင့် ယေဟောဝါဘုရားနှင့် ယောနတို့ကြားအပြန်အလှန်အချီအချ စကားပြောခြင်းက

သူကိုယ်တိုင် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အတွက်ဖန်ဆင်းရှင်၏ သနားခြင်းကရုဏာကို

ပိုမို၍ ဖော်ထုတ်ပြခဲ့သည်။

လူသားမျိုးနွယ်အတွက်ဘုရား၏ ရိုးသားစစ်မှန်သော စိတ်ခံစားမှုများကို

ဤစကားလုံးများအားဖြင့် နက်နက်ရှိုင်းရှိုင်းသဘောပေါက်နားလည်ခြင်း သင်ရရှိနိုင်သည်...

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။