ဘုရား၏အမှုနှင့် နှုတ်ကပတ်တော်များက လူအတွက် ယူဆောင်လာသည်မှာ အသက်ပင်တည်းကျူး

21.08.2020

ဘုရားသခင်က ယခင်ကအရာတို့ကို ကိုင်စွဲမထားပေ၊

သို့မဟုတ် အသားကျပြီးသား လမ်းကြောင်းကို မလျှောက်ပေ။

သူအလုပ်လုပ်ပြီး စကားပြောသောအခါတွင် လူတို့ထင်သကဲ့သို့ ပိတ်ပင်တားမြစ်ခြင်း မရှိပေ။

လူသားမျိုးနွယ်ဆီသို့ သူယူဆောင်လာသောအရာအားလုံးက လွတ်လပ်ခြင်းနှင့် အချုပ်အချယ်ကင်းခြင်းတို့ဖြစ်သည်။

သူသည် အသက်ရှင်သော ဘုရားသခင်၊ အမှန်တကယ် စစ်မှန်စွာ တည်ရှိသော ဘုရားသခင်ဖြစ်သည်။

သူသည် ရုပ်သေးရုပ်တစ်ရုပ်၊ သို့မဟုတ် ရွှံ့စေးရုပ်တုတစ်ရုပ် မဟုတ်ပေ။

လူတို့ အမြတ်တနိုးထားပြီး ကိုးကွယ်သော ရုပ်တုတို့နှင့် လုံးဝ ကွဲပြားသည်။

သူသည် အသက်ရှင်ပြီး အားမာန်အပြည့်ရှိသည်။

လူသားတို့ဆီကို သူ၏နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်မှုတို့က သယ်ဆောင်လာသမျှအားလုံးသည် အသက်နှင့် အလင်း၊

လွတ်လပ်ခြင်းနှင့် အချုပ်အချယ်ကင်းခြင်းတို့ဖြစ်သည်။

သူသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ကိုင်ဆောင်ထားသည့်အတွက်

သူ၏ မည်သည့်အလုပ်၏ ကန့်သတ်ခြင်းကိုမျှ မခံရပေ။

သူသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ကိုင်ဆောင်ထားသည့်အတွက်

သူ၏ မည်သည့်အလုပ်၏ ကန့်သတ်ခြင်းကိုမျှ မခံရပေ။

လူတို့က မည်သို့ပင်ပြောပါစေ၊ သူတို့က မည်ကဲ့သို့ပင် မြင်ပါစေ၊ သို့မဟုတ် သူ၏အလုပ်အသစ်ကို မည်ကဲ့သို့ အကဲဖြတ်ပါစေ၊

စနိုးစနောင့်ဖြစ်ခြင်းမရှိဘဲ သူ၏အလုပ်ကို လုပ်ဆောင်ပါလိမ့်မည်။

မည်သူတစ်ဦးတစ်ယောက်၏ အယူအဆများ၊ သူ့အလုပ်နှင့် နှုတ်ကပတ်တော်တို့ကို လက်ညှိုးထိုးဝေဖန်ခြင်းများ၊

သို့မဟုတ် သူ၏အလုပ်အသစ်အပေါ် သူတို့၏ ပြင်းထန်သော ဆန့်ကျင် ခုခံခြင်းတို့နှင့်ပတ်သက်၍ပင် သူစိုးရိမ်ပူပန်မည် မဟုတ်ပေ။

ဘုရားသခင်လုပ်ဆောင်သောအရာကို တိုင်းတာရန်၊ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ရန်၊

သူ့အလုပ်ကို ချိုးနှိမ်ရန် သို့မဟုတ် နှောင့်ယှက်ရန်၊

သို့မဟုတ် တမင်ဖျက်ဆီးရန် ဖန်ဆင်းခံအားလုံးထဲတွင် ဘယ်သူကမျှ လူသား၏ ကျိုးကြောင်းဆင်ခြင်မှု၊

သို့မဟုတ် လူသား၏ စိတ်ကူးတွေးတောမှု၊ အသိပညာ၊ သို့မဟုတ် ကိုယ်ကျင့်တရားကို အသုံးမပြုနိုင်ချေ။

သူ၏အလုပ်နှင့် သူလုပ်သောအရာတို့တွင် ပိတ်ပင်တားမြစ်ထားခြင်းတို့ မရှိပေ။

မည်သည့်လူ၊ အကြောင်းအရာ၊ သို့မဟုတ် အရာဝတ္ထု၏ ကန့်သတ်ခြင်းမျှ ရှိမည်မဟုတ်ပေ။

မည်သို့သော ရန်လိုသောအင်အားစု၏ နှောင့်ယှက်ခြင်းကိုမှ ခံရမည်မဟုတ်ပေ။

သူသည် အမြဲတမ်း အောင်နိုင်မှုကို ရရှိနေသော ဘုရင်တစ်ပါးဖြစ်ပြီး

လူသားမျိုးနွယ်ထံမှ ရန်လိုသောအင်အားစုများ၊

မိစ္ဆာဒိဋ္ဌိနှင့် အယူလွဲမှားမှုများ အားလုံးသည် သူ၏ ခြေတင်ခုံအောက်တွင် နင်းချေခြင်းကို ခံကြရသည်။

သူ့အလုပ်၏ မည်သည့်အဆင့်အသစ်ကို သူလုပ်ဆောင်နေသည်ဖြစ်စေ ၎င်းအလုပ်ကို

လူသားတို့၏အလယ်တွင် ဧကန်မုချ တည်ဆောက်ပြီး ချဲ့ထွင်ရမည်ဖြစ်သည်၊

ထို့ပြင် သူ၏ ကြီးမားသောအလုပ် ပြီးဆုံးသည်အထိ

စကြဝဠာတစ်ခွင်လုံးတစ်လျှောက်တွင် အတားအဆီးမရှိ ဧကန်မုချ လုပ်ဆောင်မည်ဖြစ်သည်။

၎င်းသည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာဖြစ်သည်။ သူ၏ အာဏာနှင့် တန်ခိုးဖြစ်သည်။

ဘုရားသခင်နှင့်ဆိုလျှင် ပိတ်ပင်တားမြစ်ခြင်းတို့ မရှိပေ။

သူ၏နှုတ်ကပတ်တော်တို့နှင့် အလုပ်တွင် စည်းမျဉ်းစည်းကမ်းတို့ ရှိသည်။

သို့သော်လည်း ပိတ်ပင်တားမြစ်ခြင်းတို့ မရှိပေ။

အကြောင်းမှာ ဘုရားသခင်ကိုယ်တော်တိုင်က သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်သောကြောင့်ပင်ဖြစ်၏။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။