Myanmar Praise Song 2022 - နိုင်ငံတိုင်းနှင့် လူမျိုးတိုင်း၏ ကံကြမ္မာကို ဘုရားထိန်းချုပ်
13.12.2022
၁
လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ ထွန်းကားခြင်းနှင့်
ကျဆုံးခြင်းသည် အုပ်ချုပ်သူများ ဘုရားသခင်ကို
ကိုးကွယ်ခြင်းရှိမရှိ၊
ပြည်သူတွေအား ဘုရားသခင်ကို နီးကပ်စေပြီး
ကိုးကွယ်စေခြင်းရှိမရှိ အပေါ် မူတည်
၂
သင်၏ တိုင်းပြည်ချမ်းသာပေမယ့်
သင့်လူတွေ ဘုရားထံမှ—
လမ်းလွှဲရင် ဘုရား၏ကောင်းချီး ပို၍ ဆုံးရှုံးလာမယ်
လူ့အဖွဲ့အစည်းသည်လည်းပဲ
ခြေဖဝါးအောက် နင်းခြေခံရပြီး
သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်လာကာ
ကောင်းကင်ဘုံကို ကျိန်ဆဲလာမယ်
လူသူမသိဘဲ နိုင်ငံလည်း ပျက်စီးသွားလိမ့်မယ်
ဘုရားသခင် သည် ၎င်းတို့ကို ဒဏ်ခတ်ရန်
အင်အားကြီးနိုင်ငံပေါ်ထွန်းစေပြီး
၎င်းတို့သည် မြေကြီးပေါ်မှ သုတ်သင်ခြင်း ခံရနိုင်သည်
လူတို့ရဲ့ဘယ်အဖွဲ့အစည်းမှာမှ ဘုရားမပါဝင်
ပြည်သူတွေနှင့် တိုင်းနိုင်ငံရဲ့ကံကြမ္မာကို
သူထိန်းချုပ်သည်
စကြဝဠာနှင့် ဒီကမ္ဘာကို ဘုရားသခင် ထိန်းချုပ်ထား
လူတို့ရဲ့ကံကြမ္မာနှင့် သူ့အစီအစဥ် ရောယှက်နေ
ဘယ်လူသား၊ တိုင်းပြည်၊ တိုင်းနိုင်ငံမှ
ဘုရားသခင်၏အချုပ်အခြာအာဏာမှ မလွတ်ကင်းပါ
၃
ကမ္ဘာပေါ်တွင် ဖြောင့်မတ်တဲ့ အင်အားစုရှိပေမယ့်
လူတို့ရဲ့နှလုံးသားမှာ ဘုရားအတွက်နေရာမရှိရင်
အုပ်ချုပ်မှုမခိုင်မြဲ
ဘုရားကောင်းချီးမရှိဘဲ နိုင်ငံရေးသည် ဖရိုဖရဲဖြစ်မည်
ထိုးနှက်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိမှာမဟုတ်
ဘုရား၏ကောင်းချီးမရှိခြင်းသည် နေမရှိသလိုပါပဲ
လူသည် ဖြောင့်မှန်တဲ့ ဆွေးနွေးပွဲများ
ဘယ်လောက် ပြုလုပ်ပါစေ
လူတွေအတွက် အုပ်ချုပ်သူများဘယ်လောက်ကြိုးစား
လူ့ရဲ့ကံကြမ္မာကို မပြောင်းလဲစေနိုင်ဘူး
၄
လူတွေဟာ စား၊ ဝတ်၊ နေရေးပြေလည်တဲ့နိုင်ငံကို
နိုင်ငံကောင်းတစ်ခု လို့
အုပ်ချုပ်သူကောင်းတဲ့
နိုင်ငံတစ်ခုလို့ ယုံကြည်ကြပေမယ့်
ဘုရားသခင်သည် သူ့ကိုကိုးကွယ်သူ
တစ်ယောက်မှမရှိသည့်
နိုင်ငံကို သူသည် သုတ်သင်ပြီး ဖျက်ဆီးလိမ့်မယ်
လူတို့ရဲ့အတွေးဟာ ဘုရားရဲ့
နည်းလမ်းနဲ့ များစွာခြားနား
ဒါကြောင့် တိုင်းနိုင်ငံဦးဆောင်သူသည် ဘုရားသခင်ကို
မကိုးကွယ်လျှင်
၎င်း၏ကံကြမ္မာသည် ဝမ်းနည်းဖွယ်ရာဖြစ်ပြီး
၎င်းမှာ ဦးတည်ချက်မရှိ
လူတို့ရဲ့ဘယ်အဖွဲ့အစည်းမှာမှ ဘုရားမပါဝင်
ပြည်သူတွေနှင့် တိုင်းနိုင်ငံရဲ့ကံကြမ္မာကို
သူထိန်းချုပ်သည်
စကြဝဠာနှင့် ဒီကမ္ဘာကို ဘုရားသခင် ထိန်းချုပ်ထား
လူတို့ရဲ့ကံကြမ္မာနှင့် သူ့အစီအစဥ် ရောယှက်နေ
ဘယ်လူသား၊ တိုင်းပြည်၊ တိုင်းနိုင်ငံမှ
ဘုရားသခင်၏အချုပ်အခြာအာဏာမှ မလွတ်ကင်းပါ
၅
လူသည် သူ့ကံကြမ္မာကိုသိဖို့ ဘုရားထံလာရမယ်
ဘုရားသခင် သည် သူ့ကိုကိုးကွယ်၊
နောက်တော်လိုက်သောသူကို
ချမ်းသာစေပြီး သူ့ကို ဆန့်ကျင်၊
ငြင်းပယ်သောသူတို့ကို
ကျရှုံးပြီး ပျောက်ကွယ်စေလိမ့်မည်
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ