Myanmar Gospel Song - ကြီးစွာမျက်နှာပျက်ရခြင်းကို ဘုရားသည်းခံခဲ့၏ကျူး
04.02.2022
ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်၏။
သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့ပြီး၊
ညစ်ညူးမှုနှင့် ပြည့်နှက်နေသော လူတို့နှင့်အတူ အသက်ရှင်သော်လည်း၊
ကျေးဇူးတော်ခေတ်တွင် အပြစ်သားများ နှင့်အတူ ယေရှု အသက်ရှင်ခဲ့သည့်အတိုင်း
သူ၏အမှုအားလုံးသည် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရေးအတွက် လုပ်ဆောင်ခြင်း မဟုတ်လော။
လူသားမျိုးနွယ်အနေဖြင့် ကြီးမားသော ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာသာ ဖြစ်သည်မဟုတ်သလော။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က၊ သူသည် အပြစ်သားများ နှင့်အတူ နှစ်အနည်းငယ် အသက်ရှင်ခဲ့သည်။
ယင်းမှာ ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့သည်။
ပြီးလျှင် လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊
သူသည် အဘယ်ကြောင့် ဒုတိယအကြိမ် လူ့ဇာတိပြန်လည်ခံယူကာ၊
နတ်ဆိုးများ စုဝေးရာ ဤတိုင်းပြည်တွင် မွေးဖွားပြီး စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသော
ဤလူတို့နှင့်အတူ အသက်ရှင်လိမ့်မည်နည်း။
ဤအရာအားလုံးမှာ လူသားမျိုးနွယ်အတွက်
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ကိုယ်ကျိုးမငဲ့သကဲ့သို့၊
သူခံရပ်သည့် ဒုက္ခဆင်းရဲနှင့် အရှက်ရခြင်းတို့သည် အလွန့်အလွန် ကြီးမားသည်ကိုသာ ဆိုလိုနိုင်ပေသည်။
သင်တို့အားလုံးနှင့် သင်တို့၏ ကံကြမ္မာအတွက်
သူ ခံစားသည့် အရှက်ရခြင်း မည်မျှ ကြီးမားသည်ကို သင်တို့ မသိကြသလော။
လူသားမျိုးနွယ် အားလုံး၏ ရှင်သန်ခြင်းအတွက်
သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားကာ
အရှက်ရခြင်းအားလုံးကို ခံစားရန် သာ၍လိုလားခဲ့သည်။
သူ၏အမှုသည် အလုံးစုံ စစ်မှန်ပြီး လက်တွေ့ကျသည် မဟုတ်လော။
လူအားလုံးက သူ့ကို မကောင်းပြောကြပြီး
သူသည် အပြစ်သားများနှင့် စားပွဲတွင် အတူထိုင်သည်ဟု ဆိုကြသော်လည်း၊
လူအားလုံးက သူ့ကို သရော်ကြပြီး သူသည် ညစ်ညူးမှု၏သားများနှင့်အတူ အသက်ရှင်သည်၊
လူတို့ထဲတွင် အနိမ့်ကျဆုံးဖြစ်သော သူများနှင့်အတူ အသက်ရှင်သည်ဟု ဆိုကြသော်လည်း၊
သူသည် ကိုယ်ကျိုးမငဲ့ဘဲ မိမိကိုယ်ကိုယ် ပေးအပ်နေဆဲဖြစ်ပြီး၊ ထိုကဲ့သို့ လူသားမျိုးနွယ်ကြားတွင် ငြင်းပယ်ခံရဆဲ ဖြစ်သည်။
ဤအရာအားလုံးမှာ လူသားမျိုးနွယ်အတွက်
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ကိုယ်ကျိုးမငဲ့သကဲ့သို့၊
သူခံရပ်သည့် ဒုက္ခဆင်းရဲနှင့် အရှက်ရခြင်းတို့သည် အလွန့်အလွန် ကြီးမားသည်ကိုသာ ဆိုလိုနိုင်ပေသည်။
သင်တို့အားလုံးနှင့် သင်တို့၏ ကံကြမ္မာအတွက်
သူ ခံစားသည့် အရှက်ရခြင်း မည်မျှ ကြီးမားသည်ကို သင်တို့ မသိကြသလော။
သူခံရပ်ရသော ဒုက္ခဆင်းရဲသည် သင်တို့၏ ဒုက္ခဆင်းရဲထက် ပို၍ကြီးမားသည် မဟုတ်သလော။
သူ ပြုသောအမှုသည် သင်ပေးခဲ့သော အဖိုးအခထက် ပိုများသည် မဟုတ်သလော။
ဤအရာအားလုံးမှာ လူသားမျိုးနွယ်အတွက်
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ကိုယ်ကျိုးမငဲ့သကဲ့သို့၊
သူခံရပ်သည့် ဒုက္ခဆင်းရဲနှင့် အရှက်ရခြင်းတို့သည် အလွန့်အလွန် ကြီးမားသည်ကိုသာ ဆိုလိုနိုင်ပေသည်။
သင်တို့အားလုံးနှင့် သင်တို့၏ ကံကြမ္မာအတွက်
သူ ခံစားသည့် အရှက်ရခြင်း မည်မျှ ကြီးမားသည်ကို သင်တို့ မသိကြသလော။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ