Christian Dance (ဘုရားသည် အောင်မြင်စွာပြန်လာပြီ)
27.11.2024
၁
ဇိအုန်။ ဝမ်းမြောက်လော့။ ဇိအုန်။ သီဆိုလော့။
ငါသည် အောင်ခြင်းဖြင့် ပြန်လာပြီ၊ ငါသည် အောင်မြင်လျက် ပြန်လာပြီ။
လူအပေါင်းတို့။ အစဉ်အလိုက် အလျင်အမြန် စီတန်းကြလော့။
ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့၊
ငါကိုယ်တော်၏ ဇာတိအဖြစ်တော်သည် စကြဝဠာ တစ်ခုလုံးကို မျက်နှာမူပြီး၊
ကမ္ဘာမြေကြီး၏ အရှေ့အရပ်၌ ပေါ်ထွန်းသည့်အတွက် ယခု လာ၍ရပ်နားကြလော့။
မည်သူသည် ကိုးကွယ်ခြင်းဖြင့် ဒူးမထောက်ဝံ့သနည်း။
ငါ့ကို စစ်မှန်သော ဘုရားသခင်ဟု အဘယ်သူ မခေါ်ဝံ့သနည်း။
မည်သူသည် ကြောက်ရွံ့သော စိတ်နှလုံးဖြင့် မော်မကြည့်ဘဲနေဝံ့သနည်း။
မည်သူသည် မချီးမွမ်းဘဲ နေဝံ့သနည်း။
မည်သူသည် ဝမ်းမြောက်ပျော်ရွှင်ခြင်းမရှိဘဲ နေဝံ့သနည်း။
ငါ၏ လူတို့သည် ငါ၏ အသံကို ကြားကြလိမ့်မည်ဖြစ်ပြီး။
၂
တောင်များ၊ မြစ်များနှင့် အရာခပ်သိမ်းသည်
အဆုံးမဲ့ သြဘာပေးကာ၊ မရပ်မနား ခုန်ပေါက်ကြလိမ့်မည်။
ဤအချိန်တွင် မည်သူမျှ နောက်ပြန်ဆုတ်ဝံ့ကြမည် မဟုတ်သကဲ့သို့၊
မည်သူမျှ ထ၍ ခုခံခြင်းပြုဝံ့ကြမည် မဟုတ်ပေ။
ဤသည်မှာ ငါ၏ အံ့သြဖွယ် လုပ်ဆောင်ချက် ဖြစ်ပြီး၊
ထို့ထက်ပို၍ ငါ၏ ကြီးမားသော တန်ခိုးအာဏာ ဖြစ်သည်။
ငါသည် အရာခပ်သိမ်းအား ငါ့အတွက် ကြောက်ရွံ့သော စိတ်နှလုံး ရှိစေမည်ဖြစ်ကာ
ဤမျှမက ခပ်သိမ်းသော အရာတို့ကို ငါ့အား ချီးမွမ်းစေမည်။
ဤသည်မှာ ငါ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏
အဆုံးစွန်ရည်မှန်းချက် ဖြစ်ပြီး၊
ငါကိုယ်တော် စီမံထားသည့်အရာ ဖြစ်သည်။
လူတစ်ဦးတစ်ယောက် ဖြစ်စေ၊ အရာဝတ္ထုတစ်ခုဖြစ်စေ၊ အဖြစ်အပျက် တစ်ခုဖြစ်စေ၊
ငါ့အား ထ၍ မခုခံဝံ၊ မဆန့်ကျင်ဝံ့ပေ။
၃
ငါ၏ လူအားလုံးသည် ငါ၏ တောင်သို့ စီးဆင်းကြလိမ့်မည် ဖြစ်ပြီး၊
ငါကိုယ်တော်သည် ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းရှိကာ သြဇာအာဏာရှိသောကြောင့် ၎င်းတို့သည်
ငါကိုယ်တော်ရှေ့တွင် အလျှော့ပေးကြလိမ့်မည်။
ငါ့အတွက် မည်သည့်အရာမျှ ခက်ခဲလိမ့်မည်မဟုတ်။
ငါ၏ နှုတ်မှ နှုတ်ကပတ်တော်များအားဖြင့် အရာခပ်သိမ်း ဖျက်ဆီးခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊
ငါ၏ နှုတ်မှ နှုတ်ကပတ်တော်များ အားဖြင့်
အရာခပ်သိမ်း ဖြစ်တည်လာကာ၊ စုံလင်စေခြင်း ခံရကြလိမ့်မည်။
ယင်းမှာ ငါ၏ ကြီးမြတ်သော တန်ခိုးနှင့် ငါ၏ သြဇာအာဏာ ဖြစ်သည်။
ငါသည် တန်ခိုးနှင့် ပြည့်ဝပြီး၊ သြဇာအာဏာဖြင့် ပြည့်နှက်ခြင်းကြောင့်၊
မည်သူမျှ ငါ့ကို မတားဆီးဝံ့ချေ။
ငါသည် အရာရာအပေါ် အောင်နိုင်နှင့်ပြီး ဖြစ်ကာ၊
ငါကိုယ်တော်သည် ပုန်ကန်သောသားအပေါင်းတို့ အားလုံးအပေါ် အောင်မြင်ခြင်း ရရှိနှင့်ပြီးဖြစ်သည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂၀) မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ