Myanmar Christian Song With Lyrics - ဘုရားဟာဟိုးအရင်တည်းကလူသားတို့အတွက် အားလုံးပြင်ဆင်ထားသည်
23.05.2020
၁
အရာရာပြီးမြောက်တဲ့အချိန်ကို ငါကသတ်မှတ်သည်။
အဲဒီ့အချိန်မရောက်သေးလျှင်
အချိန်မတန်ခင် ငါမဆောင်ရွက်ပါ။
ငါ၏ဆောင်ရွက်မှုများသည် အချိန်ကိုက်ထားသည်။
ထိုအမှုများကိုတိကျစွာ မူအတိုင်းဆောင်ရွက်သည်။
ငါသည်တည်ငြိမ် လုံးဝစိတ်မပူပါ။
ငါဟာအနန္တတန်ခိုးရှင်ဆိုတာသင်မသိဘူးလား။
စိတ်မပူနဲ့။ အားလုံးငါ၏လက်ထဲမှာပါ။
ငါ့အပေါ်သစ္စာရှိသူများမင်္ဂလာရှိသည်
ထိုသူတို့သည် ငါလူ့ နှလုံးသားအတွင်းသို့ကြည့်သည်ဟုသိထားကြသည်။
ကောင်းချီးများဆတိုးကာ ငါ၏နိုင်ငံတော်တွင်ကြွယ်ဝသောဆုကျေးဇူးများကို ထာဝရခံစားနိုင်သည်။
ဒါဟာစာတန်ကိုအရှက်ခွဲဖို့ အထိရောက်ဆုံးနည်းပါ။
၂
ဟိုးအရင်တည်းက အားလုံးပြင်ဆင်ပြီးသားပါ။
ငါ့အတွက် သူတို့ အစေခံချင်လှပြီ။
အပြင်ကကြည့်ရင် လောကကြီးပရမ်းပတာဖြစ်နေပေမယ့်ငါ့အမြင်မှာစည်းစနစ်ကျနေသည်။
ငါပြင်ဆင်ထားတာသင်တို့ပျော်မွေ့ ဖို့ပါ။
ငါ့ အစီအစဉ်မှာ ဝင်မရှုပ်ပါနှင့်။
လူမျိုးအပေါင်းကို ငါ၏ အနန္တတန်ခိုး ကို ပြမည်။
သူတို့သည် အံ့ဖွယ်ဆောင်ရွက်မှုများအတွက်ငါ့ကို ချီးမွမ်းကြမည်။
အကြောင်းမရှိဘဲ ဘာကိုမှ မဆောင်ရွက်ရဟု ငါဆိုသည်။
ငါသည် ဉာဏ်ပညာ၊ အစွမ်းတန်ခိုး၊ ဂုဏ်သိက္ခာ၊
ဖြောင့်မတ်ခြင်းတို့နှင့် ပြည့်စုံပြီး၊ အမျက်တော်လည်းကြီးလှ၏။
ငါ့အပေါ်သစ္စာရှိသူများမင်္ဂလာရှိသည်
ထိုသူတို့သည် ငါ လူ့ နှလုံးသားအတွင်းသို့ကြည့်သည်ဟုသိထားကြသည်။
ကောင်းချီးများဆတိုးကာ ငါ၏နိုင်ငံတော်တွင်ကြွယ်ဝသောဆုကျေးဇူးများကို ထာဝရခံစားနိုင်သည်။
ဒါဟာစာတန်ကိုအရှက်ခွဲဖို့ အထိရောက်ဆုံးနည်းပါ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ