ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၆
29.06.2020
ငါသည် နိုင်ငံတော်တွင်အုပ်စိုးသည့်အပြင် စကြဝဠာတစ်ခွင်လုံးတွင်လည်း ငါအုပ်စိုး၏။ ငါသည် နိုင်ငံတော်၏ ရှင်ဘုရင်ရော စကြာဝဠာ၏အကြီးအကဲပါ ဖြစ်၏။ ဤအချိန်မှစ၍ ငါသည် ရွေးချယ်မခံရသူအားလုံးကို စုရုံး၍ ငါ၏အမှုကို တစ်ပါးအမျိုးသားတို့အကြားတွင် စတင်မည်။ ထို့အပြင် ငါ့အမှုနောက်အဆင့်ကို အောင်မြင်စွာစတင်နိုင်ရန် ငါသည် စကြဝဠာ တစ်ခွင်လုံးသို့ ငါ၏စီမံခန့်ခွဲမှုအမိန့်များကို ကြေညာမည်။ တစ်ပါးအမျိုးသားတို့အကြား ငါ့အမှု ပျံ့နှံ့စေခြင်းငှာ ငါသည် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုမည်။ ဆိုလိုသည်မှာ ငါသည် တစ်ပါးအမျိုးသားအားလုံးအပေါ် အင်အားသုံးမည်။ ဤအမှုကို ရွေးကောက်ခံရသူတို့အကြား ငါ့အမှုနှင့် တစ်ချိန်တည်းတွင် အကောင်အထည်ဖော်မည်မှာ သဘာဝကျ၏။ ငါ၏လူတို့ ကမ္ဘာမြေကြီးကိုအုပ်စိုး၍ အာဏာစွဲကိုင်သည့်အခါသည် ကမ္ဘာမြေကြီးပေါ်ရှိ လူတို့အားလုံး သိမ်းပိုက်ခံရချိန်လည်း ဖြစ်သည့်အပြင် ငါနားသည့်အချိန်လည်း ဖြစ်လိမ့်မည်— ထိုအခါကျမှ ငါသည် သိမ်းပိုက်ခံရသူတို့ထံ ပေါ်ထွန်းလာမည်။ ငါသည် သန့်ရှင်းသော နိုင်ငံတော်သို့ ပေါ်ထွန်းလာ၍ ညစ်ပေသောနိုင်ငံမှ ငါ့ကိုယ်ငါ ကွယ်ဝှက်ထား၏။ သိမ်းပိုက်ခံရသူအားလုံးနှင့် ငါ့ရှေ့မှောက်တွင် နာခံလာသူအားလုံးတို့သည် သူတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် ငါ၏မျက်နှာကို မြင်နိုင်ကြကာ သူတို့၏ ကိုယ်ပိုင်နားများဖြင့် ငါ၏အသံကို ကြားနိုင်ကြ၏။ ဤသည်မှာ နောက်ဆုံးသောကာလတွင် မွေးဖွားသူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်၏။ ဤသည်မှာ ငါမှကြိုတင်ပြဋ္ဌာန်းထားသော ကောင်းချီးမင်္ဂလာဖြစ်ကာ မည်သည့်လူသားမျှ ဤသည်ကို ပြောင်းလဲ၍မရပေ။ ယနေ့ ငါဤသို့ဆောင်ရွက်သည်မှာ အနာဂတ်၏အမှုအတွက်ဖြစ်၏။ ငါ၏အမှုအားလုံးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်လျက်ရှိ၍၊ ဤအရာအားလုံးတွင် ခေါ်ဆိုချက်တစ်ခုနှင့် တုံ့ပြန်ချက်တို့ ရှိ၏- မည်သည့်အဆင့်မျှ မည်သည့်အခါမျှ ရုတ်တရက် ရပ်တန့်သွားခြင်းမရှိ၊ မည်သည့်အဆင့်ကိုမျှ မည်သည့်အခါမျှ အခြားအဆင့်မှ သီးခြား အကောင်အထည်ဖော်ခဲ့ခြင်း မရှိ။ ဤကဲ့သို့ မဟုတ်ပေဘူးလော။ အတိတ်ကအမှုသည် ယနေ့အမှု၏ အခြေခံအုတ်မြစ် မဟုတ်ပေဘူးလော။ အတိတ်မှ နှုတ်ကပတ်တော်များသည် ယနေ့နှုတ်ကပတ်တော်များ၏ ရှေ့ပြေးမဟုတ်ပေဘူးလော။ အတိတ်မှခြေလှမ်းများသည် ယနေ့ခြေလှမ်းများအစပြုရာ မဟုတ်သလော။ ငါသည် စာစောင်ကို တရားဝင်ဖွင့်သည့်အခါသည် စကြဝဠာတစ်ခွင်လုံးရှိ လူတို့ ပြစ်တင်ဆုံးမခံရသည့်အချိန်၊ ကမ္ဘာတစ်ဝှမ်းလုံးရှိလူတို့ စမ်းသပ်ခံရသည့် အချိန်များဖြစ်ပြီး ငါ၏အမှု အထွတ်အထိပ်ရောက်ချိန် ဖြစ်သည်၊ လူတို့အားလုံးသည် အလင်းမဲ့နိုင်ငံ၌နေကြပြီး လူတို့အားလုံး ၎င်းတို့၏ပတ်ဝန်းကျင်၏ ခြိမ်းခြောက်မှုအကြား နေကြ၏။ တစ်နည်းအားဖြင့်ဆိုလျှင်၊ ဤသည်မှာ ဖန်ဆင်းချိန်မှ လက်ရှိနေ့ရက်အထိ လူသား မည်သည့်အခါကမျှ မတွေ့ကြုံဖူးသည့် ဘဝဖြစ်၍ ခေတ်ကာလများတစ်လျှောက် မည်သူကမျှ ဤသို့သောဘဝမျိုးကို မ “ခံစား” ခဲ့ရဖူးချေ။ ထို့ကြောင့် ငါဆောင်ရွက်သည့်အမှုသည် ယခင် တစ်ခါမျှ မလုပ်ဆောင်ဖူးဟု ငါပြော၏။ ဤသည်မှာ အဖြစ်အပျက်တို့၏အခြေအနေမှန်ဖြစ်၍၊ ဤသည်မှာ အတွင်းအဓိပ္ပာယ်ဖြစ်၏။ ငါ၏နေ့ရက်သည် လူသားအားလုံးနှင့် နီးကပ်လာသည်ဖြစ်၍၊ ဤသည်မှာ ဝေးကွာပုံမရဘဲ လူသား၏မျက်လုံးများအရှေ့တွင်သာ ရှိ၏။ ရလဒ်အနေနှင့် မည်သူသည် မကြောက်ရွံ့ဘဲ နေနိုင်မည်နည်း။ မည်သူသည် ဤသည်ကို ဝမ်းမြောက်ခြင်း မရှိဘဲ နေနိုင်မည်နည်း။ ညစ်ပေသောဗာဗုလုန်မြို့သည် အဆုံးတွင် အဆုံးသတ်ခဲ့၏။ လူသားသည် အသစ်စက်စက် ကမ္ဘာနှင့် တွေ့ခဲ့ကာ ကောင်းကင်နှင့် မြေကြီးတို့သည် ပြောင်းလဲ၍ အသစ်ပြုလုပ်ခြင်း ခံကြရ၏။
ငါသည် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးသို့ထံ ပေါ်ထွန်းလာသည့်အခါ ကောင်းကင်တွင် တိမ်ဖြူများ ရိုက်ခတ်လှုပ်ရှား၍ ငါ့ကို လွှမ်းခြုံထား၏။ ထိုနည်းတူပင်၊ ကမ္ဘာမြေကြီးပေါ်ရှိ အခြေအနေကို မီးမောင်းထိုးပြခြင်းဖြင့် ကမ္ဘာမြေကြီးပေါ်ရှိငှက်များသည် ငါ့အတွက် ဝမ်းမြောက်ခြင်းဖြင့် သီချင်းအော်ဆိုကာ ကကြ၏။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းကို အသက်ဝင်စေလျက် “အနယ်” ထိုင်မနေတော့ဘဲ တက်ကြွသည့်အခြေအနေတွင် အသက်ရှင်ကြ၏။ ငါသည် တိမ်ကြားတွင် ရှိနေသည့်အခါ လူသားသည် ငါ၏မျက်နှာနှင့် ငါ၏မျက်လုံးများကို ရေးရေးသာမြင်ကာ၊ ယခုအချိန်တွင် သူသည် အနည်းငယ် ကြောက်ရွံ့၏။ အတိတ်က သူသည် ဒဏ္ဍာရီများတွင် ငါ့အကြောင်း သမိုင်းမှတ်တမ်းများကို ကြားခဲ့ဖူး၏။ ထို့ကြောင့် သူသည် ငါ့အပေါ် ယုံတစ်ဝက်၊ မယုံတစ်ဝက်သာ ဖြစ်နေ၏။ ငါမည်သည့်နေရာတွင်ရှိနေသည် သို့မဟုတ် ငါ၏မျက်နှာ မည်မျှကြီးသည်ကို သူမသိ— ပင်လယ်တမျှ ကျယ်ဝန်းသလော၊ စိမ်းလန်းသောကျက်စားရာများကဲ့သို့ အကန့်အသတ် မရှိသလော။ ဤအရာများကို မည်သူမျှ မသိပေ။ လူသားသည် ငါ၏မျက်နှာကို တိမ်များအထဲ ယနေ့မြင်သည့်အခါမှသာ ဒဏ္ဍာရီထဲမှ ငါသည် စစ်မှန်သည်ဟု ခံစားရသဖြင့် ငါ့အပေါ် အနည်းငယ်သာ၍ အလေးပေးလာ၏။ ထို့အပြင် ငါ၏လုပ်ဆောင်ချက်များကြောင့်သာ ငါ့အပေါ် သူ၏ မြတ်နိုးလေးစားမှုသည် အနည်းငယ် သာ၍ကြီးမားလာ၏။ သို့ရာတွင် လူသားသည် ငါ့ကို မသိဆဲဖြစ်၍ တိမ်ထဲတွင် ငါ၏တစ်စိတ်တစ်ပိုင်းကိုသာ မြင်၏။ ၎င်းနောက် ငါသည် ငါ၏လက်များကို ဆန့်တန်းလျက် လူသားကို ပြ၏။ လူသားသည် အံ့သြကာ၊ သူ၏ပါးစပ်ပေါ်ပုတ်လိုက်၏။ ငါ့လက်ဖြင့် အရိုက်ခံရမည်ကို အလွန်အမင်းစိုးရိမ်သဖြင့် သူ၏မြတ်နိုးလေးစားမှုတွင် ရိုသေလေးမြတ်မှုအနည်းငယ် ထည့်လိုက်၏။ သူဂရုမပြုသည့်အခါ ငါ၏ရိုက်နှက်ခြင်း ခံရမည်ကို အလွန်အမင်း ကြောက်ရွံ့သဖြင့် လူသားသည် ငါ၏လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ် ကြည့်၏— သို့ရာတွင် လူသား၏ အကြည့်ခံရခြင်းသည် ငါ့ကို ကန့်သတ်ထားခြင်းမရှိဘဲ ငါသည် ငါ့လက်များပေါ်တွင် အမှုကို ဆက်လက် ဆောင်ရွက်၏။ ငါ၏လုပ်ဆောင်ချက် အားလုံး၌သာ လူသားသည် ငါ့ကို မျက်နှာသာ အနည်းငယ်ပေးကာ၊ ရလဒ်အနေဖြင့် ငါနှင့်ပေါင်းသင်းဆက်ဆံရန် ငါ့ရှေ့မှောက်သို့ တဖြည်းဖြည်းလာ၏။ လူသားကို ငါ၏တစ်ရပ်လုံးကို ဖော်ပြသည့်အခါ၊ လူသားသည် ငါ၏မျက်နှာကို မြင်မည်ဖြစ်၍၊ ထိုအချိန်မှစ၍ ငါသည် လူသားထံမှ ငါ့ကိုယ်ငါ ကွယ်ဝှက်ခြင်း သို့မဟုတ် ဖုံးကာခြင်း ပြုတော့မည် မဟုတ်ပေ။ စကြဝဠာတစ်ခွင်လုံးတွင် ငါသည် လူသားအားလုံးထံ လူသိရှင်ကြား ပေါ်ထွန်းလာမည်ဖြစ်၍၊ အသွေးအသားနှင့် လူအားလုံးသည် ငါ၏လုပ်ဆောင်ချက်အားလုံးကို တွေ့ကြလိမ့်မည်။ ဝိညာဉ်ပကတိဖြစ်သူအားလုံးသည် ငါ၏အိမ်ထောင်စုတွင် ငြိမ်းချမ်းစွာနေ၍ ငါနှင့်အတူ အံ့သြဖွယ်ကောင်းသော ကောင်းချီးမင်္ဂလာတို့ကို သေချာစွာ ခံစားရလိမ့်မည်။ ငါအလွန်ချစ်ခင်သူ အားလုံးသည် ပြစ်တင်ဆုံးမခြင်းမှ ကင်းလွတ်ရန် သေချာ၍ ဝိညာဉ်၏နာကျင်မှုနှင့် ဇာတိပကတိ၏ ဝေဒနာတို့ကို ရှောင်ရှားမည်မှာ သေချာ၏။ လူမျိုးအားလုံးထံ ငါသည် လူသိရှင်ကြား ပေါ်ထွန်းလာ၍ အုပ်စိုးကာ အာဏာစွဲကိုင်လိမ့်မည်။ စကြဝဠာတွင် အလောင်းကောင်များ၏ အပုပ်နံ့လှိုင်မနေစေရန် ဖြစ်၏။ ထိုသို့ဖြစ်မည့်အစား၊ ငါ၏ လန်းဆန်းသော မွှေးရနံ့သည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားလိမ့်မည်။ ငါ၏နေ့ရက်သည် နီးလာပြီဖြစ်သောကြောင့် လူသားသည် နိုးထလာနေ၏။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့သည် စနစ်တကျရှိလျက်၊ ကမ္ဘာမြေကြီး၏ ဘေးအန္တရာယ်မှ လွတ်မြောက်ရသည့် နေ့ရက်များ ရှိတော့မည် မဟုတ်ပေ။ ငါရောက်လာပြီဖြစ်၍ ဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၉)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ