Myanmar Christian Song With Lyrics - ဘုရား လူထံမှ နောက်ဆုံးတောင်းဆိုချက်
03.04.2020
၁
တကယ်လို့သာ သင်သည် အစေခံသူတစ်ယောက်ဆိုရင်
စိတ်ရောကိုယ်ပါ ဘုရားအတွက်သစ္စာရှိစွာ အစေခံနိုင်မလား၊
ဘုရား သင့်အား ဘယ်တုန်းကမှအသိအမှတ်မပြု မှန်း သိရ ရင်
သူနှင့် တစ်သက်လုံး နေပြီး၊ အစေခံနိုင်မလား။
လုံ့လများစွာ စိုက်ထုတ်ခဲ့လည်း သင့်အပေါ်
ဘုရားသခင် အကြင်နာခံစားမှု ကင်းမဲ့ နေတုန်းပဲဆိုရင်
လူမသိသူမသိ ဘုရားအတွက်ဆက်လုပ်နေဦးမလား။
တချို့ အရာတွေကို ဘုရားအတွက် ပေးခဲ့ပေမဲ့
သင့်တောင်းဆိုချက်ကလေးများ မရခဲ့ရင်
စိတ်ပျက်ကာ ဒေါသတကြီးဘုရားကို အ ပြစ်တင်မလား။
အစဉ် သစ္စာရှိလွန်း၍ ဘုရားကို ချစ်မြတ်နိုးနေလည်း
နာကျင်မှုဝေဒနာ၊ ဘဝ၏ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံစား၊
အပေါင်းအသင်းများပင် သင့်အားပယ်ခွာကာ မိသားစုက ရှောင်ဖယ်၊
ကံကြမ္မာဆိုးများ ကျရောက်လို့လာရင်သင့်၏သစ္စာရှိမှု၊
ချစ်ခြင်းမေတ္တာ ရှိနေဦး မှာ လား။
၂
သင် တောင့်တသော အရာတစ်ခုမှ
ဘုရားပြုသောအမှုနှင့် မကိုက်ညီ ရင်
သင့်အနာဂတ်လမ်း ဘယ်လိုလျှောက် မှာ လဲ။
ဘုရားထံမှ ရရှိရန် မျှော်လင့်ထားသောအရာတစ်ခုမှ မရခဲ့ရင်
ဘုရား၏နောက်လိုက်အဖြစ် ဆက်နေနိုင်မလား။
ဘုရားအမှုတော်၏ ရည်ရွယ်ချက်နှင့်
အရေးပါမှုကို မမြင် ခဲ့ ရင်
ဝေဖန်ပိုင်းခြားခြင်းမရှိဘဲ သူ့အား နာခံနိုင်မလား။
သူ ၏နှုတ်ကပတ်တော်အားလုံး၊သူ မိန့်မြွှက်ခဲ့သောအရာများ၊
လူသားနှင့်အတူရှိချိန်က သူ လုပ်ဆောင်နေခဲ့သော
အမှုအားလုံးကို တန်ဖိုးထားနိုင်မလား။
ဘာတစ်ခုမှ ရမည်မဟုတ်လည်းတစ်ဘဝလုံး သူ့အတွက်
ဒုက္ခဝေဒနာခံစားလိုသော
ဘုရား၏ သစ္စာရှိနောက်လိုက် ဖြစ်နိုင်မလား။
ဆင်ခြင်စဉ်းစားခြင်းမရှိ၊ စီမံကိန်းများမဆွဲ၊
အသက်ရှင် ရာ လွှတ်မြောက်ရာအနာဂတ်လမ်းအတွက်
ပြင်ဆင်မထားဘဲ နေနိုင်မလား။
ထိုအရာများကို ဘုရားအတွက် လုပ်ပေးနိုင်မလား။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ