Myanmar Christian Song - ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသည် လူတို့ကို ကယ်တင်ဖို့ဖြစ်သည်

08.12.2023

ယိုယွင်းဖောက်ပြန်သော လူသားများကို ကယ်တင်ဖို့ ဘုရား မြေကြီးပေါ်သို့ ကြွဆင်းလာခဲ့သည်။

လွန်ခဲ့သည့်အချိန်က ကယ်တင်ခြင်းသည် သူ၏ သနားခြင်းကရုဏာကို အကုန်အစင်ပေးခဲ့ခြင်းဖြစ်ပြီး

လူသားတစ်ရပ်လုံးနှင့် အလဲအလှယ်လုပ်ဖို့ သူ့ကိုယ်သူ စာတန်ထံ ပေးဆပ်ခဲ့။

ဘုရား၏ ကယ်တင်ခြင်းသည် ယခု အဆုံးသို့ရောက်ပြီ၊ လူသားအားလုံးကို အမျိုးအစား အလိုက် ခွဲခြားလျက်နေ။

သင် ရရှိမှာက သူ၏ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့်

ညှာတာခြင်း ကင်းသည့် ရိုက်ချက်များ ဖြစ်လိမ့်မည်။

သို့သော် သင်သိသင့်သည့်အရာ ရှိသေးသည်။

ထိုအညှာအတာမဲ့ ရိုက်ချက်များအားလုံးထဲမှာ၊ တစ်ခုမှ ပြစ်ဒဏ်ပေးခြင်း မရှိပါ။

သူသည် လူသားတစ်ရပ်လုံးကို တရားစီရင်ခြင်းနှင့် ဆုံးမခြင်း အားဖြင့် မခြွင်းမချန် ကယ်တင်လျက်ရှိနေ

သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းသည် သင့် အတွက် ထာဝရ ကယ်တင်ခြင်းပါ။

သူ့နှုတ်ကပတ်တော်စကား ဘယ်လောက်တောင် ခက်ထန်ပါစေ၊

သူ့အမျက်တော် ဘယ်လောက်ပင် စူးရှပါစေ၊

သင့်အပေါ် သွန်သင်သော စကားများသာဖြစ်၍၊

သင့်အား ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက် သူ့မှာမရှိ။

ဘုရားသခင်သည် သင့်အား အတိဒုက္ခ ရောက်ရန် အလိုတော်မရှိ၊

သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် သူ၏ အညှာအတာမဲ့ သန့်စင်ခြင်း သည် သင့်ကို သန့်ရှင်းစေဖို့နှင့်

ခက်ထန်သော စကားများ နှင့် ရိုက်ချက်များသည် သင့်ကိုကယ်တင်ဖို့ပါ။

ဤတရားစီရင်ခြင်းနှင့် ဆုံးမခြင်းထဲ၌ သင် ဘာပြောစရာ ရှိသနည်း။

သင် ကယ်တင်ခြင်းကို အစမှအဆုံးထိ အစဉ်မြဲ ရရှိခံစားခဲ့ပြီ မဟုတ်လား။

သင်သည် လူ့ဇာတိခံ ဘုရားကို တွေ့မြင်ခဲ့ပြီး၊

သူ၏ ဉာဏ်ပညာနှင့် အတိုင်းအဆမရှိ တန်ခိုးကိုလည်း ခံစားခဲ့ပြီ။

သူ၏ ရိုက်ချက်များနှင့် ဆုံးမပဲ့ပြင်ခြင်းကို ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အပြင်

သူ၏ ကြီးမားထူးကဲသော ကျေးဇူးတော်ကိုလည်း ခံစားခဲ့ရပြီ။

သူသည် လူသားတစ်ရပ်လုံးကို တရားစီရင်ခြင်းနှင့် ဆုံးမခြင်း အားဖြင့် မခြွင်းမချန် ကယ်တင်လျက်ရှိနေ

သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းသည် သင့် အတွက် ထာဝရ ကယ်တင်ခြင်းပါ။

သင်၏ ကောင်းကြီးများသည် အခြား ကောင်းကြီးများအားလုံးထက် ပိုများပြားပြီး၊

ရှောလမုန်၏ ကြွယ်ဝခြင်းနှင့် ခမ်းနားခြင်းထက်သာလွန်ပေသည်။

အကယ်၍ ဘုရားသခင် သည် သင်၏ ကယ်တင်ရှင်အဖြစ် မကြွလာခဲ့လျှင်၊

သင်၏ နေ့ရက်ကာလ ဤမျှလောက် ရှည်ကြာပါမည်လော။

အကယ်၍ ဘုရားအနေနှင့် သင့်ကို ပြစ်ဒဏ်ခတ်ဖို့သာ အလိုရှိပါက၊ လူ့ဇာတိခံဖို့ လိုအပ်မည်မဟုတ်

စကားတစ်လုံးတည်းဖြင့် သင့်ကိုပြစ်ဒဏ်ခတ်လို့ရသည်။

သင် ဒီနေ့ထိ အသက်ရှင် နေလိမ့်မည် မဟုတ်ပေ။

ဘုရားသခင် မိန့်တော်မူချက်ကို သင် မယုံကြည်သေးဘူးလား။

သူသည် လူသားတစ်ရပ်လုံးကို တရားစီရင်ခြင်းနှင့် ဆုံးမခြင်း အားဖြင့် မခြွင်းမချန် ကယ်တင်လျက်ရှိနေ

သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းသည် သင့် အတွက် ထာဝရ ကယ်တင်ခြင်းပါ။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။