2021 Myanmar Hymn Song ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
18.05.2021
ဖြောင့်မတ်ခြင်းနေမင်းကြီး အရှေ့အရပ်က ထွက်ပေါ်
အို ဘုရား…ကိုယ်တော့်ဘုန်းတော် ကောင်းကင်နှင့်မြေကြီးတွင် ပြည့်လျှံ
နှစ်သက်ဖွယ်သော ကျွန်ုပ်ချစ်ရသူ… ကိုယ်တော့်ချစ်ခြင်းမေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
သမ္မာတရား ရှာဖွေသူများ…ဘုရားကို ချစ် မြတ်နိုးကြ
မနက်စောစော တစ်ကိုယ်တည်း နိုးထရလည်း
နှုတ်ကပတ်တော်ကို အောက်မေ့သောကြောင့် ကျွန်ုပ်နှလုံးသားထဲ ဝမ်းမြောက်ခြင်းရှိ
ကြင်နာသော မိခင်၏ စကားများကဲ့သို့ ဘုရား၏နူးညံ့သော စကားများ
ဖခင်၏ဆူပူကြိမ်းမောင်းခြင်းကဲ့သို့ ခက်ထန်သော ဘုရား၏စစ်ကြောသောစကားများ
ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
အနန္တတန်ခိုးရှင် ဘုရားသခင် ချစ်စရာကောင်းလွန်းသဖြင့်၊
နောက်ထပ် ကျွန်ုပ် ချစ်မြတ်နိုးသောအရာ မရှိ
ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
ကျွန်ုပ် သူ့ကို အပြည့်အဝ ချစ်သည်၊ ကျွန်ုပ် သူ့ကိုသာ ချစ်သည်
ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
သူ့ကို စစ်မှန်စွာ ချစ်သောသူတို့ကို စုံလင်စေဖို့
ဘုရား၏အလိုတော်ကို ဖော်ပြခဲ့ပြီ
သက်ရှိ အပြစ်ကင်းစင်သူအပေါင်းတို့
ဘုရားသခင်အား ချီးမွမ်းပူဇော်ကြလော့
ဝမ်းမြောက်ကခုန်ခြင်းသည် မင်္ဂလာရှိ၏၊
ပလ္လင်တော်၌ မြူးထူးကခုန်ကြလော့
ကမ္ဘာ့အရပ်လေးမျက်နှာမှ
ဘုရားသခင်ဖိတ်ခေါ်၍ ကျွန်ုပ်တို့ ရောက်လာကြသည်
ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
အနန္တတန်ခိုးရှင် ဘုရားသခင် ချစ်စရာကောင်းလွန်းသဖြင့်၊
နောက်ထပ် ကျွန်ုပ် ချစ်မြတ်နိုးသောအရာ မရှိ
ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
ကျွန်ုပ် သူ့ကို အပြည့်အဝ ချစ်သည်၊ ကျွန်ုပ် သူ့ကိုသာ ချစ်သည်
ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
အသက်နှင့်ဆိုင်သော သူ၏စကားများ ကျွန်ုပ်တို့အပေါ် အပ်နှင်း၊
သူ၏စစ်ကြောစီရင်ခြင်းဖြင့် ကျွန်ုပ်တို့ကို သန့်စင်
စစ်ကြောသန့်စင်ခဲ့လို့ ချစ်ခြင်းမေတ္တာ ပိုမိုခိုင်မာ၊
ဘုရားသခင်၏မေတ္တာ ခံစားရတာ ချိုမြိန်သည်
ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
အနန္တတန်ခိုးရှင် ဘုရားသခင် ချစ်စရာကောင်းလွန်းသဖြင့်၊
နောက်ထပ် ကျွန်ုပ် ချစ်မြတ်နိုးသောအရာ မရှိ
ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
ကျွန်ုပ် သူ့ကို အပြည့်အဝ ချစ်သည်၊ ကျွန်ုပ် သူ့ကိုသာ ချစ်သည်
ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
ကိုယ်တော်၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ၊ အို ဘုရားသခင်။
ကိုယ်တော်၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
ကိုယ်တော်၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ၊ ချစ်လှစွာသော ဘုရားသခင်။
ကိုယ်တော်၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ