Myanmar Praise Song - ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှစ်လိုဖွယ်ကောင်းခြင်း
18.06.2022
အာဒံနဲ့ ဧဝအတွက် သားရေ အဝတ်များ ဘုရားသခင် ပြုလုပ်ပေးခဲ့
ထိုကဲ့သို့ မိဘသဖွယ် ဘုရားသခင် ပေါ်ထွန်းလာ
၁
ဤသူနှစ်ဦးကို ဖန်ဆင်းပြီး သူတို့ကို ဘုရားသခင် စောင်မခဲ့သည်
လက်တွဲဖော်များ ဖြစ်စေကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးခဲ့
ဘုရားသခင် ဒီအမှုကို ပြုလုပ်နေစဉ် သူ၏မြင့်မြတ်ခြင်း၊
ကြီးမြတ်ခြင်း၊ ဆန်းကြယ်နက်နဲခြင်းကို လူတို့ မမြင်
အထူးသဖြင့် အမျက်တော်၊ ဘုန်းအာနုဘော်ကို လူသားတို့ မမြင်ရကြ။
ထိုသို့ဖြင့် ဘုရားသခင်၏နှိမ့်ချခြင်း၊ ချစ်မေတ္တာ၊ ပူပန်မှု၊
ဘုရား၏တာဝန်ကို လူသား မြင်ရ။
လူသားသိတာ ဘုရား၏စောင်မခြင်းသာ။
ရိုးရှင်းသောအရာ၊ မပြောပလောက်စရာ ဖြစ်ကောင်းဖြစ်မည်။
ဘုရားနောက်လိုက်ကြပေမယ့် သူ့အကြောင်း သေချာမသိသူများအား
ဘုရား၏စစ်မှန်မှုကို သိမြင်ခွင့်ပေး။
ဘုရားသခင်၏ချစ်တတ်မှု၊ သစ္စာရှိမှု၊
နှိမ့်ချမှု၊ နှိမ့်ချသော သဘာဝကို မြင်ရသည်။
၂
မိဘများမှ သားသမီးအပေါ် ပြုသည်နည်းတူ အာဒံနဲ့ ဧဝအပေါ်
ဆက်ဆံသည့် ဘုရားသခင်။
လူသားမိဘတစ်ဦးကဲ့သို့ ချစ်ခဲ့၊ ဂရုစိုက်ခဲ့၊ စောင့်ရှောက်ခဲ့သူ
သူ၏ချစ်ခြင်းမှာ စစ်မှန်သည်၊ မြင်နိုင်သည်၊ ထိတွေ့နိုင်သည်
ဘဝမြင့်လျက် ကြီးမြင့်ရာ၌ မထိုင်၊
မိမိကိုယ်ကို မြှင့်တင် လူသား၏အထက်တွင် မနေ၊
သူတို့အတွက် သားရေအဝတ်များ ကိုယ်တိုင် လုပ်ပေးခဲ့သူပါ
ထိုသို့ဖြင့် ဘုရားသခင်၏နှိမ့်ချခြင်း၊ ချစ်မေတ္တာ၊ ပူပန်မှု၊
ဘုရား၏တာဝန်ကို လူသား မြင်ရ။
လူသားသိတာ ဘုရား၏စောင်မခြင်းသာ။
ရိုးရှင်းသောအရာ၊ မပြောပလောက်စရာ ဖြစ်ကောင်းဖြစ်မည်။
ဘုရားနောက်လိုက်ကြပေမယ့် သူ့အကြောင်း သေချာမသိသူများအား
ဘုရား၏စစ်မှန်မှုကို သိမြင်ခွင့်ပေး။
ဘုရားသခင်၏ချစ်တတ်မှု၊ သစ္စာရှိမှု၊
နှိမ့်ချမှု၊ နှိမ့်ချသော သဘာဝကို မြင်ရသည်။
နှိမ့်ချမှု၊ နှိမ့်ချသော သဘာဝကို မြင်ရသည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ