Christian Dance (ဘုရားနှုတ်ကပတ်တော်သည် ကျွန်ုပ်၏နံဘေးတွင်ရှိနေ)
24.12.2024
၁
ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် ကျွန်ုပ်၏ စိတ်နှလုံးကို ဧကန်အမှန် တောက်ပစေပြီး
ဘုရားနှုတ်ကပတ်တော်တွင် ကျွန်ုပ် သူနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံရ။
သူ၏နှုတ်ကပတ်တော်များသည် ကျွန်ုပ်၏ ပုန်ကန်ခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ပြီး
အလွန်အလေးအနက်ထားသော နားသွင်းဖျောင်းဖျခြင်းက
ကျွန်ုပ်ကို မည်သို့ကျင့်ကြံပြုမူပြီး ဆောင်ရွက်ရမည်ကို သွန်သင်ပေး။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် မည်မျှချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ကို
စကားလုံးများက ဖော်ပြ၍မရနိုင်သကဲ့သို့ သီချင်းများကလည်း မဖော်ပြနိုင်ပေ။
လူနှင့်အတူ ရှင်သန်လျက် အရာခပ်သိမ်းတွင် ကျွန်ုပ်တို့
လိုက်လျှောက်ရန်အတွက် စံပြတစ်ခုကို သူသတ်မှတ်ပေး။
ဘုရားသခင်၏ စိတ်နှလုံးသည် ဧကန်အမှန် လှပပြီး ကောင်းမြတ်ကာ
သူ၏ချစ်ခြင်းသည် အလွန်ပင် လက်တွေ့ကျ၏။
ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ဧကန်အမှန် တန်ဖိုးရှိ။
၂
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို တွေ့ကြုံရာတွင်
သမ္မာတရားကို ကျွန်ုပ်နားလည်လာပြီ။
အတိဒုက္ခများနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် ဘုရားသခင်၏
ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ကျွန်ုပ် တွေ့မြင်လာပြီ။
ဆင်းရဲဒုက္ခအပေါ် ကျွန်ုပ်၏ အတွေ့အကြုံသည် ကျွန်ုပ်ထဲမှ ပုန်ကန်ခြင်းများစွာကို ထုတ်ဖော်လေပြီ
ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့် ကျွန်ုပ်သည် မိမိကိုယ်ကို သိရှိလာပြီ။
သူ၏နှုတ်ကပတ်တော်သည် ပြင်းထန်သော်ငြား သူ၏ စိတ်နှလုံးသည် အကြင်နာဆုံးဖြစ်ပြီး
သူ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ လူ၏ ကယ်တင်ခြင်းဖြစ်။
ဘုရားသခင်က သူ့ထံ လူ၏ပြန်လာခြင်းကို အဆောတလျင် လိုအင်ဆန္ဒရှိပြီး စောင့်မျှော်။
ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် သိနားလည်လာပြီး
ကျွန်ုပ်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် နောက်ပြန်ဆုတ်ခြင်း မရှိတော့။
မိမိ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး
ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကိုခံရန်သာ ကျွန်ုပ် ဆန္ဒရှိ။
၃
ဘုရားနှုတ်ကပတ်တော်သည် ယနေ့အထိတိုင် ကျွန်ုပ်၏နံဘေးတွင် နေပေးပြီး
သူ့နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့က ကျွန်ုပ်၏ နေ့စဉ်အသက်တာတွင် အတူပါရှိနေ။
နာကျင်သောစစ်ဆေးခြင်းက ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ပေးပြီး
စမ်းသပ်မှုများနှင့် အတိဒုက္ခများက ဘုရားသခင်အပေါ် ကျွန်ုပ်၏ ချစ်ခြင်းကို သန့်စင်ပေး။
ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားရာတွင်
ခါးသီးမှုကိုရော၊ ချိမြိန်မှုကိုပါ ကျွန်ုပ် မြည်းစမ်းရပြီ။
လူသားပုံသဏ္ဌာန်ကို ကျွန်ုပ် အသက်ရှင်နေထိုင်ပြီး
ဤသည်မှာ ဘုရားသခင်၏ အလွန့်အလွန်ကြီးမားသော ကယ်တင်ခြင်းဖြစ်။
ကျွန်ုပ်၏ စိတ်နှလုံးတွင် ရှိသမျှကို ကျွန်ုပ် မပြောပြနိုင်။
ဘုရားသခင်၏ ချစ်ခြင်းအကြောင်းပြောခြင်းကို ကျွန်ုပ် အဆုံးမသတ်နိုင်။
စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ကျွန်ုပ်လိုက်စားပြီး
ဘုရားသခင်ကို ထာဝရ ချစ်မည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ