Christian Dance (ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ပျော်မွေ့ခံစားသည်)
25.10.2024
၁
ဘုရားသခင်၏ရှေ့တော်မှောက်သို့ ချီဆောင်ခံရခြင်းက
ကျွန်ုပ်၏စိတ်နှလုံးထံ စစ်မှန်သောပျော်ရွှင်မှုကို သယ်ဆောင်လာပေးသည်။
ဘုရားနှုတ်ကပတ်တော်များကို ပျော်မွေ့ခံစားရခြင်းသည် ချိုမြိန်လိုက်လေခြင်း။
ညင်သာသည်ဖြစ်စေ၊ ခက်ထန်သည်ဖြစ်စေ
သူ့နှုတ်ကပတ်တော်များက ကျွန်ုပ်ထံ ကောင်းကျိုးဆောင်ယူလာပေးသည်။
သမ္မာတရားကို နားလည်ရင်း ကျွန်ုပ်၏စိတ်နှလုံးက အလွန်လွတ်လပ်နေသည်။
အို ချစ်လှစွာသော အနန္တတန်ခိုးရှင်ဘုရားသခင်၊ ချစ်လှစွာသော အနန္တတန်ခိုးရှင်ဘုရားသခင်။
ပေးအပ်ထားသည့် ဤသမ္မာတရားသည် အဖိုးထိုက်တန်လိုက်လေခြင်း။
နှုတ်ကပတ်တော်အသစ်များ၊ အလင်းအသစ်။
ဘုရားသခင်၏လမ်းညွှန်မှုကို ရ၍ အလင်းထဲတွင် ရှင်သန်ရခြင်းသည်
စစ်မှန်သောပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးသည်။
၂
ကျွန်ုပ်သည် နေ့တိုင်း ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီး ဘုရား၏ရှေ့တော်မှောက်တွင် ရှင်သန်သည်။
ဘုရားသခင်၏တရားစီရင်ခြင်းကို လက်ခံလိုက်ခြင်းအားဖြင့် ကျွန်ုပ်၏စိတ်သဘောထား ပြောင်းလဲသွားသည်။
နာကျင်မှုရှိ ချိုမြိန်ခြင်း၊ ရယ်မောခြင်းရှိ မျက်ရည်များ
၎င်းတို့အားလုံးကို ကျွန်ုပ် အရသာခံကြည့်သည်၊ ၎င်းတို့အားလုံးကို အရသာခံကြည့်သည်။
ဘုရားသခင်ကိုယ်တော်တိုင် သူ့လက်များဖြင့် အသက်၏သစ်သီးကို ပျိုးထောင်သည်။
အို ချစ်လှစွာသော အနန္တတန်ခိုးရှင်ဘုရားသခင်၊ ချစ်လှစွာသော အနန္တတန်ခိုးရှင်ဘုရားသခင်။
ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ချစ်ခင်နှစ်လိုဖွယ်ကောင်းလိုက်လေခြင်း။
သင်၏နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို တရားစီရင်ပေးပြီး လှုံ့ဆော်သည်။
ကိုယ်တော်၏နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ဤလူစုကို သန့်စင်စေပြီး ကယ်တင်ပေးသည်။
၃
ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ပျော်မွေ့ခံစားရသည်မှာ ဝမ်းသာစရာကောင်းလိုက်လေခြင်း။
ကျွန်ုပ်တို့ သမ္မာတရားကို ရပြီးသည်နှင့်တစ်ပြိုင်နက် အသက်သည် ဘယ်တော့မှ အချည်နှီး မဖြစ်ပေ။
ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို သစ္စာစောင့်သိစွာ အသုံးခံပြီး
အခက်အခဲ သို့မဟုတ် ပင်ပန်းနွယ်နယ်မှုတို့ကို မကြောက်ပေ။
ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ကျွန်ုပ်တို့ လက်ခံကာ
သူ့အတွက် ထုတ်ဖော်ကြေညာ၍ သက်သေခံသည်။
အို ချစ်လှစွာသော အနန္တတန်ခိုးရှင်ဘုရားသခင်၊ ချစ်လှစွာသော အနန္တတန်ခိုးရှင်ဘုရားသခင်။
လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တော်သည် ဆိုးဆိုးရွားရွား ဒုက္ခခံစားခဲ့ရသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စိတ်နှလုံးများကို ကိုယ်တော့်ထံ ဆက်ကပ်ပါသည်။
ကိုယ်တော့်ကို ပြန်လည်ပေးဆပ်ဖို့ ကျွန်ုပ်တို့၏ တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှဖြင့်
ကျွန်ုပ်တို့ ကောင်းစွာ ထမ်းဆောင်ပါမည်။
အို ညီအစ်ကိုမောင်နှမများ၊ ညီအစ်ကိုမောင်နှမများ၊
ဘုရားသခင်ကို ချစ်မြတ်နိုးဖို့ စိတ်တူသဘောတူရှိကြပါစို့၊
သူ့အလိုတော်နောက်လိုက်လျှောက်ပြီး သူ့ရည်ရွယ်ချက်များကို၊ သူ့ရည်ရွယ်ချက်များကို အလေးထားမှုပြပါ။
သမ္မာတရားကို လိုက်စားပြီး လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်ကြပါစို့
ဘုရားသခင် ဘုန်းတော်ထင်ရှားစေဖို့ ဘုရားသခင် ဘုန်းတော်ထင်ရှားစေဖို့။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ