အကျပ်အတည်းကြားက ရွေးချယ်မှု - Myanmar Gospel Testimony 2021

08.12.2021

လွန်ခဲ့တဲ့သုံးနှစ်တုန်းက အစ်ကိုအောင်ဟာ စာတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။ စာထဲမှာ ရေးထားတာကတော့ အသင်းတော်တစ်ပါးက ခေါင်းဆောင်နဲ့ ညီအစ်ကိုမောင်နှမတချို့ဟာ ဖမ်းဆီးခံထားရပြီး ကျန်အသင်းသားတွေကို စီစီပီရဲတွေက စောင့်ကြည့်ထောက်လှမ်းနေတဲ့အကြောင်းနဲ့ အသင်းတော်မှာ သိမ်းဆည်းထားတဲ့ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို လုံခြုံတဲ့နေရာဆီ အလောတကြီး နေရာရွှေ့ပေးရမယ်ဆိုတဲ့ အကြောင်းပါပဲ။ ကိုအောင်အနေနဲ့ စာအုပ်တွေကို ကူညီပြီး နေရာရွှေ့ပေးချင်ပေမဲ့ ကူညီလိုက်ရင် အဖမ်းခံရပြီး နှိပ်စက်ခံရမှာကို စိုးရိမ်နေပါတယ်။ ဒီလို အကျပ်အတည်းဆိုက်နေတဲ့အချိန် သူ့နှလုံးသားထဲမှာ ပြင်းထန်တဲ့ ပဋိပက္ခတစ်ခု ဖြစ်ပွားလာပါတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဆုတောင်းဖတ်ရှုပြီးတဲ့နောက် သူ့အနေနဲ့ အသက်ကို တပ်မက်ပြီး သေခြင်းကို ကြောက်ရွံ့နေမိတဲ့အပြင် ဘုရားသခင်အပေါ် ယုံကြည်မှု၊ ဒါမှမဟုတ် သစ္စာစောင့်သိမှု မရှိတာကို သူသဘောပေါက်သွားတော့တယ်။ ဒီအတွက်ကြောင့် သူအထူးသဖြင့် နောင်တရသွားပါတယ်။ နောက်ပိုင်းတော့ ဘုရားသခင်အပေါ် အမှီပြုရင်းနဲ့ စာအုပ်တွေကို ဘေးမသီရန်မခ သူနေရာရွှေ့ပေးခဲ့တယ်။ တစ်နှစ်ကျော် ကြာပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို နေရာရွှေ့ပေးဖို့ အန္တရာယ်များတဲ့ နောက်ပတ်ဝန်းကျင်တစ်ခုဆီ သူရောက်သွားပါတယ်။ အချိန်မရွေး အဖမ်းခံရနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်နေရပေမဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်လိုတဲ့ဆန္ဒ သူ့မှာ ရှိနေပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ကြောက်လည်း ကြောက်နေမိလို့ ပဋိပက္ခနွံထဲ ထပ်နစ်နေတော့တယ်...ဒီတစ်ကြိမ်တော့ သူဘယ်လိုရွေးချယ်မှုကို လုပ်လိမ့်မလဲ။ အဖြေကို သိရဖို့အတွက် “အကျပ်အတည်းကြားက ရွေးချယ်မှု” ကို ကြည့်ရှုနိုင်ပါတယ်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။