Myanmar Testimony Video - အိမ်တွင်းမှ ဝိညာဉ်ရေးတိုက်ပွဲတစ်ခု
01.12.2020
အဓိကဇာတ်ကောင်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကိုလက်ခံကာ သူမ၏ခင်ပွန်းအား အဆိုပါသတင်းကိုမျှဝေရန်ကြိုးစားသည်။ သူသည် သူ၏အသင်းတော်တွင် ဘာသာရေးလုပ်ဖော်ကိုင်ဖက်ဖြစ်သည့်အတွက် သခင်ပြန်လာမည့်သတင်းကိုကြားလျင် ဘုရားသခင်၏လုပ်ဆောင်မှုကို သေချာပေါက် လေ့လာလိမ့်မည်ဟု သူမယုံကြည်ခဲ့သည်။ သို့သော် သူမ၏အမျိုးသားသည် လုံးဝလေ့လာခြင်းမရှိသည့်အပြင် သူမ၏ အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ယုံကြည်သက်ဝင်မှုကိုပါပိတ်ပင်ရန် အပြင်းအထန်ကြိုးပမ်းလာသောကြောင့် သူမအံ့အားသင့်ခဲ့ရသည်။ သူမကိုစောင့်ကြည့်ရန် အိမ်တွင်လုံခြုံရေးကင်မရာများတပ်ဆင်ခြင်း၊ အဖမ်းခံရစေရန် ရဲကိုအကြောင်းကြားခြင်းနဲ့ သူတို့နှစ်ဦးပိုင်ဆိုင်သည့် ငွေကြေးအရင်းအမြစ်များကိုဖြတ်တောက်ခြင်းတို့ကိုလုပ်ဆောင်လာသည်။ သူမကိုကွာရှင်းပြီး အိမ်ပေါ်မှနှင်ချမည်ဟုခြိမ်းခြောက်သည်အထိ သူမ၏ယုံကြည်မှုကိုစွန့်လွှတ်ရန် ဖိအားပေးဖို့ ကြိုးစားခဲ့သည်။ သူမအမျိုးသား၏ဖိနှိပ်မှုများနှင့် သူမ၏အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ယုံကြည်မှုကို တားဆီးရန်အတွက်ကြိုးပမ်းမှုများနှင့် ကြုံတွေ့ရသည့်အခါ စိတ်အားငယ်မှုနှင့် အပျက်သဘောများဖြင့်ရုန်းကန်ခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပြမှုနှင့် လမ်းညွှန်မှုများမှတစ်ဆင့် ဘုရားသခင်၏အလိုတော်၊ သူမခင်ပွန်း၏ သမ္မာတရားအားမုန်းတီးမှုနှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်အနှစ်သာရတို့ကို နောက်ဆုံးတွင်သူနားလည်လာသည်။ ဘုရားသခင်၏ အံ့ဩဖွယ်လုပ်ဆောင်မှုများကို သူမမြင်တွေ့ခဲ့ရပြီး မည်သို့သောစမ်းသပ်မှုများ သို့မဟုတ် နာကျင်ခံစားရမှုများကိုပဲကြုံတွေ့ရသည်ဖြစ်စေ အဆုံးစွန်အထိဘုရားသခင်နောက်တော်သို့ လိုက်ရန် စိတ်ပိုင်းဖြတ်ခဲ့သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ