ဝိညာဉ်ရေးရာ တိုက်ပွဲ

19.08.2020

ဝိညာဉ်ရေးရာ တိုက်ပွဲမှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရသည့် ခရစ်ယာန်တစ်ဦး၏ သက်သေခံချက်ဖြစ်သည်။ သရုပ်ဆောင်မှာ အစည်းအဝေးတစ်ခုအတွင်းတွင် သူ၏ ညီအစ်ကို မောင်နှမများ၏ သုံးသပ်မှုများမှ သူ၏ ခယ်မမှာ သမ္မာတရားကို လက်ခံဖို့ လုံးဝ ငြင်းခဲ့ပြီး မကောင်းသော အပြုအမူ အမျိုးမျိုးဖြင့် အသင်းတော်၏အလုပ်ကို နှောင့်ယှက်နေခဲ့သည်ကို သိရှိသွားခဲ့သည့် အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သမ္မာတရား၏ အခြေခံစည်းမျဉ်းအပေါ် အခြေပြု၍ သူ၏ ခယ်မသည် အသင်းတော်မှ နှင်ထုတ်ခံရသင့်သည့် မ‌ကောင်းမှုပြုသူတစ်ဦးဖြစ်သည်ကို သူ အတည်ပြုလေသည်။ သို့သော် သူ၏ စိတ်ခံစားချက်ဆိုင်ရာ ဆက်နွယ်မှုများကြောင့်၊ သူသည် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ပြီး အသင်းတော်၏ အလုပ်ကို ကာကွယ်ခြင်း မပြုနိုင်ပေ။ သူ၏ ခယ်မဘက်တွင်ပင် နေပြီး သူမအတွက် ပြောပေးလေသည်။ မကျန်းမမာဖြစ်ခြင်းအားဖြင့် နာကျင်ရသော ဆုံးမပဲ့ပြင်ခြင်း၊ ‌ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းတို့ကို တွေ့ကြုံပြီးသည့်နောက်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်ဆိုင်သော အသိပညာအချို့ကို သူ ရရှိပြီး စိတ်ခံစားချက်အတိုင်း ပြုမူခြင်း၏ အနှစ်သာရနှင့် အန္တရာယ်များသော အကျိုးဆက်များကိုလည်း နားလည်လာသည်။ နောက်ဆုံးတွင်၊ သူ၏ ခံစားချက်များ၏ ချုပ်နှောင်မှုများကို သူ လွတ်မြောက်နိုင်ပြီး သမ္မာတရားနှင့် အခြေခံစည်းမျဉ်းများက တောင်းဆိုသည့်အတိုင်း မကောင်းမှုပြုသူကို အသင်းတော်မှ နှင်ထုတ်နိုင်ကာ၊ နောက်ဆုံးတွင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ယူဆောင်ပေးသော ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်း အသိစိတ်ကို ရရှိလေသည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။