Christian Dance (နောက်ဆုံးသောကာလတွင် ဘုရားသည် အရာခပ်သိမ်းကို အထူးသဖြင့် နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်စုံလင်စေမည်)
03.02.2025
၁
နောက်ဆုံးသောကာလ အတောအတွင်းတွင်၊ ဘုရားသခင်သည် လူ့ဇာတိခံယူချိန်တွင်၊
အရာအားလုံးကို ပြီးမြောက်စေဖို့နှင့် အရာအားလုံးကို ထုတ်ဖော်ဖို့
အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုလေသည်။
သူ၏ဖြစ်ခြင်းကို သူ၏ နှုတ်ကပတ်တော်များထဲ၌သာ သင်မြင်နိုင်သည်။
သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ကို သူ၏နှုတ်ကပတ်တော်များထဲ၌သာ သင် မြင်နိုင်သည်။
လူ့ဇာတိခံ ဘုရားသခင် ကမ္ဘာမြေသို့ကြွချိန်တွင်၊
နှုတ်ကပတ်တော်များကို ပြောဆိုခြင်းမှလွဲ၍ အခြားမည်သည့်အမှုကိုမျှ သူမလုပ်ဆောင်ပေ-
ထို့ကြောင့် အချက်အလက်များကို မလိုအပ်ပေ။ နှုတ်ကပတ်တော်များက လုံလောက်ပေ၏။
၂
သူသည် အဓိကအားဖြင့် နှုတ်ကပတ်တော်များ၏ အမှုကို လုပ်ဆောင်ဖို့၊
သူ၏ နှုတ်ကပတ်တော်များထဲ၌ သူ၏ ကြီးမားသော တန်ခိုးနှင့်
သာလွန်မှုကို လူသားအား ရှုမြင်ခွင့်ပေးဖို့၊
သူ၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုတို့ကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား မြင်ခွင့်ပေးဖို့နှင့်
သူ၏အလုံးစုံကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား သိခွင့်ပေးဖို့ ကြွလာပြီး ဖြစ်သောကြောင့် ဖြစ်သည်။
သူ၏အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အားလုံးသည် သူ၏နှုတ်ကပတ်တော်များထဲတွင်ရှိ၏။
သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ် ဖြစ်ခြင်းသည်လည်း သူ၏နှုတ်ကပတ်တော်များထဲတွင် ရှိသည်။
ဤအရာတွင် ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို
ပြောဆိုသည့် နည်းစနစ် များစွာကို သင့်အား မြင်စေခြင်း ဖြစ်ပေသည်။
၃
လူသားမျိုးနွယ်အနေဖြင့် သူ့ကို သိကျွမ်းဖို့အလို့ငှာနှင့် သူ၏ ဖြစ်ခြင်းကို လူသားမျိုးနွယ်က မြင်ကာ
သူ၏ နှုတ်ကပတ်တော်မှ သူ၏ ဉာဏ်ပညာနှင့် သူ၏ အံ့ဖွယ်လုပ်ဆောင်ချက်များကို မြင်နိုင်ဖို့အလို့ငှာ၊
နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သော အမှုတော်ကို လုပ်ဆောင်ရန်
ကမ္ဘာမြေသို့ ကြွလာပြီ ဖြစ်သည်။
နိုင်ငံတော်ခေတ်အတွင်းတွင်၊
ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သိမ်းပိုက်ဖို့ရန် အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုသည်။
အနာဂတ်တွင် သူ၏ နှုတ်ကပတ်တော်သည် ဘာသာတရားတိုင်း၊ လူ့အဖွဲ့အစည်း၏ ကဏ္ဍတိုင်း၊ နိုင်ငံတိုင်း၊
ဂိုဏ်းဂဏတိုင်း အပေါ်သို့လည်း ရောက်လာလိမ့်မည်။
သိမ်းပိုက်ဖို့နှင့် သူ၏ နှုတ်ကပတ်တော်က ဩဇာအာဏာနှင့် တန်ခိုး သယ်ဆောင်သည်ကို လူအားလုံးအား မြင်စေဖို့
ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြု၏-
ထို့ကြောင့် ယနေ့တွင် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ ရင်ဆိုင်ရခြင်း ဖြစ်သည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ