2021 Gospel Testimony in Burmese | အသက်စမ်းရေထဲမှာ ကျွန်မ ပျော်မွေ့ခဲ့ပါပြီ

2021 Gospel Testimony in Burmese | အသက်စမ်းရေထဲမှာ ကျွန်မ ပျော်မွေ့ခဲ့ပါပြီ

494 |20.01.2021

ကျီကျင်းသည် ခရစ်ယာန်မိသားစုတစ်ခုတွင် မွေးဖွားခဲ့ပြီး၊ သူမတို့မိသားစု၏ သခင့်အပေါ် ယုံကြည်ခြင်းမှာ မျိုးဆက်သုံးခုစာ ရှိပြီဖြစ်သည်။ သူမ အရွယ်ရောက်သောအခါတွင်လည်း အသင်းတော်တွင် သခင့်ကို မပြောင်းမလဲ အစေခံပါသည်။ သို့သော် အသင်းတော်က ပို၍ပို၍ ခြောက်ကပ်လာသည်ကိုလည်းကောင်း၊ ဆရာတော်များကလည်း အကြောင်းအရာဟောင်းများကိုသာ ဟောပြောသည်ကိုလည်းကောင်း၊ သူမက တဖြည်းဖြည်း တွေ့လာမိသည်။ ထို့အပြင် ၎င်းတို့၏ ပြုမူလုပ်ဆောင်ပုံက သခင့်အလိုတော်ကို နေရာတိုင်းတွင် ဆန့်ကျင်နေခြင်းဖြစ်သည်။ သူမသည် အသက်အတွက် မည်သည့်အာဟာရကိုမှ မရနိုင်ဘဲ၊ သူမ၏ဝိညာဉ်မှာလည်း ပို၍ ခြောက်သွေ့ကာ မှောင်မိုက်လာလေသည်။ သူမလည်း စိတ်မချမ်းမသာဖြစ်ကာ သခင့်ကို မကြာခဏ ဟစ်ခေါ်မိပြီး၊ မကြာမီ ကိုယ်တော် ပြန်လာဖို့ကိုသာ တောင့်တမိလေသည်။ သို့ဖြင့် တစ်ရက်တွင် သခင် ပြန်ကြွခြင်းအကြောင်းအရာများကို အွန်လိုင်းတွင် ရှာကြည့်နေရင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြသည့် ဗီဒီယိုတစ်ခုကို သူမက အမှတ်မထင် ကြည့်မိသည်။ ဒီနှုတ်ကပတ်တော်တို့က သူမ၏ဝိညာဉ်ကို လှုပ်ခါသွားစေသည်။ နှုတ်ကပတ်တော်တို့တွင် သြဇာအာဏာနှင့် တန်ခိုးတော် ပြည့်နှက်နေသလို ခံစားမိသည့်အပြင်၊ ဘုရားသခင်၏ အသံတော် ဖြစ်သည်ဟုလည်း ထင်ရလေသည်။ သူမလည်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို စပြီး ရှာဖွေစူးစမ်းကြည့်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ရင်းဖြင့် သူမ၏ ခြောက်သွေ့သောဝိညာဉ်သည် ရေလောင်း၊ အာဟာရပေးခံရလေသည်။ ဘာသာရေးလောက၏ ပျက်စီးခြောက်ကပ်နေခြင်း ဇာစ်မြစ်ကိုလည်း သူမ နားလည်လာလေသည်။ သိုးသငယ်၏ ခြေလှမ်းများနောက် အမီလိုက်နိုင်ရန် သူမကို လမ်းပြပေးခြင်းအတွက် ဘုရားသခင်ကိုလည်း အလွန်ကျေးဇူးတင်မိတော့သည်။

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်