2021 Myanmar Christian Song - ဘုရားပျော်မွေ့ဖွယ်ရာ သစ်သီးဖြစ်ရန် သင်အလိုရှိသလောကျူ

07.03.2021

အချိန်တိုင်းတွင်၊ ဘုရား၏လူတို့သည် ဘဘုရားအိမ်၏တံခါးကို ဘုရားအတွက် စောင့်ကြပ်ရင်း၊

စာတန်၏ စဉ်းလဲသည့် အကြံအစည်များကို သတိထားသင့်ပေသည်။

၎င်းတို့အနေဖြင့် စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းခြင်းကို ရှောင်လွှဲဖို့ရန်အလို့ငှာ၊

အချင်းချင်း အားပေးကာ အချင်းချင်းအတွက် ထောက်ပံ့ ပေးနိုင်သင့်ကြ၏၊

စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းချိန်တွင် နောင်တရဖို့ရန် အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သည်။

ဘုရားသည် အဘယ်ကြောင့် သင်တို့ကို ထိုသို့ အရေးတကြီး လေ့ကျင့် ပေးနေသနည်း။

ဝိညာဉ်ရေးရာလောက၏ အချက်အလက်များကို သင်တို့အား အဘယ်ကြောင့် ဘဘုရားသခင်ပြောပြသနည်း။

အဘယ်ကြောင့် ဘုရားသခင်သည် သင်တို့ကို အထပ်ထပ် အခါခါ သတိပေးပြီး တိုက်တွန်းသနည်း။

ဤအရာကို သင်တို့ တွေးကြည့်ဖူးကြသလော။ သင်တို့၏ တွေးဆခြင်းသည် ရှင်းလင်းပြတ်သားမှု ရှိဖူးသလော။

ထို့ကြောင့်၊ သင်တို့သည် အတိတ်၏ အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ခြင်းအားဖြင့်

အတွေ့အကြုံ ရင့်ကျက်စေနိုင်ရမည် သာမက၊

ထို့ထက်ပို၍ ဘုရားသခင်၏နှုတ်ကပတ်တော် အသီးသီးကို သင်၏ စိတ်ဝိညာဉ်များ အတွင်း၌

အမြစ်တွယ်စေကာ ပွင့်လန်းစေခွင့်ပေးရင်းနှင့်၊

သာ၍အရေးကြီးသည်မှာ ပိုမိုအသီးသီး ခွင့်ပေးရင်း၊

ယနေ့ နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုအောက်တွင် သင်တို့အတွင်းရှိ မစင်ကြယ်မှုများကို ထုတ်ပစ်နိုင်ရမည်ဖြစ်သည်။

ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်တောင်းဆိုသောအရာသည်

တောက်ပပြီး စိမ်းလန်းစိုပြည် သန်စွမ်းသည့် ပန်းများမဟုတ်ဘဲ၊

အလျှံပယ် အသီး၊ ယင်း၏ ရင့်မှည့်မှု ဆုံးရှုံးမသွားသော အသီးဖြစ်သောကြောင့် ဖြစ်သည်။

ဖန်လုံအိမ်အတွင်းရှိ ပန်းတို့သည် ကြယ်များကဲ့သို့ မရေမတွက်နိုင်အောင်

များပြားပြီး သဘောကျနှစ်သက်သော လူစုလူဝေးအားလုံးကို ဆွဲဆောင်သော်လည်း၊

၎င်းတို့ ညှိုးနွမ်းသည်နှင့် တစ်ပြိုင်နက် စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များကဲ့သို့

စုတ်ဖွာလာကြပြီး ၎င်းတို့ကို အဘယ်သူမျှ စိတ်ဝင်စားခြင်း မရှိကြချေ။

သို့သော်၊ ဘုရားသခင်ကို သက်သေခံကြသူများ ဖြစ်သည့် လေများအတိုက်ခံရပြီး

နေလောင်ဒဏ်ခံခဲ့ကြရသူ အားလုံးသည်၊

၎င်းတို့ကို ထိုသို့ဖြစ်ဖို့ ဘုရားသခင် တောင်းဆိုသည့်အတွက်၊ ဖူးပွင့်ဝေဆာမှုဖြင့် မလှပကြသော်လည်း၊

ထိုပန်းပွင့်များ ခြောက်သွေ့ညှိုးနွမ်းပြီးသည်နှင့် တစ်ပြိုင်နက် အသီးသီး ကြလိမ့်မည် ဖြစ်သည်။

ဤနှုတ်ကပတ်တော်များကို ဘုရားသခင်ပြောဆိုသောအခါ သင်တို့ မည်မျှ နားလည်ကြသနည်း။

ထို့ကြောင့်၊ သင်တို့သည် အတိတ်၏ အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ခြင်းအားဖြင့်

အတွေ့အကြုံ ရင့်ကျက်စေနိုင်ရမည် သာမက၊

ထို့ထက်ပို၍ ဘုရားသခင်၏နှုတ်ကပတ်တော် အသီးသီးကို သင်၏ စိတ်ဝိညာဉ်များ အတွင်း၌

အမြစ်တွယ်စေကာ ပွင့်လန်းစေခွင့်ပေးရင်းနှင့်၊

သာ၍အရေးကြီးသည်မှာ ပိုမိုအသီးသီး ခွင့်ပေးရင်း၊

ယနေ့ နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုအောက်တွင် သင်တို့အတွင်းရှိ မစင်ကြယ်မှုများကို ထုတ်ပစ်နိုင်ရမည်ဖြစ်သည်။

ပန်းပွင့်များသည် ညှိုးနွမ်းပြီး အသီးသီးသည်နှင့် တစ်ပြိုင်နက်၊

ပြီးလျှင် ဤအသီးအားလုံးက ဘုရားသခင်၏ ပျော်မွေ့ခြင်းအတွက် ထောက်ပံ့ပေးနိုင်သည်နှင့်တစ်ပြိုင်နက်၊

ဘုရားသခင်သည် ကမ္ဘာမြေပေါ်က ဘုရားသခင်၏ အမှုအားလုံးကို အဆုံးသတ်မည်ဖြစ်ပြီး

ဘုရားသခင်၏ဉာဏ်ပညာ ပုံပေါ်လာခြင်းကို ဘုရားသခင်သည် စတင်မွေ့လျော်မည်ဖြစ်သည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။