Myanmar Testimony Video - လူတွေစိတ်ချမ်းသာအောင်လုပ်ပေးသူတွေက ဘုရားရဲ့ကယ်တင်ခြင်းကို ခံရနိုင်သလား
09.09.2021
သူ၏မိဘများအားဖြင့်လည်းကောင်း၊ ကျောင်း၌လည်းကောင်း ပညာပေးခံရခြင်းဖြင့်၊ အဓိကဇာတ်ကောင်က “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက ဂုဏ်ရည်တစ်ခုဖြစ်သည်။” နှင့် “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” ဆိုသည့် ဆိုရိုးများကို သူ၏အသက်တာကို ရှင်သန်ဖို့ ဆောင်ပုဒ်များအဖြစ် မှတ်ယူလေသည်။ သူက မည်သူ့ကိုမျှ စကားဖြင့်ဖြစ်စေ၊ လုပ်ရပ်ဖြင့်ဖြစ်စေ မည်သည့်အခါမျှ မစော်ကားပါ၊ ထို့ကြောင့် သူ့အနီးတစ်ဝိုက်မှ လူများအားလုံးက သူ့အား “လူကောင်း” တစ်ဦးအဖြစ် မြင်ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီးသည့်နောက်တွင် ဤနည်းလမ်းဖြင့် အမှုကိစ္စများကို ဆက်လက်လုပ်ဆောင်နေသည်။ သူနှင့်အတူ တွဲအလုပ်လုပ်သည့် ညီအစ်ကိုသည် မာနထောင်လွှားပြီး သူ၏တာဝန်၌ ပေါ့လျော့သည်ကို တွေ့ရသော်လည်း၊ ယင်းကို မည်သည့်အခါမျှ ထုတ်ဖော်မပြောရဲပေ၊ ယင်းက နောက်ဆုံး၌ အသင်းတော်၏ အလုပ်ကို ထိခိုက်စေသည်။ နောက်တစ်ကြိမ်တွင် ညီအစ်မတစ်ဦးသည် အသင်းတော်၏ အကျိုးစီးပွားများကို မထိန်းသိမ်းနေသည်ကို သူသိသော်လည်း၊ ယင်းနှင့်ပတ်သက်၍ သူက မည်သည့်အရာမျှ မပြောဘဲ၊ အဆုံး၌ လူမိုက်တစ်သိုက်၏ ရိုက်နှက်ခံရခြင်း ခံရလေသည်။ လက်တွေ့အရှိတရားကို ရင်ဆိုင်ရကာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ခံရပြီး၊ အသက်ရှင်သန်ခြင်းအတွက် ဤအတွေးအမြင်များကို အသုံးပြုလျက် ပြုမူဆောင်ရွက်ခြင်းသည် မည်မျှ လှည့်ဖြားပြီး စက်ဆုပ်ဖွယ်ကောင်းသည်ကို သူသဘောပေါက်လာသည်၊ ပြီးလျှင် လူမုန်းမခံချင်သူတစ်ဦး ဖြစ်ခြင်းက သူသည် လှည့်ဖြားတတ်သောသူတစ်ဦးဖြစ်ကာ ဘုရားသခင်၏ ရွံရှာခြင်းကို ခံရသည်ကို သူမြင်လာသည်။ ထို့နောက်တွင် သူသည် သူ့ကိုယ်သူ စတင်မုန်းတီးလာပြီး ရိုးသားသူတစ်ဦးဖြစ်လာဖို့ သမ္မာတရားကို လိုက်စားလေသည်၊ ပြီးလျှင် နောက်ဆုံးတွင် လူသားပုံသဏ္ဌာန်အချို့ကို အသက်ရှင်နေထိုင်နိုင်လာသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ