2021 Myanmar Hymn Song - ကိုယ်တော်ကို ချစ်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီ

10.12.2021

အို ဘုရားသခင်၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့သည်

အလွန် ချစ်ဖွယ်ကောင်းသည်ကို ကျွန်ုပ်မြင်ဖူးပြီဖြစ်၏။

သမ္မာတရားကို လိုက်စားဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားပါသည်။

ကိုယ်တော်ကို ချစ်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီ။

ကျွန်ုပ်၏ ဝိညာဉ်မျက်စိကို ဖွင့်ပေးပြီး ကျွန်ုပ်၏ စိတ်နှလုံးသားကို

ကိုယ်တော်၏ ဝိညာဉ်တော်အား တို့ထိစေတော်မူပါ။

ကိုယ်တော်၏ ရှေ့မှောက် ကျွန်ုပ် လာသည်နှင့်အမျှ၊ အပျက်သဘောဆောင်သမျှကို ကျွန်ုပ် စွန့်ပစ်စေတော်မူပါ၊

မည်သည့် လူပုဂ္ဂိုလ်၊ ကိစ္စရပ်၊ သို့မဟုတ် အမှုအရာမဆို၏ ထိန်းချုပ်ခြင်းကို ကျွန်ုပ် မခံသကဲ့သို့၊

ကိုယ်တော်၏ ရှေ့မှောက်တွင် ကျွန်ုပ် စိတ်နှလုံးကို လုံးဝ ဖွင့်ချ၏၊

ထိုသို့ဖြင့် ကျွန်ုပ်၏ ဖြစ်တည်မှုတစ်ခုလုံးကို ကိုယ်တော့်အား ကျွန်ုပ် ဆက်ကပ်စေတော်မူပါ။

သို့သော်၊ ကျွန်ုပ်ကို ကိုယ်တော် စစ်ဆေးနိုင်ပါ၏၊

ကျွန်ုပ် အဆင်သင့် ရှိပါသည်။

ယခု၊ ကျွန်ုပ်၏ အနာဂတ် ရှေ့ရေးကို ကျွန်ုပ် ထည့်မတွက်သကဲ့သို့၊

သေခြင်းတရား၏ ဖိနှိပ်ချုပ်ချယ်မှု အောက်တွင်လည်း ကျွန်ုပ်မရှိပါ။

ကိုယ်တော်ကို ချစ်သည့် စိတ်နှလုံးတစ်ခုဖြင့်၊

အသက်လမ်းကို ကျွန်ုပ် ရှာဖွေချင်ပါ၏။

မည်သို့ပင်ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်ုပ် ချစ်ရမည်ဖြစ်ပြီး ကိုယ်တော့်ကို ရရှိရမည်။

ကိုယ်တော့်ကို မရမချင်း ကျွန်ုပ် နားမည်မဟုတ် ဟူ၍ ပြောကြသည်။

ကိုယ်တော်ကို ချစ်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီ။

ကိစ္စရပ်တိုင်း၊ အရာရာတိုင်း- အားလုံး ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပါ၏။

ကျွန်ုပ်၏ ကံကြမ္မာနှင့် ကျွန်ုပ်၏ အသက်တာကို ကိုယ်တော် ထိန်းချုပ်ထားပါ၏။

ယခုတွင်၊ ကိုယ်တော်ကို ချစ်ဖို့ ကျွန်ုပ် ကြိုးစားပြီး၊

ကိုယ်တော်က ကျွန်ုပ်ကို ချစ်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊

စာတန်က မည်သို့ နှောက်ယှက်ပါစေ၊

ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားပါ၏။

ယခု၊ ကျွန်ုပ်၏ အနာဂတ် ရှေ့ရေးကို ကျွန်ုပ် ထည့်မတွက်သကဲ့သို့၊

သေခြင်းတရား၏ ဖိနှိပ်ချုပ်ချယ်မှု အောက်တွင်လည်း ကျွန်ုပ်မရှိပါ။

ကိုယ်တော်ကို ချစ်သည့် စိတ်နှလုံးတစ်ခုဖြင့်၊

အသက်လမ်းကို ကျွန်ုပ် ရှာဖွေချင်ပါ၏။

မည်သို့ပင်ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်ုပ် ချစ်ရမည်ဖြစ်ပြီး ကိုယ်တော့်ကို ရရှိရမည်။

ကိုယ်တော့်ကို မရမချင်း ကျွန်ုပ် နားမည်မဟုတ် ဟူ၍ ပြောကြသည်။

ကိုယ်တော်ကို ချစ်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီ။

ကျွန်ုပ်ကိုယ်တိုင် ကိုယ်တော့်ကို ရှာဖွေပြီး ကိုယ်တော့်နောက်လိုက်ဖို့ ဆန္ဒရှိသည်။

ယခု ကိုယ်တော်က ကျွန်ုပ်ကို စွန့်ပစ်ချင်လျှင်ပင်၊ ကိုယ်တော့်နောက် ကျွန်ုပ် လိုက်နေဦးမည်ဖြစ်သည်။

ကိုယ်တော် ကျွန်ုပ်ကို လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်ုပ် ချစ်နေဦးမည်ဖြစ်ပြီး၊

အဆုံးတွင် ကိုယ်တော့်ကို ကျွန်ုပ် ရရှိရမည်။

ကျွန်ုပ်သည် ကျွန်ုပ်နှလုံးသားကို ကိုယ်တော့်အား ပူဇော်ပြီး၊ ကိုယ်တော် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊

ကျွန်ုပ်၏ တစ်သက်တာလုံး ကိုယ်တော့်နောက်လိုက်ပါမည်။

မည်သို့ပင်ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်ုပ် ချစ်ရမည်ဖြစ်ပြီး ကိုယ်တော့်ကို ရရှိရမည်။

ကိုယ်တော့်ကို မရမချင်း ကျွန်ုပ် နားမည်မဟုတ် ဟူ၍ ပြောကြသည်။

ကိုယ်တော်ကို ချစ်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီ။

မည်သို့ပင်ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်ုပ် ချစ်ရမည်ဖြစ်ပြီး ကိုယ်တော့်ကို ရရှိရမည်။

ကိုယ်တော့်ကို မရမချင်း ကျွန်ုပ် နားမည်မဟုတ် ဟူ၍ ပြောကြသည်။

ကိုယ်တော်ကို ချစ်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။