ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” | ကောက်နုတ်ချက် ၅၂၅

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” | ကောက်နုတ်ချက် ၅၂၅

42 |29.10.2020

ဘုရားသခင်သည် လူကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည်၊ အကြောင်းမှာ ယင်းသည် သူ၏အလုပ် လိုအပ်ချက်အရ ဖြစ်သည့်အပြင် လူအတွက်လည်း လိုအပ်ပေသည်။ လူသည် ဆုံးမခြင်းနှင့် တရားစီရင်ခြင်း တို့ကို ခံယူရန် လိုအပ်ပြီး သို့မှသာ လူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရရှိနိုင်မည်။ ယနေ့၊ သင်တို့သည် လုံးလုံးလျားလျား ယုံကြည်သွားခဲ့ပြီ။ သို့သော် သင်တို့ အနည်းငယ်မျှ အနှောင့်အယှက်ဖြစ်သွားလျှင် ဒုက္ခ ရောက်တော့သည်။ သင်တို့၏ ဝိညာဉ်ရေးရာအသက်တာသည် အလွန်သေးငယ်လှပြီး ပိုမိုလေးနက်သော အသိကို ရရှိရန်အတွက် ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို သင်တို့ ပိုမိုကြုံတွေ့ရန် လိုနေသေးသည်။ ယနေ့ သင်တို့သည် ဘုရားသခင်ကို ရိုသေလေးမြတ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့သည်၊ သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်ကြောင်း သင်တို့သိသည်၊ သို့သော် ဖြူစင်သော ချစ်ခြင်းကို သင်တို့ရရှိရန် မဆိုထားနှင့် သူ့အား နက်ရှိုင်းသောချစ်ခြင်း မရှိလျှင် သင်တို့၏ အသိပညာသည် အလွန်အပေါ်ယံဆန်လှပြီး သင်တို့၏ အရေးပါမှုသည် မလုံလောက်သေးပါ။ သင်တို့သည် ပတ်ဝန်းကျင်တစ်ခုနှင့် အမှန်တကယ် ကြုံကြိုက် ချိန်တွင် သင်တို့သည် သက်သေခံခြင်း မရှိသေးပါက သင်တို့၏ ကြိုးစားအားထုတ်မှု အနည်းငယ်သည်သာ လက်တွေ့ကျပြီး မည်သို့ လက်တွေ့ကျင့်ကြံရမည်ကို သင်တို့မသိပါ။ လူအများစုသည် မတုန်မလှုပ်နှင့် တက်ကြွမှု မရှိကြ၊ သူတို့သည် ဘုရားသခင်အား သူတို့၏ နှလုံးသားထဲ၌သာ တိတ်တဆိတ် ချစ်ကြ၏၊ သို့သော် အကျင့် မရှိကြ၊ သို့မဟုတ် သူတို့၏ ရည်မှန်းချက်များကို ရှင်းရှင်းလင်းလင်း မသိကြ။ ပြည့်စုံစေပြီးသောသူများသည် ပုံမှန်လူ့သဘောသဘာဝကို ပိုင်ဆိုင်ကြရုံမျှမက အသိစိတ်အတိုင်းအတာ ကျော်လွန်သည့် သမ္မာတရားများကို ပိုင်ဆိုင်ကြသည်၊ ယင်းတို့သည် အသိစိတ် စံချိန်စံနှုန်းများထက်ပင် ပိုမိုမြင့်မားသေးသည်။ သူတို့သည် ဘုရား သခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် သူတို့၏ တည်ကြည်မှုကို အသုံးပြုရုံသာမက ထို့ထက်ပို၍ သူတို့သည် ဘုရားသခင်ကို သိခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်သည် ချစ်ခင်နှစ်သက်ဖွယ် ဖြစ်ကြောင်းနှင့် လူတို့၏ ချစ်ခြင်းကို ထိုက်တန်ကြောင်းကို မြင်ခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်ကို ချစ်ခြင်းကလွဲ၍ တစ်ခြားဘာမျှ လူက မတတ်နိုင်သည့် ဘုရားသခင်ကို ချစ်ရန် အကြောင်းများစွာရှိပေသည်။ ပြည့်စုံစေပြီးသော သူများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သူတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဖြစ်သည်။ ယင်းမှာ အတုံ့အပြန်ကိုမတောင်းဆိုဘဲ အပေးအယူမပါသည့် အလိုအလျောက်ဖြစ်သော မေတ္တာ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို ချစ်ကြသည် အကြောင်းမှာ ဘုရားသခင်ကို သိခြင်းအရာကြောင့်သာ ဖြစ်သည်။ ထိုသို့သောသူတို့သည် ၎င်းတို့အပေါ်သို့ ဘုရားသခင် ကျေးဇူးတော်များ အပ်နှင်းသည်ဖြစ်စေ မအပ်နှင်းသည်ဖြစ်စေ ဂရုမပြုပါ၊ ဘုရားသခင်အား ကျေနပ်နှစ်သိမ့်စေရန်ထက် ပိုသော ကျေနပ်အားရခြင်းမျိုး မရှိပါ။ သူတို့သည် ဘုရားသခင်နှင့် အပေးအယူမလုပ်ကြသလို ဘုရားသခင်အပေါ် ထားရှိသည့် သူတို့၏ မေတ္တာကို အသိစိတ်ဖြင့် မတိုင်းတာကြပါ- ကိုယ်တော် ကျွန်ုပ်ကို ပေးပြီးဖြစ်သည်၊ သို့ကြောင့် အပြန်အလှန် အားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပါသည်၊ ကျွန်ုပ်အား ကိုယ်တော်မပေးလျှင် ကိုယ်တော့်ကို ပြန်ပေးစရာ ကျွန်ုပ်တွင် ဘာမျှမရှိပါ။ ပြည်စုံစေပြီးသောသူများက ဘုရားခင်သည် ဖန်ဆင်းရှင်ဖြစ်သည်ဟု အမြဲယုံကြည်ကြ သည်၊ ဘုရားသခင်သည် သူတို့အပေါ်တွင် အလုပ်လုပ်သည်၊ သူတို့တွင် ထိုအခွင့်အရေးနှင့် အခြေအနေ ရှိသည့် အတွက်အပြင် ပြည့်စုံစေရန် အရည်အချင်း ပြည့်မီသောကြောင့် သူတို့၏ ကြိုးပမ်းမှုမှာ လေးနက်သော အသက်တာကို ရှင်သန်ရန်သာ ဖြစ်သင့်ပြီး ဘုရားသခင်ကို ကျေနပ်နှစ်သိမ့်အောင် လုပ်ဆောင်ပေးသင့်သည်။ ယင်းမှာ ပေတရု တွေ့ကြုံသကဲ့သို့ပင် ဖြစ်သည်- သူအားအနည်းဆုံးအချိန်တွင် ဘုရားသခင်ထံ သူဆုတောင်း ခဲ့သည် “အို ဘုရားသခင်၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင်ဖြစ်ပါစေ၊ ကိုယ်တော့်ကို ကျွန်ုပ်အမြဲ သတိရကြောင်းကို ကိုယ်တော်သိပါ၏။ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ကိုယ်တော့်ကို ကျွန်ုပ် ချစ်လိုသည်ကို ကိုယ်တော်သိပါ၏။ သို့သော် ကျွန်ုပ်၏ ဝိညာဉ်အသက်တာသည် အလွန်သေးငယ်ပါ၏၊ ကျွန်ုပ် သည် အလွန်အားနည်းပြီး စွမ်းအားနည်းလှပါ၏။ ကျွန်ုပ်၏ မေတ္တာသည် နည်းပါးပြီး ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ရိုးသားမှန်ကန်မှုမှာ အလွန်အားနည်းပါ၏။ ကိုယ်တော်၏ မေတ္တာနှင့် နှိုင်းစာလျှင် ကျွန်ုပ်သည် အသက်ရှင်ရန်ပင် မသင့်ပါ။ ကျွန်ုပ်၏အသက်တာကို အချည်းနှီး မဖြစ်စေရန်သာ ကျွန်ုပ်လိုလားပြီး ကိုယ်တော်၏မေတ္တာကို ပြန်လည်ပေးနိုင်ရုံမက ကျွန်ုပ်တွင် ရှိသမျှအားလုံးကို ကိုယ်တော့်ထံ အပ်နှံနိုင်ရန်သာ ဆန္ဒရှိပါသည်။ လူသတ္တဝါ တစ်ဦးအနေဖြင့် ကိုယ်တော်စိတ်ကျေနပ်အောင် လုပ်ဆောင်နိုင်ပါက ကျွန်ုပ်စိတ်နှလုံးတွင် ငြိမ်းချမ်းခြင်းကို ရမည်ဖြစ်ပြီး ကျွန်ုပ်ထပ်မံ မတောင်းဆိုတော့ပါ။ ကျွန်ုပ်သည် ယခု အားနည်းပြီး အားအင်ချည့်နဲ့သော်လည်း ကိုယ်တော်၏ အားပေးတိုက်တွန်းမှုများကို ကျွန်ုပ်မေ့မည်မဟုတ်ပါ၊ ထို့ပြင် ကိုယ်တော်၏ မေတ္တာကိုလည်း ကျွန်ုပ်မေ့မည်မဟုတ်ပါ။ ယခု ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို တုံ့ပြန်ရုံသာ လုပ်ဆောင်ပါသည်။ အို ဘုရားသခင်၊ ကျွန်ုပ် စိတ်မသက်သာပါ။ ကျွန်ုပ်၏ နှလုံးသားထဲ၌ရှိသော မေတ္တာကို ကိုယ်တော့်ထံ မည်သို့ ပေးနိုင်ပါမည်နည်း၊ ကျွန်ုပ်အစွမ်းရှိသမျှ မည်သို့လုပ်နိုင်ပါမည်နည်း၊ ကိုယ်တော်၏ အလိုတော်များကို ဖြည့်ဆည်းရန် မည်သို့တတ်စွမ်းပါမည်နည်း၊ ကျွန်ုပ်တွင် ရှိသမျှအားလုံးကို ကိုယ်တော့်ထံ မည်သို့ ဆက်ကပ် အပ်နှံနိုင်မည်နည်း။ လူ၏အားနည်းချက်ကို ကိုယ်တော်သိပါ၏၊ ကိုယ်တော်၏ မေတ္တာနှင့် ကျွန်ုပ် မည်သို့ ထိုက်တန်ပါမည်နည်း။ အို ဘုရားသခင်၊ ကျွန်ုပ်သည် သေးငယ်သော ဝိညာဉ်အသက်တာသာ ရှိသူဖြစ်ပြီး ကျွန်ုပ်၏ မေတ္တာသည် အလွန်အားနည်းပါ၏။ ဤသို့သော ပတ်ဝန်းကျင်တွင် ကျွန်ုပ် မည်သို့ အကောင်းဆုံး လုပ်ဆောင်နိုင် ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကို ပေးဆပ်သင့်ကြောင်း ကျွန်ုပ်သိပါ၏၊ ကျွန်ုပ်ထံတွင် ရှိသမျှအရာ အားလုံးကို ကိုယ်တော့်ထံ ပေးအပ်သင့်ကြောင်း ကျွန်ုပ်သိပါ၏၊ သို့သော် ယနေ့ ကျွန်ုပ်၏ ဝိညာဉ်အသက်တာမှာ အလွန်သေးငယ်နေပါသည်။ ကျွန်ုပ်အား ခွန်အားနှင့် မိမိကိုယ်ကို ယုံကြည်မှုကို ပေးပါမည့်အကြောင်း ကိုယ်တော့်ထံ တောင်းလျှောက်ပါ၏၊ သို့မှသာ ကိုယ်တော့်ထံသို့ အပ်နှံရန် ဖြူစင်သောမေတ္တာကို ကျွန်ုပ် ပိုမိုပိုင်ဆိုင်နိုင်ပြီး ကျွန်ုပ်ထံတွင် ရှိသမျှအရာအားလုံးကို ကိုယ်တော့်ထံ အပ်နှံနိုင်ပါမည်။ ကိုယ်တော်၏ မေတ္တာကို ပေးဆပ်နိုင်မည်သာမက ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်၊ စမ်းသပ်မှုများအပြင် သာ၍ ပြင်းထန်သော ကျိန်ခြင်းတို့ကိုပင် တွေ့ကြုံနိုင်ပါမည်။ ကိုယ်တော်၏ မေတ္တာကို ရှုမြင်ခွင့်ကို ကျွန်ုပ်အား ကိုယ်တော်ပေးခဲ့ပါ၏၊ ကျွန်ုပ်သည် ကိုယ်တော်ကို မချစ်ရန် မတတ်စွမ်းနိုင်ပါ၊ ယနေ့ကျွန်ုပ်သည် ခွန်အား နည်းပြီး စွမ်းအားမရှိသော်လည်း ကိုယ်တော်ကို ကျွန်ုပ် မည်သို့ မေ့နိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကိုယ်တော့်ကို ကျွန်ုပ်သိလာစေရန် ဖြစ်သည်။ သို့သော် ကိုယ်တော်သည် အလွန်ကြီးမြတ်တော်မူသည့်အတွက် ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ဖြည့်ဆည်းရန် မတတ်စွမ်းနိုင်ဟုလည်း ခံစားရသည်။ ကျွန်ုပ်တွင် ရှိသမျှအရာအားလုံးကို ဖန်ဆင်းရှင်ထံသို့ မည်သို့အပ်နှံနိုင် မည်နည်း။” ယင်းသည် ပေတရု၏ တောင်းဆိုချက်ဖြစ်သည်၊ သို့သော် သူ၏ဝိညာဉ်အသက်တာမှာ မလုံလောက်ပါ။ ဤအခိုက်အတန့်တွင်၊ သူ့နှလုံးသားထဲတွင် ဓားဖြင့် အမွှေခံရသကဲ့သို့ ခံစားရပြီး သောကများနေသည်။ ထိုကဲ့သို့သော အခြေအနေများတွင် မည်သို့ လုပ်ရမည်ကို မသိ ဖြစ်နေခဲ့သည်။ သို့တိုင် သူသည် ဆက်လက် ဆုတောင်းနေခဲ့သည်- “အို ဘုရားသခင်၊ လူသည် ကလေးဆန်သော ဝိညာဉ်အသက်တာသာရှိပါ၏၊ သူ၏ အသိစိတ်မှာ ချည့်နဲ့လှပြီး ကျွန်ုပ်ရနိုင်သည်မှာ ကိုယ်တော်၏ မေတ္တာကို ပေးဆပ်ရန်ပင် ဖြစ်သည်။ ယနေ့၊ ကိုယ်တော်၏ အလိုတော်များကို ဖြည့်ဆည်းရန်၊ ကျွန်ုပ်တတ်နိုင်သမျှ လုပ်ဆောင်ရန်၊ ကျွန်ုပ်တွင်ရှိသမျှကို ပေးအပ်ရန် ကျွန်ုပ်တွင် ရှိသမျှကို ကိုယ်တော့်ထံ အပ်နှံရန် မည်သို့ လုပ်ဆောင် ရမည်ကို ကျွန်ုပ်မသိပါ။ ကိုယ်တော်၏ တရားစီရင်မှု မည်သို့ပင်ဖြစ်ပါစေ၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှု မည်သို့ပင်ဖြစ်ပါစေ၊ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသည့်အရာများ မည်သို့ပင်ဖြစ်ပါစေ၊ ကျွန်ုပ်ထံမှ ဖယ်ရှား လိုက်သောအရာများ မည်သို့ပင်ဖြစ်ပါစေ၊ ကိုယ်တော့်ကို စောဒကတက်ခြင်း အလျှင်းပင် မရှိပါစေနှင့်။ ကြိမ်ဖန် များစွာ ကိုယ်တော် ကျွန်ုပ်ကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည့်အခါ၊ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ညည်းတွား မိခဲ့ပြီး ဖြူစင်မှုကိုရယူခြင်း သို့မဟုတ် ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းတို့ကို မလုပ်ဆောင်နိုင်ခဲ့ပါ။ ကိုယ်တော်၏ မေတ္တာအတွက် ကျွန်ုပ်၏ ပေးဆပ်မှုမှာ ဝမ်းတွင်းစေ့ဆော်မှုဖြစ်ပြီး ဤအချိန်တွင် ကျွန်ုပ်ကိုယ် ကျွန်ုပ် ပို၍ပင် မုန်းမိပါသေးသည်။” ထိုသို့ ဖြစ်ခြင်းမှာ ဤနည်းဖြင့် ပေတရု ဆုတောင်းခဲ့သည့် ဘုရားသခင်၏ ပိုမိုဖြူစင်သည့်မေတ္တာကို သူရှာဖွေခဲ့ခြင်းကြောင့်ဖြစ်သည်။ သူရှာဖွေနေခဲ့ပြီး တောင်းပန် တိုးလျှိုးနေခဲ့သည်၊ ထို့အပြင် သူ့ကိုယ်သူ တန်ပြန်စွပ်စွဲနေခဲ့ပြီး သူ၏အပြစ်များကို ဘုရားသခင်ထံ ဝန်ခံနေခဲ့သည်။ သူသည် ဘုရားသခင်ထံ အကြွေးတင်နေသကဲ့သို့ ခံစားနေခဲ့ရပြီး သူ့ကိုယ်သူ မုန်းတီးစိတ်ဝင်ခဲ့သည်၊ သို့သော် သူသည် အနည်းငယ် ဝမ်းနည်းနေခဲ့ပြီး မတုန်မလှုပ် ဖြစ်နေခဲ့သည်။ သူသည် ဘုရားသခင်၏ အလိုတော်များအတွက် ပြည့်စုံကောင်းမွန်ခြင်း မရှိသလို၊ အကောင်းဆုံး မလုပ်ဆောင်နိုင်သလို အမြဲခံစားခဲ့ရသည်။ ထိုသို့သော အခြေအနေများတွင် ပေတရုသည် ယောဘ၏ ယုံကြည်မှုကို ရှာဖွေဆဲ ဖြစ်သည်။ ယောဘ၏ ယုံကြည်မှု သည် မည်မျှကြီးမြတ်ကြောင်း သူမြင်ခဲ့သည်။ ယောဘသည် သူ့၌ရှိသည့် အရာများအားလုံးသည် ဘုရားသခင်က အပ်နှင်းထားခြင်း ဖြစ်ကြောင်းနှင့် သူ့ထံမှ အလုံးစုံကို ယူရန် ဘုရားသခင်အတွက် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း၊ ဘုရားသခင် အလိုရှိသည့် မည်သူ့မဆိုထံသို့ ပေးလိမ့်မည်ဖြစ်ကြောင်းတို့ကို သိမြင်ခဲ့သည့်အတွက်ဖြစ်သည်- ယင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားပင်ဖြစ်သည်။ ယောဘသည် စောဒကမတက်ဘဲ ဘုရားသခင်ကို ချီးမွမ်းနေမြဲဖြစ်သည်။ ပေတရုသည်လည်း မိမိအကြောင်းကို သိခဲ့ပြီး သူ၏ စိတ်နှလုံးထဲတွင် ဆုတောင်းခဲ့သည်၊ “ယနေ့ ကျွန်ုပ်၏ အသိစိတ်ကို အသုံးပြုပြီး ကိုယ်တော်၏ မေတ္တာကို ပေးဆပ်ခြင်းနှင့် ကိုယ်တော့်ထံသို့ မည်မျှပင် ပြန်ချစ်စေကာမူ ကျွန်ုပ် ကျေနပ်မနေသင့်ပါ။ အကြောင်းမှာ ကျွန်ုပ်၏ အတွေးများ သည် အလွန်ဖောက်ပြန်နေပြီး ကိုယ်တော့်အား ဖန်ဆင်းရှင်အဖြစ် မြင်ရန် ကျွန်ုပ်မစွမ်းသာသောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် ကိုယ်တော်ကိုချစ်ရန် မသင့်လျော်သေးသောကြာင့် ကျွန်ုပ်တွင်ရှိသော အရာများ အားလုံးကို ကိုယ်တော့်ထံသို့ အပ်နှံနိုင်စွမ်းကို ကျွန်ုပ် လိုလိုလားလား ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ ကိုယ်တော်လုပ်ဆောင်ပြီးသည့် အရာအားလုံးကို ကျွန်ုပ်သိရမည်၊ ကျွန်ုပ်တွင် ရွေးချယ်စရာ မရှိပါ၊ ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ်ရှုမြင်ရမည်၊ ကိုယ်တော်၏ ကျေးဇူးတော်များကို ချီးမွမ်းနိုင်ရမည့်အပြင် ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းသော နာမတော်ကို ချီးမြှောက်မည်၊ သို့နှင့် ကိုယ်တော်သည် ကျွန်ုပ်အားဖြင့် ကြီးစွာသော ဘုန်းတော်ကို ရနိုင်မည်။ ကိုယ်တော့်အား သက်သေခံရာတွင် ကျွန်ုပ် မြဲမြံစွာ ရပ်တည်လိုပါသည်။ အို ဘုရား သခင်၊ ကိုယ်တော့်၏ ချစ်ခြင်းမေတ္တာသည် အလွန်ပင် အဖိုးထိုက်၍ လှပပေ၏။ မာရ်နတ်လက်ထဲတွင် ကျွန်ုပ် မည်သို့ အသက်ရှင်ချင်ပါမည်နည်း။ ကျွန်ုပ်အား ကိုယ်တော်ဖန်ဆင်းသည် မဟုတ်ပါလော။ စာတန်၏ အုပ်စိုးမှု အောက်တွင် ကျွန်ုပ်မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။ ကျွန်ုပ်၏ ဘဝတစ်ခုလုံးတွင် ကိုယ်တော်၏ ပြစ်တင် ဆုံးမမှုအလယ် နေလိုပါသည်။ မာရ်နတ်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ရန် ကျွန်ုပ်မလိုလားပါ။ ကျွန်ုပ်ကို ဖြူစင်စေနိုင်၍ ကျွန်ုပ်၏အလုံးစုံကို ကိုယ်တော့်ထံ အပ်နှံနိုင်ပါက ကိုယ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအတွက် ကျွန်ုပ်၏ ကိုယ်စိတ်နှလုံးကို ဆက်ကပ်လိုပါသည်။ ဤသည်မှာစာတန်ကို ကျွန်ုပ် စက်ဆုပ်ပြီး သူ၏ အုပ်စိုးမှုအောက်တွင် မနေလိုသည့်အတွက်ဖြစ်သည်။ ကျွန်ုပ်ကို တရားစီရင်ခြင်းအားဖြင့် ကိုယ်တော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြသသည်။ ကျွန်ုပ်သည် ပျော်ရွှင်ပြီး စောဒက အနည်းငယ် မျှပင် မရှိပါ။ လူသတ္တဝါတစ်ဦး၏ တာဝန်ကို ကျွန်ုပ်ထမ်းဆောင်နိုင်မည်ဆိုပါက ကျွန်ုပ်၏ ဘဝတစ်ခုလုံးတွင် ကိုယ်တော်၏ တရားစီရင်မှု အတူပါရှိရန် လိုလားပါသည်။ ယင်းမှ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘော ထားကို ကျွန်ုပ်သိလာနိုင်ပြီး မာရ်နတ်၏ သြဇာလွှမ်းမိုးမှုအောက်မှ ကျွန်ုပ်ကိုယ်ကို ဖယ်ရှားနိုင်မည်။” ပေတရုသည် ဤသို့ အမြဲဆုတောင်းခဲ့သည်၊ ဤသို့ အမြဲရှာဖွေခဲ့သည်၊ ထို့နောက် ပိုမြင့်မားသော နယ်ပယ်သို့ ရောက်ရှိခဲ့သည်။ ဘုရားသခင်၏မေတ္တာကို သူပြန်လည် ပေးဆပ်နိုင်ရုံသာမက ပိုမိုအရေးကြီးသည့် လူသတ္တဝါ တစ်ဦး၏ တာဝန်ကိုလည်း ကျေခဲ့သည်။ သူ၏ အသိစိတ်အားဖြင့် စွပ်စွဲမခံရရုံသာမဟုတ် အသိစိတ် စံချိန် စံနှုန်းများကို ကျော်သွားနိုင်ခဲ့သည်။ သူ၏ ဆုတောင်းသံများသည် ဘုရားသခင်၏ ရှေ့တော်မှောက်ထိ ဆက်လက် ရောက်ရှိခဲ့သည်- ဥပမာ သူ၏ ရည်မှန်းချက်များသည် အမြဲ ပိုမိုမြင့်မားနေပြီး ဘုရားသခင်ကိုချစ်သော သူ့မေတ္တာမှာ အမြဲ ပိုမိုကြီးမားခဲ့သည်။ သူသည် နာကျင်မှုကို မချိမဆံ့ ခံစားခဲ့ရသော်လည်း ဘုရားသခင်အား ချစ်ရန် သူမမေ့ခဲ့ပေ၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းကို ရရှိရန် သူဆက်လက် ရှာဖွေခဲ့သည်။ အောက်ပါစကားများဖြင့် သူဖွင့်ဟ ဆုတောင်းခဲ့သည်- ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ပေးဆပ်ခြင်းသာ လုပ်ဆောင်ခဲ့ပြီးပါပြီ။ စာတန်၏ရှေ့တွင် ကိုယ်တော့်အတွက် သက်သေခံခြင်း မရှိခဲ့ပါ၊ စာတန်၏ သြဇာ လွှမ်းမိုးမှုမှ ကျွန်ုပ်ကိုယ်ကို လွတ်မြောက်အောင် မလုပ်ဆောင်ခဲ့ဘဲ ဇာတိပကတိအလယ်၌ နေထိုင်ဆဲဖြစ်သည်။ စာတန်ကို အနိုင်ယူရန် ကျွန်ုပ်၏ မေတ္တာကို အသုံးပြုလိုပြီး အရှက်ရစေလိုသည်၊ သို့ဖြင့် ကိုယ်တော်၏ အလိုဆန္ဒကို ဖြည့်ဆည်းလိုပါသည်။ စာတန်သည် ကိုယ်တော်၏ ရန်သူဖြစ်သောကြောင့် ကျွန်ုပ်၏ အစိတ်အပိုင်း သေးသေးကလေးမျှပင် စာတန်ဆီသို့ မပေးလိုဘဲ ကိုယ်တော့်ထံသာ ကျွန်ုပ်၏အလုံးစုံကို ပေးအပ်လိုပါသည်။ ဤလမ်းကြောင်းတွင် သူပိုမိုရှာဖွေလေလေ၊ သူပိုမို လှုံ့ဆော်ခံရလေလေ၊ ဤအကြောင်းကိစ္စများအကြောင်း သူ့အသိပညာ မြင့်မားလေလေ ဖြစ်ပေသည်။ ယင်းကို သတိမမူမိဘဲ သူ့ကိုယ်သူ စာတန်၏ သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်အောင် လုပ်သင့်ကြောင်းနှင့် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား ပြန်သွားသင့်ကြောင်း သူသိလာခဲ့ သည်။ ဤသည်မှာ သူရရှိခဲ့သော နယ်ပယ်ဖြစ်သည်။ သူသည် စာတန်၏ သြဇာလွှမ်းမိုးမှုကို ကျော်လွှားခဲ့ပြီး ဇာတိပကတိ၌ သာယာမှုနှင့် ပျော်မွေ့မှုမှ သူ့ကိုယ်သူ ဖယ်ရှားခဲ့ပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရား စီရင်ခြင်း နှစ်ခုလုံးကို ထူးထူးခြားခြား ပိုမိုတွေ့ကြုံရန် လိုလားလျက်ရှိသည်။ “ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုနှင့် ကိုယ်တော်၏ တရားစီရင်မှုအလယ်၌ ကျွန်ုပ်နေထိုင်ပါသော်လည်း၊ ဖြစ်ပေါ်လာသော အခက်အခဲများ မည်သို့ပင် ရှိစေကာမူ စာတန်၏ အုပ်စိုးမှုအောက်တွင် မနေထိုင်လိုပါ၊ စာတန်၏ လှည့်စားမှုများကို မခံစားလိုပါ။ ကိုယ်တော်၏ ကျိန်ခြင်းများကြားတွင် နေထိုင်ရင်း ပျော်ရွှင်ပြီး အလွန်ဝမ်းမြောက်စေပါသည်၊ စာတန်၏ ကောင်းချီးများအကြားတွင် နေထိုင်ရခြင်းမူ ကျွန်ုပ်ကို နာကျင်စေပါသည်။ ကိုယ်တော်၏ တရားစီရင်ခြင်း အလယ်၌ နေထိုင်ခြင်းအားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး၊ ယင်းအရာသည် ကျွန်ုပ်အား ကြီးစွာသော ဝမ်းမြောက်ခြင်းကို ယူဆောင်လာပေးပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ဖြောင့်မတ်ပြီး မြင့်မြတ်သန့်ရှင်းသည်၊ ယင်းမှာ ကျွန်ုပ်ကို သန့်ရှင်းစေရုံသာမက ကျွန်ုပ်ကို ကယ်တင်ရန်လည်း ဖြစ်သည်။ ကိုယ်တော်၏ စောင့်ရှောက်မှုအောက်တွင် နေရန် ကိုယ်တော်၏ တရားစီရင်မှုအလယ်၌ ကျွန်ုပ်၏ ဘဝတစ်ခုလုံး နေထိုင်သွားရန် ဆန္ဒရှိပါသည်။ စာတန်၏ အုပ်စိုးမှုအောက်တွင် တစ်ခဏလေးမျှပင် မနေလိုပါ။ စာတန်၏ အသုံးချမှုနှင့် လှည့်စားမှုကို မခံချင်ပါ၊ အခက်အခဲများ ခံစားစေရန် ကိုယ်တော်အားဖြင့် ကျွန်ုပ်သည် သန့်ရှင်းခြင်းသို့ရောက်ရန် လိုလားပါသည်။ ဤလူသတ္တဝါဖြစ်သော ကျွန်ုပ်အား ကိုယ်တော် အသုံးပြုသင့်ပါ သည်၊ ကိုယ်တော်ပိုင်သင့်ပါသည်၊ ကိုယ်တော် တရားစီရင်သင့်ပါသည်၊ ကိုယ်တော် ပြစ်တင်ဆုံးမသင့်ပါသည်။ ကိုယ်တော်၏ ကျိန်ခြင်းကိုပင် ကျွန်ုပ်ခံသင့်ပါသည်။ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်မြင်ခဲ့ပြီးပြီ ဖြစ်သောကြောင့် ကျွန်ုပ်အား ကိုယ်တော် ကောင်းချီးပေးလိုသည့်အခါ ကျွန်ုပ်၏ စိတ်နှလုံးသည် ဝမ်းမြောက်လှပါသည်။ ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်ုပ်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်သည်- ကိုယ်တော့်ကို ကျွန်ုပ် သစ္စာမဖောက်သင့်၊ စာတန်၏အုပ်စိုးမှုအောက်တွင် မနေသင့် သို့မဟုတ် စာတန်၏ အသုံးချမှုကို မခံသင့်ပါ။ စာတန်အတွက် အသက်ရှင်မည့်အစား ကျွန်ုပ်သည် ကိုယ်တော်၏မြင်း၊ သို့မဟုတ် နွား ဖြစ်သင့်ပါသည်။ ရုပ်ပိုင်းဆိုင်ရာသုခများ မရှိဘဲ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုအလယ်၌ အသက်ရှင်လိုပါသည်၊ အကယ်၍ ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ် ဆုံးရှုံးရလျှင်ပင် ယင်းသည် ကျွန်ုပ်အား ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးပါ လိမ့်မည်။ ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်နှင့်အတူ မရှိသော်လည်း ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ကျွန်ုပ် ပျော်မွေ့ပါသည်။ ယင်းသည် ကိုယ်တော်၏ အကောင်းဆုံးသော ကောင်းချီးမင်္ဂလာ၊ အကြီးမားဆုံးသော ကျေးဇူးတော်ပင်ဖြစ်သည်။ ကိုယ်တော်သည် အမြဲ ဘုန်းအာနုဘော်နှင့် ထည်ဝါပြီး ကျွန်ုပ် အပေါ် အမျက်ဒေါသရှိသော်လည်း ကျွန်ုပ် ကိုယ်တော့်ကို မစွန့်ခွာနိုင်ပါ၊ ကိုယ်တော်အား လုံလောက်အောင်ပင် မချစ်နိုင်သေးပါ။ ကိုယ်တော်၏ အိမ်တော်တွင် ကျွန်ုပ်နေလိုပါသည်၊ ကိုယ်တော်၏ ကျိန်ခြင်း၊ ပြစ်တင်ဆုံးမခြင်း နှင့် ရိုက်နှက်ခြင်းကို ခံလိုပြီး စာတန်၏ အုပ်စိုးမှုအောက်တွင် မနေလိုသကဲ့သို့ ဇာတိပကတိအတွက် အသက်ရှင်ဖို့ မဆိုထားနှင့် ဇာတိပကတိအတွက်သာ လှုပ်ရှားရုန်းကန်နေရန် အလိုမရှိပါ” ဟု သူပြောခဲ့သည်။ ပေတရု၏ မေတ္တာသည် စင်ကြယ်သော မေတ္တာတစ်ခု ဖြစ်သည်။ ယင်းသည် ပြည့်စုံစေခြင်း၏ အတွေ့အကြုံဖြစ်ပြီး ပြည့်စုံစေခြင်း၏ အမြင့်မားဆုံး နယ်ပယ်ဖြစ်ကာ ထို့ထက်ပို၍ လေးနက်သော အသက်တာ မရှိတော့ပါ။ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံခဲ့သည်၊ သူသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို တန်ဖိုးထားခဲ့ပြီး ပေတရုတွင် ထို့ထက် ပိုမိုအဖိုးထိုက်တန်ခြင်းကား မရှိတော့ပါ။ သူက “စာတန်သည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သာယာကြည်နူးမှုများကို ပေးသော်လည်း ကျွန်ုပ်သည် ယင်းတို့ကို တန်ဖိုးမထားပါ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ကျွန်ုပ်ပေါ်သို့ ကျရောက်သည်- ဤ၌ ကျွန်ုပ်သည် ကျေးဇူးတော်ကို ခံစားရသည်၊ ဤ၌ ပျော်ရွှင်မှုကို ကျွန်ုပ်တွေ့ရှိသည့်အပြင် ဤ၌ ကောင်းချီးကို ကျွန်ုပ်ခံစားရသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့်သာ မဟုတ်ခဲ့ပါမူ ကျွန်ုပ်သည် ဘုရားသခင်အား မည်သည့်အခါမျှ ချစ်လိမ့်မည် မဟုတ်ပါ၊ ကျွန်ုပ်သည် စာတန်၏ အုပ်စိုးမှုအောက် နေနေရဆဲ ဖြစ်လိမ့်မည် ဖြစ်ပြီး၊ ၎င်း၏ ထိန်းချုပ်ခြင်းကို ခံနေရဆဲ ဖြစ်လိမ့်မည် ဖြစ်ကာ၊ ၎င်း၏ အမိန့်ပေး စေခိုင်းခြင်းကို ခံနေရဆဲ ဖြစ်ပေလိမ့်မည်။ ထိုသို့ ဖြစ်ခဲ့ပါလျှင်မူ ကျွန်ုပ်သည် ဘုရားသခင်အား ကျေနပ် နှစ်သိမ့်စေခြင်းငှာ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သည့်အတွက် ကျွန်ုပ်သည် မည်သည့်အခါကမျှ စစ်မှန်သည့် လူသတ္တဝါ ဖြစ်လာလိမ့်မည် မဟုတ်ဘဲ၊ ကျွန်ုပ်၏ အလုံးစုံကိုလည်း ဘုရားသခင်ထံ ဆက်ကပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပါ။ ငြိမ်းချမ်းခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိဘဲ ကျွန်ုပ်၏ အတွင်းထဲတွင် လောင်ကျွမ်းနေသည့်အလား ကျွန်ုပ်စိတ်နှလုံးတွင်းထဲ၌ နှစ်သိမ့်မှုမရှိဘဲဖြစ်စေလျက် ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးမပေးစေကာမူ ဘုရားသခင် သည် ကျွန်ုပ်အား အမြဲတစေ ပြစ်တင်ဆုံးမကာ ဆုံးမပဲ့ပြင်ပေးနေစေကာမူ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းတွင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်ရှုမြင်နိုင်ပါသည်။ ဤအမှုတွင် ကျွန်ုပ် ပျော်ရွှင်ကြည်နူးမိပါသည်၊ အသက်တာတွင် ထို့ထက် ပို၍ တန်ဖိုးရှိသောအရာ သို့မဟုတ် ပို၍လေးနက်သောအရာ မရှိပါ။ ကိုယ်တော်၏ အကာအကွယ်ပေးမှုနှင့် စောင့်ရှောက်မှုတို့သည် ရက်စက်သော ပြစ်တင်ဆုံးမမှု၊ တရားစီရင်မှု၊ ကျိန်ခြင်းများနှင့် ရိုက်နှက်ခြင်းတို့ ဖြစ်လာခဲ့သော်လည်း ယင်းတို့တွင် ကျွန်ုပ် မွေ့လျော်လျက်ပင်ဖြစ်သည်၊ အကြောင်းမှာ ယင်းတို့သည် ကျွန်ုပ်အား သာ၍သန့်ရှင်းစင်ကြယ်စေကာ၊ ကျွန်ုပ်ကို ပြုပြင်ပြောင်းလဲပေးပြီးနောက် ဘုရားသခင်နှင့် ပိုမိုနီးစေ၍၊ ဘုရားသခင်အား ပိုမိုချစ်နိုင်စေကာ ဘုရားသခင်ကို ချစ်သည့် မေတ္တာကိုလည်း ပိုမိုဖြူစင်စေပါသည်။ ဤသည်က လူသတ္တဝါတစ်ဦးအဖြစ် ကျွန်ုပ်၏ တာဝန်ကို ကျေပွန်စေပြီး ဘုရားသခင်ရှေ့တော်သို့ ကျွန်ုပ်အား ဆောင်ယူပြီး စာတန်၏ သြဇာလွှမ်းမိုးမှုမှ ကင်းဝေးစေကာ ကျွန်ုပ်အနေဖြင့် စာတန်ကို အစေခံတော့မည် မဟုတ်ပါ။ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ်မနေထိုင်ဘဲ၊ မည်သည့်အရာကိုမျှ ထိမ်ချန်ခြင်းမရှိ၊ ကျွန်ုပ်၌ရှိသော အရာအားလုံးနှင့် ကျွန်ုပ်လုပ်နိုင်သမျှ အားလုံးတို့ကို ဘုရားသခင်ထံ အပ်နှံနိုင်သည့် အချိန်သည်- ကျွန်ုပ်လုံးလုံးလျားလျား ကျေနပ်နှစ်သိမ့်သည့် အချိန်ပင် ဖြစ်လိမ့် မည်။ ကျွန်ုပ်ကို ကယ်တင်ခဲ့သည့်အရာမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်ပြီး ကျွန်ုပ်၏ အသက်တာမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ခွဲခြားထား၍ မရပါ။ ကမ္ဘာပေါ်ရှိ ကျွန်ုပ်၏ အသက်တာသည် စာတန်၏ အုပ်စိုးမှုအောက်တွင်ရှိပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်း၏ အကာအကွယ်ပေးမှုနှင့် စောင့်ရှောက်မှုတို့ကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်ုပ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အမြဲနေထိုင်သွားရခြင်း၊ ထို့ပြင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် ရှင်သန်သွားရန် အခွင့်အရေး သို့မဟုတ် နည်းနာများ ကျွန်ုပ်၌ရှိခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ကျွန်ုပ်နှင့်အတူ အမြဲရှိမှသာ ကျွန်ုပ်ကို ဘုရားသခင် သန့်ရှင်းစေနိုင်မည်။ ကြမ်းတမ်းသော စကားများနှင့် ဖြောင့်မတ်သော ဘုရားသခင်၏ စိတ်သဘောထားအပြင် ဘုရားသခင်၏ ဘုန်းအာနုဘော်ရှိသော တရားစီရင်ခြင်းဖြင့်သာ ကျွန်ုပ်သည် အထူးအကာအကွယ်ကို ရရှိပြီး အလင်း အောက်တွင် အသက်ရှင်ကာ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများကို ရရှိခဲ့ခြင်း ဖြစ်သည်။ သန့်ရှင်းစေခြင်း ခံရခြင်းငှာ တတ်စွမ်းနိုင်ခြင်း၊ ကျွန်ုပ်ကိုယ်ကို စာတန်ထံမှ လွတ်မြောက်နိုင်စေခြင်းနှင့် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေထိုင်နိုင်ခြင်း- ယင်းသည် ယနေ့ ကျွန်ုပ်၏အသက်တာတွင် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာဖြစ်ပါသည်” ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ ပေတရုတွေ့ကြုံခဲ့သည့် အမြင့်ဆုံးသော နယ်ပယ် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်