Myanmar Testimony Video - ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြည့်ခြင်းအကြောင်းဖြစ်၏
16.12.2022
ကျမ်းစာထဲတွင်၊“ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။” (သုတ္တံကျမ်း ၁၄:၃၀) ဟု ပြောထားသည်။ မနာလိုမှုက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသည့် ဖောက်ပြန်ပျက်စီးခြင်းတစ်ခုဖြစ်ကြောင်း၊ ကျွန်မတို့ထက် တစ်စုံတစ်ယောက်က သာလွန်သည်ကို မြင်သည့်အခါ၊ အနည်းဆုံးတော့ ကျွန်မတို့ တိုက်ခိုက်ရန်၊ ထိပ်တိုက်တွေ့ရန် အဆင်သင့်ဖြစ်ကြပြီး အလွန်ဆုံးအနေဖြင့် အခြားသူများရော မိမိတို့ကိုယ်ကိုယ်ပါ အန္တရာယ်ဖြစ်စေသည်မှာ မှန်ပေသည်။ ဤဗီဒီယိုထဲက အဓိကဇာတ်ကောင်သည် ဤအရာနှင့်ပတ်သက်၍ လေးနက်သော အတွေ့အကြုံတချို့ ရှိလေသည်။ သူမက လုပ်ဖော်ကိုင်ဖက် အစ်မယုသည် ကဏ္ဍမျိုးစုံ၌ သူမထက် ပိုလုပ်နိုင်သည်ကို မြင်သည့်အခါ၊ အလွန် မနာလိုဖြစ်ရပြီး၊ အစ်မယုကို ဝေဖန်ရန် တိတ်တဆိတ် အုပ်စုဖွဲ့ဖို့ ကြိုးစားသည်။ အစ်မယုနှင့် လိုက်ဖက်ညီစွာ ပူးပေါင်းလုပ်ဆောင်ဖို့ထက် ဘုရားအိမ်တော်၏ အလုပ် ထိခိုက်သည်ကို သူမက သာ၍ မြင်ချင်လေသည်။ နောက်ပိုင်းတွင် ဤမနာလိုမှုက သူမအား လုပ်နေသည့် အန္တရာယ်မှ သူမသည် မည်သို့ ရုန်းထွက်လွတ်မြောက်သနည်း။ ဤဗီဒီယိုတွင် ရှာဖွေကြည့်လိုက်ပါ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ