ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” | ကောက်နုတ်ချက် ၃၁၀

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” | ကောက်နုတ်ချက် ၃၁၀

144 |18.09.2020

နှစ်ထောင်ပေါင်း အချို့၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်းနှင့် ပတ်သက်သည့် အသိပညာသည် သူ၏အတွေးအခေါ်၊ အယူအဆများနှင့် စိတ်နေစိတ်ထားတို့ကို သြဇာမသက်ရောက် နိုင်အောင်နှင့် ဘက်တီးရီးယားပိုးဖြင့် မဆွေးမြည့်မပျက်စီးစေနိုင်အောင် တင်းကျပ်စွာ ပိတ်ဆီးထား ခဲ့သည်။ နောက်တစ်ဖန် အလင်းကို မမြင်တွေ့စိမ့်သောငှာ မြေအောက် အကျဉ်းတိုက်များထဲသို့ ဘုရားသခင်၏ နှင်ထုတ်ခြင်းကို ၎င်းတို့သည် ခံခဲ့ရသည့်အလား လူများသည် ငရဲ၏ ဆယ့်ရှစ်ခုမြောက် သံသရာထဲ၌ နေထိုင်သည်။ ကံကျွေးချစနစ်ဆိုင်ရာ အတွေးအခေါ်သည် လူသားကို အသက် မနည်းရှူနေရပြီး မွန်းကျပ်စေသည်အထိ ဖိနှိပ်ထားသည်။ ၎င်းတို့တွင် ခုခံခြင်းငှာ ခွန်အား စိုးစဉ်းမျှပင် မရှိဘဲ ဆိတ်ငြိမ်စွာပင် သည်းခံပြီးရင်း သည်းခံနေရသည်။...မည်သူကမျှ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှုအတွက် ရပ်တည်ရန် သို့မဟုတ် တိုက်ခိုက်ရန် လုံးဝမဝံ့ရဲကြ၊ ၎င်းတို့သည် ကံကျွေးချစနစ်ဆိုင်ရာ အရှင်သခင်များ ၏ မတရားဖိနှိပ်မှုနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့အောက်၌ တိရစ္ဆာန်တစ်ကောင်ထက်ပင် မသာသော အသက်တာကို တစ်နှစ်ပြီးတစ်နှစ်၊ တစ်နေ့ပြီးတစ်နေ့ ရှင်သန်နေကြသည်။ လူသားသည် ကမ္ဘာမြေကြီးပေါ်၌ ပျော်ရွှင်မှုကို ခံစားနိုင်ရန် ဘုရားသခင်ကို ရှာဖွေခြင်းငှာ မည်သည့်အခါမှ မတွေးတောခဲ့ပေ။ လူသားသည် ညှိုးခြောက်ကာ ညိုတူးနေသော ဆောင်းဦး ရွက်ကြွေများကဲ့သို့ နေခြစ်ခြစ်တောက်ပူသည့်ဒဏ်ကို ခံခဲ့ရသည့် အလားပင်ဖြစ်သည်။ ကြာမြင့်စွာကတည်းက လူသားသည် ၎င်းတို့၏မှတ်ဉာဏ်ကို ဆုံးရှုံးသွားပြီး ငရဲနှင့်အတူ ပျက်စီးသွား စိမ့်သောငှာ နောက်ဆုံးသောကာလ၏ ကြွလာခြင်းကိုစောင့်ရင်းနှင့် လူ့လောကဟူသော အမည်နှင့် ငရဲထဲတွင် ခိုကိုးရာမဲ့စွာ နေထိုင်သည်မှာ ၎င်းတို့ တောင့်တသည့် နောက်ဆုံးသောကာလ သည် အေးလူသော ငြိမ်သက်ခြင်းကို ၎င်းတို့ခံစားရမည့် နေ့ဖြစ်လေသည့်အလား ဖြစ်တော့သည်။ လူသားသည် ခုခံရန် သာ၍ပင် မစွမ်းနိုင် ဖြစ်စေရန် ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များသည် လူသား၏ အသက်တာကို “မရဏာနိုင်ငံ” သို့ ယူဆောင်သွားခဲ့သည်။ အမျိုးမျိုးသော ဖိနှိပ်မှုများသည် လူသားကို မရဏထဲသို့ သာ၍နက်ရှိုင်းစွာ တဖြည်းဖြည်းနှင့် ကျဆင်းသွား စေပြီး ဘုရားသခင်ထံမှ ဝေးကွာသွားစေသည်။ ယခုတွင်မူ ဘုရားသခင်သည် လူသားနှင့် သူစိမ်းလုံးလုံးပင် ဖြစ်သွားပြီး သူတို့ဆုံတွေ့ကြသောအခါ လူသားသည် သူ့ကို လျင်မြန်စွာ ရှောင်ရှား၏။ လူသားသည် ဘုရားသခင်ကို တစ်ခါမှ မသိဖူး သို့မဟုတ် မတွေ့ဖူးသည့်အလား သူ့ကို အရေးမစိုက်ဘဲ ပယ်ထားသည်။ သို့သော်လည်း ဘုရားသခင်သည် လူ့အသက်တာ၏ ရှည်လျားသော ခရီးလမ်း တစ်လျှောက်လုံးတွင် လူသားအတွက် စောင့်ဆိုင်းနေခဲ့ပြီး၊ သူ၏မချုပ်တည်းနိုင်သော အမျက်ဒေါသကို ၎င်းထံ ကျရောက်စေခဲ့ခြင်း လုံးဝမရှိခဲ့။ လူသားသည် နောင်တရရန်နှင့် အသစ်တဖန် စတင်ရန်သာ သူသည် စကားတစ်လုံးမျှ မဟဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ရှေးကာလ၌ ဘုရားသခင်သည် လူ့လောကသို့ ကြွလာခဲ့ပြီး လူသားကဲ့သို့ တူညီသောဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခဲ့သည်။ လူသားနှင့်အတူ နှစ်ပေါင်းများစွာတိုင် သူနေထိုင်ခဲ့ပြီး မည်သူကမျှ သူ၏ တည်ရှိမှုကို မသိရှိခဲ့ကြ။ ဘုရားသခင်သည် သူကိုယ်တိုင် ယူဆောင်လာသည့် အလုပ်ကို လုပ်ဆောင်နေရင်းနှင့် လူ့လောကထဲရှိ ယုတ်ညံ့ခြင်း၏ ဝေဒနာကို ဆိတ်ငြိမ်စွာ ကြံ့ကြံ့ခံနေခဲ့သည်။ ခမည်းတော် ဘုရားသခင်၏ အလိုတော်နှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက် သူသည် လူသားတို့ ယခင်တစ်ခါမျှ မကြုံတွေ့ မခံစားဖူးသည့် ဆင်းရဲဒုက္ခများကို ခံစားရင်း ဆက်လက် ကြံ့ကြံ့ခံခဲ့သည်။ ခမည်းတော် ဘုရားသခင်၏ အလိုနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက် သူသည် လူသားရှေ့မှောက်တွင် တိတ်ဆိတ်စွာနှင့် လူသားတို့ကို အစေခံခဲ့ပြီး မိမိကိုယ်မိမိ နှိမ့်ချခဲ့သည်။ ရှေးဟောင်းယဉ်ကျေးမှုနှင့် ပတ်သက်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးယူသွားခဲ့ပြီး လူသားကို မာရ်နတ်တို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်ခဲ့သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်း တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီး ထိုစာအုပ်များနှင့် ဂန္တဝင်ကျမ်းတို့ကို ရေးခဲ့သော သူများကို တိုး၍ကိုးကွယ်စေကာ ဘုရားသခင်နှင့် ပတ်သက်သည့် လူသားတို့၏ အယူအဆများကို တိုးစေခဲ့သည်။ မာရ်နတ်တို့၏ ရှင်ဘုရင်သည် လူသား၏ နှလုံးသားကို အားရဝမ်းသာ သိမ်းပိုက်နေစဉ် ၎င်းသည် အကြင်နာမဲ့စွာဖြင့် ဘုရားသခင်ကို လူသား၏ နှလုံးသားထဲမှ လူသားတို့ သတိပြုမိခြင်း မရှိဘဲနှင့် ပထုတ်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ လူသားသည် မာရ်နတ်တို့ ရှင်ဘုရင်၏ မျက်နှာရှိသည့် အကျည်းတန်ကာ ကောက်ကျစ်သော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်းတို့၏ ရင်ဘတ်များကို ဖြည့်လေပြီး မာရ်နတ်တို့ ရှင်ဘုရင်၏ မလိုမုန်းထားမှုသည် လူသားအထဲ၌ တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့သည်မှာ လူသားသည် လုံးဝဥဿုံ ဝါးမြိုခံခဲ့ရသည်အထိ ဖြစ်သည်။ လူသားသည် လွတ်လပ်မှု အနည်းငယ်မျှ မရှိတော့ဘဲ မာရ်နတ်တို့၏ ရှင်ဘုရင်၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ရန် နည်းလမ်း လုံးဝ မရှိတော့။ လူသားသည် ထိုနေရာတွင်ပင် အဖမ်းခံရပြီး၊ ၎င်း၏ မျက်မှောက်တွင် ဆက်ကပ်အပ်နှံခြင်းဖြင့် ပြိုလဲကျရုံမှလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ ကြာမြင့်စွာသောအချိန်က လူသား၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်တို့သည် မွေးကင်းစအနေအထားတွင်သာ ရှိဆဲဖြစ်ကာ၊ မာရ်နတ်တို့၏ ရှင်ဘုရင်သည် ထိုအတွင်းထဲ၌ ဘုရားမဲ့ဝါဒီဟူသော အကျိတ်၏ အစေ့ကို ပျိုးချခဲ့ပြီး လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူခြင်း၊ ခေတ်မီရေးလေးချက်ကို အကောင်အထည်ဖော်ခြင်း၊ လောကကြီး၌ ဘုရားသခင်ဟူသည် မရှိ” စသည်ကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်သည်။ ထိုမျှ သာမကဘဲ အားလုံးကို မိမိနိုင်ငံအတွက် အမှုထမ်းရန် ကလေးဘဝတည်းမှ အသင့်ရှိနေရန် တောင်းဆိုလျက် ၎င်းသည် “ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှု မှတစ်ဆင့် လှပသော ဇာတိမြေကို တည်ဆောက်ကြပါစို့” ဟုလည်း ထပ်ဖန်တလဲလဲ ကြွေးကြော်ခဲ့သည်။ လူသားသည် မရည်ရွယ်ပါဘဲနှင့် ၎င်း၏ရှေ့မှောက်သို့ ယူဆောင်ခြင်း ခံရပြီး (ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်တော်ထဲ၌ ကိုင်ထားခြင်းကို ရည်ညွှန်းလျက်) ၎င်းသည် မဆိုင်းမတွပင် မိမိကိုယ်ကိုယ် ဂုဏ်တင်ခဲ့လေသည်။ ၎င်းသည် တစ်ကြိမ်တစ်ခါမျှပင် မရှက်ခဲ့ဖူး သို့မဟုတ် အရှက်တရား မရှိခဲ့ပေ။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ လူတို့ကို ၎င်း၏အိမ်ထဲသို့ အရှက်မရှိ ဖမ်းသွားချုပ်ထားပြီး မိမိမှာမူ စားပွဲပေါ်သို့ ကြွက်တစ်ကောင် လေအလား ခုန်တက်ကာ မိမိအား ဘုရားသခင်အဖြစ် လူသားကို ကိုးကွယ် စေလေသည်။ ၎င်းသည် ထင်ရာစိုင်း ရမ်းကားသူပင် ဖြစ်တော့သည်။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများကြောင့် ဖြစ်သည်၊ မိုးသည် ရေငွေ့ဖွဲ့၍ မိုးစက်များအဖြစ် ကမ္ဘာမြေကြီးသို့ ကျလာသော အစက်များပင် ဖြစ်သည်၊ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများ ကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်း ဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်၌ အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ထိုအရာများမှာ သဘာဝ ဖြစ်စဉ်များ ဖြစ်သည်။ အဘယ်အပိုင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် ဖြစ်သနည်း၊” ဟူသည့် တုန်လှုပ်ဖွယ် မကောင်းသတင်းများကို ဟစ်ကြော်လေသည်။ ၎င်းသည် “လူသားမှာ ရှေးမျောက်ဝံများမှ ဆင်းသက်လာပြီး ယနေ့ လောကကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ကုဋေတစ်ရာခန့်က ရှေးကျသော လူ့အဖွဲ့အစည်းတစ်ခုမှ အဆင့်ဆင့် ပြောင်းလဲ လာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားသည် သို့မဟုတ် ကျရှုံးသည် ဆိုခြင်းမှာ ထိုနိုင်ငံ၏ ပြည်သူများ လက်ထဲတွင် မူတည်သည်၊” ဟူသော အရှက်မဲ့သည့် ထုတ်ပြန်ချက်များကိုပင် ကြွေးကြော်သည်။ နောက်ဘက်တွင် ၎င်းသည် လူသားကို ၎င်းအား နံရံများပေါ်၌ ဇောက်ထိုး ချိတ်ဆွဲစေပြီး ဌာပနာထားရန်နှင့် ကိုးကွယ်ခြင်းခံရရန် စားပွဲများပေါ် တင်စေသည်။ “ဘုရားသခင် မရှိ” ဟု ၎င်းက ဟစ်အော် နေစဉ်၊ ၎င်းသည် ၎င်းကိုယ်၎င်း ဘုရားအဖြစ် မှတ်ယူပြီး ဘုရားသခင်ကို ကမ္ဘာ၏ ပြင်ပသို့ မဆုတ်မနစ် တွန်းထုတ်နေသည်။ ၎င်းသည် ဘုရားသခင်၏ နေရာ၌ အစားဝင်ပြီး မာရ်နတ်တို့၏ ရှင်ဘုရင်အဖြစ် ပြုမူသည်။ လုံးဝ ရယ်ဖွယ်ရာပင် ကောင်းတော့သည်။ ၎င်းသည် လူတစ်ယောက်ကို အဆိပ်ရှိသော အမုန်းတရား၏ ဝါးမျိုခြင်းကို ခံရစေသည်။ ဘုရားသခင်သည် ၎င်း၏ ထာ၀ရရန်သူဖြစ်ပြီး ဘုရားသခင်သည် ၎င်းနှင့် ကျေအေး၍မရနိုင်သည့် ပုံပေါ်သည်။ ၎င်းသည် အပြစ်ဒဏ်ပေးခြင်း မခံရသေးဘဲ လွတ်နေဆဲရှိစဉ် ၎င်းသည် ဘုရားသခင်ကို နှင်ထုတ်ရန် ကျိတ်ကြံလေသည်။ ၎င်းမှာ ထိုသို့သော မာရ်နတ်တို့၏ ရှင်ဘုရင်ပင် ဖြစ်တော့သည်။ ငါတို့သည် ၎င်း၏ တည်ရှိမှုကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်ပြီး ထိုအလုပ်ကို ပျက်စီး၍ လုံးလုံး ဖရိုဖရဲ မဖြစ်မချင်း ၎င်းသည် အနားယူမည်မဟုတ်သည်မှာ ၎င်းသည် ငါးသေလျှင်သေ သို့မဟုတ် ကွန်ပျက်လျှင်ပျက်၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်လိုသည့် အလားဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သာ၍ပင် ချဉ်းကပ်သည်။ ၎င်း၏ မသတီစရာ မျက်နှာသည် ကြာမြင့်စွာကတည်းက လုံးလုံးလျားလျား ဖော်ထုတ်ခြင်း ခံခဲ့ရပြီး ယခုတွင်မူ ပွန်းပဲ့လျက်၊ ပျက်စီးယိုယွင်းလျက် ရှိပြီး ဆိုးရွားသည့် အတိဒုက္ခထဲ၌ ရှိနေသော်လည်း ၎င်းသည် ဘုရားသခင်အပေါ် မိမိ၏ မုန်းတီးခြင်းကိုမူ စိတ်လျှော့ခြင်းမရှိသည်မှာ ၎င်းသည် မိမိ၏ နှလုံးသားထဲမှ မုန်းတီးခြင်းကို ဖြေလျှော့နိုင်ရန် ဘုရားသခင်ကို တစ်ကိုက်တည်းနှင့် လုံးလုံးလျားလျား ဝါးမျိုနိုင်ရန် အလိုရှိသည့်အလား ဖြစ်သည်။ ဘုရားသခင်၏ ဤမုန်းတီးဖွယ် ရန်သူဖြစ်သည့် ၎င်းကို ငါတို့သည် မည်သို့လျှင် သည်းခံနိုင် မည်နည်း။ ၎င်းကို အမြစ်ဖြတ် ချေမှုန်းခြင်းနှင့် လုံးလုံးလျားလျား သုတ်သင်ခြင်းသာလျှင် ငါတို့အသက်တာ၏ လိုအင်ကို ​အကောင်အထည်ပေါ်စေလိမ့်မည်။ ၎င်းသည် မည်သို့လျှင် သောင်းကျန်းပြေးလွှားနေခွင့်ကို ရနေသနည်း။ လူသားမှာ ကောင်းကင်နေမင်းကိုပင် မသိတော့ဘဲ ထုံတေထိုင်းမှိုင်းလာသည့် အတိုင်းအတာအထိ ၎င်းသည် လူသားကို ယိုယွင်းဖျက်ဆီးခဲ့သည်။ လူသားသည် ပုံမှန် လူ့ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားလေပြီ။ ကျန်ရှိနေသော အန္တရာယ်ကို ကြောက်ရွံ့မှုအား ရှင်းရှင်းသုတ်သင်ရန်နှင့် ဘုရားသခင်၏ အမှုကို မကြုံစဖူးသော ခံညားထည်ဝါမှုသို့ သာ၍စောလျင်စွာ ရောက်ရှိစေခွင့်ပြုရန် အတွက် ၎င်းကို ဖျက်ဆီးရန်နှင့် မီးရှို့ရန် ငါတို့သည် ငါတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို အဘယ်ကြောင့် မပူဇော်မဆက်ကပ်ကြ သနည်း။ ဤလူယုတ်မာ အုပ်စုသည် လူသားတို့ အကြား ရောက်လာပြီး အကြွင်းမဲ့ ဆူပူမှုနှင့် ဝရုန်းသုန်းကား အခြေအနေကို ဖြစ်ပေါ်စေ ခဲ့သည်။ ၎င်းတို့သည် လူသားအားလုံးကို ချောက်ကမ်းပါး အစွန်းသို့ ခေါ်ဆောင်လာခဲ့ပြီး လူသားတို့ကို အစိတ်စိတ် အမွှာမွှာကွဲသွား စိမ့်သောငှာ တွန်းချရန်နှင့် လူသားတို့၏ အလောင်းကောင်များကို ဝါးမျိုရန် တိတ်တဆိတ် ကြံစည်နေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်ကို ဖြိုခွဲရန်နှင့် နိုင်ချေမရှိသည့် လောင်းကစားကို ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် အချည်းနှီး မျှော်လင့်လေသည်။ ဤသည်မှာ လုံးဝလွယ်ကူသည် မဟုတ်ချေ။ အယုတ်မာဆုံးသော ပြစ်မှုများကို ကျူးလွန်သည့် မာရ်နတ်တို့၏ ရှင်ဘုရင်အတွက် ကားတိုင်သည် စင်စစ်ပင် ပြင်ဆင်ထားပြီး လေပြီ။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့် မသက်ဆိုင်ဘဲ ထိုကားတိုင်ကို မာရ်နတ်အတွက် ချန်ထားခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် ကြာမြင့်စွာကတည်းက အောင်ပွဲခံလျက် ထွက်ပေါ်ခဲ့ပြီး လူသားမျိုးနွယ်၏ အပြစ်များအတွက် ပူဆွေးခြင်းကို ခံစားခြင်း မရှိတော့။ သူသည် လူသားမျိုးနွယ် အားလုံးထံ ကယ်တင်ခြင်းကို ဆောင်ယူလာမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်