Myanmar Christian Testimony - ငွေနောက်လိုက်သည့် နေ့ရက်များကို နှုတ်ဆက်ခြင်း
01.11.2024
သူသည် ဆောက်လုပ်ရေး ကန်ထရိုက်တာတစ်ဦးဖြစ်ခဲ့သည်။ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်”ဆိုသည်နှင့် “အသာစံဖို့အတွက် အနာခံရမည်”ဟူသကဲ့သို့သော စာတန်၏ အဆိပ်များနှင့် ငယ်စဉ်ကတည်းက လွှမ်းမိုးခံရသဖြင့် သူသည် ငွေရှာရန် ဆောက်လုပ်ရေးတွင် မရပ်မနား အလုပ်လုပ်ခဲ့သည်။ သို့သော် ဤအရာက သူ့ကို နေ့စဉ် ကြောက်ရွံ့မှုနှင့် ပူပန်သောကဖြင့် အသက်ရှင်စေခဲ့ပြီး နာမကျန်းမှုနှင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုများကို ခံစားစေကာ သူ၏ ဇနီးသည်အား သူမ၏ အသက်ကို ဆုံးရှုံးလုနီးပါး ဖြစ်စေခဲ့သည်။ ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးနောက်တွင်၊ လူတို့ကို သွေးဆောင်ပြီး ဖောက်ပြန်ပျက်စီးစေရန် စာတန်က ချမ်းသာကြွယ်ဝမှုအား အသုံးပြုပုံကို ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် သူ ရိပ်စားမိခဲ့ပြီး၊ သမ္မာတရား လိုက်စားခြင်း၏ တန်ဖိုးနှင့် အရေးပါမှုတို့ကို နားလည်ခဲ့သည်။ ထို့နောက် နောက်ဆုံးတွင် သူသည် သူ၏ အသက်မွေးလုပ်ငန်းကို ဘေးဖယ်ထားပြီး မိမိ၏ အချိန်ရှိသမျှအားလုံးကို သူ၏ တာဝန်များ ထမ်းဆောင်ခြင်းအတွက် ဆက်ကပ်ခဲ့သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ