Christian Dance (ဘုရားကိုချီးမွမ်းဖို့ ကျွန်ုပ်တို့ ဝမ်းမြောက်စွာစုရုံး)
26.04.2024
၁
ဘုရားကိုချီးမွမ်းဖို့ ကျွန်ုပ်တို့ ဝမ်းမြောက်စွာစုရုံး။
လူ့ဇာတိခံခြင်းနှင့် ခေတ်သစ်ကို အစပြုခြင်းအတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ ချီးမွမ်းသည်။
လူတို့အလယ်တွင် ဘုရားသခင် ကိုယ်တော်တိုင် အမှုပြုပြီး စကားပြောသည်။
လူ၏ မဖြောင့်မတ်ခြင်းကို သူတရားစီရင်ပြီး ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို သူဖော်ထုတ်သည်။
ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ ကျွန်ုပ်တို့ လိုက်ကာ ကောင်းကင်နိုင်ငံတော်၏ စားပွဲကို တက်ရောက်ကြသည်။
ဘုရား၏ပေါ်ထွန်းခြင်းကို ကျွန်ုပ်တို့ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရသည်။
ဘုရားသခင်၏ စိတ်သဘောထားသည် သနားကရုဏာရှိပြီး၊ ဖြောင့်မတ်ကာ ဘုန်းအာနုဘော်တော်ရှိသည်။
ဝမ်းမြောက်လျက် ချီးမွမ်းပါ။ အောင်မြင်ခြင်းဖြင့် ဘုရားရှင်ပြန်လာပြီ။
၂
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့စားသောက်၊ ဘုရားသခင်ထံ ဆုတောင်းကာ
ကျွန်ုပ်တို့စိတ်နှလုံးတွင်ခွန်အားရှိ။
သမ္မာတရားကို နားလည်ခြင်းဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံး တောက်ပကာ လျှောက်ရမည့်လမ်းကိုတွေ့မြင်။
သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေခြင်းသည်
ကျွန်ုပ်တို့၏ စိတ်နှလုံးကို ငြိမ်သက်စေသည်။
ဘုရားကိုချီးမွမ်းပြီး သက်သေခံတဲ့အခါ ကျွန်ုပ်တို့သည် မင်္ဂလာရှိ၏။
ဘုရားသခင်၏ တရားစီရင်ခြင်း ကျွန်ုပ်တို့ခံရပြီး ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှုသည် သန့်စင်ခြင်းခံရလျက်ရှိသည်။
ဘုရား၏ ဖြောင့်မတ်စိတ်သဘောထားသည် ချစ်ဖွယ် ကောင်းလွန်း။
ဘုရား၏စစ်မှန်သောချစ်ခြင်း ကျွန်ုပ်တို့မြည်းစမ်းခဲ့ပြီး သူ၏ ကြီးမြတ်သော ကယ်တင်ခြင်းကို ရယူခဲ့ပြီ။
ဝမ်းမြောက်လျက် ချီးမွမ်းပါ။ အောင်မြင်ခြင်းဖြင့် ဘုရားရှင်ပြန်လာပြီ။
၃
ဘုရားသည် စာတန်ကို အနိုင်ယူပြီး အောင်မြင်သော လူတစ်စုကို ရရှိခဲ့ပြီ။
ကြီးမားသောနဂါးနီကြီးသည် ကမ်းကုန်အောင် အရှက်ကွဲရှုံးနိမ့်ခဲ့ပါပြီ။
ဘုရား၏လုပ်ဆောင်မှုများကို လူသားမျိုးနွယ်၌ အပြည့်အဝ ဖွင့်ပြခဲ့ပြီးဖြစ်သည််။
ဘုရားရှင်သည် လွန်စွာ ဉာဏ်ပညာရှိပြီး အနန္တတန်ခိုးရှိသည်ကို ကျွန်ုပ်တို့ သိမြင်သည်။
ဘုရားကယ်တင်ခြင်း၏ ကျေးဇူးတော်သည် ကြီးမားကျယ်ပြန့်ပေ။
လုံးလုံး ယုံကြည်လက်ခံ၍ ကျွန်ုပ်တို့ ကိုးကွယ်ဦးညွှတ်ကြ။
ဘုရားသခင်၏တရားစီရင်ခြင်း၊ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် သန့်စင်စေခြင်း ကျေးဇူးကြောင့်ပေ။
ဝမ်းမြောက်လျက် ချီးမွမ်းပါ။ အောင်မြင်ခြင်းဖြင့် ဘုရားရှင်ပြန်လာပြီ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ