Christian Dance (ဖန်ဆင်းခံတစ်ဦးရဲ့ ရင်ထဲကအသံပါ)
27.05.2024
၁
မကြာခဏ ကျွန်ုပ် အော်ဟစ်ချင်ခဲ့ပေမဲ့ သင့်လျော်တဲ့နေရာ မတွေ့ခဲ့။
မကြာခဏ သီချင်းအကျယ်ကြီးဆိုခဲ့ချင်ပေမဲ့ ဘာသံစဉ်တစ်ခုကိုမှ ကျွန်ုပ်ရှာမရ။
ဖန်ဆင်းခံ၏ ချစ်ခြင်းမေတ္တာ ထုတ်ဖော်ဖို့ မကြာခဏ ကျွန်ုပ်တောင့်တခဲ့။
နေရာအနှံ့ ကျွန်ုပ်ရှာဖွေခဲ့လည်း ဖော်ပြရန် သင့်တော်သော စကားလုံးမရှိ။
အနန္တတန်ခိုးရှင်ဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်နှလုံးသားက အချစ်။
ကိုယ်တော် ဤကမ္ဘာကို ကြွလာခြင်းအား ချီးမွမ်းရန် ကျွန်ုပ်၏ ရင်ခုန်ကာ ကျွန်ုပ်၏ လက်များ ကနေသည်။
၂
လူဟာ အသက်မပါပဲ မြေမှုန့်မှဖြစ်လာခဲ့။
ကိုယ်တော်သည် လူကိုဖန်ဆင်းခဲ့ပြီး ဇီဝအသက်ကို ပေးခဲ့။
ကမ္ဘာပေါ်တွင် ၎င်းတို့ ရှင်သန်နိုင်စေဖို့။
လူတို့ကို စာတန်ဖျက်ဆီးခဲ့သည်မှာ ဝမ်းနည်းဖွယ်ကောင်းလှ။
၎င်းတို့၏ ဆင်ခြင်တုံတရားနှင့် အသိစိတ်တို့ ပျောက်ဆုံး။
မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ယခုအချိန်အထိ အများအပြား ကျဆုံးလာခဲ့ရ။
အနန္တတန်ခိုးရှင်ဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်နှလုံးသားက အချစ်။
ကျွန်ုပ်သည် မြေမှုန့်ဖြစ်သော်ငြား ကိုယ်တော်၏ ဘုန်းကျက်သရေရှိသော မျက်နှာတော်ကို ဖူးတွေ့ရ။
ကိုယ့်တော့်ကို ဦးညွှတ်မကိုးကွယ်ပဲ ဘယ်လိုနေနိုင်မလဲ။
၃
လူကို ဘုရားသခင် ဖန်ဆင်းပြီး မေတ္တာထားတယ်။
သူတို့ကို ပြန်ပြီးကယ်ဖို့ ကိုယ်တော် လူ့ဇာတိခံယူခဲ့တယ်။
အရှက်ခွဲခြင်းနဲ့ နာကျင်မှုမျိုးစုံကို ကိုယ်တော် ခါးစီးခံခဲ့ရတယ်။
လူကို လှပသောပန်းတိုင်သို့ ပို့နိုင်ရန် ဘဝရဲ့ခါးသီးမှု ချိုမြိန်မှုအားလုံး ကိုယ်တော် မြည်းစမ်းခဲ့ရတယ်။
ဒီလောက်ကြီးမားတဲ့ ကယ်တင်ခြင်း ကျွန်ုပ်တို့အပေါ် ကျရောက်တဲ့အတွက်
ကိုယ်တော်ကို ကျွန်ုပ်တို့ ကျေးဇူးမတင်ဘဲ ဘယ်လိုနေနိုင်မလဲ။
အနန္တတန်ခိုးရှင်ဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်နှလုံးသားက အချစ်။
ကျွန်ုပ်သည် အလွန်အမင်း ဖျက်ဆီးခြင်းခံထားရသည့်တိုင် ယနေ့ ကျွန်ုပ်ကို ကိုယ်တော်ကယ်တင်။
ကိုယ့်တော့်ကို ဦးညွှတ်မကိုးကွယ်ပဲ ဘယ်လိုနေနိုင်မလဲ။
၄
ယနေ့ ကျွန်ုပ် ကယ်တင်ခြင်းခံရပြီး မှန်ကန်သော လမ်းကြောင်းပေါ်တက်ရောက်သည်မှာ
ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးကြောင့်သာ ဖြစ်ပေ။
နှုတ်ကပတ်တော်မှမွေ့လျော်ပြီး ကိုယ်တော့်တရားစီရင်ခြင်းကိုခံယူ။
ကိုယ်တော့် သန့်ရှင်းခြင်းနဲ့ ဖြောင့်မတ်ခြင်းကိုသိဖို့ ကျွန်ုပ်လာတာပါ။
ဖိနှိပ်မှု၊ နာကျင်မှုနှင့် ဒုက္ခအမျိုးမျိုးကို ခါးစီးခံရင်း
ဘုရားသခင်ဟာ ချစ်ဖွယ်အကောင်းဆုံးမှန်း ကျွန်ုပ်နားလည်။
ဘုရားအမှုတော်ကို ကျွန်ုပ်တွေ့ကြုံရသောကြောင့် ကျွန်ုပ်သန့်စင်ပြီး၊
နောက်ဆုံးတော့ အလင်းထဲမှာ အသက်ရှင်။
အနန္တတန်ခိုးရှင်ဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်နှလုံးသားက အချစ်။
ကိုယ်တော့်အစီအစဉ်ကို ကျိုးနွံနာခံ၊ ကိုယ်တော့်ရည်ရွယ်ချက် အထမြောက်အောင်လုပ်ဆောင်
ကိုယ့်အတွက် ဘာကိုမှ မရွေးချယ်တော့။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ