Myanmar Christian Dance (သန့်ရှင်းသော နိုင်ငံတော် ပေါ်ထွန်းပြီ)

22.03.2024

လူဇာတိခံ ဘုရားသခင် လူသားများကြား ရောက်ရှိလာကာ၊

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်လေပြီ။

သူ၏ပလ္လင်ရှေ့တွင် ခရစ်တော်၊

အန္တတန်ခိုးရှင် ဘုရားသခင်၏ မင်္ဂလာဆောင်စားသောက်ပွဲ တက်ရောက်ရန် ကျွန်ုပ်တို့ ချီဆောင်ခံရ။

တရားစီရင်ခြင်းက ကျွန်ုပ်တို့ကို သန့်စင်ပေးကာ၊ ကျွန်ုပ်တို့ စိတ်သဘောထားကို ပြောင်းလဲ။

ကျွန်ုပ်တို့ ပြန်မွေးပြီး လူသစ်များဖြစ်လာ။

ဘုရားသခင်ကို ကြောက်ရွံ့ရင်း သူ့ရှေ့မှာ ဝပ်ဆင်းလဲကျကာ၊

သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းကို ချီးမွမ်းလျက်ပါ။

ကျိုးနွံနာခံပြီး ကျွန်ုပ်တို့၏ ရိုးသားမှန်ကန်မှုကို ဆက်သလိုစိတ်ရှိကာ၊

သစ္စာရှိစွာ ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်သည်။

ဘုရားသခင်၊ ကျွန်ုပ်တို့ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော့်ကို ချစ်၍၊

ကျွန်ုပ်တို့၏ ချီးမွမ်းခြင်းများကို ထာဝစဉ် ကိုယ်တော့်အား သီဆိုသည်။

သန့်ရှင်းသော နိုင်ငံတော် ပေါ်ထွန်းပြီ။

သန့်ရှင်းသော နိုင်ငံတော် ပေါ်ထွန်းပြီ။

ကမ္ဘာမြေကို တရားစီရင်ရန် သမ္မာတရားကို ဘုရားသခင် ဖော်ပြကာ၊

သူ၏ ဖြောင့်မတ်ခြင်းကို အပြည့်အဝ ထုတ်ဖော်သည်။

ဘုရားသခင်ကို ဆန့်ကျင်သော ဆိုးယုတ်ခြင်း အင်အားစုများ

ကြီးမားသော ဘေးဒုက္ခများဖြင့် ဖျက်ဆီးခံရမည်။

သူ၏ အသုံးပြုမှုနှင့် ပျော်မွေ့ဖွယ်ရာအတွက် အရာခပ်သိမ်းကို ကိုယ်တော် ယခု အသစ်ပြုပြင်ပြီ။

ဤနေရာသည် ညစ်ညမ်းပြီး ကိုယ်ကျင့်တရား ကင်းမဲ့သောမြေ မဟုတ်တော့၊

သန့်ရှင်းသော နိုင်ငံတော် ထာဝစဉ် ဖြစ်တော့သည်သာ။

အရာခပ်သိမ်းကို ဘုရားသခင်၏ နှုတ်ကပတ်တော် ပြည့်စုံစေပြီ၊

ကမ္ဘာလောကတွင် ရှင်ဘုရင်အဖြစ် ဘုရားသခင် စိုးစံသည်။

သူ၏ ဘုန်းအသရေကို အပြည့်အဝ ဘုရားသခင် ရယူပြီ၊

ခရစ်တော်၏ နိုင်ငံတော် ကမ္ဘာမြေတွင် ပေါ်ထွန်းပြီ။

သန့်ရှင်းသော နိုင်ငံတော် ပေါ်ထွန်းပြီ။

သန့်ရှင်းသော နိုင်ငံတော် ပေါ်ထွန်းပြီ။

နယ်မြေတစ်ခုလုံးအပေါ် ဖြောင့်မတ်ခြင်းနေရောင် ထွန်းပြောင်ကာ၊

အရာခပ်သိမ်း ပြန်လည်လန်းဆန်းလာ။

ဘုရားသခင်၏လူများ ရွှင်မြူးစွာ စုရုံးကာ၊ သူ၏ အောင်ပွဲ၌ သီဆိုကခုန်လျက်သာ။

သူ၏ မဟာအောင်မြင်မှုများကို ချီးမွမ်းလျက်၊

ကြွေးကြော်သံများနှင့် ရယ်မောသံတို့ တစ်လောကလုံး ပြည့်လျှံ။

သက်ရှိအပေါင်းတို့ ဘုရားသခင်၏ ချီးမွမ်းခြင်းကို သီဆိုကြသည်၊

အောင်မြင်မှုအလျှင်းနှင့် သူပြန်လာခြင်းကြောင့်သာ။

စကြဝဠာတစ်ခုလုံး အသစ်ပြုပြင်ခြင်း ခံရပြီးလျှင်၊

ဘုရားသခင် ဘုန်းပေါ်ထွန်းသောနေ့ကို ကျွန်ုပ်တို့ ကျင်းပကြသည်။

ချီးမွမ်းသံများ မိုးသို့ညံသွား၊

ဘုရားသခင်အား ချီးမွမ်းခြင်းများ ကျွန်ုပ်တို့ သီဆိုမစဲပြီ။

သန့်ရှင်းသော နိုင်ငံတော် ပေါ်ထွန်းပြီ။

သန့်ရှင်းသော နိုင်ငံတော် ပေါ်ထွန်းပြီ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။