Christian Dance (ရိုးသားသောလူများသည် အလင်းတွင် နေထိုင်)

16.11.2024

သမ္မာတရားကို လိုက်စားရန် ကျွန်ုပ်တို့သည် ရိုးသားသောလူများဖြစ်ရမည်ဖြစ်ကာ

မိမိကိုယ်မိမိ ဖော်ထုတ်ရဲ၍ မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုကို စိစစ်ရဲရမည်ဖြစ်။

အခြားသူများက ကျွန်ုပ်တို့အပေါ် မည်သို့ပင် ထင်မြင်ပါစေ

ကျွန်ုပ်တို့တွင် ဘုရားသခင်ရှေ့မှောက် ရှင်သန်နေထိုင်သော စိတ်နှလုံးတစ်ခု ရှိရမည်ဖြစ်။

ကျွန်ုပ်တို့သည် အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေကာ

သမ္မာတရားကို နားလည်ခြင်းတွင် လွတ်မြောက်မှုကို ခံစားရ။

သမ္မာတရားကို ချစ်၍ သန့်စင်သော စိတ်နှလုံးရှိသူများသည်

ဘုရားသခင်၏ ကောင်းချီးပေးမှုများကို လက်ခံရရှိ၊

သို့ရာတွင် မိမိကိုယ်မိမိ အစဉ်အမြဲ ရုပ်ဖျက်အယောင်ဆောင်သူများသည်

မိမိကိုယ်မိမိ နာကျင်စေမည်သာဖြစ်။

ရိုးသားသောသူတစ်ဦးအဖြစ် နေထိုင်ရန် အဘယ်ကြောင့်ရွေးချယ်သနည်းဟု သင်က ကျွန်ုပ်ကို မေး။

ရိုးသားသောလူများသည် ဘုရားသခင်၏ ဝမ်းမြောက်မှုကို ရရှိ၍

ကယ်တင်ခံရနိုင်ကာ အလင်းတွင် နေထိုင်နိုင်။

မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ကျွန်ုပ်တို့သည် ရိုးသားသောလူများ ဖြစ်ရမည်ဖြစ်၊

အရာခပ်သိမ်းတွင် ဘုရားသခင်၏ စိတ်နှလုံးကို အလေးထား၍ စည်းမျဉ်းဖြင့် ပြုမူလုပ်ဆောင်ရမည်ဖြစ်။

ကျွန်ုပ်တို့သည် မိမိတို့နားလည်သော သမ္မာတရားကို လက်တွေ့လုပ်ရမည်ဖြစ်၊

အရာခပ်သိမ်းတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံရမည်ဖြစ်၊

မိမိတို့၏ တာဝန်ကို လုံ့လဝီရိယရှိစွာနှင့် တာဝန်သိတတ်စွာ ထမ်းဆောင်ရမည်ဖြစ်ပြီး

ဘုရားသခင်အပေါ် မည်သည့်အခါမျှ ဝတ်ကျေတမ်းကျေ မလုပ်ရ။

ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်အေးချမ်းစေရန်အတွက်

သမ္မာတရားကို လိုက်စားရမည်ဖြစ်၍ သင့်လျော်မှန်ကန်သော တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်၊

ထို့ပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ကျွန်ုပ်တို့၏ ဦးစားပေးအဖြစ် မှတ်ယူရမည်ဖြစ်။

ဘုရားသခင်သည် ကျွန်ုပ်တို့ထံ များလှစွာသော သမ္မာတရားများကို ပေးအပ်ပြီးဖြစ်သောကြောင့်

ကိုယ်တော့်ကို စိတ်ပျက်အောင် ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်မည်နည်း။

ဘုရားသခင်၏ချစ်ခြင်းကို ပြန်ပေးဆပ်ရန်အတွက်

ကျွန်ုပ်တို့သည် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်ဖြစ်။

ဘုရားသခင်ကို ဧကန်အမှန် ချစ်ရန် ကျွန်ုပ်တို့သည် ရိုးသားသောလူများ ဖြစ်ရမည်ဖြစ်ကာ

ကိုယ်တော့်ထံမှ မည်သည့်အရာမျှ တောင်းဆိုရမည်မဟုတ်သလို

ကိုယ်တော်နှင့် အပေးအယူများလည်း ပြုလုပ်ရမည်မဟုတ်။

ကျွန်ုပ်တို့သည် ကောင်းချီးခံစားရသည်ဖြစ်စေ၊ ကံဆိုးမှုနှင့် ကြုံတွေ့ရသည်ဖြစ်စေ

ဘုရားသခင်၏ အစီအစဉ်များကို ကျွန်ုပ်တို့ အကြွင်းမဲ့ ကျိုးနွံနာခံရမည်ဖြစ်။

ကျွန်ုပ်တို့သည် သမ္မာတရားကို လက်ခံ၍ ဘုရားသခင်ကို ကျိုးနွံနာခံပါက

ကိုယ်တော့်အတွက် ကျွန်ုပ်တို့ သက်သေခံနိုင်မည်ဖြစ်။

တရားစီရင်မှုကို တွေ့ကြုံခံစားခြင်းဖြင့် ကျွန်ုပ်တို့သည် သန့်စင်ခံရကာ

ကျွန်ုပ်တို့၏ စိတ်သဘောထား ပြောင်းလဲခံရ။

ဘုရားသခင်ကို ကျွန်ုပ်၏စိတ်နှလုံးထဲတွင် ချစ်ခင်၍

ကျွန်ုပ်၏အသက်ကို ကိုယ်တော့်အတွက် ရှင်သန်နေထိုင်ရန် ကျွန်ုပ်လိုလား၊

ကျွန်ုပ်၏ကျန်ရှိနေသေးသောအချိန်အားလုံးကို ကိုယ်တော့်ထံ အပ်နှံမည်ဖြစ်။

ရိုးသားသောလူများသည် ဘုရားသခင်အဘို့ ကိုယ့်ကိုယ်ကိုယ် ဧကန်အမှန် အသုံးခံနိုင်၊

မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်၍ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။