Myanmar Sermon Series 2022 - ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုသည် လူသားမျိုးနွယ်ကို မည်သို့သန့်စင်ကယ်တင်သနည်း

08.01.2022

ကပ်ဘေးကြီးတွေက ကျွန်တော်တို့အပေါ် ကျရောက်နေပြီဆိုတာ လူတွေက သတိပြုမိလာကြသလို သခင်မိုးတိမ်စီးပြီး ကြွလာတာကို မျှော်လင့်နေသူတွေဟာလည်း အသက်တောင်ရဲရဲမရှူရဲဘဲ စောင့်မျှော်နေကြပါတယ်။ နှစ်ချီစောင့်ပြီးတဲ့နောက်မှာ သခင်ကြွလာတာကို မမြင်ကြရသေးပါဘူး။ အဲဒီအစား အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို သက်သေခံနေတာပဲ သူတို့မြင်ကြရတယ်။ ဒါက သူတို့အတွက် လုံးဝစိတ်ပျက်စရာကြီးပါ။ လူအမြောက်အမြားက သူတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေကို ဖက်တွယ်ထားကြပြီး စစ်မှန်တဲ့လမ်းကို ရှာဖွေစူးစမ်းဖို့ မလိုလားကြဘူး။ ဒါကြောင့် သူတို့ဟာ သခင့်ကို မကြိုဆိုရသေးဘဲ ကပ်ဘေးတွေထဲကို ကျရောက်နေခဲ့ကြပါတယ်။ ဒါပေမဲ့ သမ္မာတရားကို ချစ်သူတွေ အများကြီးရှိပြီး သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါမှာ နှုတ်ကပတ်တော်တွေရဲ့ တန်ခိုးနဲ့ အာဏာကို မြင်ကြတယ်။ အားလုံးက သမ္မာတရားဖြစ်တယ်ဆိုတာ မြင်ကြတယ်။ ဘုရားသခင်ရဲ့ အသံတော်ကို သတိပြုမိကြပြီး သူတို့အယူအဆတွေရဲ့ ဆွဲထားတာကို မခံရတော့ဘဲ စစ်မှန်တဲ့လမ်းကို ဆက်ပြီး လေ့လာစုံစမ်းကြတယ်။ သူတို့ရဲ့ ပထမဆုံးမေးခွန်းတွေက သူတို့အပြစ်တွေ ခွင့်လွှတ်ခံရပြီး ဘုရားက သူတို့ကို ဖြောင့်မတ်တယ်လို့ မှတ်ယူပြီးသွားပြီကို ဘုရားသခင်က ဘာလို့ တရားစီရင်ခြင်းအမှုကို ပြုဖို့လိုသေးတာလဲ ဆိုတာနဲ့ နောက်ဆုံးသောကာလမှာ အဲဒီအမှုကတစ်ဆင့် ဘုရားသခင်က လူသားမျိုးနွယ်ကို ဘယ်လို သန့်စင်ပြီး ကယ်တင်သလဲဆိုတာပဲ။ ဒါတွေက စစ်မှန်တဲ့လမ်းကို လေ့လာနေတဲ့ လူတိုင်းအတွက် အရေးပါဆုံးနဲ့ အရှုပ်ထွေးဆုံး မေးခွန်းနှစ်ခုပါပဲ။ ဒီ စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အပိုင်းက သင့်ကို သမ္မာတရားကို ရှာဖွေပြီး အဖြေရှာဖို့အတွက် လမ်းပြပါလိမ့်မယ်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။